ဟန်နီရေ ၊ ကျွန်မတို့က ဘာကြောင့် ကွာရှင်းလို့ မရတာလဲ
အပိုင်း (၇၆)
မြို့တော်မှာ ဆူညံသက်ဝင်နေသည်။နွေးထွေးသော ရာသီဥတုရှိပြီး မြောက်ပိုင်းနယ်မြေနှင့် ကွဲပြားခြားနားလွန်း၏။
အိုဖီလီယာသည် ခြုံလွှမ်းထားသော ခြုံလွှာကို ဖယ်ပစ်လိုက်ပြီး ရထားလုံးပြတင်းပေါက်ကို ဖွင့်လိုက်သည်။
အင်း
သူမ အသက်ပြင်းပြင်း ရှူလိုက်သည်။
အမြဲလိုလိုပင် ဤနေရာ၌ လူများနေထိုင်သည့် အနံ့အသက် ပြင်းပြင်းပြပြ ရလေ့ရှိ၏။
အိုဖီလီယာသည် ကောင့်မြို့စားကတော်ကာဒယ်လ်ကို နှစ်သက်သောအကြည့်ဖြင့် လှည့်ကြည့်လိုက်သည်။
"ဒီတော့ ရှင် ဘယ်နေရာကို သွားဖို့ စီစဥ်ထားလဲ။"
"ပရိဘောဂစတိုးကို သွားကြရအောင်ပါလား ရှင်။"
ကောင့်မြို့စားကတော်ကာဒယ်လ်က ပြန်ဖြေသည်။
"ကျွန်မတို့မှာ ကပွဲတွေ အများကြီး ကျင်းပပြီးသားဆိုတော့ ကပွဲခန်းမရဲ့အငွေ့အသက်ကို ပြောင်းလဲပစ်ရင် ကောင်းမယ်လို့ ကျွန်မ ထင်မိတယ်။"
အိုဖီလီယာ မျက်တောင်ခတ်လိုက်မိသည်။
ပရိဘောဂပစ္စည်းများမှာ အတော်လေး ဈေးကြီးပေသည်။
ထို့အပြင် ကောင့်မြို့စားကတော်ကာဒယ်လ် လိုချင်သော ပရိဘောဂများမှာ ပို၍ပင် ဈေးကြီးပေလိမ့်မည်။
အကယ်၍ သူမက ထိုပရိဘောဂများ အားလုံးကို မြို့စားကြီးရိုင်ဇန်၏ပိုက်ဆံဖြင့် ဝယ်ယူလိုက်လျှင် ဆိုဗက်စ်စတာ၏ မျက်လုံးများမှာ သူမဘက်သို့ လှည့်လာလိမ့်မည်။သို့သော် သူမက လုံလုံလောက်လောက် ရန်ဖြစ်နိုင်စွမ်း ရှိလေသည်။
ကျွန်မလဲ မတတ်နိုင်ဘူးလေ။ကောင့်မြို့စားကတော်ကာဒယ်လ်နဲ့ ရင်းနှီးဖို့ လိုအပ်နေတာကို။
ငါ ဒီလို စကားမျိုး ပြောသင့်လား။
ဟိုး ဟိုး ဟိုး
ဆိုဗက်စ်စတာကို အကြပ်ရိုက်အောင် လုပ်ရမည် ဟူသော အတွေးဖြင့် အိုဖီလီယာမှာ ပျော်ရွှင်နေပြီး မသိမသာပြုံးလိုက်မိသည်။
"အမ်း ... မဒမ်"
ထိုအချိန်တွင် ဂျက်စမင်က သူမကို ဂရုတစိုက် မေးလေသည်။
"အခုလေးပဲ...အခု ရှင် တောက်တောက်ပပ ပြုံးနေလို့ပါလား။"
ဂျက်စမင်က ချွေးအေးများဖြင့် ပြောလာသည်။
"ရှင် မကောင်းတဲ့ အစီအစဥ်တို့ ဘာတို့ တစ်ခုခုတွေ မလုပ်ပါဘူးနော်၊ဟုတ်တယ်မလား။"
"ကျွန်မ ဒီအတိုင်း ရယ်နေရုံပါ။"
"ဒီအတိုင်း ..."
ဂျက်စမင်က မယုံသင်္ကာဖြစ်နေမှုကို ထုတ်ပြရင်း အိုဖီလီယာကို ကြည့်လေသည်။
ငါ့အပြုံးက ဒီလောက်ထူးဆန်းနေလို့လား။
အိုဖီလီယာက မေးစေ့ကို ကုတ်နေရင်း ခေါင်းကို စောင်းငဲ့မိလိုက်သည်။
"ဘာပဲဖြစ်ဖြစ်ပါ၊ရှင်တို့ ပရိဘောဂ သွားဝယ်မှာမလား။"
"ဟုတ်ကဲ့ပါ မဒမ်"
"ဒါဆို မြို့တော်မှာ အကောင်းဆုံးနဲ့ ဈေးအကြီးဆုံးဆိုင် ပရိဘောဂစတိုးဆိုင်ကို သွားကြရအောင်။"
"ရှင်!"
ကောင့်မြို့စားကတော်ကာဒယ်လ်က ဒွိဟဖြစ်နေသော မျက်နှာထားဖြင့် သူမ၏လက်များကို အချင်းချင်းကိုင်ထားမိလေသည်။
"အဲ့လို နေရာမျိုးတော့ ရှိပါတယ်၊ဒါပေမဲ့ ကျွန်မ သတ်မှတ်ထားတဲ့ အသုံးစရိတ်နဲ့ မကိုက်ဘူး ဖြစ်နေလို့ပါ။အားနာလိုက်တာ မဒမ်ရယ်၊ ရှက်မိပါရဲ့။"
"ရှင့်မှာ အသုံးစရိတ် မလောက်ဘူး ဟုတ်လား။"
အိုဖီလီယာ မျက်မှောင်ကြုတ်လိုက်သည်။
"ကျွန်မ ရှိတယ်လေ၊ရှင် ဘာကို ပြောချင်နေတာလဲ။"
ကောင့်မြို့စားကတော်ကာဒယ်လ်၏ မျက်လုံးများ ပြူးကျယ်သွားရ၏။အဘယ့်ကြောင့်ဆိုသော် အိုဖီလီယာ ဆိုလိုသည်က သူမ အကုန်ဝယ်ပေးမည် ဟူ၍ ဖြစ်သောကြောင့်တည်း။
သူမက ဒီလို မျက်နှာသာပေးမှုမျိုးကို ရနိုင်ရဲ့လား။
ကောင့်မြို့စားကတော်ကာဒယ်လ်မှာ အနည်းငယ် တုန်ရီနေသော အသံဖြင့် ပြန်ဖြေလိုက်သည်။
"ဒါပေမဲ့ မဒမ်၊ ကျွန်မ ဒီလိုမျိုး အကြွေးထပ်မတင်ပါရစေနဲ့တော့ရှင်။"
"ကောင့်မြို့စားကတော်ရယ်"
အိုဖီလီယာသည် ကောင့်မြို့စားကတော်ကာဒယ်လ်၏ကျောပေါ်သို့ လက်ကို တင်လိုက်ရင်း ပါးစပ်ကို ဖြည်းဖြည်းချင်း ဖွင့်ဟလိုက်သည်။
"ရှင် ကျွန်မဘက်ကို ရောက်လာတယ်ဆိုတာ ကျွန်မအတွက် အများကြီး အဓိပ္ပါယ်ရှိတဲ့ ကိစ္စပါ။"
"..."
"ဒီတော့ ကျွန်မ ရှင့်အတွက် ဒီလိုမျိုး လုပ်ပေးပါရစေ။"
"ဘု ...ဘုရားသခင် "
ကောင့်မြို့စားကတော်ကာဒယ်လ်၏မျက်လုံးများတွင် မျက်ရည်ကြည်များ ပြည့်လာလေသည်။
သူမ နက်နက်နဲနဲ ခံစားလိုက်ရသည်။
'အဲ့ဒီ' အိုဖီလီယာက ဤမျှ ပြောင်းလဲသွားမည်ဟု သူမ မယုံနိုင်ပေ။သူမမှာ အိုဖီလီယာ၏ရိုက်နှက်ခြင်းကို အကြိမ်ဘယ်လောက်များများ ခံစားခဲ့ရသနည်း။ထိုသို့ ဆင်းရဲဒုက္ခများကို တောင့်ခံခဲ့ရပြီးနောက်တွင် ယခုကဲသို့ နေသာသော နေ့တစ်နေ့က ရောက်ရှိလာခဲ့သည်။
သူမ မျက်ရည်မကျပါဘဲ ထိုကိစ္စကို လက်မခံနိုင်ပေ။
"ကျေး...ကျေးဇူးတင်ပါတယ် မဒမ်။"
ကောင့်မြို့စားကတော်ကာဒယ်လ်သည် မျက်ရည်များကို လက်ကိုင်ပဝါဖြင့် တို့သုတ်၍ ပြောလာ၏။
အိုဖီလီယာသည် စိတ်ကျေနပ်မှုများစွာဖြင့် ကောင့်မြို့စားကတော်ကို ပြုံးပြလိုက်လေသည်။
"အမ်း ၊မဒမ်ရေ၊ရှင် တကယ်ပဲ မကောင်းတဲ့ အစီအစဥ်တစ်ခုခု မလုပ်လောက်ပါဘူးနော်။"
ဂျက်စမင်၏မေးခွန်းကို သူမ လျစ်လျူရှုထားလိုက်၏။
*
သူမတို့ ရောက်ရှိသွားသော ပရိဘောဂစတိုးမှာ အလွန်ကြီးမားလှသည်။တစ်ချက် ကြည့်ရုံမျှပင် ဆိုင်အတွင်းရှိ တလက်လက်တောက်ပနေသော အသုံးအဆောင်များမှာ ဈေးကြီးပုံပေါ်ပြီး စားပွဲတင်ပန်းအိုးတစ်လုံးကိုပင် ရွှေဒင်္ဂါးများ ပေးဝယ်ရလောက်သည်။
ဒါပဲလေ။
ဟိုး ဟိုး
အိုဖီလီယာက အပြုံးတစ်ပွင့်ဖြင့် ဆိုင်ထဲ ဝင်ခဲ့သည်။
"ကြိုဆိုပါတယ် ခင်ဗျာ"
သူမတို့ ဆိုင်ထဲ ဝင်လာသည်နှင့် အရောင်းစာရေး လေးယောက်က သူမတို့ကို နှုတ်ဆက်လာလေသည်။
စာရေးတစ်ယောက်သည် ရှေ့ဆုံးရှိ ဂျက်စမင်ကို အရင်ကြည့်လိုက်သည်။ပြီးနောက် ကောင့်မြို့စားကတော်ကာဒယ်လ်ကို ကြည့်ပြီးမှ အိုဖီလီယာဆီ အကြည့်ရောက်လာပြီးလျှင် မျက်လုံးများ ပြူးကျယ်သွားသည်။
"မ...မဒမ်က ရိုင်ဇန်မြို့စားကြီးကတော် မဟုတ်ပါလား ခင်ဗျာ။"
စာရေးက အံ့ဩသွားပြီး အိုဖီလီယာကို ကြည့်၍ အော်ဟစ်လိုက်သည်။
"ကျေး...ကျေးဇူးပြုပြီး ခဏလောက်စောင့်ပေးပါ ခင်ဗျာ။ကျ...ကျွန်တော်တို့ သူဌေးကို သွားခေါ်ပေးပါမယ်။"
ထို့နောက် သူက အနောက်ဘက် အခန်းထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားလေသည်။
အိုဖီလီယာမှာ ပါးပြင်ကို ကုတ်ခြစ်ရင်း ဘာမှမသိသည့်နှယ် မျက်တောင် တဖျတ်ဖျတ် ခတ်နေလေသည်။
"ကျွန်မရဲ့မျက်နှာက ဒီလောက်အထိ လူသိများတာလား။"
"ကျွန်မ မှန်းကြည့်ရသလောက်တော့ ..."
ဂျက်စမင်က ပြန်ဖြေသည်။
"မဒမ် အရင်က ဒီဆိုင်ကို လာဖူးတယ်လို့ ကျွန်မ ကြားမိပါတယ်။"
"တကယ်လား"
"ဟုတ်ကဲ့၊မဒမ် ရောက်လာပြီး အရှုပ်အထွေးတွေ လုပ်သွား ... မဟုတ်သေးပါဘူး၊မဒမ် နည်းနည်းလေး ရေးကြီးခွင်ကျယ် လုပ်မိသွားတာပါ။"
အိုး၊ဒါက ဘယ်လိုလဲဆိုတာ ငါ မသိဘူး။ဒါပေမဲ့ ဒီအကြောင်းကို ဘယ်တော့မှ သိချင်မှာလဲ မဟုတ်ဘူး။
အိုဖီလီယာ ခေါင်းယမ်းပြလိုက်သည်။
"အဲ့ဒါ အရင်ကလေ၊အခုက အခုပဲ။ဒါပေမဲ့ သူရဲ့တုံ့ပြန်ပုံက ဘာလို့ ဒီလိုမျိုး ဖြစ်နေတာလဲတော့ ကျွန်မ မသိဘူး။"
"အဲ့ဒီတုန်းက ရှင် စာရေးကို လည်ပင်းညှစ်ပစ်ခဲ့တာကြောင့် ဖြစ်ပါလိမ့်မယ်။"
ကောင့်မြို့စားကတော်ကာဒယ်လ်က ပြောသည်။
"စာရေးတစ်ယောက်က ရှင့်လို မဒမ်နဲ့ တိုက်ရိုက် ပတ်သက်ဆက်ဆံရဲရလားဆိုပြီး ရှင် ဒေါသထွက်သွားခဲ့တာပါ။ရှင် မမှတ်မိဘူးလား။"
"..."
အိုဖီလီယာ
နင်က စွမ်းအားနဲ့ အနိုင်ကျင့်တဲ့နေရာမှာ ဘုရင်မကြီးပါပဲ။
အိုဖီလီယာ သက်ပြင်းချရင်း မျက်နှာကို လက်ဖြင့် အုပ်ထားလိုက်မိ၏။
"ဒါက အခု အရေးမပါတော့ပါဘူး။စာရေးပဲ ဖြစ်ဖြစ် ဘယ်သူပဲ ဖြစ်ဖြစ် ဘာအပြောင်းအလဲမှ မရှိဘဲ။"
"ရှင့်ရဲ့ စိတ်ကို ဒီလိုပြောင်းလဲပစ်လိုက်တာ အံ့ဩဖို့ကောင်းပါတယ်။"
ကောင့်မြို့စားကတော်ကာဒယ်လ်က အံ့ဩနေသော မျက်နှာထားဖြင့် ပြောလေသည်။
"ကျွန်မ တကယ်ကို သိချင်နေမိပြီ မဒမ်ရေ။"
သူမက ဆက်ပြောသည်။
"ရှင် ဘာလို့ ဒီလောက်အထိ ပြောင်းလဲသွားရတာလဲ။"
ကောင့်မြို့စားကတော်ကာဒယ်လ်က အမှန်ပင် ရိုးရိုးသားသား သိချင်နေပုံ ရ၏။
အိုဖီလီယာမှာ ထိုအကြောင်းနှင့် ပတ်သက်လျှင် နှုတ်ဆိတ်နေမြဲ ဖြစ်လေသည်။
သူမ ဒါကို ဘယ်လို ပြောရမလဲ။
ဆိုဗက်စ်စတာ ပြောသလိုမျိုး သူမ မိုးကြိုးပစ်ခံလိုက်ရလို့ပါဆိုပြီး ပြောသင့်လား။
"ကောင်းပြီ"
အိုဖီလီယာက ပခုံးတွန့်လိုက်သည်။
"ကျွန်မ စိတ်ကို ပြုပြင်ပြောင်းလဲရမှာပေါ့။ကျွန်မ အသက်ပိုကြီးလာပြီလေ။အမြဲတမ်း ကလေးလို နေနေလို့မှ မရဘဲ၊မဟုတ်ဘူးလား။"
"ကျွန်မလဲ ရှင့်ကို ဥပမာယူပြီး လိုက်လုပ်ရမယ်။ဒီတော့ ကျွန်မ ကောင်းတဲ့ဘက်ကို ပြောင်းလဲလာနိုင်မှာပဲ။"
ကောင့်မြို့စားကတော်ကာဒယ်လ်က ထိုသို့ ပြောရင်း ယပ်တောင်ကို ဝှေ့ယမ်းလိုက်သည်။
"လူတိုင်းက မဒမ်ရဲ့ပြောင်းလဲမှုကို သတိထားမိသင့်တယ်။"
"သူတို့ မကြာခင် သိလာရမှာပါ။"
အိုဖီလီယာက ယုံကြည်ချက်အပြည့်ဖြင့် ပြန်ဖြေသည်။
"ကျွန်မ အဲ့လို ဖြစ်လာအောင် လုပ်မှာမို့လို့ပဲ။"
သူမတို့ ဤသို့ ပြောနေစဥ်တွင် ဆိုင်အတွင်းရှိ တခြားလေဒီများက တီးတိုးစကား ပြောနေသည်ကို သူမ မြင်နေရသည်။အိုဖီလီယာက ထိုလေဒီများဘက်သို့ အနည်းငယ် ခေါင်းစောင်းကြည့်လိုက်သည်။
ထိုလေဒီများကို အမဲလိုက်ပြိုင်ပွဲတွင် သူမ တွေ့ဖူးသည်။
ဒီတော့ သူမတို့က ဖလဲရ်ဘက်က သူတွေပေါ့။
သူမတို့ ဒီနေရာကို ဘာလို့ ရောက်နေရတာလဲ။
အိုဖီလီယာ သိချင်နေခဲ့သည်။
သူမ မေးလိုက်ချင်သော်လည်း ထုတ်မေး၍ မရနိုင်ပေ။
အိုဖီလီယာသည် သူမ၏သိချင်စိတ်ကို ဖိနှိပ်ဖို့ ကြိုးစားရင်း သည်းညည်းခံလိုက်ရ၏။ထိုအချိန်တွင် သူဌေးဖြစ်ဟန်တူသော လူတစ်ယောက်က အပြေးအလွှား ရောက်လာခဲ့သည်။
"အိုး၊လေဒီတို့။ဟယ်လို၊ကျွန်တော်တို့ရဲ့ ဆိုင်ကို ကြွရောက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ခင်ဗျာ။အ ...အခု ဒီဘက်ကို ကြွပါ။ကျွန်တော် လက်ဖက်ရည်နှင့် မုန့်လေးတွေ ပေါ့ပေါ့ပါးပါး ပြင်ဆင်ပေးထားပါတယ် ခင်ဗျ။"
သူဌေးက အိုဖီလီယာကို ကြည့်လိုက်ပြီး သူမတို့ကို လက်ဖက်ရည်စားပွဲရှိရာသို့ လမ်းပြခေါ်ဆောင်ပေးလေသည်။ထိုသို့ တစ်ခါမှ ဆက်ဆံခြင်း မခံရဖူးသော ဂျက်စမင်က သူမကိုယ်သူမ ဘယ်လိုနေရမှန်း မသိစွာဖြင့် အိုဖီလီယာကို ကြည့်နေပြီး ကောင့်မြို့စားကတော်ကာဒယ်လ်ကလည်း အိုဖီလီယာကို ကြည့်နေခဲ့၏။သူမက ထိုသို့ ဆက်ဆံခံရသည်ကို စိတ်ကျေနပ်နေပုံရကြောင်း သူမတို့ မြင်လိုက်ရလေသည်။
သို့သော် အိုဖီလီယာမှာ အဆင်ပြေနေခဲ့၏။
အင်း၊ကွတ်ကီးတွေက အရသာရှိမဲ့ ပုံပဲ။
၎င်းကို သူမ တွေးနေခဲ့ခြင်း ဖြစ်သည်။
"အဲ့ဒီတော့ မဒမ်တို့ ဒီနေ့ ဒီနေရာကို ဘာကြောင့် ရောက်ရှိလာတာများပါလဲ။မဒမ်တို့ တစ်ခုခု ဝယ်မလို့ပါလား ခင်ဗျာ။"
"ကျွန်မအတွက် လာဝယ်တာ မဟုတ်ဘူး။"
အိုဖီလီယာက ပြန်ဖြေသည်။
"ကောင့်မြို့စားကတော်ကာဒယ်လ်ရဲ့ ကပွဲခန်းမကို အလှဆင်ပေးဖို့ လာဝယ်တာ။ဒီတော့ ခန်းမနဲ့ လိုက်ဖက်မဲ့ ပရိဘောဂတွေ ပြပေးစေချင်တယ်။"
"အာ၊ကျွန်တော် သိပါပြီ။ဒါဆို ကျွန်တော် ကတ်တလောက် ယူပေးပါမယ် ခင်ဗျာ။"
"ကတ်တလောက်လား။"
အိုဖီလီယာ နဖူးတွန့်လိုက်သည်။
"ကျွန်မတို့ ဒါကို လိုလို့လား။"
သူမဘဝတွင် အနည်းဆုံး တစ်ကြိမ်ခန့် လုပ်ချင်သည့်အတိုင်း လုပ်ရန် သူမ ဆုံးဖြတ်လိုက်သည်။
သူမတို့ အထည်ဆိုင် သွားခဲ့စဥ်က ဆိုဗက်စ်စတာလုပ်ခဲ့သည့်အတိုင်းလုပ်လိုသည်ဟု ဆိုလိုပါ၏။
"ဒီကနေ စပြီးတော့ ..."
သူမ ပြုံးလိုက်ပြီး လက်ချောင်းများကို ဆန့်ထုတ်လိုက်သည်။
"ဒီအထိ ..."
အိုဖီလီယာ၏ညွှန်ပြမှုမှာ ဆိုင်အတွင်းရှိ ပရိဘောဂများအားလုံးပင် ဖြစ်ပါ၏။
သူမ ဘာမှ မဖြစ်သည့်အတိုင်း ပြောလေသည်။
"ကျွန်မကို အကုန်လုံး ရောင်းပေးလိုက်ချေ။"
သူဌေး၊ကောင့်မြို့စားကတော်ကာဒယ်လ်နှင့် ဂျက်စမင်တို့မှာ ပါးစပ်အဟောင်းသား ဖြစ်သွားကြ၏။
"အိုး ..."
"ဘုရားရေ"
သူတို့မှာ ဘာပြောရမှန်းမသိ ဖြစ်နေလေသည်။ထို့နောက် အရင်ဆုံး အသိစိတ် ပြန်ဝင်လာသော သူဌေးက အမြန် လှုပ်ရှားလိုက်သည်။
"ကျ ...ကျွန်တော် ချက်ချင်း ပြင်ဆင်ပေးပါ့မယ် ခင်ဗျာ။"
သူဌေးက အလျင်အမြန် ပြေးထွက်သွားလေသည်။
သူက ထိုသို့ အခွင့်အရေးကောင်းနှင့် မလွဲချော်လိုပေ။
ထိုသို့ လျင်မြန်စွာ တိုးတက်သွားမှုကြောင့် အိုဖီလီယာ အတော်လေး စိတ်ကျေနပ်သွားရသည်။
သူမက တည်ခင်းထားသော လက်ဖက်ရည်ကို တစ်ငုံသောက်၍ ပြုံးလိုက်၏။
"အမ်း ၊မဒမ်"
ထိုအချိန်တွင် ကောင့်မြို့စားကတော်ကာဒယ်လ်က သတိထား၍ ပြောလာခဲ့သည်။
"အ...အဆင်ပြေပါရဲ့လား။ကျွန်မအတွက် ဒီလိုလုပ်ပေးတာက ..."
"ကောင့်မြို့စားကတော်"
အိုဖီလီယာက သူမကို စိုက်ကြည့်ပြီး ပြောလိုက်လေသည်။
"ကျွန်မရဲ့အခွင့်အရေးပေးမှုကို ကျေးဇူးပြုပြီး လက်ခံလိုက်ပါ။ဒါက အတိတ်မှာ ဖြစ်ပျက်ခဲ့သမျှ မကောင်းတဲ့ကိစ္စတွေအတွက် တောင်းပန်တယ်လို့ ဆိုလိုချင်တာပါ။"
"မဒမ် ရယ်"
ကောင့်မြို့စားကတော်ကာဒယ်လ်မှာ နက်ရှိုင်းစွာ ခံစားသွားရလေသည်။
ပြီးနောက် တစ်ချိန်တည်းတွင် သူမ အနာဂတ်တွင် အိုဖီလီယာအပေါ် သစ္စာစောင့်သိသင့်ပြီး မည်သူကမှ အိုဖီလီယာကို ဂရုမစိုက်သလို ဆက်ဆံခွင့် မပြုနိုင်တော့ဟု တွေးမိလေသည်။
ထိုအချိန်တွင်
"ရှင်က ကျွန်မတို့အပေါ် ဘာကြောင့် ဒီလိုမျိုး လုပ်နိုင်ရတာလဲ။"
သူမတို့နှင့် ခပ်လှမ်းလှမ်းတွင် ရပ်နေကြသော လေဒီများက အချင်းချင်း တိုးကပ်လိုက်ပြီး ဤသို့ အော်ဟစ်လာကြသည်။
"အမှန်ပဲ၊ဒီလိုတော့ မလုပ်သင့်ပါဘူး။"
သူမတို့၏မျက်နှာများက နီရဲလျက် ထိုသို့ ပြောနေကြလေသည်။
အိုဖီလီယာက ဘာမှ မဖြစ်သည့်အတိုင်း သူမတို့ကို ကြည့်နေခဲ့သည်။
နင်တို့ ဘာတွေ ပြောနေကြတာလဲ။
"ဘာလို့ ဒီလို လုပ်လို့ မရတာလဲ။"
ချက်ချင်းဆိုသလို ဆိုင်အတွင်းရှိ လေထုက အေးစိမ့်လာလေသည်။လေဒီများမှာ ဆွံ့အနေကြပြီး အလိုအလျောက် ပခုံးများကို ကြုံ့ထားမိကြသည်။
တွေးကြည့်မှ သူမတို့၏အရှေ့တွင် ရှိနေသူမှာ အိုဖီလီယာ ရိုင်ဇန် ဖြစ်သည်။
အင်ပါယာတွင် အညစ်ပတ်အရိုင်းစိုင်းဆုံး မိန်းမတစ်ယောက်။
မကောင်းမှု ကျူးလွန်ရာတွင် နှစ်ယောက်မရှိသော မိန်းမ။
သူမတို့က အိုဖီလီယာကို ဂရုမစိုက်ပဲ စကားပြောနိုင်ပါမည်လော။
ထိုသို့ ဖြစ်နေသည့်တိုင် ကောင့်မြို့စားကတော် ဖလဲရ်အတွက် ပြောပေးသင့်သည်ဟု သူမတို့ ခံစားရသည်။
လေဒီများသည် မျက်စိစုံမှိတ်၍ အော်ဟစ်လိုက်ကြ၏။
"ရှင်က ကောင့်မြို့စားကတော် ဖလဲရ် ဝယ်ဖို့ စီစဥ်ထားတာတွေ အကုန်လုံးကို ယူသွားတာလေ။"
TK Team
++++++++