🌌Extra 7.2
အချပ်ပိုတွေရဲ့ပထမတွဲ ပြီးပါပြီ
[အခန်းအတွင်းတွင်]
လင်း ကုတင်အစွန်းသို့ လျှောက်သွားကာ နောက်သို့လဲကျသွားသည်။
သူက လုမော့၏ ရနံ့များ လွှမ်းခြုံထားသော ပျော့ပျောင်းသော အိပ်ယာထဲသို့ နက်နက်ရှိုင်းရှိုင်း နစ်မြုပ်သွားခဲ့သည်။ ၎င်းအနံ့က သူ့နှာသီးဖျားမှတစ်ဆင့် ပျံ့နှံ့လာ၏။
သူက စောင်ကို ဖြည်းညှင်းစွာ ဆွဲယူကာ လိပ်ထားသော ပေါင်မုန့်ကဲ့သို့ သူ့ကိုယ်သူပတ်လိုက်ပြီး တောက်ပနေသော မျက်လုံးတစ်စုံကိုသာ ဖော်ထားလိုက်သည်။
လုမော့၏ အထိအတွေ့ကို ခံစားရသော ခံစားချက်က သူ့လည်ပင်းတွင် ရစ်ဝဲနေပုံရပြီး လုမော့၏ အသံက သူ့နားထဲတွင် ပဲ့တင်ထပ်နေသည်။
လုမော့ ပွေ့ဖက်ထားသလိုပဲ ခံစားရတယ်...
“အာ...”
လင်းက သူ့လက်ညှိုးကို ကိုက်လိုက်သော်လည်း သူ့မျက်နှာက တဖြည်းဖြည်း နီမြန်းလာပြီး သူ့မျက်လုံးများက ပိုပြင်းထန်တောက်ပလာသည်။
သို့သော် သူ့အခြားလက်တစ်ဖက်ကို စောင်အောက်တွင် ဖွက်ထားလျက် ဖြည်းညှင်းစွာ ရွေ့လျားနေ၏။
ရှက်စရာကြီး...
တော်တော့်ကို အမြင်မတော်လိုက်တာ...
လုမော့ ထွက်ခွာသွားသည့် ထိုခဏတွင် လင်းနှလုံးသားထဲ လွန်ခဲ့သည့် ရက်အနည်းငယ် အတွင်း ရစ်ပတ်နေခဲ့သော ခံစားချက်က သူ့အား မငြိမ်မသက်ဖြစ်စေကာ နောက်ဆုံးတွင် ထွက်ပေါ်လာသည်။
၎င်းက စိုးရိမ်သောကရောက်မှု၊ စစ်တပ်သို့ ပြန်လိုသောဆန္ဒနှင့် မစ္စတာလိုက်ယင်အတွက် စိတ်ပူပန်မှုပင်။
( အရှေ့က extra 3မှာ လင်းရဲ့စိတ်အခြေအနေက စစ်တပ်ထဲမဝင်ခင်က အချိန်ကို ရောက်သွားတယ်လို့ စာတစ်ကြောင်းမှာပြောထားပါတယ် ၊ ဒါပေမဲ့ သူ နိုးလာတည်းက သူ့ကိုယ်သူ စစ်တပ်ထဲကလူဆိုတာ သိနေပြီး အခုလည်း အဲဒီစစ်တပ်အကြောင်းတွေပဲ စဉ်းစားနေတယ်ဆိုတော့ ကိုယ့်စိတ်ထင် E translator က မူရင်းစာရေးသူရေးတာကို မှားပြန်ထားတယ်တင်ပါတယ်၊ ကိုယ်ကလည်း အဲ့တစ်နေရာကို သူပြောတဲ့အတိုင်းပဲ တဲ့တိုးပြန်ထားလိုက်မိတော့ စာဖတ်တဲ့သူတွေ နားမလည်ဖြစ်မှာစိုးလို့ T/Nလေး ထည့်ပေးတာပါ )
သို့သော် ယခုအချိန်တွင် ၎င်းက လုံးဝခြားနားသည့် ခံစားချက်တစ်ခုဖြစ်ကြောင်း သူနောက်ဆုံး သဘောပေါက်သွား၏။
လိုချင်တယ်...
လုမော့ သူ့ကို ထွေးပွေ့ထားစေချင်သည်။
လုမော့ သူ့ကို နမ်းစေချင်သည်။
လုမော့ကို သူ့ထဲ ဝင်လာစေချင်သည်။
သို့သော် လုမော့ကို ပထမဆုံးစတွေ့ကတည်းက မဖြစ်နိုင်သည်ကို သူသိ၏။
ထိုအချိန်တွင် သူက လုမော့ကို ကြောက်ရွံ့မှုများနှင့် ခုခံလိုစိတ်များပြည့်နှက်နေသော်လည်း လုမော့က အသက်မပြည့်သေးသောကြောင့် သူ့ကို လွှတ်လိုက်သည်။
"ဒါက အကောင်းဆုံးဖြစ်ဖို့ အတွက်ပါပဲ..."
လင်း တွန်းထုတ်ခြင်းခံလိုက်ရသော အခိုက်အတန့်တွင် သူ၏ တင်းတင်းကျပ်ကျပ် သော့ခတ်ထားသော နှလုံးသားက နောက်ဆုံး၌ ပြေလျော့သွားပြီး လုမော့က ဤမျှမာနကြီးသော အမျိုးသားဇာ့ဂ်တစ်ဦးဖြစ်သည်ကို ကျေးဇူးတင်မိ၏။
ဒါပေမယ့်...
ဒါက ဘာလဲ...
လင်းက အံတင်းတင်းကြိတ်လိုက်ပြီး သူ့ရင်ဘတ်ကို မထိန်းနိုင်ဘဲ သူ့ခန္ဓာကိုယ်အပူချိန် တဖြည်းဖြည်း မြင့်တက်လာပြီး သူ့နှလုံးက ပိုပို၍ ဖိနှိပ်လာသလို ခံစားလာရသည်။
လုမော့ ငါ့ကို ဘာလို့ မထွေးပွေ့တာလဲ...
၎င်းက အလွန်နာကျင်ရ၏။
သူ အဲ့ဒါကို လိုချင်တာ ရှင်းပါတယ်...
ရူးသွားတဲ့အထိ ပွေ့ဖက်ထားခံချင်တယ်...
"အမ်-"
လင်း မျက်လုံးများကိုမှိတ်လိုက်ပြီး သူ့မျက်နှာကို စောင်ထဲသို့ ပိုနက်အောင် မြှုပ်လိုက်သည်။
သူ့ခန္ဓာကိုယ်ရှိ မငြိမ်မသက်မှုများက ဤအချိန်တွင် အနည်းငယ် ငြိမ်သက်သွားခဲ့၏။
"ဟား...ဟာ့...”
ခွန်အားတွေ ကုန်ဆုံးသွားသလို ခံစားရတယ်...
လင်းက အပေါ်မှမျက်နှာကျက်ကို စိုက်ကြည့်လိုက်၏။
ခဏကြာပြီးနောက် သူ့မျက်လုံးကို မှိတ်ထားလိုက်သည်။
သီအိုရီအရ သူရှက်သင့်သော်လည်း လင်းက သူ့မျက်လုံးများကို မှိတ်ထားပြီး အပြစ်မရှိဘဲ ကျေနပ်သောအပြုံးကို ပြသခဲ့သည်။
အဘယ်ကြောင့်ဆိုသော်...အားလုံးက...
----
ငါက အမှိုက်ကောင်အဖြစ် မွေးလာခဲ့တာပဲ…
အသက်ရှင်အောင် မနည်း ရုန်းကန်လှုပ်ရှားခဲ့တဲ့ ဇာ့ဂ်မျိုးနွယ်ဝင်တစ်ဦးက မွေးရာပါလူကောင်းတစ်ယောက် ဘယ်လိုဖြစ်နိုင်မှာလဲ...
လင်းက စောင်ကို ပွေ့ဖက်ကာ အေးအေးဆေးဆေး လှည့်ပတ်လိုက်သည်။
လုမော့ သူ့ကဲ့သို့ လူယုတ်မာကို နှိုးဆော်ရန်က အမှန်တကယ်ကို လွယ်ကူ၏။
အနက်ရောင်စတုရန်းတုံးလေးက သူ့အိတ်ကပ်ထဲမှ ပြုတ်ကျသွား၏။
လင်း ကုတင်ပေါ် မှီကာ မျက်နှာကိုလှည့်၍ စတုရန်တုံးလေးကို ကြည့်လိုက်သည်။ သူက ၎င်းကို စက္ကန့်ပေါင်းများစွာ စိုက်ကြည့်နေ၏။
အခန်းက တိတ်ဆိတ်နေပြီး လင်းမျက်လုံးများကို မှိတ်ထားကာ သူတို့အတွင်းမှ အမှောင်ရိပ်များ တဖျပ်ဖျပ်ခတ်နေသည်။
နောက်ဆက်တွဲပျင်းရိမှုကြောင့် သူက စတုရန်းတုံးလေးကို ကောက်ယူပြီး "ကလစ်" ခနဲ ဖွင့်လိုက်၏။
သူ့ရှေ့က မှတ်တမ်းမှာ ယခင်က ပြခဲ့သလိုပင်။
[လုမော့...လုမော့... လုမော့...လုမော့... လုမော့...လုမော့... လုမော့...လုမော့... လုမော့...လုမော့... လုမော့...လုမော့... လုမော့...လုမော့... လုမော့...လုမော့... လုမော့...လုမော့... လုမော့...လုမော့...]
[ငါ့အပိုင်...ငါ့အပိုင်... ငါ့အပိုင်...ငါ့အပိုင်... ငါ့အပိုင်...ငါ့အပိုင်... ငါ့အပိုင်...ငါ့အပိုင်... ငါ့အပိုင်...ငါ့အပိုင်... ငါ့အပိုင်...ငါ့အပိုင်... ငါ့အပိုင်...ငါ့အပိုင်... ငါ့အပိုင်...ငါ့အပိုင်... ငါ့အပိုင်...ငါ့အပိုင်...]
.................
ယခင်အချိန်နှင့် နှိုင်းယှဉ်ပါက လင်း ယခုတစ်ကြိမ်တွင် သူ၏ စူးစမ်းမှုကို ပိုဂရုစိုက်လိုက်သည်။
ဒါတွေအားလုံးကို ငါ ကိုယ်တိုင်ရေးထားသလိုပဲ… အခုလည်း လုမော့ကို အသည်းအသန် လိုချင်နေပြီး လုမော့ရဲ့ မျက်လုံးနဲ့ နှလုံးသားထဲမှာ ငါ့အတွက် နေရာလွတ်ပဲ ရှိစေချင်တော့တယ်...
သို့သော် မဖြစ်နိုင်ချေ။
လုမော့တွင် အိမ်သူဘုရင်မ တစ်ပါးရှိပြီး လုမော့က သူ့ အိမ်သူကို မည်မျှချစ်ကြောင်း လင်း သိသည်။
လုမော့ အိပ်နေသောအခါတွင် သူ လုမော့ကို ပွေ့ဖက်လိုသည့်အတိုင်း တစ်ယောက်ယောက်က လုမော့ကို ပွေ့ဖက်ထားမည်ကို သူသိသည်။
လုမော့က ရံဖန်ရံခါတွင် လေးလေးနက်နက် တွေးတောနေတတ်သည်။ အနှောင့်အယှက်ဖြစ်သောအခါတွင် သူ မကျေနပ်သည့်အမူအရာ ပြမည်ဖြစ်သော်လည်း ပတ်ဝန်းကျင်ကို ကြည့်ပြီးနောက် သူ့တိုင်ကြားစရာခေါင်းစဉ်မရှိတော့သကဲ့သို့ ဝမ်းနည်းပူဆွေးစွာဖြင့် အကြည့်များကို ရုတ်သိမ်းလိုက်သည်။
လင်း သူ့ရင်ဘတ်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားရုံမှတစ်ပါး မတတ်နိုင်တော့ချေ။
မင်းက… မင်းရဲ့ အိမ်သူဘုရင်မနဲ့ရော ဒီလိုပဲလား...
အရမ်းနာကျင်ရတယ်...
လုမော့က သူ့အိမ်သူဘုရင်မကို ပွေ့ဖက်နမ်းရှုံ့ပြီး ပြုံးပြသည်များကို တွေးမိရုံနှင့်ပင် လင်းက…
အသည်းကွဲသွားပြီး သူ့နှလုံးသားက နှစ်ခြမ်းကွဲလိမ့်မည်။
ငါသာ လုမော့ ဘေးမှာရှိနေရင်…
ငါသာ လုမော့ရဲ့ အိမ်သူဘုရင်မ ဖြစ်ခဲ့ရင်…
ငါသာ လုမော့အချစ်ရဆုံးသူ ဖြစ်ခဲ့ရင်…
သို့သော် လုမော့က သူ့ကို လက်ဖျားနှင့်ပင် မထိချေ။
စတုရန်းတုံးသေးသေးလေးမှအသံက ဆက်လက်ထွက်ပေါ်နေ၏။
[လုမော့ကို ငါ့ပိုင်တယ် ငါပိုင်တယ်... ငါပိုင်တယ်... ငါပိုင်တယ်... ငါပိုင်တယ်... ငါပိုင်တယ်...]
[မထိနဲ့...မကြည့်နဲ့... မလှုပ်နဲ့...စကားမပြောနဲ့...မတွေးနဲ့...]
.....................
လင်း၏ လက်ချောင်းများ တုန်လှုပ်သွားသည်။
နောက်အခိုက်အတန့်တွင် သူက အနက်ရောင်စတုရန်းတုံးလေးကို ကိုင်ကာ အားနှင့်ပစ်ချလိုက်သည်။
သေးငယ်သောစတုရန်းတုံးက နံရံကိုထိပြီး မြေပြင်ပေါ်သို့ လှိမ့်သွားသော်လည်း ထိုကဲ့သို့ အင်အားဖြင့်ပင် ကွဲသွားခြင်းမရှိပေ။ ၎င်းက ထိုအကြောင်းအရာများကို အဆုံးမရှိ ဆက်လက်ပြောနေခဲ့သည်။
လင်း သေလုမျောပါး ခံစားရလေသည်။
သူ ယခင်က မတွေးဖူးသည့် အရာတစ်ခုကို ရလာချိန်တွင် သူ ဆုံးရှုံးသွားခဲ့ပြီဆိုသည်ကို သိ၏။
ထိုထက် ပိုနာကျင်စရာ ဘာမှ မရှိခဲ့ချေ။
လုမော့ကို လုံးလုံးလျားလျား ချစ်မိသွားသည့် အချိန်တွင် လုမော့၏ အချစ်က သူနှင့် မသက်ဆိုင်ကြောင်း သူနားလည်ခဲ့သည်။
အရမ်းနာကျင်ရတယ်…
အရမ်း အသည်းကွဲရတယ်…
လင်း ကုတင်ကို ပြင်းပြင်းထန်ထန် ဆောင့်ချလိုက်ပြီး အသံတိုးတိုးလေး ထွက်လာသည်။
ကုတင်ပေါ်တွင် ပရမ်းပတာခြေရာလက်ရာများ ရှိနေဆဲဖြစ်ပြီး လင်းက ထိုအမှတ်အသားများကို မှိုင်တွေလျက် ကြည့်နေလေသည်။ ယခင်က ခိုးယူခံရသော ပျော်ရွှင်မှုက လုံးလုံးလျားလျား ပျောက်ကွယ်သွားခဲ့ပြီး မလိုလားအပ်သော ဆန္ဒများနှင့် ပြည့်နှက်နေသော နှလုံးသားတစ်ခုသာ ကျန်ရစ်ခဲ့သည်။
"လုမော့..."
"ငါ့ကို ချစ်ပေးပါ...ကျေးဇူးပြုပြီး ငါ့ကို ချစ်ပေးပါနော်...ငါ့ကို နည်းနည်းလေး ပြန်ချစ်လို့မရဘူးလား..."
”ဒါ... မတရားဘူး...”
လင်းက ကုတင်ပေါ် လှဲချလိုက်ပြီး နောက်ဆုံးညည်းညူလိုက်သည်။
"ငါအရွယ်ရောက်လာခဲ့ရင် မင်း...”
သူ လုံးဝ သတိလစ်သွားခဲ့သည်။
—————
လုမော့၏ ခြေသံများ ရပ်တန့်သွားကာ မသေချာမရေရာမှုများ ပြည့်နှက်နေသော အကြည့်များဖြင့် ရုတ်တရက် ခေါင်းကိုလှည့်ပြီး လင်း၏အခန်းကို ကြည့်လိုက်၏။
စနစ်- [မင်း ဘာဖြစ်နေတာလဲ...]
ယခုချိန်တွင် သူက လုမော့ကို လေးလေးနက်နက် ရိုသေမှုဖြင့် ပြည့်နှက်နေပြီး ပို၍ သိမ်မွေ့သောပုံစံဖြင့် ပြောနေသည်။
"ငါ မသိဘူး..."
လုမော့လှည့်ပြီး လင်း၏ အခန်းဆီသို့ လျှောက်သွားသည်။
"ဒါပေမယ့် ငါ လင်း ငိုနေတာကို ကြားလိုက်ရတယ်လို့ ထင်တယ်..."
စနစ်- "..."
မဟုတ်သေးဘူး… အဲဒါက ကြောက်ဖို့ကောင်းလွန်းတယ်… စနစ်က ဒီလိုပုံမျိုးကို လက်မခံနိုင်ဘူး…
"ငါ သွားစစ်ကြည့်လိုက်မယ်..."
လုမော့ ခြေလှမ်းသုံးလှမ်းဖြင့် အခန်းရှေ့သို့ အမြန်ပြန်ကာ တံခါးလက်ကိုင်ကို နှိပ်လိုက်သည်။
တံခါးက ကျွီခနဲ ပွင့်သွား၏။
လေထုထဲတွင် ထူးဆန်းသော အနံ့တစ်ခု ထွက်ပေါ်လာပြီး လုမော့မျက်မှောင်ကြုတ်ကာ ကုတင်ဆီသို့ လှမ်းကြည့်လိုက်သည်။ ထို့နောက် သူ့မျက်လုံးများ ပြူးကျယ်သွားသည်။
ကုတင်ပေါ်တွင် လဲလျောင်းနေသော လူမှာ ဆယ်ကျော်သက် လင်း မဟုတ်တော့ချေ။
ငွေရောင်ဆံနွယ်နှင့် အိမ်သူဘုရင်မက မျက်လုံးများကိုမှိတ်ထားကာ မျက်နှာက အနည်းငယ် ဖြူဖျော့နေ၏။ သူ၏ အသွင်အပြင်က လုံးဝကို ကွဲပြားကာ ထိုးဖောက်လုနီးပါး အလှကို ပေါ်လွင်စေသည်။
လုမော့ လင်းကို စိုက်ကြည့်ရင်း သူ့ကို ဤကဲ့သို့ မတွေ့ရသည်မှာ ကြာသွားသလို ရုတ်တရက် ခံစားလိုက်ရသည်။
၎င်းက ရက်အနည်းငယ်သာရှိသေးသော်လည်း…
သူ ကူကယ်ရာမဲ့စွာ ရေရွတ်လိုက်၏။
“လင်း...”
သူ့အသံနှင့်အတူ ကုတင်ပေါ်တွင် လဲလျောင်းနေသော လင်းက နောက်ဆုံးတွင် သူ့မျက်လုံးများကို ဖွင့်လိုက်သည်။
ပထမတွင် မျက်လုံးများက အနည်းငယ် မှေးမှိန်သွားသော်လည်း လုမော့ကို မြင်ပြီးနောက် လင်းက ပြုံးပြီး သူ့ဘယ်ဘက်မျက်လုံးကို မှိတ်ပြလိုက်၏။
"ငါ ပြန်ရောက်ပါပြီ...”
နေရောင်ခြည်က လင်း၏ ငွေရောင်ဆံပင်များပေါ်သို့ ကျရောက်ကာ တောက်ပနေသည်။
လုမော့၏ နှလုံးသားထဲတွင် ခံစားချက်လှိုင်းလုံးများ ထွက်ပေါ်လာပြီး မအောင့်နိုင်တောဘဲ သူရှေ့သို့ ခြေတစ်လှမ်းတိုးကာ သူ့လက်များကို ဖွင့်လိုက်သည်။
"လင်း..."
သို့သော် ထိုအချိန်တွင် သူ့အကြည့်များကို အခြားအရာမှ ဆွဲဆောင်သွားခဲ့သည်။
နံရံထောင့်တွင် တစ်ခုခုရှိနေပုံရ၏။
လုမော့ခေါင်းကို လှည့်လိုက်ပြီး ထိုခဏမှာပင်_
သူ့မျက်လုံးများက အံ့အားသင့်စွာ ပြူးကျယ်သွားသည်။
တကယ့်ကို... ဝမ်းနည်းစရာ မှတ်တမ်းလေးပါပဲ...
ရိုးရိုးလေးနဲ့ ရင်သပ်ရှုမောဖွယ်ရာပဲ...
လုမော့က ခေါင်းကို ဆတ်ဆတ်ခါလိုက်သည်။
"လင်း အဲဒါဘာလဲ..."
ကုတင်ပေါ်ရှိ ပရမ်းပတာများက သူ့ကို နောက်တစ်ကြိမ် တုန်လှုပ်စေခဲ့သည်။
ခဏနေပါဦး...ဒီထူးဆန်းတဲ့အနံ့နဲ့ ဆက်စပ်နေသလား...
"အမ်၊ အဲဒါ ငါ့ဟာ မင်းသိလား..."
လင်းက သူ့ခြေထောက်များကို ကွေးကာ လုမော့ကို ကျီစယ်အပြုံးလေးဖြင့် ကြည့်နေသည်။
''ဒါတွေအားလုံးက ငါလုပ်ထားတာ...”
လုမော့: “...”
သူ နားမလည်နိုင်သော်လည်း အလွန်တုန်လှုပ်သွား၏။
"မင်း မင်း မင်း…"
လုမော့ မျက်လုံးပြူးသွား၏။
"ဒါက ဒေါသထွက်စရာပဲ..."
တကယ်ပဲ သူ ငါ့ကို ဒီလောက်ထိ ချစ်တာလား...
ဟင်း… ပုံမှန်ဆိုရင် ငြိမ်သက်ပြီး သဘာဝကျကျနေတတ်တဲ့ လင်းက တကယ်တမ်း ငါ့ကို ရူးရူးသွပ်သွပ် ချစ်နေတာလား...
ဟမ်...
ဟမ် ဟမ်...
လုမော့၏ စိတ်ထဲ ဤအတွေး ပေါ်လာသောအခါတွင် အရက်သောက်သကဲ့သို့ အနည်းငယ်မူးပြီး ပေါ့သွားသလို ခံစားလိုက်ရသည်။
လင်းက ကုတင်ပေါ်တွင် ခန္ဓာကိုယ်တဝက်လှဲ၍အိပ်နေပြီး လုမော့ထံသို့ လက်ကိုဆန့်လိုက်၏။
"ဒါဆို အခုလက်ရှိ ထိန်းမနိုင်သိမ်းမရဖြစ်နေတဲ့ အိမ်သူဘုရင်မက မင်းကို လာဖို့ ဖိတ်ခေါ်နေတယ်..."
သူက တိုးတိုးလေးထပ်ပြောလိုက်၏။
"နောက်ပြီး အိမ်သူဘုရင်မရဲ့ estrusကာလကို ကျေနပ်ဖို့ ဆောင်ရွက်ပေးရမှာက အမျိုးသားဇာ့ဂ်ရဲ့ တာဝန်ပဲလေ..."
လုမော့က မျက်လုံးကို မှိတ်ထားသည်။
''မင်းက ကိုယ့်ကို ဆွဲဆောင်နေတာလား..."
လင်းက ငြင်းရန် ရည်ရွယ်ချက်မရှိသလို လုမော့ကို အပြစ်ကင်းစွာ ကြည့်နေခဲ့၏။
"မရဘူးလား...သခင်ရဲ့…"
သူက မေးလိုကိ၏။
လုမော့: "..."
ထိုအချိန်တွင် လုမော့၏ ခန္ဓာကိုယ်၊ လုမော့၏ နှလုံးသား၊ လုမော့၏ ဝိညာဉ်တစ်ခုလုံး မီးလောင်ကျွမ်းသွားသည်။
သူက အသက်ပြင်းပြင်းရှူကာ လက်အိတ်ကိုကိုက်၍ ဖယ်လိုက်ရင်း လင်းကို စိုက်ကြည့်နေသည်။
"ချစ်လှစွာသော အိမ်သူဘုရင်မလေး...မင်းရဲ့သခင်က ဒီရက်ပိုင်းတွေအတွင်း ဘယ်လောက် ခက်ခဲခဲ့လဲဆိုတာ မင်း မကြာခင် နားလည်လာလိမ့်မယ်..."
လင်းက ပြန်ဖြေ၏။
"ဒါကိုပဲ စောင့်မျှော်နေတာပါ..."
.............
လုမော့က ထူးထူးခြားခြား အကျင့်တစ်ခု ဖြစ်လာပုံရသည်။ လင်းက သူ့ကို တောင့်မခံနိုင်ဘဲ စိတ်ရှုပ်ထွေးမှုအရိပ်အမြွက်ကို မတော်တဆ ထုတ်ဖော်လိုက်ပြီး သူ့မျက်လုံးထဲမှ မျက်ရည်များ စီးကျလာတိုင်း လုမော့က ပို၍ ပျော်ရွှင်လာခဲ့၏။
လင်း အနည်းငယ် စိတ်မချမ်းသာစွာဖြင့် မျက်လုံးများကို မှိတ်ထားသည်။
အရေးကြီးသောအခိုက်အတန့်တွင် လင်းက လုမော့၏ လည်ပင်းကို ပွေ့ဖက်ကာ ညည်းတွားလိုက်၏။
"သခင်..."
"အမ်..."
လုမော့က လင်းကိုကြည့်ကာ ဆူလိုက်၏။
"ရုတ်တရက် ဒီလိုမလုပ်နဲ့လေ..."
လင်းက မျက်လုံးများကို မှိတ်ထားပြီး မေးလိုက်၏။
"အရင် လင်းနဲ့ လက်ရှိ လင်းကြားမှာ ဘယ်ဟာကို ပိုကြိုက်လဲ..."
လုမော့က ရယ်မောလိုက်၏။
"ဘာပဲဖြစ်ဖြစ် ချစ်တယ်...အားးး မဟုတ်ဘူး...”
လင်းက လုမော့ အံကြိတ်ပြီး ညှစ်ထားလိုက်သည်။
“ဒါဆို ဘာလို့လဲ...မင်းကြည့်ရတာ... အရင်တစ်ယောက်ကို ပိုကြိုက်နေပုံရတယ်...”
ထိုအမူအရာက လင်း(အငယ်လေး)တစ်ယောက်တွင်သာ ရှိနေသော အရာဖြစ်သည်။
လုမော့က ငါ့အရင်ဗားရှင်းကိုပဲ ကြိုက်ခဲ့တာလား...
သို့သော် လင်း၏ ထိုဗားရှင်းက ပျောက်သွားပြီဖြစ်သည်။
ယခင် လင်းက ဒေါသတကြီးအော်ဟစ်နေသော်လည်း လက်ရှိလင်းက ထိန်းမနိုင်သိမ်းမရ ဒေါသတကြီးဖြင့် လုမော့ထံ ချဉ်းကပ်ကာ သူ့ မကျေနပ်မှုကိုဖော်ပြရန် နားရွက်ကို ညင်သာစွာကိုက်လိုက်သည်။
“အားး… ရပ်...ရပ်ပါ...ရပ်ပါဦး...”
လုမော့က သူ့ကို ရှောင်လိုက်ပြီး သူ့အကြည့်များက တဖျပ်ဖျပ်လက်နေ၏။ အဆုံးတွင် သူက ကြာကြာမထိန်းနိုင်ဘဲ ခက်ခဲစွာ ဝန်ခံ၏။
"ကောင်းပြီ ကိုယ် ဝန်ခံပါတယ်... ကိုယ် အရင်က လင်းကို ပိုဂရုစိုက်တယ်..."
"ဘာဖြစ်လို့လဲဆိုတော့..."
သူက လင်းကို မျက်နှာချင်းမဆိုင်ဝံ့ဘဲ စိတ်ပျက်လက်ပျက်နှင့် ပြောလိုက်၏။
"ဘာလို့လဲဆိုတော့...မင်းရုတ်တရက် ပြန်ပြောင်းသွားမှာကို ကိုယ် တကယ်စိုးရိမ်နေလို့..."
အဲဒါက တကယ်ကြောက်စရာကောင်းလိမ့်မယ်...
ထိုမြင်ကွင်းကို တွေးလိုက်ရုံဖြင့် လုမော့ ကြောက်ရွံ့ထိတ်လန့်ကာ ရှက်သွားသော်လည်း အကြောင်းတစ်ခုခုကြောင့် သူ့သူငယ်ချင်းလေးက ပို၍ပင် တက်ကြွထောင်မတ်လာခဲ့သည်။
လုမော့က မျက်နှာကို အုပ်ထားရုံမှတစ်ပါး မတတ်နိုင်ဘဲ ရေရွတ်လိုက်၏။
"ကိုယ့်ကို သနားပါဦး... ကိုယ်တကယ်ကို နှာဘူးတစ်ယောက် ဖြစ်သွားတာထင်တယ်…"
လင်း: "..."
လင်းက စိတ်မထိန်းနိုင်ဘဲ ရယ်မောလိုက်သည်။
ငါ့ရဲ့ အမျိုးသားဇာ့ဂ်က ဘာလို့ အရမ်းချစ်စရာကောင်းနေတာလဲ...
"လုမော့..."
လုမော့က သူ့လက်ချောင်းကြားကွက်လပ်မှ ကြည့်ပြီး ဖြေလိုက်၏။
“ဘာလဲ...”
လင်းက လုမော့၏ လည်ပင်းတစ်ဝိုက်တွင် သူ့လက်ချောင်းကို ချိတ်ကာ သူနှင့် ပိုမိုနီးကပ်အောင် ဆွဲယူလိုက်သည်။
"လုမော့ ငါ့ကို ဥတစ်လုံး ပေးမလား...ကျေးဇူးပြုပြီး…"
နောက်ဆုံးတွင် သူအဘယ့်ကြောင့် ထိုသို့ဖြစ်ခဲ့ရသည်ကို နားလည်သွား၏။
လုမော့ကို ချစ်မိသွားသည့် အချိန်မှစ၍ သူ့နှလုံးသားထဲတွင် မချန်ထားခဲ့လိုသော ဆန္ဒတစ်ခုက ရစ်ဝဲလာသည်။
[ တကယ်လို့ ငါ လုမော့ကို စောစောတွေ့ခဲ့ရရင် သိပ်ကောင်းမှာပဲ...]
ထိုဆန္ဒတစ်ခုအောက်တွင် ဤထူးဆန်းသည့် အကြံအစည် ပေါ်လာ၏။
အခု သူသေချာသွားပြီ...
ဘယ်အချိန်၊ ဘယ်နေရာမှာပဲဖြစ်ဖြစ် ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် ရလဒ်တစ်ခုပဲ ရှိတယ်…
နောက်ဆုံးတွင် သူတို့ တစ်ယောက်နှင့် တစ်ယောက် ချစ်သွားကြလိမ့်မည်။
၎င်းက ကံကြမ္မာပင်။
"ဟင်...ဥတစ်လုံးလား..."
လုမော့၏ ရှုပ်ယှက်ခတ်နေသောအမူအရာကိုကြည့်ရင်း လင်းက ခေါင်းညိတ်ပြလိုက်၏။
"ဘယ်လိုလဲ... မင်းအတွက် ဥတစ်လုံးမွေးပေးရမလား..."
လုမော့၏ မျက်နှာက လျင်မြန်စွာ နီရဲလာပြီး ထစ်ထစ်ငေါ့ငေါ့ဖြင့် ပြော၏။
''မင်း...မင်း...မင်း..."
နောက်ဆုံးတွင် သူက စကားဆက်မပြောနိုင်ဘဲ စိတ်ဆိုးနေပုံရပြီး လင်း၏ မျက်လုံးများကို ဖုံးအုပ်ရန် သူ့လက်ကို အသုံးပြုခဲ့သည်။
''မင်းက လောဘဇောကြီးတဲ့ အမျိုးသမီးဇာ့ဂ်တစ်ယောက်ပဲ...ဟွန့်...မင်းက တကယ်ကြီးတောင်းဆိုရင်တော့ ပေးနိုင်..."
ညဥ့်မနက်သေးချေ။
လေပြေညင်းလေး တိုက်နေ၏။
ကြယ်များပင် ရှက်ပြီး သူတို့မျက်လုံးများကို မှိတ်ထားကြသည်။
🌌🌌🌌