ဇာတ်လိုက်လား? ငါ သူ့ကို မလိုချင်ဘူး chapter 95
* * *
သို့သော် ဒဲဗောရာသည် အိမ်တော်ထိန်း၏စကားကို အပြည့်အဝမယုံနိုင်သောကြောင့် သူမအမေအတွက် ဆေးဝယ်ရန် ရွှေဒင်္ဂါးတစ်ဝက်ကို အသုံးပြုခဲ့လိုက်သည်။
ထို့နောက် သူမ ဘယ်အချိန်ပြန်လာနိုင်မယ်ဆိုတာ မသိတာကြောင့် အိမ်နီးနားချင်းက သူမအမေအား ပြုစုစောင့်ရှောက်ပေးရန် အကူအညီတောင်းလိုက်သည်။
"အခုပြီးပြီလား"
"…ဟုတ်"
အရာအားလုံးကို စီစဉ်ပြီးသွားသည့်နောက်တွင် ဒဲဗောရာသည်အိမ်တော်ထိန်းနောက်ကိုလိုက်ကာ ရထားပေါ်သို့ တက်ခဲ့လိုက်သည်။သူတို့ ဘယ်ကိုသွားနေတာလဲ၊ ဘာကြောင့်လဲဆိုတာ မသိတာကြောင့် သူမစိတ်မသက်မသာဖြစ်မိသော်လည်း လုံလောက်သည့် ငွေပမာဏကို ရရှိထားခဲ့တာကြောင့် စိတ်ကိုတည်ငြိမ်အောင်ကြိုးစားခဲ့လိုက်သည်။
အချိန်အတော်ကြာစောင့်ဆိုင်းပြီးနောက် သူတို့သည် ခမ်းနားထည်ဝါမှုကို စကားလုံးများဖြင့်တောင် မဖော်ပြနိုင်သောနေရာသို့ ရောက်ရှိလာခဲ့ကြ၏။၎င်းက တကယ့်ကို ခမ်းနားထည်ဝါသော စံအိမ်ကြီးဖြစ်သည်။
ရထားပေါ်မှ မှင်တက်သွားသော အမူအရာဖြင့် ဆင်းလာသော ဒဲဗောရာ သည် အိမ်တော်ထိန်း၏ လျင်မြန်သော ခြေလှမ်းများနောက်သို့ အမှီ လိုက်သွားခဲ့လိုက်၏။
ထို့နောက်…
"ကျွန်တော် သူမကို ခေါ်လာပါပြီ"
သူတို့ရောက်နေသော အခန်းထဲတွင် သပ်သပ်ရပ်ရပ်ဝတ်စားထားသည့် အမျိုးသားတစ်ယောက်ရှိနေ၏။ သူက မြို့စားကြီးရိုဒရီယန်ပင်ဖြစ်သည်။
အိမ်တော်ထိန်း၏ ကြိုတင်ရှင်းပြချက်ကို နားထောင်ပြီးဖြစ်သော မြို့စားကြီးသည် ဒဲဗောရာကို ခေါင်းမှခြေဖျားအထိ ဆန်းစစ်ခဲ့လိုက်၏။
သူမသည် သူ၏ပြင်းထန်သောအကြည့်တို့ကြောင့် ခဏတာ စိတ်မသက်မသာဖြစ်သွပြီး ခြောက်သွေ့စွာ တံတွေးမျိုချလိုက်သည်။
"သူမနဲ့ တကယ်တူတာပဲ"
မြို့စားကြီးသည် အလွန်ကျေနပ်သွားပုံရပြီး ဒဲဗောရာကို ချီးမွမ်းလာသောကြောင့် ဒဲဗောရာသည် နှုတ်ခမ်းကို စိတ်ရှုပ်ထွေးစွာ ကိုက်မိသွားခဲ့၏။သူက ဘယ်သူနဲ့တူတယ်ဆိုတာ ဘာကိုဆိုလိုမှန်း သူမ မသိခဲ့ပေ။
ထို့နောက်တွင် မြို့စားကြီးသည် သနားကြင်နာသော အပြုံးကို ဝတ်ဆင်ကာ ဒဲဗောရာကို ဆိုဖာပေါ်တွင် ထိုင်ရန် လက်ဟန်ပြလိုက်သည်။
"အဲ့ဒါက ခဏလောက်ကြာလောက်မယ်။အဲ့တော့ကာ လက်ဖက်ရည်သောက်ပြီး အေးအေးဆေးဆေး စကားပြောကြရအောင်"
သူတို့သည် ဘာမှလုပ်ဆောင်စရာမလိုဘဲ စကားစမြည်ပြောနိုင်သည်ကို တွေ့ရသဖြင့် ဒဲဗောရာသည် အနည်းငယ်သိတ်သက်သာရာရသွားပြီး မြို့စားကြီး၏ မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်သည်။
"မင်းအမေ နေမကောင်းဘူးလား"
"အာ ဟုတ်ကဲ့…"
"မင်း သူမအတွက် ဆေးဝယ်ဖို့ဆို ပိုက်ဆံတောင်းဖို့ မတွန့်ဆုတ်ဘူးလို့ ငါကြားထားတယ်"
မြို့စားကြီးက လက်ဖက်ရည်သောက်ရင်း မေးလိုက်၏။ သူ့လေသံက သရော်ခြင်းမရှိနေပေ။ သူမဘဝ မည်မျှ ခက်ခဲကြမ်းတမ်းခဲ့နေမှန်းကို တိုင်းတာရန် ကြိုးစားနေခဲ့သည်။
သူမ မနေ့က မဆိုင်းမတွဘဲ လုပ်ခဲ့ပြီး ဒီဇိမ်ခံအိမ်ကြီးတွင် အပြုသဘောနဲ့ လက်ခံခဲ့ရတာကြောင့် ရုတ်တရက် ရှက်သလို ခံစားလိုက်ရသည်။
ဒဲဗောရာက ခေါင်းကို အနည်းငယ်ငုံ့ပြီး ယဲ့ယဲ့လေး ခေါင်းငြိမ့်ပြလိုက်၏။ မြို့စားကြီးသည် ကျေနပ်သောအမူအရာဖြင့် နောက်ဆုံးတွင် အဓိကအကြောင်းအရာကို ပြောပြလာခဲ့သည်။
"ငါ့ရဲ့တောင်းဆိုချက်ကို မင်းသဘောတူရင် ငါက မင်းအမေအတွက် ဆေးဖိုးပေးရုံတင်မကဘူး မင်းရဲ့လက်ကျန်နေ့ရက်တွေကို ဇိမ်ကျကျနေထိုင်နိုင်မယ်လို့ အာမခံတယ်"
ဒဲဗောရာသည် သူမခေါင်းကို ပင်လိုက်ပြီး မျက်လုံးများ ရှုပ်ထွေးမှုဖြင့် မျက်တောင်ခတ်လိုက်သည်။
"ဘာတောင်းဆိုချက်လဲ…"
"အဲဒါက ဘာမှသိပ်မဟုတ်ဘူး။ငါ မင်းကို ငါ့သားနဲ့ အတူရှိစေချင်တယ်"
"ရှင့်ရဲ့သားလား"
ဒီလို ခမ်းနားတဲ့ အိမ်ကြီးမှာ နေထိုင်တဲ့သူတစ်ယောက်ရဲ့ သားလား။
မြို့စားကြီး၏ တကယ့်ရာထူးကို သူမ သေချာအတိအကျ မသိပေမယ့်လို့ သူက သေချာပေါက် သာမန်မျိုးရိုးမြင့်သူမဟုတ်ဘူးဆိုတာတော့ ပြောနိုင်သည်။ ထိုသို့သောလူက သူ၏သားကို သူမနှင့် ရင်းနှီးစေချင်နေသည်က မဖြစ်နိုင်သလိုမျိုး မပေါက်နေဘူးလား။
သို့သော် မြို့စားကြီးက သူမ၏ စိတ်ရှုပ်ထွေးမှုကို မျှော်လင့်ထားပုံရပြီး သူမ၏ တိကျသော အဖြေကို စောင့်မျှော်နေခဲ့သည်။
"ဟုတ်တယ်။မင်း ကလေးပါမွေးပေးရင် မင်းဆန္ဒရှိသလောက် ပိုက်ဆံပေးမယ်"
"…ရှင်!"
အဲ့ဒါက တစ်ညတာ တောင်းဆိုချက်တောင်မဟုတ်ဘဲ ကလေးတစ်ယောက်တဲ့လား။
ဤအစွန်းရောက်သော အဆိုပြုချက်က ဒဲဗောရာအား ဆွံ့အသွားစေခဲ့သလို အနီးနားရှိ စောင့်ဆိုင်းနေသော အိမ်တော်ထိန်းကိုလည်း ထိတ်လန့်သွားစေခဲ့၏။
သူက အမွေဆက်ခံသူရဖို့ သူမကို အသုံးပြုချင်နေတာလား။အိမ်တော်ထိန်းသည် မြို့စားကြီးက ဖယ်ဆန်ကို တကယ်စွန့်လွှတ်လိုက်ပြီး ယခုအခါ သူ့ကိုယ်ပိုင် အမွေဆက်ခံသူအသစ်ကို လိုချင်နေတာလားဟုတွေးမိသွားခဲ့သည်။
မြို့စားကြီးသည် အစက အမွေဆက်ခံသူအသစ်ပိုပင် မွေးစားရန် စဉ်းစားထားသောကြောင့် ယခုတောင်းဆိုချက်မှာ မထူးဆန်းနေပေ။
"ရှင် ဘာလို့ ကျွန်မကို ဒီဟာတောင်းဆိုနေတာလဲ..."
မေးခွန်းပေါင်းများစွာ သူမစိတ်ထဲရောက်လာခဲ့သော်လည်း ဒဲဗောရာသည် သူမကို စိတ်အနှောက်အယှက်အပေးဆုံး အကြောင်းအရာကို မေးခဲ့၏။
ဘာလို့ သူမလဲ။
အကယ်၍ ဤအိမ်ကြီးက ထူးခြားသော မိသားစုမှ ပိုင်ဆိုင်ပါက သူမကဲ့သို့ လမ်းပေါ်မှာ ရုန်းကန်နေရသော အမျိုးသမီး မဟုတ်ဘဲ တူညီသော နောက်ခံမှ အမျိုးသမီးတစ်ဦးကို သူတို့ ရှာသင့်သည်။
"မင်းမှာ ငါ့သား ကြိုက်တဲ့ မျက်နှာမျိုးရှိတာကြောင့်ပဲ"
သူမသည် လူနာနှင့် လုံးဝပြီးပြည့်စုံစွာ ဆင်တူခြင်းမရှိသော်လည်း သူမတွင် အနည်းငယ်ရှုပ်ထွေးသည့် တူညီသယောင် မျက်နှာမျိုးရှိသည်။ ၀တ်စားဆင်ယင်မှုအချို့နှင့် မိတ်ကပ်လိမ်းလိုက်ပါက သူမသည် လူနာပဲလ်အဖြစ် အသာလေး ပြောင်းသွားနိုင်လိမ့်မည်။
သို့သော် ၎င်းက ကလေးမွေးရမည်ကဲ့သို့ အလွန်ပြင်းထန်သော အဆိုပြုချက်ကို သူမ အလွယ်တကူ သဘောတူမည်ဟုတော့ မဆိုလိုချေ။
အကယ်၍ သူမတွင် ထိုကဲ့သို့သော အဆိုပြုချက်ကို လက်ခံရန် စိတ်ရှိပါက သူမသည် အခက်အခဲများကို ကျော်ဖြတ်ရမည်မဟုတ်ပေ။
ဒဲဗောရာသည် နှုတ်ဆိတ်နေပြီး သူမလက်ထဲက လက်ဖက်ရည်ခွက်ကို အမှတ်တမဲ့ ကစားနေခဲ့၏။ မြို့စားကြီးက အပိုစကားထပ်မပြောတော့ သူမ၏ သီးခြားဆုလာဘ်ကို ကတိပေးခဲ့သည်။
"ငါ့တောင်းဆိုချက်ကို မင်းခွင့်ပြုရင် မင်းကို ရွှေဒင်္ဂါး 10,000 ပေးမယ်"
"ရွှေဒင်္ဂါး 10,000လား"
ထိုပမာဏသည် ဇိမ်ကျကျနေနိုင်မည့်ဘဝထက်ပင် ကျော်လွန်နေခဲ့သည်။ ထိုပမာဏဖြင့်သာဆိုပါက သူမသည် သူမမိခင်၏ရောဂါကို ကုသပေးနိုင်ရုံသာမက တစ်သက်တာလုံး သက်တောင့်သက်သာ နေထိုင်သွားနိုင်သည်။
သို့သော် ကလေးက ယူချင်တိုင်း ယူလို့မရနိုင်ပေ။အဲဒါသာ အဲ့လောက် လွယ်မယ်ဆိုရင် သူတို့က ရွှေဒင်္ဂါး 10,000 ပေးမှာမဟုတ်ဘူး။
ထိုကဲ့သို့ ဆွဲဆောင်မှုရှိသော အဆိုပြုချက်တစ်ခုကို ပြုလုပ်ခဲ့သော်လည်း ဒဲဗောရာက မတုံ့ပြန်လာသောကြောင့် မြို့စားကြီးက မတ်တပ်ထရပ်လိုက်ပြီး အိမ်တော်ထိန်းအား သူမကို ဂရုစိုက်ရန်နှင့် သက်တောင့်သက်သာ ရှိဖို့ သေချာအောင်လုပ်ရန် အချက်ပြခဲ့သည်။
"သူမကို အကောင်းဆုံးအခန်းကို ပေးပြီးတော့ ဒီမှာ ခဏလောက်နေခိုင်းလိုက်။ပြီးတော့ လိုအပ်တဲ့ပစ္စည်းတွေကို ပြင်ဆင်လိုက်"
"ဟုတ်ကဲ့ နားလည်ပါပြီ"
ထို့ကြောင့် အိမ်တော်ထိန်းသည် ဒဲဗောရာကို မြို့စားကြီး၏ရုံးခန်းမှ ခေါ်ထုတ်လာပြီး အကြံဉာဏ်အမျိုးမျိုးပေးခဲ့သည်။
"ဒါက ကောင်းမွန်တဲ့ ကမ်းလှမ်းမှုတစ်ခုမို့ လို့ မင်းလက်ခံသင့်တယ်။အဲ့ဒါက မင်းအမေအတွက်ဖြစ်ရင်တောင်မှပဲ။မင်း ဆေးဝါးနဲ့ ထိန်းထားရတဲ့ ရှင်သန်မှုက ကန့်သတ်ချက်ရှိတယ်"
အိမ်တော်ထိန်း ပြောတာမှန်ပေသည်။ သူမက ယခုအချိန်ထိ ဆေးဝါးဖြင့် ထိန်းထား၍ အသက်ရှင်နေသေးသော်လည်း တတ်နိုင်သမျှ ကျွမ်းကျင်သော ဆရာဝန်နှင့် အမြန်ဆုံး ကုသခြင်းက ပိုကောင်းမည်ဖြစ်သည်။
ထို့အပြင် သူမသည် ဤကမ်းလှမ်းချက်ကို ငြင်းဆိုပါက ဆေးကိုပင် မဝယ်နိုင်တော့မည့်နေ့သို့ ရောက်လာနိုင်သည်။
သူမသည် လမ်းတွေပေါ်မှာ တောင်းရမ်းစားသောက်ပြီး အစားတစ်လုပ်စားနိုင်ဖို့အတွက် သူမခန္ဓာကိုယ်ကို စျေးပေါပေါနှင့် ရောင်းစားရလိမ့်မည်ဖြစ်သည်။
ဒါပေမယ့်လည်း…
"ရေချိုး၊အဝတ်လဲပြီးရင် အဲ့အကြောင်းကို ပြန်စဉ်းစားတာက ပိုကောင်းတယ်။ အိုး ငါတို့မှာ မင်းဝတ်ဖို့ အဝတ်အစားမရှိဘူးဆိုတော့ အပြင်ထွက်ပြီးဝယ်မယ့် စိတ်ကူးက မဆိုးဘူး"
ဒဲဗောရာသည် ဆုံးဖြတ်ချက်မချနိုင်ဘဲ ဆက်လက်စိုးရိမ်နေသောကြောင့် အိမ်တော်ထိန်းသည် သူမအား ဆွဲဆောင်ရန် နည်းလမ်းတစ်ခုကို စဉ်းစားခဲ့သည်။
ဤအခိုက်အတန့်တွင် သူမသည် လောကကြီးနဲ့ပတ်သတ်ပြီး အသိပညာနည်းပါးမှုကြောင့် တုံ့ဆိုင်းနေပေလိမ့်မည်။သို့သော် ဇိမ်ခံပစ္စည်းများကို မြည်းစမ်းကြည့်ပြီးသည်နှင့် ငြင်းဆိုရန် ခက်ခဲပေလိမ့်မည်။
ထိုအချက်ကို တွေးတောရင်း အိမ်တော်ထိန်းသည် စင်္ကြံလမ်းအတိုင်း လျှောက်လာကာ အနီးနားရှိ အစေခံများကို လှမ်းခေါ်လိုက်သည်။
"သူမက အရေးကြီးတဲ့ ဧည့်သည်ပဲ။အဲ့ဒါကြောင့် သူမကို ဒုတိယထပ်က ဗဟိုခန်းမှာထားပေးပြီး ရေချိုးဖို့ ကူညီပေးလိုက်ကြ။ငါတို့ နောက်ကျ အပြင်ထွက်ဖို့စီစဉ်ထားတော့ သင့်တော်တဲ့အဝတ်အစားတွေ ပြင်ဆင်ပေးလိုက်ကြ"
"ဟုတ်ကဲ့ နားလည်ပါပြီ"
အစေခံများက အိမ်တော်ထိန်းကို နှုတ်ဆက်ပြီးနောက် ဒဲဗောရာမျက်နှာကို ကြည့်ကာ အနည်းငယ် ထိတ်လန့်သွားခဲ့ကြသည်။အနီးကပ်စစ်ဆေးကြည့်ပါက သူမသည် အနည်းငယ်ကွဲပြားသော်လည်း ဖျတ်ခနဲကြည့်လိုက်မယ်ဆိုရင် သူမက လူနာပဲလ်နှင့် အတော်လေးတူပေသည်။
"ဘာကိုစောင့်နေတာလဲ။လုပ်ကြတော့!"
သို့သော် အစေခံများသည် အိမ်တော်ထိန်းထံမှ ရုတ်တရက် ပြင်းပြင်းထန်ထန် အငေါက်ခံခဲ့ရပြီးနော် ထူးထူးခြားခြား ဘာမှမဖြစ်ခဲ့သလိုမျိုး သူမကို အပေါ်ထပ်သို့ အမြန်ပို့ဆောင်ခဲ့သည်။
ထို့နောက်တွင်…
"ဂျူလီယန်?"
၎င်းကို လျှက်တစ်ပျက် မြင်လိုက်ရသော မြို့စားကတော်ကြီးက အိမ်တော်ထိန်း၏ နာမည်ကို ခေါ်လာခဲ့၏။ မကြာသေးမီက သူသည် မကြာခဏ အလုပ်ချိန်ပျက်ကွက်ခဲ့တာကြောင့် သူဘာတွေလုပ်နေတာလဲကို သူမသိချင်မိသွားခဲ့သည်။
"အဲ့ဒါဘယ်သူလဲ"
"အိုး ဧည့်သည်ပါ"
မြို့စားကတော်ကြီးသည် ထိုအခြေအနေနှင့် ပတ်သက်ပြီး ဘာမှမသိပုံပေါ်သောကြောင့် အိမ်တော်ထိန်းသည် ခဏမျှ တုံ့ဆိုင်းသွားပြီးနောက်မှ တိုးတိုးလေးပြန်ပြောခဲ့လိုက်၏။
ကံကောင်းထောက်မစွာ သူမသည် ဧည့်သည်က မည်သူမည်ဝါဖြစ်ကြောင်းကို အိမ်တော်ထိန်းအားမေးလာသောကြောင့် စောစောက သူတို့၏စကားဝိုင်းကို တိကျစွာမကြားလိုက်ပုံရ၏။
"ဘယ်သူ့ဧည့်သည်လဲ"
"သခင်ကြီးရဲ့ ဧည့်သည်ပါ"
"သူ့ဧည့်သည်လား"
မြို့စားကြီး၏ ဧည့်သည် ဖြစ်ကြောင်းကို ကြားချိန်တွင် မြို့စားကတော်ကြီး၏ နဖူးမှာ တွန့်သွားခဲ့သည်။
"သူမက ဒီကို ဘာလို့လာတာလဲ"
"ကျွန်တော် တကယ်မသိပါဘူး"
"…"
မြို့စားကတော်ကြီးသည် သူသိကြောင်း သိသာထင်ရှားသော်လည်း အဖြေမပေးဘဲ ရှောင်လိုက်သော အိမ်တော်ထိန်းကြောင့် နှုတ်ခမ်းကို ကိုက်လိုက်မိ၏။
သူမသည် ခဏတာ တိတ်ဆိတ်သွားခဲ့သည်။မြို့စားကြီးက ဖယ်ဆန်၏ အရှုပ်အထွေးကို ဖြေရှင်းရန် ကြိုးစားခဲ့ချိန်တွင် သူမ အနည်းငယ် စိတ်သက်သာရာရသွားခဲ့သော်လည်း သူက ရုတ်တရက် အမျိုးသမီးငယ်လေးတစ်ဦးကို ခေါ်ဆောင်လာခဲ့သည်။
သူမသည် ယခုအချိန်အထိ မြို့စားကြီးအပေါ် အထွန့်တက်တာမျိုး အမှန်တကယ်မရှိခဲ့သော်လည်း သူလုပ်ရပ်များအတွက်တော့ သူမပျော်မနေခဲ့ပေ။
သူက မိသားစုအကျိုးအတွက် လုပ်ဆောင်နေသည်ဟု အမြဲပြောခဲ့သော်လည်း သူလုပ်သမျှက မြို့စားကြီးမိသားစုကို ပျက်စီးစေနေသည်။
* * *
တည်းခိုခန်းကို ပြန်ရောက်လာပြီးနောက် မနက်အစောကြီးတွင် လူနာသည် သူမ၏ မျက်နှာချင်းဆိုင်တွင်ထိုင်နေသော လော်ရာကို စေ့စေ့ကြည့်ခဲ့လိုက်၏
သူမ ဘယ်တုန်းက ရိုယာနဲ့ ပတ်သက်သွားခဲ့တာလဲ။ အဲ့ဒါကြောင့် ရိုယာက သူပါအတူလိုက်ပါရစေလို့ တောင်းဆိုခဲ့တာလား။
သူမက သိသာထင်ရှားစွာ လုပ်ထားခဲ့သော်လည်း သူမ မသိသလိုမျိုး လုပ်နေခဲ့သည်။
မည်သို့ပင်ဆိုစေကာမူ ချိန်းတွေ့နေပါက သူမသည် သူတို့၏ အချစ်ရေးကို ကြေငြာသင့်ပေသည်။လူနာသည် အန်းသန့်စ်နှင့် တွဲသလိုလုပ်ခဲ့သည့်အချိန်မှစ သူမလုပ်သမျှအရာအားလုံးကို ထုတ်ဖော်ပြသခဲ့သော်လည်း လော်ရာကတော့ ထိုအရာအားလုံးကို အလွန်ကျွမ်းကျင်စွာ လျှို့ဝှက်ထားခဲ့သည်။
"သခင်မလေး... တစ်ခုခုဖြစ်လို့လား"
လူနာက သူမကို စေ့စေ့ထိုင်ကြည့်နေသောကြောင့် လော်ရာသည် နောက်ဆုံးတွင် သည်းမခံနိုင်တော့ စကားပြောခဲ့လိုက်သည်။ မနေ့ညကအထိ အရာအားလုံး အဆင်ပြေပုံပေါ်နေသည့် လူနာက ရုတ်တရက်ကြီး ဘာလို့ ဒီလို အပြုအမူတွေ လုပ်နေရတာလဲဆိုတာ သိချင်စရာပင်။
လူနာက နက်ရှိုင်းစွာ သက်ပြင်းချပြီး ခေါင်းငုံ့လိုက်သည်။
"ဟင့်အင်း အဲ့ဒါက ဘာမှမဟုတ်ပါဘူး။ငါ ဒီတိုင်း နင်က ငါတောင်မသိလိုက်ဘဲ အရွယ်ရောက်လာပြီလို့တွေးမိလို့ပါ"
"အာ"
လူနာကို ပထမဆုံးတွေ့ချိန်ထဲစ သူမသည် အသက်ဆယ့်ရှစ်နှစ်ရှိနေပြီးဖြစ်ကာ အရွယ်ရောက်နေပြီးသားဖြစ်သည်။ ထိုအချိန်တွင် လူနာသည် ဆယ်နှစ်သာရှိသေးသည်။
"လော်ရာ မင်း ဆက်ဆံရေးတစ်ခုရှိရတာကို သဘောကျလား"
"…အင်?"
ကျွန်မကို ဘာလို့လာမေးနေတာလဲ။
တကယ်တော့ လူနာကသာ ပွင့်လင်းစွာချပြထားသော ဆက်ဆံရေးရှိသူတစ်ယောက်ဖြစ်ပြီး ဘာကိုဆိုလိုချင်မှန်းမသိသော တစ်ခုခုကိုပြောလာခဲ့တာကြောင့် လော်ရာ၏ မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။
လူနာက အလျင်စလို သူမမေးခွန်းကို ပြင်ပြောလိုက်၏။
"မဟုတ်ဘူး ငါပြောချင်တာက ငါတကယ်မသေချာနေလို့။ဆက်ဆံရေး မရှိခင်နဲ့ ရှိပြီးနောက်က သိပ်ကွာခြားမှု သိပ်မရှိနေသလိုပဲ"
လူနာသည် သူမ၏အကြောင်းပြချက်က တော်တော်ကို ခိုင်လုံတယ်လို့ထင်ကာ ပြောလိုက်၏။
"သခင်မလေး ဘာအကြောင်းပြောနေတာလဲ။သခင်မလေးကြည့်ရတာ ဒီရက်ပိုင်း အရမ်းပျော်နေပုံရတာကို"
"အဲဒါက ငါ ဖယ်ဆန်ကို ဖယ်ထုတ်လိုက်နိုင်လို့လေ။ပြီးတော့ ပိုက်ဆံအများကြီးရှာနိုင်ပြီး မိုင်းတွေလည်း အများကြီးရှာတွေ့ခဲ့လို့ပဲ"
"အိုး အဲဒါ မတူဘူးလေ။ သခင်မလေးက သခင်လေးအန်းသန့်စ်နဲ့ အရမ်းအဆင်ပြေနေပုံရတယ်"
လော်ရာက နူးညံ့စွာ ရယ်ပြီး လူနာဘာကိုဆိုလိုတာလဲဆိုတာကို နားမလည်သေးချေ။
"ဘာမတူလို့လဲ"
"အင်း...သက်တောင့်သက်သာဖြစ်နေတယ်လို့ ပြောရမလား"
"အရင်ကဆို သခင်မလေးက မိသားစုကလွဲပြီး တခြားသူတွေနဲ့ သက်တောင့်သက်သာရှိနေတာမျိုး မတွေ့ဖူးပေမယ့် သခင်လေးနဲ့တော့ တကယ်ကို သက်တောင့်သက်သာရှိနေသလိုပဲ"
အလွန်ယုံကြည်မှုရှိသော လော်ရာက ထိုကဲ့သို့ ဖြေလာခဲ့သည်။
လူနာသည် လော်ရာအား ဆက်ဆံရေးတစ်ခုရှိတာကို သဘောကျလားလို့ မေးဖို့ ကြိုးစားခဲ့သော်လည်း ထူးဆန်းတာ တစ်ခုခု ကြားခဲ့ရသည်။
လူနာက မျက်လုံးကို လှိမ့်လိုက်ပြီး ခေါင်းကို စောင်းလိုက်တာကြောင့် လော်ရာက အမြဲအဲ့လိုဖြစ်ကြောင်းထပ်ထည့်ခဲ့သည်။
"ကျွန်မတို့က အတူတူရှိချိန်မှာ အများကြီး မသိတာ သဘာဝပဲ။ သခင်လေးအန်းသန့်စ် နဲ့ သခင်မလေးက အရမ်းရင်းနှီးတယ်။ သာမာန်ဆိုရင် ဒီလိုအရာတွေကို နားလည်ဖို့ အခက်အခဲတွေ ဖြတ်သန်းရတတ်တယ်"
"အခက်အခဲတွေလား"
"ဟုတ်တယ်။ ဥပမာပြောရရင် တစ်ယောက်ယောက်က သခင်လေး အန်းသန့်စ်ကို စိတ်ဝင်စားနေတာ ဒါမှမဟုတ် သခင်မလေးတို့ ရုတ်တရက် ဝေးကွာသွားကြတာမျိုးမှာ"
လော်ရာက မသိတာ အကောင်းဆုံးဆိုပေမယ့် အဲ့လို ကြုံလာရတဲ့အခါကျ သခင်မလေး သဘောပေါက်သွားလိမ့်မယ်လို့ ပြောနေသလိုမျိုး အနည်းငယ် ပြုံးပြလိုက်၏။
လူနာက ဘယ်တော့မှ ဖြစ်မလာဘူးဆိုပြီး ပြန်ပြောတော့မလိုဖြစ်သွားသော်လည်း ပါးစပ်ပိတ်ထားခဲ့လိုက်သည်။
ပထမဆုံးအချက်ကိုပြောရရင် အန်းသန့်စ်၏ဘေးမှာ တစ်ယောက်ယောက်ရှိနေဖို့ အသဲအသန်မျှော်လင့်နေတာကြောင့် ဂုဏ်ပြုသင့်သော အရာတစ်ခုပင်။
လော်ရာသည် လူနာ၏ အမူအရာကိုဖတ်ရင်း ခေါင်းယမ်းလိုက်ပြီး လူနာက အရွယ်ရောက်သူမဖြစ်မီတွင် သွားရမည့်လမ်းအရှည်ကြီးရှိသေးသည် ဟုပြောလိုက်တော့သည်။
TK Team (chapter 95)