ဇာတ်လိုက်လား? ငါ သူ့ကို မလိုချင်ဘူး - အခန်း ၇၅
'မနေ့က သူမနဲ့ တွေ့ဆုံဖို့တော့ ငြင်းပြီးတော့ အခုကျ ငါက အန်းသန့်စ်နဲ့ ပထမဆုံး တွေ့ဆုံလို့များလား...'
ရန်ပွဲတစ်ခုဖြစ်မှာ အသေအချာပဲ။
အန်းသန့်စ်သည်လည်း ရို့စ်မယ်ရီ၏တိုက်ခိုက်မှုကို မျှော်လင့်ထားပုံရပြီး လက်ဖက်ရည်ခွက်ကိုချကာ အချိန်မရွေး မတ်တပ်ရပ်ရန် အသင့်ဖြစ်နေပြီဖြစ်သည်။
သို့သော်...
"ကြည့်ရတာအစ်ကိုက အရင်လာခဲ့တဲ့ပုံပဲ"
အကြောင်းတစ်ချို့ကြောင့် ရို့စ်မယ်ရီသည် မှန်ဥယျဉ်ထဲသို့ တိတ်ဆိတ်စွာပဲ ဝင်ရောက်လာခဲ့သည်။
ထို့နောက် အန်းသန့်စ်နှင်လူနာတို့ကို မရစ်လာဘဲ ငြိမ်ငြိမ်လေးထိုင်လာခဲ့သည်။
လူနာသည် အနည်းငယ် စနိုးစနှောင့်ဖြစ်သွားပြီး အရင်ဆုံးတောင်းပန်လိုက်သည်။ ရို့စ်မယ်ရီ၏ နာခံမှုရှိနေသော သဘောထားသည် မုန်တိုင်း၏မျက်လုံးကဲ့သို့ ခံစားရပေသည်။
"ငါ တောင်းပန်ပါတယ်။ငါ နင့်ကိုအရင်ဆက်သွယ်လိုက်သင့်တာ"
"မဟုတ်ဘူး အကြောင်းမကြားဘဲလာခဲ့တာက ငါ့အပြစ်ပါ။ အဲဒါကို စိတ်မပူနဲ့။ ငါ့အလုပ်တွေ မြန်မြန်အပြီးသတ်ပြီးတာနဲ့ နင့်ကိုတွေ့ဖို့ လာခဲ့လိုက်တာ"
သို့သော် ဒီတစ်ခါမှာလည်း ရို့စ်မယ်ရီက အလွန်ယဉ်ကျေးနေခဲ့သည်။
သူမသည် မကြာသေးခင်က ဝင်ပေါက်နားတွင် အနည်းငယ် ထိတ်လန့်သွားသော အမူအရာ ရှိခဲ့တာ ထင်ရှားခဲ့သည်။၎င်းက အလွန်ထူးဆန်းပြီး သံသယဖြစ်စရာကောင်းသော အခြေအနေဖြစ်ပေမယ့် သူမ ဒေါသမထွက်နေသရွေ့တော့ အဲ့ဒါကကောင်းပေသည်။
လူနာသည် စိတ်သက်သာရာရသွားသော်လည်း အန်းသန့်စ်ကမူ သံသယဖြစ်သွားခဲ့သည်။
သူ့မျက်လုံးများကို ကျဉ်းမြောင်းပြီး ရို့စ်မယ်ရီကို စစ်ဆေးနေချိန်တွင် လော်ရာက လူနာကို ထပ်လာတွေ့ခဲ့သည်။
"သခင်မလေး.. စာတစ်စောင်ရောက်လာပါတယ်"
မြင်းတစ်ကောင်လိုမျိုး အလျင်အမြန် ဥယျဉ်ကိုဖြတ်လာခဲ့သော်လည်း ၎င်းက စာတစ်စောင်သက်သက်သာဖြစ်သည်။ လူနာက လက်လှမ်းလိုက်ရာ လော်ရာသည် တောင့်တင်းနေသော မျက်နှာဖြင့် စာကိုလွှဲပေးလာခဲ့သည်။
"ဒါပေမယ့်... ဒီစာက အင်ပါယာနန်းတော်ကပါ"
"...အင်ပါယာနန်းတော်လား"
စာပို့ရတဲ့အကြောင်းအရင်းကဘာလဲ။ လူနာသည် စာအိတ်ကို ဆောလျင်စွာ စစ်ကြည့်သော်လည်း နာမည်မရှိနေပေ။ ၎င်းက ဧကရာဇ်တံဆိပ်ပါသော စာတစ်စောင်မျှသာဖြစ်သည်။
ဒီလိုမျိုး မဖော်ရွေတဲ့စာကို ဘယ်သူက ပို့လာတာလဲ။
လူနာသည် စူးစမ်းလိုစိတ်ဖြင့် ပေးပို့သူကို စစ်ဆေးရန် စာအိပ်ကို အမြန်ဆုတ်ဖြဲလိုက်သည်။
"ကလ်လီယွန်အတ်လန် ဆိုတာက ဘယ်သူလဲ"
သို့သော် နာမည်ကိုကြည့်တာကလည်း မကူညီနိုင်ပေ။ လူနာ၏ ဘယ်သူမှန်းမသိနေသော တုံ့ပြန်မှုက အန်းသန့်စ်ကို တောင့်တင်းသွားစေခဲ့သည်။
"…အိမ်ရှေ့စံ"
"အရှင့်သားလား...!"
သူကဘာလို့ ရုတ်တရက်ကြီး စာတစ်စောင် ပို့လာရတာလဲ...!
ထိုမှသာလျှင် လူနာသည် အတ်လန်မှာ ဧကရာဇ်၏အမည်ဖြစ်ကြောင်း မှတ်မိသွားခဲ့သည်။
လူနာသည် အလွန်ရှက်သွားခဲ့ချိန်တွင် အလိုလိုသိစိတ်နိုးကြားလာခဲ့သော ရို့စ်မယ်ရီမှာ ဖျော့တော့သွားခဲ့သည်။
"သူဘာပြောထားတာလဲ။ဒီတိုင်း ရိုးရှင်းတဲ့ နှုတ်ခွန်းဆက်စာမျိုးတော့ မဟုတ်လောက်ဘူးမလား"
အန်းသန့်စ်သည် မသက်မသာ အရိပ်အမြွက်ပြလျက် စာကို အမြန်ဖတ်ရန် တိုက်တွန်းခဲ့လိုက်သည်။ လူနာလည်း အိမ်ရှေ့မင်းသားက သူမကို ဘာကြောင့် စာ ပို့လာရတာလဲဆိုတာ သိချင်နေတာကြောင့် အကြောင်းအရာများကို အမြန်ဖတ်ကြည့်လိုက်သည်။
[မင်း အဆင်ပြေပြီလားလို့ ကိုယ်သိချင်မိတယ်။ကိုယ် ဒီစာကို ပို့ရတဲ့ အကြောင်းကတော့ ပါတီမှာတုန်းက မပြောလိုက်နိုင်တဲ့ စကားတွေအတွက် တရားဝင် စကားပြောကြဖို့တောင်းဆိုချင်လို့ပါ။ကိုယ်စုံစမ်းကြည့်တော့ မင်းစံအိမ်က ဧကရာဇ်နန်းတော်နဲ့ တော်တော်နီးတာကို ရှာတွေ့ခဲ့တယ်]
သူ မကြာခင် နှင်းဆီစံအိမ်ကို လာလည်မည်ဟု ပြောထားသောစာက လူနာအား စာကို လွှတ်ချမိသွားစေခဲ့သည်။မှန်ဥယျာဉ်ထဲ ခဏတာတိတ်ဆိတ်သွားခဲ့သည်။
၎င်းသည် အိမ်ရှေ့မင်းသားက ရုတ်တရက်ကြီး စကားစမြည်ပြောဆိုရန် စံအိမ်သို့ လာရောက်လိုတာကြောင့် သဘာဝအတိုင်းဖြစ်လာသော တုံ့ပြန်မှုတစ်ခုပင်ဖြစ်သည်။
'နေမကောင်းဟန်ဆောင်တဲ့အတွက် တကယ်စိတ်ဆိုးသွားတာလား...'
အခြားမဟုတ်ပါက လာလည်မည်ဟု ပြောစရာအကြောင်းမရှိပေ။ လူနာ စိတ်ရှုပ်နေချိန်တွင် အန်းသန့်စ်က စာကိုကောက်ကိုင်လိုက်ပြီး ကျန်နေသေးသောစာများကို ဖတ်လို့ရမလားဆိုပြီး မေးလာခဲ့သည်။
လူနာ ခေါင်းညိတ်ပြလိုက်သည်နှင့် သူက အမြန်ပင် စာကို စစ်ကြည့်လိုက်သည် ။
[ဒီတစ်ပတ်အင်္ဂါဆို ကောင်းလောက်မယ်။ ကိုယ်နေ့လည်ဘက် အချိန်နည်းနည်း ရှိနိုင်တာမို့ ဆုံကြရအောင်။
ကိုယ့်မှာ သဘောအကျဆုံး လက်ဖက်ရည် ရှိတယ်။ ကိုယ် ကိုယ်တိုင် ယူလာပေးမှာမို့ အလှုပ်ရှုပ်ခံပြီး ပြင်ဆင်စရာမလိုပါဘူး။
မှ ကလ်လီယွန်အတ်လန်]
ဒါက ရူးသွပ်တာပဲ။
တွေ့မည့်ရက်ကို တစ်ဖက်သတ် သတ်မှတ်ထားသော စာကြောင့် အန်းသန့်စ် မျက်မှောင်ကြုတ်လိုက်မိသည်။
ဘယ်သူက ဘယ်သူ့ကို ဘာလုပ်ရမယ်ဆိုပြီးလာပြောနေတာလဲ။အိမ်ရှေ့မင်းသားသည် လူနာကို ထိုသို့လုပ်ဖို့ အနေအထားမှာ ရှိနေသော်လည်း အန်းသန့်စ်အတွက်ကတော့ သူက ဒီတိုင်းစိတ်အနှောက်အယှက်ဖြစ်စရာ ပြိုင်ဘက်တစ်ယောက်သာဖြစ်သည်။
"…ဘာာကြီးလဲ"
ရို့စ်မယ်ရီက မျက်တောင်မခတ်ဘဲ မေးလိုက်သည်။ အန်းသန့်စ်သည် စာပါအကြောင်းအရာများကို အတိုချုံးရှင်းပြခဲ့လိုက်သည်။
"ဒီတစ်ပတ် အင်္ဂါဆိုရင် မနက်ဖြန်ပဲမလား! သူက ရုတ်တရက် ငါတို့ဆီ အလည်လာမှာတဲ့လား။ ဘယ်လို လူထူးဆန်း ဒီလိုမျိုးလုပ်မှာလဲ"
သူက အိမ်ရှေ့မင်းသားဖြစ်နေတျာကြာင့်လား။
ရို့စ်မယ်ရီသည် အလွန်ဒေါသထွက်သွားခဲ့သည်။ သူမသည် အစောထဲစ သူ့ကို လူနာအား စကားလာပြောခဲ့ခြင်းအတွက်မှစ်သက်ခဲ့ပေ။အခု နောက်နေ့၌ တွေ့ဆုံမည်ဆိုသော သတင်းက သူမကိုစိတ်အနှောင့်အယှက်ဖြစ်စေခဲ့သည်။
ထိုအချိန်တွင် လူနာသည် စကားပင် မပြောနိုင်နေပေ။အန်းသန့်စ်က ကိစ္စမရှိပါဘူးဟု ပြောခဲ့သော်လည်း သူက သူမကို ဒေါသနဲ့ ဆူပူကြိမ်းမောင်းရန်အတွက် လာလိုသည်မှာ သံသယဖြစ်စရာမရှိပေ။
ငါဘာလုပ်သင့်လဲ။
လူနာသည် အန်းသန့်စ်ကို စိုက်ကြည့်လိုက်သည်။
ကျွန်မ ဘာလုပ်သင့်လဲ။ ရှင်ပဲ ကျွန်မကို ကူညီမယ်လို့ပြောခဲ့တယ်မဟုတ်ဘူးလား။ ကျွန်မ အခုအကူအညီတောင်းနေပြီ။ သူ့ကိုခုခံဖို့ ကိုယ်ရံတော်တစ်ယောက်လောက် ခေါ်လာပေးလို့ရမလား!
"ကိုယ် မနက်ဖြန်ထပ်လာခဲ့မယ်"
ဒီလောက် ဝမ်းနည်းစရာကောင်းသော အကြည့်မျိုးနှင့် မကြည့်လာရင်တောင် သူ ထပ်လာဖို့ ရည်ရွယ်ထားခဲ့သည်။ အိမ်ရှေ့မင်းသားက ဘာလို့ဒီလိုလုပ်မှန်းကို အကြမ်းဖျင်း ခန့်မှန်းမိကာ လူနာကို တိုက်ခိုက်ဖို့ သူမှာရည်ရွယ်ချက်မရှိလောက်ပေ။
"ငါရောပဲ! ဘာပဲဖြစ်ဖြစ် ငါလာခဲ့မယ်!"
သူလာလည်မယ်လို့ အန်းသန့်စ် ပြောသံကြားချိန်တွင် ရို့စ်မယ်ရီလည်း သူမလက်ကို မြှောက်ကာ ထိုင်ခုံမှ ထပြီးပြောလာခဲ့သည်။
အိမ်ရှေ့မင်းသားသည် လာလည်မည်ဟု ပြောထားသောစာကို ဘာတွေးပြီး ပို့ခဲ့မှန်းမသိတာကြောင့် လူနာသည် လူများလေလေ ပိုကောင်းလေဟု စဉ်းစားဆုံးဖြတ်ရင်း ခေါင်းညိတ်ပြလိုက်သည်။
"ကျေးဇူးပါ။ နှစ်ယောက်လုံးကို တကယ် ကျေးဇူးတင်တယ်"
အိမ်ရှေ့မင်းသား၏ စာကြောင့် သာယာနေသော လေထုက ပျက်သုဉ်းသွားခဲ့ရသည်။ လူနာသည် ကောင်းကင်ကြီး ပြိုလဲသွားသလို ဝမ်းနည်းနေသော မျက်နှာဖြင့် လက်ဖက်ရည်ကို သောက်လိုက်သည်။
ငြိမ်းချမ်းစွာနေထိုင်ဖို့က သူမရဲ့ တစ်ခုတည်းသော ပန်းတိုင်ပါ။ဘာလို့ သူမကို တစ်ယောက်တည်း မလွှတ်ထားနိုင်ကြတာလဲ။
"သိပ်စိုးရိမ်စရာ မလိုလောက်ပါဘူး။ အိမ်ရှေ့မင်းသားမှာ တကယ်ပဲ ရည်ရွယ်ခိက်ဆိုးရှိရင် သူက စာတောင် ပို့လာမှာ မဟုတ်ဘူး"
အန်းသန့်စ်သည် လူနာအတွက် နှစ်သိမ့်စကားများ ချန်ထားပြီး ထလိုက်ကာ အဝတ်အစားများကို ချွတ်လိုက်သည်။ မနက်ဖြန်အတွက် လူနာဆီလာရန် စီစဉ်ထားတာကြောင့် သူတို့သည်အချိန်ယူပြီး တခြားကိစ္စများကိုလည်း ကြိုဂရုစိုက်ဖို့ လိုအပ်သည်။
"ဟုတ်တယ်။အိမ်ရှေ့မင်းသားက နင့်ကို အန္တရာယ်ပြုဖို့ ကြိုးစားရင် ငါ နန်းတော်ကို ငါ့ဘာသာ ဖောက်ခွဲပစ်လိုက်မယ်"
အန်းသန့်စ်နောက် လိုက်ကာထလာသော ရို့စ်မယ်ရီက လေးနက်စွာ ပြောလာခဲ့သည်။
ဒါပေါ့ သူမ အိမ်ရှေ့မင်းသား၏ ဖုံးကွယ်ထားသောရည်ရွယ်ချက်ကို စိုးရိမ်သော်လည်း နန်းတော်ကို ဗုံးခွဲမည့် ဆုံးဖြတ်ချက်ကတော့ မပြောင်းလဲပေ။
သူတို့ပြောတာမှန်တယ်။ မလိုအပ်ဘဲ ဘာလို့စိုးရိမ်ပူပန်နေမှာလဲ။အိမ်ရှေ့မင်းသားက သူမကို တကယ်ပဲ အန္တရာယ်ပြုလာရင် သူတို့က သူမအတွက် ဖြေရှင်းပေးလိမ့်မှာပင်။
နှစ်သိမ့်မှုများကြောင့် ပြန်လည်အားပြည့်လာသော လူနာသည် ထိုမောင်နှမနှစ်ယောက်ကို နှုတ်ဆက်ခဲ့လိုက်သည်။
သို့သော် လူနာ၏ နှုတ်ဆက်ခြင်းကို ခံယူပြီး ရထားပေါ်တက်ရန်လုပ်စဉ် အန်းသန့်စ်၏ လက်မောင်းကို ရို့စ်မယ်ရီက ရုတ်တရက် ဆုပ်ကိုင်လာခဲ့သည်။
"…ဘာလဲ"
အန်းသန့်စ်က ရို့စ်မယ်ရီကို စိတ်မသက်မသာဟန်ဖြင့် ကြည့်လိုက်သည်။ ရို့စ်မယ်ရီကလည်း ဒါကိုမလုပ်ချင်ခဲ့သလိုမျိုး ကမန်းကတန်းပြောခဲ့လိုက်သည်။
"ကောင်းကောင်းဆက်ဆံပြုမူပေး"
တိုတောင်းပြီး သွယ်ဝိုက်သောသတိပေးချက်က နားလည်ရခက်သည်မှာ သေချာသည်။
အန်းသန့်စ် အံ့ဩနေချိန်မှာပဲ ရို့စ်မယ်ရီသည် ရထားပေါ်သို့သွားခဲ့သည်။
* * *
မည်သည့်အကြောင်းကြောင့်ပင်ဖြစ်စေ အိမ်ရှေ့မင်းသား အလည်လာမည်ဆိုသော သတင်းကြောင့် စံအိမ်တစ်ခုလုံး နည်းနည်း အလုပ်ရှုပ်သွားခဲ့သည်။
ထို့အတွက်ကြောင့် အချိန်များအား မလိုအပ်ဘဲ အိမ်ကြီးအား သန့်ရှင်းရေးလုပ်ခြင်းဖြင့် ဖြုန်းတီးမိခဲ့ပြီး မျက်စိတစ်မှိတ်အတွင်း နေ့တစ်နေ့ ကုန်ဆုံးသွားခဲ့သည်။
ဒါတွေအားလုံးက အိပ်မက်ဖြစ်နေရင် ကောင်းမယ်။
သို့သော် နောက်တစ်နေ့တွင် အန်းသန့်စ်သည် မနက်မိုးလင်းသည်နှင့် စံအိမ်သို့ ရောက်လာခဲ့သောကြောင့် လူနာ၏ဆုတောင်းလေးသည်လည်း မအောင်မြင်ဘဲ ပျောက်ကွယ်သွားခဲ့ရသည်။
"မင်းကြည့်ရတာ တစ်ညလုံး အိပ်မပျော်ခဲ့တဲ့ပုံပဲ"
အန်းသန့်စ်က လူနာ၏ သွင်ပြင်ကို စစ်ဆေးပြီး ပြောလိုက်သည်။
တကယ်ပင် ကောင်းကောင်းမအိပ်ခဲ့ရတာဖြစ်သည်။တစ်ညလုံး အိပ်ပျော်သွားခါနီးတိုင်း ထပ်ခါထပ်ခါ နိုးလာတာကြောင့် စုစုပေါင်း အိပ်ချိန်မှာ တစ်နာရီတောင် မပြည့်နေပေ။
လူနာ၏ ပင်ပန်းနွမ်းနယ်နေသော မျက်နှာကို ကြည့်ပြီး အန်းသန့်စ်သည် သူ့ပါးစပ်ကို ခဏပိတ်ထားခဲ့လိုက်သည်။သူ မနေ့က အိမ်ရှေ့မင်းသားထံ သွားရောက်လည်ပတ်ဖို့ အကြိမ်ကြိမ် တောင်းဆိုခဲ့သော်လည်း အားလုံးက ငြင်းဆိုခံခဲ့ရသည်။
ဖယ်ဆန်နှင့် အဓိပ္ပာယ်မရှိစွာ ဆက်ဆံရတာကပင် စိတ်အနှောင့်အယှက်ဖြစ်ဖို့လုံလောက်နေပြီဖြစ်သည်။သူတကယ် ဒေါသထွက်နေပြီး အံတင်းတင်းကြိတ်မိလိုက်သည်။
"မသိဘူး။ ဒါပေမယ့် ကျွန်မှာ ထင်ထားတာထက် ပိုပြီးစိုးရိမ်တတ်တဲ့ အကျင့်ရှိတဲ့ပုံပဲ"
"အဲဒါက မိုးကြိုးပစ်ချခံရသလိုပဲမလား ကိုယ် နားလည်နိုင်ပါတယ်။ဒါပေမယ့် အခုကစောနေသေးတယ်လေ အဲ့တော့ အရင်အနားယူလိုက်အုံး"
အန်းသန့်စ် ပြန်ပြောပြီးသည်နှင့် ကျယ်လောင်သော မြင်းခွာသံများ ကြားလိုက်ရသည်။
လူနာသည် ရို့စ်မယ်ရီဟု ထင်လိုက်ပြီး စစ်ဆေးကြည့်လိုက်ရာ ရို့စ်မယ်ရီမဟုတ်နေခဲ့ပေ။ သူမဘဝတွင် ပထမဆုံးအကြိမ်အဖြစ် ထိုကဲ့သို့အရမ်းလှပသောရထားတစ်စင်းက ဥယျာဉ်ကိုဖြတ်လာတာကိုဖြင်ဖူးခြင်းဖြစ်သည်။
"အာ သခင်မလေး! အိမ်ရှေ့မင်းသားရောက်လာပြီထင်တယ်"
သူက နေ့ခင်းဘက်မှ လာမည်ဟု ပြောသော်လည်း မနက်စောစောရောက်လာခဲ့သည်။
လော်ရာသည် လန့်ဖျပ်နေပြီး ဘာလုပ်ရမှန်းမသိ ဖြစ်သွားခဲ့သည်။
"သူက တကယ်ရူးနေတာပဲဖြစ်ရမယ်"
အန်းသန့်စ်က အိမ်ရှေ့မင်းသားကို စကားတစ်ခွန်းဖြင့် အကျဉ်းချုက်ဖော်ပြလာခဲ့သည်။ လူနာလည်း တစ်စုံတစ်ရာ ကန့်ကွက်လိုက်ခြင်း မရှိခဲ့ပေ။
ဘယ်သူက ဒီအချိန်ကြီး သူများအိမ်ကို လာလည်မှာလဲ။ သူတကယ်ရူးနေတာပဲနေမှာ။နောက်ပြီး မနက်စောစောလာမယ်ဆိုရင် နေ့လည်မှာ တွေ့ဖို့ ဘာလို့ ပြောတာလဲ။
လူနာသည် သူမ၏ ဒေါသကို ထိန်းလိုက်ပြီး အိမ်ရှေ့မင်းသားကို ကြိုဆိုရန် ထွက်လာခဲ့လိုက်သည်။
ကံကောင်းထောက်မစွာဖြင့် ခမ်းနားလှပသော ရထားတစ်စီးတည်းသာလာခဲ့တာဖြစ်သည်။ အစောင့်များစွာမရှိခဲ့ပေ။ အိမ်ရှေ့မင်းသားသည် နည်းနည်း နှိမ့်ချတတ်ပုံရသည်။
ရထားပေါ်မှဆင်းလာသော အိမ်ရှေ့စံမင်းသားသည် သူ့ကို ဦးညွှတ်ပြီးကြိုဆိုလာသော လူနာကို ညင်သာစွာပြုံးပြလိုက်သည်။
"ကိုယ့်မှာ ဒီနေ့ပဲအချိန်ရှိလို့လေ။အဲ့ဒါကြောင့် ရက်ချိန်းကို အလျင်အမြန်လုပ်လိုက်ရပေမယ့် အချိန်ကိုက်ဖြစ်သွားလို့ ဝမ်းသာမိတယ်"
ဟင့်အင်း ကျွန်မတို့ သဘောတူတဲ့ အချိန်နဲ့ ဒီအချိန်မဟုတ်ဘူးလေ။အဲ့ဒါက လုံးဝကိုမကိုက်နေဘူးဟုတ်ပြီလား။
လူနာသည် ထိုစကားများကို မျိုချလိုက်ပြီး ကို့ရို့ကားယား ပြုံးလိုက်သည်။
ထိုကဲ့သို့ဖြင့် လူနာ နှင့် အန်းသန့်စ်တို့သည် သူတို့၏မကျေနပ်မှုကို ရှင်းရှင်းလင်းလင်းဖော်ပြနေပြီး ၎င်းကို သေချာစောင့်ကြည့်နေခဲ့သော ကလ်လီယွန်က အဓိပ္ပါယ်ရှိသော အပြုံးဖြင့် မေးလာခဲ့သည်။
"ဒါနဲ့ မင်း ခေါင်းကိုက်တာသက်သာသွားပြီလား။အဲ့ဒါက တော်တော်လေး လေးနက်တဲ့ပုံပဲ"
"အာ... အရှင့်သားရဲ့ စိုးရိမ်မှုအတွက်ကျေးဇူးတင်ပါတယ်။ ကျွန်မ ပိုကောင်းလာပါပြီ"
"အဲဒါကောင်းတယ်။မဟုတ်ရင် မင်း တခြားနေရာ ထပ်နာတယ်လို့ ပြောလာတဲ့အခါကျ ကိုယ် ထပ်ထွက်သွားရမှာကို စိုးရိမ်မိတယ်"
လူနာသည် လက်သီးကို မရည်ရွယ်ဘဲ ဆုပ်လိုက်မိကာ ရယ်မောပြီးတုံ့ပြန်လိုက်သည်။ သူဒေါသမထွက်နေသည်က ကံကောင်းသော်လည်း နောက်ပြောင်ခံရတာကတော့ ကျေနပ်စရာ မဟုတ်နေပေ။
ဒါပေမယ့် သူက ဒေါသမထွက်နေဘူးဆိုရင် ဒီကိုလာရတဲ့ သူ့ရည်ရွယ်ချက်က ဘာလဲ။ အလှုပ်ရှုပ်ခံပြီးလာလည်ရတဲ့အထိဆိုရင် တော်တော်အရေးကြီးတဲ့ ကိစ္စဖြစ်ရမယ်။
ထိုသို့တွေးရင်း လူနာသည် ကလ်လီယွန် ကို မှန်ဥယျဉ်ဆီ လမ်းညွှန်ဖို့ ကြိုးစားခဲ့လိုက်သော်လည်း ခြေတစ်လှမ်းမှမစရသေးခင်မှာပဲ အိမ်ရှေ့မင်းသားသည် သူ့လုပ်ငန်းကို အကောင်အထည်ဖော်လာခဲ့သညါ။
"တကယ်တော့ လေဒီလူနာက နောက်ထပ်ရွှေတွင်းတစ်ခု ရှာတွေ့တယ်လို့ ကိုယ်ကြားခဲ့ရတယ်။အဲ့တော့ သူမက ကိုယ့်ကို တစ်ခုလောက် ပေးနိုင်မလားလို့ ကိုယ်တွေးနေတာ"
TK Team (chapter 75)