အပိုင်း၉၈
Viewers 11k

🥰 Chapter 98 ✅


အကယ်၍ ယောင်ကျိကျိုးသာမြင်နိုင်လျှင် သူ့မျက်စိရှေ့တည့်တည့်ရှိမြင်ကွင်းသည် အလွန်ရာဂနိုးကြွစေတာကို တွေ့ရပေလိမ့်မည်။ မင်လျိုရီ၏မျက်နှာက အနီရောင်သန်းကာ သူမ၏ပုံမှန်ဖျက်လတ်သောမျက်လုံးများကလည်း တစ်ဝက်မျှစဥ်းကျနေပြီး အနည်းငယ်ဝေဝါးကာ သူမ၏ပုံမှန်စိုစွတ်နေသောနှုတ်ခမ်းပါးတို့ကလည်း အနည်းငယ်ခြောက်သွေ့နေသည်။ ထိုနှုတ်ခမ်းပါးတို့က ခြောက်သွေ့နေသည့်အတိုင်း အနည်းငယ်လည်း ကွဲဟနေလျက်သည် ။ သူ၏စိတ်ကူးယဥ်အတွေးများက ယောင်ကျိကျိုးအတွက် အနည်းငယ်တောင့်မခံထားနိုင်ဖြစ်စေပြီး သူမကို သူချက်ချင်းပဲကုတင်ပေါ်သို့ တင်ပေးလိုက်သည်။


သူ ဘဲလ်တီးလိုက်သောအခါ ရှောင်ဖန်းကမနက်စာဗန်းကိုသယ်ကာ ဝင်ရောက်လာသည်။ ရှောင်ဖန်းက  ဆေးမတိုက်ခင် မင်လျိုရီကို အစာနည်းနည်းဝင်အောင် ကျွေးလိုက်သည်။ သူမ၏မျက်နှာကို အနည်းငယ်သုတ်ပေးပြီး သူမအိပ်သွားတာသေချာမှသာ ယောင်ကျိကျိုးက စာကြည့်ခန်းသို့ဝင်ကာ ဟဲရှန့်၏အကူအညီအဖြင့် ကုမ္ပဏီကိစ္စတစ်ချို့ကို ကိုင်တွယ်နေသည် ။ 


ခဏအကြာတွင် ယောင်ကျိကျိုးက အခန်းထဲသို့ပြန်ဝင်လာပြီး သူမနဖူးကိုစမ်းကြည့်လိုက်သည် ။သူမ၏အပူချိန်က အနည်းငယ်မြင့်နေဆဲဖြစ်သော်လည်း အခုနကထက်တော့ ပိုပြီးသက်သွားသည် ။ 


မင်လျိုရီက ယောင်ကျိကျိုး၏တည်ရှိမှုကို ခံစားမိပြီး ချက်ချင်းပဲ သူ့ကိုပွေ့ဖက်ထားတော့သည်။ သူမတစ်ဖက်သို့လှည့်ပြီး သူမ၏ခန္ဓာကိုယ်က ယောင်ကျိကျိုး၏ရင်ဘက်အား ဖိကပ်ထားတာကို ခံစားမိမှသာ သူမ နိုးလာသည်။ ထို့နောက်သူမက သူ့ရင်ခွင်ထဲတွင် သက်တောင့်သက်သာရှိ၍ ပြန်အိပ်နေသည်။ ယောင်ကျိကျိုးက ချစ်မြတ်နိုးစွာဖြင့် သူမ၏နဖူးကို နမ်းလိုက်သည် ။ 


သူ့မိန်းမက ညဘက်အိပ်မောကျသွားသည့်အချိန်တိုင်း သူ့ကို ဒီအတိုင်းပူးကပ်နေရတာ သဘောကျပုံရသည်။ ယခုရက်များအတွင်း သူမကပြီးပြည့်စုံသောအကွာအဝေးတစ်ခုကို အမြဲချထားသည်။ သူမက အရမ်းလည်း မနီးကပ်နေသလို အရမ်းလည်းဝေးကွာမနေပေ။ သူမ​၏ထိုအပြုအမူက ယောင်ကျိကျိုး၏ နှလုံသားကို နာကျင်စေသော်လည်း သူဘာမှမတတ်နိုင်သည့်အတွက် စိတ်ထဲ၌သာ မသက်မသာ ဖြစ်နေရသည်။


ယောင်ကျိကျိုးက အကျင့်ပါနေသည့်အတိုင်း သူ့ဇနီး၏နောက်ကျောကို အသာလေးပုတ်ပေးနေသည်။ ၎င်းက အဖျားကျစေမည်မဟုတ်သော်လည်း မင်လျိုရီကိုတော့ အားပိုဖြစ်စေလိမ့်မည်ဟု သူယုံကြည်

သည်။ သူသတိမေ့မြောနေချိန်တုန်းက သူ့ကို သူ့မိန်းမက ယခုလိုသက်တောင့်သက်သာရှိအောင်လုပ်ပေးခဲ့ပြီး သူ့၏အသိကို တစ်စတစ်စပြန်လည်ရရှိစေခဲ့သောကြောင့် ဖြစ်သည် ။ 


မင်လျိုရီက သူ့ရင်ခွင်ထဲတွင် ကွေးနေရင်း ပွတ်

သပ်ပေးခံရတာကို သဘောကျသောကြောင်ပေါက်လေးနှင့်တူသည် ။ သူ့ဇနီးက ကိစ္စတော်တော်များများတွင် သူနားလည်လာအောင်လုပ်ပေးဖို့ သူမကိုဘာမှများများစားစားပြောနေစရာမလိုဘူးဟု သူတွေးမိသည်။ သူ့ဇနီးကိုကိုယ်တိုင်ကိုယ်ကျ ဂရုမစိုက်ပေးနိုင်သေးသော်လည်း သူမက သူ့အတွက်လုပ်ပေးခဲ့သလိုမျိုး သူမအပေါ် အချစ်နှင့်အင်အားတွေပေးနေနိုင်ဆဲဖြစ်သည်။


တစ်ညတာ အနားယူပြီးနောက် မင်လျိုရီပိုပြီးသက်သာလာသည်။ သူမက ကိုယ်ပေါ်မှစောင်ကို ဖယ်လိုက်ချင်သော်လည်း ယောင်ကျိကျိုး၏လက်ကစောင်ပေါ်၌ ဖိထားဆဲဖြစ်တာကြောင့် မင်လျိုရီကစောင်ကို အသာလေးဆွဲဖယ်မပစ်နိုင်ပေ။ 


အမှန်တကယ်တော့ ယောင်ကျိကျိုးနိုးနေပြီဖြစ်သည်။ သူ့မိန်းမက အိပ်ယာထဖို့လုပ်နေတာကို ခံစားမိသောအခါ သူကပြောလိုက်သည် ။ 


" မင်းအခု အအေးမိတာ အရှင်းမပျောက်သေးဘူး... စောင်ခြုံထားအုန်း..."


ယောင်ကျိကျိုးက သူမကောင်းဖို့အတွက်ပြောတာဖြစ်ကြောင်း သူမသိသော်လည်း တစ်ညတာအနားယူပြီးနောက် သူမကတော်တော်လေးသက်သာနေပြီ ဖြစ်သည်။ သူမ၏ခန္ဓာကိုယ်က သက်တောင့်သက်သာမရှိသောကြောင့် အိပ်ယာမှထကာ လှုပ်ရှားချင်သည်။ အကယ်၍ သူမသာတစ်နေ့လုံး ဆက်ပြီးလှဲနေရအုန်းမည်ဆိုလျှင် ပိုပြီးမသက်မသာ ဖြစ်လာလိမ့်မည်။ 


သူမက ယောင်ကျိကျိုးကိုကြည့်ပြီး နူးညံ့ညင်သာစွာ ပြောလိုက်သည် ။ 


" ကျွန်မသက်သာနေပါပြီ... နည်းနည်း ကိုက်ခဲနေတာပဲ ရှိတော့တာ... ကျွန်မထပြီး နည်းနည်းလှုပ်ရှားချင်လို့... "


သို့သော်လည်း ယောင်ကျိကျိုးက သူမကိုထခိုင်းဖို့ စိတ်ကူးမရှိပေ။ သူမက သူ့လက်မောင်းကို ကိုင်ကာ အနည်းငယ်လှုပ်ရမ်းပြီး သူမကို လွှတ်ပေးဖို့ အချက်ပြနေသည်။ ယောင်ကျိကျိုးက ဒါကိုတောင့်မခံနိုင်သောကြောင့် ကူကယ်ရာမဲ့စွာဖြင့် သက်ပျင်းသာချလိုက်သည်။ 


အခုကထပြီး လေ့ကျင့်ခန်းလုပ်ဖို့ အချိန်ကောင်းပဲ...


ယောင်ကျိကျိုးက သူ့လက်ကိုမြှောက်ပေးပြီး အနည်းငယ်စိုးရိမ်ပူပန်စွာဖြင့် ပြောလိုက်သည် ။


" ဒါဆို ဖြည်းဖြည်းချင်းထ... အိမ်တွင်းစီးဖိနပ်ကိုလည်းစီးအုန်း... လျှောက်ပြေးမနေနဲ့အုန်းနော်..."


မင်လျိုရီ မနေ့ညက ယောင်ကျိကျိုး၏ပေါင်ပေါ်သို့ပြုတ်ကျသွားတာကို ပြန်တွေးမိပြီး ဒီတစ်ကြိမ်တွင် ဖြည်းဖြည်းသာလှုပ်ရှားလိုက်သည်။ သူမက ကောင်းကောင်းရပ်နိုင်တာသေချာမှ အိပ်ယာပေါ်မှ ထရပ်လိုက်သည်။ သူမ လဲလျောင်းနေချိန်က ဘာမှမခံစားရသော်လည်း ထရပ်လိုက်တာနှင့်တစ်ပြိုင်နက် သူမ၏ခေါင်းက အနည်းငယ်မူးဝေပြီး လေးလံနေတာကို ခံစားလိုက်ရသည်။ ယခု ပူပြင်းသောနွေရာသီဖြစ်သော်လည်း သူမ ထရပ်လိုက်လိုက်ချင်း ချမ်းစိမ့်သွားသည်။ ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက် သူမက မျက်ရည်များဝေ့သီလျက် အိပ်ယာဆီသို့သာ ပြန်ရောက်လာရသည်။ 


မင်လျိုရီက အလွန်သက်တောင့်သက်သာရှိသွားသော်လည်း သူမ​၏ခန္ဓာကိုယ်က စောင်အောက်သို့ရောက်သွားတာနှင့် ပူအိုက်လာသည်။ သူမက ခြေထောက်မြှောက်ကာ စောင်ကိုကန်ထုတ်ပစ်လိုက်သည် ။ ယောင်ကျိကျိုးက မင်လျိုရီ၏ လှုပ်ရှားမှုများကို ခံစားမိပြီး ချက်ချင်းစိုးရိမ်သွားသည်။ အခုလိုသာ ဆက်ဖြစ်နေမည်ဆိုလျှင် သူ့မိန်းမ၏ အအေးမိဝေဒနာကပိုဆိုးလာလိမ့်မည် ။


'အဲ့ဒါ အရမ်းပူလို့လား '


ယောင်ကျိကျိုးက စိုးရိမ်တကြီးမေးလိုက်သည်။ 


"မင်းဘာလို့ စောင်မခြုံထားတာလဲ..."


မင်လျိုရီ စောင်ခြုံထားချင်သော်လည်း သူမ စောင်ခြုံလိုက်တာနှင့်တစ်ပြိုင်နက် အလွန်ပူအိုက်လာ၏ ။ သို့သော်လည်း သူမ ထရပ်လိုက်တာနှင့် အလွန်အေးစိမ့်သွားပြန်သည် ။ နောက်ဆုံးသူမလည်း မတတ်သာတော့ဘဲ စောင်ကိုကန်ထုတ်ပစ်ရသည်။ ထိုမှသာ သူမအနည်းငယ်သက်သာသွားသည်။ ဤသို့ဖြစ်လာမည်မှန်းသာ သူမသိလျှင် သူမ သေချာပေါက် လေအေးပေးစက်ကို ဖွင့်လိမ့်မည်မဟုတ်ပေ ။ 


မင်လျိုရီက သနားစရာကောင်းစွာ ပြောလာသည်။


" ကျွန်မ အိပ်ယာကထတာနဲ့ ချမ်းလာပြီး စောင်အောက်ရောက်တာနဲ့ ပူလာတော့တာပဲ... ကျွန်မ မသက်မသာဘူး... ကျွန်မ မကြာခင်သေရတော့မှာလား... ဘာလို့ ဒီလို့ဖြစ်လာရတာလဲ..." 



🥰