Chapter 93
Viewers 9k

ဇာတ်လိုက်လား? ငါ သူ့ကိုမလိုချင်ဘူး အပိုင်း ၉၃


သူက ဗီလိန်မဟုတ်ဘူး။ဒီတိုင်း ဒဏ်ရာရနေတဲ့ကလေးတစ်ယောက်ပဲ။

အန်းသန့်စ်က ဖယ်ဆန့်ကိုအကြမ်းဖက်ခဲ့ဖူးသည်မှာအမှန်ဖြစ်သော်လည်း ၎င်းသည် 'ဒေါသမထိန်းနိုင်တဲ့ အရူးဆိုက်ကိုပတ်လူ' ဆိုသော တံဆိပ်ကပ်ခံရသည့်အထိတော့ အကြောင်းခိုင်လုံနေသည့် အရာမဟုတ်နေပေ။

"ရှင် ဘာလို့ သူနဲ့ အဆင်ပြေအောင်မညှိလိုက်လဲ။ရှင်က မားကွစ်မိသားစုရဲ့ အကြီးဆုံးသားပဲလေ။ကိစ္စတွေက်ု ဒီလိုမျိုး တစ်စထက်တစ်စပြင်းထန်လာအောင်လုပ်ဖို့ လိုလို့လား"

မူရင်းဝတ္ထုထဲတွင် အန်းသန့်စ်က ဖယ်ဆန် ၏ရာထူးကို မျက်စိကျနေခဲ့သည်ဟု ကြိမ်ဖန်များစွာ ရည်ညွှန်းခဲ့ဖူးသော်လည်း အမှန်တကယ်တွင် အန်းသန့်စ်သည် အဲ့ဒါကို လုံးဝစိတ်ဝင်စားနေပုံမရချေ။

သူကြိုက်တာဆိုလို့ အမ်မာရဲ့ ဟင်းချက်လက်ရာနဲ့ ရံဖန်ရံခါ မကောင်းတဲ့ဝိုင်ကို အတူတူသောက်ကြတာပဲရှိတာ။

တစ်ခါတလေဆို သူက သူမကို စနောက်ရတာတောင် သဘောကျသေးတယ်။ တစ်နည်းပြောရရင် သူက ရိုးရှင်းတဲ့ စိတ်ထားရှိတဲ့လူငယ်တစ်ယောက်ပဲ။

"သူက သာမာန်လိုပြုမူတတ်တဲ့သူမို့လို့လား"

"…ဟုတ်သားပဲ ကျွန်မလည်း အဲ့လိုထင်တယ်။ကျွန်မမေးခွန်းက မိုက်မဲလိုက်တာ"

သူမကိုယ်တိုင် အကြိမ်ပေါင်းများစွာ ကြုံတွေ့ခဲ့ရတာတောင် ဘာလို့ မေးခဲ့ရတာလဲ။သူတို့ရဲ့ အရှုပ်အထွေးတွေနဲ့ပတ်သတ်ပြီး ဖယ်ဆန်ကလွဲရင် ဆိုင်တဲ့သူတစ်ယောက်မှမရှိဘူး။

သူနှင့်အတူ ထာဝရအတူရှိရန် ရည်မှန်းထားသော ဆိုင်ယာပင်လျှင် ထွက်ပြေးရန် ရွေးချယ်ခဲ့သည်။လူတိုင်းက သူ့ကြောင့်ပဲ ဒုက္ခရောက်ခဲ့ရတာလို့ ပြောလို့ရသည်။

အထူးသဖြင့် ဆိုင်ယာကမှ တကယ့်အဓိက ဇာတ်ကောင်လို့ ယူဆနိုင်တာကို ဖယ်ဆန်က ဘာလို့ ဝတ္ထုရဲ့ အမျိုးသားဇာတ်လိုက် ဖြစ်လာခဲ့တာလဲ။

အဆုံးမှာတော့ အားလုံးက ဟာသပြဇာတ်တစ်ခုသာသာပင်။သူက စည်းကမ်းအကြီးဆုံးသဘောထားရှိသည့် အမျိုးသားဇာတ်လိုက် မဟုတ်ပေမယ့်လည်း ဆိုင်ယာ၏ရည်းစားဟောင်းအဖြစ် သူ၏အဆင့်အတန်းမှာ ခွာထုတ်ခံလိုက်ရသည်။

'ခဏလေး ဒါဆို အခု ဘာဖြစ်တော့မှာလဲ။ငါပြောချင်တာက နည်းလမ်းကျကျအရ ဝတ္ထုထဲမှာ ဆိုင်ယာက အမျိုးသမီးဇာတ်လိုက်ပဲလေ ဟုတ်တယ်မလား...'

သူမသည် ဆိုင်ယာ ပတ်ဝန်းကျင်က ယောက်ျားတွေ ဘာဖြစ်လာတော့မှာလဲဆိုတာကို တွေးမိသွားခဲ့သည်။

မူလဇာတ်ကြောင်းထဲမှာတော့ သူတို့အများစုက သူတို့အမှားများ၏ အကျိုးဆက်များကို ခံစားခဲ့ကြရပြီး ခါးသီးသော အဆုံးသတ်များဖြင့် ရင်ဆိုင်ခဲ့ရသည်။ ဖယ်ဆန်သည်လည်း ထိုကဲ့သို့ ကံကြမ္မာကို ရင်ဆိုင်ရနိုင်သည်ဟု လူနာတွေးနေစဉ် အန်းသန့်စ်က သူမ၏ အတွေးများကို အနှောင့်အယှက်ပေးလာခဲ့သည်။

"အဲ့အကြောင်းတွေကြောင့်ပဲ သူနဲ့တိုးဖို့ အခွင့်အရေးမရှိတဲ့ ဗင်းဆင့်နယ်မြေကို သွားတာ ပိုကောင်းမယ်လို့ ကိုယ် ဆုံးဖြတ်ခဲ့လိုက်တယ်။ ဘာပဲဖြစ်ဖြစ် ကိုယ်တို့က ကောင်းကောင်းမွန်မွန် လမ်းခွဲခဲ့ကြတာမဟုတ်ဘူး။ကိုယ်တို့ တစ်ခါမှ ခင်ခင်မင်မင် လမ်းခွဲခဲ့ကြတာမရှိဘူး"

"ရှင့် မိသားစုကကော။သူတို့က ရှင့်ကို ကူညီဖို့ မကြိုးစားကြဘူးလား။ မားကွစ်မြို့စား နဲ့ မားကွစ်မြို့စားကတော်တို့က ရှင့်ကို တကယ် စိုးရိမ်နေတဲ့ပုံပဲ။ သူတို့က အဲ့ကိစ္စတွေကို ဖြေရှင်းဖို့ ရိုယာကိုတောင် အလုပ်ခန့်ခဲ့တယ်မလား"

အမှန်မှာ သူမသည် မားကွစ်မြို့စား နဲ့ မားကွစ်မြို့စားကတော်တို့အကြောင်း အသိချင်ဆုံးဖြစ်သည်။သူတို့၏ လက်ရှိအခြေအနေအရ သူတို့သည် အန်းသန့်စ်ကို ယုံကြည်ပေးကြပြီး သူ့ဘက်မှာနေပေးမယ်လို့ သူမယုံကြည်ခဲ့၏။

သို့သော် အန်းသန့်စ်၏တုံ့ပြန်မှုမှာ မမျှော်လင့်စွာပင် ဖယ်ဆန်ထက် သူ့မိသားစုကို ပိုမကြိုက်သလိုမျိုး အေးစက်သွားခဲ့သည်။

"ကိုယ့်မိသားစုလား။ ကိုယ့်အဖေက ကိုယ့်ကို ပထမဆုံး စွန့်ပစ်ခဲ့တာပဲ။သူက အစက ကိုယ့်ဘက်မှာရှိခဲ့ပေမယ့် အဲ့လိုအဖြစ်အပျက်တွေ ထပ်ခါထပ်ခါဖြစ်လာတော့ သူက ကိုယ် မှားနေတာလို့ မြင်လာပြီး ကိုယ့်ပြောတာမှန်သမျှကို နားမထောင်တော့ဘူး"

အဲဒီနောက်မှာတော့ အန်းသန့်စ်၏အမေက သူ့ကို ဒုတိယစွန့်ပစ်ခဲ့သူဖြစ်သည်။

ရိုယာကို အလုပ်ခန့်ခဲ့ခြင်းမှယလည်း အန်းသန့်စ်၏ အပြစ်ကင်းစင်မှုကို သက်သေပြရန်မဟုတ်ဘဲ အခြေအနေများကို ငြိမ်းချမ်းစေရန် ကြိုးပမ်းမှုမျှသာဖြစ်သည်။

'ဒါကြောင့် ငါတို့တွေ့တွေ့ချင်းပဲ ရိုယာက တောင်းပန်ပါတယ်လို့ ပြောတာကိုး...'

လူနာသည် ရိုယာနှင့် ပထမဆုံးတွေ့ဖူးသောအချိန်ကို ပြန်သတိရမိသွားသည်။သူမ ဘာဖြစ်ပျက်ခဲ့တာလဲကိုတောင် မပြောနိုင်ခင်မှာဘဲ တစ်ခါတည်း တောင်းပန်ခံခဲ့ရသော အချိန်ရှိခဲ့သည်။။

ထိုအချိန်တုန်းက လူနာသည် အန်းသန့်စ်သာ မတော်တဆမှုထပ်ဖြစ်ခဲ့ရင် ဘာဖြစ်မလဲကိုတွေးခဲ့မိသော်လည်း ယခုပြန်တွေးကြည့်ပါက ထိုကိစ္စသည် ပေါ့ပေါ့တန်တန်ထားရမည့်ကိစ္စမဟုတ်ပေ။

ဆိုလိုသည်မှာ ရှေ့နေကတောင်မှ သူ့ကို ပြစ်မှုကျူးလွန်သူလို့ ထင်မှတ်ခဲ့ပြီး မယုံကြည့်ခဲ့ပေ။

"ဒါကြောင့် ကိုယ် ဗင်းဆင့်နယ်မြေကို သွားတော့မယ်လို့ပြောတုန်းက ကိုယ့်ကို ဘယ်သူမှ တားဖို့ မကြိုးစားခဲ့ကြဘူး။ သူတို့က ဝမ်းတောင်သာနေကြလောက်တယ်။နောက်ဆုံးတော့ ပြဿနာကောင် ပျောက်ကွယ်တော့မယ်ဆိုပြီလေ"

အန်းသန့်စ်က သူဗင်းဆင့်နယ်မြေသို့ ထွက်သွားရခြင်းမှာ အပြစ်ရှိစိတ်ကြောင့် မဟုတ်ဘဲ သူ့မိသားစုက မယုံကြည့်ခဲ့တာကြောင့်လို့ ရှင်းပြခဲ့သည်။

ထိုအချိန်တုန်းက အန်းသန့်စ်သည် အသက် ဆယ့်နှစ်နှစ်သာရှိသေးသော်လည်း ဗင်းဆင့်နယ်မြေတွင် သူ့ကိုယ်သူ ကာကွယ်ရန် ကျန်ရစ်ခဲ့သည်။

သူက ရန်လိုတဲ့သူအဖြစ် သတ်မှတ်ခံရရင်တောင်မှ သူတစ်ယောက်တည်း ဘယ်လိုလုပ် အေးဆေးတည်ငြိမ်စွာ နေထိုင်နိုင်ပါ့မလဲ။

တကယ်ရော အမှုမထားဘဲနေနိုင်ခဲ့ရဲ့လား။လူတစ်ယောက်က အဲဒါကို သည်းခံနိုင်ပါ့မလား။သူ့ကို ယုံကြည်ခဲ့သင့်တဲ့သူတွေက ကျောခိုင်းခဲ့ကြတဲ့အချိန်မှာလေ။

"ရှင် အဆင်ပြေရဲ့လား"

လူနာ၏ စိတ်ထဲ ဒီအတွေးများက လှည့်ပတ်နေတာကြောင့် သူ့ကို မေးလိုက်သည်။

သူမသည် သူ၏ဒုက္ခအားလုံးကိုဖော်ပြရန် မည်သည့်နာမ်စားကိုပင် သုံးရမှန်းမသိလောက်သည့်အထိ သူ့အတွက် တကယ်စိုးရိမ်ခဲ့မိသည်။

တကယ်လို့သာ သူမသာဆိုရင် အဲ့ဒါတွေကို ခံနိုင်ရည်ရှိခဲ့မှာ မဟုတ်ဘူး။လူနာ အရင်ကရယ်စရာကောင်းတဲ့ ကောလဟာလတွေကြားတာတောင် ပြုံးနိုင်ခဲ့တဲ့ အကြောင်းရင်းက သူမဘက်မှာ အမြဲရှိတဲ့ သူမရဲ့မိသားစုကျေးဇူးကြောင့်ပဲ။

" 'အဆင်ပြေလား' ဆိုတာက ဘာကိုဆိုလိုတာလဲ"

"ဒီတိုင်း အားလုံးကို..."

အန်းသန့်စ်သည် လူနာ၏ မျက်လုံးများကို ခဏလောက် တိတ်ဆိတ်စွာ စိုက်ကြည့်လိုက်သည်။

လွန်ခဲ့သော ဆယ်နှစ်ကျော်က အဖြစ်အပျက်များကို အချိန်ကြာလာသည်နှင့်အမျှ မေ့လျော့သွားခဲ့ပြီဟု သူထင်ခဲ့မိသော်လည်း သူမ၏ အစစ်အမှန် စိုးရိမ်နေသော မျက်နှာကို မြင်လိုက်ရချိန်တွင် သူရင်ထဲနက်ရှိုင်းနေခဲ့သော အရာတစ်ခုခုက ပြင်းထန်စွာ နစ်မြုပ်သွားခဲ့သည်။

သို့သော် သူ့ အမူအရာများကို ပွင့်ပွင်းလင်းလင်းထုတ်ဖော်ခဲ့သည့်အချိန်မှာ သူမမှတ်မိနိုင်လောက်အောင်ပင် ကြာခဲ့ပြီဖြစ်သည်။

"တကယ်လို့ အဆင်မပြေဘူး။ ပြီးတော့ ကိုယ်အဆင်မပြေမချင်း မင်းကို ကိုယ့်အနားမှာနေပေးပါလားလို့တောင်းဆိုရင် မင်းလုပ်ပေးမှာလား"

ဒါကြောင့် သူအမြဲလုပ်ခဲ့သလိုပဲရွှတ်နောက်နောက်ပြန်ပြောပြီး လူနာ၏ မကျေမနပ်ညည်းညူလာမည့် တုံ့ပြန်မှုကို စောင့်ဆိုင်းခဲ့လိုက်သော်လည်း မမျှော်လင့်စွာပင် သူမက လက်လှမ်းလာပြီး အန်းသန့်စ်၏ လက်ကိုကိုင်ကာ အခိုင်အမာဆိုလာခဲ့သည်။

"ကျွန်မ အဲ့ဒါကို လုပ်မှာပါ"

"…!"

"ကျွန်မ သခင်လေး အဆင်ပြေလာတဲ့အထိ ရှင့်ရဲ့ဘေးမှာ နေပေးပါ့မယ်"

သူမ၏ မျက်လုံးများသည် အဲ့ဒါက မည်မျှပင် လေးလံသော ဝန်ထုပ်ဝန်ပိုး ဖြစ်နေပါစေ ကိစ္စမရှိဘူးဟုဆိုနေသကဲ့သို့ မယုံကြည်နိုင်လောက်အောင် လေးနက်နေခဲ့သည်။

"ဘယ်တော့မှ အဆင်မပြေရင်ရော ဘယ်လိုလုပ်မလဲ"

အန်းသန့်စ်က အဓိပ္ပါယ်ရှိစွာဖြင့် မေးခဲ့လ်ုက်သော်လည်း လူနာ၏ တုံ့ပြန်မှုမှာတည်ငြိမ်နေခဲ့၏။

"အဲ့ဒါက အဆင်ပြေပါတယ်။ရှင် နာမကျန်းမဖြစ်သရွေ့ ကျွန်မ ရှင့်အနားမှာ အသက်ကြီးတဲ့အထိနေပေးမယ်"

"နာမကျန်းလား…"

ထိုအခိုက်အတန့်သည် လေးနက်နေခဲ့သော်လည်း လေထုမှာတော့ လေးလံနေခြင်းမရှိပေ။နာမကျန်းဖြစ်ခြင်းအကြောင်း ရုတ်တရက်ပြောခြင်းက စိတ်ခံစားချက်များကို ပျက်ပြေသွားစေခဲ့သည်။

၎င်းက လူနာနှင့်တူလွန်းသလိုခံစားရသည်။သူ့ရင်ဘတ်ပေါ် ဖိမိနေသော ခံစားချက်ကြီးက ပျောက်ကွယ်သွားခဲ့သည်။

"ကိုယ် နာမကျန်း မဖြစ်အောင်နေမှပဲ။ ဒါမှ မင်း ကိုယ့်ကို မစွန့်ပစ်ခဲ့မှာ"

အန်းသန့်စ်က ခြောက်သွေ့သောအပြုံးဖြင့် ပြန်ဖြေလိုက်၏။

သေချာစွာပင် သူ့အနေနှင့် ပိုကောင်းအောင် တက်ကြွစွာ ကြိုးစားဖို့ ရည်ရွယ်ချက်မရှိဘူးဆိုတာကိုတော့ မပြောခဲ့ပေ။အဲ့ဒါက မလိုအပ်သလို သူ့မှာလည်း အဲဒီလို ရည်ရွယ်ချက်မရှိချေ။

* * *

လူနာ နှင့် အန်းသန့်စ်တို့သည် အလုပ်များသူများအသင်း၏ ပုံမှန်အသင်းဝင်များဖြစ်သောကြောင့် များစွာ အနားမယူခဲ့ဘဲ ရထားကို မောင်းနှင်ခဲ့ကြပြီး ဦးတည်ရာသို့ မျှော်လင့်ထားသည်ထက် ပိုမိုမြန်ဆန်စွာ ရောက်ရှိခဲ့ကြသည်။

စိန်များတွေ့ရှိမှုကြောင့် သတ္တုတွင်းတစ်ဝိုက်တွင် လုံခြုံရေး တင်းကျပ်နေခဲ့၏။

"ကျွန်တော်တို့ လေဒီ့ကိုစောင့်နေကြတာ"

လူနာ ရထားပေါ်မှ ဆင်းလာပြီးသည်နှင့်မိုင်းတွင်းကြီးကြပ်ရေးမှူးတာဝန်ခံက အပြေးအလွှား ရောက်လာခဲ့တာကြောင့် ကြည့်ရတာ သူတို့သည် စိတ်မရှည်စွာ စောင့်နေခဲ့ကြပုံရသည်။

"လေဒီလူနာ!"

"ဒီကိုလာဖို့ အများကြီး ဖြတ်သန်းခဲ့ရမှာပဲ!"

သူနဲ့အတူ လူနာကို ဖော်ရွေသော မျက်နှာများဖြင့် နှုတ်ဆက်ခဲ့ကြသောအလုပ်သမားမျလည်း ပါလာခဲ့ကြသည်။သူတို့မှာ ယခင်က မိုင်းတွင်ပိတ်သွားမှုကြောင့် အလုပ်ထုတ်ခံခဲ့ရသည်။ ယခုအခါ သူတို့သည် ယခင်အလုပ်ထက် လစာပိုများကာ သက်တောင့်သက်သာဖြင့် အလုပ်လုပ်နိုင်ခဲ့ကြသည်။

"ရှင်တို့အားလုံးကို တွေ့ရတာ ဝမ်းသာပါတယ်။ နေကောင်းကြရဲ့လား။အဆင်မပြေတာရှိရင် ကျေးဇူးပြုပြီး ပြောလို့ရပါတယ်"

လူနာက သူတို့အပေါ် ကျေးဇူးတင်စိတ်ကိုဖော်ပြခဲ့ပြီး တာဝန်ခံနှင့် အတူ မိုင်းကို စစ်ဆေးခဲ့လိုက်၏။

လွန်ခဲ့သော ရက်သတ္တပတ်အနည်းငယ်က ရှာဖွေတွေ့ရှိခဲ့သည့် စိန်များကို အတည်ပြုပြီးနောက် သူမ မကူညီနိုင်ဘဲ တုန်လှုပ်သွားခဲ့သည်။

'ရူးချင်စရာပဲ'

ဂုဏ်သရေရှိ လူကြီးမင်းအားလုံးပဲ ကျွန်မရဲ့ဘဝက တကယ့်ကို ရူးချင်စရာကောင်းတယ်!

တကယ်တမ်းတွင် သူမ လူကိုယ်တိုင်မမြင်ရသေးသည်အထိ မည်မျှရှိမည်ကို စိတ်ကူးမယဉ်နိုင်ခဲ့ပေ။ယခု ဤနှုန်းဖြင့်သာဆိုပါက သူမသည် ကမ္ဘာပေါ်တွင် ဘာဂရုမှစိုက်စရာမလိုတော့ သူမနှစ်သက်သလို ငွေကို လွှင့်ပစ်နိုင်ပြီဖြစ်သည်။

"ကျွန်တော်တို့ သတင်းပို့ပြီးတဲ့နောက်မှာ ဆက်တူးဖော်ကြတော့ တူညီတဲ့ပမာဏနဲ့ စိန်တွေကို ဆက်တွေခဲ့ရပါတယ်"

ဒီ့ထက် ဝမ်းသာစရာကောင်းသော သတင်း မရှိနိုင်တော့ပေ။ အန်းသန့်စ်သည် အကြီးဆုံး မဖြတ်တောက်ထားသော အကြီးဆုံး စိန်တုံးကို ကောက်ကိုင်လိုက်ပြီး အနီးကပ် ကြည့်ကာ မျက်လုံးများ တောက်ပလာခဲ့၏။

"ကျွန်တို့ ဒါနဲ့ဆို လေလံပွဲတောင်ဖွင့်နိုင်လိမ့်မယ်ထင်တယ်... လေဒီမှာ ဘယ်လိုကံကောင်းမျိုးတွေရှိနေတာလဲ သိချင်မိသား"

စိန်သည် တောက်ပြောင်နေရုံသာမက ထူးထူးခြားခြားကြီးမားလှသည်။ ဘယ်လိုပဲဖြတ်တောက်လိုက်ပါစေ ၎င်းက ပိုင်ရှင်၏ စည်းစိမ်ဥစ္စာနှင့် အာဏာကို ပြသဖို့ အတွက်လုံလောက်သည်။

"ဒါဆို ကျွန်မ အဲ့ဒါကို ယူမယ်"

လူနာက မဆိုင်းမတွပင် စိန်၏ပိုင်ဆိုင်မှုကို သူမ ယူတော့မည်ဖြစ်ကြောင်း ကြေညာလိုက်သည်။

"ကျွန်မတို့ ဆိုင်မှာ မကြာခင် ပြထားလို့ရလောက်တယ်။အဲ့ဒါက ရင်သပ်ရှုမောဖွယ်ကောင်းနေတော့မှာပဲ"

သူမက အပြုံးလေးဖြင့် ကျောက်မျက်ရတနာကို မည်သည့်နေရာတွင် အသုံးပြုမည်ကိုပါ ဆုံးဖြတ်ခဲ့လိုက်သည်။

သူတို့က အဲ့၎င်းကို မြင့်မားသောဈေးဖြင့် ရောင်းချရန် မစဉ်းစားခဲ့ကြပေ။ ထိုအစား ၎င်းကို အလှဆင်ရန်တစ်ခုအဖြစ်သာ အသုံးပြုဖို့ဆုံးဖြတ်ခဲ့ကြသည်။

သို့သော် ၎င်းကို အကြံပြုသူက လူနာဖြစ်သောကြောင့် မည်သူမျှ ကန့်ကွက်ခြင်း မရှိပေ။

ထို့နောက် သတ္တုတူးဖော်ရန် လိုအပ်သော အပိုဝန်ထမ်းများနှင့် ကုန်ကျစရိတ်များကို ဆွေးနွေးခဲ့ကြပြီး တစ်နေ့တာက ကုန်ဆုံးသွားခဲ့၏။

လူနာသည် သတ္တုတွင်းကို စေ့စေ့စပ်စပ် စူးစမ်းလေ့လာပြီးကတည်းက မြို့တော်ရှိ အန်းတဲရိစ့်မားချက်စ်ဂိုဏ်းနှင့် စာချုပ်ချုပ်ရန် ဆုံးဖြတ်ခဲ့ပြီး မိုင်းတွင်းအနီးရှိ တည်းခိုခန်းတစ်ခုသို့ သွားခဲ့ကြသည်။

"အာ ငါအရမ်းပင်ပန်းနေပြီ"

မြို့တော်မှ မမောမပန်း ခရီးနှင်လာပြီးနောက် သူတို့သည် မိုင်းတွင်းသို့ သွားရောက် စစ်ဆေးမှုများ ပြုလုပ်ကာ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြရသောကြောင့် လူနာသည် လုံးဝ မောပန်းသွားခဲ့ပြီဖြစ်သည်။

သူမ ရေချိုးပြီးသည်နှင့် ကုတင်ပေါ်တွင် လဲလျောင်း အနားယူနေခဲ့ပြီး အိပ်တစ်ဝက်နိုးတစ်ဝက်အချိန်မှာပင် တစ်သုံတစ်ယောက်က တံခါးလာခေါက်ခဲ့၏။

ဒေါက်၊ ဒေါက်

"ဘယ်သူလဲ"

"ကိုယ်ပါ"

အန်းသန့်စ်ပင် ဖြစ်သည်။

လော်ရာတောင် အိပ်ပျော်သွားပြီဖြစ်တဲ့ ဒီအချိန်ကြီးမှာ သူဘာလိုချင်လို့လဲ။

"ဘာဖြစ်လို့လဲ။အရေးကြီးကိစ္စလား"

"ဟုတ်တယ်။အဲ့ဒါက အရေးကြီးတယ်"

သူမသည် ကုတင်ပေါ်တွင်ပဲ ခွေကာလှဲလျောင်းချင်ခဲ့သော်လည်း သူ့အသံထဲက အရေးတကြီးဖြစ်နေခြင်းကို လျစ်လျူမရှုနိုင်ခဲ့ပေ။

လူနာသည် ညည်းတွားရင်း ကုတင်ပေါ်မှထကာ တံခါးဖွင့်လိုက်ပြီး အန်းသန့်စ်ကို အထဲဝင်လာခိုင်းလိုက်သည်။

"မင်းထွက်လာသင့်တယ်လို့ ထင်တယ်။ကိုယ် မင်းကို ပြစရာတစ်ခုရှိတယ်"

သူက ကုတ်အင်္ကျီထပ်ထားကာ နွေးနွေးထွေးထွေးဝတ်ဆင်ထားခဲ့ပြီး လူနာကို အပြင်ထွက်ရန် လောဆော်လာခဲ့၏။

"ဒီအချိန်ကြီးမှာလေ"

"ကိုယ်တို့ မနက်ဖြန်ကျ မြို့တော်ကို စောစောပြန်သွားရမှာဆိုတော့ အခုကလွဲပြီး အချိန်မရှိဘူး"

အန်းသန့်စ်က သူ့နာရီကို စစ်ဆေးပြီး စိတ်မရှည်သလို အရိပ်အမြွက်ပြောလာခဲ့သည်။သူ အခုချက်ချင်း စစ်ဆေးရမည့် အရေးကြီးသော အရာတစ်ခု ရှိနေတယ်ဆိုတာ ထင်ရှားသည်။

"…ခဏလေးစောင့်အုံး။ ကျွန်မ ကုတ်အင်္ကျီကို သွားယူလိုက်အုံးမယ်"

လူနာသည် သူမ၏ အင်္ကျီကို ကောက်ကိုင်လိုက်ပြီး အန်းသန့်စ်နောက်သို့ လိုက်သွားခဲ့သည်။သူတို့သည် ညဘက်ကြီး တည်းခိုခန်းကနေ ထွက်လာတာကြောင့် အပြင်မှာ အတော်လေး အေးစိမ့်စိမ့်ရှိနေပြီး အေးစက်သော လေနုအေးလေးများက သူမ၏ပါးပြင်ကို ဖြတ်တိုက်သွားခဲ့ကြသည်။

"ကျွန်မတို့ ဘယ်သွားကြမလို့လဲ"

"မင်း တွေ့ရလိမ့်မယ်"

အန်းသန့်စ်သည် ဘယ်သွားနေတာလဲဆိုတာ အတိအကျ မပြောဘဲ ရုတ်တရက် သူမ၏ ဘယ်ဘက်လက်ကို ဆုပ်ကိုင်လာခဲ့သည်။

လူနာက တစ်ခုခုကို သိချင်နေပြီး သူ့ကို စိုက်ကြည့်လာသောအခါမှာတော့ သူက သိသာ ထင်ရှားနေသလို ပြန်ဖြေခဲ့၏။

"မင်း အဲ့ဒါကို တွေ့တဲ့အခါကျ နားလည်သွားလိမ့်မယ်။ဒါပေမယ့် ဖြတ်သွားတဲ့လူတွေ အများကြီးရှိတော့ ကိုယ်တို့ လူကွဲသွားမှာစိုးလို့"

သူက လက်ကိုင်ချင်တာလား ဒါမှမဟုတ် တစ်ခုခုလား။၎င်းက လုံးဝကို ကြင်နာမှုမဟုတ်နေဘဲ ထိုအစား လိမ္မာပါးနပ်လွန်းနေတာကြောင့် လူနာသည် သူ့ကိုလက်သီးနဲ့ထိုးဖို့ ရွေးချယ်ခဲ့လိုက်သည်။

"ဒီအတိုင်းပဲ သွားကြရအောင်"

အန်းသန့်စ်သည် လိမ္မာ‌ပါးနပ်သော ဘာသောကို ဂရုမစိုက်သကဲ့သို့ သိမ်မွေ့သည့် အပြုံးတစ်ခု ထုတ်ပေးလာခဲ့ပြီး သူမ၏ လက်ကို ပေါ့ပေါ့ပါးပါး ကိုင်ကာ ရှေ့သို့ ဆက်လျှောက်သွားခဲ့သည်။

TK Team (chapter 93)