Chapter 115
Viewers 7k

ဟန်နီရေ ၊ ကျွန်မတို့က ဘာကြောင့် ကွာရှင်းလို့ မရတာလဲ 


အပိုင်း (၁၁၅)

"..."

အိုဖီလီယာ စကားပြော၍ ပြီးသွားချိန်တွင် တိတ်ဆိတ်သွားတော့၏။

ကယ်လီယန်မှာ ပါးစပ်အဟောင်းသားဖြင့် မတ်တပ်ရပ်နေခဲ့ပြီး ဆိုဗက်စ်စတာမှာ ...

ခြေထောက်များ ဒယိမ်းဒယိုင်ဖြစ်နေခဲ့လေသည်။

"ဟန်နီ"

အိုဖီလီယာ ထိတ်လန့်သွားပြီး ဆိုဗက်စ်စတာကို ကူညီပေးလိုက်သည်။

ဆိုဗက်စ်စတာက မျက်လုံးများမှိတ်ရင်း မျက်နှာကို လက်ဖြင့် အုပ်ထားခဲ့သည်။

သူ ဘာဖြစ်တာပါလိမ့်။

အိုဖီလီယာ ပျာယာခတ်သွားရသည်။

"ရှင် ...ရှင် ဘာဖြစ်လို့လဲ၊အဆင်ပြေရဲ့လား။"

"အင်း"

ဆိုဗက်စ်စတာက အသက်ပြင်းပြင်း ရှူ၍ သူ့ကိုယ်သူ ပြန်ထိန်းထားလိုက်သည်။

"ဘာကို အဆင်ပြေတာလဲ၊ရှင့်ခြေထောက်တွေက အားမှ မရှိတော့တာ၊ဘာဖြစ်လို့ ဒီလိုလုပ်နေရတာလဲ၊ကျွန်မ ဆရာဝန် ခေါ်ပေးရမလား။"

"ဟင့်အင်း၊မလိုပါဘူး၊ဒါက ဒီအတိုင်း ..."

ဆိုဗက်စ်စတာက ဆံပင်ကို သပ်တင်လိုက်သည်။

"ကိုယ် သဘောကျလို့။"

သူက ပြောရင်း အိုဖီလီယာ၏ပခုံးကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်လိုက်သည်။

"ကိုယ် သဘောကျတာကြောင့်မို့လို့ ... အဲ့ဒီစကားကို ကိုယ် သဘောကျလွန်းလို့ပါ။"

ထိုသို့ပြောလာသော အခိုက်အတန့်တွင် အိုဖီလီယာလည်း ရှက်လာမိတော့သည်။

မဟုတ်သေးဘူး ... အဲ့ဒါက ရှက်စရာကောင်းတာပဲ။

သူမ ဆိုဗက်စ်စတာကို ဖွင့်ပြောလိုက်မိပြီ!

ဘုရားရေ

ယခုမှသာ သူမ လုပ်ခဲ့မိသည့်ကိစ္စကို အိုဖီလီယာ သေချာသိတော့သည်။

ရှက်ရွံ့စိတ်များက အလျင်အမြန် ဖြစ်တည်လာရ၏။

အိုဖီလီယာမှာ အသက်ကို လေးလေးပင်ပင် ရှူလိုက်ရပြီး မျက်နှာကို ယပ်တောင်ဖြင့် ဖုံးကွယ်ထားလိုက်မိသည်။

" ...ဒီတော့"

ထိုအချိန်တွင် ကယ်လီယန်က ကြားဖြတ်ပြောလာခဲ့၏။

သူက ယခင်ထက် ပို၍တင်းမာနေသော မျက်နှာထားဖြင့် အိုဖီလီယာကို စိုက်ကြည့်လိုက်သည်။

"မင်း အခု ငါ့ကို လာနောက်နေတာလား။"

ကယ်လီယန် အသံကို မြှင့်ပြီး ပြောလိုက်သည်။

"ငါ့ကို ချစ်လှပါချည်ရဲ့ဆိုပြီး ငါ့နောက်ကနေ မင်း တကောက်ကောက်လိုက်နေခဲ့တာ ဘယ်တုန်းကလဲ!"

အာ ... ဒီကိစ္စကို ထပ်ပြောရမှာ သူမ ရှက်လာပြီ။

အိုဖီလီယာက ပြုံး၍ မသိချင်ယောင်ဆောင်နေခဲ့သည်။

"အခု မဟုတ်တော့ပါဘူး၊ကျွန်မ အရှင့်သားကို ထပ်ပြီး နှစ်သက်နေတော့မှာ မဟုတ်ပါဘူး။"

ကယ်လီယန် အတော်လေး ရှော့ခ်ရသွားပုံပေါ်၏။

သူက လက်သီးကို ဆုပ်လိုက် ဖြန့်လိုက် အကြိမ်ကြိမ် လုပ်နေခဲ့သည်။

ဟား!

သူက အော်ဟစ်ရင်း အိုဖီလီယာကို စိုက်ကြည့်လိုက်သည်။

"မင်း ငါ့ကို ကူညီပေးမယ်ဆိုပြီး ပြောထားတယ်လေ!"

သူက အကြည့်မလွှဲဘဲ အော်ပြောနေခဲ့သည်။

"မင်းက ငါ့ဘက်မှာ နေပေးပြီး ငါ့ကို ကူညီပေးပါမယ်လို့ အခေါက်ပေါင်း မနည်းအောင် ပြောခဲ့တာ မဟုတ်ဘူးလား။ဒါပေမဲ့ အခုတော့ ဘာဖြစ်လို့ ... ရုတ်တရက်ကြီး။"

ကယ်လီယန်မှာ အမှန်ပင် သစ္စာဖောက်ခံလိုက်ရသည့် မျက်နှာ ဖြစ်နေခဲ့သည်။သူက ပါးစပ်ကို ဖွင့်လိုက် ပိတ်လိုက် လုပ်နေခဲ့ပြီး အကြည့်စူးစူးများဖြင့် ဆက်ကြည့်နေခဲ့သည်။ပြီးနောက် ထပ်ပြီး အော်ဟစ်လိုက်ပြန်သည်။

"အိုဖီလီယာ ၊ မင်း တကယ်ပဲ ...!"

ကယ်လီယန် အမှန်တကယ်ပင် ဒေါသထွက်နေခဲ့လေသည်။

သူမက မနေ့တစ်နေ့ကပဲ သူ့နောက် လိုက်နေခဲ့ပြီးတော့ သူ့ကို ကြိုက်နေခဲ့သေးတယ်လေ။

အခု သူမက ဆိုဗက်စ်စတာကို သဘောကျနေပြီတဲ့လား။

မင်းက ငါ့ကို ထပ်ပြီး မကြိုက်တော့ဘူးပေါ့။

ဒါက အဓိပ္ပါယ်ရှိလို့လား။

သူမတွင် ယခင်နှင့် ကွဲပြားသော အစီအစဥ်တစ်ခု ရှိလိမ့်မည်ဟု သူ တွေးမိသည်။

သူမက ဆိုဗက်စ်စတာကို ကြိုက်တယ်လို့ တမင်တကာ ပြောပြီး သူ့ကို သဝန်တိုလာအောင်လုပ်ဖို့ လှည့်ကွက်သုံးနေတာ မဟုတ်ဘူးလား။

အင်း ... သူမက ဆိုဗက်စ်စတာကို တကယ်ကြိုက်တာ မဟုတ်လောက်ဘူး။

သူမက ငါ့ကိုပဲ တကယ်ကြိုက်တာ၊ဒါပေမဲ့ ငါ့ကို ဒေါသထွက်လာအောင်လို့ သူမက ဒါတွေ လျှောက်လုပ်နေတာပဲ။

ကယ်လီယန် ထိုသို့ တွေးမိသည်။

ထို့ကြောင့် သူ ဆိုဗက်စ်စတာကို ပို၍မုန်းတီးမိလာသည်။

ထို့အပြင် သူ့အပေါ် အိုဖီလီယာက သစ္စာဖောက်သွားသကဲ့သို့ ခံစားခဲ့ရသည်။

သူ သူမကို ဘယ်တော့မှ အလွတ်မပေးနိုင်ပါ။

"မင်းတို့နှစ်ယောက်"

ကယ်လီယန်က လက်နှစ်ချောင်းကို ဆန့်ထုတ်၍ အိုဖီလီယာနှင့် ဆိုဗက်စ်စတာ ရှိရာသို့ ညွှန်ပြလိုက်သည်။

"ငါ ဘယ်လို ကိုင်တွယ်မလဲဆိုတာ သေချာကြည့်နေလိုက်။"

သူက သေချာစိုက်ကြည့်လိုက်သည်။

"ဒီနေ့ ဖြစ်ခဲ့တဲ့ကိစ္စအတွက် မင်းတို့ နောင်တရလာအောင် ငါ လုပ်ပြမယ်။"

ထို့နောက် သူက ထွက်ခွာသွားခဲ့ရာ ယနေ့ ရန်ပုံငွေပွဲသို့ သူ တက်ရောက်ခဲ့သည့် အကြောင်းရင်းကို သူမ မသိနိုင်တော့ပေ။

အိုဖီလီယာက ထွက်သွားသော ကယ်လီယန်ကို ကြည့်ရင်း ပခုံးတွန့်လိုက်သည်။

"ကျွန်မတို့ လုံးဝကို စိုးရိမ်မနေပါဘူးနော်။"

သူမက ဆိုဗက်စ်စတာ၏ဘေးတွင် ခပ်တိုးတိုး ရေရွတ်နေခဲ့၏။

"ဟုတ်တယ်မလား ဟန်နီ။"

"ဟမ်"

ယခုမှသာ အသိစိတ်ပြန်ကပ်လာသော ဆိုဗက်စ်စတာက ခေါင်းကို ယမ်းလိုက်သည်။

"အင်း... ကိုယ်တို့ စိုးရိမ်မနေပါဘူး။"

သို့သော် ထိုစကားများနှင့် ဆန်ကျင်ဘက်ဖြစ်စွာ သူ့မျက်နှာတွင် စိုးရိမ်ပူပန်မှုများ ပြည့်နေခဲ့သည်။

သူ ဘာဖြစ်နေတာလဲ။

အိုဖီလီယာ ခေါင်းကို စောင်းငဲ့လိုက်သည်။

"ကိုယ် စိုးရိမ်နေခဲ့တာက ..."

အင်း

ပြောတော့ မစိုးရိမ်ပါဘူးဆို။

အိုဖီလီယာ စိတ်ပူပန်စွာဖြင့် နားထောင်လိုက်သည်။

ဆိုဗက်စ်စတာက ပြောလာခဲ့သည်။

"ကိုယ် အခုချက်ချင်း မင်းကို နမ်းပစ်လိုက်ချင်တာ၊ဒါပေမဲ့ ကိုယ် ထိန်းချုပ်ထားရတယ်။"

"ဘာကြီး"

"ကိုယ် ဒါကို ဘယ်လောက်ကြာကြာ သည်းခံထားနိုင်မလဲတော့ မသိဘူး၊ အဲ့ဒီကိစ္စကို ကိုယ် စိုးရိမ်နေမိတယ်။"

"..."

ဒီလူကို ဘယ်လိုလုပ်ရပါ့မလဲ။

အိုဖီလီယာ နဖူးကို ထိတွေ့ရင်း သက်ပြင်းချလိုက်မိတော့သည်။

ရန်ပုံငွေပွဲ ပြီးသွားချိန်တွင် ဝိညာဥ်လေးများကို ထားခဲ့ပြီး စံအိမ်တော်မှ ထွက်လာခဲ့သည်။

၎င်းတို့ကို စောင့်ကြည့်ရန် ထားခဲ့သည်ဖြစ်ရာ တစ်စုံတစ်ရာကို ရှာဖွေတွေ့ရှိနိုင်လိမ့်မည်။

ထိုသို့ တွေးနေရင်း ဆိုဗက်စ်စတာ တံခါးဖွင့်ပေးထားသော ရထားလုံးထဲသို့ ကျွန်မ ဝင်ပြီး ထိုင်လိုက်သည်။

သို့သော် ဆိုဗက်စ်စတာကမူ ရထားလုံးထဲသို့ ဝင်မလာခဲ့ပေ။

ဘာကြောင့်များလဲ။

ကျွန်မ ခေါင်းကို စောင်းငဲ့ကြည့်လိုက်သည်။

"ရှင် ဘာလုပ်နေတာလဲ။"

"ဟိုဘက် နည်းနည်းတိုးပေး"

"ရှင်!"

ကျွန်မ အံ့ဩနေသော်လည်း သူပြောသည့်အတိုင်း ကျွန်မ ထိုင်နေရာမှ ဘေးဘက်သို့ အနည်းငယ်ကပ်ပေးလိုက်သည်။ထိုအခါ ဆိုဗက်စ်စတာက ရထားလုံးထဲ ဝင်လာခဲ့ပြီး ကျွန်မ၏ဘေးနားတွင် လာကပ်ထိုင်လေသည်။

"ဒါက ဘာလို့လဲ"

ဆိုဗက်စ်စတာက ပြန်ဖြေသည်။

"ကိုယ် မင်းဘေးမှာ ရှိချင်လို့။"

"အခုက အရမ်းကပ်မနေလွန်းဘူးလား။"

ကျွန်မ ထိုသို့မေးရင်း ကျွန်မနှင့်တင်းတင်းကြပ်ကြပ် ထိကပ်နေခဲ့သော သူ၏ပေါင်တံကို ငုံ့ကြည့်လိုက်မိသည်။

"မင်း ကိုယ့်ကို ကြိုက်တယ်လို့ ပြောခဲ့တယ်။"

ဆိုဗက်စ်စတာက အနည်းငယ်ခွာလိုက်ပြီး သူ့လက်မောင်းများဖြင့် ကျွန်မ၏ပခုံးပေါ်သို့ ပွေ့ဖက်လိုက်သည်။

"ဒီတော့ မင်း ကိုယ့်ဘေးနားမှာ ရှိနေပေးရမယ်လေ။"

သူ၏အေးမြမြ ကိုယ်သင်းရနံ့က အပြည့်အဝ ဖုံးလွှမ်းလာခဲ့လျှင် ကျွန်မ၏ရင်ခုန်သံများ မြန်ဆန်လာတော့သည်။

"ဒါကို ကျွန်မ ဘယ်လိုလုပ်ရမလဲ မသိဘူး။အိုး ... အရမ်းကပ်လွန်းနေပြီနော်! ကျွန်မနဲ့ ဝေးဝေးနေပေး!"

"ဟင့်အင်း၊ကိုယ် မလုပ်ချင်ဘူး။"

ကျွန်မ၏နှလုံးသားမှာ အမှန်ပင် ပေါက်ကွဲထွက်မတတ် ဖြစ်နေခဲ့သော်လည်း ဆိုဗက်စ်စတာက အဆင်ပြေနေပုံရသည်။ထို့အပြင် အနည်းငယ်ပင် ပူးပူးကပ်ကပ် လုပ်နေခဲ့သေးသည်။

ကျွန်မ မျက်လုံးများကို မှေးကျဥ်းလိုက်မိသည်။

"ရှင် ဘာဖြစ်လို့ ကလေးလို လုပ်နေရတာလဲ။"

"အစကတည်းက ယောကျ်ားတွေ ချစ်မိသွားရင် ကလေးတစ်ယောက်လို ဖြစ်သွားတတ်တယ်လေ။"

"ရှင် အခု ကျွန်မကို ချစ်လို့လား။" 

ထိုအခိုက်အတန့်တွင် ဆိုဗက်စ်စတာ ရပ်တန့်သွားခဲ့သည်။

"အမ်း"

ရှင် အခု ဘာတွေ တွေးနေတာလဲ။

ကျွန်မ ဘာပြောရမှန်း မသိသဖြင့် ပါးစပ်အဟောင်းသား ဖြစ်နေခဲ့သည်။

ငါ ဒီလူကို ဘယ်လိုမှ မတတ်နိုင်တော့ဘူး။

"အင်း"

ဆိုဗက်စ်စတာက ကျွန်မ၏မေးစေ့ကို လှမ်းကိုင်လိုက်ပြီး သူနှင့်မျက်လုံးချင်းဆုံအောင် ကြည့်စေခဲ့သည်။ပြီးနောက် ပြုံးလိုက်၏။

"ကိုယ် မင်းကို ချစ်တယ်။"

ဘုရားသခင် ...

ကျွန်မ တစ်ကိုယ်လုံး တောင့်ခဲသွားရသည်။

ထိုသို့ ဖွင့်ဟဝန်ခံလာခြင်းကို ကြားရလိမ့်မည်ဟု ကျွန်မ စိတ်ကူးပင် မယဥ်ထားမိပေ။

ထို့အပြင် သူက ကျွန်မ၏ပါးကို နမ်းလာလိမ့်မည်ဟုလည်း တစ်ခါမှ မတွေးမိခဲ့ဘူးချေ။

ဘာကြီး!

"ရှင် ဘာတွေ လျှောက်လုပ်နေတာလဲ။"

ကျွန်မ ခန္ဓာကိုယ်ကို အနောက်ဘက်သို့ ရို့လိုက်ပြီး ပါးပြင်များကို ဖုံးအုပ်ထားလိုက်မိသည်။သူ့နှုတ်ခမ်းများ၏အထိအတွေ့က ပါးပြင်ထက်တွင် စွဲကျန်နေခဲ့ပုံရပါ၏။နှလုံးသားလေး ပေါက်ကွဲထွက်တော့မည်ဟု ကျွန်မ အမှန်တကယ်ပင် ခံစားလိုက်ရသည်။

"ဘာဖြစ်လို့လဲကွာ"

သို့သော် ဆိုဗက်စ်စတာက အဆင်ပြေနေပုံရလေသည်။သူက နဖူးကို အနည်းငယ်တွန့်လိုက်ပြီး ပြောခဲ့သည်။

"ကိုယ်တို့က တစ်ယောက်နဲ့တစ်ယောက် ကြိုက်နေကြတာလေ။အချင်းချမ်း နမ်းလို့မရဘူးလား။ကိုယ်က မင်းရဲ့ပါးကို ဖွဖွလေးပဲ နမ်းလိုက်တာပါ။"

"ဒါ ...ဒါပေမဲ့"

"ဒီကို လာခဲ့"

ဆိုဗက်စ်စတာက ကျွန်မ၏ညည်းညူသံကို လျစ်လျူရှုလိုက်ပြီး ကျွန်မရှိရာသို့ လက်ဆန့်လာခဲ့သည်။

"အချိန်အကြာကြီးအထိ"

ကျွန်မဆီသို့ ဆန့်ထုတ်လာခဲ့သော လက်ကို ငုံ့ကြည့်လိုက်မိရင်း ကျွန်မ သူ့အနားသို့ ဖြည်းဖြည်းချင်း တိုးကပ်သွားလိုက်သည်။

ဆိုဗက်စ်စတာက ပြုံးလိုက်ပြီး ကျွန်မ၏ပခုံးကို ပွေ့ဖက်လိုက်ပြန်သည်။ပြီးမှ သူက ကျွန်မ၏နားနားသို့ ကပ်၍ အသံနိမ့်နိမ့်ဖြင့် တိုးတိုးလေး ကပ်ပြောလာခဲ့သည်။

"ကိုယ် မင်းကို ချစ်တယ် ... အိုဖီလီယာ။"

ကျွန်မ၏ပါးပြင်ထက်သို့ နူးညံ့စွာဖြင့် ခပ်ဖွဖွ ထိတွေ့လာခဲ့သည်။သို့သော် ၎င်းကို ကျွန်မ မမုန်းတီးမိပါပေ။

ကျွန်မ၏နှုတ်ခမ်းလေးများ တွန့်ကွေးသွားရပြီး ခေါင်းကို ငုံ့ထားလိုက်မိသည်။

အာ ... ငါ တကယ်ကို ဘာမှ ထပ်ပြီး မသိတော့ဘူးလို့။

ထိုတစ်ခုသာ ကျွန်မ တွေးနိုင်တော့သည်။ 

ဒီရက်တွေထဲမှာ အရှင့်သား အရမ်းထူးဆန်းနေတယ်။

ဖလဲရ် နှုတ်ခမ်းကိုက်လိုက်သည်။

အင်း

ကယ်လီယန် ထူးဆန်းနေခဲ့သည်။

အစက နှစ်ရက်လျှင် တစ်ကြိမ်ခန့် သူ့ကို သူမ သွားတွေ့ပေးရသည်။သို့မဟုတ်ပါက စာတစ်စောင် ရေးပို့ပေးရလေ့ရှိသည်။

သို့သော် ဤရက်များတွင် ကယ်လီယန် အလွန်တိတ်ဆိတ်ငြိမ်သက်နေခဲ့သည်။

သူက သူမကို မရှာဖွေသည့်အပြင် သူမ သူ့ထံ လာရောက်လည်ပတ်လျှင်လည်း လှိုက်လှိုက်လှဲလှဲ ကြိုဆိုခြင်း မရှိပေ။

မကြာသေးမီက အက ကနေစဥ်အတွင်း၌ သူ့စိတ်က တခြားတစ်နေရာသို့ ရောက်နေခဲ့သေးသည်။

ဖြစ်နိုင်သည်မှာ အမဲလိုက်ပြိုင်ပွဲ ပြီးဆုံးသွားပြီး နောက်ပိုင်းတွင် ထူးဆန်းလာခဲ့ခြင်း ဖြစ်၏။

မဟုတ်မှလွဲရော ... သူ အဲ့ဒါကို သတိထားမိသွားတာလား။

ဖလဲရ် မျက်လုံးများ ပြူးကျယ်သွားရပြီး ထခုန်လိုက်မိသည်။

သူမ အိုဖီလီယာကို သတ်ဖို့ကြိုးစားခဲ့တဲ့အကြောင်း ကယ်လီယန် သိသွားခဲ့တာလား။

ဖလဲရ်၏လက်များ တုန်ရီလာခဲ့သည်။

အကယ်၍ သူသာ သတိထားမိသွားပါလျှင် ...

သွားပြီ

ကယ်လီယန် သူမကို ကြိုက်နှစ်သက်ရသည့် အကြောင်းရင်းမှာ သူမ၏အပြစ်ကင်းပြီး ရိုးသားဖြူစင်မှုကြောင့် ဖြစ်သည်ကို တခြားသူများထက် သူမက ကောင်းစွာ ပိုသိသည်။

ထိုကြားထဲတွင် သူမက အိုဖီလီယာကို သတ်ရန် ကြိုးပမ်းခဲ့သည်ကို ရှာဖွေတွေ့ရှိသွားခဲ့ပါလျှင် ကယ်လီယန် အကြီးအကျယ် စိတ်ပျက်သွားလိမ့်မည်။ပြီးနောက် သူ၏စိတ်သဘောထားက အေးစက်သွားခဲ့ပါလျှင် ...

မဖြစ်ဘူး။

ဖလဲရ် ခေါင်းခါလိုက်သည်။

ထိုသို့ ဖြစ်လာ၍ မရပေ။

ယခု သူမက ကွာရှင်းရန်လုပ်ဆောင်နေသည့် အခြေအနေသို့ ရောက်ရှိနေပြီးဖြစ်လေရာ လူထုကြီး၏မျက်စိအောက်မှ ရှောင်လွှဲ၍ မဖြစ်နိုင်ခဲ့ပေ။

ဤလောက၌ အမျိုးသမီးများအနေဖြင့် တစ်ယောက်တည်း နေထိုင်ရသည်က မကောင်းပုံပေါ်လေရာ ထိုသို့ နေထိုင်ရန် ရှောင်ကြဥ်ကြလေသည်။

ဤလောကကြီးတွင် သူမ ယုံကြည်နိုင်သည့် တစ်ဦးတည်းသောသူမှာ ကယ်လီယန် ဖြစ်သည်။

သို့သော် သူက စိတ်ပြောင်းသွားခဲ့ပါလျှင် မည်သို့ဖြစ်လာမည်နည်း။

ထိုသို့ ဖြစ်လာ၍ မရပေ။

ကယ်လီယန်၏စိတ်ကို တစ်နည်းမဟုတ် တစ်နည်းဖြင့် သူမဘက်သို့ ပြန်ဆွဲထားနိုင်ရန် လုပ်ရပေမည်။

သို့မဟုတ်ပါက သူမအနေဖြင့် ဘယ်သောအခါမှ ဧကရီဖြစ်လာလိမ့်မည် မဟုတ်ပေ။ပြီးနောက် သူမ စွန့်ပစ်ခံရလိမ့်မည်။

မဟုတ်ဘူး ... မဖြစ်ရဘူး!

ကြောက်မယ်ဖွယ် အနာဂတ်ကို စိတ်ကူးကြည့်နေရင်း ဖလဲရ်မှာ ခေါင်းကို လက်နှစ်ဖက်ဖြင့် ရိုက်ပုတ်လိုက်မိသည်။

ထိုအချိန်တွင်

ဒေါက် ဒေါက်

သူမ တံခါးခေါက်သံ ကြားလိုက်ရသည်။

"မဒမ် ... ကျွန်မတို့ စာတစ်စောင် လက်ခံရရှိလာပါတယ်။"

"စာလား"

ဖလဲရ် အလျင်အမြန် သေသပ်အောင် ပြုပြင်လိုက်ပြီး တံခါးကို ဖွင့်လိုက်သည်။အစေခံက ဖလဲရ်ဆီသို့ စာတစ်စောင်ကို လှမ်းပေးသည်။

ဘယ်သူများလဲ။

ကယ်လီယန်ဆီကများလား။

ဖလဲရ် စိတ်လှုပ်ရှားမှုများဖြင့် စာကို လှမ်းယူလိုက်သည်။

ပေးပို့သူမှာ ...

ဒုတိယမင်းသားတဲ့လား။

လာဂိုမှလွဲ၍ တခြားသူ မဟုတ်ခဲ့ပါ။


TK Team (Chapter 115)
++++++++