Chapter 140
Viewers 19k

👾Chapter 140

“ဒီတော့ ပင်မမြို့တော်က လူအားလုံးက …” 


….


ခံတပ်အား အောင်မြင်စွာ ကာကွယ်နိုင်ခဲ့သည်ဟူသည့် သတင်းသည် ကြယ်သင်္ဘောပြန်လာခြင်းနှင့်အတူ အင်ပါယာတစ်ခွင် ပျံ့နှံ့သွားလေသည်။ 


တစ်စုံတစ်ဦးက ဇာ့ဂ်များအကြောင်း မသိလျှင်ပင် ဇာ့ဘုရင်မကိုမူ အားလုံး သိကြ၏။ ဇာ့ဂ်ဘုရင်မသည် စစ်ပွဲ၌ ပါဝင်လာကာ သူမ၏ ကလေးများနှင့်အတူ ခံတပ်ပြင်ပ၌ မြှုပ်နှံခံရလိမ့်မည်ဟု မည်သူမှ ထင်မထားခဲ့ကြချေ။ 


လူများသည် သတင်းကို ကြားရုံနှင့်ပင် စိတ်လှုပ်ရှားနေကြ၏။ ဟယ့်ယွင်ထင်အား ယခင်က ဝေဖန်ခဲ့သူများပင်လျှင် ယခုအခါ သူ့အား ချီးမွမ်းပြောဆိုလာကြသည်။ အဆုံးသတ်တွင် မည်သည့်ကိစ္စများ ဖြစ်ပျက်ခဲ့သည်ဖြစ်စေ၊ အင်ပါယာ၏ ရှေ့တန်းမှ ကာကွယ်ခြင်းကသာ ပထမဦးစားပေး ဖြစ်၏။ 


အားလုံးက ဗိုလ်ချုပ်၏ နှစ်ပေါင်းများစွာ ရှုံးနိမ့်ခြင်း မရှိခဲ့သော စစ်ပွဲများအကြောင်း စတင်ရေရွတ်လာကြသည်။ သူတို့က သူ့အား အင်ပါယာ၏ ရှားပါးလက်နက်အဖြစ် တင်စားကြရင်း နူးညံ့၍လှပသော အိုမီဂါတစ်ဦး ပိုင်ဆိုင်ထားသည့်အတွက် အားကျကြောင်း ပြောကြ၏။ ဗဟိုပန်းခြံမှာလည်း စည်ကားလျက်ရှိလေသည်။ 


သို့သော် မကြာခင်မှာပင် ကြယ်သင်္ဘော ရောက်ရှိလာပြီးနောက် ဗိုလ်ချုပ် ပါမလာခဲ့ကြောင်း သိလိုက်ရ၏။ တစ်ချိန်ထဲမှာပင် ကြယ်ခွဲဆိပ်ကမ်းအား တာဝန်ယူရသည့် လုဟွိုက်ထံမှလည်း အဆက်အသွယ် ပြတ်လျက်ရှိလေသည်။ 


ကြယ်ခွဲသည် အမြဲလိုလို တည်ငြိမ်နေလေ့ရှိသည်။ ထိုနေရာရှိ စခန်းသည် ပင်မကြယ်ဖြင့်ပင် ယှဉ်၍မရချေ။ ၎င်းထက်ပို၍ ကြီးမားသည့် စခန်းများပင် ဇာ့ဂ်များ၏ တိုက်ခိုက်ခြင်း မခံရလေရာ အစွန်အဖျားဒေသရှိ စခန်းသည် အဘယ့်ကြောင့် တိုက်ခိုက်ခံခဲ့ရသနည်း။ 


ဤသို့ဖြင့် စိုးရိမ်ပူပန်မှုသည် စစ်နိုင်ခြင်း၏ အပျော်တို့အား ဖုံးလွှမ်းသွား၏။ အားလုံးက ‘ဗိုလ်ချုပ် ပြန်မလာနိုင်တော့ခြင်း’ ဟူသည့် စကားစုသည် မည်သည့်အရာကို ရည်ညွှန်းကြောင်း နားလည်ကြသည်။ ထိုအခါမှသာ သူတို့အားလုံးက ဟယ့်ယွင်ထင်ဟူသော အမည်၏ အလေးချိန်ကို နားလည်လာကြ၏။ 


ဤတစ်ကြိမ်၌ စကားထွက်ပြောလာသူသည် ဝမ်ကျောက်ကောဖြစ်သည်။ သူသည် သေသပ်သားနားစွာ ဝတ်ဆင်ထားသည့်တိုင် သူ့အသံထဲရှိ ပျင်းရိမှုက လက်ရှိအဖြစ်အပျက်အား အံ့အားသင့်ခြင်းမရှိကြောင်း ဖော်ပြလျက်ရှိသည်။ 


ဝမ်ကျောက်ကောသည် ကင်မရာအား တစ်ချက်ကြည့်လိုက်ပြီးနောက် ပြုံးလျက် ပါးစပ်ဖွင့်လိုက်သည်။ 


“ဗိုလ်ချုပ်က ကိုင်တွယ်စရာ ပြဿနာလေးတွေ ရှိနေရုံပါ … ခင်ဗျားတို့ သူ့ရဲ့ စွမ်းဆောင်ရည်အပေါ် ယုံကြည်ချက်ထားသင့်တယ် …” 

ဝမ်ကျောက်ကောသည် သူတို့အား နှစ်သိမ့်စကားပြောတော့မည်ဟု အားလုံး ထင်လိုက်ကြ၏။ သို့သော် သူ၏ နောက်ထပ်စကားများက သူတို့စိတ်အစဉ်အား ထိတ်လန့်သွားစေခဲ့သည်။ 


“ကျစ်ရှင်းစခန်းမှာ နှစ်ပေါင်းများစွာ လျှို့ဝှက်ထားတဲ့ ခုန်မှတ် ရှိနေလို့လေ … ဗိုလ်ချုပ်က အဲဒါကို ဖောက်ခွဲပစ်ရလိမ့်မယ် …” 


ခုန်မှတ်လား … ဘာလို့ အဲဒီ့မှာခုန်မှတ် ရှိနေတာလဲ … ဘယ်ကိုသွားတဲ့ ခုန်မှတ်လဲ … 


“အရင်က အထိတ်တလန့် မဖြစ်စေချင်တဲ့အတွက် ဒါကို တော်တော်များများ မသိကြသေးတာပါ …” 

ဧကရာဇ်သည် တစ်လုံးချင်း ပြောလိုက်သည်။ 

“စကားမစပ် … ကြယ်ခွဲရဲ့ ခုန်မှတ်သာ အသိမ်းခံလိုက်ရရင် ပင်မနယ်မြေကို တိုက်ရိုက်ခုန်နိုင်မှာပါ …” 


လူထုသည် စတင်၍ ဆူညံလာကြ၏။ 


သူတို့နေထိုင်သည့် နေရာသို့ တိုက်ရိုက်ရောက်နိုင်သည့် လျှို့ဝှက်လမ်းကြောင်း တစ်ခု ရှိနေ၏။ ထိုမျှသာမက အဆိုပါ လမ်းကြောင်း ရှိနေသည့် ခုန်မှတ်သည်လည်း အသိမ်းခံရနိုင်ချေ ရှိလေသည်။ 


တကယ်တမ်း အသိမ်းခံလိုက်ရပါက …


အားလုံး၏ နှလုံးသားထဲတွင် ဖြစ်နိုင်ချေများဖြင့် ပြည့်နှက်လာကြသည်။ ခံတပ်ကျဆုံးသွားသည့်တိုင် ၎င်းခံတပ်သည် အစွန်အဖျား၌ ရှိနေသည်ဖြစ်ရာ အင်ပါယာသို့ ဇာ့ဂ်များ ချက်ချင်း ရောက်လာမည် မဟုတ်ပေ။ သို့သော် ဝမ်ကျောက်ကော၏ စကားသည် အားလုံးကို စတင်၍ မလုံမခြုံ ဖြစ်လာစေခဲ့၏။ 


သူတို့သည် ယခုအခါ ဗိုလ်ချုပ် သူရဲကောင်းဖြစ်လာစေရန် မျှော်လင့်နေကြလေပြီ။


ဝမ်ကျောက်ကောသည် လူထုနှင့် စကားပြောနေသည့် ဖန်သားပြင်ကို ပိတ်လိုက်သည်။ ထို့နောက် လုအန်းဟယ်၏ တင်ပြချက်ကို ထပ်မံ ဖတ်လိုက်၏။ 


သူက ဤအချက်အလက်အား လူထုထံ အသိပေးခြင်းသည် ပို၍ ကြီးမားသည့် လှိုင်းလုံးများကို ဖြစ်လာစေမည်ဟု သိရှိထားသည်။ သို့သော် ဟယ့်ယွင်ထင်သာ ကျဆုံးခဲ့ပါက နောက်ဆက်တွဲဖြစ်ရပ်များသည် အဆိုးဘက်သို့သာ ဦးတည်နေမည်ဖြစ်ကြောင်းကိုလည်း သိထားလေသည်။


သို့သော် အင်ပါယာသည် အချိန်အတန်ကြာ အေးချမ်းနေခဲ့၏။ ထို့ကြောင့် လူများသည်လည်း အဆိုပါအေးချမ်းမှုသည် မည်သည့်နေရာမှ လာရောက်ခြင်း ဖြစ်ကြောင်း သတိမရကြတော့ချေ။ 


ဟယ့်ယွင်ထင်သည်လည်း ထိုလူများ၏ မေ့လျော့မှုကို ခံစားမိကြောင်း ဝမ်ကျောက်ကော နားလည်၏။ ထို့ကြောင့် ဝမ်ကျောက်ကောသည လူထုအား ငြိမ်းချမ်းရေးအပေါ် တန်ဖိုးထားတတ်ရန် သင်ကြားပေးရပေမည်။ 


အင်ပါယာ၌ သစ္စာဖောက်များ ရှိနေ၏။ 


သစ္စာရှိမှုသည် အသိအမှတ်ပြု မခံရပါက သစ္စာဖောက်များသာ ကြီးစိုးလာကြပေလိမ့်မည်။


ဝမ်ကျောက်ကောသည် နဖူးအလယ်ကို ကုတ်လိုက်ရင်း လက်ချောင်းများအား ကျောက်စိမ်းဖြူရောင် ချက်စ် အပိုင်းအစထံသို့ လှမ်းလိုက်၏။ 


သူက သူ့အား အေးစက်စက်မျက်နှာဖြင့် ရင်ဆိုင်လေ့ရှိသည့် ငယ်ရွယ်သော ဗိုလ်ချုပ်တစ်ဦးနှင့် လွန်ခဲ့သော ရက်အနည်းငယ်က ဗီဒီယိုကောလ်မှတဆင့် မြင်ခဲ့ရသော နူးညံ့သည့် လူငယ်တို့အား မြင်ယောင်လာမိသည်။ ဝမ်ကျောက်ကော၏ မျက်နှာထက်တွင် အပြုံးမရှိချေ။ ထို့ကြောင့် သူ၏ လက်ရှိအသွင်အပြင်သည် စောစောကကဲ့သို့ မည်သည်ကိုမှ ဂရုမစိုက်သည့် အမူအရာမျိုး မဟုတ်တော့ချေ။ 


သူတို့ အောင်မြင်မှာပါ … ဟုတ်တယ် မလား … 


…..


ကြယ်ခွဲ၏ ပတ်ဝန်းကျင်သည် အလွန်ကောင်းမွန်၏။ ပင်မကြယ်ကဲ့သို့ မကျယ်ပြန့်သည့်တိုင် လူဦးရေနည်းပါးပြီး ဘဝအား သက်သောင့်သက်သာ ဖြတ်သန်းနိုင်သည့် စီးပွားရေးစနစ် ရှိလေသည်။ M2742 ဆိုက်ကပ်သည်နှင့် လင်းဟန်သည်လည်း ဖန်သားပြင်မှတဆင့် ဂြိုဟ်အား ဂရုတစိုက် ကြည့်လိုက်မိ၏။ 


သူသည် သူ မရောက်ဖူးသည့် နေရာ၏ ဆွဲဆောင်ခံလိုက်ရသည်။


“ကျွန်တော်တို့ ဘယ်တော့ရပ်မလဲ … စခန်းကို တန်းသွားမှာလား …” 


“ခဏလေး …” 

တစ်ဖက်လူက ချက်ချင်း ပြန်မဖြေပေးခဲ့ချေ။ 


ဟယ့်ယွင်ထင်က ဆက်သွယ်ရေးစက်အား ဖွင့်လိုက်၏။ သို့သော် ဤတစ်ကြိမ်၌ ပင်မကြယ်၊ သို့မဟုတ် စခန်းနှင့် ချိတ်ဆက်၍မရခဲ့ချေ။ သူက အနီးအနားရှိ ကြိမ်နှုန်းအချို့ကိုသာ ဖမ်းယူနိုင်ခဲ့သည်။ မိနစ် အနည်းငယ် အကြာ၌ အချိန်အတန်ကြာ ပျောက်ဆုံးနေခဲ့သည့် လူတစ်ဦး၏ အသံကို ကြားလိုက်ရလေသည်။ 


ဆက်သွယ်ရေးစနစ် ပြန်ကောင်းသွားတာလား … 


လုဟွိုက်သည် အန္တရာယ် ကျရောက်နေခဲ့ခြင်းမဟုတ်ပဲ ဆက်သွယ်ရေးစနစ်ကသာ ချို့ယွင်းသွားခဲ့ခြင်းလည်း ဖြစ်နိုင်၏။ 


ဟယ့်ယွင်ထင်သည် ခဏကြာ စောင့်နေလိုက်သည်။ ထို့နောက် ဆက်သွယ်ရေးစက်၏ အခြားတစ်ဖက်မှ စစ်တပ်သုံး အချက်ပြမှုကို ပို့ပေးလာ၏။ ထိုအခါမှသာ သူက ပါးစပ်ဖွင့်လိုက်လေသည်။ 


“ဗိုလ်ချုပ် …” 

လုဟွိုက်၏ အသံသည် သဘာဝကျကျ ထွက်ပေါ်လာ၏။ 

“ဒီကိုရောက်နေတာလား …” 


“အင်း …” 


လုဟွိုက်သည် M2742 အား စခန်းတွင်းသို့ တိုက်ရိုက် ဝင်ခွင့်မပေးခဲ့ချေ။ 

“မင်းသားဝမ်ယွီက ဆွေးနွေးစရာရှိတယ်လို့ ပြောပါတယ် … သူ့ကို အရင်လာတွေ့ဖို့ ဗိုလ်ချုပ်ကို မှာလိုက်ပါတယ် …” 


ထိုစကားများကြောင့် မက်ခါအတွင်းရှိ လူနှစ်ဦးသည် အကြည့်ချင်း ဖလှယ်လိုက်ကြ၏။ 


“ကောင်းပြီ …” 

ဟယ့်ယွင်ထင်သည် ပုံမှန်အတိုင်း ပြန်ဖြေလိုက်သည်။ 


ဝမ်ယွီသည် မင်းသားများအနက် အရိုးရှင်းဆုံး ဖြစ်၏။ ထို့ကြောင့် နန်းတော် ဝင်ပေါက်ရှိ ရေပန်းနှင့် အင်ပါယာတံဆိပ်တော် ပါရှိသည့် နဖူးစည်းမှအပ နန်းတော်၏ အပြင်အဆင်အားလုံးသည် ရိုးရိုးရှင်းရှင်းသာ ဖြစ်သည်။ 


လင်းဟန်သည် မက်ခါအား ဆိုက်ကပ်လိုက်သည်။ ဟယ့်ယွင်ထင်သည် မက်ခါပေါ်မှ ဦးစွာ ဆင်းလိုက်၏။ အစောင့်များက ဟယ့်ယွင်ထင်အား တွေ့လိုက်သည့်အခါ တလေးတစား အလေးပြုလိုက်ပြီး မည်သည့်စကားမှ မဆိုပဲ လမ်းဖယ်ပေးလိုက်ကြသည်။ ဟယ့်ယွင်ထင်သည် ကော်ဇောနီတစ်လျှောက် လမ်းလျှောက်ဝင်သွားလိုက်၏။ မကြာခင်မှာပင် ညောင်စောင်းထက်၌ လဲလျောင်းနေသည့် အမျိုးသားတစ်ဦးကို သူ တွေ့လိုက်ရသည်။ 


ထိုသူသည် မင်းသား၏ ဝတ်ရုံအား ဝတ်ဆင်ထား၏။ ထိုသူ၏ မျက်ဝန်းများသည် ပြတင်းပေါက် အပြင်ဘက်အား ကြည့်နေလေသည်။ ထိုသူက ဟယ့်ယွင်ထင်၏ ခြေသံကြောင့် လှုပ်လှုပ်ရှားရှား ဖြစ်သွား၏။ သို့သော် ဟယ့်ယွင်ထင်ဘက်သို့ လှည့်မလာပဲ ဗိုလ်ချုပ်ထံမှ အလေးပြုလာမည်ကိုသာ စောင့်ဆိုင်းနေခဲ့သည်။ 


ဟယ့်ယွင်ထင်သည် အလေးပြုတော့မည့်ဟန်ဖြင့် ကိုယ်ကို အသာကိုင်းညွှတ်လိုက်၏။ 


သို့သော် မျက်တောင်တစ်ခတ် အတွင်းမှာပင် သူက ကွေးထားသည့် လက်မောင်းဖြင့် ခါးကြားမှ သေနတ်ကို ဆွဲယူလိုက်သည်။ ထို့နောက် တစ်ဖက်လူ လှည့်မလာခင် ထိုသူ၏ နဖူးအား သေနတ်ဖြင့် တေ့လိုက်၏။ သူက လှောင်ရိပ်စွက်နေသော အသံဖြင့် အတိအကျ ဆိုလိုက်သည်။ 


“မတွေ့တာကြာပြီ … ပရော်ဖက်ဆာ ရှု”


ဟယ့်ယွင်ထင် သေနတ်ဖြင့် ထောက်ထားသူသည် သူ့ဘက်သို့ ဖြည်းဖြည်းချင်း လှည့်လာသည်။ ရှုကျစ်ဟန်၏ မျက်နှာပေါ်တွင် ဖုံးဖိရခက်နေသည့် စိတ်လှုပ်ရှားမှုများသည် အတိုင်းသား ထွက်ပေါ်နေ၏။ 


“မင်းသား ဝမ်ယွီနဲ့ အခြားလူတွေရော …” 


ဟယ့်ယွင်ထင်၏ အကြည့်သည် အောက်ဘက်သို့ ရွေ့လျားသွား၏။ ရှုကျစ်ဟန်သည် သူနှင့်မသက်ဆိုင်သည့် ဝတ်ရုံအား ဝတ်ဆင်လျက် အေးအေးဆေးဆေး ပြန်ဖြေလိုက်သည်။ 


“အားလုံးအဆင်ပြေပါတယ် … ဗိုလ်ချုပ် …” 

ရှုကျစ်ဟန်သည် ခပ်ဖျော့ဖျော့ ပြုံးလိုက်၏။ 

“ကျွန်တော် ခင်ဗျားနဲ့ ဆက်သွယ်ခဲ့တာပဲလေ …”


“ဒီတော့ ဆက်သွယ်ရေးစနစ်ကို ခင်ဗျားက နှောင့်ယှက်လိုက်တာလား …” 


ဟယ့်ယွင်ထင်သည် မှန်ကန်သည့် အချက်တစ်ချက်ကဲ့သို့ အတက်အကျမရှိသည့် အသံဖြင့် ဆိုလိုက်၏။ 

“ဗွီပရိုတွန် မှာတုန်းကလိုမျိုး …” 


ဗွီပရိုတွန်တွင် သူတို့သည် ပင်မမြို့တော်နှင့် အချိန်အတော်ကြာ အဆက်အသွယ် ပြတ်နေခဲ့သည်။ ပင်မမြို့တော်သို့ ရောက်ချိန်မှသာ ဆက်သွယ်ရေးစနစ်အား ပြန်လည်ပြုပြင်နိုင်ခဲ့၏။ သို့သော် ဗွီပရိုတွန်၏ ဆက်သွယ်ရေးစနစ်သည် ဇာ့ဂ်များ၏ ကြိမ်နှုန်းကြောင့် ဖြတ်တောက်လိုက်ရခြင်းဖြစ်သည်။ ထိုသို့ဆိုပါက ရှုကျစ်ဟန်သည် အဘယ့်ကြောင့် နှောင့်ယှက်နိုင်ရသနည်း။ 


“လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ကျွန်တော်က ဇာ့ဂ်ဂြိုဟ်အနီးမှာရှိတဲ့ နယ်မြေတစ်ခုကို လေ့လာရေးခရီး ထွက်ခဲ့ရတယ်လေ … အဲဒီ့ခရီးမှာ စိတ်ဝင်စားစရာတစ်ခုကို ကျွန်တော် တွေ့ခဲ့ရတယ် …” 


ရှုကျစ်ဟန်သည် အပြုံးဖြင့် ပြောလိုက်သည်။ 

“ကျွန်တော်က ခင်ဗျားအံ့အားသင့်အောင် လုပ်ချင်ခဲ့တာပါ … မင်းသားတစ်ယောက် ဖြစ်ရတာ ဘယ်လိုလဲဆိုတာ သိချင်တာလည်း ပါတာပေါ့ …” 


သူက ဟယ့်ယွင်ထင်သည် သူ့အား လွယ်လွယ် သတ်ပစ်မည် မဟုတ်ကြောင်း သေချာနေပုံဖြင့် အေးစက်သည့် သေနတ်ပြောင်းဝအား လက်ညှိုးဖြင့် ထိလိုက်၏။ 


“ခင်ဗျား လူမမှားတာ နှမြောစရာပဲ …” 


…..


ရှုကျစ်ဟန်သည် အင်ပါယာ၏ ထိပ်တန်းပါရမီရှင် ဖြစ်သည်။ ထို့ကြောင့် လွန်ခဲ့သော နှစ်ပေါင်းများစွာက လေ့လာရေးခရီး ထွက်ရန် အခွင့်အရေးရခဲ့၏။ သန္ဓေပြောင်းခြင်းများအားလုံး၏ အစလည်း ဖြစ်ပေသည်။ 


“ကျွန်တော် လူငယ်ဘဝတုန်းက သိပ္ပံတစ်ခုထဲကိုပဲ ဂရုစိုက်ခဲ့တယ် … သိပ္ပံပညာထက် ပိုအရေးကြီးတာ ဘာမှမရှိဘူးလို့ ထင်ခဲ့တယ် …” 

ရှုကျစ်ဟန်သည် အေးအေးဆေးဆေး ပြောပြလာ၏။

“ကျွန်တော် လိင်အမျိုးအစားကို ဖုံးကွယ်ထားဖို့ မရည်ရွယ်ခဲ့ပါဘူး … ဒါပေမယ့် နောက်တော့ အိုမီဂါတစ်ဦးအနေနဲ့ တချို့အရာတွေကို ပြုလုပ်တဲ့နေရာမှာ ပိုပြီးလွယ်ကူလာနိုင်ကြောင်း ကျွန်တော် သိခဲ့ရတယ် …” 


လက်ရှိခေတ်အခါသည် အိုမီဂါများအတွက် အနည်းငယ် မျှတလာပြီ ဖြစ်သည့်တိုင် လူအများစုက အိုမီဂါများသည် တန်ဖိုးထားခံသင့်သည်ဟု တွေးနေဆဲဖြစ်၏။ သူက အားနည်းဟန် ဆောင်လိုက်ရုံဖြင့် ပြဿနာအမြောက်အမြားကို ဖြေရှင်းနိုင်ခဲ့လေသည်။ 


သို့သော် အစွန်အဖျားဂြိုဟ်တစ်ခုသို့ သွားရောက်ချိန်၌ ကိစ္စများသည် ပြောင်းလဲသွားခဲ့သည်။ ရှုကျစ်ဟန်၏ မျက်ဝန်းများသည် တုံ့ဆိုင်းမှုတို့ဖြင့် ခဏတာ ပြည့်နှက်သွားသည်။ သို့သော် မကြာခင်မှာပင် ရူးသွပ်မှုတို့ဖြင့် ဖုံးကွယ်ခံလိုက်ရ၏။


အချိန်ကာလမှာ queen  ဉဉသည့် ကာလဖြစ်နေခဲ့သည်။ ရှုကျစ်ဟန်သည် မတော်တဆ queen ချန်ထားခဲ့သည့် ဉများကို ကောက်ယူခဲ့မိ၏။ သူက ဉများကို ခွဲခြမ်းစိတ်ဖြာခဲ့သည့်တိုင် ဇာ့ဂ်များ၏ ဆက်သွယ်မှုကြိမ်နှုန်းကို တုပနိုင်ခြင်း မရှိခဲ့ချေ။ ဤသို့ဖြင့် သူသည် နောက်ပြန်လှည့်၍ မဖြစ်နိုင်သည့် အရာတစ်ခုကို လုပ်ခဲ့မိလေသည်။ 


ရှုကျစ်ဟန်က ဉများကို ခွဲ၍ သွေးရည်ကြည်အဖြစ် ပြောင်းလဲကာ ခန္ဓာကိုယ်တွင်းသို့ ထိုးသွင်းခဲ့၏။ ထို့နောက် သူသည် ဇာ့ဂ်များနှင့် လူသားများ၏ တူညီသော တစ်စုံတစ်ခုကို ရှာတွေ့လိမ့်မည်ဟု သူ့ကိုယ်သူ နှစ်သိမ့်လိုက်သည်။ 


သူက လူသားများ မတုပနိုင်သည့် ကြိမ်နှုန်းများကို နားလည်ခဲ့ပြီး ထိပ်တန်းအဆင့် အသိပညာများကိုလည်း ရရှိခဲ့၏။ သူက အောင်မြင်လုနီးပါး ဖြစ်ခဲ့သည်။ 


သို့သော် သူ့ကိုယ်သူ သတိမထားမိခင်မှာပင် ပြောင်းလဲမှုများ စတင်ဖြစ်ပေါ်လာတော့သည်။ 


အားလုံး၏ မမြင်ကွယ်ရာသို့ ရောက်သည်နှင့် သူသည် အရာအားလုံးကို ဖျက်ဆီးပစ်ချင်လာ၏။ သူက တစ်စုံတစ်ခုကို လိုချင်လာလျှင် ချက်ချင်းရမှသာ ကျေနပ်လေ့ရှိပြီး မဟုတ်ပါက ဒေါသထွက်ရလွန်းသဖြင့် သေတော့မတတ် ဖြစ်လာ၏။ အပေါ်ယံတွင်မူ အားလုံးက သူ့အား တူညီသည့် နူးညံ့သိမ်မွေ့သော ပါရမီရှင် အဖြစ်သာ ရှုမြင်ကြသည်။ သို့သော် သူ့နောက်သို့ အတန်ကြာ လိုက်ပါခဲ့သည့် ကျောင်းသူကမူ ထိုသို့မဟုတ်ခဲ့ချေ။ တစ်နေ့၌ ရှုကျစ်ဟန် စာသင်ပြီးချိန်၌ သူမသည် သူ၏ လက်အား မတော်တဆ ထိခဲ့မိ၏။ 


ကျောင်းသူသည် ထိတ်လန့်သွားခဲ့သည်။ အတန်ကြာမှသာ သူမက သတိကြီးစွာ မေးလာ၏။ 

“ပရော်ဖက်ဆာ … လတ်တလော တစ်ခုခုများ ဖြစ်ထားလို့လား …” 


ရှုကျစ်ဟန်သည် အဘယ့်ကြောင့် ရိုးရှင်းသော ထိတွေ့မှုတစ်ခုသည် မိန်းကလေးကို ကြောက်လန့်စေခဲ့ကြောင်း နားမလည်ခဲ့ချေ။ သူက နွေးထွေးစွာ ပြုံးလျက် စိတ်မပူရန် ပြန်လည်ဖြေကြားခဲ့သည်။ 


အဆုံးသတ်တွင် ထိုကျောင်းသူအား သူက အတော်လေး သဘောတွေ့သည်ပင်။ 


နောက်ပိုင်းဖြစ်စဉ်များသည် သူတွေးထားခဲ့သည်နှင့် ပို၍ သွေဖယ်လာခဲ့၏။ သူက လူများရှေ့တွင် တည်ငြိမ်နေသည့်တိုင် ထိုသူတို့၏ နောက်ကွယ်၌မူ ပို၍ ရူးသွပ်လာခဲ့ရသည်။ 


ရှုကျစ်ဟန်သည် အတွေးထဲမှ ပြန်လည်၍ ရုန်းထွက်လိုက်၏။ သူက အေးစက်စက် ရှိနေသည့် ဟယ့်ယွင်ထင်ကို ကြည့်ကာ ပြောလိုက်သည်။ 

“ဒါပေမယ့် ဗိုလ်ချုပ် … ခင်ဗျားက အဲဒီ့လူတွေလိုမျိုး မတုံးမှန်း ကျွန်တော် သိပါတယ် … ကျွန်တော် ခင်ဗျားကို ကိစ္စအချို့ ပြောပြဖို့လာခဲ့တာပါ … ခုန်မှတ်က အဆင်ပြေပြေရှိနေတုန်းပါပဲ …” 


ဟယ့်ယွင်ထင်က မျက်မှောင်ကြုတ်ကာ မောင်းကို ဆွဲရန်ပြင်လိုက်၏။ ထိုအချိန်မှာပင် သူက တစ်စုံတစ်ခုအား သတိပြုမိသွားကာ သူ့အား ရုတ်တရက် တိုက်ခိုက်လာသည့် မာကျောသော အရာကို ရှောင်တိမ်းရန် နောက်သို့ ခုန်ရှောင်လိုက်သည်။ 


ဘန်း … 


ကျည်ဆန်သည် မျက်နှာကျက်အား ထိမှန်သွား၏။ မျက်နှာကျက်တွင် ချိတ်ဆွဲထားသည့် မီးပန်းဆိုင်းကြီးသည် ကြမ်းပြင်ပေါ်သို့ ပြုတ်ကျကာ တစ်စစီ ကွဲအက်သွားလေသည်။ 


“ဒီကလေးက မလိမ္မာဘူး … ဗိုလ်ချုပ် … ခွင့်ပြုပါဦး …” 

ရှုကျစ်ဟန်သည် ဟယ့်ယွင်ထင်အား တိုက်ခိုက်ခဲ့သည့် သံမဏိပိတုန်းကောင်ကို လက်ယပ်ခေါ်လိုက်သည်။ အရွယ်မရောက်သေးသည့် သံမဏိပိတုန်းကောင်သည် ရှုကျစ်ဟန် ထုတ်လွှင့်သည့် ကြိမ်နှုန်းများကို ခံစားမိဟန်ဖြင့် အမြန်ငြိမ်ကျသွား၏။ 


ဇာ့ဂ်များအကြားရှိ ကြိမ်နှုန်းကို ထိန်းချုပ်နိုင်ခြင်း၊ ဗွီပရိုတွန်ရှိ ဆက်သွယ်ရေး နှောင့်ယှက်ခံရမှု … အရာအားလုံးသည် ဤအကြောင်းရင်း တစ်ခုထဲကြောင့်သာ ဖြစ်လေသည်။ 


“ဗိုလ်ချုပ် … နားလည်မှုမလွဲပါနဲ့ … ကျွန်တော်လည်း မြန်မြန်မဖော်ထုတ်ချင်ခဲ့ပါဘူး …” 

ရှုကျစ်ဟန်သည် သံမဏိပိုးကောင်အား ခပ်ဖွဖွ ပွတ်သပ်ပေးရင်း ပြောလိုက်သည်။ 


“ဒီကလေးတွေကို ကြည့်ပါဦး … သူတို့က ကြီးပြင်းလာချိန်တောင် မရဘူး .. အားလုံးက ဇာ့ဂ်ဘုရင်မရဲ့ အမှားတွေပဲ … သူ့ကိုသာ တိုက်ခိုက်သင့်တာ …” 


နောက်ဆုံးစာကြောင်းကို ပြောချိန်တွင် သူ့အသံထဲ၌ ရက်စက်သည့် အငွေ့အသက်များ ပါဝင်နေ၏။ 


“ဒါပေမယ့် အဆင်ပြေပါတယ် … ကျွန်တော်တို့ ပူးပေါင်းနေလို့ ရတာပဲ …” 

ရှုကျစ်ဟန်သည် ယုံကြည်ချက် အပြည့်ဖြင့် ပြောလာ၏။


“ဗိုလ်ချုပ်က အင်ပါယာတစ်ခုလုံးက စစ်တပ်တွေကို လက်ဖဝါးထဲထည့်ထားတာပဲလေ … ပြီးတော့ အရင်တုန်းက ဧကရာဇ်ရဲ့ရှေ့မှာ ကျွန်တော့်အတွက် ပြောပေးခဲ့သေးတာ … ကျွန်တော်လည်း ဗိုလ်ချုပ်ကို ကူညီခဲ့တယ် … ကျွန်တော်တို့က တစ်ဖက်ထဲရှိနေသင့်ပါတယ် … ဒီတော့ …” 

ရှုကျစ်ဟန်သည် ဟယ့်ယွင်ထင်အား ကြင်နာစွာ ပြုံးပြလိုက်သည်။ 


“ကျွန်တော်တို့ တစ်ယောက်နဲ့တစ်ယောက် မတွေ့တာ ဒီလောက်ကြာနေတာ … ဘာလို့ လက်ဆွဲမနှုတ်ဆက်ရမှာလဲ …” 


ရှုကျစ်ထင်သည် နယ်စပ်ဒေသမှ ပြန်လာခဲ့စဉ်က၊ ဗွီပရိုတွန်က သူ့အား တောင်းဆိုခဲ့စဉ်က၊ ဝမ်ကျောက်ကော သူ့အား အမိန့်ပေးခဲ့ကြောင်း သိခဲ့ရပြီးနောက် ဟယ့်ယွင်ထင်အား ကျေးဇူးတင်မှုကို ပြသချင်ခဲ့စဉ်ကကဲ့သို့ ဟယ့်ယွင်ထင်၏ လက်ကို ထိတွေ့ချင်ခဲ့၏။ 


ဟယ့်ယွင်ထင်သည်လည်း ယခင်အတိုင်းပင် သူ့အား အေးစက်စက် ရှောင်တိမ်းခဲ့လေသည်။ သူက ထိုသူအား သူ၏ လက်ကို ထိတွေ့ခွင့် မပြုခဲ့ချေ။ 


“ဘာလဲ … ပရော်ဖက်ဆာ ရှုက ကျုပ်ဘာတွေးနေလဲ သိချင်နေတာလား …”


သူ့စကားဆုံးသည်နှင့် နန်းတော်တစ်ခုလုံး တုန်ခါလာ၏။ မက်ခါတစ်ခု၏ ဟိန်းသံနှင့် ဇာ့ဂ်တစ်ကောင်၏ ညည်းညူသံတို့သည်လည်း ထွက်ပေါ်လာခဲ့လေသည်။ 




👾

(လှည့်ကွက်အကြီးကြီးပဲ)