Chapter 102
Viewers 14k

🌌Extra 16.1

ကမ္ဘာမြေ အပိုင်း (၁)



"သခင်လု...ဟွားမင်နဲ့ ချန်းရှန်တို့..."


"သခင်...''


"လုမော့...လုမော့...မင်း ဘာဖြစ်နေတာလဲ..."


" ဖေဖေသခင်..."


ရုန်းရင်းဆန်ခတ်ဖြစ်မှုအားလုံးက ရေအောက်တွင် နစ်မြုပ်သွားပြီး လုမော့ ရုတ်တရက် သူ့မျက်လုံးများကို ဖွင့်လိုက်၏။


သူ အသက်ရှုသံ ပြင်းပြင်း တစ်ချက်ကို တဒုန်းဒုန်းရင်ခုန်သံနှင့်အတူ ကြားလိုက်ရသည်။


ခဏအကြာတွင် ၎င်းက သူ၏ ကိုယ်ပိုင်အသက်ရှူသံဖြစ်သည်ကို သတိရသွားပြီး သူ့နှလုံးခုန်သံကလည်း မြန်ဆန်နေ၏။


သူက မြေအောက်ခန်းမှ ခေါက်ကုတင်ပေါ်တွင် လှဲလျောင်းနေပြီး အလင်းရောင်မှိန်မှိန်က နေရာတစ်ခွင်လုံး လင်းထိန်နေသည်။ ပြတင်းပေါက်အပြင်ဘက်မှ ရင်းနှီးသော အော်ဟစ်သံများက မိုးသံများနှင့် ရောထွေးနေ၏။


ဤအရာအားလုံးက လုမော့၏ ဦးနှောက်ထဲရှိ နာကျင်မှုကို ပြင်းထန်လာစေ၏။


သူစောင်ကို မ'လိုက်ပြီး ခေါင်းကို အုပ်လိုက်သည်။


အာ...ဒါ အိပ်မက်တစ်ခုပဲ...


သူက ထူးဆန်းသောအိပ်မက်တစ်ခု မက်ခဲ့သော်လည်း သူ နိုးလာသည်နှင့် အိပ်မက်က သူ့လက်ချောင်းများကို ဖြတ်သွားသော သဲကဲ့သို့ ပျောက်ကွယ်သွား၏။


သူဘာမှ မမှတ်မိချေ။


လုမော့က နှစ်အတော်ကြာ နေမကောင်းဖြစ်ခဲ့ပြီး အဖျားကြီးကြီး ဖျားခဲ့၏။


အဖျား ၃၉ ဒီဂရီအထိဖြစ်သွား၍ နီမြန်းနေသော မျက်နှာဖြင့် ဆေးခန်းငယ်လေးတွင် ရပ်နေသော သူ့ကို မြင်သူတိုင်းက ဤသို့ပြောကြသည်။

"အို... လူငယ်လေး...မင်းရဲ့ အနီရောင်နဖူးမှာ...ဖီးနစ်ကြယ်နီက လှည့်နေတယ်..."


"ဒီနေ့ မင်းသေချာပေါက် ကြီးကျယ်တဲ့ အိမ်ထောင်ရေးကံကြမ္မာကို ရလိမ့်မယ်..."


ဆရာဝန်က သူ့ကို စူပါဘက်တီးရီးယားများ မွေးဖွားလာမှုနှင့် ခုခံအားစနစ်၏ အားနည်းမှုကို လျစ်လျူမရှုဘဲ ဆေးထိုးရန် အကြံပေးခဲ့၏။ ၎င်းက သေရေးရှင်ရေးကိစ္စပင်။


လုမော့က သူ့မေးစေ့ကို လည်စည်းထဲတွင် မြှုပ်ထားပြီး အနက်ရောင်မျက်လုံးများဖြင့် ဆရာဝန်ကို ရိုးရိုးသားသား ကြည့်လိုက်၏။

" ကျွန်တော့်ရဲ့ လူမှုဖူလုံရေးငွေက အကျုံးဝင်မှာလား..."


ဆရာဝန် : "အကျုံးဝင်မှာပါ..."


လုမော့က သူ့အင်္ကျီလက်များကို ပြတ်ပြတ်သားသား လှန်လိုက်သည်။

 "ဒါဆို လုပ်လိုက်ကြတာပေါ့..." 


ဒေါက်တာ : "မင်းမျက်လုံးတွေက အစိမ်းရောင်တောက်နေပြီ..."


လုမော့က တည်ငြိမ်စွာ ပြောလိုက်၏။

 "ကျွန်တော် ဝိတ်ချနေလို့ပါ..."


သူဌေးက သူ့ကို ပိုက်ဆံမပေးသည့်အတွက် ဤလတွင် သူ့၌ ပိုက်ဆံမရှိခြင်းကြောင့် မဟုတ်ပေ။


လုမော့က ပလပ်စတစ်အိပ်စင်ပေါ်တွင် ငြိမ်သက်စွာ ထိုင်နေပြီး တွဲလောင်းချထားသောပြွန်ထဲမှ ဖောက်ထွင်းမြင်ရသောအရည်များက ပုံသေသတ်မှတ်ထားသော စည်းချက်အတိုင်း အရှိန်အဟုန်ဖြင့် သူ့ခန္ဓာကိုယ်ထဲသို့ လျင်မြန်စွာ စီးဆင်းသွားသည်။


ထိုအချိန်တွင် လုမော့က အရာအားလုံးအကြောင်းတွေးနေမိသည်။


သီအိုရီအရဆိုလျှင် လုမော့က ထိုသို့စိတ်ဆင်းရဲစရာကောင်းသော အခြေအနေမျိုး မဖြစ်သင့်ချေ။


သူက ငယ်ရွယ်ပြီး အရည်အချင်းရှိ၏။ အသက်နှစ်ဆယ်တွင် သူက  နိုင်ငံခြားဘာသာစကားများစွာကို ကျွမ်းကျင်စွာ တတ်မြောက်ခဲ့သည်။


ကောလိပ်ကျောင်းတက်စဉ်တွင် သူက ဘာသာစကားမျိုးစုံ၏ နေ့စဥ်အတန်းများတွင် အခြားသူများကို အစားထိုး၍ စာသင်ပေးခြင်းဖြင့် ငွေရှာခဲ့သည်။


တစ်ချိန်က အငြင်းပွားမှုတစ်ခုတွင် သူက ကြင်နာသော စကားလုံးများကိုဖော်ပြရန် ဘာသာစကားခုနစ်မျိုးပေါင်းစပ်၍ ကျိန်ဆဲသည့်စကားတစ်ခွန်းမျှမဆိုဘဲ အခြားသူ၏ မိသားစုထံ နှုတ်ဆက်စကားပေးပို့ခဲ့သည်။ လုမော့က ထိုတိုက်ပွဲတွင် နာမည်ကြီးလာခဲ့သည်။


ထိုအချိန်မှစ၍ ကျောင်းလုံခြုံရေးအစောင့်များက လုမော့၏ ချောမောသောမျက်နှာကို မှတ်မိလာခဲ့သည်။


ရလဒ်အနေဖြင့် သူက အလုပ်လက်မဲ့ဖြစ်ကြောင်း တရားဝင်ကြေညာခံရပြီး အစားထိုးဆရာ အဖြစ်မှ အလုပ်ပြုတ်သွားပေသည်။


ဘွဲ့ရပြီးနောက်ပိုင်း ထိုသို့ကံဆိုးမှုမျိုးက သူ့ပတ်ဝန်းကျင်တွင် အမြဲရှိနေပုံရ၏။


သူက အထောက်အထားမရှိသော ကုမ္ပဏီငယ်အမျိုးမျိုးတွင် အမြဲအလုပ်လုပ်နေရပြီး ဤပထမအဆင့်မြို့၌ ရုန်းကန်နေရကာ အနည်းဆုံးလစာကိုသာ ရရှိခဲ့သည်။


ဖြတ်သွားဖြတ်လာများပင် ၎င်းကို သည်းမခံနိုင်ဘဲ အသက်မွေးဝမ်းကြောင်းပြောင်းရန် အကြံပေးခဲ့၏။


" မင်းရဲ့ပုံစံနဲ့ ဘာလို့များ နာမည်ကြီး မဖြစ်တာလဲ…"


လုမော့က ပေါ့ပေါ့ပါးပါး ပြန်ဖြေခဲ့၏။

"ငါ ကြိုးစားခဲ့ပေမယ့် တစ်ယောက်ယောက်က ငါ့ကို ပြန်လာဖို့ တွန်းအားပေးခဲ့တယ်...ငါ ဒီလောက်ဉာဏ်ကောင်းပုံမျိုးနဲ့ဆိုရင် ပွဲစားဖြစ်ရင် ပိုကောင်းမယ်လို့ ပြောကြလို့လေ…"


အကြောဆေး ထိုးပြီးသွားချိန် လုမော့က သူ့ဖုန်းကို ထုတ်၍ ဘေလ်ကို ပေးချေပြီး သူ့အိတ်ကပ်ထဲမှ ပစ္စည်းများစွာကို ရှုပ်ပွသွားစေသည်။


သော့များ၊ အကြွေစေ့များ၊ စီးကရက်ဘူးပြားတစ်ခု၊ ပလပ်စတစ်မီးခြစ်တစ်ခု၊ ရှုပ်ယှက်ခတ်နေသော နားကြပ်များ၊ ခေါက်ထားသော ပြေစာဟောင်းများနှင့် ပီကေပါသော သတ္တုပြားထုပ်များပင်။


စားပွဲပေါ်တွင် ပြန့်ကျဲနေသော တိုလီမိုလီများက လုမော့ကို အရှက်ရစေ၍ သူ့မျက်နှာ အနည်းငယ်နီလာသည်။


သူ့လည်စည်းပဝါကို တင်းတင်းကြပ်ကြပ် ချည်လိုက်ပြီး သူ့အိတ်ကပ်ထဲသို့ အရာအားလုံးကို တိတ်တိတ်လေးထည့်ကာ စကားတစ်ခွန်းမှ မပြောဘဲ ငွေရှင်းပေးလိုက်၏။


ထို့နောက် ထွက်ပြေးသွားသလိုမျိုး  ဆေးခန်းငယ်လေးထဲမှ ထွက်သွား၏။


ဆရာဝန်က လုမော့၏ အလျင်စလို ထွက်ခွာသွားပုံကို ကြည့်ပြီး သူ့နဖူးကို ဒွိဟဖြစ်စွာ ထိလိုက်၏။

"သူ့မျက်လုံးတွေက တကယ်ကြီး အစိမ်းရောင်တောက်နေတာကို..."


.............


ကော်ပိုရိတ်ကျွန်တစ်ဦး၏ အခက်အခဲမှာ အဖျား ၃၉ ဒီဂရီရှိလျှင်ပင် အလုပ်သို့ အမြန်သွားရခြင်းဖြစ်သည်။


[ T/N - ကော်ပိုရိတ်ကျွန်( corporate slave )ဆိုတာ အလုပ်ကို အသေအကြေလုပ်ရပေမယ့် လုပ်ခလစာနည်းနည်းပဲရတဲ့ ကုမ္ပဏီဝန်ထမ်းတွေကို ပြောတာပါ - ဂျပန်လူမျိုးအများစု သုံးကြတဲ့ စကားလုံးမျိုးပါ ]


လုမော့က စတူဒီယိုကို အမြန်ပြေးသွားခဲ့သည်။


အတွင်းသို့ ဝင်လာပြီးသည်နှင့် လုမော့က ခါတိုင်းနှင့်မတူသော အငွေ့အသက်ကို ခံစားလိုက်ရ၏။


အုံ့မှိုင်းနေသော မြူမှုန်များက ကောင်းကင်ပြင်ကို ပိတ်ဆို့နေသည့်အလားပင်။


ဤနေရာရှိ လေထုအခြေအနေက အများအားဖြင့် မီးသဂြိုလ်စက်နှင့် ဆင်တူသော်လည်း ဤအုံ့မှိုင်းမှုမျိုးမှာ ကွဲပြားသည်။


ယနေ့တွင်မူ မီးသဂြိုလ်ဘွိုင်လာများ ပြိုကျသလို အုံ့မှိုင်းမှုမျိုးဖြစ်သည်။


မရေမတွက်နိုင်သော ဝေဒနာဖြင့် အော်ဟစ်သံများကို လုမော ကြားလိုက်ရသည်။


''ဘာလဲကွာ... ဒါက ဘာဘာသာစကားလဲ...ဒါက ပစိဖိတ်ဒေသက ဌာနေတိုင်းရင်းသားဘာသာစကားက ဆင်းသက်လာတာလား..."


“နည်းနည်းတောက်တဲ့ဘက်ကို ကြည့်လိုက်... နောက်ဆုံးတစ်ကြိမ်တုန်းက သူတို့ အင်္ဂလိပ်စကား ပြောတတ်တဲ့သူတွေကို ခေါ်လာပေးတာ...မင်းပြောတော့ အဲ့ဒါ ဂြိုလ်သားစကားတွေဆို...”


"အေးကွာ… ငါတော့ သူတို့ပြောတာ နားထောင်မယ့်အစား ဂြိုလ်သားဘာသာစကားကိုပဲ ဘာသာပြန်ပေးချင်လိုက်တယ်…"


လုပ်ဖော်ကိုင်ဖက်တစ်ဦးက ကွန်ပြူတာစခရင်ကို မေးစေ့ဖြင့် ညွှန်ပြသည်။

 "ကြည့်...ဒီမှာ..."


"အား...အား..."

ဘယ်ဘက် အလုပ်ရုံတွင် ထိုင်နေသော မိန်းကလေးက နားကြပ်တပ်ထားပြီး သူမမျက်နှာတွင် သံသယစိတ်များ ရှိနေ၏။


ညာဘက်အလုပ်ရုံတွင် ထိုင်နေသော ကောင်လေးက ကြောင်တောင်တောင်အမူအရာဖြင့် တည်ငြိမ်မှုပြိုကွဲသွားသလို ဖြစ်နေ၏။

"ငါနားမလည်ဘူး...နားမလည်ဘူး... နားမလည်ဘူး... နားမလည်ဘူး..."


ဘေးကို မကြည့်ဘဲ လုမော့က ထိုလူများကိုကျော်ပြီး အပေါ်ထပ်ကို တန်းတန်းမတ်မတ် တက်သွားလိုက်၏။

"ကျွန်တော် ဒီကို စာရွက်စာတမ်းတွေ ပို့ပေးဖို့ ရောက်လာတာပါ...”


မည်သူမှ မတုံ့ပြန်ချေ။


လုမော့ ရုံးခန်းတံခါးကို တွန်းဖွင့်လိုက်သည်။ အခန်းကျဉ်းလေးထဲတွင် သူဌေး၏ အစအနမရှိဘဲ သူ မည်သည့်နေရာရောင်နေကြောင်းလည်း မသိပေ။


စားပွဲပေါ်တွင် နားကြပ်များ တင်ထားပြီး ကွန်ပြူတာက သူ့လုပ်ဖော်ကိုင်ဖက်များ၏ ညည်းတွားနေသော အကြောင်းရင်းဟု ထင်ရသည့် အသံဖိုင်ကို ဖွင့်နေသေးသည်။


လုမော့က သုံးစက္ကန့်ခန့် စဉ်းစားပြီး နားကြပ်တပ်ကြည့်လိုက်၏။


———


နာရီဝက်ကြာပြီးနောက်။


သူဌေးက သူ့ဖုန်းကို လက်တစ်ဖက်ဖြင့် ကိုင်ပြီး အထဲဝင်လာ၏။


ဗဟိုအစိုးရအား သူတို့၏ ဒေသဆိုင်ရာ အရင်းအမြစ်များဖြင့် အသည်းအသန် ပံ့ပိုးပေးခဲ့သောကြောင့် အခန်းက လင်းထိန်နေပြီး သူဌေး၏ပြောင်နေသောနှဖူးက အရောင်တလက်လက်တောက်နေသည်။


''ဟုတ်ကဲ့... ဟုတ်ကဲ့... နားလည်ပါပြီ...ကျွန်တော် နားလည်ပါပြီ... ကျေးဇူးအများကြီး တင်ပါတယ်..."


ဖုန်းတစ်ဖက်မှလူက သူ့အမူအရာကို မမြင်နိုင်သော်လည်း  သူဌေးက ပြုံးပြီးခေါင်းညိတ်ပြလိုက်၏။


သို့သော် သူဖုန်းချလိုက်ချိန် လုမော့က သူ့ထိုင်ခုံ၌ ထိုင်နေသည်ကို တွေ့လိုက်ရ၏။


သူ့မျက်နှာက ရုတ်တရက် ပြောင်းလဲသွားသည်။

 "မင်း အဲ့မှာထိုင်ဖို့ ဘယ်သူကပြောလဲ..."


လုမော့‌: "ဒါက ကုလားထိုင်ပဲလေ.."


သူဌေး၏ မျက်နှာက ပို၍နက်မှောင်လာကာ လုမော့ကို လေးနက်သောအမူအရာဖြင့် စိုက်ကြည့်နေသည်။

 "မင်းက ဒီမှာ ဘာလုပ်နေတာလဲ..."


"စာရွက်စာတမ်းတွေ လာပို့တာပါ... "


"စာရွက်စာတမ်းတွေ ပေးပြီး ထွက်သွားလို့ရပြီ..."


လုမော့က ကုလားထိုင်ကိုမှီလျက် သူဌေးကို မျက်စောင်းထိုးလိုက်၏။


သူဝတ်ထားသည့် စျေးသက်သာသော ဝတ်စုံက အဆင့်မြင့် စိတ်ကြိုက်ဖန်တီးမှု၏ အရိပ်အယောင်ကို ပေါ်လွင်စေပြီး သူ့ကို အမိန့်ပေးသူဟု ထင်ရစေသည်။

"မလုပ်နိုင်ဘူး..."


ထိပ်ပြောင်သော လူလတ်ပိုင်း သူဌေးက သိမ်မွေ့သော အပြောင်းအလဲကို သတိပြုမိသွားသည်။

“ဘာ...”


လုမော့: "အဲဒီစာရွက်တွေက ဆေးခန်းမှာ ရှိတုန်းပဲ... ဒါပေမယ့် ကျွန်တော်လစာက မရသေးလို့ တက္ကစီစီးဖို့ ပိုက်ဆံတောင် မရှိဘူး...ခင်ဗျားကို USB drive မပေးနိုင်ဘူး" 


သူ ဖြည်းညှင်းစွာ လှောင်ပြောင်ပြောဆိုလိုက်သည်။


မျှော်လင့်ထားသည့်အတိုင်း သူဌေးက ဒေါသထွက်လာသည်။


သူ့နှာခေါင်းက နီရဲလာပြီး စားပွဲကို ထု၍ အော်လိုက်၏။

"မင်း အလုပ်မလုပ်ချင်တော့ဘူး ထင်တယ်..."


"ဒါအမှန်ပဲ..."

လုမော့က ပြန်ဖြေ၏။


သူဌေးက ဒေါသတကြီး အသက်ပြင်းပြင်းရှုပြီး လုမော့ကို စိုက်ကြည့်လိုက်၏။


ခဏကြာပြီးနောက် တံခါးကို ညွှန်ပြရင်း သူ့လက်ဖျားများတုန်ယင်လာ၏။

 "မင်း အလုပ်ထုတ်ခံရပြီ ထွက်သွားတော့..."


လုမော့က ယဉ်ကျေးစွာ ပြောသည်။

"လစာ‌ကရော..."


သူဌေးက စားပွဲကို ရိုက်လိုက်ပြန်၏။

"ငါ မင်းကို ပေးမယ်..."


လုမော့က အရွဲ့တိုက်ခြင်း၌ ထူးချွန်သည်။


သူဌေးက အလွန်ဒေါသထွက်နေပြီး စိတ်အေးအေးထားရန် အချိန်ယူနေရ၏။ သူဒေါသတကြီး ထိုင်ချလိုက်၍ သူ့ခေါင်းပြောင်ပြောင်က ပို၍တောက်ပနေ၏။


လုမော့က စတူဒီယိုတစ်ဝက်မှ အလုပ်များကို သူတစ်ယောက်တည်း လုပ်နိုင်သည်။ ထိုသို့မဟုတ်ခဲ့လျှင်  သူဌေးက သူ့ကို အလုပ်ထုတ်ခဲ့သည်မှာကြာပြီဖြစ်သည်။


သို့သော် ယခုချိန်တွင် သူဌေးက လုမော့ကို စိတ်မ၀င်စားနိုင်တော့ချေ။


ယမန်နေ့က သူ အလွန်လျှို့ဝှက်ဆန်းကြယ်သော ဘာသာပြန်ကော်မရှင်ကို လက်ခံရရှိခဲ့၏။ ၎င်းက မည်မျှအရေးကြီးကြောင်း သူမသိသော်လည်း တစ်ဖက်က တစ်ခုပြောပြ၏- သူဘာသာပြန်နိုင်ခဲ့ပါက ကျန်သည့်ဘဝတစ်လျှောက်လုံး စားစရာသောက်စရာအတွက် ဘယ်တော့မှ စိတ်ပူစရာ မလိုတော့ပေ။


လုမော့ကို ဘယ်သူက လိုအပ်တော့မှာလဲ...


ထိုအရာကို စိတ်ထဲတွေးပြီး သူဋ္ဌေးက ဒေါသတကြီးဖြင့် နားကြပ်ကို ကောက်ကိုင်၍ တပ်လိုက်၏။


နားကြပ်ထဲမှ အသံသြသြတစ်ခု ထွက်ပေါ်လာသည်။


ငါ နားမလည်နိုင်ပေမယ့် ဒီအသံကို နားထောင်ရုံနဲ့ သူ့ကို ဆွဲဆောင်နိုင်လောက်ပါတယ်...


..........................


ကဲ ခေါင်းစဉ်ကို ပြန်ပြောင်းကြတာပေါ့…


မစ္စတာလုမော့ ၁၄ ကြိမ်မြောက် အလုပ်ပြုတ်သွားတာကို ဂုဏ်ပြုလိုက်ရအောင်...


"ကလက်..."


ကျောက်ခဲသေးသေးလေးကို ကန်ထုတ်ရင်း လုမော့က လက်များကို သူ့အိတ်ကပ်ထဲတွင် ထည့်ထားလိုက်၏။ 


နေက တောက်လောင်နေပြီး မြေပြင်က အပူရှိန်တက်လာကာ လေထုကို ပုံပျက်စေသည်။ အရည်ပျော်လုနီးပါး လမ်းမပေါ်တွင် ကားများ ပြေးလွှားနေကြသည်။ 


ရူးသွပ်နေသော ဤကမ္ဘာကြီးတွင် လုမော့က အေးအေးဆေးဆေး လမ်းလျှောက်ခဲ့သည်။


သူ၏ ဖြူစင်သော အသားအရေက တောက်ပနေပုံရပြီး သူ့ချွေးတစ်စက်ကပင် သူ့ကို အေးစေပုံပေါ်၏။ 


သူ အိမ်ပြန်ရောက်ချိန်တွင် သူ့ပုခုံးများက အနည်းငယ်စိုစွတ်နေ၏။ 


သူ့အခန်းကျဉ်းလေးထဲသို့ဝင်သည့် အပေါက်ဝတွင် သူ့ကိုယ်ပိုင်ပစ္စည်းများဖြင့် ရှုပ်ပွနေ၏။


ထို့ပြင် သူ့ထံတွင် ပစ္စည်းများစွာ မရှိသောကြောင့် အားလုံးကို အိတ်နည်းနည်းဖြင့်သာ ပေါင်းထုပ်ထား၏။


ဖွင့်ထားသောတံခါးမှတစ်ဆင့် အိမ်ရှင်နှင့် လူနှစ်ယောက်က အခန်းတဝိုက်တွင် စိတ်အားထက်သန်စွာ လှည့်ပတ်ပြောဆိုနေသည်ကို မြင်လိုက်ရ၏။


အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့က စုံတွဲတစ်တွဲဟု ထင်ရသည်။


လုမော့ အံ့အားသင့်သွားပြီး အရာအားလုံးကို ချက်ချင်းနားလည်သွားသည်။ 


သူ့နှလုံးသားထဲတွင် ကြာရှည်စွာ ဆုပ်ကိုင်ထားသော နာကြည်းမှုတစ်ခု လောင်ကျွမ်းသွားပုံ ရသည်။


သူ လမ်းလျှောက်လာပြီး တံခါးကို ပြင်းပြင်းထန်ထန် ခေါက်လိုက်သည်။ 


အိမ်ရှင်က သူ့ကို ဂရုမစိုက်ချေ။


လုမော့က အသက်ပြင်းပြင်းရှူပြီး ရှေ့ကို အမြန်လှမ်း၍  အိမ်ရှင်ရှေ့တွင် ဝင်ရပ်လိုက်သည်။

"ငါမေးနေတယ်...မင်းက ဘာသဘောလဲ...အိမ်ရှင်..."


အိမ်ရှင်က သူ့ကို ဂရုမစိုက်ချေ။


လုမော့က နောက်တစ်ကြိမ် အသက်ရှုသွင်းပြီး ပြတ်ပြတ်သားသား ပြောလိုက်သည်။

“ငါ...”


သူ့ဖုန်းက ရုတ်တရက် မြည်လာ၍ လုမော့က ဖုန်းကို တစ်ချက်မကြည့်ဘဲ ချပစ်လိုက်၏။


သူက ဆက်ပြော၏။

 "မင်း..."


ဖုန်းထပ်မြည်လာပြီး လုမော့က ဖုန်းချသည့်ခလုတ်ကို နောက်တစ်ကြိမ် ထပ်နှိပ်လိုက်သည်။


သူက အသက်ပြင်းပြင်းရှူပြီး ပြောလိုက်၏။

 â€œá€Ąá€­á€™á€şá€„သဏးခနဲအ ပတ်သက်ပြီး..." 


ကျယ်လောင်သော ဖုန်းမြည်သံထွက်လာ၏။


လုမော့က သည်းမခံနိုင်တော့ဘဲ ဖုန်းပြန်ဖြေလိုက်ပြီး သူ့အသံက အေးစက်နေ၏။ 

"မင်းဘယ်သူလဲ... မင်းထပ်ခေါ်ရင် မင်းခေါင်းကို ဖြုတ်ပစ်မယ်လို့ ငါကတိပေးတယ်..."


"ပီ..." 

ဖုန်းချသွား၏။


ငယ်ရွယ်သော ချစ်သူနှစ်ဦးက အသံမထွက်ရဲပေ။ ကျဉ်းမြောင်းသော ဤအခန်းတွင် သူတို့၏ ရှက်ရွံ့မှုကို ဖုံးကွယ်ရန်လည်း နေရာရှာမတွေ့ခဲ့ကြပေ။


လုမော့က သူ့ဖုန်းကို အိတ်ကပ်ထဲပြန်ထည့်လိုက်ပြီး အိမ်ရှင်ကို ကြည့်လိုက်သော်လည်း ဘာမှပြောစရာမရှိတော့ပေ။


ထိုဒေါသက တစ်ခဏမျှ ပြတ်တောက်သွားပြီး ပြန်မရနိုင်တော့ပေ။


လုမော့အသက်ပြင်းပြင်းရှူပြီး လေသံတိုးတိုးဖြင့် ပြောလိုက်၏။

"ငါ နားလည်ပါပြီ...'' 


သူ့ပစ္စည်းများကို တိတ်ဆိတ်စွာသိမ်းပြီး သူ့အိမ်ဟောင်းကို တိတ်တိတ်လေး ထားခဲ့၏။


လုမော့ ထွက်သွားပြီး မကြာမီတွင် အလွန်လှပသော အနက်ရောင်ကားတစ်စီးက မှောင်နေသော လမ်းကြားအပြင်ဘက်တွင် ရပ်သွားခဲ့သည်။ ခန္ဓာကိုယ်ဖွံ့ဖြိုးပြီးကြွက်သားများကို ဖုံးကွယ်မထားဘဲ သာမန်အ၀တ်အစားများ ဝတ်ဆင်ထားသော အမျိုးသားအများအပြားက ကားပေါ်မှ အမြန်ဆင်းကာ ပြေးဝင်လာကြသည်။


အိမ်ရှင်က အံ့ဩစွာ မေးလိုက်၏။

"မင်းတို့ ဘာလုပ်နေတာလဲ..."


သို့သော် ဤလူများက သူ့ကို ပြန်မဖြေချေ။ ထိုအစား သူတို့က ပြင်းထန်သော ခြိမ်းခြောက်မှုရောင်ဝါများနှင့် မေးလိုက်၏။ 

"ဒီမှာ အိမ်ငှားနေတဲ့ လုမော့ ဘယ်မှာလဲ..."


သူတို့ရှိနေရုံဖြင့် သာမန်လူများကို အကြောက်တရားများ တိုးပွားစေ၏။


အိမ်ရှင်က တုန်တုန်ယင်ယင်နှင့် သူတို့ကိုကြည့်ရင်း စကားထစ်နေ၏။

 "သူ...သူ... အခုပဲ ထွက်ပြေးသွားပြီ..."


လုမော့ဟာ မြေအောက်အဖွဲ့အစည်းတချို့နဲ့ ပတ်သက်နေနိုင်မလား...


“သူ ဘယ်လမ်းက သွားတာလဲ...'


"သူ...သူ..."


အိမ်ရှင်က စိတ်လှုပ်ရှားစွာဖြင့် အခြားတစ်ဘက်ကို ညွှန်ပြလိုက်၏။ 

"သူ အဲဒီလမ်းကို သွားတယ်..."


"မြန်မြန်...သူ့နောက်ကို လိုက်ကြစမ်း…"


ထိုလူအုပ်စုက လေပြင်းသဖွယ် မြန်မြန်ထွက်သွားပြီးနောက် အိမ်ရှင်က တဒိန်းဒိန်းခုန်နေသော ရင်ဘတ်ကို လက်ဖြင့်ကာပြီး ခြေဆောင့်လိုက်သည်။


သူဘာလို့ တခြားသူတွေရဲ့ကိစ္စတွေမှာ ဝင်စွက်ဖက်နေတာလဲ...


ဒီမြေအောက်အဖွဲ့အစည်းကလူတွေ သူ့နောက်ကို လိုက်လာခဲ့ရင် ဘယ်လိုလုပ်မလဲ…



🌌🌌🌌


ဒီအပိုင်းကနေ နောက်ဆုံး chapterအထိက ကမ္ဘာမြေအပိုင်းအခြားဆိုတဲ့ ခေါင်းစဉ်တွေပါပဲ ကြည့်ရတာ လုမော့က ကမ္ဘာပေါ်ကိုပြန်ရောက်သွားလို့ လင်းနဲ့ ကလေးပေါက်စနှစ်ယောက် လိုက်လာကြမယ်ထင်တယ်🤭