Chapter 43
Viewers 7k

ဟန်နီရေ ၊ ကျွန်မတို့က ဘာကြောင့် ကွာရှင်းလို့ မရတာလဲ 


အပိုင်း (၄၃)


ကယ်လီယန်က ကျွန်မကို ဝင်ခွင့်ပြုလိမ့်မည်ဟု ကျွန်မ ကြိုတင်ခန့်မှန်းထားပြီး ဖြစ်သည်။ဧကရီဟောင်း၏စာတစ်စောင်မှာ မြို့စားမင်းကြီး၏ အိမ်တော်တွင် ရှိသည်ဟု ကျွန်မ ကယ်လီယန်ကို ပြောထားခဲ့ဖူးသောကြောင့်ပင်။



သို့ဖြစ်၍ ကျွန်မသည် မြို့စားမင်းကြီးအိမ်တော်သို့ လည်ပတ်ပြီးမှ ကယ်လီယန်ထံမှောက် အခစားဝင်မည် ဆိုပါက ...



နင် နားလည်လိမ့်မယ်လို့ ငါ တွေးမိတယ်။



ထို့ကြောင့် ရလဒ်မှာ မည်သို့ ဖြစ်မည်နည်း။ကယ်လီယန်က ကျွန်မကို အခစားဝင်ခွင့် ပြုမည်လော။ထင်ထားသည့်အတိုင်း ကျွန်မ၏ ကြိုတင်ခန့်မှန်းချက်က မှန်ကန်လေသည်။ ထို့နောက် ...



ငိုရင် ကောင်းမလား၊မငိုတာပဲ ကောင်းမလား၊ ငါတွေးကြည့်နေမိသေးတယ်။ဒါပေမဲ့ ငါ ငိုခဲ့မိတာ တကယ်ကောင်းတယ်။



စိုးရိမ်စိတ် ပြင်းပြနေသော ခွေးပေါက်လေးသဖွယ် ကျွန်မ၏ ရှေ့တွင် ညည်းညူနေဆဲဖြစ်သော ကယ်လီယန်ကို ကြည့်ရင်း ကျွန်မ တွေးမိသည်။ကယ်လီယန်၏ သနားကြင်နာမှုကို ဝယ်ယူဖို့အတွက် ကျွန်မ ဘယ်တော့မှ မျက်ရည်ကျပြမည် မဟုတ်။ကျွန်မ အနည်းငယ် ပြောင်းလဲသွားသည့်အကြောင်း သူ့ကို သိစေချင်၍ ငိုပြလိုက်ခြင်း ဖြစ်ပါသည်။



သို့သော် ကယ်လီယန်ကတော့ အလွန် အံ့အားသင့်သွားပုံ ပေါက်နေသည်။သူက ကျွန်မကို လက်ကိုင်ပဝါပင် ထုတ်ပေးလာ၏။ထို့ကြောင့် ကျွန်မ ပို၍ ငိုချပစ်လိုက်သည်။ကျွန်မ အများကြီး ပြောင်းလဲသွားသည်ကို သူ သိစေချင်သဖြင့်။ပြီးနောက်...



ဖလဲရ်အပေါ် သံသယဝင်သွားအောင် လုပ်ရမယ်။



ကယ်လီယန်က ဖလဲရ်အပေါ် အခိုင်အမာ ယုံကြည်သည်ဟု ပြောခဲ့သည်။ထို့ကြောင့် ကျွန်မ၏စကားက အမှားဟူ၍ သူတွေးနေလိမ့်မည်။သို့သော် ကျွန်မက မြို့စားမင်းကြီး အိမ်တော် စာကြည့်တိုက်မှူးကို စကားထဲ ထည့်ပြောလိုက်ပြီ ဆိုကတည်းက ကယ်လီယန်သည် သူ၏ပင်ကိုယ်အကျင့်စရိုက်အရ ထိုစာကြည့်တိုက်မှူးကို သေချာပေါက် စစ်ဆေးမေးမြန်းပေလိမ့်မည်။



ထိုအခါ အဖြစ်မှန်က ထွက်ပေါ်လာလိမ့်မည်။ထိုအချိန်က ကျွန်မသည် စာကြည့်တိုက်တွင် အမှန်တကယ် ရှိနေသည်ဟူ၍။ထိုအဖြစ်မှန်းက ကယ်လီယန်ကို သိချင်စိတ် ပြင်းပြလာအောင် ဆွပေးနိုင်လိမ့်မည်။



ဖလဲရ်က လိမ်ခဲ့တာလား။မဖြစ်နိုင်ဘူး၊အဲ့ဒီလို ဖြစ်စရာအကြောင်း မရှိဘူး။



ထို့နောက် သံသယမျိုးစေ့လေးက အညှောက်ပေါက်လာလိမ့်မည်။



ငါက ဒါကို လိုချင်တာလေ။



ဖလဲရ်ကို ရူးမိုက်စွာ အသည်းအသန်တိုက်ခိုက်ရန် ရွေးချယ်သည်ထက် သူတို့အချင်းချင်း ခွာပြဲသွားအောင် လုပ်သည်က ပိုကောင်းသည်။ထို့နောက် တစ်ခု ကျန်သေးသည်။



မှော်နက်နဲ့ ပတ်သက်တဲ့ကိစ္စ



သတင်းစာထဲတွင် ဖော်ပြခဲ့သည့်အတိုင်း မှော်နက်အသုံးပြုခြင်းကို တားမြစ်ခဲ့မည် ဆိုပါက ကျွန်မထံတွင် စွမ်းရည်ကောင်း တစ်ခု ရှိပါရက်နှင့် အသုံးမပြုနိုင်သောကြောင့် အလွန် စိတ်မကောင်းဖြစ်ရလိမ့်မည်။ထိုကိစ္စထက် စိတ်ပျက်စရာကောင်းသော ကိစ္စ ဟူ၍ မရှိတော့ပေ။ထို့ကြောင့် ကယ်လီယန်၏ ရှေ့တွင် ကျွန်မ ဘုရားကျောင်းသွားမည်ဟု တမင်သက်သက် ပြောလိုက်ရခြင်း ဖြစ်သည်။



အဘယ်ကြောင့်ဆိုသော် ကျွန်မ သူ့ကို စိတ်ကသိကအောက် ဖြစ်သွားအောင် လုပ်ရန် မျှော်လင့်ထား၍ပင်။ထို့နောက် ကျွန်မ မျှော်မှန်းထားသည့်အတိုင်း ကယ်လီယန်က ထိတ်လန့်သွားပြီး ကျွန်မကို တားမြစ်လာသည်။



မင်း ဘယ်တော့မှ ဘုရားကျောင်းကို မသွားရဘူး။ဘယ်တော့၊ဘယ်တော့၊ဘယ်တော့မှပဲ။ အိုကေလား။



ယခုကဲ့သို့ပင်။ကျွန်မ ကယ်လီယန်ကို ပြုံးပြလိုက်သည်။



"ဟုတ်ကဲ့၊ကျွန််မ နားလည်ပါပြီ။ကျွန်မ ကတိပေးပါတယ်။"



ကျွန်မ၏ အဖြေကြောင့် ကယ်လီယန်က စိတ်ကျေနပ်စွာ ပြုံးလိုက်လေသည်။



"အိုကေ၊ကောင်းတယ်။"



"ကျွန်မက ကောင့်မြို့စားကတော် တကယ်ပဲ တောင်းပန်ဖို့ မလိုတော့ဘူးလား။"



"ငါ မင်းကို မလိုဘူးလို့ ပြောပြီးပြီပဲ။ တောင်းပန်ဖို့ သွားပြီး ထူးဆန်းတာတွေ ထပ်လုပ်လာတာထက် မသွားလိုက်တာကပဲ ပိုကောင်းပါတယ်။"



"ဟုတ်ကဲ့"



၎င်းသည်လည်း ကျွန်မ စီစဥ်ထားသည့်အတိုင်း ဖြစ်လာခဲ့သည်။ကျွန်မ အားရပါးရ ပြုံးလိုက်သည့်တိုင် ကယ်လီယန်က သတိမထားမိပေ။



"အဟမ်း"



ကယ်လီယန်က ချောင်းတစ်ချက် ဆိုးလိုက်သည်။ပြီးနောက် သူက ကျွန်မဆီသို့ လက်ဖြန့်ပြလိုက်သည်။ 



"မင်း ငါ့ကို လာတွေ့တာ တခြားအကြောင်းပြချက် ရှိသေးတယ်၊မှန်ရဲ့လား။"



ထိုသို့ ဖြစ်လာမည်ကို ကျွန်မ သိသည်။ကျွန်မ လက်မောင်းကြားတွင် ညှပ်ထားသော စာကို ယူထုတ်လိုက်သည်။



"အရှင့်သား ဒါကို လိုချင်ပါသလား။"



"အင်း"



ကယ်လီယန်သည် ကျွန်မ၏လက်ထဲမှ စာကို ဆတ်ခနဲ ဆွဲယူလိုက်လေသည်။သူက စာကို အမြန်အဆန် ဖွင့်ရန် ကြိုးစားလိုက်ပြီးမှ ကျွန်မ ရှေ့တွင် ရောက်နေသည်ကို သတိထားမိသွားပြီး ဗျစ်တောက်ဗျစ်တောက် ပြောလိုက်ကာ အမူအရာကို ပြန်ထိန်းသိမ်းလိုက်လေသည်။



"နောက်ထပ်တစ်စောင်က တော်ဝင်မိသားစုထဲမှာလို့ မင်း ပြောခဲ့တယ်၊ဟုတ်ရဲ့လား။"



"ဟုတ်ကဲ့၊ အမှန်ပါပဲ။ဘယ်နေရာမှာ ရှိလဲဆိုတာတော့ ကျွန််မ မသိပါဘူး။"



"ရပြီ"


သူ၏တဖျတ်ဖျတ် လက်နေသော မျက်လုံးများကို ကြည့်လိုက်လျှင် တော်ဝင်မိသားစုကို ရှာဖွေရန် သူ အစီအစဥ်ဆွဲနေကြောင်း မြင်နိုင်သည်။သို့သော် ထိုစာကို သူ ရှာတွေ့နိုင်မည် မဟုတ်ပေ။ကျွန်မ ဤသို့ သေချာနေရခြင်းမှာ ကျိန်းသေပေါက် အကြောင်းပြချက်တစ်ခု ရှိလေသည်။



အဲ့ဒါက ဘယ်နေရာမှာလဲဆိုတာ ငါ သိနေလို့ပဲ။



သို့သော် ကျွန််မ သိနေသည့်အကြောင်းကို ထုတ်ပြမည် မဟုတ်ပေ။အမှန်တကယ် နောက်ဆုံးအချိန်ရောက်မှ ကျွန်မ သူ့ကို စာပေးလိုက်လျှင် ကျွန်မကို သူ အထင်ကြီးသွားလိမ့်မည်။



ငါက တော်တော်ဆိုးတာပဲ။



ဒါပေမဲ့ ငါ ဘာတတ်နိုင်မှာလဲ။ငါလဲ အသက်ဆက်ရှင်ချင်တယ်လေ။



ကျွန်မ ကယ်လီယန်ကို ကြည့်လိုက်ပြီး ကိုယ့်လိပ်ပြာ ကိုယ်မလုံဘဲ နောင်တရနေခြင်းကို လျစ်လျူရှုထားရန် ကြိုးပမ်းလိုက်သည်။



"ဘာပဲဖြစ်ဖြစ်ပါ ငါ နားလည်ပြီ။အခု မင်း နောက်ကြောင်းပြန်နေတာကို ရပ်လိုက်တော့။"



ကျွန်မ နှုတ်ခမ်းဆူလိုက်သည်။



"အရှင့်သားက ကျွန်မကို ကျေးဇူးတင်တယ်လို့တောင် မပြောဘူး။"



"ဟား"



ကယ်လီယန်က နှာမှုတ်လိုက်သည်။



"ဘာလဲ၊ငါက ဒူးထောက်ပြီး မင်းကို ကျေးဇူးတင်ပါတယ်လို့ ပြောသင့်တာလား။"



"အိမ်ရှေ့စံ အရှင့်သားရဲ့ ဒူးတွေက ဒီလိုလုပ်ဖို့အတွက် သုံးရမှာ မဟုတ်ပါဘူး ရှင်။"



"ငါ သိတယ်။ဒီတိုင်း ပြောလိုက်တာ။"



ကျွန်မ ပြုံးမိသည်။ပြီးနောက် ဖြည်းဖြည်းချင်း ထရပ်လိုက်သည်။တံခါး ရှိရာသို့ သွားလိုက်ရင်း ကျွန်မ ကယ်လီယန်ရှိရာသို့ ခေါင်းလှည့်လိုက်သည်။



"ဒါပေမဲ့ အနည်းဆုံး တစ်ကြိမ်လောက်တော့ အရှင့်သား ကျွန်မကို ကျေးဇူးတင်ကြောင်း ပြောလာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။"



၎င်းမှာ အမှန်ပင် ဖြစ်သည်။



"ကျွန်မ အမှန်တကယ် ကြားချင်မိပါတယ်။"



ထို့နောက် ကျွန်မ ဆိုဗက်စ်စတာထံမှ ပိုက်ဆံရနိုင်လိမ့်မည်။



ကယ်လီယန်ရဲ့ အမူအရာ ပြောင်းလဲသွားတာက နည်းနည်းတော့ ထူးဆန်းနေသလိုပဲ။ဘာကြောင့်ပါလိမ့်။



ဘာကြောင့် ဖြစ်မည်ကို ခန့်မှန်းရန် ခက်ခဲလှပါ၏။



*



အိမ်ပြန်ရောက်ပြီးနောက် ကျွန်မ အနားယူချင်ပြီ ဖြစ်သည့်တိုင် အနားယူ၍ မရခဲ့ပေ။နေးလ်နှင့် ရစ်ဗက်တို့က ကျွန်မကို ဖမ်းမိသွားလေသည်။



"မဒမ်"



"မဒမ်"



နေးလ်နှင့် ရစ်ဗက်က ကျွန်မကို ပြိုင်တူ ခေါ်လိုက်လေသည်။



"ကျွန်တော်တို့ သင့်တော်မဲ့နေရာတွေ ရှာတွေ့ထားပါပြီ။"



"ကျွန်တော်တို့ ရှာတွေ့ထားပါပြီ။"



သူတို့က စိတ်လှုပ်ရှားမှု အပြည့်ဖြစ်နေပုံရသည်။



ကျွန်မ စိတ်တိုနေတာတောင်မှ သူတို့ကို ရန်မတွေ့နိုင်တော့ဟု ကျွန်မ ခန့်မှန်းမိသည်။



"ငါ့ကို ပြလို့ ရမလား။"



"ဟုတ်ကဲ့"



"ဟုတ်ကဲ့"



သူတို့က ကျွန်မကို အလုပ်ခန်းထဲသို့ ခေါ်သွားကြသည်။အလုပ်ခန်းထဲတွင် အနည်းငယ် ရှုပ်ပွနေလေသည်။ပြန့်ကျဲနေသော မြေပုံများ၊သတင်းစာများ၊တုံးတိတိ ဖြစ်နေသော ခဲတံနှင့် ဖောင်တိန်ထိပ်ဖျားကို မြင်ရမှသာ ဖောင်တိန်မှန်း သိရပါသော ဖောင်တိန်။ 

 

ကောင်းပြီလေ။



နေးလ်၏ ခပ်ပေါ့ပေါ့နှင့် အလွယ်လုပ်တတ်သော အကျင့်စရိုက်ကို စဥ်းစားကြည့်လိုက်ပါက ထိုမြင်ကွင်းမှာ အံ့ဩစရာပင် မဟုတ်တော့ပေ။



သူတို့ ညွှန်ပြသော ထိုင်ခုံတစ်လုံးတွင် ကျွန်မ ဝင်ထိုင်လိုက်ရသည်။



"ဒီမှာပါ၊တစ်ချက် ကြည့်ကြည့်ပါ ခင်ဗျာ။"



"တစ်ချက် ကြည့်ကြည့်ပါ ခင်ဗျာ။"



"ကောင်းပြီ၊ရစ်ဗက်က ဘာဖြစ်လို့ နေးလ်ပြောတဲ့အတိုင်း တစ်ထပ်ထဲ လိုက်ပြောနေရတာလဲ။"



"အာ ၊ဒါက ..."



ရစ်ဗက်က နေးလ်၏ မျက်လုံးကို ကြည့်လိုက်သည်။နေးလ်က သူ့အစား ဖြေပေးလေသည်။



"ဒီကလေးက အခုထိ စကားကို သေသပ်ကျနအောင် ပြောတတ်ဖို့ မသင်ယူခဲ့ရသေးပါဘူး။ဒါကြောင့် ကျွန်တော်က ကျွန်တော် ပြောတဲ့အတိုင်း လိုက်ပြောဖို့ ပြောထားမိပါတယ်။အဲ့ဒီနောက် သူက ဒီလိုမျိုး ပြောနေတော့တာပါပဲ ခင်ဗျာ။"



"အဲ့ဒါအတွက် နင့်မှာ ဂုဏ်ယူစရာ အများကြီး မရှိပါဘူး။"



အိုး၊ဒါက အမှန်တကယ်ကို ဗုံးကြဲတိုက်ခိုက်လိုက်တာပဲ။



နေးလ်၏ မျက်လုံးများ မှေးကျဥ်းသွားသည်။



"မဒမ် ပြောတာက မှန်နေတာကြောင့် ကျွန်တော် မငြင်းတော့ပါဘူး။"



နေးလ်က စိတ်ကောက်သွားသည့်နှယ် နှုတ်ခမ်းများကို တင်းတင်းစေ့ထားလေသည်။သို့သော် ခဏလေးမျှသာ ဖြစ်၏။



ဟူး၊တော်သေးတာပေါ့။



ထို့နောက် သူက ကျွန်မရှေ့ရှိ မြေပုံကို ညွှန်ပြသည်။



"ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာအထိပါ။ကျွန်တော် နေရာသုံးခု ရွေးချယ်ထားပါတယ်။ကျေးဇူးပြုပြီး တစ်ချက် ကြည့်ကြည့်ပါ ခင်ဗျ။"



နေးလ် ပြောသည့် နေရာများသို့ ကျွန်မ ကြည့်လိုက်လျှင် နေရာအားလုံးက ကောင်းသောနေရာများဖြစ်သည်။ဆင်းရဲသားရပ်ကွက်နှင့် အသင့်အတင့် နီးပြီး စီးပွားရေးအချက်အချာဒေသနှင့် အလွန်မကွာဝေးပေ။ကျောင်းဆောက်ရန် အသင့်လျော်ဆုံး ဖြစ်ပေသည်။



"ငါကတော့ သုံးနေရာလုံး အဆင်ပြေတယ်လို့ ထင်တယ်။"



"ဟုတ်လား၊အဆင်ပြေပါသလား ခင်ဗျာ။"



"အဆင်ပြေပါသလား ခင်ဗျာ။"



"အင်း"



ကျွန်မ ခေါင်းငြိမ့်ပြလိုက်သည်။



"နေရာပိုကျယ်တဲ့ တစ်နေရာကို ရွေးလိုက်ရင် ပိုကောင်းမယ်လို့ ငါ တွေးမိတယ်။ကျွန်မသည် မြေကွက်အလွတ်နှင့် ကပ်ရပ်တည်ရှိနေသော နေရာကို ထောက်ပြလိုက်သည်။



"ကျောင်းသားတွေ ပြေးလွှားကစားဖို့ နေရာလိုတယ်လို ငါတွေးမိတယ်။"



ကျွန်မ၏စကားများကြောင့် နေးလ်၏မျက်လုံးများ ပြူးကျယ်သွားသည်။ထို့နောက် သူက ဂရုတစိုက် မေးလာသည်။



"မဒမ် တကယ်ပဲ မိုးကြိုးပစ်ခံလိုက်ရတာတော့ မဟုတ်လောက်ပါဘူးနော်။"



ကျွန်မ အလွန် ပြောင်းလဲသွားသည်ဟု သူ တွေးမိ၍ ထိုသို့မေးခြင်း ဖြစ်လိမ့်မည်။ကျွန်မ သူ့ကို စိုက်ကြည့်လိုက်သည်။



"နင်ရော မိုးကြိုးပစ်တာနဲ့ တူတဲ့ မှော်နက် စွမ်းအင်ကို ခံစားကြည့်ချင်လို့လား။"



"မဟုတ်ရပါဘူး ခင်ဗျာ။"



"မဟုတ်ရပါဘူး ခင်ဗျာ။"



သူတို့နှစ်ယောက်က တစ်ပြိုင်တည်း ဖြေလာလေသည်။၎င်းမှာ ရယ်စရာကောင်းသလို ချစ်စရာလည်း ကောင်းလေသည်။ကျွန်မ အပြုံးတစ်ခု ပြုံးလိုက်မိလေသည်။



"ဘာပဲဖြစ်ဖြစ်ပါ ငါတို့ အဲ့ဒီနေရာကို ရွေးကြမယ်။"



"ကျွန်တော် နားလည်ပါပြီ။"



"ကျွန်တော် နားလည်ပါပြီ။"



သူတို့က အားမာန်အပြည့်နှင့် ဖြေလေသည်။ကျွန်မလည်း ရစ်ဗက်၏ခေါင်းလေးကို တစ်ချက်မျှ ပွတ်သပ်ပေးလိုက်ပြီး ကျွန်မ၏ပါးစပ်ကို နောက်တစ်ကြိမ် ဖွင့်လိုက်သည်။



"အာ၊ပြီးတော့ ..."



"ဟုတ်ကဲ့၊ကျေးဇူးပြုပြီး ပြောပါ ခင်ဗျ။"



"ကျေးဇူးပြုပြီး ပြောပါ ခင်ဗျ။"



သူတို့ကို စိုက်ကြည့်ရင်း ကျွန်မ ပြောလိုက်သည်။



"ကျောင်းရှေ့မှာ ဧကရာဇ်အရှင်ရဲ့ပုံတော်ကို ကျောက်ရုပ်ထု တစ်ခု ထုပြီး ထားချင်တယ်။"



"ခင်ဗျာ !"



"ခင်ဗျာ !"



နေးလ် ထိတ်လန့်သွားသည်ကို တွေ့လိုက်ရသဖြင့် ကျွန်မ အလျင်အမြန် ဆက်ပြောလိုက်သည်။



"တစ်နည်းနည်းတော့ ဒါက အင်ပါယာရဲ့ ကျောင်းတစ်ကျောင်းပဲလေ။ဒီကျောင်းကို တည်ထောင်ရတဲ့ အမှန်တရားကို ဧကရာဇ်အရှင် သိသွားအောင် ဖော်ပြလိုက်တာကလဲ ကောင်းတာပဲ မဟုတ်ဘူးလား။"



"ဒါက မှန်ပါတယ်။ဒါပေမဲ့ ..."



"ဒါက မှန်ပါတယ်။ဒါပေမဲ့ ..."



"သခင်က ခွင့်ပြုမယ် မထင်ပါဘူး ခင်ဗျ။"



"ခွင့်ပြုမယ် မထင်ပါဘူး ခင်ဗျ။"



"ဘုရားသခင်"



ကျွန်မ ပါးစပ်ကို ပိတ်ပြီး ရယ်မောလိုက်မိသည်။



"ငါ ဘယ်အချိန်တုန်းကများ ဆိုဗက်စ်စတာရဲ့ ခွင့်ပြုချက်ရမှ စပြီး လှုပ်ရှားတာမျိုး လုပ်ဖူးလို့လဲ။"



နေးလ်က အကြိမ်များစွာ မျက်တောင်ခတ်လိုက်လေသည်။ထို့နောက် သူက "အာ"ဟု အသံထွက်လာပြီး ခေါင်းငြိမ့်လိုက်၏။



"အမှန်ပါပဲ။"



"ဒါဆို အဲ့လို လုပ်လိုက်တော့။ပြီးတော့ အဲ့ဒါအတွက် စိုးရိမ်မနေနဲ့။"



ကျွန်မ ပြုံးလိုက်ပြီး အလုပ်ခန်းထဲမှ ထွက်လာခဲ့သည်။



*



ထို့နောက် သိပ်မကြာခင်ဘဲ ကျွန်မဆီသို့ ဆိုဗက်စ်စတာ ရောက်ချလာတော့သည်။



"အိုဖီလီယာ!"



ဆိုဗက်စ်စတာသည် တံခါးကို ဗြန်းခနဲ ဖွင့်လိုက်ပြီး ကျွန်မဆီသို့ အပြေးတစ်ပိုင်း ရောက်လာခဲ့သည်။



"မင်း ဘာတွေလုပ်နေတာလဲ။"



ဆိုဗက်စ်စတာ၏ မျက်နှာမှာ အနည်းငယ် စူပွပွ ဖြစ်နေ၏။သူ အမှန်တကယ် ဒေါသဖြစ်နေသည့် ပုံစံပင်။



"ဧကရာဇ်ရဲ့ ပုံတူရုပ်ထု ဟုတ်လား။မင်း ရူးနေတာလားကွ။ငါက ဒါကို ထားခွင့်ပေးမယ်လို့ မင်း ထင်နေလား။"



ကျွန်မမှာလည်း ထိုသို့ ပြုလုပ်သည်မှ တစ်ပါး ရွေးချယ်စရာ မရှိပေ။



မြို့စားကြီးရိုင်ဇန် မိသားစုသည် အင်ပါယာလက်အောက်ခံ မိသားစုဖြစ်သည့်တိုင် တသီးတခြား ကိုယ်ပိုင် ဩဇာအာဏာရှိသော မိသားစုတစ်စု ဖြစ်ပေသည်။ဆိုလိုသည်မှာ ရိုင်ဇန်မိသားစုအပေါ် တော်ဝင်မိသားစု၏ ဩဇာလွှမ်းမိုးမှု သိပ်မရှိဟူ၍ ဖြစ်၏။သို့သော် ဤသို့ ရိုင်ဇန်မိသားစု ပိုင်နက်နယ်မြေပေါ်တွင် ဧကရာဇ်၏ ပုံတူရုပ်ထုကို စိုက်ထူထားမည် ဆိုပါက။



၎င်းက ဧကရာဇ်အပေါ် သစ္စာစောင့်သိခြင်း၏ ပြယုဂ်တစ်ခု အဖြစ် မြင်သွားကြလိမ့်မည်။ဆိုဗက်စ်စတာက ထိုကိစ္စကို စိုးရိမ်နေခြင်းဖြစ်သည်။ကျွန်မ သူ့ကို ပြုံးပြလိုက်မိသည်။



"ရှင်က ဧကရာဇ်နဲ့ တွေ့ချင်တယ်လေ။"



"အမှန်ပါပဲ၊ဒါပေမဲ့ ..."



ဆိုဗက်စ်စတာက နဖူးကို တွန့်လိုက်သည်။



"ဒါပြီးရင် မင်း ဘာဆက်လုပ်မှာလဲ။"



ထိုမေးခွန်း မေးလာနိုင်သည်ကို ကျွန််မ သိပြီးဖြစ်၏။ကျွန်မက ဘာမှ မဖြစ်သည့်နှယ် ပေါ့ပါးစွာ ပြန်ဖြေလိုက်သည်။



"အဲ့ဒါက..."



TK Team
++++++++