Chapter 54
Viewers 5k

🌌Chapter 54



" နောက်ဆုံးတော့ တွေ့ပြီလေ…"


လုမော့ သူ့သေနတ်ကို ပြန်ရုတ်လိုက်ပြီး သေနတ်ပြောင်းဝမှ အဖြူရောင်မီးခိုးငွေ့များ လွင့်မျောနေချိန် ခေါင်းကိုလှည့်ကာ ညာဘက်သို့ လှမ်းကြည့်လိုက်သည်။


ရိုးရိုးရှင်းရှင်းပုံစံနှင့် အမျိုးသားဇာ့ဂ်တစ်ဦးက အပင်ရှည်ရှည်တစ်ပင်နောက်တွင် ပုန်းနေ၏။ သူ့မျက်နှာက ဖြူဖျော့နေပြီး ပြူးကျယ်ကျယ်မျက်လုံးများဖြင့် လုမော့ကို ကြောင်တက်တက် ကြည့်နေ၏။


သူ့မျက်နှာတစ်ဖက်တွင် မီးလောင်ဒဏ်ရာ ရထား၏။ ကျည်ဆန်က သူ့ဆံပင်ကို ဖောက်ပြီး နံရံကို ထိမှန်သွား၏။


လုမော့က သေနတ်ပြောင်းဖြင့် ဦးထုပ်ထိပ်ကို ထိကာ မေးစေ့ပင့်၍ အထက်စီးဆန်ဆန် တစ်ဖက်သူကို နှိမ့်ချစွာ ကြည့်လိုက်သည်။ တင်းမာသောမျက်နှာပေါ်တွင် နူးညံ့သိမ်မွေ့သောအပြုံးတစ်ခု ပေါ်လာ၏။

 "မင်း ငါ့ကို အစကတည်းက စောင့်ကြည့်နေတာပဲ...ဟုတ်တယ်မလား..."


ယခင်က ကပွဲတွင် လူများလွန်း၍ လုမော့က အနှောင့်အယှက်များစွာထဲမှ သူ့ကို စိတ်မသက်မသာဖြစ်စေသော အကြည့်ကို အတိအကျရှာဖွေမရနိုင်ခဲ့ပေ။


ယခုမူ ခန်းမအတွင်းရှိ မျိုးရိုးမြင့်များက ထွက်ပြေးသွားကြ၍ တစ်ဦးတည်း ကျန်နေသောသူက အထူးထင်ရှားသွား၏။


တစ်ဖက်လူက ရုတ်တရက် သတိဝင်လာပုံရပြီး ရှက်ကိုးရှက်ကမ်းအပြုံးဖြင့် ပြောလိုက်၏။ 

"သခင်လုမော့က နားလည်မှုလွဲနေတာ ဖြစ်မယ်...ငါ မင်းကို တစ်ချိန်လုံး စိုက်ကြည့်နေတာ မှန်ပေမယ့် မင်းကအရမ်းတော်နေတော့ မင်းရဲ့ တည်ရှိမှုကို ဘယ်သူက လျစ်လျူရှုနိုင်မှာလဲ..."


“ဖြစ်နိုင်တာက…” 

သူ့ပါးပြင်ကို ကုတ်လိုက်ပြီး ရှက်သလို ခံစားလိုက်ရ၏။

"ငါ့အကြည့်တွေကို အမြဲတမ်း ဖုံးကွယ်ထားလို့ မရဘူးလေ...ဒါက အရမ်းတည့်တိုးဆန်တော့ ငါ့ကို အမြဲတမ်း ရန်သူလို့ နားလည်မှုလွဲခံရတာ..."


"ဒါပေမယ့် မင်းကတော်တော် ပုန်းတတ်တော့ ငါဘယ်လိုခံစားနိုင်မှာလဲ..."

လင်းက ကြားဖြတ်ပြောလိုက်သည်။ ယခင်က လုမော့ဘေးတွင် ရပ်နေသည့် ငွေရောင်ဆံပင်နှင့် အမျိုးသမီးဇာ့ဂ်က တစ္ဆေသဖွယ် မထင်မှတ်ပဲ သူ့အနားမှာ ပေါ်လာ၏။


လင်း၏ နှုတ်ခမ်းထောင့်များက ပြုံးနေသော်လည်း သူ့မျက်လုံးနီနီများက မှောင်မိုက်ခြင်းနှင့် လူသတ်လိုစိတ်များ အပြည့်နှင့်ပင်။


"မင်းမှာ အရမ်းပရော်ဖက်ရှင်နယ်ဆန်ဆန်အရည်အသွေးရှိတာပဲ..." 

လင်းက မကျေမနပ်အသံဖြင့် ပြောလိုက်၏။ 

"မင်း အမြဲတမ်း မနီးမဝေး အကွာအဝေးတစ်ခုမှာ နေတယ်...ငါတို့ မင်းကို မတွေ့အောင် ရှောင်ပြီး အကောင်းဆုံးရှု့ထောင့်ကနေ ငါတို့ကို စောင့်ကြည့်တယ်...ငါပြောနိုင်တာက စစ်တပ်မှာတောင် မင်းလုပ်သလို လုပ်နိုင်တဲ့သူ လက်တစ်ဆုပ်စာပဲရှိတယ်..."


လင်း မျက်လုံးများကို မှေးလိုက်ပြီး အသံကို လျှော့လိုက်၏။

"မင်း ကိုယ့်ကိုကိုယ် အဲ့လောက် နှိမ့်ချနေစရာ မလိုဘူး မလား..."


အမျိုးသားဇာ့ဂ်၏တစ်ကိုယ်လုံးကို တုန်ခါလာ၏။ သူ့ခါးကို ဖိထားသည့် အရာတစ်ခုကို ခံစားလိုက် ရ၏။


သူက လင်းကို မယုံကြည်နိုင်စွာ ကြည့်လိုက်၏။

 "ငါက အမျိုးသားဇာ့ဂ်တစ်ယောက်ပဲ..."


"အဲဒါ အမှန်ပါပဲ...ငါ မင်းနဲ့ နောက်နေတာပါ..."

လင်းက သဘောတူ၏။


“ဒါဆို သေနတ်ကို အဝေးမှာ ထားပေးပါ...”

အမျိုးသားဇာ့ဂ်က ချွေးအေးအေးများဖြင့် ဖုံးလွှမ်းသွား၏။ နောက်ဆုံးတွင် အမျိုးသမီးဇာ့ဂ် နှင့်ပတ်သက်သော စုလင်း၏ အကဲဖြတ်ချက်ကို သူနားလည်သွား၏။ သူ့လုပ်ရပ်များကို သာမာန်သဘောဖြင့် ဆုံးဖြတ်၍မရပေ။ ထိုသူက ဆင်ခြင်တုံတရားနှင့် ရူးသွပ်မှုတို့ ပေါင်းစပ်ထားသည့် သက်ရှိတစ်ကောင်ပင်။


လုမော့က သူ၏ အကြီးမားဆုံး အားနည်းချက်ဖြစ်သော်လည်း သေစေနိုင်လောက်သည့် ထိုးနှက်ချက်ကို မလိုချင်ပါက လုမော့ကို ပေါ့ပေါ့ဆဆ မမက်မောသင့်ပေ။


အဘယ်ကြောင့်ဆိုသော် လုမော့က သူ၏ တစ်ခုတည်းသော အကြောင်းရင်းခံပင်။ 


…


အမျိုးသားဇာ့ဂ်၏ နှလုံးသား၌ နောင်တရစရာများဖြင့် ပြည့်နေပြီဖြစ်သည်။


စုလင်းက သခင်၏ အယုံကြည်ရဆုံး လက်အောက်ငယ်သား ဖြစ်ပြီး သူက စုလင်းထက် ပိုသန်မာပြီး သခင်၏ နှစ်သက်မှုကို ပိုခံထိုက်သည်ဟု အမြဲ ထင်မြင်နေခဲ့၏။


စုလင်းက လုမော့၏ လက်ထဲတွင် ကျဆုံးခဲ့ကြောင်း သူသိပြီးကတည်းက သူ့နှလုံးသားထဲတွင် ရဲရင့်သောအကြံအစည်တစ်ခုရှိလာ၏။


လုမော့ကို နှိုးဆော်ပြီး အနိုင်ယူလိုက်လျှင် သူက စုလင်းထက် ပိုသန်မာကြောင်း သက်သေပြနိုင်ပေမည်။


လူထုအမြင်တွင် လုမော့ကို ပုန်ကန်ထကြွမှုတွင် ဗီလိန်သဖွယ်ဖြစ်စေပြီး အတွင်းပိုင်းတွင် သူက သူ့ကိုယ်သူ သက်သေပြချင်၏။ 


ထိုအကြောင်းပြချက်နှစ်ခုက လုမော့ကို အာရုံစိုက်ရန် သူ့အား လှုံ့ဆော်ပေးခဲ့၏။


ဒါပေမယ့် အခုတော့ ငါ နက်နက်နဲနဲ နောင်တရနေပြီ...ငါ ပိုသတိထားလိုက်သင့်တယ်…


သို့သော် နောင်တက ယခုချိန်တွင် အကျိုးမရှိတော့ပေ။ အခုအချိန်တွင် သူစဉ်းစားသင့်သည်မှာ ဤအမျိုးသမီးဇာ့ဂ်၏ လက်မှ သူမည်သို့ရှင်သန်ရမည်က်ိုပင်။


"ငါ သုံးအထိ ရေတွက်မယ်...မင်း ကျိုးကြောင်းဆီလျော်တဲ့ ရှင်းပြချက်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်..."

လင်းက အနက်ရောင်လက်အိတ်ဝတ်ဆင်ထားသည့် လက်ညိုးဖြင့် ခြိမ်းခြောက်လိုက်၏။


အမျိုးသားဇာ့ဂ်က အသက်ပြင်းပြင်းရှူပြီး သူ့စိတ်ထဲရှိ စကားလုံးများကို မြန်မြန်ဆန်ဆန် စုစည်းလိုက်၏။


"သုံး..."


အမျိုးသားဇာ့ဂ်က မျက်လုံးများပြူးကျယ်သွားပြီး နှုတ်မှ လွှတ်ခနဲ မေးလိုက်၏။

"မင်းပြောတော့ သုံးအထိ ရေမယ်ဆို..."


"ဒါကို ထည့်မတွက်ထားလို့လား..."


လင်း၏နှုတ်ခမ်းများက သေမင်းတံစဉ်ကဲ့သို့ ကွေးညွတ်သွား၏။

"နှုတ်ဆက်ပါတယ်...လူကြီးမင်း..."


အမျိုးသားဇာ့ဂ်၏ တုန်လှုပ်နေသော အကြည့်အောက်တွင် လင်းက ခလုတ်ကို ဆွဲလိုက်သည်။


"ဘမ်း..."


သေနတ်သံများ ထွက်ပေါ်လာသည်နှင့်တပြိုင်နက် ဒေါသတကြီး အော်သံ ထွက်ပေါ်လာ၏။

"ရပ်လိုက်..."


တခဏချင်းပင် သေနတ်များနှင့် လက်နက်ခဲယမ်းများ ကိုင်ဆောင်ထားသည့် စစ်သားများက တံခါးဝမှ ဝိုင်းအုံလာခဲ့၏။ သို့သော်လည်း လင်းက ထိုအမျိုးသားအား ပစ်ခတ်လိုက်သည်ကို စိတ်ပျက်လက်ပျက်ဖြင့်သာ ကြည့်လိုက်ရ၏။


"လက်တွေကို မြှောက်ထား...မလှုပ်နဲ့..."


ငွေရောင်ဆံပင်နှင့် အမျိုးသမီးဇာ့ဂ်က သူတို့ကို ကျောပေးပြီး လက်မြှောက်လိုက်၏။


အမျိုးသားဇာ့ဂ်၏ခန္ဓာကိုယ်က ခေါက်ဆွဲချောင်းသဖွယ် လဲကျသွားပြီး စစ်သားတစ်ယောက်က သူ့ကို ဖမ်းလိုက်၏။


"ဗိုလ်မှူး..."မင်းဖြစ်နေရင်တောင်မှ အပြစ်မဲ့အမျိုးသားဇာ့ဂ်ကို သတ်ပိုင်ခွင့်မရှိဘူး...စီရင်ချက်ကို ရင်ဆိုင်ဖို့ ပြင်ထားလိုက်ပါ..."

ကွပ်ကဲရေးအရာရှိက ဒေါသတကြီးဖြင့် ပြော၏။


လင်းက ဖြည်းညှင်းစွာ လှည့်ကြည့်ပြီး ကွပ်ကဲရေးအရာရှိကို ဗြောင်ကျကျ စိုက်ကြည့်ကာ သဘောကောင်းသော အသံလေးဖြင့် ပြော၏။

"စီရင်ချက်တဲ့လား..."


သူ၏ ဖိနှိပ်နိုင်သောအရှိန်အဝါက ကွပ်ကဲရေးအရာရှိကို အနည်းငယ်ထိတ်လန့်သွားစေသော်လည်း ကွပ်ကဲရေးအရာရှိက သတ္တိရှိရှိ အခိုင်အမာ ပြောလိုက်၏။

"ဟုတ်တယ်...မင်းကျူးလွန်ခဲ့တဲ့ ပြစ်မှုက ခွင့်မလွှတ်နိုင်ဘူး..." 


လင်းက ပေါ့ပေါ့ပါးပါး တစ်ချက်ရယ်လိုက်၏။

"မင်းတို့အားလုံး လာဖို့ မလိုပါဘူး..."


သူရုတ်တရက် သေနတ်ကို သူ့နားထင်ဘက်လှည့်ကာ လူတိုင်းက မတုံ့ပြန်နိုင်မီ ခလုတ်ဆွဲလိုက်၏။ 


"ဘမ်း..."


လူတိုင်း၏ ကြောင်အနေသော အကြည့်အောက်တွင် သေနတ်ပြောင်းဝမှ မီးရှူးမီးပန်းသဖွယ် အလင်းတန်းလေးတစ်ကြောင်း ထွက်လာ၏။


စစ်သား- = 口 =


သူခေါင်းကို တောင့်တောင့်ကြီး လှည့်လိုက်ပြီး အခုလေးတင် မျက်လုံးဖွင့်လာသည့် မြေပြင်ပေါ်လဲကျသွားသော အမျိုးသားဇာ့ဂ်ကို တွေ့လိုက်၏။


လင်းက ပခုံးတွန့်ပြပြီး အမျိုးသားဇာ့ဂ်ကို နောက်တစ်ကြိမ် ပစ်ပြလိုက်ကာ သူ့မျက်နှာတွင် လှောင်ပြုံးလေး ဆင်မြန်းထား၏။  

"လူကြီးမင်းရေ...ငါ မင်းကို စနောက်မိတာပါ...စိတ်မရှိပါနဲ့နော်..."


အမျိုးသားဇာ့ဂ်၏ မျက်နှာ ဖြူဖျော့သွားပြန်သည်။


ဤအမျိုးသမီး၏ သတ်ဖြတ်လိုစိတ်အပေါ် သူ ၁၀၀ ရာခိုင်နှုန်း သေချာသိ၏။


မဟုတ်လျှင် သူမူးလဲသွားမည် မဟုတ်ပေ။ ကြီးမားပြီး ကြောက်စရာကောင်းသည့် သတ်ဖြတ်လိုစိတ်ကို ကိုယ်တိုင်ကိုယ်ကျ တွေ့ကြုံမှသာလျှင် ဤအမျိုးသမီး၏ရူးသွပ်မှုကို နားလည်နိုင်ပေမည်။


ကွပ်ကဲရေးအရာရှိက သက်ပြင်းချကာ တုန်ယင်နေသော နှလုံးသားကို ထိန်းထားရင် ဒေါသတကြီးပြော၏။

"ဗိုလ်မှူး...အမျိုးသားဇာ့ဂ်ရဲ့ အာရုံကြောတွေက အရမ်းပျက်စီးနေပြီ၊ နောက်ဆို ဒီလိုဟာသတွေ လုပ်နေတာကို ရပ်လိုက်ပါ..."


တတိယစစ်တပ်၏ ဗိုလ်မှူးက အခြားဗိုလ်မှူးများနှင့် မတူကြောင်း ကြားဖူးသည်မှာကြာပြီဖြစ်သော်လည်း သူ့မှာ ထိုကဲ့သို့ စရိုက်လက္ခဏာများ ရှိမည်ဟု မထင်ထားခဲ့ပေ။


သူက အရမ်း ကလေးဆန်လွန်းတယ်... 


လင်းက ပျူငှာစွာ ပြောလိုက်၏။

"မင်းရဲ့သတိပေးချက်အတွက် ကျေးဇူးတင်ပါတယ်..."


သေနတ်ကို သူ့ခါးတွင် ပြန်ထည့်ထားလိုက်ချိန် လုမော့၏ မျက်လုံးတောက်တောက်များကို သူမြင်လိုက်ရ၏။


လင်း: "..."


လုမော့: OVO


လင်းမျက်နှာပေါ်တွင် ပါးလွှာသော အနီရောင်လေး ပေါ်လာပြီး ရှက်သွား၏။

"ဒါ...ဒါက ငါ့ဟာမဟုတ်ဘူး...ကျန်းစုကွမ်းရဲ့ ဟာ...ငါ ဒီအတိုင်း ယူလာတာ..."


အိုး…မဟုတ်ဘူးလေ...


မတော်တဆ သူ လုမော့ရှေ့တွင် ထိုပုံစံကို ပြသခဲ့မိသည်။


နုံချာပြီး ရယ်စရာကောင်းပုံပေါက်သွားတာလား...


သူ လုမော့ကို တစ်ချက်ကြည့်လိုက်ရာ သူပြောခဲ့သမျှကို ဖုံးကွယ်ရန် ကြိုးစားနေမိသည်ဟု ခံစားမိသွားပြီး သူ့ကိုယ်သူ ဖာထေးလိုက်၏။

"ကျန်းစုကွမ်းက အရမ်းပြုပြင်နိုင်စွမ်းရှိလို့ သေနတ်တွေကို  အပြင်ပန်းကြည့်ပြီး လုံးဝ မပြောနိုင်ဘူး..."


လုမော့: OVO


လင်း: "..."


ကောင်းပြီ ပိုတောင် သိသာသွားပြီ…


လင်းက မျက်နှာလွှဲလိုက်ပြီး စကားမပြောရန် ဆုံးဖြတ်လိုက်၏။


လင်းကို ဤကဲ့သို့ မြင်လိုက်ရသောအခါ လုမော့ သူ့စိတ်ထဲတွင် သက်ပြင်း မချနိုင်ဘဲ မနေနိုင်တော့ပေ။

သူက ဒီပစ္စည်းကို ငါ့ကို ပေးဖို့ မစီစဉ်ထားပုံပဲ...


စနစ်က ငြီးတွားလိုက်၏။

[အဲ့ဒါက အခြားလူဟာ...မင်း ကျန်းစုကွမ်းကို သွားမေးသင့်တယ်...]


လုမော့က ခေါင်းညိတ်လိုက်၏။

အဲဒါ အဓိပ္ပာယ်ရှိတယ်...


သေနတ်က မီးခြစ်လေးလိုပင်။ လင်းက စိတ်ဝင်စားစရာကောင်းသော အရာများစွာကို အမြဲသယ်ဆောင်လာ၏။


လုမော့က သူ့အိတ်ကပ်ထဲမှ မီးခြစ်ကို ထိလိုက်ရာ အလွန်ပျော်သွားသည် ။


"ဒါဆို ငါတို့ အရင်ထွက်သွားတော့မယ်..."

လုမော့က စစ်သည်ခေါင်းဆောင်ကို ခေါင်းညိတ်ပြကာ ယဉ်ကျေးစွာ ပြောလိုက်၏။

"မင်း ဒီလူဆိုးတွေကို ဖမ်းဖို့ လာတာလို့ ငါထင်တယ်...ငါတို့ ဒီမှာ နေနေတာက မင်းတို့ကို အတားအဆီး ဖြစ်စေလိမ့်မယ်..."


စစ်သည်ခေါင်းဆောင်၏ မျက်နှာက အလေးအနက်ဖြစ်လာသည်။

"မဟုတ်ဘူး...ဆန့်ကျင်ဘက်ပါပဲ...ဒီမှာပဲ နေဖို့ ငါတို့မင်းကို ဒုက္ခပေးပါရစေ..."


လုမော့ အံ့အားသင့်သွား၏။

"ဟမ်..."


ခေါင်းဆောင်က အလေးပြုလိုက်၏။

“ဒီမှာ သူပုန်တွေ ပုန်းအောင်းနေတယ်ဆိုတာ တစ်ယောက်ယောက်က သတင်းပို့လာလို့ပါ... သူတို့က သခင်မောလ်ကို တိုက်ခိုက်ပြီး ဘယ်ရွန်ကို ငွေညှစ်ဖို့နဲ့ သူတို့အာဏာကို ချဲ့ထွင်ချင်ကြတာ...”


ထိုအချိန်တွင် လူတိုင်း၏ မျက်လုံးများက တစ်ဖက်မှ မောလ်အိုက်ဒင်ဆီ ရောက်ရှိသွား၏။


———


မောလ်အိုက်ဒင်၏ နှလုံးသားက နစ်မြုပ်သွားသည်။ သူ တိတ်တိတ်လေး စောင့်ကြည့်နေသည့် အကြောင်းရင်းမှာ သူ့နှလုံးသားထဲရှိ တုန်လှုပ်ချောက်ချားမှုများကြောင့်ပင်။ တစ်ဖက်လူက သူ သူပုန်စစ်တပ်က လာသည်ကို သိလျှင်ပင် သူတို့က သူ့ကို ဖမ်းရန် သက်သေအထောက် အထားမရှိပေ။ သူရှေ့ထွက်လိုက်သည်နှင့် အနာဂတ်အတွက် ပြဿနာများ  ဖြစ်လာနိုင်သည်။ လုမော့နှင့် အခြားသူများ မြေပုံကို စိတ်ဝင်စားမှုပျက်ပြားစေရန် စိတ်ရှည်ရှည်ဖြင့် စောင့်ရုံသာ စောင့်ဆိုင်းနိုင်ပြီး မြေပုံကို ပြန်လည်ရယူရန် အခြားအခွင့်အရေးကို စောင့်ဆိုင်းနိုင်မည်ဖြစ်သည်။


သူ ဖော်ထုတ်ခံရလုနီးပါးပင်။


မောလ်အိုက်ဒင်က တိတ်တိတ်လေး ခေါင်းညိတ်ပြ၏။ 

၎င်းက သူ အရာရာကို ကောင်းကောင်းမတွေးထား၍ မဟုတ်ဘဲ ဤအမျိုးသားဇာ့ဂ်တွင် ပြဿနာရှိနေသောကြောင့်ဖြစ်သည်။


သူက အလွန်အကြူးကို ဇွဲကောင်းလွန်းနေတာ...


ထိုအခိုက်အတန့်တွင် သာမန်ရုပ်ရည်နှင့်အမျိုးသားဇာ့ဂ်က စစ်သား၏ အကူအညီဖြင့် အားပြု၍ မတ်တပ်ရပ်လိုက်ပြီး ရုတ်တရက် အော်လိုက်၏။

"ခေါင်းဆောင်...သူတို့က သူပုန်စစ်တပ်ကဆိုတာကို ငါသက်သေပြနိုင်တယ်..."


ခေါင်းဆောင်က မျက်မှောင်ကြုတ်လိုက်၏။

"မင်းက အမျိုးသားဇာ့ဂ်ဖြစ်နေရင်တောင် မင်းရဲ့စကားတွေကို အခြေခံပြီး ငါစီရင်ဆုံးဖြတ်လို့ မရဘူး… ဒါတင်မကဘူး..." 


သူက လုမော့ကို တစ်ချက်ကြည့်လိုက်၏။

"ဒီလူကလည်း အမျိုးသားဇာ့ဂ်ပဲ..."


"ငါ့မှာ သက်သေရှိတယ်..."

အမျိုးသားဇာ့ဂ်က လုမော့ကို လက်ညိုးထိုးပြပြီး ပြောလိုက်၏။

"ခုနကပဲ သူ မြေကြီးပေါ်ကနေ ပစ္စည်းတစ်ခုကို ကောက်သွားတာ ငါတွေ့လိုက်ရတယ်... အဲဒီပစ္စည်းတွေက သူပုန်စစ်တပ်အပိုင်ပဲ ဖြစ်ရမယ်..."


သူက မိုက်မိုက်မဲမဲအမူအရာဖြင့် ပြောလိုက်ရာ မျှော်လင့်ထားသည့်အတိုင်း ခေါင်းဆောင်က ခေါင်းယမ်းလိုက်၏။

“အဲ့ဒါက သူပုန်စစ်တပ်က တစ်ခုခုဆိုရင်တောင် သူက အဲ့ဒါကို ကောက်ကြည့်ရုံပဲ ဖြစ်နိုင်တယ်လေ...”


"မင်း သူ့ကို ကာပြောပေးနေတာပဲ..."

အမျိုးသားဇာ့ဂ်က ဒေါသတကြီးဖြင့် လုမော့ကို အော်လိုက်၏။

"မင်းမှာ အပြစ်မရှိဘူးဆိုရင် မင်းမှာရှိတာ လူတိုင်းကို ချပြလိုက်စမ်း...ဘာပဲဖြစ်ဖြစ် မင်းက သူပုန်စစ်တပ်မဟုတ်ဘူးဆိုရင် အဲ့ဒါကို လက်ထဲ ထားစရာကို မလိုတာ..."


သူတို့၏ မူလရည်ရွယ်ချက်မှာ မြေပုံကို သူပုန်များလက်သို့ ကျရောက်ခြင်းမှ  တားဆီးရန် ဖြစ်သည်။ ဤနည်းအားဖြင့် မြေပုံကို ကျိုးကြောင်းဆီလျော်သော နည်းလမ်းဖြင့် ပြန်လည် သိမ်းယူနိုင်သည်။ အကယ်၍ လုမော့မှာ ပြဿနာရှိလျှင် သူ ထိုအရာကို သေချာပေါက် ထုတ်ဖော်ရမည်။ ထိုအရာက မထင်မှတ်ထားလောက်စရာ ပျော်ရွှင်မှုပင်။ 


အမျိုးသားဇာ့ဂ်၏ မျက်လုံးများမှ စူးရှသော အလင်းတန်းတစ်ခု ထွက်ပေါ်လာ၏။


ဇာ့ဂ်မျိုးနွယ်ရဲ့ အနာဂတ်အတွက်၊ သခင့်အတွက် ငါအရာအားလုံးကို ချေမှုန်းပစ်ရမယ်...


ဤအရာအားလုံးကို မျက်မြင်တွေ့ခဲ့သော မောလ်က မူးလဲလုနီးပါးပင်။


မြေပုံ…


မရေမတွက်နိုင်တဲ့ အသက်များစွာ ရင်းခဲ့ရတဲ့ မြေပုံ...


ငါ ဘယ်လိုလုပ်ရမလဲ...


သူ့လက်သီးကို ပြင်းပြင်းထန်ထန် ဆုပ်ထားသော်လည်း စိုးရိမ်စိတ်ကို မရပ်တန့်နိုင်ပေ။


အထူးသဖြင့် မောလ်ကို စိတ်ပူပန်စေသည့် နောက်ထပ် ကြောက်စရာကောင်းသည့် အရာတစ်ခု ရှိသေး၏။


လုမော့က သူ၏ မဟာမိတ်အဖွဲ့ကို ကူညီရန် လာခြင်းဟုတ်မဟုတ် သူ သေချာမသိနိုင်ပေ။ လုမော့သာ မဟာမိတ်ဖြစ်လျှင် သူ့(မောလ်) ၏ အသက်ဆုံးရှုံးနိုင်၏။ လုမော့သာ မဟာမိတ်မဟုတ်ရင် သူက ဤအရှုပ်အထွေးတွင် ပါဝင်မိပြီး သူ့(လုမော့)အသက်ကို အန္တရာယ်ဖြစ်စေလိမ့်မည်။


သူတို့က မှန်ကန်သည့်အရာကို လုပ်နေပြီး ထိုမြင့်မြတ်သည့်ပန်းတိုင်ကို အညစ်အကြေးများ စွန်းထင်းအောင် မလုပ်နိုင်ကြပေ။


မည်သို့ပင်ဆိုစေကာမူ လုမော့ကို တစ်စုံတစ်ခု ဖြစ်ရန် ခွင့်မပြုပေးနိုင်ချေ။


အခုအချိန်တွင် တစ်ခုတည်းသောနည်းလမ်းက မြေပုံကို သူကိုယ်တိုင် တောင်းဆိုပြီး သူ့မိသားစု ဆက်ဆံရေးကို ဖြတ်တောက်လိုက်ခြင်းပင်။


သို့သော် သူ့အဖေက အကြာကြီးငိုမည်ကို သူကြောက်၏။


မောလ် အသက်ပြင်းပြင်းရှူပြီး သူ့စိတ်ကို ပြင်ဆင်ကာ ပါးစပ်ဟလိုက်၏။

 "ငါ..."


သို့သော် သူ့အသံက ကြားဖြတ်ခံလိုက်ရ၏။ 


၎င်းမှာ လင်း၏ အသံဖြစ်သည်။ သူက ပြောလိုက်၏။

“ငါ့အမျိုးသားသခင်ဆီမှာ သူပုန်တွေဆီက ဘာပစ္စည်းမှမရှိဘူး...”


အမျိုးသားဇာ့ဂ်က လှောင်လိုက်၏။

“အဲ့လိုလား...မင်း သွားပြီး ရှာကြည့်လိုက်လေ...”


စကားပြောပြီးသည်နှင့် သူ့ကျောပြင်က အနည်းငယ် အေးစက်လာသည်။ ငွေရောင်ဆံနွယ်နှင့် အမျိုးသမီးက အလောင်းကောင်ကို ကြည့်သောအကြည့်ဖြင့် သူ့ကိုကြည့်နေသည်။


"သူပုန်တွေဆီက ဘာပစ္စည်းမှ မရှိဘူးလို့ ငါပြောနေတယ်လေ..." 

လင်းက လက်ပိုက်ကာ ဇာ့ဂ်အားလုံးကို အေးစက်စွာ ကြည့်လိုက်၏။


"ငါ့ရဲ့ တတိယစစ်တပ် ဗိုလ်မှူးဂုဏ်သိက္ခာနဲ့ ကတိပြုတယ်..."


"..."


တစ်ခဏခန့် ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားသည်။


ဖြစ်နိုင်သည်မှာ လင်း၏ အငွေ့အသက်က ကြောက်စရာကောင်းလွန်းသောကြောင့်ပင် သို့မဟုတ် တတိယတပ်မ၏ ဗိုလ်မှူးဂုဏ်အသရေက အလွန်ပြင်းထန်လွန်းသောကြောင့်ပင်။


သူက လုမော့၏ ရှေ့တွင် တစ်ယောက်တည်း ရပ်နေကာ သူ့ရှေ့တွင် တပ်သားထောင်ပေါင်းများစွာ ရှိနေလျှင်ပင်မှ  မကြောက်ပေ။


"အာ…"

သက်ပြင်းတစ်ချက်ချရင်း လုမော့က လင်း၏ ပခုံးပေါ် သူ့လက်ကိုတင်ကာ သူ့နောက်မှ ရှေ့ထွက်လိုက်၏။

"ငါ တစ်ခုခု ရှာတွေ့ခဲ့တယ်...အဲဒါ ဘာလဲဆိုတာ မင်းကို ပြချင်လို့..."


"ဒါပေမယ့်…"


ရှည်လျားကျဉ်းမြောင်းသော မျက်လုံးများ အမျိုးသားဇာ့ဂ်ကို စိုက်ကြည့်ကာ အေးစက်စွာပြော၏။

"လူကြီးမင်း...မင်းက ငါ့အိမ်သူဘုရင်မကို အာမခံချက်တစ်ခုအနေနဲ့ သိက္ခာနဲ့ ကတိပြုခိုင်းတယ်... ဒါပေမယ့် မင်းကျတော့ ဘာအာမခံချက်မှ မပေးခဲ့ဘူးနော်...ဒါက တရားမမျှတဘူးလို့ မင်း မထင်ဘူးလား..."


အမျိုးသားဇာ့ဂ်က လုမော့ကို သတိတကြီး ကြည့်လိုက်ပြီး ခဏမျှ အနည်းငယ် တုန်လှုပ်သွား၏။


သို့သော် မကြာမီမှာပင် သူက အာရုံထွေပြားမှုကို လွှင့်ပစ်လိုက်၏။


ငါ အခု အမှားမလုပ်ထားဘူးလေ…


လုမော့နှင့် အခြားသူများက ဘောလုံးကို အချိန်အတော်ကြာ လေ့လာခဲ့ပြီးတော့ လုမော့က အိတ်ကပ်ထဲ ဘောလုံးပြန်ထည့်လိုက်သည်ကို ကြည့်နေရ၏။ ထိုအရာကို လေ့လာရန်အတွက် လုံလောက်သည့်အချိန် မရပေ။


"ကောင်းပြီ…အဲ့ဒါက ဘာမှ မဟုတ်ဘူးဆို...မင်းစိတ်ကြိုက် လုပ်လို့ရတယ်..."

အမျိုးသားဇာ့ဂ်က ကြမ်းတမ်းစွာ ပြော၏။


"အဲဒါဆိုရင်..."

လုမော့က တောက်ပသော ဘောလုံးလေးတစ်လုံးကို ရုတ်တရက် လေထဲသို့ ပစ်ချလိုက်ပြီး လူတိုင်း၏ အာရုံကို ဖမ်းစားနိုင်ခဲ့၏။


ဘောလုံးက အမြင့်ဆုံးအမှတ်ကိုရောက်ပြီး အောက်ပြန်ကျသွားကာ လုမော့လက်ထဲသို့ ပြန်ရောက်သွား၏။


လုမော့၏ လက်များက လေထဲတွင် ရွေ့လျားနေပြိး သူ့လှုပ်ရှားမှုများက အလွန်မြန်နေသည့်အတွက် ရှင်းရှင်းလင်းလင်း မမြင်ရသလောက်ပင်။


နောက်ဆုံးတွင် ရပ်လိုက်၏။


လုမော့က လက်သီးဆုပ်များကို အမျိုးသားရှေ့တွင် ပြလိုက်၏။ 


သူက တိုးတိုးလေးပြော၏။

" ခန့်မှန်းကြည့်ရအောင်...ဘယ်လက်ထဲမှာလဲ..."


အမျိုးသားဇာ့ဂ်က လှောင်ရယ်လိုက်၏။ သူက အသုံးမကျသည့် အမျိုးသားဇာ့ဂ်ဟု စိတ်ထဲတွေးလိုက်မိသည်။ လုမော့၏ လှုပ်ရှားမှုအားလုံးက သူ့မျက်လုံးထဲတွင် ပြတ်ပြတ်သားသားပင်။


“ဘယ်လက်…” 

သူ ပြတ်ပြတ်သားသား ပြောလိုက်၏။ 


လုမော့၏မျက်နှာ အေးခဲသွား၏။

"သေချာလား..."


"သေချာတယ်...မြန်မြန်ဖွင့်လိုက်..."


အမျိုးသားဇာ့ဂ်က အားကြိုးမာန်တက် တိုက်တွန်းလိုက်ပြီး သူ့နှလုံးသားက သံစုံတီးဝိုင်းကဲ့သို့ ခံစားချက်များ အပြည့်နှင့်ပင်


လုမော့၏လက်က အနည်းငယ်တုန်ယင်သွား၏။

"မင်းရဲ့ စိတ်ကို မပြောင်းတော့ဘူးလား..."


လုမော့၏ ပျက်ယွင်းနေသော မျက်နှာအမူအရာကို ကြည့်ပြီး အမျိုးသားဇာ့ဂ်၏ နှလုံးသားထဲရှိ ယုံကြည်မှုက နောက်တစ်ဆင့်တိုးလာသည်။

တတိယတပ်မတော်ရဲ့ ဗိုလ်မှူးတောင်မှ သူ့နာမည်ဂုဏ်သတင်းကို ဒီနေ့ အဖျက်ဆီးခံရပြီ...


"သေချာပြီမို့လား..."

လုမော့၏ အသံက အလွန်နက်ရှိုင်းပြီး လူအများအကြည့်အောက်တွင် သူ့ဘယ်ဘက်လက်ကို အပြည့်အ၀ ဖွင့်ပြလိုက်သည်။


ရုတ်တရက် သူ့လက်ဖဝါးထဲတွင် ဘောလုံးလေးတစ်လုံးပေါ်လာသည်။


သို့သော် အမျိုးသားဇာ့ဂ်၏ မျက်နှာက ခဏတွင်းချင်း ဖြူဖပ်ဖြူရော် ဖြစ်သွား၏။


၎င်းက မြေပုံမဟုတ်ဘဲ သာမာန် ငွေရောင်သတ္ထုဘောလုံးတစ်ခုသာ။


"ညာဘက်မှာလား..."

အမျိုးသားဇာ့ဂ်က လုမော့၏ ညာလက်ကို စိတ်အားထက်သန်စွာ ဖွင့်ကြည့်လိုက်သော်လည်း ညာလက်တွင် ဘာမှမရှိပေ။


မဖြစ်နိုင်ဘူး…


မဖြစ်နိုင်ဘူးလို့...


ကောင်းပြီး အဲ့ဒါက မင်းရဲ့ အိတ်ကပ်ထဲမှာပဲ ရှိရမယ်...


အမျိုးသားဇာ့ဂ်က စိတ်အားထက်သန်စွာဖြင့် သူ့လက်ကို ဆန့်ပြီး လုမော့၏ အိတ်ကပ်ကို နှိုက်လိုက်သော်လည်း မီးခြစ်နှင့် ဆက်သွယ်ရေးကိရိယာအသေးစားမှလွဲ၍ ဘာမှမရှိပေ။


ဒါက ဘယ်လိုဖြစ်နိုင်မလဲ...


အမျိုးသားဇာ့ဂ်၏ ခြေဖဝါးက ပျော့ခွေသွားကာ ဒူးထောက်လုမတတ်ပင်။ လုမော့က တစ်ခုခုကို လုပ်ထားပြီဖြစ်သော်လည်း သူ ဘောလုံးကို ရှာမတွေ့ချေ။ ဘောလုံးကို မတွေ့ပါက သူလည်း ကောင်းကောင်း ရှုံးနိမ့်သွားပြီဖြစ်သည်။


"ကဲ အခု... မင်းရဲ့ကတိကို တည်နိုင်မလား..."


သူ တုန်တုန်ယင်ယင်ဖြင့် ခေါင်းမော့လိုက်ရာ လုမော့က သူ့ကို လှောင်ပြောင်စွာ ကြည့်နေသည်ကို တွေ့လိုက်ရပြီး သူ့နှုတ်ခမ်းပါးလေးက ဟစိ ဟစိ ဖြစ်သွား၏။


"ကောင်းပြီး ငါ ဂြိုလ်ဆယ်ခုအတွက် သတ္တုတူးဖော်ရေးလုပ်ပိုင်ခွင့်ကို ရလိုက်ပြီး လူအင်အားလည်း နည်းနေတာနဲ့ အတော်ပဲ..."


အမျိုးသားဇာ့ဂ်က မြေပြင်တွင် လုံးဝ ဒူးထောက်ကျသွား၏။


လုမော့က သူ၏ လှပသောအဝတ်အစားကို လှမ်းကိုင်လိုက်ပြီး နတ်ဆိုးသဖွယ်အသံဖြင့် ပြောလာ၏။


"ဆန္ဒရှိရှိ လောင်းကြေးထပ်တယ်...ဆန္ဒရှိရှိ ရှုံးတယ်...အခုကစပြီး မင်းက ငါ့ရဲ့ အ​စေခံပဲ...မင်းဘဝ၊ မင်းရဲ့ လွတ်လပ်မှု ဒါမှမဟုတ် မင်းရဲ့ စိတ်ဝိညာဉ်...မင်းရဲ့ ပိုင်ဆိုင်သမျှအားလုံး ငါ့အတွက်ပဲ..."


....................................


စာရေးသူမှာ ပြောစရာတစ်ခုရှိပါတယ်


လင်းက တစ်ခုခု မှားယွင်းနေတာကို သတိပြုမိပြီး လုမော့ကို အန္တရာယ်ဖြစ်စေမှာမဟုတ်ပါဘူး…


ပြီးတော့ လုမော့...


သူ တကယ်ပဲ တစ်ခုခုကို သတိမထားမိဘူး၊ သူက ငါ့ရဲ့ မိုက်မဲတဲ့ ပိုးကောင်လေး...



🌌🌌🌌