Chapter 61
Viewers 4k

📽️ Chapter 61



ရန်ရှူတစ်ယောက် ကျည်ဆန်ရထားဖြင့် အိမ်ပြန် ရောက်သောအခါ စန့်ရှန်းက အိမ်ရောက်နှင့်နေပြီးသား ဖြစ်ပြီး ကြောင်နှင့် ကစားနေခဲ့သည်။ 


ရန်ရှူက တံခါးဖွင့်၍ ဝင်သွားပြီး ရှူးဖိနပ်များကို ချွတ်ပစ်ကာ ခြေလှမ်းအနည်းငယ် အပြေးသွားလိုက်သည်။ သူ့ကိုယ်သူ စန့်ရှန်း၏ ရင်ခွင်ထဲသို့ ပစ်ဝင်လိုက်လေသည်။ "ကိုက်ရာလေးတွေ နည်းနည်းလောက် လုပ်ရအောင်…" 


စန့်ရှန်းက ရန်ရှူ၏ ခါးကို ထိန်းပေးထားပြီး ရန်ရှူကို စိတ်ကြိုက်လုပ်ခွင့်ပေးထားသည်။ 


ထို့နောက် "ပြွတ်ပြွတ်ပြွတ်" ဟု အကြိမ်များစွာ အနမ်းပေးလိုက်လေသည်။ 


ရန်ရှူက အချိန်အတော်ကြာမှ မေးလိုက်၏။

"စားပြီးပြီလား…" 


"မစားရသေးဘူး... အတူတူစားဖို့ စောင့်နေတာလေ…" 


ရန်ရှူ ချက်ချင်း အားပြန်ပြည့်သွားပြီး မီးဖိုချောင်သို့ အမြန် လျှောက်သွားလေသည်။

"ငါ ချက်ပေးမယ်... ဒီတစ်ခေါက် သေချာသင်ခဲ့တယ်…" 


"ခဏလေးနေပါဦး…"

စန့်ရှန်း တစ်ခုခုကို သတိရသွားပြီး အမြန် ပြေးလိုက်လာရာ ရန်ရှူတစ်ယောက် မီးဖိုချောင်ထဲတွင် မွှေနှောက်ထားပြီးသား ဖြစ်သည်ကို တွေ့လိုက်ရသည်။ 


"ထူးဆန်းလိုက်တာ... ငါ့ဒယ်အိုး ဘယ်ရောက်သွားတာလဲ…" 


စန့်ရှန်းက ခပ်ဖွဖွ ချောင်းဆိုးလိုက်ပြီးနောက် ရှင်းပြလိုက်သည်။

"အဲ့ဒီဒယ်အိုးတွေက ဘေးမကင်းလောက်ဘူး ထင်လို့ လွှင့်ပစ်လိုက်တာ... နောက်မှ အသစ်တစ်ခု ပြန်ထည့်ပေးမယ်နော်…" 


ရန်ရှူက ဆက်မရှာတော့ပေ။ သူက စန့်ရှန်းကို ပြန်ကြည့်လိုက်ပြီး မျက်လုံးများက စူးရှလာခဲ့သည်။

"ငါချက်တာတွေ မကြိုက်လို့မလား…" 


"မဟုတ်ပါဘူး... အရင်တစ်ခေါက် ဟင်းချက်တုန်းက အန္တရာယ်များသွားတာလေ... ကိုယ်က မင်းရဲ့ လုံခြုံရေးကို စိတ်ပူလို့…" 


"စန့်ရှန်း မင်းငါ့ကို ငတုံးလို့ ထင်နေတာလား…" 


"အမ်..." 


ရန်ရှူ တစ်ခဏမျှ တိတ်ဆိတ်သွားပြီးနောက် မေးလိုက်သည်။

"အမ်က ဘာပြောချင်တာလဲ... ငါ့ကို ငတုံးလို့ တွေးနေတာလား…" 


"ကိုယ် ဂရုမစိုက်ပါဘူး... မင်းက ချစ်စရာကောင်းပြီး အူကြောင်ကြောင်ပုံလေးပါ…" 


ရန်ရှူ အမြန် ထရပ်လိုက်သည်။ သူက စန့်ရှန်းနှင့် ရန်ဖြစ်ရန် ပြင်လိုက်ပြီး စန့်ရှန်းကို အဆက်မပြတ် တွန်းထုတ်နေသည်။

"ငါအပြင်ထွက် အလုပ်လုပ်ပြီး reality show ရိုက်ကူးရေး လုပ်တုန်းက မင်းအတွက် ဟင်းချက်ပေးဖို့ အမြဲတမ်း သင်ချင်ခဲ့တာ... မင်းကတော့ ငါ့အိုးကို လွှင့်ပစ်လိုက်တယ်... ကျေးဇူးမသိတတ်တဲ့သူ... ငါ့ကို မင်းအပေါ်  ကြင်နာပါလားဆိုပြီး ကျေးဇူးတင်ရမဲ့အစား အပြစ်တင်နေတယ်... ငါက မင်းနဲ့ မတန်ဘူးလို့ တွေးနေတာမလား…" 


"ဟုတ်ပါပြီ... ဆက်မသင်နဲ့တော့နော်... ကိုယ်နောက်မှ သင်လိုက်မယ်…" 


"မရပါဘူး... မင်းငါ့ကို အထင်သေးမှတော့ ငါမင်းကို သက်သေပြမယ်…" 


စန့်ရှန်း သက်ပြင်းအသာချကာ သူဖွက်ထားသည့် အိုးကို ပြန်ထုတ်ပေးလိုက်ရသည်။ 


ရန်ရှူက အိုးကို ယူကာ စိတ်မကျေမနပ်ဖြင့် ဆေးကြောလိုက်သည်။ ထို့နောက် သူ သင်ယူလာသော အရာများကို စန့်ရှန်းထံ ပြလိုက်သည်။

"တွေ့လား... ဆီမထည့်ခင် ရေခြောက်အောင် စောင့်ရတာ…" 


"အင်း…"

စန့်ရှန်းက ခေါင်းညိတ်ပြလိုက်ပြီးနောက် သာမန်ကာလျှံကာ ချီးကျူးလိုက်သည်။

"ကိုယ့်ပေါင်ပေ့လေးက ဆီထည့်တာ အရမ်းတော်တာပဲ…" 


"ဒါပေါ့…"

ရန်ရှူက ပါဝင်ပစ္စည်းများ ထည့်လိုက်ရာ အိုးက ပေါက်ကွဲထွက်လာပြန်လေသည်။ ဆေးကြောထားသော ပါဝင်ပစ္စည်းများ၌ ရေပါနေသေးသည်။ 


ရန်ရှူ ပျာယာခတ်သွားချိန်တွင် စန့်ရှန်းက ဒိုင်းကာတစ်ခု ယူထားပြီးသား ဖြစ်ပြီး သူ့ရှေ့တွင် ရပ်နေခဲ့လေသည်။ 


ရန်ရှူက စန့်ရှန်းကို တစ်ချက်ကြည့်လိုက်ပြီးနောက် စိတ်တည်ငြိမ်သွားသည်။

"ပူးပေါင်းဆောင်ရွက်မှု အားကောင်းသားပဲ…" 


"အင်း... ခေါင်းဆောင်ရဲ့ အသိအမှတ်ပြုမှုအတွက် ကျေးဇူးပါပဲ…" 


ရန်ရှူက ဓားကို မြှောက်လိုက်သည့် ဓားသမားတစ်ယောက်အလား ယောင်းမကိုကိုင်ကာ ကြိုးကြိုးစားစား မွှေနေခဲ့ပြီး တစ်ချိန်တည်းမှာပင် စန့်ရှန်းကို ညွှန်ကြားလိုက်သည်။ 


"ငါ့အမြင်ကို ကာမထားနဲ့... ငါ့ရဲ့ 178စင်တီပဲ ရှိတဲ့ အရပ်လေးကိုလည်း တွေးပါဦး... အိုးကို မမြင်ရတော့ဘူး...ဆားယူပေးပါဦး... ဒီလောက်ဆို လုံလောက်ပြီလား ပြောကြည့်... ဒီတစ်ခါတော့ ဆားမငံချင်တော့ဘူး…" 


"အတူတူပဲ ဖြစ်လောက်တယ်... အရင်ဆုံး တွေးကြည့်ပြီး နောက်မှ ထပ်ထည့်ရင်ရော…" 


"အကြံကောင်းပဲ…"


လူနှစ်ယောက်၏ စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်မှု အောက်တွင် ဂေါ်ဖီကြော်တစ်ပန်းကန်က အိုးထဲမှ ထွက်လာခဲ့သည်။ 


ရန်ရှူက ဟင်းပွဲကို အလွန်ကျေနပ်အားရနေပြီး များမကြာမီ တစ်ခုခု လွဲနေကြောင်း သဘောပေါက်သွားသည်။

"အရင်ဆုံး ထမင်း မချက်ခဲ့လိုက်ရဘူးထင်တယ်…" 


"အင်း..."

စန့်ရှန်းသည်လည်း သူ့စိတ်တစ်ခုလုံး ရန်ရှူ ဟင်းချက်သည့်အပေါ်မှာသာ ကျရောက်နေကြောင်း တွေးမိသွားသည်။ 


ရန်ရှူက အလျင်အမြန် လက်ယမ်းပြလိုက်သည်။

"အဆင်ပြေပါတယ်... အဓိကတွဲစားရတဲ့ အစားအစာပဲမလား... အိမ်မှာ ပေါင်မုန့်တွေ ရှိသားပဲ…" 


စန့်ရှန်း တုံ့ဆိုင်းသွားသည်။ 

"ပေါင်မုန့်နဲ့ ဂေါ်ဖီကြော်လား…" 


"ဒါကို ရန်ရဲ့ စားသောက်နည်းလို့ ခေါ်တယ်…"

ထိုကတည်းက သူတို့နှစ်ယောက်သား ထမင်းကို လက်လျှော့လိုက်ကြပြီး ပေါင်မုန့်ချပ်များကို ထုတ်ကာ ဂေါ်ဖီကြော်များနှင့် ညှပ်စားလိုက်ကြသည်။ 


သူတို့က ဖြစ်လောက်ရုံသာ စားခဲ့ကြလေသည်။ 


အဆုံးတွင်မူ ဂေါ်ဖီကြောင့် ဗိုက်ပြည့်သွားသည်လား ပေါင်မုန့်ကြောင့် ဗိုက်ပြည်သွားသည်လားပင် နှစ်ယောက်လုံး မပြောနိုင်ကြတော့ပေ။ 


စားသောက်နေစဥ် ရန်ရှူက ပရိုဂျက်တာကိုဖွင့်ကာ ဖုန်းကို သုံး၍ ဗီဒီယိုများ ဖွင့်ကြည့်လိုက်သည်။ ထိုမှသာ ကွန်မန့်များကို တွေ့နိင်မည် ဖြစ်သည်။ 


နှစ်ယောက်သားက "ငါမဟုတ်ဘူး"၏ အပိုင်းသစ်ကို ကြည့်ခဲ့ကြခြင်းပင်။ သူတို့က ပထမပိုင်းတွင် သာမန် ဖြစ်နေသော်ငြား ရန်ရှူက ဆွေ့ဟို့ယွီကို လိုက်ရန် ပြေးစက်ပေါ်တွင် အရူးအမူးပြေးနေသည့် အပိုင်းရောက်သောအခါ စန့်ရှန်း၏ စားသောက်နေသည့် လှုပ်ရှားမှုများ သိသိသာသာ နှေးကွေးသွားသည်။ 


ထို့နောက် ဆွေ့ဟို့ယွီက စင်ပေါ်တွင် ပေါ်လာပြီး သူနှင့် ရန်ရှူ၏ ဆက်ဆံရေးကို ရှင်းပြပေးခဲ့သည်။ 


စန့်ရှန်းက ရုတ်တရက်ဆိုသလို မချိမခံသာပုံစံဖြင့် ပြောလိုက်သည်။

"မင်းတို့နှစ်ယောက်က စစ်အေးတိုက်ပွဲဖြစ်တာတောင် အချင်းချင်း1လို့ ပို့နေတုန်းပဲ... မင်းနဲ့ ကိုယ် စကားများရင်ကျ ကိုယ့်ကို လုံးဝ ပစ်ထားတာ…" 


ရန်ရှူက ဗီဒီယိုကို ကြည့်နေဆဲ ဖြစ်ပြီး သာမန်ကာလျှံကာ ပြန်ဖြေလာသည်။

"ငါတို့နှစ်ယောက်မှာ သင်္ဘောကြီးကြီးလည်း မရှိဘူးလေ…" 


"ကိုယ်တို့မှာ ဘီးအကြီးကြီးတွေမှ မရှိကြတာ…" 


ရန်ရှူက တစ်ခုခု မှားနေကြောင်း သဘောပေါက်သွားသည်။ သူ စန့်ရှန်းကို လှည့်ကြည့်၍ မေးလိုက်လေသည်။

"မင်းက အစ်ကိုယွီနဲ့ ဘာတွေ လိုက်ယှဥ်နေတာလဲ…" 


"ဟုတ်ပါတယ်... ကိုယ်က သူနဲ့ မယှဥ်နိုင်ပါဘူး…" 


"..." ရန်ရှူက ဆက်စားနေပြီး သူ့ဘေးမှလူ ပျောက်ကွယ်သွားတော့မည်ဟုပင် ခံစားနေရလေသည်။ 


[ယွီရှူကတော့ လေတိုက်ခံနေရပြီ…] 


[ရန်ရှူကတော့ ကဖျက်ယဖျက်နဲ့…] 


ချက်ချင်းဆိုသလို "ယွီရှူ ရွက်လွှင့်နေပြီ"ဟူသော ကွန်မန့်များက  screen အပြည့် ပေါ်လာခဲ့သည်။ 


စန့်ရှန်းက ရုတ်တရက်ဆိုသလို screenကို လက်ညှိုးထိုးပြလိုက်ပြီးနောက် ပြောလိုက်သည်။

"ဘယ်သူကမှ ကိုယ့်အကြောင်း မပြောကြဘူး…" 


"မင်း reality showမှာမှ မပါတာ... လူတွေက ဘယ်ပြောကြမလဲ…" 


"ဒါပေမယ့် ဟိုတလောတုန်းကမှ မင်းနဲ့ ကိုယ့်ရဲ့  CPအကြောင်း သူတို့တွေ ပြောနေခဲ့ကြတာလေ... အခုကျ မင်းနဲ့ ဆွေ့ဟို့ယွီအကြောင်း ပြောနေကြပြန်ပြီ…" 


"မင်းနဲ့ငါ တိုက်ရိုက်ထုတ်လွှင့်တုန်းက သူတို့အားလုံး မင်းအကြောင်း ပြောကြတာပဲလေ…" 


ရန်ရှူ ဖြေလိုက်ချိန်တွင် ဗီဒီယိုထဲမှ ရန်ရှူ၏ငိုသံ ထွက်လာခဲ့သည်။

"အစ်ကိုယွီ... ကျွန်တော့်ကို ဖက်ပေးပါ…" 


စန့်ရှန်း ထပ်စလာပြန်သည်။

"မင်းကိုယ့်ကိုကျ ဒီလိုမျိုး မပြောပါဘူး…" 


"ငါသာ မင်းကို ပြောလိုက်ရင် ငါ့ကို ဖက်ရုံတင်မကဘူး...ဖာခ့်ပစ်တော့မှာလေ…" 


"ဒါပေမယ့် သူနဲ့ဆို မင်းက အမြဲတမ်း ကလေးလို လုပ်နေတာလေ…" 


"ငါကရော မင်းနဲ့ အီစီကလီ မလုပ်လို့လား…" 


"အလှစိုက်ထားတဲ့ ပန်းတွေက တောရိုင်းပန်းတွေလောက် ကနုကလျ မဖြစ်ဘူး…" 


"..." ရန်ရှူက ထိုအချိန်တွင် မူးနေသဖြင့် သူပြောခဲ့သည့်အရာများကို အသေးစိတ်ကျကျ သတိမရတော့သော်လည်း စန့်ရှန်းကမူ ရှင်းရှင်းလင်းလင်း မှတ်မိနေဆဲပင်။ 


ရန်ရှူက ရီမုတ်ကို အလျင်အမြန် ကောက်ယူလိုက်ပြီး ဆဆက်မကြည့်တော့ရန် ဆုံးဖြတ်လိုက်သည်။ 


သို့သော်လည်း စန့်ရှန်းက သူ့လက်ကို ဖိလာခဲ့သည်။ 

"ကိုယ်ကြည့်လို့မရတဲ့ အခန်းတွေ ပါလို့လား…" 


"မဟုတ်ပါဘူး…" 

ရန်ရှူ ရှင်းပြလိုက်သည်။ 


"ဘာလို့ ရုတ်တရက် အသံမြှင့်လိုက်တာလဲ... အပြစ်ရှိစိတ်ကို ဖုံးကွယ်ချင်လို့မလား…" 


ရန်ရှူက ခေါင်းကိုက်လာသဖြင့် မျက်မှောင်ကြုတ်လိုက်သည်။ စန့်ရှန်းက ပုံမှန်အားဖြင့် အရည်အသွေးမြင့် အရှင်သခင်ကြီး ဖြစ်ပြီး သူ သဝန်တိုလာသည့်အခါ အမှန်ပင် တောင့်မခံနိုင်ပေ။ 


အရှင်သခင်ကြီးက စာရင်းဟောင်းတွေ ထုတ်လာပြီ... စျေးမကျသွားလောက်ဘူးလား... 


အမှန်ပဲ... ငါနဲ့ စကားများတိုင်း တေးမှတ်ထားတတ်တဲ့ ဘောစ်ကြီးပါလား.. 


စိတ်ရှုပ်ဖို့ ကောင်းလိုက်တာ... 


လျို့ရွှမ်း ထွက်လာသောအခါ ရန်ရှူ အနည်းငယ် စိတ်ပူပန်သွားလေသည်။ သူက စန့်ရှန်းတစ်ယောက် လျို့ရွှမ်း၏ ရှာလကာရည်များ အတူတူစားမိမည်စိုးသဖြင့် စန့်ရှန်းကို အကြိမ်များစွာ ခိုးကြည့်နေမိသည်။ ယင်းက နှစ်ထပ်ကွမ်းပေါက်ကွဲမှု ဖြစ်လာပေလိမ့်မည်။


ကံအားလျော်စွာဖြင့် စန့်ရှန်း၏ တုံ့ပြန်မှုက မပြင်းထန်လှပေ။ သူက စကားတစ်ခွန်းမှ မပြောသဖြင့် စိတ်သက်သာရာရစွာဖြင့် တိတ်တဆိတ် သက်ပြင်းချလိုက်သည်။ 


သို့သော် ကွန်မန့်များက ရပ်မသွားပေ။ 


[အစ်ကိုယွီက လျို့ရွှမ်းဆီကနေ ရန်ရှူကို လုနေတယ်လို့ ခံစားနေရတယ်…] 


[စစ်ပွဲဖြစ်မယ့် အငွေ့အသက်တွေ မြင်ရတယ်…] 


[ရုတ်တရက်ကြီး အစ်ကိုယွီက ပိုင်ဆိုင်လိုစိတ် ပြင်းထန်သွားသလိုပဲ…] 


[Reality showကနေ အိုင်ဒေါဒရာမာ ဖြစ်လာပြီဟေ့…] 


ရန်ရှူမှာ ဆွေ့ဟို့ယွီက လျို့ရွှမ်းထံမှ သူ့ကို လုယူသည်မဟုတ်ဘဲ လျို့ရွှမ်းနှင့် ပိုဝေးသွားစေလိုရုံသာ ဖြစ်ကြောင်း ရှင်းပြချင်ခဲ့သည်။ သို့သော် ထိုအကြောင်းကို မပြောနိုင်ခဲ့ပေ။ 


စန့်ရှန်းက screenကို တလေးတနက် ကြည့်နေပြီး ရန်ရှူနှင့် ဆွေ့ဟို့ယွီတို့ တပျော်တပါး CPရွက်လွှင့်နေသည်ကို ကြည့်နေခဲ့သည်။ 


"ဆွေ့ဟို့ယွီက တကယ်တော့ သုည ဖြစ်နေတယ်ဆိုတာ သူတို့တွေ သိသွားကြရင် ဘယ်လိုများ နေမလဲနော်…" 


စန့်ရှန်းက ရုတ်တရက် ထိုမေးခွန်းမေးလာသည်။ 


"ငါ့ဘေးမှာ ရပ်ရင် အစ်ကိုယွီက သေချာပေါက်1ပဲ…" 


ရှိုးက ဆွေ့ဟို့ယွီနှင့် ရန်ရှူတို့ လျို့ရွှမ်းနှင့် အခြားသူများကို ဓာတ်လှေကားထဲတွင် ပိတ်ထားလိုက်သည့်အချိန်၌ ရပ်သွားပြီး ကျန်သည့်အပိုင်းများက နောက်တစ်ပိုင်းတွင် ပါဝင်လာပေလိမ့်မည်။ 


ကြည့်ပြီးနောက် စန့်ရှန်းက တိတ်တဆိတ် ထရပ်လိုက်သည်။ သူက ပန်းကန်များကို ယူကာ မီးဖိုချောင်ထဲသို့ ယူသွားပြီး ပန်းကန်ဆေးစက်၏ အသုံးပြုပုံကို လေ့လာနေခဲ့သည်။ အဆုံးတွင် သူက ပန်းကန်ဆေးစက်ကို တစ်ခါမှ မသုံးခဲ့ဖူးပေ။ 


ရန်ရှူက နောက်မှ တိတ်တဆိတ် လိုက်သွားသည်။ သူ စန့်ရှန်းကို ကြည့်လိုက်ရာ ရှင်းလင်းပြီးနောက် ပြန်ထွက်လာသည်ကို တွေ့လိုက်ရသည်။ ထိုသူက ရုတ်တရက် ကုတ်အင်္ကျီထပ်ဝတ်လိုက်သည်။ 


သူ ပဟေဠိ ဖြစ်စွာဖြင့် မေးလိုက်သည်။

"သွားတော့မှာလား…" 


သူက ဒီလိုမျိုး စိတ်ဆိုးသွားတာတဲ့လား.... 


စန့်ရှန်းက ထပ်ပြီး ဝင်လာခဲ့သည်။

"ဝေ့ပေါ်မှာ ပိုစ့်တင်ပြီး တိုက်ရိုက်ထုတ်လွှင့်မယ်လို့ ပြောလိုက်…" 


ရန်ရှူက အချိန်ကို တစ်ချက် ကြည့်လိုက်သည်။

"ဆယ်နာရီခွဲနေပြီကို အခုလွှင့်ရမှာလား…" 


"အင်း... ကိုယ်တို့တွေ တိုက်ရိုက်ထုတ်လွှင့်မယ်…" 

စန့်ရှန်း ပြန်ဖြေပြီးသွားသောအခါ အိတ်ကိုယူလိုက်ပြီး သေတ္တာလေးတစ်ခုကို ယူ၍ ဖွင့်လိုက်သည်။ ထို့နောက် ရန်ရှူကို မေးလိုက်သည်။

"ဘယ် လက်ကြယ်သီးက ကြည့်ကောင်းလဲ…"


ရန်ရှူ : “…” 


စန့်ရှန်းမှာ ယခင်က လက်ကြယ်သီးများစွာ ယူလာလေ့ရှိသည့် အကျင့်မရှိပေ။ 


စန့်ရှန်းက ခိုင်ခိုင်မာမာ တောင်းဆိုနေသဖြင့် ရန်ရှူလည်း စတင် တိုက်ရိုက်ထုတ်လွှင့်လိုက်ရသည်။ 


ပြင်ဆင်နေသည့် အခြေအနေတွင် ရှိသေးသဖြင့် ဝင်ကြည့်သူ များစွာ မရှိဘဲ သူတို့က screenကို လွှမ်းမိုးထားသည့် ရှင်းမပြနိုင်သည့် ကျည်ဆန်မျက်နှာပြင်များကိုသာ တွေ့လိုက်ရသည်။ 


[အရှိန်ကန့်သတ်ချက်] 


ရန်ရှူက မျက်နှာပြင်ထက်တွင် အပြည့်ဖြစ်နေသည့် တူညီသော ကွန်မန့်များကို ကြည့်ကာ  လက်ကြယ်သီးများ ခက်ခက်ခဲခဲ တပ်နေဆဲ ဖြစ်သည့် စန့်ရှန်းကို တိတ်တဆိတ် လှည့်ကြည့်လိုက်သည်။ သူက ယင်းတို့မှာ စန့်ရှန်းငှားထားသည့် ရေတပ်ဖြစ်ရမည်ဟု ခိုင်ခိုင်မာမာ သံသယ ရှိနေသည်။  


မကြာမီ ရန်ရှူ၏ဖန်များက တိုက်ရိုက်ထုတ်လွှင့်ခန်းသို့ ဝင်ရောက်လာကြပြီး သူတို့အားလုံးကလည်း နဝေတိမ်တောင် ဖြစ်နေကြပုံရလေသည်။ 


[အရှိန်ကန့်သတ်ချက်က ဘာကြီးလဲ…] 


[ဘာလို့ ဦးလေးက ရုတ်တရက်ကြီး လိုက်ဖ် ထလွှင့်ရတာလဲ…] 


[ငါဘာတွေ လွတ်သွားတာလဲ... ငါကဘာလို့ ကွန်မန့်တွေကို နားမလည်ရတာလဲ…] 


ရန်ရှူ ရှင်းပြမည်အပြု ချက်ချင်းဆိုသလို ပါးစပ်ထဲသို့ အာလူးကြော်တစ်ချပ် ထည့်ခံလိုက်ရသည်။ 


ထို့ကြောင့် ၎င်းကို ဝါးကာ ပါးစပ်ပိတ်ထားလိုက်ရသည်။ 


စန့်ရှန်း၏ လက်က screenထက်တွင် ထင်ထင်ရှားရှား ထွက်ပေါ်လာသဖြင့် လူရှိနေသည့် အရိပ်အယောင်တစ်ခုကို ဒေါကြီးမောကြီး ဖန်တီးလာခဲ့သည်။ 


ကွန်မန့်များက ချက်ချင်း တုံ့ပြန်လာခဲ့သည်။ 


[အား... ဘောစ့် ရောက်နေတာပဲ…] 


[မင်းတို့တွေက ဒီလောက် ညနက်နေတာတောင် အတူတူ ရှိနေကြတုန်းပဲနော်... ငါ့ကို အတွေးတွေ ကောက်ကွေးနေလို့ အပြစ်တင်ကြဦးမှာလား…] 


စန့်ရှန်းက ကွန်မန့်များထဲတွင် သူနှင့်ပတ်သက်သည့်အကြောင်းကို တွေ့သောအခါ ကျေနပ်သွားလေသည်။ 


ရန်စက်သမားလေးရှူသည်ကား စကားတစ်ခွန်းမှ မပြောနိုင်ဘဲ ဂိမ်းကို တိတ်တဆိတ် ချိန်ညှိနေရလေသည်။ ထို့နောက် သူဝါးပြီး မျိုချသွားသည်နှင့် အာလူးကြော် တစ်ထုပ်နီးပါး အသွင်းခံလိုက်ရလေသည်။ 


သူ ဒေါသထွက်ရဲသော်လည်း စကားမပြောရဲပေ။ 


အဆုံးတွင် ရန်ရှူ၏ ငတုံးမွှေကြော်လေးမှာ အကောင်းဆုံး ဟင်းပွဲလေး ဖြစ်သည်။ 


………. 


စာရေးသူ၏ မှတ်ချက်: 


ရန်ရှူ: ငါတကယ်တော့ မစားချင်ဘူး... 


စန့်ရှန်း: ကိုယ့်အတွက်စားပေး...



📽️