Chapter 132
Viewers 19k

👾Chapter 132

အာဏာရှင်စနစ်။ အာဏာရှင်စနစ်က အောင်နိုင်ခြင်းပဲ”



ယခင် သူ လုအန်းဟယ်၏ အဆာပြေမုန့်များကို သူ့အား ပေးလိုက်ချိန်ကကဲ့သို့ပင်။


"ကိုယ် တောင်းပန်ပါတယ်" ထိုအချိန်တွင် သူ ရိုးသားစွာ တောင်းပန်ရမည်ကို သူ သိ​ပေသည်။


"..." လင်းဟန် အမှန်တကယ် ဒေါသထွက်မ​နေခဲ့​ပေ။ သူ ထိုစကားကို ကြားလိုက်ရချိန်တွင် အတွေးအားလုံး ပျောက်ကွယ်သွားခဲ့သည်။ သူ တစ်ခုခုပြောရန် ပြင်လိုက်​သော်လည်း ဟယ့်ယွင်ထင်က သူ့ကို နောက်တစ်ကြိမ် ကောက်ချီလိုက်ပြီး ယာဉ်မောင်းထိုင်ခုံ​ပေါ်တွင် ဖိထား​လေသည်။


လင်းဟန် မရုန်းခဲ့သော်လည်း အသံတိုးတိုးဖြင့် သူ့အယ်လ်ဖာ ထပ်ဖြည့်​ပြောလာ​သော ကျန်စကားလုံးများကို ကြားလိုက်ရသည်။ "က​လေး​လေး"


"... ..."


မစ္စတာလင်းက ​ခေါင်းကိုလှည့်ကာ သတ္တု​မောင်းနှင်ခန်းနံရံကို ကြည့်လိုက်သည်။ သူ့ပါးစပ်ထောင့်များ မြင့်တက်လာရုံသာမက သူ့မျက်လုံးများမှာလည်း ထိုစကားလုံးဖြင့် ပြည့်ဝ​ပျော်ဝင်နေပြီး နူးညံ့သိမ်မွေ့မှု အနည်းငယ်သည်လည်း လျှံထွက်​နေ​ပေသည်။


ထို့​ကြောင့် နောက်ဆုံးတွင် သူ ဟယ့်ယွင်ထင်ကို ကြည့်လိုက်သည်။


လင်းဟန် သူ့မျက်နှာကို ဘေးဘက်သို့လှည့်လိုက်ပြီး သူ့မျက်လုံးများမှာ နယ်စပ်​ဒေသရှိ နက်ဗျူလာထက်ပင် ပိုမိုတောက်ပသော အလင်းရောင်ဖြင့် ​တောက်ပ​နေ​ပေသည်။ ထို့​နောက် ဟယ့်ယွင်ထင်၏ နှာသီးဖျား​လေးကို နမ်းရန် ဖြည်းဖြည်းချင်း ​ရွေ့လာ​လေသည်။


"ခင်ဗျားက ​တော်​တော်​လေး​ အရည်အချင်းရှိတာပဲ" သူ အလွန်သင့်​တော်​သော မှတ်ချက်တစ်ခုကို ​ပေးလိုက်၏။


​မောင်းနှင်ခန်းထဲရှိ အနံ့က လုံးဝ ပျောက်ကွယ်မသွားဘဲ စိတ်မ​ကျေနပ်နိုင်ဖွယ် ပျင်းရိမှုကို ချန်ထားခဲ့​ပေသည်။


လင်းဟန် ​မောင်းနှင်ခန်းကို မှီကာ ဆက်သွယ်​ရေးကိရိယာကို ဖွင့်ပြီး နောက်ထပ် ဆက်လက်ဖြစ်လာမည့် အ​ကြောင်းနှင့် ပတ်သက်၍ လုအန်းဟယ်နှင့် ​စကားပြော​နေ​သော ဟယ့်ယွင်ထင်ကို ကြည့်လိုက်သည်။ ဟယ့်ယွင်ထင်က သူ့လက်ထဲတွင် ကိုင်ထား​သော အာဟာရဖြည့်စွက်စာကို ​​သောက်သုံးရန် သူ့အား ညွှန်ကြား​နေ​သော်လည်း သူ အိပ်ငိုက်သလို ခံစားရကာ မ​သောက်ချင်​ပေ။ လင်းဟန်မှာ ဤ​လေထုအငွေ့အသက်ထဲတွင် ​သေချာ​ပေါက် အိပ်ပျော်လုနီးပါးဖြစ်​နေသော်လည်း ဟယ့်ယွင်ထင်က ယခုအချိန်တွင် သူ့လက်အောက်ငယ်သားများနှင့် အခြေအနေအ​ကြောင်းကို ဆက်သွယ်ပြောဆိုရာတွင် စိတ်အားထက်သန် တက်ကြွနေဆဲပင်။


အ​ခြေခံအားဖြင့် အယ်လ်ဖာတစ်​ယောက်က အိုမီဂါတစ်​ယောက်နှင့် အမှန်တကယ် မတူညီ​ပေ။ လင်းဟန် သူ့မျက်ခွံများကို ဖွင့်မထားနိုင်​တော့ဘဲ မေးရိုးများ လျော့ကျလာ​ပေသည်။ ဟယ့်ယွင်ထင် အဆုံးထိ မသွားခဲ့သည့်အတွက် သူ့နှလုံးသားထဲမှ စတင်​ကျေးဇူးတင် ဝမ်း​မြောက်မိသွားသည်။


သို့မဟုတ်ပါက ခံတပ် X တွင် သူတို့ လီဗာကိုကိုင်ကာ ထိန်းချုပ်ရန်ပင် ခွန်အားရှိလိမ့်မည် မဟုတ်​ပေ။


၎င်းက ​နှောင်း​နှေးမှုတစ်ခု ဖြစ်လာ​ပေလိမ့်မည်။


လင်းဟန် အိပ်ပျော်မသွားမီ နောက်ဆုံးစက္ကန့်တွင် ထိုသို့တွေးလိုက်မိသည်။


ဟယ့်ယွင်ထင်နှင့် လုဟွိုက်ကိုယ်တိုင်မှလွဲ၍ လုအန်းဟယ်မှာ ဝမ်ယွီ၏ ကြယ်ခွဲအကြောင်းကို သိသော အ​ခြေစိုက်စခန်းရှိ တစ်ဦးတည်းသော ပုဂ္ဂိုလ်တစ်​ယောက်ပင်။


ယခုအချိန်တွင် လုအန်းဟယ်က သူ၏အဖွဲ့ခွဲကို ဝမ်ယွီ၏ကြယ်ခွဲထံသို့ ဦးဆောင်သွားခဲ့ပြီး အချိန်ခန့်မှန်း​ခြေအရ သူတို့ ခံတပ် X သို့ရောက်ရှိချိန်သည်နှင့် သူလည်း ကြယ်ခွဲသို့ ရောက်ရှိ​ပေလိမ့်မည်။


ဟယ့်ယွင်ထင်က နောင်တွင် ဖြစ်လာမည့် အဆိုးဆုံး အနာဂတ်မြင်ဖြစ်စဉ်များကို စဉ်းစားသုံးသပ်ရန် ​ကြောက်ရွံ့မ​နေခဲ့​ပေ။ အမှန်တရားကို မသိသည့်သူ အများအပြားက ဗိုလ်ချုပ်ကို အပြစ်တင်လာလိမ့်မည့်အ​ကြောင်း သူ သိထား​သော်လည်း ၎င်းက ဝမ်ယွီနှင့် ကြယ်ခွဲနှစ်ခုစလုံးအပေါ် ကြီးမား​သော အကျိုးသက်ရောက်မှုရှိကြောင်းကိုလည်း သိ​ပေ၏။ သို့သော် လုဟွိုက်က ထိုခုန်မှတ်ကို ဖျက်စီးပစ်နိုင်သည့် ဖောက်ခွဲရေးပစ္စည်းများကို လုံလောက်စွာ ပြင်ဆင်ထားဆဲဖြစ်ပြီး သူ့ထံ အချိန်မရွေး သတင်းပေးပို့ရန် ညွှန်ကြားထား​ပေသည်။


တစ်စုံတစ်ရာ မှားယွင်းမှုအရိပ်အ​ယောင်တစ်ခု ရှိလာသည်နှင့် တစ်ချိန်က ကျန်ရှိခဲ့သော ထိုနေရာကို လုံးဝ ရှင်းလင်းပစ်ရပေမည်။ ဟယ့်ယွင်ထင်က သတိကြီးလွန်းသည်ဟု ကုဟွိုက် ခံစားမိသော်လည်း သူ ကန့်ကွက်မှုမရှိဘဲ ပြင်ဆင်မှုများကို ဆက်လက်လုပ်ဆောင်ခဲ့သည်။


ခံတပ်နှင့် နီးကပ်လာသည်နှင့်အမျှ ဟယ့်ယွင်ထင် မက်ခါ၏ ပြတင်းပေါက်ကိုဖွင့်ကာ အပြင်ဘက်သို့ ကြည့်လိုက်သည်။ အပြင်ဘက်တွင် အထပ်မြင့် အဆောက်အအုံများမဆိုထားနှင့် ​လေထုအလယ်တွင် တည်ဆောက်ထားသည့် ပျံသန်းရေးလမ်းကြောင်းများ၊ ထူထပ်​သော ​အဆောက်အအုံများ သို့မဟုတ် ဆင်းသက်ရန် စောင့်ဆိုင်းနေသည့် ​လေယာဉ်များလည်း မရှိ​ပေ။ ထို့အပြင် အ​ခြေခံလူတန်းစားရပ်ကွက်များတွင် တစ်ခုနှင့်တစ်ခု ထပ်နေသော ထိုအိမ်ဟောင်းများကိုပင် မ​တွေ့ရ​တော့ပေ။


ခံတပ်က အလွန်မြင့်မားပြီး ဟင်းလင်းပြင်​နေရာတွင် တည်ဆောက်ထားပြီး ၎င်း၏အဓိကကိုယ်ထည်ကို ကြီးမားသော စက်ဝိုင်းခြမ်းနှစ်ခုဖြင့် ဝန်းရံထားသည်။ အလယ်ပိုင်းမှာ စွမ်းအင်သိုလှောင်ရုံဖြစ်ပြီး နယ်စပ်​ဒေသ ခုန်မှတ်ထက် အဆပေါင်းရာနှင့်ချီသည့် စွမ်းအင်များကို သယ်ဆောင်ထားသည်။ M2742 က အင်ပါယာ၏ အမာ​ကြောဆုံးသော သံမဏိချပ်ဝတ်ဖြစ်လျှင် ဤခံတပ်က ထိုထက် အဆပေါင်း ဆယ်ဆ ပိုပြီးမာ​ကြော​ပေ၏။


သီအိုရီအရ ​မက်ခါက စတင်မြင့်တက်လာပြီး ပိုမြင့်လာ​လေ​လေ လေက ပိုပြီပါးလာ​လေ​လေပင်။


ကမ္ဘာမြေ​ခေတ်နှင့် နှိုင်းယှဉ်လျှင် အနည်းငယ်ပြင်းထန်သော ရာသီဥတုနှင့် လိုက်လျောညီထွေဖြစ်​စေရန် လူသားများက တိုးတက်ပြောင်းလဲလာခဲ့သော်လည်း ခံတပ်ကဲ့သို့ အလွန်မြင့်မားသော​နေရာများတွင် လူသားများက ဇာ့ဂ်မဖားထက် သာလွန်ခြင်းမရှိ​ပေ။ ၎င်းအ​ခြေအ​နေအတွက် မက်ခါ သို့မဟုတ် ကြယ်သင်္ဘော၏ အပဘင်ဘက်သို့ ခြေလှမ်းတစ်ဝက်မျှပင် ထွက်ခွာခွင့်မပြုပေ။


ယခုအခါ ပတ်ဝန်းကျင်လေစီးဆင်းမှု အခြေအနေ အပြောင်းအလဲကို တွေ့မြင်နိုင်သော်လည်း ပင်မကိုယ်ထည်နှင့် ပိုမိုနီးကပ်လာရန် အချိန်အနည်းငယ် ကြာမြင့်​ပေလိမ့်မည်။ ဟယ့်ယွင်ထင် အိပ်ပျော်နေသော လူငယ်​လေးကို ခဏမျှ စိုက်ကြည့်နေခဲ့သည်။


​လင်းဟန် မောင်းနှင်သူထိုင်ခုံကို မှီလျှက် အိပ်ပျော်နေသော်လည်း ထိုင်ခုံမှာ အလွန်နူးညံ့မှုမရှိဘဲ သူ့ကိုယ်ဟန်အနေအထားမှာလည်း အလွန်အဆင်ပြေသည့်ပုံမပေါ်ပေ။ သူ့မျက်နှာပေါ်ရှိ နီမြန်းမှုမှာ မှိန်ဖျော့သွားပြီး နူးညံ့ညင်သာစွာ အသက်ရှူ​နေကာ ​မောင်းနှင်ခန်းအတွင်းရှိ မည်သူကိုမျှ နှောင့်ယှက်မဖြစ်​စေ​ပေ။ သူ့ဘေးနားတွင် စောင်သေးသေးလေးဖြင့် ထုပ်ထားသော အခြားအကောင်ပေါက်လေးတစ်ကောင်ရှိကာ ခန္ဓါကိုယ်တစ်ခုလုံးကို သေးငယ်သည့် အနက်ရောင် ဘောလုံးလေးအဖြစ်သို့ ကျုံ့ထားပြီး တိတ်ဆိတ်စွာ အိပ်မောကျနေသည်။


သူ ဗွီပရိုတွန်ဂြိုဟ်ပေါ်၌ရှိ​နေစဉ် အဝေးရှိ ဗွီဒီယိုမှတစ်ဆင့် သူ့အားမြင်ခဲ့ရပုံကို ဟယ့်ယွင်ထင် သတိရမိသည်။


ထိုအချိန်က သူ အလင်းနှစ်​ပေါင်းများစွာကို ကျော်ဖြတ်ပြီး အိပ်ပျော်နေသော လူငယ်​လေး၏ ပျော့ပျောင်းသည့် ဆံနွယ်စ​လေးများကို ထိ​တွေ့ချင်ပြီး သူ၏ပူလောင်နေသော အတွေးများကို နှစ်သိမ့်​ဖြေ​ဖျောက်ရန် တောင့်တခဲ့ရသော်လည်း ယခုအခါ ထိုသူမှာ သူ့ရှေ့တွင် ငြိမ်သက်စွာ လှဲလျောင်းနေချိန်တွင်မူ စစ်ပွဲမတိုင်ခင် သူ၏အချစ်ဆုံးက​လေး အိပ်စက်​နေခြင်းအား အနှောင့်အယှက် ဖြစ်သွားမည်ကို စိုးရိမ်​သော​ကြောင့် အနည်းငယ်တိုးတိုး​လေးသာ အသက်ရှူရဲပေသည်။


ဟယ့်ယွင်ထင် ခပ်​ဝေး​ဝေးသို့ ​နေရာ​ရွှေ့လိုက်ပြီး သူ့အသံကိုတိုးကာ ချိတ်ဆက်မှုကို နှိပ်လိုက်သည်။


လင်းဟန်ကို သွားကြိုရန် ဟယ့်ယွင်ထင် မစောင့်နိုင်​သော​ကြောင့် သူ အနည်းငယ် စောနေပြီး ကျန်သူများမှာ ကြယ်သင်္ဘောတစ်ခုဖြင့် အတူတကွ ရောက်ရှိလာခဲ့ကြသည်။ မကြာ​သေးမီက ဗွီပရိုတွန်ဂြိုဟ်​ပေါ်ရှိ မစ်ရှင်ကို မ​အောင်မြင်ဘဲ ပြန်လာခဲ့သည့် အကြီးဆုံးကြယ်သင်္ဘောပင်ဖြစ်၏။ သို့သော်လည်း ယခုအခါတွင် ၎င်းက အကြီးမားဆုံးဖိအားကို သယ်​ဆောင်ရင်း အမြင့်ဆုံးနေရာသို့ ​ရောင်ရှိလာခဲ့​ပေသည်။



ပတ်ဝန်းကျင်ရှိ လေစီး​ကြောင်းပြောင်းလဲမှုနှင့် တဖြည်းဖြည်း မြင့်တက်လာ​သော မက်ခါ၏ဟိန်းသံကြောင့် လင်းဟန် နိုးလာခဲ့သည်။ သူ အိပ်မက်ပင်မမက်ဘဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့ပြီး သူ့ခန္ဓါကိုယ်တစ်ခုလုံး အငြိမ်းချမ်းဆုံး အပြာရောင်ပင်လယ်ကြီးထဲသို့ သက်သောင့်သက်သာ နစ်မြုပ်သွားသကဲ့သို့ပင်။ သူ နိုးလာချိန်တွင် သူ့အား ​ကျောခိုင်းပြီး လုအန်းဟယ်နှင့် အေးအေးဆေးဆေး စကားပြော​နေသည့် ဟယ့်ယွင်ထင်ကို တွေ့လိုက်ရသည်။


အရာအားလုံး အဆင်သင့်ဖြစ်နေပြီ လုအန်းဟယ် ဆိုသော်လည်း ယခုအကြိမ်တွင် ​ပြောင်းလဲမှုအ​ရွေ့မှာ အလွန်ကြီးမား​ပေ၏။ အင်ပါယာနှင့် ဇာ့ဂ်များသာမက ကြယ်တာရာကမ္ဘာရှိ အခြားမသက်ဆိုင်သော ဂလက်ဆီများစွာသည်လည်း စတင်လှုပ်ရှားရန် မိုက်ရူးရဲဆန်လာကြ​ပေလိမ့်မည်။


ပါပါရယ်ဂလက်စီ၏ ခေါင်းဆောင်က အရင်က ဇာ့ဂ်များကို အမြစ်ပြတ်မတိုက်ဘဲ ကင်းလွတ်ခွင့်​ပေးခြင်းက ​အချိန်ဆွဲခြင်းမျှသာဖြစ်ပြီး နောင်တစ်ချိန်တွင် ​သေချာ​ပေါက် ဆက်လက်တိုက်ခိုက်ရမည့်ကိစ္စဖြစ်ကာ ယခုအချိန်တွင် ကြီးမားသော တန်ပြန်တိုက်ခိုက်မှု ဖြစ်လာတော့မည် ဖြစ်ကြောင်း အင်ပါယာကို ပွင့်ပွင့်လင်းလင်း အပြစ်တင်ပြောဆိုခဲ့သည်။


လင်းဟန် ဟယ့်ယွင်ထင်၏ အသံကို ကြားလိုက်ရပြီး "ခံတပ် X က​နေစပြီး အင်ပါယာမှာမ​နေထိုင်တဲ့ ဘယ်သတ္တဝါကိုမှ ဖြတ်သန်းခွင့်ပြုမှာ မဟုတ်ဘူး။ ဒီမှာရှိ​နေတဲ့ လက်နက်တွေနဲ့ တပ်အင်အားတွေက ဘယ်သူ့ကိုမှ ကြောက်ရွံ့​နေမှာ မဟုတ်ဘူး”


လုအန်းဟယ် ချက်ချင်းပြန်ဖြေလိုက်၏။ "ဒီတစ်ခါတော့ ကြယ်သင်္ဘောရဲ့လက်နက်နဲ့ ပတ်သက်ပြီး ဘာပြဿနာမှ ရှိမှာမဟုတ်ဘူး။ တစ်ခုပဲ… အဝေးက ဖက်ဒရယ်အုပ်စုက ဒါကို အာဏာရှင်စနစ်ရဲ့ တန်ဖိုးလို့ လှောင်ပြောင်​​ပြောဆိုကြလိမ့်မယ်”


“ဖက်ဒရယ်အုပ်စုကို မေ့ထားပြီး သူတို့ အဓိကနယ်​မြေရဲ့တံခါးကို ခေါက်ဝံ့တဲ့အချိန်ထိ စောင့်​နေလိုက်”


အေးစက်စက် တောက်ပနေသော ​မောင်းနှင်ခန်းမှတစ်ဆင့် လင်းဟန် ဟယ့်ယွင်ထင်၏ ​​နောက်ကျောပြင်ကို တိတ်တဆိတ် ကြည့်နေခဲ့သည်။ ဟယ့်ယွင်ထင်မှာ စစ်ပွဲအတွက် ကြိုတပ်ဖြန့်မှုကို လုပ်ဆောင်နေဆဲဖြစ်ပြီး အသေးစိတ်အချက်အလက်တိုင်းကို ထည့်သွင်း​နေရာချထားရ​ပေမည်။


ဟယ့်ယွင်ထင် လုအန်းဟယ့်ကို နောက်ဆုံးတစ်ခုပြောလိုက်သည်။ "အင်ပါယာကကော၊ တခြားကြယ်တာရာစနစ်တွေနဲ့ ပတ်သက်ပြီး ဘယ်လိုကိုင်တွယ်​ဖြေရှင်းမှာလဲ"


ဟိုးအရင် သူဖတ်ဖူးခဲ့သည့် စာအုပ်များကို ပြန်သတိရမိပြီး သမိုင်းတွင်တည်ရှိခဲ့သည့် ခေတ်ပေါင်းများစွာအတွင်း ရက်စက်ကြမ်းကြုတ်သည့် ဘုရင်များ၊ ပ​ဒေသရာဇ် ဧကရာဇ်များစွာအပြင် တိုးတက်လာ​သော သီးသန့်လူတန်းစားတစ်ရပ်နှင့်အတူ အမျိုးမျိုး​သော အစိတ်အပိုင်းများစွာပါဝင်သည့် အုပ်ချုပ်မှုစနစ်များကိုလည်း ​မွေးဖွား​ပေးခဲ့သည်ဟု ဆို​ပေ၏။


“ခံတပ်ကနေစပြီး မင်းသွားတဲ့နေရာတိုင်းက အင်ပါယာရဲ့ နယ်မြေပဲ။ အာဏာရှင်စနစ်။ အာဏာရှင်စနစ်က အောင်နိုင်ခြင်းပဲ”


သမိုင်းစာအုပ်တွင် ဆိုထားသလိုမျိုး လူသားများ၏ ခံစားချက်ကို နားမလည်သည့် အေးစက်​သော အာဏာရှင်ဘုရင်တစ်ပါးကဲ့သို့ပင်။


နောက်တစ်စက္ကန့်တွင် ဟယ့်ယွင်ထင် လှည့်ကြည့်လာသည်ကို လင်းဟန် ​တွေ့လိုက်ရသည်။ သူ နိုးလာသည်ကို သတိပြုမိပြီး အရင်က ဗိုလ်ချုပ်၏မျက်နှာ​ပေါ်တွင် တစ်ခါမျှမမြင်​တွေ့ခဲ့ဖူးသော အပြုံးရိပ်​လေးတစ်ခုနှင့်အတူ ဟယ့်ယွင်ထင်၏ နှုတ်ခမ်းထောင့်များက ဖြည်းဖြည်းချင်း ​တွေးတက်သွားလေသည်။ သူ့အာဏာရှင်က သူ့မျက်နှာကို နမ်းရန်​လျှောက်လာကာ ​အေးစက်​နေ​သော သူ့ဆံစ​လေးများက သူ့ပါးပြင်ကိုပွတ်တိုက်သွားပြီး နားရွက်နားသို့ကပ်ကာ ​ပြောလာ​လေသည်။


 "ကလေး​လေး ကိုယ်တို့ တိုက်ခိုက်ရ​တော့မယ်"



👾