ဇာတ်လိုက်လား? ငါ သူ့ကို မလိုချင်ဘူး chapter 101 "မြို့စားကြီးအိမ်တော်လား...?! ဆေးရုံမဟုတ်ဘူးလား!" အဲ့အမျိုးသမီးကိုယ်တိုင်ကတောင် ဆေးရုံရဲ့တည်နေရာ ပြောပြခဲ့တာကို ဘာလို့လဲ။ "ကျွန်မတို့ ဆေးခန်းသွားရမယ်!ကျွန်မ အမေက ဆေးရုံမှာ ရှိနေတယ်လို့" "တိတ်တိတ်နေစမ်း! မင်းဘာကိုပြောနေတာလဲဆိုတာ သိလို့လား" ဒဲဗောရာသည် အိမ်တော်ထိန်း၏ ရုတ်တရက်အော်ငေါက်မှုကြောင့် ထိတ်လန့်သွားပြီး သူမပါးစပ်ကို ပိတ်ထားလိုက်သည်။သူမ ပြနခငြင်းခုံချင်ပေမယ့်လည်း ပြန်မငြင်းနိုင်သည်အထိ အံ့ဩသွားခဲ့သည်။ သူမကို လုံးဝဂရုစိုက်ဟန်မရှိနေသည့် အိမ်တော်ထိန်းသည် အလွန်ဒေါသထွက်နေသကဲ့သို့ လက်သီးများကို တင်းတင်းဆုပ်ထားပြီး အံကြိတ်နေခဲ့၏။ သူမ အခြေအနေ အတိအကျကို အတည်ပြုရန် လိုအပ်သော်လည်း တစ်စုံတစ်ခု မှားယွင်းနေတာ သေချာသည်။ 'လူနာပဲလ်ပဲ ထပ်ဖြစ်ပြန်ပြီ!' သူမက နှိမ့်ကျသော မိသားစုမှ အမျိုးသမီးတစ်ဦး ဖြစ်သည့်အလျောက် တိတ်တဆိတ်သာနေပြီး ပေါ်မလာသင့်ပေ။ သူမ ဘာလို့ မြို့စားကြီးမိသားစု၏ ကိစ္စများထဲ ဆက်လက်ပါဝင်နေသည်ကို နားမလည်နိုင်ပေ။ "ငါ ပြန်ရောက်တာနဲ့ အဲ့အကြောင်း ရှာပေးမှာမို့လို့ ခဏစောင့်ချည်။အဲ့ဒါက ထောင်ချောက်တစ်ခုဖြစ်နိုင်တယ်" လူနာကို အချိန်အတော်ကြာ ကျိန်ဆဲနေခဲ့သော အိမ်တော်ထိန်းသည် နောက်ဆုံးတွင် စိတ်ငြိမ်သွားပြီး သူ့ပါးစပ်ကို ဖွင့်လိုက်သည်။သူ ဒေါသဖြစ်နေသော်လည်း ဒဲဗောရာက သူဒေါသဖြစ်နိုင်သောလူမဟုတ်ပေ။ ဒဲဗောရာသည် အစက သူမကဲ့သို့ အရေးမပါသော တစ်စုံတစ်ယောက်အတွက် ထောင်ချောက်ဆိုသည်မှာ အဓိပ္ပာယ်မရှိဟု တွေးခဲ့သော်လည်း ကြောက်လန့်စွာဖြင့် ဘာကို ဆိုလိုတာလဲဟု ပြန်မေးတော့မည်ဖြစ်သည်။ "…!" ထိုအချိန်မှာပဲ ဒဲဗောရာမျက်နှာကို အေးစက်စွာ စိုက်ကြည့်နေသော အိမ်အစေခံက 'ငြိမ်ငြိမ်နေ' ဟုပြောသလိုမျိုး သူမ၏လက်ကို ကိုင်လာခဲ့သည်။ သူမကို ပြန်အာမခံဖို့ ပြောသလိုမျိုး မဟုတ်ဘဲ သူမကို တားလိုက်သလိုသာ။ သူမက ဘာမှမပြောခဲ့သော်လည်း ဒဲဗောရာသည် အစေခံ၏ ဦးဆောင်မှုကို လိုက်သင့်သည်ဟု ခံစားမိသောကြောင့် အသက်ရှုအောင့်လိုက်ပြီး သူမပါးစပ်ကိုထပ်မဟတော့ချေ။ မကြာခင်မှာပင် အချိန်အတော်ကြာ မောင်းလာခဲ့သော ရထားသည် မြို့စားကြီးအိမ်တော်သို့ ရောက်ရှိလာခဲ့ပြီး အိမ်တော်ထိန်းက နောက်တစ်ကြိမ် အပြင်ပြန်ထွက်ရန် ချက်ခြင်း ပြင်ဆင်ခဲ့၏။ "မင်းအခန်းထဲမှာပဲ စောင့်နေ။ ငါ အဲ့အကြောင်းကို ရှာတွေ့ပြီးတာနဲ့ မင်းကို ချက်ချင်းအသိပေးမယ်" ဒါပေါ့ သူက အခုချိန်ထိ စိုးရိမ်နေပုံရသော ဒဲဗောရာကို စကားအချို့ပြောဖို့ မမေ့ခဲ့ပေ။ အိမ်တော်ထိန်းသည် သူ၏ စိတ်အနှောင့်အယှက်ဖြစ်မှုများကိုမျိုချလိုက်ပြီး သူဘာလို့ ဒေါသအရမ်းထွက်နေတာလဲမသိဘူးဟု ဆိုကာ စံအိမ်ထဲမှ ပြန်ထွက်လာခဲ့သည်။ ထို့ကြောင့် အခန်းထဲပြန်အပိတ်ခံလိုက်ရသော ဒဲဗောရာသည် သူမ၏စိုးရိမ်ပူပန်မှုများကို ဖုံးကွယ်မထားနိုင်ဘဲ ကျန်ရစ်ခဲ့၏။ သူမ စိုးရိမ်တကြီး စောင့်ဆိုင်းနေစဉ် သူမနှင့်အတူ အပြင်ထွက်ခဲ့သော အိမ်အစေခံက တံခါး ခေါက်ပြီး ဝင်လာခဲ့သည်။ သူမ၏ ပထမက အေးစက်ခဲ့သော အမူအရာနှင့် မတူဘဲ ယခုတွင် တင်းမာနေသောအမူအရာရှိနေပုံရသည်။ "ကျေးဇူးပြုပြီး ဒါကိုဖတ်ပြီး ငါ့ကိုပြန်ပေးပါ" အိမ်အစေခံက ဘာမှမရှင်းပြဘဲ စာတစ်စောင် ပေးလာခဲ့၏။ဒဲဗောရာသည် ရုတ်တရက်ရောက်သော စာကြောင့် အံ့ဩသင့်နေသော ခံစားချက်များကို ဖုံးကွယ်မထားနိုင်သော်လည်း အိမ်အစေခံက အမြန်ဖတ်ရန် တိုက်တွန်းလာခဲ့သည်။ "ကျေးဇူးပြုပြီး ဘယ်သူမှဝင်မလာခင် မြန်မြန်ဖတ်ပါ" ဒဲဗောရာသည် သူမ၏ ညွှန်ကြားချက်များကို လိုက်နာပြီး စာကို အလျင်အမြန် ဆုတ်ဖြဲဖတ်လိုက်ရာ ၎င်းမှာ မကြာသေးမီက အိမ်ကြီးမှ ထွက်သွားခဲ့သော မြို့စားကတော်ကြီးထံမှ စာဖြစ်နေကြောင်း အံ့ဩစရာကောင်းစွာတြွေလိုက်ရသည်။ စာကို 'ငါ့ ဦးတည်ရာရောက်မှ ရေးရင် အချိန်နှောင်းမှာစိုးလို့ လှည်းပေါ်မှာပဲ ဒီစာကို အလျင်စလို ရေးလိုက်ပါတယ်' ဟုစထားခဲ့၏။ [ငါ ငါ့အစေခံကို အဲဒီဘက်က စောင့်ကြည့်ဖို့ ခိုင်းထားခဲ့တယ်။သူမက အခြေအနေတွေ အဆင်ပြေရင်ပြေသလို ငါ့စာကို မင်းဆီပို့ပေးလိမ့်မယ်။အဲ့ဒါက ရုတ်တရက်ဆန်ပြီး ခက်ခဲနိုင်ပေမယ့် အခုအချိန်မှာ သူမပြောတာကို နားထောင်တာက ပိုကောင်းတယ်] မြို့စားကြီးသည် ကမ္ဘာပေါ်ရှိ အရာအားလုံးက သူ့လိုချင်သလိုမျိုးဖြစ်သွားလိမ့်မည်ဟု ယုံကြည်သောကြောင့် သူ၏ စောင့်ကြပ်မှုလျော့ကျအောင် စာထဲတွင် ထပ်ပြောထားခဲ့သည်။ [ငါ မင်းကို ဒီအချိန်အတွင် ကူညီပေးမယ်။အဲ့တော့ မင်းလည်း ငါ့ကို ကူညီမယ်လို့ မျှော်လင့်တယ်] ထို့နောက် စာကို အချိန်ကျရင် လိုအပ်သည့်အကူအညီကို သူမကို ပြောပြမည်ဖြစ်ကြောင်းပြောထားပြီး အဆုံးသတ်ခဲ့သည်။ ၎င်းက အလွန်မကြင်နာသော စာဖြစ်တာကြောင့် ဒဲဗောရာသည် ဘာကိုဆိုလိုတာလဲဟု မေးသလိုမျိုး အစေခံကိုကြည့်လိုက်သည်။ သူမက စာကိုဆုတ်ဖြဲပြီး ရှငပြချက်ပေးလာသည်။ "နင် မကြိုက်ဘူးဆိုတာ သိပေမယ့် ကျေးဇူးပြုပြီး မြို့စားကြီးရဲ့ ကမ်းလှမ်းချက်ကိုလက်ခံလိုက်ပါ" "…ဟင်!" အဲဒါက ဘယ်လိုတောင်အဓိပ္ပာယ်မရှိတာလဲ။သူတို့ ငါ့ကို မြို့စားကြီးရဲ့သားနဲ့ အိပ်ဖို့ တကယ်ပြောနေကြတာလား။ ထိုသို့မလုပ်ရန် ဆုံးဖြတ်ခဲ့သော ဒဲဗောရာသည် အတွေးများပြည့်နှက်လာခဲ့သည်။ အစေခံက သူမတွေးနေတာကို သဘောပေါက်သွားပြီး သူမ ပါးစပ်ကို ပြန်ဖွင့်လိုက်သည်။ "နင် ဒီတိုင်းဟန်ဆောင်လိုက်ရုံပဲ။ ခက်ခဲနေရင် ငါကူညီပေးမယ်" အိမ်အစေခံက ၎င်းသည် ဤအခြေအနေမှ လုံခြုံစွာ လွတ်မြောက်ရန် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်ဟုဆိုပြီး ဒေဗောရ၏ အဖြေကို စောင့်ခဲ့သည်။ ဒေဗောရက ခဏလောက် စဉ်းစားလိုက်သော်လည်း သိပ်မကြာခဲ့ပေ။သူမမှာ ရွေးချယ်စရာဟူ၍မရှိနေချေ။ သူမ၏ ဖျားနာနေသော အမေက ဘာဖြစ်နေမှန်းတောင် မသိဘဲ ချုပ်နှောင်ခံထားသော အခြေအနေကို ရောက်နေတာကြောင့် မလုပ်ချင်ဘူးဟု ခေါင်းခါပြီး မငိုနေနိုင်ပေ။ နောက်ဆုံးတွင် ဒဲဗောရာက ခေါင်းညိတ်ပြလိုက်ပြီး အိမ်အစေခံက သူမအား ဘာလုပ်ရမယ်ကို ဖြည်းညှင်းစွာ ရှင်းပြလာခဲ့သည်။ * * * ရပ်ကွက်ထဲမှာခေါ်လာသောအမျိုးသမီးနှင့်အတူ ဆေးရုံသို့ရောက်ရှိလာခဲ့သော လူနာသည် ရလဒ်များကို စိတ်အားထက်သန်စွာ စောင့်မျှော်နေခဲ့၏။ ပထမနေ့ဖြစ်သောကြောင့် ဆေးလာကုသူများကြားတွင် အတော်လေး ကျန်းမာသော လူများ ရှိနေတာကြောင့် ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူ အများအပြား မလှုပ်ရှားနိုင်သော လူများကိုသာ ကုသရန် အလျင်စလို လုပ်ဆောင်ခဲ့ကြသည်။ "ဘာလို့ ဒီလောက်ကြာနေရတာလဲ။ ပြင်းထန်တဲ့ရောဂါတော့မဟုတ်လောက်ဘူးမလားဟင်" အန်းသန့်စ်သည် အံ့ဩသွားပြီး "ဘာလို့ ဒီနေ့တွေ့ဖူးတဲ့ အမျိုးသမီးတစ်ယောက်ကို ဒီလောက်တောင် စိတ်ပူနေရတာလဲ"ဟု မေးလိုက်ကာ သူမအား မလိုအပ်ဘဲ မစိုးရိမ်ရန် ပြောခဲ့သည်။ "တကယ်လို့ ရောဂါက အရမ်းပြင်းထန်ရင် သူတို့ အနားတစ်ဝိုက်မှာ မြန်မြန်လေး လှုပ်ရှားနေကြလိမ့်မှာပေါ့" အကယ်၍ သူ့က စိုးရိမ်ရသော အခြေအနေတွင်ရှိပြီး ပြင်းထန်သော တစ်ခုခုဖြစ်နေပါက သူတို့သည် သူမအား ကုသမှုတစ်ခုကို အလျင်စလိုပေးကြလိမ့်မည်ဖြစ်သည်။ အန်းသန့်စ်ပြောခဲ့သလိုပင် ကျေးဇူးတင်စရာကောင်းစွာ ထိုအမျိုးသမီး၏ အသက်က အန္တရာယ်ရှိမနေချေ။ "အစကတော့ သူမ ခန္ဓာကိုယ်က မကျန်းမာလို့ အအေးပတ်ပြီး အဆုတ်အအေးမိသွားတာ။နောက်တော့ အာဟာရချို့တဲ့တာရယ် အချိန်အတော်ကြာ အလုပ်တွေအများကြီးလုပ်ခဲ့တာကြောင့် ကောင်းကောင်းမစား ကောင်းကောင်းမကုနိုင်တော့ အရိုးတွေက မကောင်းလာဖြစ်လာပြီး အဆုတ်ယောင်သွားတာ…" သို့သော် ၎င်းက သူမ လုံး၀အဆင်ပြေသည်ဟု မဆိုလိုချေ။ လူနာက အတွထဲပျောက်သွားချိန် ဆရာဝန်က ဆက်လက် ရှင်းပြလာခဲ့သည်။ "သူမကို ကုသပေးဖို့ဖြစ်နိုင်လား" "ဒါပေါ့။ ကံကောင်းချင်တော့ သူမက ပဋိဇီဝဆေးတွေကို ပုံမှန်သောက်တဲ့ပုံရတယ်။ပြင်းထန်တဲ့ နောက်ဆက်တွဲပြဿနာတွေ မရှိနေဘူး။ အချိန်နည်းနည်းတော့ ယူရမှာဆိုပေမယ့် လုံလောက်တဲ့ အနားယူမှုနဲ့ အာဟာရဖြည့်မှုတွေပြီးရင်တော့ သူမ ပြန်လည်ကောင်းလာမှာပါ" ၎င်းက ခက်ခဲသော အလုပ်များကိုပင်လုပ်ခဲ့ပြီး သူမ အမေကို ဆေးအမြဲတိုက်ခဲ့သည့် ဒဲဗောရာကျေးဇူးကြောင့်ပင်။ ပဋိဇီဝဆေးများကို မူလဈေးထက် များစွာမြင့်မားသောစျေးနှုန်းဖြင့် ရောင်းချခဲ့သော်လည်း ရောဂါကို ပိုမိုဆိုးရွားစေခြင်းမရှိဘဲ ကူညီပေးပုံရသည်။ "ဒါဆို ကျေးဇူးပြုပြီး သူမကို ဂရုစိုက်ပေးပါ" လူနာက ဆေးဝန်ထမ်းကို တောင်းဆိုလိုက်သည်။သူမက နာမည်ပင်မသိသော ထိုအမျိုးသမီးအတွက် မျှော်လင့်ချက်အပြည့်ရှိနေကာ တတ်နိုင်သမျှ အမြန်ဆုံးပြန်ကောင်းလာဖို့ မျှော်လင့်နေခဲ့သည်။ "စိတ်မပူပါနဲ့။သူမ မကြာခင် ပြန်ကောင်းလာမှာပါ" ဆေးဝန်ထမ်းအဖွဲ့ကလည်း အစွမ်းကုန် ဆောင်ရွက်ပေးမယ်ဟု ပြောလာခဲ့၏။ ဒီလုပ်ငန်းကို စလုပ်ကတည်းစ လူနာသည် အချိန်အတော်ကြာ ပျံ့နှံ့နေခဲ့သော ကောလဟာလများနှင့် ဆန့်ကျင်ဘက် လူကောင်းတစ်ယောက်ဖြစ်ကြောင်း တွေ့ရှိခဲ့ရသည်။ လူနာသည် ပြင်းထန်သော ပဋိဇီဝဆေးများကြောင့် အိပ်ပျော်နေသည့် သက်လတ်ပိုင်းအမျိုးသမီး၏ မျက်နှာကို ကြည့်ပြီး အန်းသန့်စ်နှင့် အတူ ဆေးရုံမှ ထွက်လာခဲ့သည်။ဒီအတိုင်းအကြာကြီးဆက်နေမည်ဆိုပါက နေမကောင်းသောသူကို အနှောင့်အယှက်ပေးရာကျသည်။ "အဲ့ဒါက သခင်လေးပြောတဲ့အတိုင်းပဲ။ ကျွန်မ တကယ်စိတ်သက်သာရာရမိတယ်။ရှင် အရင်ဘဝတုန်းက ဆရာဝန်များလား" "ကိုယ်က ဒီတိုင်း အများကြီး သိတာပါ" သူသည် 'ကိုယ် ငယ်ငယ်တုန်းက အရမ်းရုန်းကန်ခဲ့ရတယ်' ဆိုသောစကားတော့ မပြောနိုင်ခဲ့ပေ။ "ဒီနေ့ ရှင့်ရဲ့အကူအညီအတွက် ကျေးဇူးတင်ပါတယ်နော်။ သခင်လေးရဲ့ကျေးဇူးကြောင့် သူမကို ချောချောမွေ့မွေ့ လွှဲပြောင်းပေးနိုင်ခဲ့တာ" လူနာသည် စိတ်ရင်းမှန်ဖြင့် ကျေးဇူးတင်ကြောင်း ဖော်ပြနေချိန်တွင် ပြုံးနေခဲ့သော အန်းသန့်စ်က ရုတ်တရက်ကြီး သူ့လက်မောင်းကို ဆုပ်ကိုင်ကာ ညည်းတွားလိုက်သည်။ "ကိုယ်အကြာကြီး လုပ်ရပြုရလို့ထင်တယ် အခု ကိုယ့်လက်တွေ နာကျင်နေသလိုပဲ" "တကယ်လား။ဒါဆို ရှင် စောစော နားသင့်တယ်။ ကျေးဇူးပါ" လူနာသည် တံတိုင်းများကိုပင် လက်သီးတစ်ချက် ဖောက်ထွင်းနိုင်သည့် ကြီးမားသော အင်အားရှိသူက ဘာလို့ ဒီလို ဖြစ်နေရသလဲဆိုပြီး အံ့သြမိသွားသည်။ထို့နောက်မှ သူက ချီးမွမ်းစကား ကြားချင်နေတာ ဖြစ်ရမည်ဟု တွေးမိသွားသည်။ လူနာက သူ့ကို ချီးမွမ်းစကားများ မပြောမီမှာပင် ရုတ်တရက် အန်းသန့်စ်က မမျှော်လင့်ထားသော အရာတစ်ခုကို ပြောလာခဲ့၏။ "မဟုတ်ဘူး။ကိုယ် အနားယူတာနဲ့ မရဘူး။ ဒါပေမယ့် ကိုယ်ဗိုက်ဆာနေပြီ တစ်ခုခုစားမှရမယ်" "အိုး စဉ်းစားကြည့်မှ ရှင် နေ့လည်စာမစားခဲ့တဲ့ပုံပဲ။စားလေ သွားစားချည်" အချိန်နည်းနည်းကြာရင် ညစာစားရတော့မည်ဖြစ်သည်။ သို့သော် အန်းသန့်စ်က ထိုတုံ့ပြန်မှုကို ကျေနပ်ပုံမပေါ်ချေ။ "တစ်ယောက်တည်း စားရတာ နည်းနည်းထူးဆန်းတယ်" "ဒါဆို ရထားထိန်းနဲ့ အတူသွားစားလေ" သူလည်း ဗိုက်ဆာနေရော့မယ်။ လူနာက အကြောင်းပြချက်မရှိစွာ အန်းသန့်စ်နောက်ကျောကိုပုတ်ပြီးပြောလိုက်ချိန်မှာဘဲ အန်းသန့်စ်က ပါးစပ်ကို ထပ်ဖွင့်လိုက်သည်။ "မင်း ရည်ရွယ်ချက်ရှိရှိ လုပ်နေတာမလား။ လူတွေကို အသုံးချပြီးတော့ လွှတ်ပစ်တာက အရမ်းလွန်တာပဲ" "အယ် ကျွန်မ ရှင့်ကို ဘယ်တုန်းက အသုံးချခဲ့လို့လဲ" ဒါပေါ့ ခက်ခဲသောအလုပ်မှန်သမျှကို သူအမြဲကူညီပေးနေခဲ့သည်ဆိုသောအချက်ကို မငြင်းဆန်နိုင်သောကြောင့် လူနာ ဘာမှထပ်မပြောတော့ပေ။ ထို့အပြင် အန်းသန့်စ် လိုက်ခဲ့မယ်ဆိုပါက ပျော်ရွှင်နေမည့် တခြားသူများ အကြောင်းလည်း တွေးမိသေးသည်။ "ကောင်းပြီလေ စံအိမ်ကိုသွားကြရအောင်" "မဟုတ်ဘူး ကိုယ် ဒီနေ့အပြင်မှာစားချင်တယ်" "အပြင်မှာလား" အရင်တစ်ခေါက်က သူမ သူ့ကို အပြင်မှာ လိုက်ကျွေးဖို့ ကမ်းလှမ်းခဲ့စဉ်က ငြင်းခဲ့ဖူးသည်။ထို့ကြောင့် လူနာက တွေးတောပြီး မေးလိုက်ရာ အန်းသန့်စ်က တည်ငြိမ်စွာပြန်ဖြေခဲ့သည်။ "အခုက အခြေအနေမတူတော့ဘူးလေ။ မလိုလားအပ်တဲ့ ရန်ဖြစ်စရာတွေ နားလည်မှုလွဲတာတွေ ရှိတော့မှာမဟုတ်ဘူး" လူနာသည် သူ့အဓိပ္ပါယ်ကို လျှင်မြန်စွာနားလည်ခဲ့သည်။ ယခင်က သူတို့ အပြင်ထွက်တိုင်း ဖယ်ဆန်ဟု ခေါ်သော ထိုလူနှင့် ရန်ဖြစ်ရခြငး ဒါမှမဟုတ် နားလည်မှုလွဲမှားခြင်းများ ကြုံတွေ့ရတတ်ပြီး ကောလာဟလများလည်း ရှိနေခဲ့သည်။ ဖယ်ဆန့်ကို ဖြေရှင်းပြီး နှစ်ဝက်အတွင်းမှာတင် အခြေအနေများက ပြောင်းလဲသွားခဲ့သည်။ ယခုတော့ ဂရုစိုက်ရန် မလိုအပ်တော့သည်ကြောင့် အပြင်ထွက်စားရန် အကြံပေးလိုက်သည်။ 'ဘာလို့ ရှင်ပြောသမျှစကားတိုင်းက ဒီလောက်ဝမ်းနည်းစရာကောင်းနေရတာလဲ' လူနာသည် သူ့ကို ငြင်းဖို့တောင် စိတ်မကောင်းဖြစ်သွားခဲ့သည်။ လူနာသည်လည်း နားလည်မှုလွဲမှားပြီး ဝေဖန်ခံခဲ့ရသော်လည်း အန်းသန့်စ် တွေ့ကြုံခဲ့ရတာနှင့်တော့ နှိုင်းယှဉ်စရာမရှိနေချေ။ "ကောင်းပြီလေ။ဒါဆို မြို့တော်က ဇိမ်အရှိဆုံးနဲ့ အရသာအရှိဆုံး စားသောက်ဆိုင်ကို သွားကြရအောင်။ ရှင် အများကြီး ကြိုးစားခဲ့လို့ ကျွန်မ ရှင့်ကို ကောင်းကောင်းကျွေးမွေးသင့်တယ်" "မဟုတ်ဘူး ကိုယ်သိတဲ့ နေရာတစ်ခုကို သွားကြရအောင်" သူမက သူ့ကို ခမ်းနားစွာ ဆက်ဆံချင်သော်လည်း အန်းသန့်စ်သည် ခေါင်းခါကာ သူမကို ခေါ်သွားလိုသည့်အတိုင်း သူ့လက်ကို ကမ်းပေးလိုက်သည်။ အခြေအနေကို အခွင့်ကောင်းယူဖို့ ကြိုးစားနေတာပဲဟု တွေးမိသွားသော်လည်း သူမက သူအပေါ် အကြွေးများစွာတင်နေကြောင်းကို အမှတ်ရသွားသဖြင့် ထိုအရာက အရေးမကြီးတော့ပေ။ လူနာက သူ့လက်ကို သဘာဝအတိုင်း လှမ်းကိုင်လိုက်ပြီး ဘယ်သွားကြမှာလဲလို့ မေးလိုက်သည်။ "အဲဒါက မင်း တွေ့တဲ့အခါကျ အံ့အားသင့်သွားမယ့်နေရာပဲ" "...အဲ့လိုနေရာမျိုးရှိလို့လား" အသက်ရှင်နေသေးသော တစ်ခုခုကို စားတာ သို့မဟုတ် အခြားသူများ မကြည့်နိုင်လောက်အောင် ရွံစရာကောင်းသည့် အရာကို စားတာမျိုး ထူးထူးဆန်းဆန်း နေရာများလားဟု သူမ တွေးမိသွားခဲ့သည်။ ထိုအတွေးများဖြင့် ရထားပေါ်တက်ခဲ့ပြီး အန်းသန့်စ်က သူတို့၏ ဦးတည်ရာကို ရထားထိန်းအား တိုတိုတုတ်တုတ် ပြောပြခဲ့သည်။ ထို့နောက် ရထားသည် စည်ကားသော မြို့လယ်ခေါင်မှ မြို့တော်၏ ဆင်ခြေဖုံးလမ်းဆီသို့ ဦးတည်သွားခဲ့သည်။ "ကျွန်မတို့ဘယ်သွားကြမလို့လဲ။ တကယ်ပဲ စားသောက်ဆိုင်ရောဟုတ်ရဲ့လား" လူနာသည် အချိန်အတော်ကြာ သွားနေရသောကြောင့် သံသယဖြင့် မေးလိုက်သည်။အန်းသန့်စ်က သူ့ပခုံးကို ပခုံးတွန့်ပြီး ပြန်ပြောလိုက်သည်။ "ကိုယ် သိတဲ့ နေရာတစ်ခုလို့ပြောခဲ့တာပါ စားသောက်ဆိုင်လို့ မပြောခဲ့ဘူး" "…ဘာ!" ရှင် ဗိုက်ဆာတယ်လို့ ပြောခဲ့တာမဟုတ်ဘူးလား။ရှင် ပင်ပန်းနေပြီလို့ ပြောခဲ့တာလေ! လူတွေကို လွယ်လွယ်နဲ့ ဒေါသထွက်အောင်လုပ်နိုင်တာ ဘယ်လိုတောင် ထူးဆန်းလိုက်တဲ့ ပင်ကိုယ်စရိုက်လဲ။ လူနာသည် သူက ဖယ်ဆန်နှင့် တစ်နည်းနည်း ဆင်တူသည်ဟု တွေးလိုက်မိတာကြောင့် အံ့သြတကြီးနဲ့ ခေါင်းယမ်းလိုက်မိသည်။ အဲ့ဒီအရူးနဲ့ အန်းသန့်စ်ကို ဘယ်လို နှိုင်းယှဉ်နိုင်ရတာလဲ။ ရှက်စရာပဲ။ "စိတ်ပူမနေနဲ့။မင်းသေချာပေါက်ကြိုက်မယ်ဆိုတာ ကိုယ်ပြောရဲတယ်" "အဲ့လိုဖြစ်ဖို့ပဲ မျှော်လင့်ရတယ်" အချိန်အတော်ကြာ သွားခဲ့ကြပြီးနောက် နောက်ဆုံးတွင် သူတို့ ဦးတည်ရာသို့ ရောက်လာခဲ့ကြသည်။ လူနာက လေတဖြူးဖြူးလွင့်နေသော သူမ ဆံပင်များကို ပြန်သပ်တင်လိုက်ရင်း အန်းသန့်စ်ကို မေးလိုက်သည်။ "ရှင် တကယ်ကြီး ကျွန်မ ဒီနေရာကို ကြိုက်မယ်လို့ထင်လို့ ခေါ်လာခဲ့တာလား" TK Team (Chapter 101)