Chapter 51
Viewers 7k

ဟန်နီရေ ၊ ကျွန်မတို့က ဘာကြောင့် ကွာရှင်းလို့ မရတာလဲ 


အပိုင်း (၅၁)


ဆိုဗက်စ်စတာသည် ရထားလုံးထဲတွင် ထိုင်၍ အိုဖီလီယာကို စောင့်နေခဲ့သည်။သူ့မှာ ခံစားချက် ကောင်းမနေပေ။ယခုအကြိမ်တွင် ထိုသို့ စိတ်မကြည်လင်ရသည့် အကြောင်းရင်းမှာ ရှင်းလင်း၏၊ ဧကရာဇ်ကြောင့် ဖြစ်သည်။



သူမက ဒီလို ချစ်စရာအမျိုးသမီးဆိုတာ ငါသာ သိခဲ့ရင် သူမကို ကယ်လီယန်နဲ့ စီစဥ်ပေးလိုက်မိမှာ။



ခင်ဗျားက ဘာတွေ စီစဥ်ပေးချင်နေရတာလဲ။



မင်းမှာ တခြားတွေးထားတာ ရှိရင် ငါ့ကို ပြောပေါ့။



ခင်ဗျား ဘာတွေ လျှောက်ပြောနေရတာလဲ။



ငါ့ရဲ့ကလေးတွေကလဲ မင်းကို သဘောကျတဲ့ပုံပဲ။



ငါ ဒါကို သဘောမကျဘူး။ငါ မဖြစ်စေချင်ဘူးလို့ !



"ဟူး..."



အချိန်အတော်ကြာသည်အထိ သူ့ဘာသာ မေးလိုက် ဖြေလိုက် ဖြစ်နေရသော ဆိုဗက်စ်စတာမှာ သက်ပြင်းချလိုက်ပြီး သူ့နဖူးကို ဖိထားလိုက်မိသည်။ဧကရာဇ်က အိုဖီလီယာကို ဤမျှ သဘောကျလိမ့်မည်ဟု သူ မသိခဲ့ပေ။အကယ်၍ သူသာ သိခဲ့လျှင် ယနေ့ သူ အခစားဝင်ခဲ့မည် မဟုတ်ပေ။



မဟုတ်ဘူး။ဘာကြောင့်လဲ။



သူ အဘယ်ကြောင့် ထိုအတွေးမျိုး တွေးမိပါသနည်း။



ကျွန်မ အိမ်ရှေ့စံ အရှင့်သားကို သွေးဆောင်ဖြားယောင်းနိုင်ရင် ကျွန်မကို ကွာရှင်းပေးမယ်လို့ ရှင် တစ်ခါက ပြောဖူးတယ်နော်။



မှန်ပေ၏။



အိမ်ရှေ့စံမင်းသားက အိုဖီလီယာဘက်သို့ ရောက်လာသည်ကို အသုံးချ၍ အိမ်ရှေ့စံမင်းသား၏နေရာကို အားနည်းအောင်လုပ်ကာ ခံစစ်အနေအထား ရောက်သည်အထိ တွန်းအားပေးရန် သူ စီစဥ်ထားခဲ့သည်။အိမ်ရှေ့စံမင်းသားက အိမ်ထောင်သည် အမျိုးသမီးတစ်ယောက်ကို ထပ်မံ ပတ်သက်နေခဲ့သည် ဟူသော အကြောင်းတစ်စုံတစ်ရာဖြင့်။ထိုအကြောင်းဖြင့် သူက အိုဖီလီယာကို ကွာရှင်းရန် တွေးထားသည်။



သူက အိုဖီလီယာကို အပေးအယူ လုပ်ရန် မပြောမိခင်အထိ အစပိုင်း၌ သူ ထိုသို့ တွေးတောခဲ့သည်။



သို့သော် ...



ရှင်က ကျွန်မဆီ ပေးထားတဲ့ကတိကို ဖျက်ပစ်ဖို့ ကြိုးစားနေတာလား။



အား



ဆိုဗက်စ်စတာမှာ သွားကို ဂျိခနဲ မြည်အောင် အံကြိတ်လိုက်မိသည်။သူ အိုဖီလီယာနှင့် မကွာရှင်းချင်ပေ။



ဘာကြောင့်လဲ။



အကြောင်းပြချက်ကို ငါ မသိဘူး။



ဆိုဗက်စ်စတာသည် သူ၏ကိုယ်ပိုင်နှလုံးသားကိစ္စကို မည်သည့်အခါမှ အမှန်တကယ် တွေးတောလေ့မရှိသော ယောကျ်ားတစ်ဦး ဖြစ်သည်။ထို့ကြောင့် သူ အိုဖီလီယာအပေါ် မည်သို့ ခံစားနေရသည်ကို သေချာမသိသလို သိချင်စိတ်လည်း မရှိပေ။သူ လက်ရှိခံစားနေရသော ဒေါသနှင့် အလိုမကျမှုဟူသည့် ခံစားချက်များကိုသာ သူ ယုံကြည်နေခဲ့သည်။



ထို့ကြောင့် ပျော်မြူးနေသော မျက်နှာဖြင့် ရထားလုံးအတွင်းသို့ ဝင်လာသော အိုဖီလီယာကို ဆိုဗက်စ်စတာ ကြည့်နေလိုက်သည်။



"ဘယ်အရာက မင်းကို ဒီလိုပျော်အောင် လုပ်ပေးလိုက်တာလဲ။"



"အင်း"



အိုဖီလီယာက ထိုင်ခုံပေါ်တွင် ထိုင်ချလိုက်ရင်း ဂါဝန်စကို ခါ၍ ခေါင်းကို စောင်းငဲ့လိုက်သည်။



"အာ၊ကျွန်မ ပျော်နေတယ်။"



"ဘာကြောင့်လဲ၊ မင်းသားနဲ့ တွေ့ခဲ့ရလို့လား။"



ဆိုဗက်စ်စတာက ဖြည်းဖြည်းချင်း မာန်ဖီလိုက်လေသည်။အိုဖီလီယာက သူ့ကို 'ရှင် ဘယ်လို သောက်ကျိုးနည်းတွေ ပြောနေတာလဲ' ဟူသော မျက်နှာထားဖြင့် ကြည့်လာလေသည်။



"အရှင့်သားနဲ့တွေ့ရတာက ဘာများ ကောင်းလို့လဲ။ကျွန်မ ကောင့်မြို့စားကတော်နဲ့ တွေ့လာလို့လေ။"



ဆိုဗက်စ်စတာမှာ အတော်လေး နားမလည်နိုင် ဖြစ်သွားသည်။



အိုဖီလီယာက ကောင့်မြို့စားကတော်ကို အရမ်းမုန်းနေတဲ့သူလေ။ဘာလို့ သူမကို တွေ့တာနဲ့ပဲ ခံစားချက်ကောင်းနေရတာလဲ။



"တစ်ခုခု ဖြစ်ခဲ့သေးလို့လား။"



"အင်း"



အိုဖီလီယာက ပျော်ရွှင်နေသော မျက်နှာဖြင့် ပြန်ဖြေသည်။



"ကျွန်မ ကောင့်မြို့စားကတော်ကို အကြပ်ရိုက်အောင် လုပ်ခဲ့တယ်။ဒါကလဲ ကောင်းတဲ့ကိစ္စပဲလေ။"



သူမက ပြောရင်း ပခုံးကို အပေါ် အောက်ယမ်း၍ ကနေလေသည်။



"ဝါး ၊စိတ်လှုပ်ရှားစရာပဲ။"



တစ်သမတ်တည်း အမူအရာကင်းမဲ့သော မျက်နှာဖြင့် ကနေသည်ကို မြင်ရခြင်းက သူ့ကို ရယ်မောမိအောင် လုပ်နေခဲ့သည်။စိတ်ညစ်နေရသည့်ကြားမှ ဆိုဗက်စ်စတာမှာ ထရယ်မိတော့သည်။



"မင်းက တကယ်ကို ထူးဆန်းတယ်။"



"ရှင် အခု ရယ်နေရပြီလေ၊ဒါတောင် ထူးဆန်းတယ်လို့ ပြောရသေးတယ်။"



"ကိုယ် ရယ်နေတာက ထူးဆန်းလို့လေ။"



"ဘာပဲဖြစ်ဖြစ် ရယ်နေတယ်ဆိုတော့ ရှင် ရှုံးသွားပြီ။"



ရှုံးတယ် ဟုတ်လား။



ဆိုဗက်စ်စတာ မျက်ခုံးပင့်လိုက်မိသည်။



"ရှင် ခံစားချက် မကောင်းဘူး မဟုတ်လား။ဒါပေမဲ့ အခု ရယ်နေတယ်ဆိုတော့ ရှင် အဆင်ပြေသွားလို့ပေါ့။ရှင် ဒီလို မတွေးမိဘူးလား။"



ဆိုဗက်စ်စတာမှာ မျက်တောင် ဖြည်းဖြည်း ခတ်လိုက်မိသည်။သူနှင့် အိုဖီလီယာကြားတွင် တူညီမှု အများအပြားရှိသည်။တစ်ခုမှာ မျက်နှာပေါ်တွင် ခံစားချက်ကို မဖော်ပြတတ်ခြင်း ဖြစ်သည်။ထို့ကြောင့် ခံစားချက်ကို မှန်းဆကြည့်ရန် ခက်ခဲသည်။သို့သော် အိုဖီလီယာကမူ သူ၏ခံစားချက်များကို အမြဲတမ်း လျင်မြန်စွာ ရိပ်မိတတ်သည်။



သူ ဤအချက်လေးကို အမှန်တကယ် သဘောကျမိသည်။ထို့ကြောင့် ဆိုဗက်စ်စတာ၏ နှုတ်ခမ်းထက်တွင် နှစ်လိုဖွယ် အပြုံးလေးတစ်ခု ဖြစ်ပေါ်လာပြီး သူက အိုဖီလီယာဆီသို့ လက်လှမ်းလိုက်သည်။  



"ကိုယ့်ဇနီးလေးက အရမ်းလှတာပဲ။"



အိုဖီလီယာ၏ဆံနွယ်များက သူ့လက်ထဲသို့ ပါလာခဲ့သည်။ဆိုဗက်စ်စတာ ပြုံးလိုက်ပြီး သူမ၏နူးညံ့သော ဆံနွယ်များကို ညင်ညင်သာသာ ပွတ်သပ်ပေးလိုက်မိသည်။



"..."



အိုဖီလီယာမှာ ဆိုဗက်စ်စတာကို ငေးကြောင်ပြီး ကြည့်နေလေသည်။



ဘာများလဲ။သူ ဘာဖြစ်နေတာလဲ။



သူမ ကြက်သီးများ ထလာ၏။



သူမ အထွန့်တက်လိုက်ချင်သော်လည်း ထိုသို့ အထွန့်တက်မိပါက ဆိုဗက်စ်စတာ ထပ်ပြီး ဒေါသဖြစ်သွားလောက်သည်။



ကောင်းပြီလေ၊သိပ်တော့ မဆိုးနိုင်လောက်ပါဘူး။



"အာ ၊အင်းလေ၊ ကျွန်မက လှတာပေါ့။"



အိုဖီလီယာက ရယ်စရာတစ်ခုလို ပြောရင်း ဆိုဗက်စ်စတာ၏လက်ကို ဖယ်ပစ်ရန် ကြိုးစားလိုက်သည်။



"အဲ့ဒါကြောင့် ..."



ဆိုဗက်စ်စတာက သူ့လက်ကို ဖယ်မသွားခဲ့ပေ။သူ့လက်က သူမ၏ပါးပြင်ကို ထိတွေ့လာခဲ့သည်။



သူ၏အေးစက်သော ခန္ဓာကိုယ်အပူချိန်က သူမကို ထိနေခဲ့သည်။ထိုသို့ ထိလိုက်သည်နှင့် အိုဖီလီယာမှာ တောင့်တင်းသွားရသည်။ဆိုဗက်စ်စတာက တောင့်တင်းနေသော အိုဖီလီယာကို ကြည့်၍ ပြုံးလေသည်။



အင်း၊ ဒီလို လှပတဲ့လူသားကို သူ့ဘေးနားမှာပဲ ထားရမယ်။



"ကိုယ် လုပ်ချင်တာကို လုပ်တော့မယ်။"



ငါ့စိတ်က စေခိုင်းတဲ့အတိုင်းပဲ လုပ်တော့မယ်။ 



ဆိုဗက်စ်စတာက အိုဖီလီယာ၏ပါးပြင်ကို ဖွဖွ ပုတ်လိုက်ပြီး လက်ကိုဖယ်လိုက်သည်။



"မင်းရဲ့ စိတ်ထဲမှာ မှတ်ထားလိုက်တော့။"



အိုဖီလီယာသည် ဆိုဗက်စ်စတာ၏စကားများကို လုံးဝ သဘောမပေါက်သည့်တိုင် သူမ ထပ်မမေးချင်ခဲ့ပေ။အခု ဆိုဗက်စ်စတာက အနည်းငယ် ထူးဆန်းသည့် ပုံပေါက်နေ၏။



ကောင်းပြီလေ၊ ဘာမှလဲ ထူးထူးခြားခြား မဟုတ်ပါဘူး၊ဟုတ်တယ်မလား။



ထို့ကြောင့် အိုဖီလီယာ ဒါကို လျစ်လျူရှုလိုက်လေသည်။



သို့သော် နောက်နေ့မတိုင်ခင် အိုဖီလီယာ၏အခန်းမှာ ဆိုဗက်စ်စတာ၏အခန်းထဲသို့ ပြောင်းရွှေ့ခံလိုက်ရလေသည်။



*



ငါ အခု ဘယ်ရောက်နေတာလဲ။



ကျွန်မသည် မမြင်ဖူးသော မျက်နှာကြက်ကို ကြည့်ရင်း မျက်တောင်ခတ်လိုက်မိသည်။မူလက ကျွန်မသည် အိပ်ရာထက်တွင် လဲလျောင်းရင်း မျက်နှာကြက်ကို ကြည့်နေခဲ့သည်။မျက်နှာကြက်တွင် ချိတ်ဆွဲထားသော ဇာပေါင်းမိုးအရှည်တစ်ခု ရှိသည်။ကောင်းကင်ပြာရောင် ပေါင်းမိုးတစ်ခု ဖြစ်သည်။သို့သော် ယခု ကျွန်မမှာ အနက်ရောင် မျက်နှာကြက်ကိုသာ မြင်နေရသည်။



ထို့အပြင် အိပ်ရာ၏ခံစားချက်က တစ်မျိုးတစ်ဖုံ ဆန်းကြယ်နေသည်။၎င်းက ကျွန်မ အိပ်နေကျ မွေ့ရာဟု မထင်ပေ။



ကျွန်မ ဖြည်းဖြည်းချင်း လူးလဲ ထလိုက်မိသည်။



အိပ်ရာပေါ်မှ ထလိုက်သည်နှင့် ကွဲပြားခြားနားလှသော မြင်ကွင်းတစ်ခုက ကျွန်မကို ဆီးကြိုနေခဲ့သည်။ကြီးမားသော စားပွဲခုံ၊စာအုပ်များ အပြည့်ဖြည့်ထားသော စာအုပ်စင်၊လေးလံသော ဆိုဖာနှင့် တဖျတ်ဖျတ်တောက်ပနေသော မျက်နှာကြက် မီးပန်းဆိုင်းတစ်ခု။



ငါ ဘယ်နေရာ ရောက်နေတာလဲ။



ငါ အိပ်နေတုန်း ပြန်ပေးဆွဲခံလိုက်ရတာများလား။



ကျွန်မ စောင်ကို တင်းကြပ်စွာ ဆွဲယူလိုက်ပြီး ပခုံးများကို ရစ်ပတ်ထားမိသည်။ထိုအချိန်တွင် ရင်းနှီးနေသော အသံတစ်ခုကို ကြားလိုက်ရသည်။



"မင်း အိပ်ပျော်နေတာ နိုးကို မနိုးလာဘူး။"



၎င်းမှာ ဆိုဗက်စ်စတာဖြစ်သည်။



ဆိုဗက်စ်စတာသည် ယခုမှ ရေချိုးခန်းထဲက ထွက်လာသည့်အတိုင်း စိုစွတ်နေသော ဆံပင်များကို ခါယမ်း၍ ကျွန်မ ဘေးနားတွင် လာထိုင်ရင်း ပြောခဲ့သည်။



"ဒါကြောင့် ကိုယ်လဲ မတတ်နိုင်ဘဲ မင်းကို ပွေ့ချီပြီး ဒီကို သယ်လာခဲ့ရတယ်။ကျေးဇူးပြုပြီး ကိုယ့်ကို ခွင့်လွှတ်ပေး။"



ကျွန်မမှာ ပြောစရာ စကားများ ပျောက်ရှသွားပြီး ခဏကြာသည်အထိ ကြောင်အနေမိလေသည်။



"အိုဖီလီယာ"



"အာ၊အင်း၊ကျွန်မ အိပ်မက်မက်နေတာလားလို့ တွေးနေတာ။"



"အိပ်မက် မဟုတ်ဘူး၊နိုးထလိုက်တော့။"



၎င်းက အိပ်မက် မဟုတ်သည်ကို ကျွန်မ ကောင်းစွာ နားလည်သည်။ဒါက ပြဿနာ မဟုတ်ပေ။



"ကျွန်မက ဘာဖြစ်လို့ ဒီနေရာကို ရောက်နေရတာလဲ။"



"မင်းရဲ့ အခန်းနဲ့ ကိုယ့်အခန်းကို ပြန်ပေါင်းလိုက်လို့လေ။"



"ရုတ်တရက်ကြီး ဘာလို့လဲ။"



"ကိုယ် လုပ်ချင်တာ လုပ်မယ်လို့ မင်းကို ကိုယ် ပြောထားတယ်။"



"ရှင်က ဒါကို ဆိုလိုတာလား။"



အား!



ကျွန််မ အော်ဟစ်လိုက်သည်။



"ရှင်က ကျွန်မရဲ့ခွင့်ပြုချက်မပါဘဲ ဒါကို ဘာလို့ လုပ်ရတာလဲ။ကျွန်မရဲ့ကိုယ်ပိုင်နေရာက အရေးကြီးတယ်လို့ ထင်တယ်။"



အမှန်ပင်။



ကျွန်မ၏ကိုယ်ပိုင်နေရာက ကျွန်မအတွက် အရေးကြီးသည်။ကျွန်မ တစ်ယောက်တည်း အိပ်ပြီး တစ်ယောက်တည်း နိုးထရသည်။



ရှင်က ရုတ်တရက် ဘာလို့ ဒီလိုမျိုး အခန်းပေါင်းချင်ရတာလဲ။



ဆိုဗက်စ်စတာက တကယ်ကို ငတုံးပဲ။



"ဒါက အရမ်းများသွားပြီ။ကျေးဇူးပြုပြီး အခြားအခန်းကို ပြန်ရွှေ့ပေးပါ။"



"ကိုယ် မင်းကို ပိုက်ဆံပေးမယ်လေ။"



"ဘယ်လောက်လဲ"



"အများကြီးပေါ့"



"ရှင် ကျွန်မ ပစ္စည်းတွေ အကုန် ရွှေ့ပြီးပြီလား။ကျွန်မ ရွှေ့ဖို့ တခြားဘာတွေ ကျန်သေးလဲ။"


ကျွန်မသည် အရင်းရှင်စနစ်၏ ကျေးကျွန်တစ်ယောက်သာ ဖြစ်သည်။ပိုက်ဆံသာ ပေးမည်ဆိုပါက ကျွန်မ မလုပ်နိုင်တာ မရှိပေ။ကျွန်မအတွက် ကိုယ်ပိုင်နေရာ လိုအပ်လျှင် အခြားအခန်းတစ်ခုသို့ သွား၍ သီးသန့် တစ်ခုခု လုပ်လို့ ရနိုင်သည်။စံအိမ်တော်တွင် အခန်းလွတ်များ မနည်းမနော ရှိနေသည်။



"ကိုယ် အကုန် ရွှေ့ပြီးပြီ။အိုင်ရင်း လား၊အဲ့ဒီအစေခံက အလုပ်လုပ်တာ အရမ်းတော်တယ်။"



"အိုင်ရင်းက ဒီလိုနေရာတွေမှာ တော်တယ်။"



ဖြစ်တန်ရာရှိသည်မှာ အိုင်ရင်းသည် ကျွန်မတို့ကို ရင်းနီီးစေချင်ပုံရသည်။အိုင်ရင်းက ကျွန်မနှင့် ဆိုဗက်စ်စတာကို နီးစပ်စေချင်သည်ဟု မကြာခဏ ပြောတတ်သည်။



"ဒီတော့..."



ကျယ်ဝန်းသော အိပ်ရာကြီးကို ကျွန်မ တစ်ချက်ကြည့်ရင်း ပြောလိုက်သည်။



"အခု ကျွန်မတို့က အတူ အိပ်ရမှာလား။"



"ဒါကို မင်း မကြိုက်လို့လား။"



"အင်း"



ဆိုဗက်စ်စတာက သူ့ပါးစပ်ကို ပိတ်လိုက်ပြီး ကျွန်မကို ကြည့်လာသည်။



"ဒီလိုမျိုး ချက်ချင်း ပြန်ဖြေလိုက်ရင် ကိုယ့်ရဲ့ခံစားချက်ကို ထိခိုက်သွားမိမယ်လို့ မင်း မတွေးမိဘူးလား။"



"ကျွန်မ မတွေးမိဘူး"



"မင်းက အရမ်းဆိုးတာပဲ။"



သူက ကျွန်မဆီသို့ လက်လှမ်းလိုက်သည်။



"ကိုယ်တို့ အတူတူ အိပ်စက်ရလိမ့်မယ်၊ကိုယ်တို့ နှစ်ယောက်က ...။"



ထို့နောက် သူက ကျွန်မ၏ပါးပြင်ကို လက်ချောင်းထိပ်လေးများဖြင့် ပွတ်သပ်လိုက်သည်။



"လက်ထပ်ပြီးသား စုံတွဲတွေ ဖြစ်နေလို့ပဲ။"



သူ၏လက်ချောင်းထိပ်များက ကျွန်မ၏ နှုတ်ခမ်းကို ထိတွေ့လာပြန်သည်။လေထုမှာ တစ်နည်းတစ်ဖုံ ထူးဆန်းနေ၏။ချက်ချင်း တစ်ယောက်နှင့်တစ်ယောက် နမ်းရှိုက်မိသည်လောက် ဘယ်အရာမှ ထူးဆန်းမည် မဟုတ်ပေ။



ဒုတ် ဒုတ် ဒုတ် ဒုတ် 



ကျွန်မ၏ ရင်ခုန်သံများ စတင် မြန်ဆန်လာခဲ့သည်။



"ရှင် ဒီထက် ပိုတာတွေ လုပ်မလာဖို့ ကျွန်မ မျှော်လင့်တယ်။"



ကျွန်မ၏စကားကြောင့် ဆိုဗက်စ်စတာက စောင်းပါးရိပ်ခြည် ဟန်ဖြင့် ပြုံးလိုက်သည်။



"ကိုယ်လဲ ဒါတွေ မလုပ်ချင်ပါဘူး။ကိုယ် စနောက်နေတာ။"



ထိုစကားပြောချိန်တွင် သူ့မျက်လုံးများက စစ်မှန်သည်ဟု ကျွန်မ တွေးမိသည်။ကျွန်မ၏ ခုန်ပေါက်နေသော နှလုံးသားကို တည်ငြိမ်နေစေရန် ကြိုးစားပြီး ခေါင်းကို တစ်ဖက် လှည့်လိုက်ရသည်။ဆိုဗက်စ်စတာက ကျွန်မ၏လက်များကို သွယ်ယှက်လာခဲ့ပြန်၏။



"အခု မင်းက အိမ်ရှေ့စံမင်းသားနဲ့ နီးစပ်လာပြီဆိုတော့ ကိုယ်တို့အချင်းချင်း နီးစပ်တယ်ဆိုတဲ့အကြောင်း ပြသဖို့လိုတယ်။ဒါဆို အိမ်ရှေ့စံမင်းသားက စိတ်ပြောင်းလာလိမ့်မယ်၊ မှန်ရဲ့လား။"



တစ်နည်းအားဖြင့် ကယ်လီယန်သည် ဆိုဗက်စ်စတာကို မုန်းတီးသည်ဖြစ်ရာ ဆိုဗက်စ်စတာ နှစ်သက်သည့် ကျွန်မကို ချဥ်းကပ်ရန် ကြိုးစားလာလိမ့်မည်။



မဟုတ်ဘူး၊ငါ နားလည်တယ်၊ဒါပေမဲ့ ...



ဒါက ဘယ်လိုပဲ ခက်ခဲနေပါစေဦး ငါတို့ရဲ့အခန်းတွေကို ပေါင်းသင့်လို့လား။



ရှင်က ကျွန်မကို ပိုက်ဆံပေးမယ်လို့ ပြောပြီး ရှင် ကျွန်မဆီက တစ်ခုခု ပိုလိုအပ်နေတာကြောင့်လို့ ကျွန်မ ထင်နေတယ်နော်။



ထိုအရာက ဘာဖြစ်မည်ကို ကျွန်မ မသေချာပေ။ကျွန်မ 'အင်း'ဟု အသံပြု၍ ဆိုဗက်စ်စတာကို ကြည့်ပြီး နှာမှုတ်လိုက်မိသည်။



"ဒီအကြောင်းပြချက် တစ်ခုပဲ ရှိတာနော်၊ ဟုတ်တယ်မလား။"



"တခြား ဘာရှိရဦးမှာလဲ ကွာ။"



ဆိုဗက်စ်စတာက ပြုံး၍ ပြောလေသည်။တခြား မတူသော အကြောင်းပြချက်တစ်ခုခု ရှိနေပုံရ၏။



"ရှင့်မှာ အစီအစဥ်ရှိရင် ကျွန်မကို အခု ပြောလိုက်။"



"မင်း ကိုယ့်ကို ခွင့်လွှတ်ပေးမှာလား။"



"ဟင့်အင်း"



"ဒါဆို ကိုယ် မင်းကို မပြောပြဘူး။"



"ရှင် တကယ်ပဲ ဒီလို လုပ်နေတော့မှာလား။"



ကျွန်မ အသံကို မြင့်၍ ပြောလျှင် ဆိုဗက်စ်စတာက ရယ်လေသည်။



"ကိုယ်က နောက်နေတာပါ။တကယ်က အိမ်ရှေ့စံမင်းသားကို ဆက်ပြီး စောင့်ကြည့်နေရုံလောက်ပါပဲ။"



သူ၏စိုစွတ်နေသော ဆံပင်များမှ ရေစက်လေးများ ကျလာခဲ့သည်။



၎င်းက အေးစက်သည်။သို့သော် ကျွန်မကို လောင်ကျွမ်းလောက်သည်အထိ ပူလောင်နေသည်ဟု ခံစားရသည်။



"ဒီလိုလုပ်ဖို့ဆို ကိုယ်တို့က သင့်မြတ်နေတဲ့ စုံတွဲတွေလို ဟန်ဆောင်ရလိမ့်မယ်။"



တွန့်ခနဲ ဖြစ်သွားသော ကျွန်မဆီသို့ ဆိုဗက်စ်စတာက လက်လှမ်းလိုက်သည်။



"မင်း ဒီလို မတွေးမိဘူးလား။"



သူက ကျွန်မ၏ဆံပင် ထိပ်ဖျားလေးကို ဆွဲယူနမ်းရှိုက်လိုက်လျှင် ကျွန်မ၏နှလုံးသားမှာ ထိန်းချုပ်၍ မရနိုင်အောင် ခုန်ပေါက်နေသည်ဟု ခံစားလိုက်ရသည်။



အာ



ဒါက တကယ်ကို အလုပ်မဖြစ်ဘူးပဲ။



TK Team
++++++++