Chapter 120
Viewers 7k

ဟန်နီရေ ၊ ကျွန်မတို့က ဘာကြောင့် ကွာရှင်းလို့ မရတာလဲ 


အပိုင်း (၁၂၀) 

ဝေါ ...!

ရေလှိုင်းများ တလိပ်လိပ် တက်လာပြီး ကမ်းစပ်ရှိရာသို့ လှပစွာ ရောက်ရှိလာကြသည်။

ကျွန်မလည်း ပင်လယ်ကြီးကို စိတ်လွတ်ကိုယ်လွတ် ငေးကြည့်နေမိသည်။

ဖြူဖွေးသော ရေလှိုင်းများ ဖြတ်ပြေးနေသော ပြာလဲ့လဲ့ပင်လယ်ပြင်၊ကြည်လင်သာယာသော ကောင်းကင်ကြီးကို ဖြတ်၍ တိုက်ခတ်လာသော လေပြေလေညင်းလေးများ။

ပင်လယ်က ဤမျှအထိ လှပလိမ့်မည်ဟု ကျွန်မ မသိထားခဲ့ပါ။

ခြေထောက်နှင့် ထိလုနီးပါးအထိ ရောက်လာခဲ့သော လှိုင်းကလေးများကို ငုံ့ကြည့်ပြီး ကျွန်မ ပြုံးလိုက်မိသည်။

"ဘာဖြစ်လို့ မင်းရဲ့ခြေထောက်ကို ရေထဲ မနှစ်ထားလိုက်တာလဲ။"

အနောက်ဘက်တွင် ရပ်နေသော ဆိုဗက်စ်စတာက ပြောသည်။

"ကျွန်မ အဲ့လို လုပ်လိုက်ရမလား။"

ကျွန်မလည်း စီးထားသော ဖိနပ်ကို မြန်မြန်ပဲ ချွတ်ပစ်လိုက်ပြီး သဲပြင်ပေါ်၌ ခြေဗလာဖြင့် ရပ်နေလိုက်သည်။

ကြမ်းရှရှသဲများကြောင့် ကျွန်မ၏ခြေဖဝါးတွင် စူးရှရှ ဖြစ်လာရသလို ခံစားမိသည်။ကျွန်မ ဖြည်းဖြည်းချင်း ပင်လယ်ရှိရာသို့ ခြေလှမ်းလိုက်မိသည်။

ဝေါ ....!

လှိုင်းလုံးများက ကျွန်မ၏ခြေကျင်းဝတ်ရောက်သည်အထိ စိုစွတ်သွားစေခဲ့သည်။

အား ... အေးလိုက်တာ။

အေးလွန်းသဖြင့် အနည်းငယ် တွန့်ခနဲဖြစ်သွားရသည့်တိုင် ကျွန်မ ရွှင်လန်းစွာ ပြုံးနေမိလေသည်။အလွန်ပျော်မြူးနေမိ၏။

ဒီတော့ ဒါက ပင်လယ်ပေါ့။

ပြီးတော့ ဒါက ပျော်ရွှင်စရာ ဘဝလေးပေါ့။

ထိုအတွေးကြောင့် ကျွန်မ အလိုအလျောက် ရယ်မောမိသွားလေသည်။ကောင်းကင်ကြီးထဲတွင် ပျံသန်းနေရသလို ခံစားနေရ၏။

"မင်း ဒီလောက်အထိ သဘောကျလိမ့်မယ်ဆိုတာ ကိုယ် သိခဲ့ရင် ..."

နောက်နားတွင် ရပ်ရင်း ကျန်နေခဲ့သော ဆိုဗက်စ်စတာက ဖြည်းဖြည်းချင်း ကျွန်မအနားသို့ တိုးလာပြီး ပြောခဲ့သည်။

"ကိုယ် မင်းကို အစောကြီးထဲက ဒီနေရာဆီ ခေါ်လာပေးခဲ့မှာ။"

သူက ကျွန်မ၏ဘေးနားတွင် ရပ်နေရင်း ပြုံးလိုက်ပြီး ကျွန််မကို ငုံ့ကြည့်လာခဲ့သည်။

"မင်းရဲ့မျက်နှာက ဒီလိုမျိုး ဖြစ်နေတာကို ကိုယ် တစ်ခါမှ မမြင်ဖူးဘူး။"

ကျွန်မလား။

ကျွန်မ ခေါင်းကို စောင်းငဲ့လိုက်မိသည်။

"ကျွန်မက ဘယ်လိုပုံစံ ဖြစ်နေလို့လဲ။"

"ပျော်ရွှင်ရလွန်းလို့ သေသွားနိုင်လောက်တဲ့ မျက်နှာမျိုး"

သူက ကျွန်မ၏နဖူးကို ထိလိုက်ပြီး ပြောသည်။

"မင်း ဆန္ဒရှိတဲ့အချိန်တိုင်း ကိုယ်က မင်းကို ဒီပင်လယ်ကြီးဆီ ခေါ်လာပေးမယ်။"

"ကျွန်မ သဘောကျပါတယ်။"

"ပြီးတော့ တခြားနေရာကောင်းလေးတွေ ရှိသေးတာဆိုတော့ ကိုယ်တို့ အတူတူ သွားကြရအောင်။"

ထိုသို့ ပြောလိုက်သည်ကပင် ပျော်စရာကောင်းနေခဲ့သည်။ကျွန်မ ပြုံး၍ ဆိုဗက်စ်စတာကို ကြည့်လိုက်သည်။

"ရှင်က ကျွန်မကို ခေါ်သွားပေးမှာလား။"

"အင်း ... ကိုယ်တို့ အတူတူ သွားကြမယ်လေ။"

ဆိုဗက်စ်စတာက သဘာဝကျကျပဲ ပြန်ဖြေခဲ့သည်။

ထို့နောက် ကျွန်မအနားသို့ အနည်းငယ် ပိုတိုးကပ်လာခဲ့သည်။

"မင်း မှတ်မိသေးလား။"

"ရှင်!"

ကျွန်မ၏တုံ့ပြန်မှုကြောင့် ဆိုဗက်စ်စတာက ပြုံးစိစိဖြင့် ကျွန်မကို မျက်နှာချင်းဆိုင် ကြည့်လိုက်သည်။ 

ဝေါ ...!

ရေလှိုင်းလေးများက ကမ်းစပ်သို့ ရိုက်ခတ်လာကြပြန်သည်။

"မင်း ကိုယ့်ကို ချစ်လာပြီဆိုတော့မှ ကိုယ် မင်းကို နမ်းမှာပါလို့ ပြောခဲ့တာကိုလေ။"

သူ၏မျက်ဝန်းပြာများက ကျွန်မကို တည့်တည့်ကြည့်လာခဲ့သည်။ပင်လယ်ကြီးကို ထည့်သွင်းမြှုပ်နှံထားသကဲ့သို့ ပြာလဲ့နေသော မျက်ဝန်းများထဲတွင် ကျွန်မလည်း ရှိနေခဲ့သည်။ကျွန်မ မျက်နှာကို မော့လိုက်ပြီး သူ့မျက်ဝန်းများထဲတွင် အရိပ်ထင်ဟပ်နေသော ကျွန်မ၏ပုံရိပ်ကို ကြည့်လိုက်မိသည်။

"ကျွန်မ မှတ်မိပါတယ်။"

ဆိုဗက်စ်စတာ၏နှုတ်ခမ်းများက လှပစွာ ကွေးတက်သွားခဲ့သည်။

"အခု အချိန်ကျပြီလို့ ကိုယ် ထင်တယ်။"

သူက ကျွန်မ၏လည်ကုပ်ရှိရာသို့ လက်ချောင်းများဖြင့် ရစ်ပတ်လိုက်သည်။

"ဟုတ်တယ်မလား"

ကျွန်မ ပြန်မဖြေခဲ့ပေ။ထိုအစား မျက်လုံးများကိုသာ မှိတ်ထားလိုက်မိသည်။

ဆိုဗက်စ်စတာ၏လက်များက ကျွန်မ၏ခေါင်းအနောက်ဖက်ကို ဆုပ်ကိုင်လာခဲ့သည်။

သူ့မျက်နှာက ဖြည်းဖြည်းချင်း နီးကပ်လာခဲ့သည်ကို ခံစားမိပါ၏။

နွေးထွေးသော ထွက်သက်များက ကျွန်မ၏နှာခေါင်းဖျားထက်သို့ သက်ဆင်းကျရောက်လာခဲ့သည်။

"အိုဖီလီယာ"

နှုတ်ခမ်းများ ထိမိခင် အနေအထား၌ သူက ဖြည်းဖြည်းချင်း ပြောလာခဲ့သည်။

"ကိုယ် မင်းကို ချစ်တယ်။"

ကျွန်မလည်း အတူတူပါပဲဟု ပြောချင်သည့်တိုင် မပြောလိုက်နိုင်ခဲ့ပေ။သူ့နှုတ်ခမ်းတစ်စုံက ကျွန်မ၏နှုတ်ခမ်းထက်သို့ ထိတွေ့လာခဲ့သည်။

ပွင့်ဟသွားသော နှုတ်ခမ်းများမှတစ်ဆင့် နှစ်ယောက်သား၏အသက်ရှူသံများပါ ရောယှက်သွားကြသည်။ 

ဟား...

ကျွန်မ အသက်ရှူကြပ်လာရသည်။သို့သော် သူက ကျွန်မကို တင်းကြပ်စွာ ပွေ့ဖက်ထားပြီး လွှတ်မပေးခဲ့ပေ။

ဆိုဗက်စ်စတာက ကျွန်မကို လွှတ်မပေးချင်သည့်အတိုင်း တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားရင်း ပို၍ နက်ရှိုင်းစွာ နမ်းရှိုက်လာခဲ့သည်။

ဝေါ ...!

ရေလှိုင်းလေးများ ရိုက်ခတ်လာပြန်သည်။ခြေကျင်းဝတ်များက ပင်လယ်ရေကြောင့် အေးမြစိုစွတ်နေရပြီး ပူနွေးသောနှုတ်ခမ်းများက အတူတကွ ရောယှက်နေကြသဖြင့် ထူးထူးဆန်းဆန်း ခံစားနေရ၏။

သို့သော် ထိုအခိုက်အတန့်လေးတွင် ကျွန်မ အလွန်ပျော်ရွှင်နေခဲ့မိပါသည်။ 

ဆိုဗက်စ်စတာ၏နှုတ်ခမ်းများမှ ပေးလာသော အထိအတွေ့က စွဲထင်ကျန်ရစ်နေဆဲပင်။

ကိုယ့်နှုတ်ခမ်းကိုယ် လက်ချောင်းလေးများဖြင့် ထိကြည့်လိုက်ရင်း ပူလောင်နေသော ပါးပြင်များကို အေးမြလာစေရန် ကျွန်မ ကြိုးစားနေရသည်။

ဆိုဗက်စ်စတာကမူ မြို့စားမင်းကြီးဆီသို့ သွားခဲ့သည်။

သူက ရထားလုံးတစ်စီး ထပ်ခေါ်လိုက်သဖြင့် ကျွန်မလည်း ကျွန်မတို့အတူစီးလာခဲ့သော ရထားလုံးပေါ်သို့ တက်၍ မြို့စားမင်းကြီးမိသားစုပိုင်နက်အတွင်းသို့ သွားခဲ့သည်။

"ကျွန်မ ရှက်နေလို့ ...ရှင်ပဲ မြို့စားမင်းကြီးဆီ အရင်ဆုံး သွားလိုက်ပါ။"

"ကိုယ်တို့က အိမ်ထောင်သည်စုံတွဲတွေပဲလေ၊ဘာများ ရှက်စရာလိုလို့လဲ။"

"အာ ...သွားပါဆို ...အခု ကျွန်မရဲ့မျက်နှာက ပေါက်ထွက်တော့မယ်ထင်တယ် !"

ထိုသို့ ပြောလိုက်လျှင် သူက တခစ်ခစ်နှင့် ရယ်ပြီး အဝေးသို့ ထွက်သွားပေးခဲ့သည်။မည်သို့ပင်ဖြစ်စေ သူက အရှက်မရှိသောသူနှင့် အလွန်တူသည်။

"ဝါး ...ပူလိုက်တာ။"

ကျွန်မ ယပ်တောင်ကို ခတ်လိုက်ပြီး ရှက်ရွံ့ပူလောင်မှုများ လျော့ပါးစေရန် ကြိုးစားလိုက်သည်။

ထို့နောက် ဘေးဘီဝဲယာသို့ ဖြည်းဖြည်းချင်း လှည့်ကြည့်လိုက်သည်။

"ဒီနားမှာ သစ်ပင်အကြီးကြီးတစ်ပင် ရှိရမယ်။"

ကျွန်မ ထိုအပင်ကို ရှာတွေ့ခဲ့သည်။

မြင့်မားလှသော ထင်းရှူးပင်ကြီး ရှိရာသို့ ကျွန်မ လမ်းလျှောက်လာခဲ့သည်။

ဆိုဗက်စ်စတာကို အရင်ဆုံး ပြန်လွှတ်လိုက်ရသည့် အကြောင်းပြချက်။

မှော်အစီအရင်စက်ဝန်းကို ရှာဖွေရန်အတွက် ဖြစ်လေသည်။

မူလဇာတ်ကြောင်းတွင် ဖလဲရ်က ပင်လယ်သို့လာရင်း နေအရမ်းပူလွန်းသဖြင့် သစ်ပင်ကြီးအောက်တွင် ခဏတာ အရိပ်ခိုနေခဲ့သည်။ထိုအချိန်လေးတွင် မြေကြီးထဲမှ တစ်စွန်းတစ်စ ပေါ်ထွက်နေသော သေတ္တာတစ်လုံးကို သူမ မြင်လိုက်ရပြီး အထဲသို့ ကြည့်လိုက်ချိန်၌ မှော်အစီအရင်စက်ဝန်းတစ်ခုကို ရှာတွေ့ခဲ့သည်။

ထိုမှော်အစီအရင်စက်ဝန်းက နောက်ပိုင်းတွင် ကယ်လီယန်အတွက် ကြီးမားသော အကူအညီဖြစ်လာခဲ့၏။အဘယ့်ကြောင့်ဆိုသော ၎င်းမှာ နတ်ဆိုးဘုံရှိ ဖြစ်တည်မှုများကို ဆင့်ခေါ်နိုင်သော မှော်အစီအရင်စက်ဝန်း ဖြစ်နေသောကြောင့်ပင်။

ငါ အဲ့ဒါကို ရှာရမယ်။

သို့သော် ကျွန်မမှာ အမျိုးသမီးဇာတ်လိုက် မဟုတ်လေရာ ထိုသေတ္တာကို အမှတ်တမဲ့ တွေ့နိုင်လိမ့်မည်ဟု မမျှော်မှန်းထားပါ။

ဒီတော့ ဘာလုပ်မလဲ။

ဒီမှာ ဂေါ်ပြားလေ။

ကျွန်မ ရထားလုံးထဲတွင် ကြိုတင်၍ ထည့်လာခဲ့သော ဂေါ်ပြားကို ယူထုတ်လိုက်သည်။

ပြီးနောက် အားကြိုးမာန်တက်ဖြင့် မြေကြီးကို တူးဆွကြည့်တော့သည်။

ငါ ဒါကို လုပ်ရမှာပဲ။

အမှန်တရားကို သိရှိနိုင်ရန် အချိန်အနည်းငယ်သာ လိုသော်လည်း ကျွန်မ မတတ်နိုင်ပေ။

ကြိုးစားပမ်းစားဖြင့် တူးဆွနေလိုက်သည်။

"ဟူး..."

ဘယ်လောက်ကြာဦးမှာလဲ။

မြေကြီးထဲသို့ အချိန်အတော်ကြာအောင် တူးဆွပြီးချိန်တွင် ...

ဂွပ် !

ဂေါ်ပြားက မြေကြီးထဲရှိ တစ်ခုခုကို တိုက်မိသလို ခံစားလိုက်ရသည်။

အဲ့ဒါများလား။

ကျွန်မ ထိုနေရာသို့ အသေအချာ အာရုံစိုက်၍ တူးလိုက်သည်။သဘာဝကျစွာဖြင့် ကျွန်မ၏လက်ဖဝါးများနှင့် လက်မောင်းများအထိ မြေကြီးများဖြင့် ပေပွနေတော့သည်။

"ရှာတွေ့ပြီ!"

သေတ္တာကို ရှာတွေ့ခဲ့သည်။

ကျွန်မ ပြုံးလိုက်ပြီး သေတ္တာကို ဖွင့်ကြည့်လျှင် အထဲ၌ မှော်အစီအရင်စက်ဝန်း စာလိပ်တစ်လိပ်ကို တွေ့လိုက်ရသည်။

"အား ... ပျော်လိုက်တာ!"

ကျွန်မ နှာခေါင်းကို ပွတ်သပ်လိုက်ချင်သော်လည်း လက်များက ပေးပွနေသဖြင့် မလုပ်နိုင်ခဲ့ပေ။သေတ္တာကိုသာ ဂရုတစိုက် ပွေ့ဖက်ထားလိုက်မိသည်။

"ငါ ဒီဟာကို သုံးနိုင်လိမ့်မယ်။"

နတ်ဆိုးဘုံမှ ဖြစ်တည်မှုများကို ဆင့်ခေါ်နိုင်သော မှော်အစီအရင်စက်ဝန်းတစ်ခု။

လာဂို ငမ်းငမ်းတက် လိုချင်နေခဲ့သော မှော်အစီအရင်

သူ့ကို ထိုအရာနှင့် အပေးအယူလုပ်ရမလားဟု ကျွန်မ တွေးနေမိသည်။

ဒါနဲ့ အလဲအလှယ် မလုပ်ရင်ရော!

ဒါဆို ငါ တစ်ခုခုကို ဆင့်ခေါ်နိုင်မှာပဲ...ကောင်းပြီလေ။

နတ်ဆိုးဘုံမှ ဖြစ်တည်မှုတစ်ခုသာဆိုလျှင် လာဂို၏မှော်အစီအရင်စက်ဝန်းကို ဖွက်ထားသည့်နေရာအား သိနိုင်ပေလိမ့်မည်။

ထို့ကြောင့် ကျွန်မ ဤအရာကို မရရအောင် လာယူရခြင်း ဖြစ်လေသည်။

ကျွန်မ 'လူးလူးလားလာ'ဟု သီချင်းညည်းနေရင်း ခြေဦးပြန်လှည့်လိုက်သည်။

မြို့စားမင်းကြီးအိမ်တော် ရှိရာသို့။

ထိုအချိန်တွင်

"အိုဖီလီယာလား"

"မြို့စားမင်းကြီးကတော်များလား။"

ကျွန်မကို ခေါ်နေသည့် အသံတစ်သံကို ကြားလိုက်ရသည်။

နောက်ပြန်လှည့်ကြည့်လိုက်လျှင် ဆိုဗက်စ်စတာနှင့်မြို့စားမင်းကြီးကတော်တို့ ရပ်နေကြသည်ကို တွေ့လိုက်ရသည်။

ဟမ် ...ရှင်တို့က ဘာဖြစ်လို့ ဒီနေရာကို ရောက်နေရတာလဲ။

ကျွန်မလည်း သူတို့ကို တွေတွေကြီး ကြည့်နေမိလေသည်။

"ဘာ ...ဘာကြောင့်များ ရှင် ဒီလိုပုံစံ ဖြစ်နေရတာလဲ။"

မြို့စားမင်းကြီးကတော်က ပြောလာသည်။

"ဒီရက်တွေထဲ မင်း အရူးထနေလိမ့်မယ်လို့ ကိုယ် မတွေးထားမိဘူး။ဒါပေမဲ့ မင်းက ရူးနေတုန်းပဲ။ကိုယ့်ကို အရင်ဆုံးသွားဖို့ လွှတ်လိုက်ပြီးတော့ မင်းက ဘာတွေလုပ်နေတာလဲ။"

ဆိုဗက်စ်စတာက ပြောလာခဲ့သည်။

"အာ ...ဒါက"

ကျစ်

ကျွန်မလည်း ညစ်ပတ်နေသော လက်များကို နောက်ကျောဘက်တွင် ဖွက်ထားလိုက်ရင်း 'ဟား ဟား'ဟု ရယ်မောလိုက်ကာ ခေါင်းငုံ့၍ ပြုံးနေမိသည်။

"ကျွန်မ ကလေးအရွယ်တုန်းက အချိန်ကို ပြန်တွေးရင်း အိမ်ဆောက်တမ်း ကစားဖို့ ကြိုးစားနေခဲ့တာ။"

*

မြို့စားမင်းကြီးအိမ်တော်သို့ ရောက်သည်နှင့် ကျွန်မ ကိုယ်လက်ဆေးကြောလိုက်ရသည်။

ထိုထက် ပိုရိုင်းသည့်အပြုအမူ မရှိတော့ပါပေ။

ကျွန်မကို ညစာစားရန် ဖိတ်ကြားတော့မည်မဟုတ်ဟု သူက အခိုင်အမာ ပြောနေသဖြင့် ကျွန်မလည်း မတတ်သာဘဲ ဆေးကြောနေရပါ၏။

အခြားသူတစ်ယောက်၏အိမ်တော်တွင် ကိုယ်လက်ဆေးကြောရသည်က ထိုသို့ ခံစားချက်မျိုးပင်။

အရမ်းကောင်းတာပဲ။

ထိုသို့တွေးတောရင်း ဝတ်စုံကို ဝတ်ဆင်ပြီးနောက် ရေချိုးခန်းထဲမှ ထွက်လာခဲ့သည်။

တံခါးကို ဖွင့်လိုက်သည်နှင့် ဆိုဗက်စ်စတာက နံရံကို မှီ၍ ရပ်နေသည်ကို ကျွန်မ မြင်လိုက်ရသည်။

"အိမ်ဆောက်တမ်း ကစားတယ် ဟုတ်လား။"

ကျွန်မကို မြင်သည်နှင့် သူက ပြောတော့သည်။

"မလိမ်နဲ့"

ဆိုဗက်စ်စတာက ခြေလှမ်းကျဲကျဲဖြင့် ကျွန်မအနားသို့ ချဥ်းကပ်လာခဲ့သည်။

"အဲ့ဒီသေတ္တာက ဘာလဲ။"

ပြီးနောက် သူက ကျွန်မ ဂရုတစိုက်ဖြင့် ယူလာသော သေတ္တာကို လက်ညှိုးထိုးပြလိုက်သည်။

"ရှင် အဲ့ဒါကို မဖွင့်ကြည့်ဘူးလား။"

သူ သေတ္တာကို ဖွင့်ကြည့်လိမ့်မည်ဟု ကျွန်မ တွေးထားသော်လည်း သူက ဖွင့်မကြည့်ခဲ့ပါ။

"အဲ့ဒါက မင်းရဲ့ပစ္စည်းပဲ ...ကိုယ်က ဘာလို့ ထိရမှာလဲ။ဒီတော့ ကိုယ့်ကိုပြော၊ အဲ့ဒါက ဘာလဲ။"

အိုး ...ဆိုဗက်စ်စတာက အတော်လေး စည်းကမ်းရှိတယ်။

ကျွန်မ ပခုံးတွန့်ပြလိုက်သည်။

"ကျွန်မ ရှင့်ကို မပြောပြဘူး။"

"ပြောနော် ...ဒါကို ဖွင့်ကြည့်ဖို့ ကိုယ့်ကိုယ်ကို အတင်းအကြပ် မလုပ်ခိုင်းခင်လေး။"

"ရှင်က ကျွန်မရဲ့ပစ္စည်းတွေကို မထိပါဘူးလို့ ဘယ်တုန်းကများ ပြောထားဖူးလို့လဲ။"

"အဲ့ဒါ!"

ဆိုဗက်စ်စတာက အော်လိုက်ပြီး ခန္ဓာကိုယ်ကို နံရံမှ ပြန်ခွာလိုက်သည်။

"မင်း တခြားဘာတွေ ထပ်တွေ့လာပြန်ပြီလဲ။"

သူက 'ထပ်တွေ့လာတယ်'လို့ ပြောနေတယ်။ 

ကောင်းပြီ

ငါက ထူးဆန်းတဲ့ကိစ္စတွေ အတော်များများ လုပ်ထားပြီးပြီပဲ။

ဒါကြောင့်ပဲ ဆိုဗက်စ်စတာက ဒီလိုမေးလာတာ ဖြစ်လိမ့်မယ်။

"ဒါက ... ဘာမှ မဟုတ်ပါဘူး။အမှတ်တော့ ကျွန်မ အိမ်ဆောက်တမ်း ကစားရင်း တစ်ခုခု ရှာတွေ့လာရုံပါပဲ။"

"မင်းက အိမ်ဆောက်တမ်း ကစားဖို့အတွက် ဂေါ်ပြားပါ ကြိုတင်ပြီး ပြင်ဆင်လာခဲ့တာလား။"

"ဒါက ပင်လယ်ကို ရောက်ရင် လုပ်ချင်ခဲ့တဲ့ ကျွန်မရဲ့စိတ်ကူးအိပ်မက်တစ်ခုလေ။"

"အိုဖီလီယာ ရိုင်ဇန်"

ဆိုဗက်စ်စတာက မျက်လုံးများကို မှေးကျဥ်းလိုက်သည်။

"မင်း တကယ်ပဲ ကိုယ့်ကို မပြောပြဘူးလား။"

ဤအခိုက်အတန့်တွင် ကျွန်မလည်း ထိုအကြောင်း တွေးနေမိခဲ့သည်။

ကောင်းပြီ ... ငါ ဒါကို ဖုံးကွယ်ထားစရာ မလိုဘူး။

လာဂိုနဲ့ အလဲအလှယ်လုပ်ဖို့ဆိုရင် ဆိုဗက်စ်စတာရဲ့အကူအညီကို လိုအပ်လာမှာပဲ။

ထို့ကြောင့် ကျွန်မလည်း ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်သည်။

"အဲ့ဒါက မှော်အစီအရင်စက်ဝန်းတစ်ခုပါ။"

"ဘာ!"

"ကျွန်မတို့ ဒါကို သုံးပြီး ဒုတိယမင်းသားနဲ့ အလဲအလှယ် လုပ်လို့ရတယ်လို့ တွေးမိတယ်။ရှင်ရော ဘယ်လိုထင်လဲ ၊အဆင်ပြေလောက်ပါတယ် ...ဟုတ်တယ်မလား။"

ဆိုဗက်စ်စတာက ပါးစပ်အဟောင်းသား ဖြစ်နေခဲ့သည်။သူက လက်သီးကို ဆုပ်လိုက် ဖြန့်လိုက် လုပ်နေခဲ့သည်။

"ဟား ...တကယ်ပဲ"

သူ နဖူးတွန့်လိုက်သည်။

"မင်းက ဒီလိုကိစ္စတွေကို ဘယ်လိုလုပ်ပြီး သိနေခဲ့တာလဲ။"

"ဘာကိုလဲ"

"သီယိုနဲ့ ရစ်ဗက်ကို ရှာတွေ့တာကနေ စပြီး မှော်အစီအရင်စက်ဝန်းအထိလေ။"

ဆိုဗက်စ်စတာက ကျွန်မ၏ပခုံးကို ဆုပ်ကိုင်ပြီး ပြောခဲ့သည်။

"မင်းက အရာအားလုံးကို သိနေခဲ့တာ ... အရာရာတိုင်းပဲ။"

ဂလု

ကျွန်မ အလိုလိုတံတွေးမျိုချလိုက်မိသည်။

ကျွန်မ၏ကူးပြောင်းလာမှုကို တစ်နည်းမဟုတ် တစ်နည်းဖြင့် သိသွားလိမ့်မည်ဟု တွေးထားမိပါသည်။

ထို့ကြောင့် ကျွန်မလည်း အေးအေးဆေးဆေးပဲ စကားပြောလိုက်သည်။

"ဒါတွေအားလုံးက ပါးနပ်လွန်းတဲ့ ကျွန်မရဲ့ကျေးဇူးကြောင့်ပါ ဆိုပြီး ရှင် ပြောပေးနိုင်မလား။"

"မပြောပေးဘူး"

ဆိုဗက်စ်စတာက လက်ကိုလွှတ်ပြီး ကျစ်ခနဲ စုတ်သပ်လိုက်သည်။

"ကိုယ် ဒါကို သဘောမကျဘူး။"

သူက ညည်းညူလေသည်။

"ကိုယ်တို့ မနမ်းရသေးဘဲ ဒါကို သဘောမကျပေးနိုင်ဘူး။"

"အား ...ဘာကြောင့် ရှင် အခုလိုတွေ ပြောနေရတာလဲ!"

"နောက်တစ်ကြိမ်လောက် ထပ်နမ်းရင် ကောင်းမလားလို့ ကိုယ် တွေးနေတာလေ။"

"ဒီလို အခြေအနေကြီးမှာလား။"

ရှင် စိတ်လွတ်သွားပြီနဲ့တူတယ်။

အခုလေးပဲ ကျွန်မတို့ ရန်ဖြစ်နေတာမဟုတ်ဘူးလား။

ကျွန်မ ဆွံ့အသွားရတော့သည်။

ဆိုဗက်စ်စတာက ကျွန်မကို ငုံ့ကြည့်ပြီး ပြုံးပြလေသည်။

"အရင်ဆုံး ပြောချင်တာကတော့ မင်း ကောင်းကောင်းလုပ်ခဲ့တာပဲ။"

ထို့နောက် သူက ကျွန်မ၏ပါးပြင်ကို ဖွဖွလေး နမ်းလိုက်သည်။

"ဒီတော့ အပြင်ထွက်ကြရအောင်၊လူတိုင်းက စောင့်နေကြပြီ။"

မဟုတ်သေးပါဘူး၊ရှင်က ဘယ်လိုဖြစ်ပြီး ကျွန်မကို တစ်ချိန်လုံး ပွတ်သီးပွတ်သပ်လုပ်နေရတာလဲ။

အရမ်းကောင်းတယ်လို့။

ကွေးတက်နေသော နှုတ်ခမ်းထောင့်စွန်းလေးများကို နှိမ့်ချရန် ကြိုးစားရင်း ကျွန်မလည်း ဆိုဗက်စ်စတာခေါ်ရာနောက်သို့ လိုက်လာခဲ့တော့သည်။


TK Team (Chapter 120)
++++++++