Chapter 80
Viewers 9k

ဇာတ်လိုက်လား? ငါ သူ့ကို မလိုချင်ဘူး chapter 80


"ရှင် စောစောထဲက ပြောခဲ့သင့်တယ်‌! ရှင် ဘာလို့ ထပ်ပြီး လူတွေကို အရူးလုပ်ရတာလဲ"

အန်းသန့်စ်က သူမ၏ လက်သီးချက်များကို ကျွမ်းကျင်စွာ တားဆီးလိုက်ပြီး ဖုံးကွယ်လို့မရနိုင်သော နူးညံ့သည့် အပြုံးဖြင့် ပြန်ပြောလိုက်သည်-

"ကိုယ် အဲ့ဒါကို အကြိမ်ကြိမ် ပြောခဲ့တယ်လို့ ထင်တယ်နော်။ ပြဿနာတစ်ခုရှိခဲ့ပေမယ့် အခုတော့ ဖြေရှင်းပြီးသွားပြီဆိုပြီးလေ"

"ရှင် ဘယ်တုန်းကမှ အတိအကျ မဖြေခဲ့ဘူးလေ!"

"အဲ့ဒါက လျှို့ဝှက်ချက်လို့ ကိုယ်ပြောခဲ့တယ်လေကွာ။အခု ကိုယ်ပြောလို့အဆင်ပြေပြီထင်လို့ မင်းကို တိုက်ရိုက်ပြဖို့ ဒီကိုခေါ်လာခဲ့တာလေ။မင်းကတော့ လွန်လွန်းပါတယ်။ ကိုယ့်ကို မယုံတာနဲ့ပဲ ကိုယ့်ကို ရိုက်နှက်ရလား" 

၎င်းက ရွှင်မြူးသောလေသံဖြင့် ပြောနေတာဖြစ်သော်လည်း သူ့အပေါ် ယုံကြည်ခြင်းမရှိသည့်အတွက် စိတ်ပျက်သလိုခံစားမိနေဟန် ထင်ရှားသည်။

သူ့ကို ခဏကြာအောင် စိုက်ကြည့်နေသော လူနာသည် မကြာခင်ပဲ သက်ပြင်းတစ်ချက်ချလိုက်ကာ သူမ၏ အကြမ်းဖက်ခြင်းကို ပြန်ထိန်းလိုက်သည်။အန်းသန့်စ်က တစ်လျှောက်လုံး ဒုက္ခရောက်စရာပြဿနာကို ဖြေရှင်းပြီးပြီလို့ ပြောနေခဲ့တာတော့ အမှန်ပင်ဖြစ်သည်။

"ထားပါဘာပဲဖြစ်ဖြစ် အဲ့ဒါက စိတ်သက်သာရာရစရာပဲ။ကျွန်မက အဆိုးမြင်တတ်တဲ့ သခင်လေးက ရွေးချယ်မှုအမှားကိုချခဲ့ရင် ဘယ်လိုလုပ်မလဲဆိုပြီး အရမ်းစိုးရိမ်နေခဲ့တာ။ဒါကိုကြည့်ပါအုံး ကျွန်မ အမြန်ပြေးလာခဲ့ရတော့ ကျွန်မရဲ့ ညဝတ်အင်္ကျီအပေါ်မှာ ကုတ်အင်္ကျီလေးပဲထပ်တင်ခဲ့နိုင်တယ်" 

တစ်ယောက်ယောက်သာ မြင်သွားပါက ကြောက်စရာပဲဟု တွေးကာ လူနာ ဟာသလုပ်လိုက်သည်။ 

အန်းသန့်စ်သည် အိမ်နေရင်းအဝတ်အစားဖြစ်ဖြစ် အပြင်သွားအဝတ်အစားပဲဖြစ်ဖြစ် တစ်နေ့က မြင်ခဲ့ရသည့် ညဝတ်အင်္ကျီပဲဖြစ်ဖြစ် အားလုံးက လှပတာကြောင့် တခစ်ခစ်ရယ်မောလိုက်သည်။သူမက သူ့ကို အဝတ်အစားတောင် မလဲနိုင်ရှာဘဲ ကမန်းကတန်း လာရှာခဲ့သည်ဆိုသောအချက်က ကျေနပ်စရာပင်။

သူပြုံးလိုက်သည်နှင့် နောက်ကျောမှနေရောင်များဖြာကျလာခဲ့တာကြောင့် လူနာသည် နည်းနည်းထူးဆန်းသလို ခံစားရကာ ချောင်းဆိုးလိုက်ပြီး အကြောင်းအရာကို ပြောင်းလဲလိုက်သည်။ 

"ဒါဆို အခုချိန်ထိ ရှင်က ဒီပစ္စည်းတွေကို စုဆောင်းပြီး စာချုပ်ချုပ်ဖို့အတွက် အလုပ်များနေခဲ့တာလား"

"ဟုတ်တယ်။အနားက ပေးသွင်းသူတွေအကြောင်းတော့ ကိုယ် မသေချာပေမယ့် တောင်ဘက်ဒေသက သူတွေကတော့ အချိန်တစ်ချို့ယူရတယ်။ကံကောင်းထောက်မပြီး လူတိုင်းက စာချုပ်ကို အလွယ်တကူ သဘောတူခဲ့လို့ ကိုယ် မြန်မြန်အပြီးသတ်နိုင်ခဲ့တာ။ကိုယ်တို့ ပုံမှန်အတိုင်း ဖြန့်ဖြူးဖို့အတွက်တော့ နောက်ထပ်ထုတ်ကုန်တွေ ထပ်စုဆောင်းဖို့ လိုအပ်နေသေးတယ်"

အခြားဂိုဏ်းသားများက သာမန်လူများဖြစ်သည့်အတွက်ကြောင့် သူတို့အား ဂရုမစိုက်ခဲ့သည်မှာ အမှန်တကယ်ပင် ကံကောင်းလှသည်။ 

"ဒါပေမယ့် ဈေးကွက်ကို အစားထိုး ထုတ်ကုန်တွေနဲ့ အနိုင်ရနိုင်ပါ့မလား" 

လူနာသည် လေးနက်သော စီးပွားရေးသမားတစ်ယောက်၏ စိတ်ဖြင့် ထပ်မေးလိုက်သည်။

အစားထိုးစရာများရှိနေသေးကြောင်း သူမနားလည်သော်လည်း အထူးသဖြင့် ပြိုင်ဘက်က မြို့စားကြီးမိသားစုဖြစ်နေချိန်မျိုးတွင် သူတို့သည် လက်ရှိစျေးကွက်၌ ဖြန့်ဖြူးလျက်ရှိနေသော ရှိပြီးသားထုတ်ကုန်များ၏စွမ်းဆောင်ရည်ထက် သာလွန်အောင်လုပ်ဆောင်နိုင်ပါ့မလားဟု သံသယဖြစ်မိသည်။

၎င်းကို အန်းသန့်စ်က အဓိပ္ပါယ်ရှိစွာ ပြုံးပြီး ပြန်ပြောလိုက်သည်-

"စိတ်မပူပါနဲ့။ အစားထိုးပစ္စည်းတွေရဲ့ အရည်အသွေးက ပိုတောင်ကောင်းသေးတယ်။ပြီးတော့ ကိုယ်တို့ မကြာခင် ဆူညံသံတွေ ကြားလာရလိမ့်မယ်လို့ ထင်တယ်"

"ဆူညံသံတွေလား" 

နောက်ထပ် ဘာရှိနေသေးတာလဲ။

ယခုအချိန်ကျပြီဖြစ်သလို လူနာသည်လည်း အခုသိလိုက်ရပြီဖြစ်တာကြောင့် အသေးစိတ်ရှင်းပြချက်များကို သူမတောင်းဆိုလိုက်သည်။အန်းသန့်စ်သည် နောက်ထပ်အချက်အလက်များကို သိမ်းထားခြင်းဖြင့် လူနာ၏ယုံကြည်မှုကို မဆုံးရှုံးချင်တာကြောင့် စာချုပ်များဖျက်သိမ်းလိုက်ချိန်၌ သူကြားသိခဲ့ရသော စကားလုံးများနှင့် သူ့ကိုယ်ပိုင်ယူဆချက်များကို ဖြည်းညှင်းစွာရှင်းပြလိုက်တော့သည်။ 

* * * 

ခဏအကြာတွင် မြို့စားကြီးမိသားစုမှ ကျွန်တစ်ဦးသည် ဘာရွန်ကောလ်တန်မြို့စား၏နေအိမ်သို့ ရောက်လာခဲ့သည်။ စာချုပ်အပြီးသတ်ပြီးတာနှင့် ကုန်ပစ္စည်းများ ဖြန့်ဝေခဲ့သည်မှာ တစ်လလောက်ကြာပြီဖြစ်တာကြောင့် သူက ပြေစာငွေ လာပို့ပေးခြင်းဖြစ်သည်။

သူတို့သည် ယခင်ကထက် ပိုမိုမြင့်မားသော နှုန်းထားဖြင့် စာချုပ်ချုပ်ဆိုထားခဲ့တာကြောင့် အမြတ်ငွေများ ပိုတိုးလာရမည်ဖြစ်သည်။

မျှော်လင့်ချက်အပြည့်ဖြင့် ဘာရွန်မြို့စားငည် အကြောင်းအရာများ စစ်ဆေးပြီးသွားသည်နှင့် သူမျက်နှာပေါ်က အပြုံးကိုတောင် မထိန်းထားနိုင်တော့ချေ။ 

"...ဒါကဘာလဲ!" 

တိုးလာရမည့်အစား ယခင်တစ်ခု၏ ထက်ဝက်မျှပင်မရှိသော ချက်လက်မှတ်ပမာဏများက သူမျက်စိကို ဖမ်းစားသွားခဲ့သည်။ 

ဘာလို့လဲ! 

သူက အကြောင်းအရာကို အမြန်စစ်ဆေးလိုက်သည်။

ထို့နောက် မမျှော်လင့်ထားစွာပင် ဖြန့်ဖြူးသူများက များပြားလှသော ကော်မရှင်ခကို ရယူခဲ့ကြောင်း‌ေတွ့လိုက်ရသည်။ ကော်မရှင်ခများ အမြောက်အမြားဖြတ်တောက်ပြီးနောက် ဆုံးရှုံးမှုကို ကာမိစေမည့် ပမာဏအနည်းငယ်ကသာ ဘာရွန်မြို့စား၏ ရှယ်ယာထဲ ရောက်လာခဲ့သည်။

"ဘာသောက်ကျိုးနည်းတွေဖြစ်ကုန်တာလဲ!" 

တုန်လှုပ်ခြောက်ခြားနေသော ဘာရွန်မြို့စားသည် မြို့စားကြီးစံအိမ်ဆီသို့ အပြေးအလွှားသွားခဲ့လိုက်သည်။

အဲ့ဒါမှာ အမှားတစ်ခုခုရှိနေရမယ်။ဒီပမာဏလောက်ပဲဆိုတာက လုံးဝမဖြစ်နိုင်ဘူး။

ကံကောင်းစွာဖြင့် ဖယ်ဆန်သည် စံအိမ်တွင် ရှိနေခဲ့တာကြောင့် ဘာရွန်မြို့စားက သူ့ကိုချက်ချင်းတွေ့ဆုံပြီး စကားပြောခဲ့လိုက်သည်။ 

"အဲ့ဒါက အမှန်ပါ။ ဒီဟာတွေက ပိုလုံခြုံပြီး ပိုမြန်တဲ့ ဖြန့်ဖြူးမှုအတွက် ထည့်ထားတဲ့ ကုမ္ပဏီတွေပါ" 

"ခွင့်ပြုပါ…?!"

သို့သော် ၎င်းက သူမျှော်လင့်ထားသလို 'အမှားရှိနေတာပါ' ဟူသည့် အဖြေမဟုတ်နေပေ။ဖယ်ဆန်က ထိုပမာဏမှာ အမှန်တကယ်ပင် ဘာရွန်မြို့စား၏ရှယ်ယာဖြစ်ကြောင်း အလွန်ယုံကြည်ချက်ရှိစွာရှင်းပြခဲ့သည်။ 

"ဒါပေမယ့် ငါတို့က အရင်ကနေ အခုအချိန်အထိ ဖြန့်ဖြူးသူမရှိဘဲနဲ့တောင် အရောင်းအ၀ယ်ကိုကောင်းခဲ့တယ်လေ...!" 

သူတို့အရင်က ဖြန့်ဖြူးသူမရှိခဲ့တာတောင် အရောင်းအဝယ်ကောင်းခဲ့ကြောင်း ပြောခဲ့ချိန်တွင် ဖယ်ဆန်၏ မျက်စံများက တဖျပ်ဖျပ်ခတ်သွားပြီး ခြိမ်းခြောက်ဟန်ပြောင်းသွားသည်ကို ဘာရွန်မြို့စား သတိပြုမိခဲ့သည်။

"ခင်ဗျားက ကျွန်တော်တို့ဂိုဏ်းကို စက်ဆုပ်ဖွယ်ကောင်းပြီး အရေးမပါတဲ့တစ်ခုနဲ့ နှိုင်းယှဉ်နေတာလား" 

"မဟုတ်ဘူး ငါဆိုလိုချင်တာ အဲ့လိုမဟုတ်...!" 

"အန်းတဲရိစ့်မားချက်စ်ဂိုဏ်းနဲ့ ရောင်းဝယ်ရတာက ပိုကောင်းတယ်ဆိုလည်း စာချုပ်ကို ဖျက်ပြီး ပြန်သွားလိုက်လေ။ ခင်ဗျားဘက်က လျော်ကြေးငွေ လုံလုံလောက်လောက်ပေးသရွေ့ ကျွန်တော့်ဘက်က စာချုပ်ကို အချိန်မရွေး ဖျက်ပေးမယ်"

"…!"

ဘာရွန်မြို့စားသည် အဓိပ္ပါယ်မဲ့သော အဖြေကြောင့် မယုံနိုင်စွာဖြင့် ပါးစပ်ပွင့်ဟမိသွားသည်။

သူက ဘယ်လိုလုပ်ပြီး လျော်ကြေးပေးနိုင်မှာလဲ။ သူ့ နယ်မြေအားလုံးကို ရောင်းထုတ်ပြီး သူ့မှာရှိတဲ့ ပစ္စည်းတေွအားလုံးကို စုဆောင်းရင်တောင်မှ လိုအပ်တဲ့ ကြွေးမြီးပမာဏကို မရနိုင်ဘူးလေ။

"စာချုပ်ထဲမှာ ဖြန့်ဖြူးသူတွေ အကြောင်း ရှင်းရှင်းလင်းလင်း မဖော်ပြထားခဲ့ဘူးမလား"

၎င်းက ဒီတိုင်း ထားထားလိုက်လို့ရသော ကိစ္စမဟုတ်တာကြောင့် ဘာရွန်မြို့စားက စာချုပ်ကို ဆွဲထည့်လိုက်သည်။ ထိုကဲ့သို့သော အချက်များရှိနေပါက သူလုံးဝ လက်မှတ်ရေးထိုးခဲ့မည်မဟုတ်ပေ။

ဒါကို ဖယ်ဆန်က မျက်တောင်တစ်ချက်မခတ်ဘဲ အတည်ပြုခဲ့သည်။

"ဟုတ်တယ်လေ မရှိဘူး။ ဖြန့်ဖြူးသူနဲ့ပတ်သက်တဲ့ အချက်မရှိဘူး။ ဒါပေမယ့် အဲ့ဒါက ဘာအရေးလဲ။ခင်ဗျားဘက်က ဖြန့်ဖြူးဖို့နဲ့ပတ်သတ်တဲ့ အခွင့်အရေးအားလုံးကို ကျွန်တော့်ဆီ လွှဲခဲ့တာမဟုတ်ဘူးလား။အဲဒါကြောင့်ပဲ အကောင်းဆုံးနည်းလမ်းကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ ရှာခဲ့လိုက်တာလေ"

အထူးသဖြင့် ‌ကော်မရှင်များကို အဆမတန် ကောက်ခံပြီး ဘာရွန်၏ အမြတ်အစွန်းများကို လျှော့ကျအောင်လုပ်နေသော ဖြန့်ဖြူးသူများပါဝင်ပေသည်။

"အာ…!"

ထိုမှသာ ဘာရွန်မြို့စားသည် သူ၏အခြေအနေကို သဘောပေါက်လာခဲ့တော့သည်။သူသည် ရူးမိုက်သော ဝေဖန်ပိုင်းခြားချက်ဖြင့် ပြီးပြည့်စုံသည့် စီးပွားရေးပါတနာကို သစ္စာဖောက်ခဲ့ပြီး ပါးနပ်သော စကားလုံးများဖြင့် လိမ်လည်လှည့်ဖြားခြင်း ခံခဲ့ရသည်။

မြင့်မြတ်တဲ့မြို့စားတွေက ဘယ်လိုလုပ်ပြီး ဒီလိုလုပ်နိုင်ရတာလဲ!

အန်းသန့်စ်နှင့် အရောင်းအဝယ်လုပ်ခဲ့တုန်းကတောင် ဒီလိုကိစ္စမျိုး ဘယ်တုန်းကမှ မဖြစ်ခဲ့ဖူးပေ။

မြို့စားကြီးမိသားစု၏ အမွေဆက်ခံသူက ထိုသို့သောကိစ္စကို ပြုလိမ့်မည်ကို သူ စိတ်တောင်မကူးနိုင်ခဲ့ပေ။

"ခင်ဗျား ကိစ္စပြီးသွားပြီဆိုလည်း ကျေးဇူးပြုပြီး အခုထွက်သွားပေးပါ။ ကျွန်တော့်မှာ အလုပ်တွေအရမ်းများနေလို့ ဒီထက်ပိုပြီး အချိန်မဖြုန်းနိုင်တော့ဘူး"

ဘာရွန်မြို့စားမှာ ထိတ်လန့်တုန်လှုပ်နေသေးသော်လည်း ဖယ်ဆန်က သူ့ကို ထွက်သွားရန် အေးစက်စွာ တောင်းဆိုခဲ့သည်။

ဖယ်ဆန်၏ အေးစက်သော မျက်နှာက အကာ်၍ သူထွက်မသွားပါက အစောင့်တွေခေါ်လိုက်မယ်ဟု အကြံပြုနေပုံရသည်။ နောက်ဆုံးတွင် ဘာမှမရခဲ့သော ဘာရွန်မြို့စားသည် ဖယ်ဆန်၏ရုံးခန်းမှ ထွက်လာခဲ့လိုက်သည်။

'ငါ ဘာလုပ်သင့်သလဲ…!'

သူ ရုံးခန်းအနီးကနေ မခွာနိုင်ဘဲ တုံ့ဆိုင်းစွာ ထိုင်ချလိုက်သည်။

သူသာ နှုတ်ဆိတ်နေပါက ဖယ်ဆန်ကသာ အကျိုးအမြတ်ရသွားမည့်သူဖြစ်သည်။သို့သော် ဘာဖြေရှင်းချက်မှ သူ့စိတ်ထဲပေါ်မလာခဲ့ပေ။

သူ ခဏလောက်စဉ်းစားနေစဉ် တစ်ယောက်ယောက်သည် ဖယ်ဆန်၏ ရုံးခန်းနား လျင်မြန်စွာချဉ်းကပ်လာခဲ့သည်။ ၎င်းက ဘာရွန်ကာလ်တန် ကောင်းစွာသိသော လူပင်ဖြစ်သည်ာ

"ဗိုင်းကောင့် ဂါမေ!"

လက်တစ်ဖက်တွင် စာရွက်စာတမ်းအစုံအလင်များဖြင့် ဗိုင်းကောင်းဂါမေမြို့စား၏မျက်နှာသည် စာရွက်တစ်ရွက်ကဲ့သို့ ဖြူဖျော့နေသည်။ထိုကြောင့် သူသည်လည်း ဖယ်ဆန်၏လှည့်စားခြင်းကို ခံခဲ့ရကြောင်း ဘာရွန်မြို့စား သဘောပေါက်သွားခဲ့သည်။

"ခင်ဗျားလည်း သခင်လေးဖယ်ဆန်ကို တွေ့ဖို့လာခဲ့တာလား။ ပြေစာကြောင့်ပဲလား!"

ဘာရွန်မြို့စားသည် ဗိုင်းကောင့်မြို့စား၏လက်မောင်းကို ဆုပ်ကိုင်ကာ အလျင်စလို မေးလိုက်သည်။ 

မင်းလည်း ငါ့လို နစ်နာသူလား။

 ဗိုင်းကောင်းဂါမေမြို့စားက အံ့ဩသွားပြီး လျင်မြန်စွာ ခေါင်းညိတ်ပြလိုက်သည်။

"ခင်ဗျား ဘယ်လိုသိတာလဲ! ခင်ဗျားရောပဲလို့တော့ ကျုပ်ကိုမပြောနဲ့နော်"

ဘာရွန်မြို့စားသည် သူ ဖယ်ဆန်ထံမှ ကြားခဲ့ရသမျှအားလုံးကို ရှင်းပြခဲ့လိုက်သည်။ တမင်တကာ လှည့်စားခဲ့တာဆိုသည့် အချက်လည်း ပါဝင်ပေသည်။

"ဒါဆို ငါတို့ ဘာလုပ်သင့်လဲ!"

ဗိုင်းကောင်းဂါမေမြို့စားက မေးလိုက်ကာ သူ့မျက်နှာက လုံးဝဖြူဖျော့သွားခဲ့သည်။ ဒါပေါ့ ၎င်းက အသုံးမဝင်သော မေးခွန်းတစ်ခုပင်ဖြစ်သည်။

သို့သော်ဘအဲ့ဒါက အကြံဥာဏ်များ စိတ်ထဲ မရောက်ဘူးလို့တော့ မဆိုလိုပေ။ သူတို့ကို ကူညီပေးနိုင်သော လူတစ်ယောက်ဟာ ဘာရွန်မြို့စား၏ စိတ်ထဲဝင်လာခဲ့သည်။

"သခင်လေး ဗင်းဆင့်ဆီကို သွားရင်ရောဘယ်လိုလဲ"

"ခင်ဗျားပြောတာက ဗင်း, ဗင်းဆင့်လား .."

ကံမကောင်းစွာပင် ဗိုင်းကောင်းဂါမေမြို့စား၏တုံ့ပြန်မှုကိုမြင်တော့ သူလည်း ဘာရွန်မြို့စားကဲ့သို့ပင် အန်းသန့်စ်ကို ငြင်းဆန်ကာလျစ်လျူရှုခဲ့မိပုံရသည်။

ဒါပေမယ့်လည်း သူတို့ကို အန်းသန့်စ်ကလွဲပြီး ကူညီနိုင်မယ့်သူတစ်ယောက်မှ စိတ်ထဲမပေါ်လာတာကြောင့် သူတို့မှာ ရွေးချယ်စရာမရှိနေပေ။ ဘာပဲဖြစ်ဖြစ် သူတို့အကူအညီအတွက်တောင်းဆိုမှရမည်။

"ဟုတ်တယ်!ကျုပ်တို့က သူနဲ့ နှစ်အတော်ကြာအောင် ဆက်ဆံရေးကောင်းကို ထိန်းသိမ်းခဲ့ကြတာမဟုတ်ဘူးလား။ကျုပ်တို့သာ သခင်လေးဆီကို ပြန်သွားခဲ့မယ်ဆိုရင် သူလည်း ကုမ္ပဏီကို ပြန်လည်ပတ်နိုင်မှာ။သူက ကျုပ်တို့ကို သေချာပေါက် ပြောင်ပြောင်တင်းတင်း ငြင်းမှာမဟုတ်ဘူး"

သူတို့ အန်းသန့်စ်ကို နောက်ဆုံးတွေ့ချိန်တုန်းက သူသည် စာချုပ်ရပ်စဲတာကို တားဆီးရန်စိတ်အားထက်သန်နေခဲ့သည်။ထို့အပြင် သူတို့က စျေးကွက်အများစုကို လက်ဝါးကြီးအုပ်ထားသောကြောင့် သူတို့ကို လွယ်လွယ်ကူကူ ထုတ်ပယ်နိုင်မှာ မဟုတ်ပေ။

ဗိုင်းကောင်းဂါမေမြို့စားသည်လည်း ဒါကို မှတ်မိနေပုံရပြီး ဘာရွန်မြို့စားပြောသည်ကို သဘောတူလိုက်သည်။

"…နားလည်ပြီ။ ဒါဆို ကျုပ်တို့ အခုချက်ချင်း ထွက်သွားသင့်တယ်။ အချိန်တွေကြာလာလေလေ ကျုပ်တို့အတွက် ပိုဆိုးလာလေလေဖြစ်မှာ"

အတွေးအမြင်များ ပေါင်းစည်းသွားပြီးကတည်းက သူတို့တွင် တုံ့ဆိုင်းနေဖို့ အချိန်မရှိတော့ပေ။သူတို့နှစ်ဦးက ချက်ချင်းပင် အန်းတဲရိစ့်မားချက်ဂိုဏ်းသို့ ကမန်းကတန်း ဦးတည်သွားခဲ့ကြတော့သည်။

* * *

ကံမကောင်းစွာပဲ ဖယ်ဆန်နှင့် မတူတာက အန်းသန့်စ်သည် သူတို့အလွယ်တကူတွေ့ဆုံနိုင်သော လူတစ်ယောက် မဟုတ်နေပေ။ နေ့လယ်စာစားချိန်ထဲစ အန်းသန့်စ်ကိုစောင့်နေခဲ့သော လူနှစ်ယောက်သည် နေဝင်ခါနီးမှ သူ့ကိုတွေ့နိုင်ခဲ့သည်။

"ဘာကိစ္စကြောင့် ဒီကိုရောက်လာကြတာလဲ"

မလိုလားသောဧည့်သည်များ၏ရုတ်တရက်ပေါ်လာခြင်းကြောင့် အန်းသန့်စ်၏မေးခွန်းမှာ အလွန်အေးစက်နေခဲ့သည်။ထို့အပြင် သူက သူတို့၏မျက်နှာများကိုပင် မကြည့်ဘဲ သူ့စာရွက်စာတမ်းများကို ဆက်လက်လုပ်နေခဲ့သည်။

၎င်းကမျှော်လင့်ထားသော တုံ့ပြန်မှုတစ်ခုဖြစ်တာကြောင့် ဘာရွန်မြို့စားသည် ပြုံးပြီး ပါးစပ်ကို ဖွင့်လိုက်သည်။

"အမ်း…ငါတို့ မင်းကိုတောင်းဆိုစရာလေးရှိလို့လာခဲ့ကြတာ"

"တောင်းဆိုစရာလား။ ကျုပ်တို့ကြားမှာ လုပ်စရာတစ်ခုခုရှိသေးလို့လားလို့ တွေးမိတယ်"

သို့သော် အန်းသန့်စ်၏ တုံ့ပြန်မှုသည် အေးစက်နေဆဲဖြစ်သည်။ရေခဲကိုသာ လူတစ်ယောက်ပုံဖော်လိုက်ရင် သေချာပေါက် ဒီအတိုင်းဖြစ်သွားမှာပင်။

သူတို့ ဒီအတိုင်းတော့ နောက်ကြောင်းပြန်လှည့်လို့မရဘူး။ 

ဘာရွန်မြို့စားက သူ၏ မသက်မသာဖြစ်စိတ် ကြီးထွားလာမှုကို ဖိနှိပ်ပြီး အန်းသန့်စ်၏ သဘောထားကို ဖြည့်တင်းပေးရန် ထပ်မံကြိုးစားခဲ့လိုက်သည်။

"ဟားဟား ငါတို့ရဲ့ ဆက်ဆံရေးက တော်တော်လေး နက်ရှိုင်းခဲ့တယ်မဟုတ်လား။ငါတို့ နှစ်အတော်ကြာအောင် လက်တွဲလုပ်ခဲ့ကြတယ်လေ"

"ဟုတ်-ဟုတ်တယ် ငါတို့က သခင်လေးရဲ့ကျေးဇူးကြောင့် စျေးကွက်မှာ ရာထူးတစ်ခုကို ရယူနိုင်ခဲ့ပြီး အန်းတဲရိစ့်မားချက်စ်ဂိုဏ်းကလည်း ငါတို့ရဲ့ကျေးဇူးကြောင့် အတိုင်းအတာကို ချဲ့ထွင်နိုင်ခဲ့တာလေ။ သိပ်မကြာပေမယ့် ငါတို့အချင်းချင်း ဖေးမကူညီခဲ့ပြီး ရင်းနှီးတဲ့ ဆက်ဆံရေးမျိုး ရှိခဲ့တယ်လေ ဟုတ်တယ်မလား"

အန်းသန့်စ်၏တုံ့ပြန်မှုက အလွန်မကောင်းသောကြောင့် တစ်နည်းအားဖြင့် စိတ်ခံစားချက်ကို ပေါ့ပါးစေရန် ဗိုင်းကောင့်မြို့စားက ပံ့ပိုးဖို့အတွက် ရှေ့တက်လာခဲ့သည်။

၎င်းကို အန်းသန့်စ်က သူစီစဉ်နေသော စာရွက်စာတမ်းများကို အသံမြည်စွာ ပစ်ချပစ်လိုက်သည်။ ပစ်ချသည်ဆိုတာထက် လွှင့်ပစ်လိုက်သလိုပင်။

အန်းသန့်စ်က အဓိပ္ပါယ်မဲ့တာကြားလိုက်ရသလိုမျိုး ရွဲ့ချိတ်ပြုံးကာ သူ့ရှေ့က လူနှစ်ယောက်ကို တင်းမာသောအကြည့်ဖြင့် စိုက်ကြည့်လိုက်သည်။

"အဲ့ဒါအမှန်ပဲ။ဒါဆို ဘာလို့ ခင်ဗျားတို့က ဒီနက်ရှိုင်းတဲ့ ဆက်ဆံရေးကို စွန့်ပစ်ခဲ့တာလဲ။ ခင်ဗျား နောင်တရလိမ့်မယ်လို့ ကျုပ်ရှင်းရှင်းလင်းလင်း မပြောခဲ့ဘူးလား"

TK Team ( chapter 80)