အပိုင်း၁၂၆
Viewers 11k

🥰 Chapter 126 ✅


မင်လျိုရီက မူလဇာတ်ကြောင်းအား သေချာသဘောပေါက်နားလည်နေခဲ့ပြီးဖြစ်သည်။ သူမသာ အမျိုးသားဇာတ်လိုက်ဖြစ်သည့် ယောင်ကျိကျိုးအား ကောင်းကောင်းဆက်ဆံပေးပြီး ချစ်ပေးပါက ဤစာအုပ်ထဲတွင် ကောင်းမွန်သည့်ဘဝကို နေနိုင်လိမ့်မည်။

...


မင်လျိုရီက လမ်းတစ်လျှောက်တွင် ဗီဒီယိုတည်းဖြတ်ခြင်းပြီးစီးသွားကာ အလိုအလျောက် ပို့စ်တင်ရန် ပြင်ထားလိုက်သည်။ လေယာဥ်ဆင်းပြီး တက်ဘလက်တွင် လိုင်းပြန်မိသည်နှင့် ဗီဒီယိုက ချက်ချင်း တက်သွားလိမ့်မည်။ 


ထို့ကြောင့်အိမ်သို့ပြန်လာပြီးနောက် တံခါးကိုဖြတ်လိုက်သည့်အချိန်တွင် မင်လျိုရီ၏ဖုန်းက စတင်မြည်လာတော့သည်။ ၎င်းက ယောင်ကျိကျိုးအား အနည်းငယ် သံသယဝင်စေ၏။ ပုံမှန်အားဖြင့် သူမက ဤလောက်များပြားသည့် နိုတီများမရဘူးပေ။ 


“နိုတီတွေအများကြီးတက်နေတာလား”


ယောင်ကျိကျိုးမေးလိုက်သည်။ 


“ဟုတ်တယ်”


မင်လျိုရီပြောလာ၏။


“နောက်ဆုံးတင်ထားတဲ့ ဗီဒီယိုက ကောမန့်တွေလေ... ရှင်က နာမည်ကြီးတယ်လို့ ကျွန်မပြောခဲ့သားပဲ... သူတို့က ကောမန့်တွေအများကြီးရေးသွားကြပေမယ့် ကျွန်မသူတို့ပြောချင်တာကိုနားမလည်နိုင်ဘူး” 


“ကိုယ့်ကို ကူကြည့်ပေးစေချင်လား”


ယောင်ကျိကျိုးမေးလိုက်သည်။ 


မင်လျိုရီက ဖုန်းအား ယောင်ကျိကျိုးထံ ကမ်းပေးလိုက်သည်။ သူဖွင့်လိုက်သည်နှင့်ချက်ချင်းပဲ ရာကျော်နေသည့် စာများကို တွေ့လိုက်ရသည်။ 


[ဒီလိုအေးစက်ပြီးပါးလွှာတဲ့နှုတ်ခမ်းတွေက ဘယ်လိုလုပ် ခွေးလေးတစ်ကောင် အစာစားတဲ့ပုံစံ ရှိနေနိုင်ရတာလဲ]


[သူက အရွယ်ရောက်ပြီးသား ယောက်ျားတစ်ယောက်ပဲ... ဒါပေမယ့် အစာစားပြီးနောက်မှာ နာနာခံခံလေး ရှိလာတာပဲ... သူက သန့်သန့်ရှင်းရှင်းလည်းစားတယ်... မွေးထားတဲ့သူကတော့ ပျော်နေမှာပဲ]


[ပင်လယ်စာက ဒီလောက်အထိ အရသာရှိလိမ့်မယ်လို့ မတွေးခဲ့ဖူးဘူး... ဒါပေမယ့် ငါ့မှာ မေးစရာရှိနေတုန်းပဲ... အဲ့ဒါ ဘာကမာကောင် အမျိုးအစားလဲ... သူတို့ကိုကြည့်ရတာ နတ်ဘုရားက ချက်ထားတဲ့အတိုင်းပဲ... မင်းတို့မှာ အိုအက်ဖ်အို ရှိလား... အိမ်တိုင်ရာရောက်ပို့ပေးဖို အော်ဒါတင်ချင်လို့]


ယောင်ကျိကျိုး ပြောစရာစကားမဲ့သွားသည်။ 


ဒီတစ်ခေါက်လည်း အင်တာနက်အသုံးပြုသူတွေက ဘယ်လို အဓိပ္ပာယ်မရှိတဲ့ စကားတွေကို ပြောနေပြန်တာလဲ...


“ဗီဒီယိုကကောင်းသားပဲ... ဒါပေမယ့် နောက်ထပ်ဗီဒီယိုတွေ မတင်နဲ့တော့”


ယောင်ကျိကျိုး ပြောလိုက်သည်။


မင်လျိုရီ ကြောင်အမ်းအမ်းလေးဖြစ်သွား၏။ 


သူအရင်က သဘောတူခဲ့တာမဟုတ်ဘူးလား...


ယောင်ကျိကျိုး ခဏရပ်လိုက်ကာ နက်ခ်တိုင်ဗီဒီယီုကိုကြည့်လိုက်သည်။ အကြိုက်များသည့် ကောမန့်တစ်ခုက တကယ်ကို မျက်စိဖမ်းစားနေသည်ပင်။ 


[ပို့စ်တင်သူရေ...မင်းရဲ့လက်တွေရော အချည်ခံရပြီးပြီလား]


.....


ထိုညတွင် ယောင်ကျိကျိုးက ညအိတ်ဝတ်စုံကိုလဲ၍ လှဲနေသည်။ မင်လျိုရီလည်း ဝင်လှဲလာချိန်တွင် ယောင်ကျိကျိုးက ရုတ်တရက်ထလာကာ နက်ခ်တိုင်ကို ထုတ်လာသည်။ 


“လာ...ကိုယ်တို့လေ့လာထားတာတွေကို ပြန်စမ်းစစ်ကြည့်ရအောင်... အခု ကိုယ့်ကိုနက်ခ်တိုင်ကူချည်ပေး”


မင်လျိုရီက သံသယများနှင့်ပြောလာသည်။


"အဲ့ဒါက လိုင်ချီးရွာမှာတုန်းက လုပ်ခဲ့ပြီးပြီမလား... ကျွန်မ သင်ပြီးနေပြီလေ”


ထိုသို့ပြောလိုက်သော်လည်း မင်လျိုရီက ထလာ၍ နက်ခ်တိုင်ကို ချည်ပေးလိုက်သည်။ ထို့နောက်တွင် ယောင်ကျိကျိုးက ရုတ်တရက် မင်လျိုရီကိုအိပ်ရာပေါ်သို့ ဖိချလိုက်လေသည်။ သူက နက်ခ်တိုင်ကို ဖြေကာ မင်လျိုရီ၏လက်များကို လျင်မြန်စွာ ချည်နှောင်လိုက်သည်။ မင်လျိုရီက ဖြစ်စဥ်တစ်လျှောက်လုံးတွင် ရှုပ်ထွေးနေသည့် အခြေအနေတွင်ရှိနေကာ သူမ၏လက်နှစ်ဖက်လုံးက ခေါင်းအထက်တွင် မြှောက်ပင့်ခံထားရသည်။ 


ထို့နောက် မင်လျိုရီမှာ ယောင်ကျိကျိုး၏အုပ်မိုးခြင်းကို ခံရတော့သည်။ သူမရုန်းကန်ချင်သော်လည်း သူမ၏လက်များက မလွတ်မြောက်နိုင်ဘဲကူကယ်ရာမဲ့သလို ခံစားလိုက်ရသည်။


ယောင်ကျိကျိုးက ရယ်လိုက်သည်။ မင်လျိုရီအား ခြောက်လှန့်မိမည်ကို စိုးရိမ်သောကြောင့် သူမမျက်နှာလေးကို ညင်သာစွာနမ်း၍ လွှတ်ပေးလိုက်သည်။ သူက အတင်းအကြပ်လုပ်ရန် စိတ်မဝင်စားပေ။ 


“အဲ့ဒီကောမန့်တွေရဲ့ အဓိပ္ပာယ်ကို အခုနားလည်ပြီလား”


ယောင်ကျိကျိုးက အသံနိမ့်နိမ့်ဖြင့် မေးလိုက်၏။ 


မင်လျိုရီမှာ အာစေးမိနေမိသည်။ မသင့်လျော်သည့်အတွေးများစွာက သူမစိတ်ထဲတွင် ဖြတ်ပြေးလာလေသည်။ သူမ ပြောစရာစကားမဲ့သွားရပြန်သည်။ 


ယောင်ကျိကျိုးက မင်လျိုရီ၏ မျက်နှာအမူအရာကိုကြည့်၍ ရညရွယ်ချက်ရှိရှိ မှားယွင်းအကဲဖြတ်လိုက်သည်။ 


“မဟုတ်မှ...ဒီလိုမျိုးကို မင်းကကြိုက်တာလား... ဒါဆိုလဲ ဘာလို့ဆက်မသွားရမှာလဲ”


မင်လျိုရီ ခေါင်းခါပြလာသည်။ ယောင်ကျိကျိုး ရယ်လိုက်ပြီး သူမနားထဲသို့ တီးတိုးဆိုလိုက်သည်။


"ကောင်းပြီ...ဒါဆိုလည်း ဒီတစ်ခါတော့ ဒီမှာပဲရပ်ပြီး နောက်တစ်ခါမှဆက်ကြတာပေါ့”


မင်လျိုရီတွင် တုံ့ပြန်ဖို့ရာ စကားတစ်လုံးတစ်လေမှမရှိတော့ပေ။ သူမက အကြိမ်အနည်းငယ် ချောင်းဟန့်လိုက်သည်။ 


"အဓိပ္ပာယ်မရှိတာတွေ မပြောနဲ့တော့... အခုက ရှင့်ရဲ့ ခြေထောက်တွေကို နှိပ်ပေးရမယ့်အချိန်” 


မင်လျိုရီက ဝိညာဥ်စမ်းချောင်းအစက်အနည်းငယ်ကို အသုံးပြုချင်သော်လည်း ယောင်ကျိကျိုးက သူမကို စိုက်ကြည့်နေလေသည်။ 


သေစမ်း...အခုယောင်ကျိကျိုးက မြင်နိုင်တယ်ဆိုတာကို ငါမေ့သွားတယ်... ပေါ်သွားတော့မလို့...


မင်လျိုရီက ချက်ချင်း သူမ၏သံသယဝင်နိုင်သည့် အပြုအမူများကို ဖုံးကွယ်လိုက်ပြီး လှုပ်ရှားမှုအချို့ကို အကျယ်ချဲ့၍ လုပ်ဆောင်လိုက်သည်။ သို့သော်လည်း ယောင်ကျိကျိုးက မင်လျိုရီ၏ လှုပ်ရှားမှုများကို ဂရုမစိုက်ပေ။ သူမ သူ့ဒူးမှ ဒဏ်ရာကို မြင်သည်အချိန်တွင် ဖြစ်သွားသည့် သူ့မိန်းမလေး၏ မျက်နှာအမူအရာကို အနီးကပ်သာကြည့်ချင်နေသည်။ သူတို့နှစ်ယောက်တွင် ကွဲပြားသည့်ရည်များရှိနေတော့သည်။


ယောင်ကျိကျိုး၏ မျက်နှာမှာဖြူဖျော့လာပြီးခန္ဓာကိုယ်လည်း တောင့်တင်းလာသည်။ တစ်ဖက်တွင်တော့ မင်လျိုရီက သူမ၏သရုပ်ဆောင်မှုတွင် နစ်မျောနေ၏။ သူမက တစ်ခုခုကို စဥ်းစားနေဟန် ပြုမူကာ ရေချိုးခန်းထဲသို့ ပြေးသွားတော့သည်။ 


သူမက အပြင်ဘက်ကို ချောင်းကြည့်ရန် ယောင်ကျိကျိုး သူမအား မြင်ရ ၊ မမြင်ရ သေချာအောင် ကြည့်လိုက်သည်။ သူမကပုလင်းငယ်လေးတစ်လုံးကို ရှာဖွေလိုက်ပြီး ဝိညာဥ်စမ်းချောင်းအနည်းငယ်ကို ထည့်လိုက်သည်။ ထို့နောက် သူမက သာမန်ရေအချို့ကိုလည်း ရောနှော၍ထည့်လိုက်သည်။ 


ထိုသို့ပြုလုပ်ပြီးနောက် မင်လျိုရီက ကုတင်ဆီသို့ လျင်မြန်စွာပြန်လာပြီး လွန်ကဲနေသည့်အမူအရာဖြင့် ပြောလိုက်သည်။


“ဒါကိုမေ့သွားတော့မလို့... ဒါက ရှင် မြောင်လွေ့မင်ကိုကြည့်ခိုင်းထားတဲ့ တောင်ပေါ်က စိမ့်စမ်းရေ”


ယောင်ကျိကျိုး ခေါင်းညိတ်လိုက်သည်။ 


သူ သံသယမဝင်သည်ကို မြင်ပြီးနောက် မင်လျိုရီက သူ့ဘောင်းဘီကို လိပ်တင်ကာ သူမလက်ထဲသို့ အရည်အချို့ထည့်လိုက်သည်။ သူ့ဒူးပေါ်မှ အမာရွတ်များအပေါ်သို့ မလိမ်းပေးခင် သူမက လက်များကို ညင်သာစွာ ပွတ်လိုက်သည်။ 


ဖြူဖွေးသည်လက်ကလေးနှင့် ကြောက်မက်ဖွယ်ကောင်းသည့် အမာရွတ်က အမြင်များကို တမျိုးတမည် ဆွဲဆောင်နေသည်။ ယောင်ကျိကျိုး မနေနိုင်ဘဲ မျက်လုံးများကို မှိတ်လိုက်ရတော့သည်။



🥰