Chapter 37.2
Viewers 7k

Chapter-37.2

(အားပြည့်စေတဲ့ စွပ်ပြုတ်က သောက်ချင်တိုင်းသောက်လို့မရဘူး)

ကုရှင်းချီသည် ယခုအချိန်တွင် ကုသရေးအခန်းငယ်ဘက်တွင် ခြေချကာ ထိုင်နေပြီး ကျောင်းမြန်က သူ့အားဆေးအသစ်လဲပေးနေသည်ကို အယ်လန်က ဘေးတွင် မျက်တောင်မခတ်ဘဲ စူးစိုက်ကြည့်နေလေသည်။

ဗိုလ်ချုပ်ကုရောက်လာသည်ကို မြင်လိုက်ရသည့်အခါ ကုရှင်းချီက ချက်ချင်း မတ်တပ်ရပ်ပြီး နှုတ်ဆက်လိုက်သည် ။

"မလိုပါဘူး..."

ဗိုလ်ချုပ်ကုက လက်ကာပြကာ..
"မင်း ဘယ်လောက်နေကောင်းနေပြီလဲဆိုတာ ကြည့်ရအောင်...."

"ဟုတ်ကဲ့" 

ကုရှင်းချီက ပြုံးလိုက်သည်-
"ဗိုလ်ချုပ်ကျောင်းရဲ့ ဆေးက အရမ်းကောင်းတယ်...အခု နာကျင်မှုတွေ မရှိတော့ဘူး...."

"အင်း..."

ဗိုလ်ချုပ်ကုက ပျော်ရွှင်စွာ ခေါင်းညိတ်ပြရင်း..
"အခွင့်အရေးရတုန်း အားပြန်ပြည့်အောင် ကောင်းကောင်း အနားယူလိုက်.."

ကုရှင်းချီက တည်ကြည်စွာ ပြန်ပြောလိုက်သည်။
"နေပြန်ကောင်းဖို့က သိပ်မကြာတော့ပါဘူး...ကျွန်တော် တစ်ပတ်အတွင်း နယ်စပ်ကို ပြန်သွားနိုင်မှာပါ....."

အားလုံးတိတ်ဆိတ်သွားသည်။

စီဆဲလ် နှင့် ဗိုလ်ချုပ်ကုတို့သည် မျက်ခုံးကို အနည်းငယ် ပင့်လိုက်သည်။ ကျောင်းမြန်၏ မျက်လုံးများတွင် ချီးကျူးမှုများနှင့် ပြည့်နေပြီး အယ်လန်ကတော့.......

အယ်လန်က သူ့အောက်နှုတ်ခမ်းကို ပြတ်ထွက်မတတ် ကိုက်ထားပြီး သူဘယ်လောက် ဒေါသထွက်နေသည်အား မပြမိရန် အတတ်နိုင်ဆုံး ကြိုးစားခဲ့လေသည်။

အယ်လန်နှင့် ကုရှင်းချီ တို့ အရင်က လမ်းခွဲခဲ့ကြသောကြောင့် ဖယ်ဒရယ်ပြည်ထောင်စုတွင် အခက်အခဲတွေ အများကြီး ဖြစ်ပေါ်စေခဲ့ပြီး ဗိုလ်ချုပ်ကုကလည်း ထိုအခြင်းအရာသိနေသောကြောင့် အကူအညီမဲ့စွာဖြင့် ခေါင်းမာခဲ့သော နှစ်ယောက်ကို ကြည့်နေခဲ့သည်။

အန်လန်က အေးစက်စွာ ပြောလိုက်သည် ။ 
"ဘာလဲ....မြို့တော်မှာ တစ်ရက်ပိုနေရတာက စိတ်ညစ်စရာလား "

ကုရှင်းချီက အယ်လန့်ကိုပြန်ကြည့်လိုက်ပြီး ဖြေလိုက်သည်။

"မဟုတ်ပါဘူး...ကျွန်တော့် တပ်ဖွဲ့က အရင်က အကြီးအကျယ် ဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင်ခဲ့ရတာ အဲ့ဒီ့အတွက် အသက်ဆုံးရှုံးလု နီးပါးပဲ.... ဒါက ပင်လယ်ဓါးပြတွေရဲ့ ခြိမ်းခြောက်မှုကို ပြခဲ့တာဆိုတော့ စစ်တပ်ကို အခြေအနေပြန်ငြိမ်အောင် ကျွန်တော် အမြန်ဆုံးသွားမှ ရမှာမို့လို့ပါ"

"......"

အယ်လန်က ကုရှင်းချီအား သေချာစွာ ကြည့်လိုက်သည်။ 

နှစ်ပေါင်းများစွာကြာအောင် မပြုပြင်ရသောဆံပင်နက်နက်များသည် သူ၏နားရွက်သို့ကျော်ကာ ပုခုံးသို့ ထိနေလေပြီဖြစ်သည်။အသားအရည်မှာလည်း အလွန်ပူပြင်းပြီး အလွန်အေးစက်တတ်သော ရာသီဥတုကြောင့် အသားအရည်သည် မှောင်မိုက်နေသော်လည်း ထိုအရာကပင် သူ့အား ပို၍ ယောက်ျားပီသသွားစေသည်။

အယ်လန် သည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားသည်မှာ လက်ဖဝါးထဲသို့ နစ်ဝင်မတတ်ဖြစ်နေလေသည်။

အယ်လန်သည် ကုရှင်းချီကို အယ်လန်နှင့်အတူစောင့်ရှောက်ခဲ့သော်လည်း ကုရှင်းချီ နိုးလာသည့် အချိန်မှစ၍ သူ့အား စကားတစ်ခွန်းမှမပြောခဲ့ဘဲ သူတို့နှစ်ဦးသည် အတန်းဖော်များ လုပ်ဖော်ကိုင်ဖက်များ အနေအဖြစ်သာ ရှိနေလေသည်။

အယ်လန်သည် အသက်ပြင်းပြင်းရှူလိုက်ပြီး သည်းမခံနိုင်တော့သဖြင့် လှည့်ထွက်လာလိုက်သည် ။

ဗိုလ်ချုပ်ကုက အယ်လန့် ကိုကြည့်ပြီး သူ့နောက်သို့ တိတ်တဆိတ် လိုက်သွားလေသည်။

အယ်လန် ကုသရေးခန်းမှ ထွက်သွားပြီးနောက် သူသည် မြေညီထပ်ရှိ ရေသန့်စက်ရှေ့တွင် သူ့ဆီသို့ လမ်းလျှောက်လာနေသော ဗိုလ်ချုပ်ကုကို တွေ့ခဲ့လေသည် ။

"ဦးလေးကု ခင်ဗျား နေကောင်းမယ်လို့ထင်ပါတယ်.."

အယ်လန်က အနည်းငယ် တုန်လှုပ်သွားသည် ။

ဗိုလ်ချုပ်ကုက အယ်လန်ကို ကြည့်လိုက်သည်။ သူ၏မျကွနှာသွင်ပြင်သည်း မွန်မြတ်ပြီး ဖြူစင်သန့်ရှင်းကာ နူးညံ့သိမ်မွေ့ပြီး ဆွဲဆောင်မှုရှိသည့်အသွင်ဖြင့် မျက်နှာပေါ်တွင် "ငါနားလည်ပါတယ် ကလေးရယ် 'ဟု ပြောချင်နေသည့် အသွင် ဖြစ်နေလေသည်။ 

"......" 

အယ်လန်က ဘာကြောင့်မှန်းမသိသော်လည်း ဗိုလ်ချုပ်ကုက တခြားအကြောင်းအရာတစ်ခုကို ပြောခဲ့လေသည်။

"ရှင်းချီက ကျွန်တော့်သားအရင်းမဟုတ်ဘူးဆိုတာ သိတယ်မလား"

အယ်လန် ခေါင်းညိတ်ပြလိုက်သည် ။

ဗိုလ်ချုပ်ကုသည် အိမ်ထောင်မပြုဖူးဘူးဆိုသည်အား သူသိပြီးဖြစ်၍ ကုရှင်းချီအား အမွေစားအမွေခံ အဖြစ် မွေးစားထားခြင်းဖြစ်သည်။မွေးစားသားဖြစ်သော်လည်း ဗိုလ်ချုပ်ကုသည် ကုရှင်းချီအပေါ် အလွန်ကြင်နာပြီး သူ့သားထက်ပင် ပို၍ ရင်းနှီးလေသည်။

"ကျွန်တော် ဘာလို့ လက်မထပ်တာလဲ သိလား"

အယ်လန် အံ့ဩသွားလေသည်။

ဗိုလ်ချုပ်ကု က ပြောပြလေသည်။
"ကျွန်တော် ငယ်ငယ်တုန်းက သဘောကျရတဲ့ ကောင်မလေးတစ်ယောက်ရှိဖူးတယ် သူက ဘုရင်ကြီးရဲ့ တူမပါ...သူမနဲ့ ဆက်ဆံရေးရှိခဲ့ပေမယ့် နောက်ပိုင်း လမ်းခွဲခဲ့တယ်.."

အယ်လန် : "ဘာလို့လဲ" 

အရင်နှစ်တွေက အဖြစ်အပျက်များကို ပြန်တွေးမိစဥ် အရာအားလုံးသည် အိပ်မက်လိုဖြစ်နေပြီး ခေါင်းကို ခါယမ်းလိုက်သည်။

"သူမက ဘုရင် မင်းမြတ်ရဲ့ ဆွေမျိုးလေ...သူမက ဒီဘဝမှာအသားကျနေပြီးပြီ....ဘယ်လို စွန့်လွှတ်နိုင်မှာလဲ...အချိန်မရွေး ရန်သူက တိုက်ခိုက်သတ်ဖြတ်တာ ခံရမယ့် နေရာမျိုးမှာမနေနိုင်ဘူးလေ..." 

အယ်လန်က လုံးဝ အံ့အားသင့်သွားသည် ။

ဒီအကြောင်းကို သူ့ကို ဘယ်သူမှ မပြောပြဖူးဘူး...။

"ခင်ဗျား...ခင်ဗျား....." 

အယ်လန်က အသက်ပြင်းပြင်းရှူလိုက်ပြီး ပြောလိုက်သည်။

"ခင်ဗျား..ဘယ်လိုလုပ်နိုင်ရတာလဲ....တခြားသူအတွက် ဆုံးဖြတ်ချက်ကို ခင်ဗျားက ဘယ်လို ဆုံးဖြတ်နိုင်ရတာလဲ.....မင်းသမီးက ဆန္ဒရှိ မရှိ ဘယ်လိုသိနိုင်မလဲ....!"

"သူမဆန္ဒရှိခဲ့တယ်" 

ဗိုလ်ချုပ်ကု က စကားကို တစ်ဝက် ဖြတ်ချလိုက်ပြီး....ဆက်ပြောလေသည်။

"ဒါပေမယ့်..ကျွန်တော်က တစ်ကိုယ်ကောင်းဆန်လို့မရဘူးလေ....အရှင့်သား...အရှင့်သားက နယ်စပ်ကို မရောက်ဖူးသေးလို့ပါ....အဲ့မှာ အသက်ရှင်ဖို့ ဘယ်လောက်ခက်ခဲလဲဆိုတာ မင်းမသိဘူး...ဆောင်းတွင်းမှာ အသဲခိုက်မတက် အေးလွန်းလို့ လူတွေအများကြီး သေကုန်ကြတယ်... နွေရာသီမှာ မြေပြင်က အရမ်းပူလို့ လမ်းတောင်လျှောက်လို့မရဘူး ....ရုပ်ပိုင်းဆိုင်ရာ သန်မာမှုက လုံလောက်အောင် မကောင်းရင် အဲ့နေရာမှာ ဘယ်လို အသက်ရှင်လို့ရမှာလဲ...."

အယ်လန် မျက်လုံးပြူးသွားသည်။

"ပင်လယ်ဓားပြတွေ ဇာစ့်တွေက ဘယ်လောက် အန္တရာယ်များလိုက်လဲ..ညဘက် မင်းအိပ်နေတဲ့အချိန်မှာ ကျူးကျော်လာနိုင်တယ်...နေ့ခင်းဘက် အပြင်ထွက်တဲ့အချိန် ခြုံခိုတိုက်နိုင်တယ်.....အဲ့ဒီ့နေရာက အဖွဲ့ချုပ်ရဲ့ အန္တရာယ်အများဆုံးနေရာပဲ...ကျွန်တော်ပဲသေရမယ်ဆို မကြောက်ဘူး...ကျွန်တော့်ကြောင့်နဲ့ သူ့ကိုပါဆွဲချမိပြီး...သူသေသွားရင် ဘယ်လိုလုပ်မလဲ...." 

အယ်လန် သည် သူ့အချစ်ကို တစ်သက်လုံး ဖိနှိပ်ထားခဲ့သော အကြီးအကဲ ဗိုလ်ချုပ်ကု ကို ကြည့်ကာ မျက်လုံးများ နီရဲလာသည်။

"အရှင်မင်းသား...ရှင်းချီက ဒီတစ်ကြိမ်မှာ ဒဏ်ရာ ဘယ်လောက်ရခဲ့တယ်ဆိုတာ မင်းလည်း သိမှာပါ..."

ဗိုလ်ချုပ်ကုက ဆက်ပြောလေသည်။
"သူက မင်းကို မုဆိုးမ မဖြစ်စေချင်လို့ နောက်တစ်ယောက်ကိုရှာပြီး ကောင်းကောင်းမွန်မွန်နေသွားတာကို မျှော်လင့်နေတာပါ...."

အယ်လန်သည် ခဏကြောင်အသွားပြီး ရင်ထဲမှဆန်တက်လာသော ခံစားချက်များကို ဖိနှိပ်ကာ မျက်ရည်များကို သုတ်လိုက်ပြီး.....
"အဓိပ္ပါယ်မရှိလိုက်တာ...."

"......!"

အယ်လန်က တိုးတိုးလေးပြောလိုက်သည်-
"အဓိပ္ပါယ်မရှိဘူး..." 

ဗိုလ်ချုပ်ကု က အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။

အယ်လန်၏ ပါးပြင်များ နီရဲလာပြီး အော်ဟစ်လိုက်သည်-
"သူက ငါ့ကို တခြားတစ်ယောက်နဲ့ ဆက်ဆံရေး ရှိစေချင်တာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ....!"

"အရှင်မင်းသား..." 

ဗိုလ်ချုပ်ကု က ခေါင်းခါလိုက်ပြီး 

"စိတ်မလှုပ်ရှားပါနဲ့"

"ခင်ဗျားမှာ ကျွန်တော့်အတွက် ဆုံးဖြတ်ချက်ချပေးဖို့ အရည်အချင်းမရှိဘူး....လက်မခံဘူး...ကျွန်တော်လက်မခံဘူး" 

အယ်လန်က အနည်းငယ် အသက်ပြင်းပြင်းရှူလိုက်ရင်း သူ၏ခံစားချက်များကို ထိန်းမထားနိုင်တော့သောကြောင့် အပေါ်ထပ်သို့ လှည့်ကာထွက်ပြေးသွားလေသည်။

................

"အရှင် မင်းသား...ဘာဖြစ်လာတာလဲ"

ကျောင်းမြန်က ကုရှင်းချီအတွက် ဆေးအသစ်လဲပြီးသည်နှင့် အယ်လန်အား ရုတ်တရက်ဆွဲခေါ်ကာ မသင်္ကာစရာများကိုမေးလိုက်သည်။ 

"ဗိုလ်ချုပ်ကျောင်း...."

အယ်လန်သည် အနည်းငယ် ရှက်ရွံ့ကာ ခေါင်းညိတ်လိုက်သည်။

"ဘာဖြစ်လို့လဲ" 

ကျောင်းမြန်က နွေးထွေးဖြင့် ပြောလိုက်သည်-
"ခင်ဗျားပြောချင်တာရှိရင် ကျွန်တော့်ကိုပြောလို့ရတယ်..."

"ဒါက... နောက်ကျရင် မင်း ငါ့ကို ကိုယ်ခံပညာ သင်ပေးလို့ရလား...စက်ရုံဖွင့်ပြီးရင် မင်းနဲ့ ငါက တစ်ချိန်လုံး အလုပ်အတူတူလုပ်ရမှာဆိုတော့...ငါ့ကို ဆရာအနေနဲ့ သင်ပေးဖို့ အချိန်နည်းနည်းယူလို့ရလား..."

"ဟင်..!"

အယ်လန် က ပြောလေသည်။
"ငါ ပိုပြီးသန်မာချင်တယ်....ကိုယ်ခံပညာရော...လေ့ကျင့်ခန်းရော...ဒါမှမဟုတ်လည်း တခြား ဘယ်အရာဖြစ်ဖြစ် ငါအကုန်လုံးကို အလေးအနက်ထားပြီး သင်ပါ့မယ်...!"

အယ်လန်က ဒါကိုရှာတွေ့သွားတာလား....ဒါက သူ့ကို အရမ်းကျေနပ်စေတာမဟုတ်ဘူးလား....။

"ကုရှင်းချီက သူနဲ့ ပုခုံးချင်းမယှဥ်နိုင်ဘဲနဲ့ ဝန်ထုပ်ဝန်ပိုး တစ်ခုလိုဖြစ်နေလို့ ငါ့ကို မုန်းနေတာ"

အယ်လန်က အံကြိတ်ကာ ဆက်ပြောလေသည်-
"အဲ့ဒါကြောင့် ငါလည်း မင်းလို သန်မာချင်တယ်.."

စီဆဲလ်သည် ဗိုလ်ချုပ်ကြီးတစ်ယောက်ဖြစ်သော်လည်း တစ်စုံတစ်ရာနှင့် ရင်ဆိုင်ရချိန်တွင် ကျောင်းမြန်နှင့်အတူ ရင်ဆိုင်စေသည်။ အကြောင်းမှာ ကျောင်းမြန်သည် လုံလောက်အောင် သန်မာနေသောကြောင့်ဖြစ်သည်။

ကျောင်းမြန်သည် အရမ်းတော်သည်။

ဒါက.....

ကျောင်းမြန်က အယ်လန်၏ပုခုံးကို ပုတ်လိုက်ပြီး ပြောလေသည်

"သူက ခင်ဗျားကို မမုန်းပါဘူး...သူက ခင်ဗျားကို အရမ်းချစ်တာမို့လို့ ခင်ဗျားကို ဒုက္ခမပေးချင်တာပါ..."

အယ်လန်က မော့ကြည့်လိုက်ချိန်တွင်...

"ခင်ဗျားသိလား" 

ကျောင်းမြန်က ဆက်ပြောလေသည်-
"စီဆဲလ် ပြန်ပြောတာတော့ ဗိုလ်မှူးကုက သူမသွားခင်ကို ခင်ဗျားကို သေချာဂရုစိုက်ဖို့ စီဆဲလ်ကို မှာခဲ့တယ်လို့ ပြောတယ်..." 

အယ်လန်သည် အံကို တင်းတင်းကြိတ်လိုက်သည်။

လူတိုင်းသိသည်......။

လူတိုင်းသိသော်လည်း သူ့အား ဘယ်သူမှ မပြောရဲပေ...။

လူတိုင်းက သူ့အား အရွယ်မရောက်သေးဘူး..အားနည်းသည်ဟု ထင်နေကြသည့်အတွက် သူ့ဘဝအား အမှောင်ထဲတွင်သာ ချုပ်နှောင်ခံရကာ ကုန်ဆုံးရပေလိမ့်မည်။

အယ်လန်က ကျောင်းမြန်၏လက်ကို ဖက်လိုက်ပြီး ပြောလေသည်။
"မင်းငါ့ကို သင်ပေးလို့ ရတယ်မလား ငါအရင်က စစ်သင်တန်းကျောင်းမှာ အခြေခံတက်ဖူးတော့ အခြေအနေမဆိုးပါဘူး..."

"ကောင်းပြီလေ" 

ကျောင်းမြန်သည် ထိုကလေးဆန်သောအသံအား ကြားလိုက်ချိန်တွင် ရယ်ရငိုရခက်ကာ မေးလိုက်သည်-
"ခင်ဗျား နယ်စပ်ကိုသွားမလို့လား.."

"ဟမ်" 

အယ်လန်က အော်ဟစ်လိုက်သည်။
"ငါ သူ့ကို ဒီတိုင်းလွှတ်ထားမှာ မဟုတ်ဘူး" 

"ဟုတ်ပါပြီ..."

အဆုံးတွင် အရေးကြုံလာလျှင် ခုခံကာကွယ်နိုင်ရန် အယ်လန့်အား ကိုယ်ခံပညာသင်ပေးဖို့ ကျောင်းမြန်က ကူကယ်ရာမဲ့စွာဖြင့် လက်ခံလိုက်သည်။ 

ကျောင်းမြန်သည် အယ်လန့်အား စီဆဲလ်ရှိရာဆီသို့ ထွက်သွားစေခဲ့ပြီးနောက် ဒေါက်တာဖိုဒ့်နှင့်အတူ ဒဏ်ရာရထားသော လူနာနှစ်ဦး၏ အခြေအနေကို စစ်ဆေးပြီးနောက် စိတ်ချရသည်ဆိုမှ အနားယူရန် အခန်းသို့ ပြန်လာခဲ့သည်။

ကျောင်းမြန်သည် ကုတင်ပေါ်တွင် လှဲနေပြီး အယ်လန်နှင့် ကုရှင်းချီအကြောင်းတွေးလိုက် စက်ရုံအကြောင်းတွေးလိုက်နှင့် အတွေးများ လွင့်မျောနေလေသည်။ 

"ဗိုလ်ချုပ်ကျောင်း...."

ကျောင်းမြန်သည် ထကာ ကုရှင်းချီ ၏ ရုပ်ပိုင်းဆိုင်ရာ ဆေးစစ်ချက်ကို ပြန်ဖတ်မည့်အချိန်တွင် တံခါးခေါက်သံကို ကြားလိုက်ရသည်။

"ဗိုလ်ချုပ်ကျောင်း. ရှိလား..."

လူလတ်ပိုင်းအရွယ် အမျိုးသမီးတစ်ဦး၏ အသံဖြစ်သည်။