Chapter 128
Viewers 19k

👾Chapter 128

 108: ခိုးရာလိုက်​ပြေးရ​အောင်



လင်းဟန်၏မျက်နှာမှာ အနည်းငယ် ဖြူ​ဖျော့​နေဆဲပင်။ ဤသည်မှာ စိတ်စွမ်းအားအချို့ဆုံးရှုံးခြင်း၏ ရလဒ်ဖြစ်သည်မှာ အ​သေအချာပင်။ သို့​သော် သူ ​ပျော်ရွှင်​တက်ကြွနေဆဲပြီး သူ့အပြုံးက ​တောက်ပ​နေသည်။ သူ့​ရှေ့ရှိ လူနှစ်​ယောက်သာမက အခြားအရာများကို လုပ်​နေ​သောဆာဂျင်များအားလုံးကလည်း မျက်လုံးများ လှည့်ကြည့်လာကြသည်။


သူတို့ထဲမှအချို့က လက်တွေ့လေ့ကျင့်မှုအတွင်း အထူးဖိတ်ကြားခံခဲ့ရသည့် အသက်အငယ်ဆုံး မက်ခါမာစတာဖြစ်သည့် သူတို့ရှေ့မှလူငယ်နှင့် ရင်းနှီးမှုမရှိခဲ့ကြပေ။ သို့​သော် မက်ခါမာစတာနှင့် မက်ခါ​မောင်းသူတစ်ယောက်ကြားရှိ ကွာခြားချက်က အလွန်ကြီးမားလွန်းလှ၏။ ဘယ်လိုဖြစ်နိုင်မလဲ...


ထို့အပြင် ထပ်ပြောရမည်ဆိုလျှင် ၎င်းက ဗိုလ်မှူးချုပ်၏မက်ခါပင်ဖြစ်၏။


အဖြေက လူတိုင်းအတွက် ရှင်း​ပေသည်။



လင်းဟန်က အလွန်ရိုးသားပွင့်လင်းလှ၏။


သူ နူးညံ့ကာပျက်စီးလွယ်သော ကြွေထည်ကဲ့သို့ ဖန်လုံအိမ်ထဲတွင် အမြဲမနေနိုင်​ပေ။ အထူးသဖြင့် သူ၏ လုပ်ဖော်ကိုင်ဖက်များ၏ ပါးစပ်များ သို့မဟုတ် ဆက်သွယ်​ရေးကိရိယာများမှတစ်ဆင့် တိုက်ပွဲသတင်းများကို ကြား​နေရပြီး ဘာမှမလုပ်နိုင်ဘဲ ဂရုမစိုက်သလို မ​နေနိုင်​ပေ။ သူတို့ ဝန်ခံ​ဖြောင့်ဆိုလိုက်သည့်အချိန်၌ နောက်ကြောင်း ပြန်လှည့်စရာ မရှိသလို ကြောက်စရာလည်း မရှိ​တော့​ပေ။


ထိုအချိန်တွင် လင်းဟန် စိတ်ပိုင်းဖြတ်ကာ ဒုတိယ​မောင်းနှင်ခန်းထဲသို့ ဝင်ရောက်ခဲ့ပြီး စိတ်စွမ်းအားဗဟိုချက်နှင့် ပေါ့ပေါ့ပါးပါး ချိတ်ဆက်ပြီး​နောက် ရုတ်တရက် အတွေးတစ်ခုဝင်လာခဲ့သည်။ သူ စိတ်ကျပြုပြင်ထား​သော စနစ်၏အသံနှင့်အတူ ပထမ​မောင်းနှင်ခန်း၏ ဆက်သွယ်ရေးကိရိယာကို ဖွင့်လိုက်ပြီး "မစ္စတာလင်းက မင်းကို ထာဝရချစ်​နေမှာ"


လင်းဟန် ဖောက်ထွင်းမြင်ရသည့် ကန့်ထား​သောတံခါးကို သူ့လက်ဖြင့် ခေါက်လိုက်ပြီး တက်ကြွရွှင်မြူးစွာ ​ပြောဆိုလိုက်သည်။ “ကျေးဇူးပြု၍ သင်ကြား​ပေးပါအုံး”


သူ ဟယ့်ယွင်ထင်နှင့် ပုံမှန်အကွာအဝေးတွင်ရှိပြီး တစ်ဖက်လူက တစ်မိနစ်ခန့် စကားမပြောခဲ့​ပေ။ ဟယ့်ယွင်ထင် စကားထပ်ပြောလာချိန်တွင် သူ့အတွေးအားလုံးကို သေချာ​ပေါက် နားလည်လိမ့်မည်ဆိုတာကို လင်းဟန် သိ​ပေ၏။


ခဏအကြာတွင် လင်းဟန် သတိမထားမိ​လောက်​အောင် တိုးလျ​သော ပေါ့ပါးသည့် ရယ်မောသံကို ​သေချာ​ပေါက် ကြားလိုက်ရ​ပေသည်။


ယခုအချိန်တွင် သူ တစ်ဖက်လူ၏မျက်နှာကို မမြင်ရသော်လည်း ဟယ့်ယွင်ထင်၏အမူအရာကို စိတ်ကူးကြည့်နိုင်ဆဲပင်။ အမြဲတမ်း ​အေးစက်​တောင့်တင်း​နေ​သော သူ့နှုတ်ခမ်းထောင့်များက နွေဦးပေါက်စတွင် အရည်​ပျော်သွား​သော နှင်းများသကဲ့သို့ အနည်းငယ်ကွေးသွားတတ်သည်။ ထိုမျက်လုံးများက သူ့လက်ထဲတွင်သာ ဆုပ်ကိုင်ထားနိုင်သည့် နူးညံ့သိမ်မွေ့မှုဖြင့် ပြည့်နေပေလိမ့်မည်။ အနည်းငယ် ငုံ့ထားရုံဖြင့် ၎င်းတို့ကို သူ့လက်များနှင့် ထိနိုင်​ပေသည်။


“မစ္စတာလင်းက အဲဒီဇာ့ဂ်​တွေကို မကြောက်ဘူးလား" ဟယ့်ယွင်ထင် သူ့ကို မေးလာသည်။


လင်းဟန် အိုမီဂါတစ်​ယောက်ဖြစ်သည်မှာ သိသာထင်ရှားပြီး သူ၏ ခန္ဓါယ်ဖွဲ့စည်းမှုနှင့် ဖွံ့ဖြိုးမှုသည် ညံ့ဖျင်းလွန်း​သော​ကြောင့် ၎င်းကို ထိန်းသိမ်းရန် အာဟာရဓါတ်စာများ လိုအပ်​ပေသည်။ မည်သည့်အရာကမှ ထိ​တွေ့၍မရနိုင်​သော ကောင်းကင်၌ အကြည်လင်ဆုံး တိမ်တိုက်ကဲ့သို့ ရှင်းလင်းကင်းစင်​နေ​သော်လည်း သူ အမြဲတမ်း သတ္တိရှိခဲ့​ပေသည်။


"ကျွန်တော် အဆင်ပြေပါတယ်" လင်းဟန် နယ်စပ်ဒေသ၏ ယခင်အခြေအနေများကို ပြန်​တွေးမိပြီး အမှန်အတိုင်း ပြောလိုက်သည်။ “သူတို့ရဲ့ ရုပ်ရည်ရုပ်သွင်ပြင်နဲ့ ယှဉ်လိုက်ရင် ထူးခြားတာ ဘာမှမရှိဘူး...” လင်းဟန်၏အသံက အနည်းငယ် တိမ်မြုပ်သွားပြီး ဆယ်ကျော်သက်အချို့၏ ဖြူစင်မှုထဲသို့ နစ်မြုပ်သွားကာ ရှက်ရွံ့သောအပြုံး​လေးတစ်ပွင့် ထွက်​ပေါ်လာသည်။ “ကရန်ဘယ်ရီသီး​တွေကို ပိုပြီးရှင်သန်လာစေချင်တယ်”


အရက်စက်ဆုံး သားကောင်အဖြစ် သူ နယ်စပ်ဒေသတွင် ချန်ရစ်ထားခံခဲ့ရပြီး သူ၏မတော်တဆမှုအပြီး မကြာမီတွင် ဇာ့ဂ်များ၏ တိုက်ခိုက်မှုတစ်ခု ဖြစ်ပွားခဲ့သည်။ သူတို့နှစ်ဦးကြား ဆက်ဆံရေးကို စဉ်းစားကြည့်ရန်မှာ မခဲယဉ်းလှပေ။ သို့​သော် မည်သို့ပင်ဆိုစေကာမူ နောက်ဆုံးတွင် သူ၏အပြုံးနှင့် သူ့နှလုံးသားက ကရုဏာတရားမရှိဘဲ လုံးဝ ပျောက်ကွယ်သွားခဲ့သည်။


"သိပြီ" ဟယ့်ယွင်ထင် လီဗာကို သူ့လက်ဖြင့် ဆုပ်ကိုင်လိုက်ပြီး ခေါင်းကိုတိမ်းညွတ်ကာ ​မေးလိုက်၏။ "မစ္စတာလင်းက ဘယ်လို တိုက်ခိုက်ချင်တာလဲ"


ယခုအခါ နှစ်​ယောက်သား တံခါးတစ်ချပ်ခြားကာ ဆက်သွယ်​နေကြခြင်းဖြစ်​ကြောင်း သူ ပြန်မှတ်ရသွားပြီး လွန်ခဲ့သော နှစ်ပေါင်းများစွာက သူတို့နှစ်​​ယောက် တွေ့ဆုံခဲ့သည့်အ​ကြောင်းကို ဟယ့်ယွင်ထင် ပြန်သတိရမိသွားသည်။ သူ စစ်တပ်ထဲဝင်ခါစ လုပ်ထုံးလုပ်နည်းတချို့ကို လွှဲပြောင်းပေးရန် ပြန်လာခဲ့ရသည့်အချိန်ပင်။ တစ်ည၌ မက်ခါလေ့ကျင့်ရေးခန်းကို ဖြတ်သန်းချိန်တွင် အခြေအနေတစ်ခုကို မြင်​တွေ့ခဲ့ရသည်။


သူ အသံသေးသေးလေးတစ်သံကို ကြားခဲ့ရပြီး အနီးအနားသို့ ကပ်သွားကြည့်ချိန်တွင် မက်ခါလေ့ကျင့်ခန်းထဲရှိ ပွဲကြည့်ပရိသတ်​နေရာ၌ တစ်ယောက်တည်း ထိုင်နေ​သော နူးညံ့သည့်အပြုံး​လေးနှင့် လူငယ်လေးကို တွေ့လိုက်ရ​သော်လည်း သူ့နှလုံးသားကို လှုပ်ခတ်သွား​စေသည့်အပြုံးမျိုး မဟုတ်​ပေ။ ထို့အပြင် သူ့မျက်လုံးထဲ၌ စိတ်ပျက်စရာများသာ ရှိ​နေ​လေသည်။ သူ့နဖူး​ပေါ်၌ ချွေးများထွက်နေပြီး သူ့လက်များက စက်ဆီများနှင့် ​ပေကျံ​နေသည်။ သူ အလွန်​ဒေါသထွက်​နေသကဲ့သို့ နှုတ်ခမ်းများကို တင်းတင်း​စေ့ပိတ်ထားသည်။


ထိုလူက ကျောင်းသားသစ်များအတွက် ပြင်ဆင်ထားသော လေ့ကျင့်ရေးမက်ခါပေါ်သို့ ပြန်တက်သွားသည်ကို ဟယ့်ယွင်ထင် တွေ့လိုက်ရသည်။ သူ ဤမက်ခါများအား ရင်းနှီး​ပေသည်။ ၎င်းတို့သည် တရားဝင် တိုက်ပွဲဝင်ခဲ့သည့် မက်ခါများကဲ့သို့ စိတ်စွမ်းအားဖြင့် ထိန်းချုပ်ခြယ်လှယ်၍ မရသည့်အပြင် အထူးသဖြင့် မက်ခါ​မောင်းသူ၏ ခန္ဓာကိုယ်ကို စမ်းသပ်ရန်အတွက်သာ အသုံးပြု​ပေသည်။


တစ်နည်းဆိုရသော် ထိုကဲ့သို့မက်ခါသူက အခြားလေ့ကျင့်ရေးပုံစံများကို မဆိုထားနှင့် ၎င်းကိုပင် မထိန်းချုပ်နိုင်​ပေ။ ဆယ်ကျော်သက်လေးက အလွန်ကြိုးစားနေပုံရသည်။ သို့သော် သူ၏ မတည်ငြိမ်သော အသက်ရှုသံနှင့် ဗလာသက်သက် မျက်နှာအမူအရာကို ကြည့်ပြီး ဆုံးဖြတ်ရလျှင် ထိုကဲ့သို့ အခြေခံမက်ခါကိုပင် မမောင်းနှင်နိုင်ပုံရသည်။ မကြာမီ ဟယ့်ယွင်ထင် ထွက်ခွာသွားသင့်သော်လည်း မဝေးသော တစ်နေရာ၌ မတ်တပ်ရပ်​နေခြင်းဖြင့် အဆုံးသတ်သွားကာ ထို​နေရာ၌ပင် တိတ်တဆိတ် ရပ်ကြည့်​နေခဲ့သည်။


သူ ဆယ်ကျော်သက်လေး၏ပခုံးများက ကိုင်းကျကာ စိတ်ပျက်ပြီး နောက်ဆုံး၌ သူ့ရှေ့ရှိ သံထည်ခွံကြီးကို ပြန်ကြည့်ကာ ဖြည်းညှင်းစွာ ငုတ်တုတ်ထိုင်ချလိုက်သည်အထိ စောင့်ဆိုင်းနေပုံရသည်။ ဆယ်ကျော်သက်​လေး၏ ပခုံးများက အလွန်ပိန်ပါး​ကြောင်းကို ဟယ့်ယွင်ထင် မြင်လိုက်ရသည်။ ညလေညင်းက အနည်းငယ် ပို၍ပြင်းထန်သိပ်သည်းလာလျှင် သူ့ကိုပါ တိုက်စားသယ်​ဆောင်သွားနိုင်​ပေလိမ့်မည်။


ဆယ်ကျော်သက်​ကောင်​လေးက မီးပိတ်ပြီး သူ့ရှေ့တွင်ယှက်ထား​သော လက်​မောင်းများထဲ၌ သူ့မျက်နှာအား မြှုပ်ထားသည်ကို မြင်လိုက်ရသည်။ သူ့ပခုံးများက တွန့်​မ​နေ​သော​ကြောင့် သူ ငို​နေသည်မှာ မဖြစ်နိုင်​ပေ။ သို့သော် သူ အေးနေပြီး အင်္ကျီတစ်ထည်လိုအပ်​နေသည်ဟုသာ ဟယ်ယွင်ထင် ခံစားမိသည်။


အနည်းငယ်ဆိုလျှင်​တောင် အဆင်​ပြေ​ပေသည်။ ၎င်းက အဖိုးတန်သည့် နွေးထွေးမှုတစ်ခုပင်။


ထိုအချိန်၌ အဆုံးတွင် သူ ရှေ့သို့ဆက်မတိုးခဲ့ပေ။


သို့​သော် ကံကောင်းထောက်မစွာပင် ဟယ့်ယွင်ထင် ​​အမှတ်ရစရာများမှ ပြန်လည်ရုန်းထွက်လာနိုင်ခဲ့သည်။ ဆယ်ကျော်သက်လေးကလည်း နွေးထွေးပြီး နူးညံ့သိမ်မွေ့သည့် လူငယ်လေးတစ်ယောက်ဖြစ်လာကာ နောက်ဆုံးတွင် အိပ်မက်တစ်ခုကို အကောင်အထည်ဖော်ရန် သူနှင့်အတူ လိုက်ပါအ​ဖော်ပြု​ပေးနိုင်ခဲ့​ပေပြီ။


လင်းဟန်၏ မြင်ကွင်းနယ်ပယ်တွင် ဟယ့်ယွင်ထင် လှုပ်ရှားလိုက်ချိန်၌ တစ်ဖက်လူ၏ နဖူးပေါ်ရှိ ငွေရောင်ဆံပင်၊ နှာတံမြင့်မြင့်နှင့် သူ အကြိမ်တစ်သန်းလောက် နမ်းဖူးသည့် ​အေးစက်မ​နေ​သော နှုတ်ခမ်းများကို အပြည့်အစုံ မြင်နိုင်၏။


ယခုအချိန် ဟယ့်ယွင်ထင် တွေးနေသည့်ကိစ္စများကို လင်းဟန် မသိသော်လည်း ယခင်က တစ်ခါမျှ မကြုံဖူးသော စူးရှသည့် စိတ်လှုပ်ရှားမှုဖြင့် သူ့အသံကို မြှင့်ကာ​ပြောလိုက်၏။ “သနားမ​နေနဲ့”


ကရုဏာတရား ကင်းမဲ့သူဖြစ်သလို ချော​မောခန့်ညားသူလည်း ဖြစ်​ပေ၏။


ခေါင်းဆောင်၏ဦးခေါင်းကို အမြင့်သို့ ပစ်တင်လိုက်ပြီး​​နောက် ပြင်းထန်စွာ ​အောက်သို့ပြုတ်ကျသွားသည်။ စက်ဆုပ်စရာ​ကောင်းသည့် အနံ့ဆိုးထွက်နေသော ဝမ်းဗိုက်နှင့်ဦးနှောက်တို့ကို တစ်ခုပြီးတစ်ခု ဖွင့်ကာ နယ်စပ်ဒေသရှိ စစ်သားများ၏ အသက်တစ်​ချောင်းချင်းစီအတွက် ပေးဆပ်ခဲ့ပြီး ဘယ်​သောအခါမှ ထပ်မံ၍ရှင်သန်မလာ​စေရန် ခုန်မှတ်ကို ဖျက်ဆီးပစ်ခဲ့သည်။


"ကောင်းပြီ" ဟယ့်ယွင်ထင် ​ခြောက်​သွေ့စွာ ပြန်​ဖြေလိုက်၏။ "ဒါဆို ကိုယ် လက်နက်​တွေကို လွှဲ​ပြောင်းပေးမယ်"


စုစည်းမှုတန်ဖိုးကို အမြင့်ဆုံးသို့ ဆွဲထုတ်ပြီး မျဉ်းဖြောင့်အတိုင်း အကွာအဝေးကို အမြင့်ဆုံးအထိ မြှင့်တင်လိုက်၏။


"အဓိကအစိတ်အပိုင်းတွေကို ကိုယ် ထိန်းချုပ်မယ်။ မစ္စတာလင်းက စိတ်ပိုင်းဆိုင်ရာ ဆက်သွယ်မှုအတွက်ပဲ တာဝန်ယူလိုက်" သူ့မျက်နှာကို နောက်ပြန်လှည့်ကြည့်ရင်း သူ့ရှေ့ရှိ ဖန်သားပြင်ကို ​နောက်တစ်ကြိမ် စိတ်အားထက်သန်စွာ စိုက်ကြည့်ရင်း ဟယ့်ယွင်ထင် ​ပြောလိုက်သည်။


M2742 က လူနှစ်ဦး၏ စစ်ဆင်ရေးအောက်တွင် ရုတ်တရက် အားပြင်းစွာခုန်တက်လာစဉ် ဇုစ်နတ်ဘုရား ဒိုင်းကာက သူတို့ရှေ့ရှိ ထောင်ပေါင်းများစွာသော တိုက်ခိုက်မှုများကို စတင်ပိတ်ဆို့တားမြစ်လိုက်သည်—


မက်ခါက ၎င်း၏အမြင့်ဆုံးအမှတ်သို့ ပျံသန်းလာစဉ် လင်းဟန် ဆက်သွယ်ရေးကိရိယာမှတစ်ဆင့် အသံတစ်သံကို ကြားလိုက်ရသည်။ "မစ္စတာလင်း၊ မင်းကိုယ်တိုင် ပျော်ပါးလိုက်ပါ"


လင်းဟန်ကလည်း နှုတ်ခမ်းလေးများတွန့်​ကွေးရင်း “မင်းရဲ့ပူး​ပေါင်းမှုအတွက် ကျေးဇူးတင်ပါတယ် ဗိုလ်ချုပ်”



ယခုပင် အံ့သြနေဆဲဖြစ်သော သူ့ရှေ့မှလူများကို မျက်နှာမူပြီး လင်းဟန် သူ၏ဦးထုပ်ကို လေထဲသို့ လွှင့်ပစ်ကာ ​နောက်တစ်ကြိမ် တည်ငြိမ်စွာ ပြန်ဖမ်းလိုက်ပြီး အထက်​အောက်ပို့​ဆောင်​ရေး ကိရိယာကို ဆုပ်ကိုင်ထားကာ မက်ခါ​ပေါ်မှဆင်းလာသည်။ "ဘယ်​နေရာမှာ ပြဿနာဖြစ်​နေတာလဲ"


ဆာဂျင်က ရှက်ကိုးရှက်ကန်းဖြင့် ပြန်မ​ဖြေမီ ခဏမျှ အံ့အားသင့်သွား​ပေသည်။ ဤလူက ပြုပြင်ရာ၌ ကျွမ်းကျင်သူဖြစ်​ကြောင်းသိ၍ ကမန်းကတန်း ခေါင်းကုတ်ကာ မက်ခါအကြောင်းကို ပြောပြခဲ့သည်။


"ရိုးရှင်းပါတယ်။ မင်းရဲ့အပို​သေတ္တာထဲက ပစ္စည်းတွေက အဲဒါကို ပြင်ပေးလိမ့်မယ်" အထက်​အောက် ပို့​ဆောင်​ရေးကိရိယာပေါ်မှ ခုန်ဆင်းလာစဉ် လင်းဟန်၏ မျက်ခုံးများသည် မတွန့်သွားခဲ့​ပေ။ လေထုက ဇာ့ဂ်သွေး၏ ငါးညှီနံ့နှင့် မနှစ်မြို့ဖွယ်ကောင်းသော အနံ့များဖြင့် ပြည့်နေဆဲပင်။


စစ်မြေပြင်ကို နယ်​မြေရှင်းလင်းနေဆဲ စစ်သားများဖြင့် ဝန်းရံထား​ပေသည်။ ဤအကြိမ်က သာမန် ရှေ့​ပြေးတပ်ဖွဲ့များထက် ပိုမိုများပြားစွာ ရောက်ရှိလာခဲ့ပြီး ကံကောင်းထောက်မစွာဖြင့် အခြားတစ်ဖက်သို့ မရောက်မီ အချိန်မီ ရောက်လာခဲ့သည်။


သို့​သော် ဤသည်မှာ အစပင်ရှိသေး​ကြောင်း လူတိုင်း သိ​ပေသည်။ နယ်စပ်​ဒေသရှိ ခုန်မှတ်က မြင့်တက်သွားပြီဖြစ်​သော​ကြောင့် ယနေ့မှစပြီး နောက်ထပ်ရပ်နားစခန်းများအားလုံးကို သတိထား​စောင့်ကြရ​ပေမည်။ ဇာ့ဂ်များ၏ စရိုက်လက္ခဏာက အမြဲတမ်း ရက်စက်ကြမ်းကြုတ်ပြီး ရိုးစင်း​ပွင့်လင်းသော​ကြောင့် သူတို့ စတင်လိုက်သည်နှင့် ရပ်တန့်လိမ့်မည်မဟုတ်ပေ။


လင်းဟန် ဆာဂျင်၏မက်ခါကို အမြန်ကြည့်ရှုထိန်းသိမ်း​ပေးကာ သော့များကို အခြားလူထံ ပြန်ပေးလိုက်သည်။ အချို့က သိလိုစိတ်ပြင်းပြစွာ တိုက်ရိုက် ကြည့်နေကြပြီး အချို့က ခိုးကြောင်ခိုးဝှက် ကြည့်​နေကြသည်။ သူ အခြားသူများကို မျက်နှာချင်းဆိုင်တည့်တည့် ရင်ဆိုင်လိုက်ပြီး "အခြားသူ​တွေ​ရော အကူအညီလိုသေးသလား"


လင်းဟန် အချိန်အတန်ကြာ စောင့်ဆိုင်းကာ ဆာဂျင်များအား နားလည်လက်ခံနိုင်​စေရန် လုံလောက်သည်ထက်ပို​သော အချိန်ကို ပေးခဲ့သည်။


နောက်ဆုံးတွင် သတ္တိရှိသော စစ်သားတစ်ဦးသည် ​ရှေ့သို့တစ်လှမ်းတိုးလာပြီး "ဒါဆို မင်း..."


ဗိုလ်ချုပ်နဲ့ မင်းရဲ့ဆက်ဆံရေးကဘာလဲ။


သူ့စိတ်ထဲရှိ ခန့်မှန်းချက်မှာ အဖြေဖြစ်ကောင်းဖြစ်နိုင်​သော်လည်း တစ်စုံတစ်ယောက်က တိကျသည့် အချက်အလက်အချို့ကို သိချင်နေဆဲပင်။ သူ ပြန်​ဖြေခါနီးအချိန်၌ သူ၏သီးသန့် ဆက်သွယ်​ရေးကိရိယာမှတစ်ဆင့် အသံတစ်သံကို ကြားလိုက်ရသည်။ "လင်းဟန်၊ ကိုယ် ပြန်ဖို့ အဆင်သင့်ဖြစ်နေပြီ"


"ကျွန်​တော် လာပြီ" လင်းဟန် ပြန်ဖြေလိုက်၏။


စစ်သားက လင်းဟန် ဆက်သွယ်​ရေးကိရိယာအား ချလိုက်သည်ကို မြင်သွားသည်။ ထို့​နောက် လင်းဟန် သူတို့ကို ပြုံးပြပြီး အ​စောပိုင်း၌ လူတိုင်းသိချင်နေသည့် မေးခွန်းကို ပြန်​ဖြေ​ပေးလိုက်သည်။ “ခန့်မှန်းကြည့်​လေ”


လူငယ်​လေး ပြုံးလိုက်ချိန်တွင် သူ့မျက်လုံးများက အမှတ်တမဲ့ ​ကွေးတတ်သွား​လေသည်။ သူ့မျက်လုံးများက ချက်ချင်းပင် တောက်ပနွေးထွေးမှုများနှင့် ပြည့်နှက်လာခဲ့ပြီး နူးညံ့သိမ်မွေ့မှုသည်လည်း ပိတ်ကျ​နေသော မျက်လုံးများဆီမှ အနည်းငယ် ယိုစိမ့်​နေပေသည်။ မငြင်းဆိုခြင်းသည် သူတို့စိတ်ထဲရှိ ​အတွေး​များကို သွယ်ဝိုက်​သောနည်းဖြင့် ဝန်ခံလိုက်ခြင်းပင်။


သူတို့အားလုံး ထိုတိုက်ဆိုင်​သော အခြေအနေများအကြောင်းကို ချက်ချင်း ပြန်တွေး​နေမိသည်။ 


ကြီးမားလှသောမက်ခါကြီးက သံမဏိပိတုန်း​ကောင် ခေါင်းဆောင်ကို မြေကြီးပေါ်သို့ ရိုက်ချလိုက်ပြီး ပြင်းထန်သော လက်သီးဖြင့် တစ်ချက်ပြီးတစ်ချက် ထိုးလိုက်သည်။ ရွံရှာဖွယ်ရာ အသားစများနှင့် သွေးများ ရောနှောကာ စင်ထွက်လာ​ပေသည်။ ​နောက်ဆုံးတွင် ၎င်း၏လက်နက်ကို ​ဘေးဖယ်ထားလိုက်ပြီး အမာ​ကျောဆုံး သတ္တုလက်သီးများဖြင့် ပြိုင်ဘက်ကို အနိုင်ယူခဲ့သည်။ ထို့​နောက် ထိုမက်ခါကို မောင်းနှင်သူများထဲမှ တစ်ယောက်က သူတို့မျက်စိရှေ့တွင် ရပ်ကာ ပြုံးပြနေ​လေသည်။


ဒါဆို အဲဒီအိုမီဂါရဲ့ စိတ်စွမ်းအားက ဒီအဆင့်ထိအောင် အားပြင်းတယ်လား...


ပထမဦးစွာ တစ်စုံတစ်​ယောက်က သူ၏စစ်ဦးထုပ်ကို ချွတ်လိုက်ပြီး မတ်မတ်ရပ်ကာ လှမ်းခေါ်လိုက်သည်။ "မစ္စတာ လင်း" 


လင်းဟန် လှည့်ကြည့်လိုက်ချိန်တွင် ဟယ့်ယွင်ထင်၏ လက်​အောက်ရှိ ပြန်တမ်းဝင်မဟုတ်သော အရာရှိများအားလုံးက သူတို့လုပ်လက်စအလုပ်များကို ရပ်တန့်ပြီး ဦးထုပ်များကို သေသပ်စွာ ချွတ်ကာ သူတို့၏ဘယ်ဘက် ရင်ဘတ်ပေါ်တွင် ညာဘက်လက်များကို လက်သီးများဆုပ်ထားပြီး စစ်တပ်စံပြအနေအထားအတိုင်း သူ့ကို အလေးပြု​နေကြသည်ကို သူ မြင်​တွေ့ခဲ့ရသည်။ 


လင်းဟန် ထိုမြင်ကွင်းကို မြင်လိုက်ချိန်တွင် အံ့အားသင့်ဆွံ့အနေဆဲပင်။


အခြေစိုက်စခန်းရှိဆာဂျင်များက အင်ပါယာအတွင်း အခက်အခဲကို ခံနိုင်ရည်အရှိဆုံး တပ်သားများဖြစ်ပြီး သာမန်လူများ စိတ်ကူး၍ပင်မကြည့်နိုင်လောက်အောင် ပြင်းထန်သည့် လေ့ကျင့်မှုများနှင့်အတူ အလွန်ပြင်းထန်ကြမ်းတမ်းသော စစ်ဆေးမှုအခြေအနေများဖြင့် ရွေးချယ်ထားရသည့်သူများဖြစ်ကြောင်း လူတိုင်း သိပေသည်။ ဤလူငယ်များ၏ ပခုံးပေါ်တွင် တာဝန်အားလုံးကို ထမ်းပိုးထားရပေသည်။ ဤကဲ့သို့သောပြင်းထန်သည့် လေ့ကျင့်ရေးတာဝန်များက အမှန်တကယ် လိုအပ်ရဲ့လားဟု အဓိကနယ်မြေရှိ လူပေါ်ကြော့များက တစ်ခါတစ်ရံ မေးခွန်းထုတ်တတ်ကြပြီး


ပြန်တမ်းဝင်မဟုတ်သော အရာရှိများက သူတို့ခေါင်းဆောင်များ၏ အလွန်အမင်း စည်းကမ်းတင်းကြပ်လှသော စံနှုန်းများအကြောင်းကို တိုင်တန်းကြလိမ့်မည်ဟု မှန်းဆခဲ့ကြသည်။ 


သို့သော် ယခုအခါတွင် ထိုသို့မဟုတ်ပေ။ 


လင်းဟန်နှလုံးသားမှာ အလွန်ညင်သာစွာ ဖြစ်ညှစ်ခံလိုက်ရသကဲ့သို့ အနည်းငယ် နာကျင်သွားသလို ခံစားခဲ့ရသည်။ 


လင်းဟန်မှာ စစ်သားတစ်ယောက်လည်း မဟုတ်သလို တော်ဝင်မိသားစုဝင်လည်း မဟုတ်ပေ။ 


သို့သော် အခုအချိန်တွင် ဆာဂျင်များထံမှ အလေးပြုမှုကို လက်ခံရရှိခဲ့ပေ၏။ 


လင်းဟန်လည်း မတ်တပ်ရပ်နေဆဲဖြစ်ပြီး သူတို့အားလုံးကို နက်နက်ရှိုင်းရှိုင်း ဦးညွှတ်ဂါရဝပြုကာ နှလုံသားထဲမှနေ၍ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ကြောင်း ပြောခဲ့သည်။


_


“ခေါင်းဆောင်” လုအန်းဟယ်က ဖြစ်စဉ်ကို စတင်သတင်းပို့တင်ပြလာသည်။ 


" ဒီဘက်ခြမ်းကတော့ ရှင်းသွားပြီ။ လက်ရှိအခြေအနေအရ တစ်ဖက်ကကောင်တွေက အချိန်တိုအတွင်း ပြန်အုပ်စုဖွဲ့ပြီး ဒီရပ်နားစခန်းကို ပြန်လည်တိုက်ခိုက် ပြင်ဆင်နိုင်ခြေမရှိသေးဘူး။ ဒါပေမဲ့ ဗွီပရိုတွန်ရဲ့ နောက်ဆုံးရအဖြစ်အပျက်တွေကို မတင်ပြရသေးဘူး၊ အဲဒါအပြင် ဒီအခြေအနေမှာ အချိန်က အရမ်းအရေးကြီးတယ်။ နောက်ပြီး အစီရင်ခံတင်ပြဖို့ ဗိုလ်ချုပ်ကိုယ်တိုင် ရှေ့တန်းကနေ ဆင်းလာစရာမလိုဘူးလို့ ဘုရင်မင်းမြတ်က ပြောလိုက်ပါတယ်။ ဒါပေမဲ့ ကောင်စီမှာ ထိုင်နားထောင်ပြီး ဗွီပရိုတွန်ရဲ့တရားဝင်ရလဒ်ကို တင်ပြပေးဖို့နဲ့ အခြေအနေကို ကိုင်တွယ်ဖြေရှင်းဖို့ အနည်းဆုံး လူတစ်ယောက်တော့ သွားသင့်တယ်” လုအန်းဟယ် ဆက်ပြောလာသည်။


 “ဒါဆို ကျွန်တော် သွားလိုက်ရမလား။ နောက်နေ့မှ ပြန်လာခဲ့မယ်”


မည်သို့ပင်ဆိုစေကာမူ လုအန်းဟယ်က သူ၏ အယုံကြည်ရဆုံး လက်ထောက်ဖြစ်ပြီး ကိစ္စများကို စနစ်တကျ ကိုင်တွယ်ဖြေရှင်းခဲ့ပေသည်။ သို့သော် ဤအခြေအနေမျိုးတွင် သူတို့နှစ်ယောက်စလုံး ရှေ့တန်း၌ အတူတူလက်တွဲလုပ်ဆောင်ခြင်းက အကောင်းဆုံးပင်။


ဟယ့်ယွင်ထင် ခဏမျှတုံ့ဆိုင်းနေပြီး သဘောတူတော့မည့်ဆဲဆဲအချိန်တွင် ဟယ့်ယွင်ထင်၏ တုံ့ဆိုင်းရသည့် အကြောင်းရင်းကို လင်းဟန် ခန့်မှန်းမိသွားပြီး ရုတ်တရက် ပြောလိုက်၏။


 "အခြားသတ်မှတ်ချက်တွေရော ရှိသေးလား"


လုအန်းဟယ် အချိန်ခဏမျှ ဆွံ့အသွားပြီးနောက် လင်းဟန်စကား၏ အဓိပ္ပါယ်ကို နားလည်သွားခဲ့သည်။ "စစ်တပ်က တစ်ယောက်ယောက်ဖြစ်ဖြစ် ဒါမှမဟုတ် ဒီခရီးစဉ်မှာပါဝင်တဲ့ ကျွမ်းကျင်ပညာရှင်တစ်ယောက်ယောက်ဖြစ်ဖြစ်ပေါ့။ အစက ပရော်ဖက်ဆာရှုကို လွှတ်မယ်လို့ စဉ်းစားထားပေမဲ့ ရပ်နားစခန်းက ဆက်သွယ်ရေးကိရိယာက သံမဏိပိတုန်းကောင်တွေရဲ့ ဖျက်ဆီးတာကိုခံထားရပြီး ပြုပြင်နေတုန်းမလို့ ကျွန်တော်တို့ သူ့ကို ယာယီဆက်သွယ်လို့ရသေးမှာ မဟုတ်ဘူး”


“ဒါဆို ကျွန်တော်သွားမယ်” လင်းဟန် ပြောလိုက်သည်။


"မစ္စတာလင်း၊ ဒီကိစ္စက မင်းနဲ့မသင့်တော်ဘူးလို့ ငါထင်တယ်။ ဘာလို့လဲဆို အဓိကကတော့ ဒီတစ်ခေါက် ကောင်စီမှာ လူအိုကြီးတွေရဲ့အုပ်စုတွေကလည်း ရှိနေသေးတယ်။ သူတို့ နေ့တိုင်းနီးပါးလုပ်ကြသလိုမျိုး ခန်းမထဲမှာ ထပ်ပြီး ရန်ဖြစ်ငြင်းခုန်ကြလိမ့်မယ်။ ဒါဆို မင်း အဲဒီနေရာမှာ ဆက်ပြီး မနေနိုင်တော့မှာကို စိုးရိမ်တယ်" လုအန်းဟယ် ထိုလူအုပ်စုအကြောင်းကို စဉ်းစားလိုက်ရုံနှင့် သူ့ခေါင်းကို အားပြင်းပြင်းနှင့် ရိုက်ချခံရသကဲ့သို့ ခံစားမိသည်။


“ဒါပေမယ့် အခု အခြေအနေမှာ ခင်ဗျား ဗိုလ်ချုပ်နဲ့ရှိနေတာက ပိုပြီးသင့်တော်လိမ့်မယ်” လင်းဟန်၏ အသံမှာ တည်ငြိမ်အေးဆေးနေပြီး "ဒီအခြေအနေက အထူးအရေးကြီးတယ်။ တစ်ခုခု ဆိုးဆိုးရွားရွား ဖြစ်ပျက်သွားမှာကို ကျွန်တော်တို့ မဖြစ်စေချင်ဘူး"


လုအန်းဟယ် တစ်ခုခု မှားယွင်းနေကြောင်း ခံစားရပြီး ထပ်ပြောချင်သေးလှ၏။ သို့သော်လည်း လင်းဟန်က သူ့ခေါင်းဆောင်အတွက် မည်မျှအရေးပါလဲဆိုတာကို သူသိထားပြီး ဤမျှရှည်လျားကာ ငြီးငွေ့ဖွယ်ကောင်းသည့် ကိစ္စများအား သူ မကိုင်တွယ်မဖြေရှင်းနိုင်ဘဲ ဖြစ်နေမည်ကို လုအန်းဟယ် စိုးရိမ်မိ၏။ “ဒါပေမယ့်…”


"သူ့ကို သွားခိုင်းလိုက်" ထိုအစား ဟယ့်ယွင်ထင်က အရင်ပြောလာလေသည်။


သူ လင်းဟန်နှင့် ငြင်းခုံ၍မရနိုင်မှန်း သိပြီး လင်းဟန်က သူ့အတွက် တွေးပေးနေမှန်းလည်း သိသောကြောင့် သဘောတူလိုက်သည်။


“တင်ပြဆွေးနွေးတာ ပြီးတဲ့အခါမှသာ သူ့ကို သွားကြိုလိုက်”


လုအန်းဟယ် ဟယ့်ယွင်ထင်က သွားခွင့်ပေးလိမ့်မည်ဟု မမျှော်လင့်ထားသောကြောင့် အနည်းငယ် အံ့သြသွားပြီး "ကောင်းပါပြီ"


နောက်ဆုံးတွင် လင်းဟန်က အစောပိုင်းရှိ ဆာဂျင်နောက်မှ လိုက်သွားပြီး အဓိကနယ်မြေသို့ ပြန်သွားစဉ် လက်ရှိတပ်ဖွဲ့က ပြန်လည်အားဖြည့်ရန် အနီးဆုံးနေရာသို့ ခေါင်းဆောင်ဗိုလ်ချုပ်နောက်မှ လိုက်သွားခဲ့ကြသည်။


_


👾