Chapter 70
Viewers 9k

ဇာတ်လိုက်လား? ငါ သူ့ကို မလိုချင်ဘူး - အခန်း ၇၀


"ငါ ငါ...ငါ...!"

လူတိုင်း၏အာရုံစိုက်မှုအောက်တွင် ဖလော်ရီသည် ထစ်အထစ်အဖြင့် စကားဆက်မပြောနိုင်တော့ပေ။

သူမနှင့်အတူ အဝတ်အစားဆိုင်တွင် လူနာထံမှ ကြမ်းတမ်းစွာ ဆက်ဆံခံခဲ့ရသော ဝင်ဒီသည် သူမပါရောယောင်ငြိစွန်းခံရမည်စိုးသဖြင့် စောနထဲစပင် ထိုနေရာမှ ထွက်သွားခဲ့တာကြာပြီဖြစ်သည်။


ခင်မင်ရင်းနှီးသော မြို့စားအနွယ်ဝင်များပင်လျှင် သူမအတွက် ရပ်တည်ပေးဖို့အဆင့်သင့်မဖြစ်နေကြပေ။ ဆိုင်ယာတောင်မှ ထွက်ပြေးသွားခဲ့ရသော အခြေအနေတွင် ဘာ်သူကမှ ဖလော်ရီကို ကူညီဖို့မရှိခဲ့ကြပေ။

ရန်လိုလှောင်ပြောင်နေကြသော မျက်လုံးများ အလယ်တွင် ဖလော်ရီသည် တုန်တုန်ယင်ယင်ဖြင့် မျက်ရည်များကျလာပြီး ရုတ်တရက် ပေါက်ကွဲထွက်ကာ အော်ဟစ်လာတော့သည်။

"ငါ တကယ်ဘာအမှားမှမလုပ်ခဲ့ဘူး! ငါအမှန်ကိုပဲပြောခဲ့တာ! သခင်လေးက ငါနဲ့ ရင်းရင်းနှီးနှီး စကားပြောခဲ့ပြီးမှ ထွက်သွားခဲ့တာ"

"အံ့ဩစရာပဲ ငါ ဘယ်တုန်းက မင်းနဲ့ စကားပြောဖူးခဲ့လို့လဲ။ ငါ့နာမည်တောင် မသိတာကို ငါတို့ကရင်းရင်းနှီးနှီး စကားပြောခဲ့ကြတယ်လို့ မင်းဘယ်လိုလုပ်ပြောနိုင်ရတာလဲ"

အန်းသန့်စ်က သူမစကားကို ဖြတ်တောင်ပြီး မေးလိုက်၏။

သဘာဝအတိုင်းပင် ထိုသို့သောအမှန်တရားမရှိတာကြောင့် သူမပါးစပ်ပိတ်သွားလိမ့်မည်ဟု တွေးခဲ့သော်လည်း ဖလော်ရီသည် မတရားခံရသလို အော်ဟစ်လာခဲ့ပြန်သည်။

"အရွယ်ရောက်ခြင်းအခမ်းအနားပါတီတုန်းကလေ!အဲဒီနေ့တုန်းက ရှင် ကျွန်မကို တောင်းတောင်တောင်းပန်ခဲ့သေးတယ်လေ…"

ထိုမှသာ အန်းသန့်စ်သည် သူမဘယ်သူဖြစ်မှန်း သဘောပေါက်သွားခဲ့သည်။လူနာနှင့် တွေ့ရန်အလျင်လိုနေချိန်တွင် သူလိုင်းကျော်ခဲ့သော ရထားပိုင်ရှင်ဖြစ်သည်။

ဖလော်ရီ၏စကားများက သူတို့ကြားတွင် တကယ်ပဲ တစ်ခုခုရှိနေသလိုမျိုးဖြစ်နေပြီး လူနာသည် အန်းသန့်စ်အား မြန်မြန်အဖြေပေးရန်တွန်းအားပေးခဲ့သည်။

သူက တကယ်ပဲ ဖလော်ရီနဲ့ ရင်းရင်းနှီးနှီး စကားပြောခဲ့တာဆိုရင် သူတို့ ဒီဖြစ်ရပ်အတွက် ဆိုင်ယာနှင့် ဖလော်ရီကိုပဲ လုံးလုံးအပြစ်တင်လို့ မရပေ။ သို့သော်...

"ဟ…! အဲ့တုန်းက ငါတို့ စကားနှစ်ခွန်း၊သုံးခွန်းပဲ ပြောခဲ့ဖူးတာ မဟုတ်ဘူးလား။ငါ့အထင် အဲ့တုန်းက မင်းက ငါ့ကိုရထားလိုင်းကျော်တဲ့အတွက် ဒေါသထွက်နေတာလေ။ငါ မင်းကို အဲ့ဒီအတွက်တောင်းပန်ခဲ့ပြီး ပြီးသွားတာမဟုတ်ဘူးလား"

"ဒါပေမယ့် အဲ့လိုဆိုတောင်.. သခင်လေးက ကျွန်မကို ပြုံးပြခဲ့တယ်လေ"

"ဒါဆို ငါ အမှားလုပ်ပြီး ပြန်တောင်းပန်တာကို ပြုံးမပြလို့ ဒေါသထွက်ပြရမှာလား။ အခုမျိုးလေ"

အန်းသန့်စ်သည် အစစ်အမှန်စိတ်အနှောက်အယှက်ဖြစ်နေသလိုမျိုး သူ့နဖူးကို ပွတ်သပ်ရင်း သက်ပြင်းချလိုက်သည်။

ဒီလိုစိတ်ပျက်စရာကောင်းတဲ့လူမျိုးကို သူမတွေ့ခဲ့ရတာ တော်တော်ကြာပြီ။ ဖယ်ဆန်လောက်တော့ မဟုတ်ပေမယ့် သူနဲ့ အဆင့်တူပေသည်။

"အိုး ဘုရားရေ…"

"ငါ့ဘဝမှာ ဒီလို ရယ်စရာကောင်းတဲ့ အကြောင်းပြချက်မျိုး ကြားရတာ ဒါပထမဆုံးပဲ"

လူတိုင်းက ဖလော်ရီ၏ အဓိပ္ပါယ်မဲ့သော တုံ့ပြန်မှုအပေါ် မကူညီနိုင်ဘဲ ရယ်မောခဲ့ကြတော့သည်။ 

ဒီတော့...သူမက စကားလေးနည်းနည်းပဲဖလှယ်ခဲ့ရတာကို တခြားမိန်းမဆီက ခိုးယူခံရတယ်ဆိုပြီး မတရားခံရသလိုမျိုး လာငြင်းခုံနေတာလား။

သူတို့ သရော်လှောင်ပြောင်နေကြပေမယ့် ဒါက အတော်လေး စိတ်ဝင်စားဖို့ကောင်းကြောင်း ရှာတွေ့ခဲ့ကြသည်။တကယ်တော့ ပါတီပွဲများ တက်ရောက်ရသောအကြောင်းအရင်းမှာ ထိုကဲ့သို့ ဟာသပြကွက်များကို ကြည့်ရှုရန်သာဖြစ်သည်။

ယခု သူတို့အတွက် နှစ်အနည်းလောက်အထိ ရယ်မောပြောဆိုစရာ တစ်ခုခုရသွားပြီဖြစ်သည်။လူတိုင်း ပျော်ရွှင်နေကြစဉ် ဖလော်ရီသည် အရှက်ရမှုကို သည်းမခံနိုင်တော့ဘဲ ကျယ်လောင်စွာ ငိုတော့သည်။

အလွန် ဂုဏ်သိက္ခာကျဆင်းဖို့ကောင်းပေ၏။သူမ ရှက်ရွံ့ပြီး ထွက်ပြေးသွားတာကမှ ပိုကောင်းအုံးမည်ဖြစ်သည်။

ထို့နောင်တွင်...

"ဖ-ဖလော်ရီ!"

နောက်ကျမှ ပေါ်လာသော ဗိုင်းကောင့်ဖလော်ရာမြို့စားသည် ကျယ်လောင်စွာ ငိုနေသော သူ့သမီးကို ခေါ်လာခဲ့သည်။

"အာ အဖေ…!”

မျက်နှာကို လက်ထဲ မြှုပ်ထားပြီး ငိုနေခဲ့သော ဖခော်ရီက ဗိုင်းကောမြို့စားထံသို့ အပြေးသွားပြီး သူ့ကိုဖက်လိုက်၏။ ဗိုင်းကောင်းမြို့စား နှင့် ဗိုင်းကောင့်မြို့စားကတော်တို့သည် သူတို့၏ ရှုပ်ထွေးနေသောအမူအရာများကို ဖုံးကွယ်မထားနိုင်ခဲ့ပေ။

ပါတီမစခင်တုန်းက အသိမိတ်ဆွေတွေကို သွားနှုတ်ဆက်မယ်လို့ ပြောခဲ့သော်လည်း အခုတော့ ဖလော်ရီသည် လူတိုင်းရှေ့တွင် ထိုင်ပြီးငိုကြွေးနေခဲ့သည်။

"ဗိုင်းကောင့်ဖလော်ရာမြို့စားက သူ့သမီး အဖြစ်အပျက်နဲ့ပတ်သက်ပြီး သိထားလားလို့ သိချင်လိုက်တာ"

"အင်း... ငါမြင်သလောက်ကတော့ သူတို့ အခုအခြေအနေကိုတောင် နားမလည်သေးဘူးလို့ထင်တယ်"

"အမှန်ပဲ သူတို့သာသိရင် ချက်ချင်းတောင်းပန်လိမ့်မှာ"

သို့သော် နောက်ပိုင်းတွင် တစ်စစ ထွက်လာသော ဝေဖန်မှုများကြောင့် ဗိုင်းကောင်းမြို့စား နှင့် ဗိုင်းကောင့်မြို့စားကတော်တို့သည် ဖလော်ရာက အမှားတစ်ခုခုလုပ်ခဲ့မိမှန်း သဘောပေါက်သွားခဲ့ကြသည်။

သူတို့သည် ကဲလ်ရင်နှင့် ကောင်းမွန်သောဆက်ဆံရေးရှိခဲ့သော်လည်း ဖလော်ရီက ကဲလ်ရန်၏ အကြိမ်ကြိမ်လာလည်းမှုကိုအမြဲငြင်းဆိုခဲ့ပြီးနောက် သူတို့သည် တစ်ခုခုတော့လွဲချော်နေပြီဖြစ်၍ သူတို့သမီးက အပြင်တွင် အမှားတစ်ခုခု လုပ်ခဲ့မိသည်ဟု ခံစားခဲ့ရသည်။

ယခုကြည့်ရသလောက် သူတို့ပြန်ရောက်သည်နှင့် ဖြစ်ပျက်ခဲ့သမျှကို သေချာစစ်ဆေးတာက ပိုကောင်းလိမ့်မည်ဟုတွေးလိုက်သည်။

ခက်ထန်သောအကြည့်များနှင့်အတူ ဗိုင်းကောင်းမြို့စားသည် ဖလော်ရာကို အလျင်အမြန်ခေါ်ထုတ်ကာ ထိုနေရာမှ ထွက်ခွာသွားခဲ့သည်။ တလျှောက်လုံး ဘေးနားတွင် တောင့်တင်းနေခဲ့သော ဗိုင်းကောင့်မြို့စားကတော်ကလည်း ဦးညွှတ်တောင်းပန်ကာ ဗိုင်းကောင်းမြို့စားနောက်သို့ လိုက်သွားခဲ့သည်။

"ကြည့်ရတာ မိဘတွေကတော့ ရည်မွန်တဲ့သူတွေပဲဖြစ်ရမယ်"

၎င်းသည် ဘာဖြစ်ခဲ့မှန်းကို အကြမ်းဖျင်းကြားပြီးတာနှင့် ရှက်ရွံ့စွာ ထွက်ပြေးသွားတာနှင့်ပိုတူသည်။မည်သို့ပင်ဆိုစေကာမူ သူတို့သမီးလောက်တော့ မထူးဆန်းပေ။

အခြေအနေ ပြေလည်သွားသောအခါ ပွဲကြည့်နေသူများလည်း အသီးသီး မှတ်ချက်ချကြပြီး ရယ်ကာမောကာဖြင့် လူစုခွဲလိုက်ကြသည်။

နောက်ဆုံးတော့ ပြီးသွားပြီ။

လူနာက သက်ပြင်းတစ်ချက်ချကာ တွေးလိုက်သည်။

အစက သူတို့လက်ညှိုးထိုးခံခဲ့ရသော်လည်း လှောင်ပြောင်မှုများနှင့် ဝေဖန်မှုများက ဆိုင်ယာ နဲ့ ဖလော်ရီဆီသို့ ပြောင်းလဲသွားခဲ့သည်။

ဆဲဆိုခြင်းနှင့် နောက်ကွယ်မှာပဲ ပုန်းအောင်းနေခြင်းထက် တစ်ခါထဲကိစ္စကို အပြတ်ရှင်းတာက အမှန်ပင် ပိုကောင်းပုံရသည်။

အစောထဲစ ရှင်းရှင်းလင်းလင်းပြောခဲ့ပါက ဆိုးရွားသော ကောလဟာလများ ပျံ့နှံ့လာမည်မဟုတ်ပေ။ လူနာသည် ခဏလောက်နောင်တရနေချိန်တွင် အန်းသန့်စ်က မသာမယာအမူအရာဖြင့် မေးလာခဲ့သည်-

"အခုလေဒီရဲ့ သံသယက ရှင်းသွားပြီလား"

အန်းသန့်စ်သည် ဖြစ်ပျက်ခဲ့တာနဲ့ ပတ်သက်ပြီး ဝမ်းနည်းနေပုံရပေမယ့် လူနာ ထိုသို့ကိစ္စမဟုတ်ကြောင်း ရှင်းပြလိုက်သည်။

"အဲ့ဒါက သံသယဖြစ်တာမဟုတ်ဘူးလေ မြန်မြန်ရှင်းပြဖို့ အသနားခံတာပဲကို။ ဘာသံသယလဲ"

အမှန်တော့ သူမလည်း သံသယအနည်းငယ်ရှိခဲ့သည်။အဲ့ဒါက အခြားသူနှင့် ရင်းနှီးခဲ့တာကြောင့် မဟုတ်ဘဲ ဖလော်ရီနှင့် ပြောခဲ့တာကို သူမေ့သွားခဲ့တာလားဟုတွေးမိလို့ဖြစ်သည်။

ဒါပေါ့ ဒါက ကျိုးကြောင်းဆီလျော်သည့် သံသယတစ်ခုပင်ဖြစ်သည်။

ဘယ်လောက်ပဲ အချိန်တိုတိုလေးဖြစ်ပါစေ သူ ဖလော်ရီကို မမေ့ခဲ့ဘူးမလား။ ဒါ့အပြင် သူအလှတရားတွေကို သုံးပြီး စကားပြောကောင်းခဲ့သေးတာပဲ။

သို့သော် အန်းသန့်စ်ကြာခဏအသုံးပြုသည့် အလှတရားဖြင့် ပြန်လည်တုံ့ပြန်လာချိန်တွင် ထိုသို့သောခံစားချက်များကို ဖုံးကွယ်ထားလိုက်သည်။ အန်းသန့်စ်က လူနာကို ခဏလောက်စိုက်ကြည့်ပြီး သက်ပြင်းချကာ သူလက်ကိုဆန့်လိုက်သည်။

"ဘာလဲ"

"ကိုယ်တို့ ပင်မခန်းမကို သွားရမယ်လေ။ ပါတီစတော့မယ်"

သူမ စဉ်းစားကြည့်လိုက်မှ ပါတီက ခုထိမစသေးမှန်းသိလိုက်သည်။

ရုတ်တရတ်ဖြစ်ခဲ့သောအဖြစ်အပျက်က သူမကို နည်းနည်းပင်ပန်းသွားစေသော်လည်း ဒီပါတီပွဲက သူမပထမဆုံး တက်ရောက်သည့် နှစ်သစ်ပါတီဖြစ်တာကြောင့် ဘယ်လိုလဲဆိုတာ သိချင်မိသည်။

"ပြီးတော့လည်း..."

အန်းသန့်စ်က ပတ်ဝန်းကျင်ကို အကြည့်ပြလိုက်သည်။ သူဆိုလိုသည်မှာ သူတို့သည် တိရစ္ဆာန်ရုံမှ မျောက်များလိုဖြစ်နေသောကြောင့် ပြောင်းရွှေ့ရန် အချိန်တန်ပြီဟုဖြစ်သည်။

ထို့ကြောင့် လူနာလည်း ဘာမှမပြောတော့ဘဲ အန်းသန့်စ်၏လက်ကိုကိုင်ကာ ပင်မခန်းမဆီသို့ အတူသွားခဲ့လိုက်သည်။

* * *

"လေဒီပဲလ်"

သူတို့ ပင်မခန်းမထဲသို့ ဝင်လာချင်းပင် မားကွစ်ဗင်းဆင့်မြို့စားကတော်က လူနာကို စကားပြောလာခဲ့သည်။ မားကွစ်မြို့စားကလည်း သူမနှင့်အတူရှိနေသည်။

နေဗီပြာရောင်နှင့် ဒီဇိုင်းဆင်တူဝတ်ဆင်ထားကြသော မားကွစ်စုံတွဲက အန်းသန့်စ်ကို ထိပ်လန့်နေသော ယုန်မျက်လုံးများကဲ့သို့ကြည့်ပြီး လူနာကို နှုတ်ဆက်လာခဲ့သည်။

"ဘုရားရေ...အရမ်းလှတာပဲ။ဆံပင်ပေါ်မှာ ဘာတွေဖြူးထားတာလဲ။ လင်းလက်တောက်ပနေတော့ မတတ်နိုင်ဘဲ ခဏခဏကြည့်ချင်နေရော။နေကောင်းရဲ့လား"

"အာ ဟုတ်ကဲ့ ကျေးဇူးပါ။ ကျွန်မ အဆင်ပြေပါတယ်။ မြို့စားကတော်ရဲ့ ဂါဝန်ကလည်း အရမ်းလှတာပဲ။။ မားကွစ်မြို့စားနဲ့ဆင်တူလားမသိဘူး"

"အမှန်ပဲ။ နှုတ်ဆက်ကတ်အတွက်လည်း ကျေးဇူးပါ။ ပြန်ဖြေမယ်လို့ မမျှော်လင့်ထားပေမယ့် မင်းက အရမ်းကြင်နာစွာနဲ့ ပေးခဲ့တာပဲ။ အဲဒါက ငါ့ကို အရမ်းပျော်စေတယ်"

မားကွစ်ဗင်းဆင့်မြို့စားကတော်သည် ရို့စ်မယ်ရီကို ပြန်စာရရန် နှောင့်ယှက်ခဲ့တာက သူမမဟုတ်သလိုမျိုး တောက်ပစွာ ပြုံးပြီးပြောလာခဲ့သည်။

ထို့ကြောင့် လူနာကလည်း သူမ၏ ကျေးဇူးတင်စိတ်ကို စိတ်ရင်းမှန်ဖြင့် ဖော်ပြခဲ့သည်။

"အဲ့ဒါက ဘာမှမဟုတ်ဘူးရယ်။ကျွန်မကသာ မြို့စားကတော်ဆီက နှုတ်ခွန်းဆက်ကတ်လေးရလို့ တကယ်ပျော်နေရတာပါ။ ကျေးဇူးအများကြီးတင်ပါတယ်"

သူတို့သည် စုံတွဲတစ်တွဲဖြစ်ကြောင်း သေချာစွာပင် မားကွစ်မြို့စားကလည်း အမှန်တရားကို ထုတ်ဖော်ပြောဆိုခြင်းမရှိပေ။ထို့အပြင် သူက ဒီလိုအသေးအဖွဲကိစ္စထက် တခြားအရာကို ပိုစိတ်ဝင်စားနေခဲ့သည်။

"…အန်းသန့်စ်"

၎င်းက ဆယ်နှစ်ခန့်အကြာတွင် ပထမဆုံးပြန်တွေ့ခဲ့ရသော သူ၏သား အန်းသန့်စ်ပင်ဖြစ်သည်။

သူတို့အလည်သွားသည့်အခါတိုင်း သကအမြဲတမ်းတစ်နေရာရာသို့ သွားနေတာနဲ့ပဲတိုးခဲ့ရပြီး သားအကြီးဆုံး၏မျက်နှာကို ကောင်းစွာမမြင်နိုင်ခဲ့သော မားကွစ်မြို့စားသည် ရောထွေးနေသောခံစားချက်များဖြင့် သူ့ကိုခေါ်လိုက်သည်။

"မင်း ကောင်းကောင်းနေနေပုံပဲ"

"…"

ထိုအပေါ်တွင် အန်းသန့်စ်က မည်သို့မျှမတုံ့ပြန်ဘဲ မားကွစ်မြို့စားကို ခဏစိုက်ကြည့်ပြီးနောက် သူ့အကြည့်များကို ရွှေ့လိုက်သည်။သူ့ဘေးနားရှိ လူနာကသာ ရှက်သလို ခံစားလိုက်ရသည်။

"ကြည့်ရတာ အချိန်အကြာနေမှ ပြန်တွေ့ရတာ ရှက်စရာကောင်းတဲ့ပုံပဲ။သခင်လေးက ရှက်နေတာဖြစ်မယ်"

"အိုး…လေဒီ"

မသက်မသာအခြေအနေကြီးကြောင့် လူနာက တောက်ပစွာပြုံးပြီး ဟာသလုပ်လိုက်ချိန်တွင် အန်းသန့်စ်က သူမကို မျက်နှာတည်တည်ကြီး ပေးလာခဲ့သည်။

ပုံမှန်အားဖြင့် သူသည် သူမဟာသပြောပါက ပြုံးပြုံးရွှင်ရွှင်ဖြင့် တုံ့ပြန်လေ့ရှိသည်။

လူနာက ထိုခံစားချက်ကို လုံးဝမကြိုက်တာကြောင့် ပါးစပ်ကိုပိတ်လိုက်တော့သည်။ မူရင်းဇာတ်ကြောင်းတွင် ကောင်းစွာမဖော်ပြထားသော မိသားစုဇာတ်လမ်းဖြစ်သောကြောင့် သူမ ပေါ့ပေါ့ဆဆ မပြောရဲပေ။

သူမသည် ဤကဲ့သို့သော လေထုကို ချောမွေ့အောင် မစွမ်းဆောင်နိုင်ခဲ့သောကြောင့် အဆင်မပြေစွာ ပြုံးလိုက်သည်။ မားကွစ်မြို့စားကတော်က လူနာ၏စိတ်ကို ဖတ်လိုက်နိုင်သောကြောင့် ရာသီဥတုအကြောင်းကို အဓိပ္ပာယ်မဲ့စွာ ပြောဆိုလာတော့သည်။

"ရာသီဥတုက ကောင်းလို့ စိတ်သက်သာရာရမိတယ်။ဆောင်းရာသီမှာ ပူနေလို့ မိုးရွာရင် ဘယ်လိုလုပ်မလဲ စိတ်ပူနေတာ"

"အိုး အမှန်ပဲ။ မိုးသာရွာရင် အချိန်အတော်ကြာအောင် ဝတ်ရတဲ့ ဂါဝန်က ပျက်စီးသွားလိမ့်မယ်ရယ်"

၎င်းကို လူနာက အလျင်စလို ပြန်တုံ့ပြန်လိုက်သည်။

ကံကောင်းထောက်မစွာဖြင့် မားကွစ်မြို့စားကတော် နှင့် မားကွစ်မြို့စား တို့သည် အန်းသန့်စ်၏အေးစက်သောတုံ့ပြန်မှုကိုစိတ်၀င်မစားခဲ့ပေ။ ဆန့်ကျင်ဘက်အနေဖြင့် အန်းသန့်စ်က ရုပ်ပိုင်းဆိုင်ရာအရ ကျန်းမာနေပုံရတာကို တွေ့ရတာကြောင့် သူတို့ စိတ်သက်သာရာရသွားခဲ့ပုံရသည်။

သူတို့က မိဘကောင်းများဖြသ်ပုံပေါက်သောကြောင့် လူနာ သူတို့ကြား ဘာလို့ဤမျှလောက် ရှုပ်ထွေးနေရတာလဲဟု တွေးမိသည်။အလွန်သိချင်မိသောအခိုက်အတန့်ဖြစ်ခဲ့သည်။

"လေဒီလူနာ!"

ရို့စ်မယ်ရီက ပင်မခန်းမထဲသို့ ကမန်းကတန်းဝင်ရောက်လာပြီး အလွန်လေးနက်နေပုံရသဖြင့် မကြာသေးမီက ဖြစ်ခဲ့သမျှကို သူမကြားခဲ့ပုံရသည်။

"နင် အဆင်ပြေရဲ့လား"

သေချာစွာပင် သူမက လူနာဆီကို အမြန်သွားပြီး လူနာ၏ အခြေအနေကို ချက်ချင်းစစ်ဆေးလာခဲ့သည်။

သူမကြားခဲ့ရသည့် ရယ်စရာကောင်းသော စွပ်စွဲချက်ကြောင့် တော်တော်လေး စိတ်ပူနေမိခဲ့သည်။ထို့ကြောင့် မားကွစ်မြို့စားကတော်က ရှုပ်ထွေးစွာဖြင့် အကြောင်းရင်းကို မေးလာခဲ့သည်။

"ဘာဖြစ်ခဲ့တာလဲ"

"လေဒီလူနာကို လိမ်လည်စွပ်စွဲခဲ့ကြတာလေ။ ဒါပေမယ့် သူမက အဲ့ဒါကို စမတ်ကျကျနဲ့ ကောင်းကောင်း ဖြေရှင်းနိုင်ခဲ့တယ်လို့ ကြားခဲ့ပေမယ့် သမီးနဲ့ဝေးနေချိန်မှာဖြစ်ခဲ့တာမို့ စိတ်မပူဘဲမနေနိုင်ဘူး"

ရို့စ်မယ်ရီက တုံ့ပြန်ပြီး အန်းသန့်စ်၏လက်ကို တွန်းထုတ်ကာ လူနာ၏လက်ကို ဆုပ်ကိုင်လိုက်သည်။

"ကြားခဲ့ရသလောက်တော့ ငါ့အစ်ကိုက ပြဿနာကိုဖြစ်စေခဲ့တဲ့သူဆိုပဲ။သူက လူတွေကို ပျော်အောင်လုပ်နိုင်တာတင်မကဘူး ဒုက္ခလည်း ရောက်စေနိုင်တဲ့ပုံပဲနော် ဟုတ်တယ်မလား"

ရို့စ်မယ်ရီက လူနာနှင့် အန်းသန့်စ်ကြားဝင်ကာ နှစ်ယောက်ကို ခွဲခဲ့လိုက်သည်။

"မင်း အခြေအနေအကုန်လုံးကို ကြားခဲ့တယ်မဟုတ်ဘူးလား။အဲ့ဒါက နားလည်မှုလွဲခဲ့တာပဲဆိုတာ သိသင့်တယ်"

အန်းသန့်စ်က စိတ်တိုသွားပြီး သူမဘာလုပ်နေတာဟု မေးလာခဲ့သောကြောင့် ရို့စ်မယ်ရီလည်း တစ်ဆို့သွားပြီး ပြန်တုံ့ပြန်ခဲ့လိုက်သည်။

"နင် အစထဲစ နားလည်မှုလွဲအောင်လွဲအောင် မလုပ်ခဲ့သင့်ဘူးလေ။ ငါ့လိုမျိုး! ငါဆို လေဒီလူနာကို ဘယ်တုန်းကမှ ဒုက္ခမပေးဖူးဘူးဟုတ်တယ်မလား"

"လေဒီလူနာကရော အဲ့လိုမျိုး တွေးနေရဲ့လားဆိုတာ မေးခွန်းထုတ်စရာပါပဲ။အခု သူမကိုကြည့်ရတာ အရမ်းအဆင်မပြေ သလိုဖြစ်နေပုံပဲ"

အန်းသန့်စ်၏ တိုက်ခိုက်လာသော စကားများအောက်တွင် ရို့စ်မယ်ရီက လူနာကိုစိုက်ကြည့်ခိုက်သည်။သူမ၏ ခွေးပေါက်လေးလို မျက်လုံးရွဲကြီးများက ငြင်းဆိုပေးရန် တောင်းဆိုနေဟန်ဖြစ်နေသည်။

"ဟင့်အင်း အဆင်မပြေသလိုမဖြစ်ပါဘူး"

ထို့ကြောင့် သူမက ထိုကဲ့သို့ တုံ့ပြန်ချိန်တွင် ရို့စ်မယ်ရီ အန်းသန့်စ်ကိုလှောင်ပြောင်ခဲ့လိုက်သည်။

"ကဲ ကြားတယ်မလား။အဲ့ဒီတော့ အခုကစပြီး လေဒီလူနာက ငါနဲ့အတူတူ နေတော့မှာ"

"…ဘာဖြစ်တယ်"

အန်းသန့်စ်က ၎င်းကို အဓိပ္ပာယ်မရှိသောအရာလို တုံ့ပြန်ခဲ့သေည်လည်း ဘာမှဂရုမစိုက်သော ရို့စ်မယ်ရီက လူနာ၏လက်မောင်းကိုဆွဲပြီး တစ်နေရာရာကို ခေါ်သွားရင်း အကြံပြုလာခဲ့သည်။

"လေဒီလူနာ ငါတို့ နောက်ဆုံးတစ်ခေါက်ကသောက်ခဲ့တဲ့ ဖျော်ရည်ကိုပဲ ပြန်သောက်ကြမလား။ ဒါမှမဟုတ် ဝိုင်ဆိုရင်ရော ဘယ်လိုလဲ။နင် ဝိုင်ကြိုက်တယ်မလား"

သူတို့နောက်မှာတော့ အန်းသန့်စ်က ဒေါသတကြီး လိုက်ပါလာခဲ့သည်။ သူတကယ် သူတို့နှင့် မလိုက်ချင်သော်လည်း ပါတီကို သူတက်ရသည့် တစ်ခုတည်းသော အကြောင်းပြချက်မှာ လူနာပင်ဖြစ်သည်။

မမျှော်လင့်ဘဲ ရို့စ်မယ်ရီ၏ ဝုန်းဒိုင်းကြဲမှုကျေးဇူးကြောင့် အန်းသန့်စ်ကို အနည်းငယ် ပိုစောင့်ကြည့်ရန် အခွင့်အရေးရလာသဖြင့် မားကွစ်မြို့စား နှင့် မားကွစ်မြို့စားကတော်တို့ကလည်း သူနောက်သို့ တိတ်တဆိတ် လိုက်လာခဲ့ကြသည်။

TK Team