> ဇာတ်လိုက်လား? ငါသူ့ကိုမလိုချင်ပါဘူး > Ch43
ရုတ်တရက်ကြီး။ဘယ်သူကလဲ။
လူနာက ရှင်းပြနေတာကိုရပ်လိုက်ပြီး ကဲလ်ရန်ကို လှည့်ကြည့်လိုက်သည်။
ရို့စ်မယ်ရီ နှင့် မိန်းမပျိုလေးတွေကလည်း ပဟေဋ္ဌိမျက်နှာဖြင့် မေးလိုက်ကြသည်။
"နင် ဘာအကြောင်းပြောနေတာလဲ"
"လှည့်စားခံရတာလား။ဘာကိုလဲ"
"ဘာကိုဆိုလိုတာလဲ"
"ငါပြောချင်တာက နင်တို့လေးယောက်စလုံး အလိမ်ခံနေရတယ်လို့!"
ကဲလ်ရန်သည် အဖြေမပေးခင် မိန်းမပျိုသုံးယောက်နှင့် ရို့စ်မယ်ရီကိုကြည့်ပြီး နောက်ဆုံးတွင် လူနာကို အခိုင်အမာစိုက်ကြည့်နေသည်။
ဒါကိုကြားချိန်တွင် ကဲလ်ရန်၏အကြည့်နောက်ကိုလိုက်နေခဲ့သော မိန်းမပျိုသုံးယောက်က သူမဘာဆိုလိုချင်တာလဲဆိုတာ မြန်မြန်သဘောပေါက်သွားကြသည်။ မကြာသေးမီက သူတို့လည်း လူနာအပေါ် သံသယဝင်ခဲ့ကြသေးသည်။
"ဟင့်အင်း၊ အဲဒါ မဟုတ်ဘူး။ နင်နားလည်မှုလွဲနေတာ လေဒီကဲလ်ရန်"
"မှန်တယ်။ ငါတို့ ဒီအကြောင်း စောစောက ဆွေးနွေးပြီးပြီ ကြည့်ရတာ နားလည်မှုလွဲစရာလေးတွေရှိသွားတဲ့ပုံပဲ။အရင်ဆုံး အေးအေးဆေးဆေး စကားပြောကြရအောင်"
"သူမက နောက်မှ အသေးစိတ်ရှင်းပြမယ်လို့ ပြောတယ်။လောလောဆယ် စိတ်ကိုလျော့ထားရင်ရော ဘယ်လိုလဲ"
"ဟင့်အင်း! ငါ့သူငယ်ချင်း ဖလော်ရီ ကိုယ်တိုင် အဲ့တာကြုံဖူးတယ်တဲ့"
မိန်းမပျိုသုံးယောက်က သူမဘက်မှ ငြင်းဆိုလာကြောင့် ကဲလ်ရန်သည် ဖလော်ရီကို ထောက်ပြလိုက်သည်။ ဖလရီမှာ ရုတ်တရက် စကားဝိုင်းထဲ ဆွဲသွင်းခံရတာကြောင့် အံ့ဩသွားကာ မျက်လုံးများ ပြူးကျယ်သွားတော့သည်။
သူမက ထိုကိစ္စကို တိတ်တဆိတ် ကိုင်တွယ်လိုက်နိုင်မည်ဟု ထင်ခဲ့သည်။ အခု သူမ ဘာလုပ်သင့်လဲ။ သူမ ဝင်ပါလိုက်သင့်လား။
သူမ တုံ့ဆိုင်းနေချိန်မှာပဲ စောင့်ကြည့်နေသော ရို့စ်မယ်ရီက ပဟေဠိဆန်သော အမူအရာဖြင့် မေးလာခဲ့သည်။
"ထူးဆန်းတယ်။ နင်တို့ ဘယ်ရွန်စံအိမ်မှာရော၊ စျေးဆိုင်မှာပါ တွေ့ခဲ့ကြပြီး ကစားပွဲ တစ်ခုတောင်ကစားခဲ့ကြတာမဟုတ်ဘူးလား။ နင်ဘာအမှားလုပ်ခဲ့လို့လဲ"
"အဲ့ဒါက ကစားပွဲတစ်ခုမဟုတ်ဘဲနဲ့ လောင်းပွဲတစ်ခုဖြစ်ခဲ့တာ။ပြီးတော့ ဖလော်ရီ ရှုံးသွားတာနဲ့ပဲ အဝတ်အစားဆိုင်ကနေ သူမစံအိမ်အထိကို လမ်းလျှောက်သွားခဲ့ရတယ်။ကြည့်ရတာ နင်တို့ အဲဒါကို မသိသေးပုံပဲ"
စျေးဆိုင်ကနေ ကိုယ်ပိုင်အိမ်အထိ လမ်းလျှောက်သွားရတာလား...
ဤအလွန်အကျွံလုပ်ရပ်ကြောင့် အံ့အားသင့်သွားသော မိန်းမပျိုသုံးယောက်က လူနာကို စိုက်ကြည့်လာခဲ့ကြသည်။သူတို့၏မျက်နှာမှာ သံသယဖြစ်နေမည့်အစား အခြေအနေအတွက် ရှင်းပြချက်တစ်ခုကို တောင်းဆိုနေပုံရသည်။ ရို့စ်မယ်ရီလည်း ဒီလိုပင်ဖြစ်သည်။
အခြေအနေကို စောင့်ကြည့်နေသော လူနာသည် တည်ငြိမ်စွာ စကားစပြောလိုက်သည်။အထင်လွဲခံရခြင်းက သူမအတွက် အတွေ့အကြုံသစ်တစ်ခုမဟုတ်နေပေ။
"အဲဒါကိုရှင်းပြဖို့ဆိုရင် စျေးဆိုင်မှာ ဘာလို့လောင်းကြေးထပ်ရတာလဲရယ် ဒါမှမဟုတ် လေဒီဖလော်ရီက ဘယ်ရွန်စံအိမ်ကို ဘာလို့လာခဲ့တာလဲဆိုတာကို အရင်ဆုံးပြောပြမယ်"
သူမ၏လေသံသည် ဂန္တဝင်ဒဏ္ဍာရီပုံပြင်တစ်ပုဒ်ကို ရွတ်ဆိုနေသကဲ့သို့ပင်။
ရုတ်တရက် လေထုသည် ကြီးကျယ်ခမ်းနားသော ဇာတ်လမ်းတစ်ပုဒ်ကို ပြောပြတော့မည့်ဟန်ခံစားရပြီး လူတိုင်း၏ အာရုံများက လူနာအပေါ် ကျရောက်လာခဲ့သည်။
"အဲ့တုန်းက လေဒီဖလော်ရီက ရုတ်တရက်ကြီး ငါ့ဆီလာပြီး ခြိမ်းခြောက်ခဲ့တယ်"
"…ဘယ်လို!"
'ခြိမ်းခြောက်ခြင်း' ဟူသောစွပ်စွဲချက်ကြောင့် ဖလော်ရီသည် အံ့အားသင့်သွားပြီး နှုတ်လန်ထိုးရန် မတတ်နိုင်တော့ပေ။ ထိုမိန်းမအပေါ်အကြွေးတင်နေသော လောင်းကြေးရှိရှိ မရှိရှိ သူမသည် သူမအပေါ်ကျရောက်လာသော စွပ်စွဲချက်ကို ဦးစွာဖြေရှင်းရမည်ဖြစ်သည်။
"ဘာလို့ ဒီလောက်ကြောက်စရာကောင်းအောင် စကားကိုပြောနေရတာလဲ! ငါတို့က နင့်ကိုအကြံဉာဏ်ပေးဖို့ပဲ လာခဲ့တာလေ။ နင်က အမြဲတမ်းလေဒီဆိုင်ယာ နဲ့ သခင်လေး ရိုဒရီယန် ကြားမှာ ဝင်စွက်ဖက်နေခဲ့လို့လေ!"
"ဒါဆို မိန်းမပျို ဆယ်ယောက်လောက်နီးပါးက ငါ့နဲ့ထိပ်တိုက်ရင်ဆိုင်ဖို့ရောက်လာကြတာပေါ့လေ။ ငါတစ်ယောက်ထဲကိုလေ....ပြီးတော့ အဲ့ဒါက အကြံပေးတာတဲ့လား"
"အမ်း…! လူတော်တော်များများက နင့်ကို ဒေါသထွက်ခဲ့ကြလို့လေ။ အဲ့တာကြောင့် အဲ့လိုဖြစ်ရတာပဲ။ ဘာလို့လဲဆိုတော့ နင်က အမြဲတမ်း မမှန်မကန် ပြုမူနေလို့ပဲ။ လူတိုင်းက နင့်ကိုပါးရိုက်နေချင်ကြတာလေ"
တကယ်တမ်းတွင် လူဆယ်ယောက်လောက်က လူနာကို ဝိုင်းခဲ့ကြသည်မှာအမှန်ဖြစ်သည်။ သူတို့ ဘယ်လောက်ပဲ ဒေါသထွက်နေပါစေ ဒါကနိမ့်ကျသော လှုပ်ရှားမှုတစ်ခုပင်ဖြစ်သည်။
သို့သော် ဖလော်ရီကမူ သူမသည်သာ ဤစကားဝိုင်း၌ အောင်ပွဲခံရလိမ့်မည်ဟု ယုံကြည်ခဲ့သည်။
လူနာက ဆိုင်ယာ နှင့် ဖယ်ဆန် ကြားဝင်ရောက်စွက်ဖက်နေသရွေ့ သူမအား မည်သူမှ ခွင့်လွှတ်မည်မဟုတ်ချေ။
" နင် ဘာလို့ လေဒီဆိုင်ယာ နဲ့ သခင်လေး ရိုဒရီယန် ကြားမှာ ဝင်စွက်ခဲ့တာလဲ။ နင်ကပဲ သူ့ကို အဆက်မပြတ်ခေါ်ပြီးတော့ သူတို့ချစ်သူနှစ်ယောက် မဆုံဖြစ်အောင် တားနေတာလေ မဟုတ်ဖူးလား!"
မှန်ဥယျာဉ်ဆီသို့ ဦးတည်နေသော စင်္ကြံပေါ်၌ မိန်းမပျိုအသစ်များ ပေါ်လာတာကိုမြင်လိုက်ရသောကြောင့် ဖလော်ရီသည် သူမ၏ အသံကို အနည်းငယ် မြှင့်တင်လိုက်သည်။
အခုတော့ သူတို့ သေချာပေါက်ကြားသွားမှာပဲ။ဖလော်ရီသည် လူနာကို မောင်းထုတ်ဖို့ လူတိုင်း ပူးပေါင်းပါဝင်လာမည်ကို တွေးလိုက်ကာကျေနပ်သွားပြီး သူမ၏ တုံ့ပြန်မှုကို စောင့်နေခဲ့သည်။
"အဲဒါက နားလည်မှုလွဲနေတာပဲ"
"ဟုတ်တယ်။ငါတို့ စောစောက ကြားပြီးပြီ အဲ့တာက နားလည်မှုလွဲနေတယ်ဆိုတာ ရှင်းနေတာပဲ"
သို့ပေမယ့် သူမကို အံ့သြစေသည်မှာ လူနာမဟုတ်ဘဲ တခြားမိန်းမပျိုလေးများက လူနာအတွက် ဝိုင်းငြင်းဆန်ပေးလာကြသောကြောင့်ပင်။
"နားလည်မှုလွဲနေတာလား"
"ဟုတ်တယ် ငါတို့စစ်ဆေးကြည့်တော့ အဲ့တာကအဓိပ္ပာယ်မရှိဘူးဆိုတာသိလိုက်ရတယ်။ ဘယ်ရွန်မိသားစုမှာက ရထားတစ်စင်းပဲရှိပြီးတော့ အဲ့တာက ဘယ်ရွန်မြို့စား အလုပ်အသွားအပြန်အတွက်သုံးရတာ။ စံအိမ်ကနေ ထွက်ရန် ရထားမရှိဘဲနဲ့ သူမက သခင်လေး ရိုဒရီယန်ကို ဘယ်လို အဆက်မပြတ် ခေါ်နိုင်မှာလဲ"
လူတိုင်းက ထိုအကြောင်း သဘာဝကျကျ ငြင်းဆိုလာခဲ့ကြပြီး ဖလော်ရီအား ဆွံ့အသွားစေခဲ့သည်။ သို့သော်လည်း သူမသည် နောက်ထပ် အဖြစ်အပျက်တစ်ခုကို မြန်မြန်ဆွဲထုတ်လိုက်သည်။
"ဒါဆို နင် လေဒီဆိုင်ယာကို ရုတ်တရက် လာရှာပြီး သူ့ကိုညှင်းဆဲတဲ့တဲ့အချိန်ကကော။ အဲဒီနေ့က သူမဘယ်လောက်ငိုခဲ့လဲဆိုတာ သိရဲ့လား"
"လေဒီဂရန်းဒါက ငါ့ကို ဖယ်ဆန်နဲ့ ဝေးဝေးနေဖို့အတွက်ဆိုပြီး ပိုက်ဆံလာပေးခဲ့တယ်။သူမက ငါ့ကို မြို့တော်ကနေ ထွက်သွားခိုင်းတယ်လေ။ငါက ငါမသွားချင်ဘူးလို့ပဲ ပြောခဲ့တာ။ငါက ဘာလို့ မြို့တော်ကနေ ထွက်သွားရမှာလဲ"
လူနာ ပျော့ပြောင်းစွာ ပြန်တုံ့ပြန်ခဲ့သည်။ ထိုကဲ့သို့ မျှော်လင့်မထားသော အဖြေကြောင့် ရို့စ်မယ်ရီက လန့်သွားပြီး လူနာ ကို မေးလိုက်သည်။
" လေဒီဂရန်းဒါက နင့်ကို ပိုက်ဆံပေးပြီး ထွက်သွားခိုင်းခဲ့တာလား!"
ဒါက ပြင်းထန်သော အမူအရာဖြစ်သော်လည်း သူမ မမှားပေ။ အခြားအမျိုးသမီးငယ်များသည်လည်း အဖြေကိုစောင့်ဆိုင်းနေကြရင်းနှ မျက်လုံးပြူးသွားကြသည်။
"ဟုတ်တယ်။ ငါ့မှာ လေဒီဂရန်းဒါဆီက စာတောင်ရှိသေးတယ်။ ငါ လွှင့်မပစ်ထားဘူး။အဲ့တာကြောင့် နောက်အခွင့်အရေးရရင် နင့်ကိုပြမယ်လေ"
"အိုး ဘုရားရေ။ သူမက နင့်ကို မြို့တော်ကနေ ထွက်သွားဖို့ ပိုက်ဆံပေးခဲ့တယ်တဲ့လား"
"ငါ သူမက ဒီလိုလူမျိုးလို့ တစ်ခါမှ မထင်ထားခဲ့ဘူး..."
အထောက်အထားတွေတောင် ရှိကြောင်းကြားရသည်နှင့် လေဒီဆိုင်ယာ၏ ဂုဏ်သတင်းမှာ တခဏချင်း ကျဆင်းသွားခဲ့တော့သည်။
ဆိုင်ယာ၏ဂုဏ်သိက္ခာကို မရည်ရွယ်ဘဲ ညှိုးနွမ်းစေသည့်အတွက် ထိတ်လန့်သွားကာ ဖလော်ရီသည် ပျက်စီးမှုကို ထိန်းချုပ်ရန် အမြန်လုပ်ဆောင်ခဲ့သည်။
"ခဏလေး! လေဒီပဲလ်က သူမမှာသာ ပိုက်ဆံရှိရင် မြို့တော်ကနေ ထွက်သွားမယ်လို့ ထပ်ခါတလဲလဲ ပြောခဲ့တာပဲလေ မဟုတ်ဘူးလား"
"အင်း...ဟုတ်တယ်။ငါက ဘာအမှားမှလည်း မလုပ်ခဲ့ဘဲနဲ့ အထင်လွဲခံရ နားလည်မှုလွဲခံရတာတွေ ဆက်တိုက်ဖြစ်ပေါ်နေတော့ ငါအနှောင့်အယှက်ဖြစ်ရတာကြောင့်လေ"
"သူမက နင်လိုချင်နေတဲ့ ပိုက်ဆံကို ပေးခဲ့တာ ဘာလို့..."
"ငါ ဘယ်တုန်းက ပိုက်ဆံတောင်းခဲ့လို့လဲ။ ငါက ကိုယ့်ဘာသာကိုယ် စုဆောင်းပြီး မြို့တော်ကနေ ထွက်သွားရမယ်လို့ပြောခဲ့တာလေ!"
မည်ကဲ့သို့ စုဆောင်းရန် ကြံရွယ်ထားသလဲဟု မေးရန်တော့မလိုတော့ပေ။ အကြောင်းမှာ လက်ရှိဤနေရာ၌ လူနာလောက် ချမ်းသာသော မိန်းမပျို မရှိနေပေ။
ဖလော်ရီ၏ စကားကိုသာ ယုံကြည်ပြီး လူနာကို ပြောဆိုခဲ့သော ကဲလ်ရန်က အံ့အားသင့်စွာဖြင့် မေးလာခဲ့သည်-
"ဒါဆို ဆိုင်မှာတုန်းကရော ဘာဖြစ်သွားခဲ့တာလဲ။ နင်က သူမကို သူမအိမ်ဆီ လမ်းလျှောက်သွားခိုင်းခဲ့တာဆိုရင် အခြေအနေအရ နင့်အမှားမကင်းဘူး မဟုတ်လား"
"လေဒီဖလော်ရာက ငါ့ရဲ့ဆင်းရဲမှုကို လှောင်ပြောင်ခဲ့တာ။သူမက ငါကအဲ့ဆိုင်ကနေ ဖဲကြိုးတစ်စတောင် ဝယ်နိုင်မှာမဟုတ်ဘူးလို့ ပြောခဲ့တယ်။ အဲ့ဒါကြောင့် ဝတ်စုံဝယ်နိုင်မလား မဝယ်နိုင်ဘူးလားဆိုပြီး လောင်းကြေးထပ်ခဲ့တာ"
တစ်နည်းဆိုရသော် သူမသည် စကားများရန်ဖြစ်ရာမှရှုံးခြင်းအတွက် အဖိုးအခပေးခဲ့ရခြင်းဖြစ်သည်။ သူမသည် ယခုကဲ့သို့နစ်နာသူလို မပြုမူနေသင့်ပေ။
"သူမ အိမ်ကိုလမ်းလျှောက်ပြန်ရတာအကြောင်းက....ငါတို့ ဘယ်ရွန်မိသားစုမှာ အဓိကပြဿနာလေးတစ်ခုရှိခဲ့တယ်။ငါတို့မိသားစု တစ်ကောင်ထဲသောမြင်းက တစ်နေ့ကျတော့ ရုတ်တရက်ကြီးသေဆုံးသွားတဲ့အပြင် ရထားလုံးကပါ တစ်ခုခုကြောင့်ပျက်စီးသွားခဲ့တယ်။အဲ့တော့ အပြင်ထွက်ဖို့အရမ်း ဒုက္ခရောက်ခဲ့တယ်။ ငါ့အဖေ၊ အစေခံတွေ နဲ့ ငါ့မှာ ခက်ခဲတဲ့အချိန်တွေ ရှိခဲ့ရတယ်"
ထို့ကြောင့် ဒါက ကလဲ့စားချေခြင်းတစ်မျိုးဟု အဓိပ္ပာယ်ရပေသည်။ ဖလော်ရီက ဒေါသတကြီး ပြန်ပြောလိုက်သည်။
"နေဦး! ငါအဲ့လိုမလုပ်ခဲ့ဘူး!"
"အာ...တကယ်လား။ ဒါဆို ဘယ်သူလုပ်တာလဲ ပြောပြပါဦး။ ငါတော့ နင်သိမယ်ထင်တာပဲ"
"ဘာ...!?"
ရုတ်တရက် တန်ပြန်အငြင်းအခုံက စုံစမ်းမေးမြန်းခြင်းဖြစ်သွားခဲ့သည်။ လူနာသည် မမျှော်လင့်ထားသော မေးခွန်းကြောင့် အံ့အားသင့်နေသော ဖလော်ရီကို ထပ်ဖိပြောလိုက်သည်။
"နင်သိတယ်မလား။တရားခံကိုလေ။လုပ်ပါအုံး ဘယ်သူလဲဆိုတာ ပြောပြပါအုံး။ နင့်အကြွေးတင်နေတဲ့ ဒုတိယမြောက်လောင်းကြေးကို ငါဒီမှာထုတ်သုံးမယ်"
လူနာ ပြောတာသာမှန်တယ်ဆိုပါပ ဒါသည် ရာဇ၀တ်မှုတစ်ခုပင်ဖြစ်သည်။ ကြီးကြီးမားမား ပြစ်ဒဏ်မခံရသော်လည်း ကျင့်ဝတ်အရ ရှုံ့ချဖွယ်ဖြစ်သည်။
လူတိုင်း၏ မျက်လုံးများက ဖလော်ရီအပေါ်ကျရောက်နေခဲ့ကြသည်။ ရို့စ်မယ်ရီ၊ မိန်းမပျိုများနှင့် ကရင်တို့သာမက မှန်ဥယျာဉ်ဝင်ပေါက်သို့ နောက်ကျမှရောက်လာသော အခြားအမျိုးသမီးများသည်လည်း သူမ၏အဖြေအတွက် တိတ်တဆိတ် စောင့်ဆိုင်းနေခဲ့ကြသည်။
လူနာက ဤအခွင့်အရေးကို ဆုပ်ကိုင်ပြီး ဖလော်ရီကိုအစွန်းသို့တွန်းပို့လိုက်သည်။
" ပြောလေ။ မသိရင် မသိဘူးပြောလေ။ ဒါဆိုရင် လူတိုင်း ရှင်းသွားပြီမဟုတ်ဘူးလား။ငါလည်း အပြစ်မဲ့သူတွေအပေါ် သံသယထားရတာမျိုး မကြိုက်ဘူး။ အမှန်တရားကို အခုပဲရှင်းလိုက်ကြတာပေါ့"
ဒါပေါ့ သူမသာ လိမ်ညာခဲ့မယ်ဆိုရင် လူနာရဲ့ အစေခံအဖြစ်သုံးနှစ်လုပ်ရမယ့်စာချုပ်ရှိနေတယ်လေ။
ဖလော်ရီသည် သူမဘဝတွင် ပထမဆုံးအကြိမ်အဖြစ် ဤကဲ့သို့အရာကို တွေ့ကြုံခံစားရသောကြောင့် မောဟိုက်လာမိသည်။ ထိုသို့ ချောင်ပိတ်မိနေခြင်းမှာသူမဘဝတွင် ပထမဆုံးအကြိမ်ဖြစ်သည်။
သူမအပေါ် စိုက်ကြည့်နေသည့် ဒါဇင်များစွာသော မျက်လုံးများ၏ အလေးချိန်အောက်မှာပဲ တစ်ကိုယ်လုံးပြိုကျသွားသလို ခံစားလိုက်ရသည်။ သူမသည် ကြောက်ရွံ့မှုဖြင့်မူးဝေလာခဲ့ပြီး သူမက အဘယ်ကြောင့် ထိုသို့တရားမမျှတသည့်အနိုင့်ကျင့်ဆက်ဆံမှုကို ခံနေရတာလဲဟုတွေးမိသွားသည်။
"ငါ…ငါ..!"
မထင်မှတ်စွာပဲ လူတိုင်း၏ စူးစမ်းချင်စိတ်ကို မြင့်တင်ပေးရန် သူမရွေးချယ်ခဲ့သည့် အဖြေမှာ-
"ငါ ဘာမှမသိဘူး! ငါတကယ်မသိဘူး! ငါ့မှာ အရေးတကြီးကိစ္စရှိလို့ သွားတော့မယ်!"
"…ဟင်!လေဒီဖလော်ရာ!"
သူမ ထွက်ပြေးသွားတော့သည်။ ဖလော်ရီသည် သူမဂါဝန်စကို တင်းတင်းဆုပ်ကိုင်ကာ မှန်ဥယျာဉ်ထဲမှ အမြန်ထွက်သွားတော့သည်။
ကဲလ်ရန်က အံ့သြသွားပြီး သူမနောက်ကို လိုက်သွားခဲ့သည်။ လူနာက အနောက်က လိုက်ဖို့ကြိုးစားနေသည့် ရို့စ်မယ်ရီ တားလိုက်သည်။
"ဒါကအဆင်ပြေပါတယ်။ သူမကို ဒီတိုင်းလွှတ်ထားလိုက်ပါ"
"ဒါပေမယ့် သူမ အဖြေမပေးသွားဘူးလေ မဟုတ်ဘူးလား"
လူနာသည် အဖြေတစ်ခုမရမကတောင်းရန် ရည်ရွယ်ချက်ရှိပုံရသော ဒေါသကြီးနေသည့် ရို့စ်မယ်ရီကို နှစ်သိမ့်ပေးလိုက်သည်။
"ဟင့်အင်း... သူမ ပေးခဲ့တယ်။သူမသာ တကယ် မလုပ်ရင်ထွက်ပြေးမယ့်အစား ပြင်းပြင်းထန်ထန်ပြန်ပြောလိမ့်မှာပေါ့"
ထို့ကြောင့် ဖလော်ရီ သို့မဟုတ် သူမ၏အသိအကျွမ်းများထဲမှ တရားခံဖြစ်နိုင်သည်။ဆိုလိုသည်မှာ သေချာပေါက် ဆိုင်ယာတို့အဖွဲ့မှဖြစ်နိုင်သည်။
လူနာသည် ဒီလိုမထင်မှတ်ထားသည့်နေရာနှင့် အခြေအနေ၌ အတိတ်ကအဖြစ်အပျက်အကြောင်း သဲလွန်စရှာတွေ့လိမ့်မယ်ဟု ဘယ်တုန်းကမှ မထင်ထားခဲ့မိပေ။ အခုသေချာသိလိုက်ရတာက လုံလောက်ပြီဖြစ်သည်။
"ဒါက ဘယ်လိုဖြစ်သွားရတာလဲ!"
"သူမက နစ်နာသူလို ပြုမူနေခဲ့တာတဲ့လား!"
လှည့်ဖြားခံရသူအစစ်အမှန်ဖြစ်သော လူနာ တည်ငြိမ်နေချိန်မှာပင် အခြားအမျိုးသမီးငယ်များကမူ ၎င်းတို့၏ဒေါသကို ဖုံးကွယ်မထားနိုင်တော့ပေ။
မှန်ဥယျာဉ်အဝင်ဝမှ စကားဝိုင်းကို တိတ်တဆိတ် နားထောင်ခဲ့ကြပြီး နောက်ကျမှ ရောက်ရှိလာကြသော မိန်းမပျိုများသည်လည်း ထိုနည်းတူ ခံစားခဲ့ရသည်။
"ဒါနဲ့ စကားအလယ်မှာဖြတ်ပြောရလို့ စိတ်မကောင်းပါဘူး။ဒါပေမယ့် သခင်လေး ရိုဒရီယန်ကို တကယ်စိတ်မဝင်စားဘူးလား"
"ကောလဟာလတွေအားလုံးက အမှားတွေချည်းပဲလား။ အစကနေအဆုံးထိလေ!"
ကောလဟာလများက အများကြီးပြန့်ပွားနေသောကြောင့် ဖြေရခက်ပေသည်။ ကောလဟာလတွေကို ချေပဖို့အတွက် သူမသည် ဘယ်ကနေဘယ်လို ပျံ့နှံ့ခဲ့တာလဲဆိုတာ သိဖို့လိုအပ်သည်။
"ငါနဲ့ပတ်သက်တဲ့ ကောလဟာလတွေက ဘယ်ကနေ ဘယ်လိုပြန့်ခဲ့တာလဲဆိုတာ တကယ်မသိဘူး။ အာ.. ဖယ်ဆန်အတွက်တော့ ငါ သူ့ကို လုံးဝ စိတ်မဝင်စားဘူး။ အဲ့တာ သေချာပေါက်ပြောနိုင်တယ်"
သူမ ထိုရဲ့သို့ပြန်ဖြေလိုက်သည်နှင့် သူတို့ကပိုလို့တောင် ဒေါသဖြစ်သွားခဲ့ကြသည်။
"အိုး ဘုရားရေ။ ဒီအချိန်မှာတော့ ကောလဟာလတွေက ဆိုးဝါးတဲ့ ဖြန့်ဝေမှုလို့ပဲ တွေးနိုင်တော့တယ်!"
"ငါ တောင်းပန်ပါတယ်။ ငါ နင့်အကြောင်း မသိဘဲ ဆိုးဆိုးရွားရွား တွေးခဲ့မိတာ"
"ငါရောပဲ။ တောင်းပန်ပါတယ်"
ထိုအချိန်မှာပဲ ရို့စ်မယ်ရီသည် သူမကိုယ်တိုင် တိုက်ခိုက်ခံရသကဲ့သို့ လူနာကို စိတ်အားထက်သန်စွာ ကာကွယ်လာခဲ့သည်။
"ငါ လေဒီ လူနာနဲ့ စကားပြောပြီး သိရလိုက်ရတာက အားလုံးက မှားနေတာ အရှင်းကြီးဆိုတာပဲ။ သူမလို လှပပြီး ဉာဏ်ပညာရှိတဲ့သူက အဲဒီလို မဆီမဆိုင်အလုပ်တွေကို ဘယ်တော့မှ လုပ်မှာမဟုတ်ဘူး။ ချစ်သူရှိတဲ့သူက ဘာလို့ အဲ့လိုမျိုးလုပ်ရမှာလဲ။ အဓိပ္ပါယ်မှ မရှိတာ"
"ချစ်သူလား"
"နင့်မှာ ချစ်သူရှိနေတာလား။ တကယ်လား"
"အိုး ဘုရားရေ! နင့်မှာ ချစ်သူရှိနေတာလား။ ဒါဆိုရင် ကောလဟာလတွေက တကယ်ကို အဓိပ္ပါယ်မရှိဘူးပဲ!"
"ဒါက ဘယ်လိုတောင်ဖြစ်နိုင်ခဲ့တာလဲ။ ချစ်သူရှိတဲ့သူအပေါ်ကိုတောင်မှ! ရိုင်းစိုင်းလိုက်ကြတာပဲ...!"
သူတို့သည်ချစ်သူအကြောင်းကြားသည်နှင့် လူနာ၏ အပြစ်ကင်းစင်မှုကို ပိုလို့တောင် ဘဝင်ကျသွားကြသည်။
၎င်းက အလွန်အသုံးဝင်သော ရှင်းပြချက်တစ်ခုဖြစ်သည်။သို့သော် ၎င်းက အထောက်အကူဖြစ်သော်လည်း အခြားတစ်ယောက်က ဒါနှင့်ပတ်သက်ပြီး ပြောလာသင့်တယ်ဟု မဆိုလိုပေ။ ရို့စ်မယ်ရီက ဒီအကြောင်းကို ဘယ်လိုသိခဲ့တာလဲဆိုတာကိုတောင် မေးခွန်းထုတ်စရာဖြစ်ခဲ့သည်။
တုန်လှုပ်ခြောက်ခြားမှုဖြင့် လူနာသည် သူမအပြုံးကိုထိန်းလိုက်ပြီး ရို့စ်မယ်ရီကို ခေါ်လိုက်သည်။
"လေဒီ ရို့စ်မယ်ရီ၊ဒီကိုခဏလောက်လာလို့ရမလား"
"…"
ရို့စ်မယ်ရီက ကျိုးပဲ့နေသော အရုပ်တစ်ခုလိုမျိုး ဖြည်းညှင်းစွာ ခေါင်းညိတ်ပြလာတော့သည်။
TK Team