ဇာတ်လိုက်လား? ငါသူ့ကို မလိုချင်ဘူး - အခန်း ၆၃
"သူ ဒီမှာ မရှိဘူးလား"
"ဟုတ်ပါတယ်။ သူက ကိစ္စတွေညိုနှိုင်းနေရ...အမ် မဟုတ်ဘူး သူအလုပ်ရှုပ်နေလို့ ဂိုဏ်းကိုပြန်မလာတာ တော်တော်ကြာပါပြီ"
လူနာ ဘယ်သူလဲဆိုတာ သိနေသော ဂိုဏ်းအဖွဲ့ဝင်များက တော်တော်လေး လျှင်လျှင်မြန်မြန် တုံ့ပြန်လာခဲ့သည်။ ကျန် အလုပ်သမားများကလည်း သူတို့၏ အကျင့်စရိုက်များကို ကောင်းကောင်းထိန်းသိမ်းခဲ့ကြသည်။
"ဒါဆို သူဘယ်တော့ပြန်လာမယ်ဆိုတာ မသိဘူးလား။ ဒီနေ့က သူ့မွေးနေ့လေ..."
သူတို့သည် နှစ်အတော်ကြာ အတူလက်တွဲလုပ်ကိုင်ခဲ့ကြသော်လည်း လူနာကသာ အန်းသန့်စ်၏မွေးနေ့ကို ကျင်းပပေးချင်သည့် တစ်ဦးတည်းသူဖြစ်သည်။
အလုပ်သမားတစ်ဦးက ခေါင်းညိတ်ကာ ပြန်ဖြေလာခဲ့သည်။
" ဒီလိုလုပ်ပါလား သူပြန်လာတဲ့အခါကျရင် လေဒီပဲလ်လာသွားကြောင်း ကျွန်တော်တို့ပြောပေးလိုက်မယ်လေ"
"ကျေးဇူးပြုပြီး အဲ့လိုပဲလုပ်လိုက်ပါ။ ကျွန်မ စောင့်နေမယ်လို့လည်း သူ့ကိုပြောလိုက်ပါ။ အာ ပြီးတော့...ဒါက ဘာမှ မထူးခြားပေမယ့် လက်ဗလာနဲ့ မလာချင်လို့ တစ်ခုခု ယူလာခဲ့လိုက်တာရယ်"
လူနာ ပြောပြီးသည်နှင့် ရိုယာက သူကိုင်ထားသော ကိတ်မုန့်နှင့် သရေစာမုန့်များကို လွှဲပေးလိုက်သည်။ ၎င်းတို့ကို အန်းသန့်စ်၏ကိတ်မုန့်နှင့်အတူ ဝယ်ယူခဲ့တာဖြစ်သည်။
ယောင်္ကျားရင့်မာကြီးများက ၎င်းကို သဘောကျကြမည်လားဟု မေးခွန်းထုတ်စရာဖြစ်ခဲ့သော်လည်း ဂိုဏ်းအလုပ်သမားများက သူမ၏မလိုအပ်သော စိုးရိမ်ပူပန်မှုကို ပြေပျောက်စေပြီး ကျေနပ်နေပုံရသည်။
"အိုး သခင်မလေး ကျွန်တော်တို့အတွက်ပါ ဝယ်လာဖို့ တကယ်မလိုပါဘူး...! ကျေးဇူးအများကြီးတင်ပါတယ်!"
"ကျွန်တော်တို့ ဒါကိုတစ်သက်လုံး တန်ဖိုးထားမယ်!"
"ကျွန်တော်တို့ ဒါကို မြတ်နိုးပါတယ်!"
"အာ...မဟုတ်ဘူး။ကျေးဇူးပြုပြီး စားလိုက်ကြနော်။ အကြာကြီး သိမ်းထားရင် ရက်လွန်ပြီး အနံ့တွေ ထွက်ကုန်လိမ့်မယ်"
လူနာသည် ဂိုဏ်းအလုပ်သမားများ၏ လွန်ကဲသောတုံ့ပြန်မှုကို မြင်တာကြောင့် တစ်နေ့အတွင်း အပြီးစားရန်သတိပေးချက်တစ်ခုထားခဲ့ကာ နှင်းဆီစံအိမ်သို့ပြန်လာခဲ့လိုက်သည်။
* * *
စံအိမ်သို့ရောက်ချိန်တွင် နှစ်ကုန်ပွဲအတွက်လာလည်သော ရို့စ်မယ်ရီက လူနာကို ကြီးမားသောအပြုံးဖြင့် နှုတ်ဆက်လာခဲ့သည်။
"လေဒီလူနာ! နင် ဒီမှာမရှိဘူးဆိုလို့ ငါအံ့သြသွားခဲ့တာ။ အစ်ကို့ကိုတွေ့ဖို့ ဂိုဏ်းကိုသွားခဲ့တာဆို။ ဘာလို့လဲ"
"ဒီနေ့က အန်းသန့်စ်ရဲ့ မွေးနေ့လေ။ ဒါပေမယ့် ငါ သူ့ကို လှမ်းမခေါ်နိုင်လို့ ဂိုဏ်းကို တစ်ချက်သွားကြည့်လိုက်တာ"
"အာ…! စဉ်းစားကြည့်မှ ဒီနေ့က ငါ့အစ်ကို့မွေးနေ့ပဲ"
ရို့စ်မယ်ရီသည် အခုမှ အန်းသန့်စ်၏မွေးနေ့ကို မှတ်မိသွားသည်။
သူအိမ်မှ ထွက်သွားသည်မှာ ကြာမြင့်လှပြီဖြစ်ကာ ရို့စ်မယ်ရီ မကြီးပြင်းမီမှာပဲ အန်းသန့်စ်က အဆက်အသွယ် အားလုံးကို ဖျက်လိုက်သောကြောင့် သူ၏မွေးနေ့မှာ အလွန်ပင် မရင်းနှီးသလို ခံစားခဲ့ရသည်။
"ဒါပေမယ့် နင်ဘာလို့တစ်ယောက်တည်းဖြစ်နေတာလဲ။ အစ်ကိုရော ဘယ်မှာလဲ"
ရို့စ်မယ်ရီက ဘာလို့မလိုက်လာရတာလဲဆိုတာကို ပဟေဠိဖြစ်နေဟန်ဖြင့် မေးလာခဲ့ပြီး လူနာက ပခုံးတွန့်ကာ ပြန်ဖြေလိုက်သည်။
"သူ အလုပ်ရှုပ်နေတယ်။ သူအဲဒီမှာမရှိဘူးတဲ့"
"တကယ်လား။ သူ့မွေးနေ့မှာတောင် ဘယ်လိုလုပ် အလုပ်လုပ်နေနိုင်ရတာလဲ။ ကဲ ဒါဆို သူ့ဘာသာကံမကောင်းတာပဲ။ငါတို့ဘာသာ နှစ်ကုန်ပါတီတစ်ခုလုပ်ကြရအောင်။နင် လာခဲ့မှန်းသိရင် သူလာမှာဆိုပေမယ့် နောက်ကျလောက်တယ် ဟုတ်တယ်မလား"
သူမက ထိုသို့ပြောသော်လည်း ရို့စ်မယ်ရီသည် အန်းသန့်စ် အနားမှာမရှိတာကြောင့် ပိုပျော်ရွှင်နေပုံရပြီး လူနာ၏လက်မောင်းကို ပွေ့ဖက်ကာ ပါတီတစ်ခုလုပ်ရန် တိုက်တွန်းလာခဲ့သည်။
သူမတင်မက အမ်မာ၊လော်ရာ နဲ့ ရိုယာတို့ကလည်း ပါတီကို စောင့်မျှော်နေပုံရသည်။
"ကောင်းပြီး ဒီလိုပဲလုပ်ကြတာပေါ့။ အန်းသန့်စ်က အချိန်တန်ရင် လာခဲ့လိမ့်မယ်"
သူတို့ ဒီလိုနဲ့ပဲ ရုတ်တရက် ပါတီပွဲအတွက် ပြင်ဆင်မှုများ စတင်ခဲ့ကြသည်။ စားပွဲရှည်ကြီးတစ်ခုကို အမြန်ပြင်ဆင်ပြီး အမ်မာက ဟင်းမျိုးစုံကို ပြင်ဆင်ပေးခဲ့သည်။
ပြင်ဆင်မှု အကြမ်းဖျင်း ပြီးသွားသည်နှင့် လူတိုင်းက ခြွင်းချက်မရှိ ထိုင်ခုံနေရာ ယူလိုက်ကြသည်။
"ငါတို့ ပေါင်မုန့်နဲ့ စလိုက်ကြမလား"
လူနာ စကားမဆုံးခင်မှာပင် လူတိုင်းက သူတို့ဖန်ခွက်များကို ဖြည့်လိုက်ကြသည်။ သူတို့က လူနာကို စိုက်ကြည့်လာကြကာ မိန့်ခွန်းတစ်ခုပေးရန် အချက်ပြခဲ့ကြသည်။
လူနာသည် တခဏမျှ တုံ့ဆိုင်းသွားသော်လည်း သူမ၏ ရွှေတွင်းအကြောင်း၊သူမနှင့် စတင်ခင်မင်ရင်းနှီးလာခဲ့သော အစေခံများအကြောင်း တွေးပြီး ဖန်ခွက်ကို ကိုင်မြှောက်လိုက်သည်။ ပြီးပြည့်စုံသော မိန်းခွန်းတစ်ခုက သူမစိတ်ထဲရောက်လာခဲ့သည်။
"အိမ်ကြီးနဲ့ သိပ်မရင်းနှီးသေးပေမယ့်လို့ ငါတို့အားလုံး ရှက်စရာအခိုက်အတန့်မရှိဘဲ အဆင်ပြေပြေနေနိုင်ကြမယ်လို့ မျှော်လင့်ပါတယ်။ ငါ့မိုင်းတွင်းက ရတနာတွေလည်း မကြာခင် ထွက်လာမယ်လို့ မျှော်လင့်ပါတယ်။ မင်းတို့အားလုံး ဒီတိုတောင်းတဲ့ နှစ်မှာ အလုပ်ကြိုးစားခဲ့ကြပါတယ် ငါတို့ နောက်နှစ်မှာလည်း အတူလက်တွဲသွားနိုင်မယ်လို့ မျှော်လင့်နေပါတယ်။ ယခု ငါတို့အတူဆန္ဒပြုလိုက်ကြရအောင်။ အောင်မြင်မှုနဲ့ ပျော်ရွှင်မှုဆီသို့!"
"အောင်မြင်မှု နဲ့ ပျော်ရွင်...အဲ"
နူးညံ့သော အပြုံးများဖြင့် အာရုံစူးစိုက်နေကြသော အစေခံများသည် သူမနှင့်အတူ ဆန္ဒပြုရန် ကြိုးစားလိုက်ကြသော်လည်း လမ်းခုလတ်တွင် ညပ်မိသွားကြသည်။ သူတို့ နောက်က လိုက်ဆိုဖို့ တကယ်ကို မသင့်တော်တာကြောင့်ဖြစ်နိုင်သည်။
"လေဒီလူနာက တကယ့်ကို ရဲရင့်တဲ့သူတစ်ယောက်ပဲ..."
ထိတ်လန့်တုန်လှုပ်စရာကောင်းသော ဆန္ဒပြုစကားကြောင့် ရိုယာသည် ညင်သာစွာ အော်ပြောလိုက်သည်။
ထိုမှသာ လူနာသည် သူမပြောနေသည်ကို သဘောပေါက်သွားပြီး အလျင်စလို ဆင်ခြေများပေးလိုက်သည်။
"မဟုတ်ဘူး မှားသွားလို့ ထပ်လုပ်ကြမယ်!"
* * *
"အကြောင်းအရာအထောက်အထားတွေကို ပို့ပြီးပြီသားပါ။ စာချုပ်ကို ဖျက်သိမ်းပါမယ်"
သက်လတ်ပိုင်း မြို့စားတစ်ဦး၏ အေးစက်သော စကားလုံးများကြောင့် အန်းသန့်စ်၏ မျက်ခုံးများသည် အနည်းငယ် ပင့်တက်သွားသည်။ ဤသည်မှာ ခုနစ်ကြိမ်မြောက် ဒီလိုစကာကို ကြားရခြင်းဖြစ်သည်။
"လျော်ကြေးက မြင့်တယ်ဆိုတာ မေ့သွားပြီလား"
"ငါ လျော်ကြေးပေးမှာပါ"
"ဘာရွန်မြို့စားက ငါတို့နဲ့ အဆက်အသွယ်ဖြတ်အောင်အထိ ဘယ်ဂိုဏ်းက ဘယ်လိုမျိုးကမ်းလှမ်းလာတာလဲဆိုတာ ငါနားမလည်ဘူး"
"အဲဒါက ငါပြောလို့ရတဲ့ဟာမျိုးမဟုတ်ဘူး"
သူက ၎င်းကိုဖြေရှင်းရန် ကိုယ်စားလှယ်တစ်ဦးသာစေလွှတ်ခဲ့သည်။အန်းသန့်စ်သည် ကောင်းမွန်သော စကားဝိုင်းတစ်ခုပြုလုပ်ရန် ကိုယ်တိုင်ကိုယ်ကျသွားရောက်ခဲ့သော်လည်း သူရခဲ့သောအဖြေမှာ ခိုင်မာနေခဲ့သည်။ ဒီလိုမျိုး ငြင်းပယ်ခံရသောာအခါ ဆက်လက်ဆုပ်ကိုင်ထားရန် မျှော်လင့်ချက်မဲ့ခဲ့ရသည်။
အန်းသန့်စ်က နားလည်သလို မတ်တပ်ရပ်လိုက်သည်။
"နားလည်ပြီ။စာချုပ်ဖျက်ဖို့ လျော်ကြေးပေးလိုထဲစ ပြောစရာစကားမရှိတော့ဘူး"
သူတို့ မျက်နှာချင်းဆိုင်မတွေ့ဖူးကြသော်လည်း ထိုသူမှာ သူက အန်းတဲရိစ့်မားချက်စ်၏ ပိုင်ရှင်ဖြစ်ကြောင်းသိသော စီးပွားရေးလုပ်ဖော်ကိုင်ဖက် အနည်းငယ်ထဲမှ တစ်ဦးဖြစ်သည်။သို့သော် ယခုကဲ့သို့ အချည်းနှီးအဖြသ်သာ အဆုံးသတ်ရလိမ့်မည်ဟု သူ တစ်ခါမှစိတ်မကူးဖူးပေ။
"ဒါဆို ဂရုစိုက်ပါ။ငါတို့ ဘယ်တော့မှ ပြန်မဆုံနိုင်ဖို့ မျှော်လင့်ပါတယ်"
ဘာရွန်မြို့စားသည် သူ့ထိုင်ခုံမှပင် မထဘဲ အန်းသန့်စ်အား နှုတ်ဆက်ခဲ့သည်။ တုံ့ပြန်တဲ့အနေဖြင့် အန်းသန့်စ်သည်လည်း သူ့အတွက် စကားအနည်းငယ်ချန်ပြီး ပျောက်သွားခဲ့သည်။
"ဒီလိုပြောခဲ့မိတဲ့အတွက် နောင်တမရစေနဲ့"
စာချုပ် ပျက်သွားသော်လည်း သူက အဆုံးထိ မောက်မာနေခဲ့သည်။ ဘာရွန်မြို့စားမှ အန်းသန့်စ်ကို လှောင်ရယ်လိုက်ချိန်တွင် ဘာရွန်၏ဇနီးသည်က တစ်ခုခုကို သတိကြီးကြီးထားပြီး စိတ်ပူနေသော မျက်နှာဖြင့် ပြောလိုက်သည်။
"ဒါကတကယ် အဆင်ပြေလို့လား။ အခြေအနေတွေကလည်း ကောင်းတယ် ဆက်ဆံတာကလည်း ကောင်းတာကို ဒီလိုမျိုး စာချုပ်ကို လွယ်လွယ် ဖျက်လိုက်လို့ တကယ်အဆင်ပြေပါ့မလား"
"အဆင်ပြေပါတယ်။ သခင်လေး ရိုဒရီယန်က လျော်ကြေးပေးခဲ့တယ်။ပြီးတော့ ဒီထက်ပိုကောင်းတဲ့ အခြေအနေတွေနဲ့ စာချုပ်ချုပ်ဖို့ ကတိပေးလာတော့ ငါဘယ်လို ငြင်းနိုင်မှာလဲ။မင်း နားမလည်ရင် ဒီတ်ုင်းနေနေလိုက်"
"အိုရှင် ကျွန်မ နည်းနည်း စိတ်မသက်သာသလို ခံစားရလို့ ပြောတာပါ။ အခြေအနေတွေက အရမ်းကောင်းလွန်းနေတာ မဟုတ်ဘူးလား။ သခင်လေးဗင်းဆင့်ရဲ့ ရာထူးအရ ကျွန်မတို့ ဒီလိုရုတ်တရက် စာချုပ်ဖျက်သိမ်းလိုက်တဲ့အတွက် တစ်ခုခု လက်တုံ့ပြန်လာရင်တောင် ထူးဆန်းမှာမဟုတ်ဘူး"
"ဘာ လက်တုံ့ပြန်တာလဲ။ငါ စျေးကွက်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားပြီးသား။ သူက ဘယ်လို လက်တုံ့ပြန်နိုင်မှာလဲ။အခြားရွေးချယ်စရာတွေလည်း ရှိလာရင်တောင်မှ ငါတို့ချက်ချင်းဖြေရှင်းနိုင်မှာ။ ဂရန်းဒါမိသားစု၊ မားကွစ်မိသားစုတင်မကဘူး ရိုဒရီယန်မြို့စားကြီးနဲ့ပါအဆက်အသွယ်တစ်ခုတည်ဆောက်နိုင်တော့မှာလေ ဒီတော့ ပျော်ပျော်နေဖို့ပဲလိုတော့တယ်"
ဘာရွန်မြို့စားသည် စကားထပ်မပြောချင်တော့သလိုမျိုး ဧည့်ခန်းမှ ထွက်သွားခဲ့သည်။
သူ့နောက်မှာတော့ ဘာရွန်မြို့စားကတော်သည် စိုးရိမ်သောကများနှင့် လိုက်ပါလာခဲ့တော့သည်။
* * *
သန်းခေါင်ယံ နီးကပ်လာသည်နှင့်အမျှ ဖောက်သည်များကို ကိုင်တွယ်ဖြေရှင်းပြီးသွားသော အန်းသန့်စ်သည် ရထားပြတင်းပေါက်မှ အပြင်ကိုလှမ်းကြည့်လိုက်သည်။
တူညီသောဇာတ်လမ်းဖြင့် ဖောက်သည်များစွာက ရုတ်တရက် စာချုပ်ဖျက်သိမ်းလာခြင်းကိုကြည့်ရသလောက် တစ်ယောက်ယောက်သည် သူတို့အပေါ် ဩဇာဖြင့်လွှမ်းမိုးခဲ့သည်ဟု ဆိုလိုရမည်ဖြစ်သည်။
'ဖယ်ဆန်လား'
လျော်ကြေးပေးဆောင်ပြီး ဖောက်သည်များကို သိမ်းယူသွားသည်ကို ကြည့်ရသလောက်တော့ သူပဲဆိုတာ သိသာသည်။
အန်းသန့်စ်က လူနာကို သူ့ထံမှ ခေါ်ဆောင်သွားသောကြောင့် ဖောက်သည်များကို ဖယ်ထုတ်ပြီး သွေးထွက်သံယို တိုက်ပွဲတစ်ခု စတင်ရပေမည်။
'ဒါပေမယ့် သူ အကျိုးအမြတ်တော့ ရမှာမဟုတ်ဘူး... သူတို့က စာချုပ် ချိုးဖောက်တာလေ'
မြို့စားကြီးရိုဒရီယန်သည် ဆုံးရှုံးမှုကို သည်းမခံနိုင်သော လူတစ်ယောက်ဖြစ်သည်။ အဲဒါကြောင့် သူတို့မိသားစုနှင့် ဆက်ဆံဖို့ သတိထားနေသောသူ တော်တော်များသည်။
ထို့ကြောင့် မြို့စားကြီးအိမ်တော်ဘက်ပ လျော်ကြေးငွေနှင့် ဖြစ်နိုင်ခြေရှိသော အခြေအနေများဖြင့် ကမ်းလှမ်းပြီး အခွင့်သာသော စာချုပ်တစ်ခုကို ပြုလုပ်ခဲ့ကြောင်း ထင်ရှားသည်။ ဒါက မြို့စားကြီးမိသားစု ယခုအချိန်အထိ အမြဲလုပ်နေကြပုံစံဖြစ်သည်။
" ဟီဆန်...အရူးပဲ။ ဒီစာရင်းမှာ ဖော်ပြထားတဲ့ ကုမ္ပဏီတွေကို ဆက်သွယ်လိုက်။ငါ သူတို့စာချုပ်ချုပ်ချင်တယ် ဒါကြောင့်တွေ့ကြရအောင်လို့ထည့်ပြော။ ယဉ်ယဥ်ကျေးကျေး ပြန်တုံ့ပြန်ဖို့ မမေ့နဲ့"
"ဟုတ်ကဲ့ပါ ခေါင်းဆောင်"
အန်းသန့်စ်၏ ဆန့်ကျင်ဘက်တွင် ထိုင်နေသော ဝန်ထမ်းက သူပေးလာသည့် စာရွက်စာတမ်းကို ယူကာ အပေါ်ယံသုံးသပ်လိုက်သည်။ ဘွဲ့တွေမပါတာ ကြည့်ရသလောက် သူတို့အားလုံးက သာမန်လူတွေဖြစ်နိုင်သည်။
အန်းသန့်စ်၏ဖောက်သည်အများစုမှာ ယခုအချိန်အထိ မြို့စားများဖြစ်ကြသည်ကိုစဉ်းစားပါက ဒါကမမျှော်လင့်ထားစရာဖြစ်သည်။
စာရင်းသည် ထူးထူးခြားခြား အဓိပ္ပါယ်မဲ့နေသောကြောင့် ဝန်ထမ်း၏အမူအရာမှာ လျှို့ဝှက်ဆန်းကြယ်သွားခဲ့သည်။ အန်းသန့်စ်က သူ့ကို နားလည်ပုံရပြီး ရှင်းလင်းချက်တစ်ခု အတိုချုံးထည့်ခဲ့လိုက်သည်။
"ဒါက သဘောတူညီချက်စာချုပ် ရပ်စဲဖို့ တောင်းဆိုတဲ့ ကုမ္ပဏီတွေရဲ့ အစားထိုးပဲ။ သူတို့အရည်အသွေးက ပိုကောင်းပေမယ့် မြို့စားအနွယ်ဝင်တွေနဲ့ စီးပွားရေးလုပ်ဖို့ သတ္တိမရှိဘူးကြလို့ တိတ်တိတ်ဆိတ်ဆိတ် နေခဲ့ကြတဲ့သူတွေပဲ"
ဒါပေမယ့် အခုက မတူတော့ဘူး။ သစ္စာရှိဖို့ အဆက်အသွယ်လုပ်တာမဟုတ်ပေမယ့် သစ္စာဖောက်ခံရပြီးကတည်းက သူ့မှာရှက်စရာ ဘာမှမရှိတော့ဘူး။
ထိုအရူးတွေကို သူတို့ထက် သာလွန်သည့် ကုမ္ပဏီများ ရှိကြောင်း သိဖို့နားလည်အောင်လုပ်ရန် လိုအပ်သည်။
အန်းသန့်စ်သည် လှောင်ရယ်လိုက်ရင်း၊ သူ့အကြည့်များကို ပြတင်းပေါက်အပြင်ဆီ ပြန်ပို့လိုက်သည်။ နောက်ကျနေပြီဖြစ်တာကြောင့် အပြင်ဘက်တွင် အမှောင်ထုကကြီးစိုးနေခဲ့သည်။ ခဏအကြာတွင် သူတို့သည် ဂိုဏ်းသို့ ပြန်ရောက်လာခဲ့ကြသည်။
အချိန်ကိုတွေးတောရင်း သူသည် စာရွက်စာတမ်းတစ်ချို့ကို ယူဆောင်ပြီး အိမ်သို့ ပြန်လာတော့မည်ဖြစ်သော်လည်း အကြောင်းတစ်ခုခုကြောင့် အလုပ်မဆင်းသေးဘဲ ပထမထပ်၌ အိပ်ငိုက်နေသော ဝန်ထမ်းတစ်ဦးက အန်းသန့်စ်ကို နှုတ်ဆက်လာခဲ့သည်။
"ခေါင်းဆောင်!"
"မင်း ဒီမှာဘာလုပ်နေတာလဲ။ ဒီလောက် နောက်ကျနေတာကို"
အထူးသဖြင့် နှစ်တစ်နှစ်၏ နောက်ဆုံးနေ့မျိုးမှာပေါ့။ ဂိုဏ်းထဲ၌ အေးအေးဆေးဆေး နေဖို့ မသင့်တော်သည့် နေ့တစ်နေ့ဖြစ်သည်။
ထို့နောက် ထိုအလုပ်သမားက စိတ်လှုပ်ရှားစွာ ပါးစပ် ဖွင့်လာခဲ့သည်။
"လေဒီပဲလ် ရောက်လာခဲ့တယ်။သူမက ခေါင်းဆောင်ကို စောင့်နေမယ်ဆိုတဲ့ စကားတစ်ခု ချန်ထားခဲ့တယ်!"
"လေဒီလူနာလား။ ဒီနေ့လား။ ဘာလို့လဲ"
အလုပ်မှာ နှစ်မြှုပ်ပြီး သူ့ခံစားချက်များကို မေ့ပစ်ရန် ကြိုးစားခဲ့ပေမယ့် လူနာက သူ့ကို လိုက်ရှာနေသည်ဆိုသော သတင်းကြောင့် အန်းသန့်စ် မျက်ခုံးပင့်လိုက်မိသည်။
တစ်ခုခုဖြစ်နေမှာကို စိုးရိမ်မိသွားသည်။ ဒီလိုမျိုးမှမဟုတ်ရင် လူနာက သူ့ကိုရှာဖို့ အကြောင်းပြချက်မရှိပေ။
ထို့နောက် ဝန်ထမ်းက ပြန်ဖြေလာခဲ့သည်။
"ဒီနေ့က ခေါင်းဆောင်မွေးနေ့လေ။ သူမက ခေါင်းဆောင်ကို ဂုဏ်ပြုဖို့လာပြီး ဝမ်းနည်းစွာနဲ့ ထွက်သွားခဲ့ရတာ။သူမကအိမ်မှာ စောင့်နေမယ်လို့ ပြောခဲ့တယ်"
"ဘာကြီး…"
မွေးနေ့လား...သူ့မွေးနေ့အကြောင်း ပြောနေတာလား။
သူ အဆက်အသွယ်များ ဖျက်ခဲါတာကြောင့် သူ ငယ်စဉ်အချိန်ကလွဲပြီး မွေးနေ့ပွဲကို ဘယ်တော့မှ မကျင်းပခဲ့ပေ။
မဟုတ်ဘူး....သူ မွေးဖွားလာမှုအပေါ် ကျေးဇူးမတင်တာကြောင့် သူ့မွေးနေ့ကို ဂုဏ်ပြုရသည့် အဓိပ္ပါယ်ကို ဘယ်တုန်းကမှ မတွေ့ခဲ့ရပေ။
သူကိုယ်တိုင်တောင်မေ့နေခဲ့သည့် မွေးနေ့ကို တစ်ယောက်ယောက်က မှတ်မိပေးဖို့ကြိုးစားနေသည်ဆိုသော အတွေးကြောင့် အန်းသန့်စ် ခဏလောက် တောင့်တင်းသွားခဲ့သည်။
"…သိပြီ"
သို့သော် မကြာခင်မှာပင် အဖြစ်မှန်ကို သူသဘောပေါက်သွားခဲ့သည်။ လူနာသည် မူလထဲစ သူမအနီးနားရှိ လူများအပေါ် ကောင်းစွာ ဂရုစိုက်တတ်သောကြောင့် အထူးအဓိပ္ပါယ်ရှိမှာ မဟုတ်ကြောင်း သူသဘောပေါက်ခဲ့သည်။
မဟုတ်ဘူး အထူး အဓိပ္ပာယ်ရှိရင်ရော ဘယ်လိုလုပ်မလဲ။ ပြီးတော့ အဲဒီထူးခြားတဲ့ အဓိပ္ပာယ်ကရော ဘာများလဲ....
သူက မည်သည့်တုံ့ပြန်မှုကိုမျှ မပြလာဘဲ ထူးဆန်းသော အတွေးများကြား ပျောက်ဆုံးသွားတာကြောင့် အလုပ်သမားက အန်းသန့်စ်ကို တိုက်တွန်းခဲ့လိုက်သည်။
"ခေါင်းဆောင်ရေ! ခဏနေရင်ပဲ မနက်ဖြန်ကူးတော့မယ်နော်။အခု မသွားသင့်ဘူးလား။ ခေါင်းဆောင်ရဲ့ မွေးနေ့က ဒီလိုအဆုံးသတ်သွားလိမ့်မယ်။ သေချာတာတစ်ခြကတော့ လေီပဲလ်က စိတ်အားထက်သန်သွာနဲ့ မျှော်နေတာနော်!"
"…!"
အန်းသန့်စ် 'အထူးအဓိပ္ပါယ်' ဆိုတာကို တစ်ခါမျှ အလေးအနက် မစဉ်းစားခဲ့သလိုမျိုး မသိလိုက်စွာဘဲ ရှေ့သို့ တိုးလာခဲ့မိသည်။ ထို့နောက် ရထားဖြင့်သွားလျှင် နောက်ကျသွားမည်ဟု ရုတ်တရက် တွေးမိလိုက်သည်။
"ငါ့ကို မြင်းငှားလိုက်"
"အဲ့လိုလုပ်လိုက်...!"
အဖြေအဆုံးမသတ်ခင်မှာဘဲ အန်းသန့်စ် သည် ဂိုဏ်းထဲမှ ထွက်သွားခဲ့ပြီး မကြာမီမှာပဲ ကျယ်လောင်သော မြင်းခွာသံတစ်ခု က ညအမှောင်ကြား ထွက်ပေါ်လာခဲ့သည်။
"အဲ့ဒီစကားကိုပြောဖို့ စောင့်နေခဲ့ရတာ ကောင်းသားပဲ။ ခေါင်းဆောင်ကို ဒီလိုမျိုးမြင်ရတယ်"
အမြဲတမ်းအေးစက်နေပြီး ခပ်လျိုလျိုနေတတ်သော သူတို့ခေါင်းဆောင် အန်းသန့်စ်သည် ယနေ့တွင်အတော်လေး လူသားဆန်ပုံပေါက်သောကြောင့် အလုပ်သမားသည် တခစ်ခစ်ရယ်မောကာ အိမ်ပြန်ရင်ပြင်ဆင်ရင်း ရုတ်တရက် ရပ်တန့်သွားခဲ့သည်။
"ဒါပေမယ့် ခေါင်းဆောင်က ငါ့မြင်းယူသွားတော့ ငါကဘာစီးရမှာလဲ... ခေါင်းဆောင်ရဲ့ ရထားလား…"
TK Team