Chapter 36
Viewers 9k

> ဇာတ်လိုက်လား? ငါသူ့ကို မလိုချင်ပါဘူး > Ch 36 


'ငါ့ နှလုံးက ခုန်ထွက်တော့မယ်ထင်တယ်!' 

ရို့စ်မယ်ရီသည် အခြားဘက်ရှိ စင်္ကြံအကွယ်တစ်ခုတွင် လျင်မြန်စွာ ဝင်ပုန်းပြီး သူမ၏ ရင်ဘတ်ကို ဆုပ်ကိုင်ထားလိုက်သည်။

'လမ်းလျောက်နေရင်း ရုတ်တရက် လှည့်ကြည့်တာက ဘာလို့လဲ။ သူမငါ့ကိုသတိထားမိသွားတာလား။မဟုတ်လောက်ဖူးမလား။သူမသတိထားမိသွားရင်တော့ သွားပါပြီ!'

ရို့စ်မယ်ရီသည် ပုန်းတာနောက်ကျသွားပြီး သူမကိုသတိမထားမိသွားမည် စိုးရိမ်နေကာ ခန္ဓာကိုယ်တစ်ခုလုံးတုန်နေမိသည်။

ရို့စ်မယ်ရီသည် အသက်ရှုအောင့်လိုက်ပြီး သူမနားရွက်များ အုပ်ထားလိုက်သည်။ ကံကောင်းထောက်မစွာဖြင့် ခြေသံများ နီးကပ်လာသည်ကို မကြားခဲ့ရပေ။

ရို့စ်မယ်ရီသည် သက်သာရာ ရသွားပြီး သူမကိုယ်သူမ တည်ငြိမ်အောင်လုပ်လိုက်၍ လူနာကို ပိုသတိထားကာစောင့်ကြည့်နေတော့သည်။

"ဒီအိမ်က ဈေးဘယ်လောက်လဲ" 

"အိုး ပေးရမယ့်ဈေးက ရွှေတစ်သောင်းပဲ" 

"ရွှေ တစ်သောင်းလား" 

ဗိုင်းကောင့် နောက်သို့လိုက်နေသော လူနာသည် ရုတ်တရက် အံ့အားသင့်စွာ ရပ်လိုက်မိသည်။ 

ဒီလို အဖိုးတန် ခမ်းနားလှပတဲ့ စံအိမ်ကြီးက ရွှေတစ်သောင်းထဲလား!

စောစောက သူမမြင်ခဲ့ရသော စံအိမ်ကြီးနဲ့ပင် နှိုင်းယှဥ် မရနေပေ။ ဒီမှာရှိနေ‌သည့် နှင်းဆီပန်းများ၏ တန်ဖိုးတင်ပင် ရွှေ တစ်သောင်းအနည်းဆုံးရှိလောက်ပေမည်။

နှင်းဆီပန်းချည်းပဲ ရွှေတစ်သောင်းခွဲ ဆိုရင်တောင် သူမကျေးဇူးတင်နေလိမ့်မည်ဖြစ်သည်...

သို့သော်လည်း ဗိုင်းကောင့်သည် လူနာ၏ ၏မှတ်ချက်ကို နားလည်မှုလွဲသွားခဲ့သည်။

"ဒါပေါ့ လေဒီကက သခင်လေးအန်းသန့်စ် မိတ်ဆက်မေးထားတာဆိုတော့ ပိုင်ရှင်နဲ့ စကားပြောပြီး နောက်ထပ် ရွှေ နှစ်ထောင့်သုံးရာလောက် လျော့ဖို့ညှိလို့ရနိုင်လောက်တယ်"

အရမ်း ဈေးပေါတာပဲ။ တကယ်ဖြစ်နိုင်ပါ့မလား။

လူနာသည် အံ့သြစွာဖြင့် မျက်လုံးပြူးကျယ်လိုက်သောအခါ ဗိုင်းကောင့်သည် သူ့သွားများကို တိတ်တဆိတ်ကြိတ်လိုက်သည်။ 

'သူမက ဘယ်လောက်တောင်လျှော့ချင်နေတာလဲ' 

သခင်လေးအန်းသန့်စ် မိတ်ဆက်ပေးလာကတည်းက သူ့အတွက် အမြတ်နည်းနည်းသာယူပြီး စျေးပေးထားခဲ့သည်။

ဒါပေမယ့် သူသည် သူမအား အဲ့လောက်စျေးပေါတာလိုချင်ရင် တခြားစံအိမ်ကြီးကိုသာ ကြည့်ဟု ပြောလို့မရပေ။

'မားကွစ်မြို့စားက ငါတို့မိသားစုကို အခြေကျပြီးနေရာရအောင်ကူညီပေးခဲ့တယ်။ ငါတို့က သူ့အပေါ် ကျေးဇူးဆပ်သင့်တယ်'

မားကွစ်ဗင်းဆင့်မြို့စားအပေါ် ကျေးဇူးဆပ်သင့်ကြောင်းတွေးလိုက်ပြီး ဗိုင်းကောင့်သည် တွန့်ဆုတ်စွာဖြင့် စျေးနှုန်းကို ထပ်မံလျှော့ချရန်လုပ်ခဲ့သည်။

"...ဒါက ဈေးများနေသေးရင် နောက်ထပ် ရွှေ ၁၀၀၀ လျှော့ပေးပါ့မယ်"

ရယ်စရာကောင်းလောက်အောင် ဈေးကထိုးကျသွားသောအခါတွင် လူနာသည် ဒီစံအိမ်ကြီးကို ဝယ်ဖို့ စိတ်မဝင်စားတော့ပေ။စိတ်ကောင်းစေတနာကောင်းဖြင့် ဤမျှ‌နည်းသောစျေးနှုန်းဖြင့် စံအိမ်ကြီးအား ရောင်းရန်မှာ မဖြစ်နိုင်ပေ။ 

စကားဝိုင်းက လမ်းကြောင်းလွဲသွားတော့သည်။ လူနာက သံသယမျက်လုံးဖြင့် မေးလိုက်သည်။ 

"စံအိမ်ကြီးမှာ ချို့ယွင်းချက်တစ်ခုခုရှိနေတာလား" 

သူမက စံအိမ်ကြီး၏ချို့ယွင်းချက်များကို ထောက်ပြပြီး စျေးနှုန်းညှိနှိုင်းဖို့ ရည်ရွယ်ထားတာများလား။

လူများစွာသည် သူတို့၏ အာဏာနှင့် အဆင့်အတန်းများကို အသုံးပြု၍ သိမ်မွေ့စွာ လျော့ဈေးရရန်ကြိုးစားကြတာကို သူမြင်ဖူးသော်လည်း ဤမျှ ပွင့်လင်းအောင်ဈေးချခိုင်းသော တစ်စုံတစ်ဦးနှင့် တွေ့ရသည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။

'ထားတော့ နောက်ဆုံးတော့လည်း သူမက အဲဒီလူရဲ့ ချစ်သူပဲ'

ဗိုင်းကောင့်သည် စျေးနှုန်းအလွန်အကျွံလျှော့ချခြင်းအား နောင်တရခဲ့သော်လည်း အိမ်ကြီးတွင် မည်သည့်ချို့ယွင်းချက်မှမရှိကြောင်း ပြတ်ပြတ်သားသားငြင်းဆိုရန် ပွဲစားအမူအရာအဖြစ် ပြန်လည်စတင်ခဲ့သည်။

"လုံးဝမဟုတ်ပါဘူး။ ချို့ယွင်းတာလား။ ဒီစံအိမ်က ကျွန်တော်တို့နေ့စဉ်ထိန်းသိမ်းထားတဲ့ စံအိမ်ကြီးဖြစ်တယ်။ လေဒီ မြင်ခဲ့တာပဲမလား။ဒါက အရမ်းခမ်းနားတဲ့အိမ်ကြီးမဟုတ်ဘူးလား"

"ဒါဆို ဘာလို့ ဒီလောက်စျေးပေါနေရတာလဲ"

"အာ…ခွင့်လွှတ်ပါ"

"ရွှေတစ်သောင်းခွဲနဲ့ ပေးရင်တောင်မှ ထူးဆန်းတဲ့အိမ်ကြီးဖြသ်လိမ့်မယ်။ ချို့ယွင်းချက်မရှိရင် ဒီလောက်စျေးမနည်းသင့်ဘူးမလား"

လူနာသည် အပြစ်အနာအဆာများကို လက်ခံလိုစိတ်ရှိသကဲ့သို့ ရိုးရှင်းသောအဖြေတစ်ခုကို သူ့ဆီမှ တောင်းလာခဲ့သည်။

ထိုမှသာ ဗိုင်းကောင့်သည် လူနာ အံ့အားသင့်ခဲ့ရသည့် အကြောင်းရင်းကို နားလည်သွားတော့သည်။အဲ့တာက စျေးကြီးတာကြောင့် မဟုတ်ဘဲ စျေးအရမ်းပေါနေတာကြောင့်ပင်။

အဖြစ်မှန်ကိုမသိဘဲ သူမအပေါ် ဝေဖန်မိခြင်းအတွက် နောင်တရကာ သက်ပြင်းချလိုက်မိသည်။

"အာ ... သိပါပြီ။ကျွန်တော်က လေဒီ လျှော့ဈေးနဲ့ လိုချင်တယ်လို့ထင်ခဲ့တာ…"

"ဟင်။ ကျွန်မက ဘာလို့အဲ့လိုလုပ်ရမှာလဲ။ကျွန်မ ပစ္စည်းတွေရဲ့တန်ဖိုးကိုသိပါတယ်။ ဒါပေါ့ ဈေးပေါပေါနဲ့ဝယ်ရတာ ကောင်းပေမယ့် အရမ်းစျေးသက်သာနေရင် ကျွန်မအမြဲတမ်း သံသယဝင်မိမှာပဲ။ ကျွန်မ မသေခင်အထိ ချို့ယွင်းချက်တွေကို လိုက်ရှာနေမိလိမ့်မယ်"

"ကျွန်တော် တောင်းပန်ပါတယ်။ ကျွန်တော် အရမ်းလောပြီး နားလည်မှုလွဲမိခဲ့တယ်။ ကျွန်တော် တကယ်တောင်းပန်ပါတယ်"

ဗိုင်းကောင့်က လေးလေးနက်နက်ဦးညွှတ်ကာ တောင်းပန်စကားဆိုလာခဲ့သည်။ သူသည် လူနာကို လွဲမှားစွာ ဝေဖန်ခဲ့မိသော်လည်း သူမကမူ ဒါကိုသတိမထားမိဘဲ သိချင်စိတ်သာရှိခဲ့သည်။

ဒါက အရမ်း ယဉ်ယဉ်ကျေးကျေး တောင်းပန်နေတာမဟုတ်ဘူးလား။ ဒါမှမဟုတ် သူက အမြဲတမ်း ယဉ်ကျေးနေတာလား။

ဂုဏ်သိက္ခာနှင့် သူမထက်အသက်အရွယ်ကြီးသူ တစ်ဦးက ဤအသေးအဖွဲကိစ္စအတွက် စိတ်ရင်းမှန်ဖြင့် တောင်းပန်နေတာကို မြင်လိုက်ရခြင်းကြောင့် သူမကို့ရို့ကားယားဖြစ်မိသွားသည်။

"ဒါက မလိုပါဘူး။ ကြည့်ရတာ ကျွန်မဘက်က မှန်မှန်ကန်ကန် မပြောမိခဲ့တဲ့ပုံပဲ။ ကျွန်မသာ စျေးပေါလွန်းတဲ့အကြောင်း ပြောလိုက်မိရင် ဒါကရှင်းသွားမှာ။ အသေးအမွှားလေးနဲ့ နားလည်မှုလွဲတာ အများကြီး တောင်းပန်နေဖို့ မလိုပါဘူး"

လူနာ၏ပြောဆိုမှုကြောင့် အပြစ်ရှိစိတ်ဖြစ်နေသော ဗိုင်းကောင့်သည် အံ့အားသင့်သွားပြီး နောက်တစ်ခါထပ်တောင်းပန်လာခဲ့သည်။

"မဟုတ်ပါဘူး၊ ကျွန်တော့်ဘက်က ကောက်ချက်အရင်မချဘဲ အကြောင်းပြချက်ကို အရင်တောင်းခဲ့သင့်တာ။ ကျွန်တော် တောင်းပန်ပါတယ်"

"ဒါက အဆင်ပြေပါတယ်"

"မဟုတ်ဘူး ကျွန်တော်တကယ်"

"တကယ်တော့ ဒါကအဆင်ပြေပါတယ်။ ကျွန်မကသာ တောင်းပန်သင့်တဲ့သူပါ"

"မဟုတ်ဘူး၊ ကျွန်တော်ကသာ.. "

စင်္ကြံနောက်ကွယ်ရှိ အခြေအနေတစ်ခုလုံးကို တိတ်တဆိတ်ကြည့်နေခဲ့သည့် ရို့စ်မယ်ရီသည် အံ့ဩလွန်းနေပြီး သူမပါးစပ်ကို အမြန်ပိတ်လိုက်သည်။

'သူတို့ အခု ဘာလုပ်နေကြတာလဲ...'

တစ်ယောက်နဲ့တစ်ယောက် ဘာလို့ဒီလောက်တောင်းပန်နေကြတာလဲ။ သူတို့ရူးသွားကြပြီလား။

အမှားလေးတစ်ခုတောင်မှ လျစ်လျူမရှုပဲ ပြန်တောင်းပန်တတ်တဲ့သူမက အန်းသန့်စ် ရဲ့ချစ်သူဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။

အကယ်၍ သူမသာ နာမည်ဆိုးနှင့်ကျော်ကြားသော အန်းသန့်စ်၏ ချစ်သူအမှန်ဖြစ်ပါက သူမသည် သူမဂုဏ်သိက္ခာနှင့် လျော်ညီအောင် ဗိုင်းကောင့်၏မျက်နှာကို အကြောင်းပြချက်မရှိ ပါးရိုက်ပစ်သင့်သည်... သို့တိုင်အောင် အကြောင်းတစ်ခုခုကြောင့် အချင်းချင်း အလှည့်ကျ တောင်းပန်နေကြသည်။ ဘယ်သူက ပိုတောင်းပန်နိုင်လဲဆိုတာ ပြိုင်နေသလိုပဲ။

'ဒီလိုမျိုး တစ်ယောက်အပေါ် တစ်ယောက် အရှက်ရစေတာက ပျော်စရာကောင်းလို့များလား'

အကယ်၍ သူမသာ ထိုအရူး၏ ချစ်သူမဟုတ်ဘူးလား။ သူမ လှည့်စားခံရတာလား။

ထိုမေးခွန်းများအားလုံးကို သူမဘာသာမေးပြီးနောက် အဆုံးတွင် သူမသည် 'မလိုဘူး ကျေးဇူးပဲ' ဟုပြောပြီး စာချုပ်ကို ဖျက်ပစ်လို့ရနိုင်သည်။

ရို့စ်မယ်ရီသည် အလွန်ယုတ္တိရှိရှိ ကောက်ချက်ချလိုက်ပြီး လူနာ၏ လုပ်ရပ်ကို စေ့စေ့ကြည့်ရှုခဲ့သည်။

ဤအချိန်အတွင်း ဘယ်သူပိုတောင်းပန်နိုင်မလဲဆိုတာ ပြိုင်နေကြသည့် လူနာသည် ရုတ်တရက် တောင်းပန်ခြင်းမှလွတ်မြောက်ရန် ခေါင်းစဉ်ပြောင်းလိုက်သည်။

"ဒီမှာ နည်းနည်းပူသလိုပဲ။ကျွန်မ လေကောင်းလေသန့် လိုချင်လာသလိုပဲ"

ထိုအချိန်တွင် ထပ်မံတောင်းပန်မည့်သူသည်ရပ်သွားပြီ လေကောင်းလေသန့်ရှုရန် လမ်းပြသလာခဲ့သည်။ သူလည်း တောင်းပန်ခြင်းက ဝန်ထုပ်ဝန်ပိုးဖြစ်ကောင်း သိလာပုံရသည်။

"ဒီလမ်းကနေ သွားပါ။ ကျွန်တော် လေဒီ့နဲ့အတူလိုက်ပေးရမလား"

သို့သော် အပြင်သို့ဦးတည်သောလမ်းသည် ရို့စ်မယ်ရီပုန်းအောင်းနေသော စင်္ကြံကိုဖြတ်သွားရမည်ဖြစ်သည်။

'မဟုတ်ဘူးဘာလို့လဲ!'

ရို့စ်မယ်ရီသည် ထိပ်လန့်သွားပြီး လူနာ သူမကိုမမြင်ခင် စင်္ကြံထောင့်မှ အမြန်ထွက်သွားရန်လုပ်လိုက်သည်။

'အိုး သေသမ်း! ငါ့ခြေထောက်တွေ ထုံနေပြီ!'

ကံမကောင်းစွာဖြင့် သူမသည် လူနာအား အချိန်အတော်ကြာ ကို့ရို့ကားယားရပ်ကြည့်နေခဲ့သောကြောင့် သူမ၏ခြေထောက်သည် ထုံထိုင်းနေခဲ့သည်။ သူမ ခြေလှမ်းတစ်လှမ်း လှမ်းလိုက်တိုင်း သူမ၏ ခြေထောက် ပြိုလဲကျလုနီးပါး ခံစားလိုက်ရသည်။

"အဆင်ပြေပါတယ်။ ကျွန်မက ဒီတိုင်း ခဏလောက် အပြင်ထွက်မလို့ပါ"

ရုတ်တရက် ခြေသံများ နီးကပ်လာသည်ကို သူမကြားလိုက်ရသည်။ ရို့စ်မယ်ရီသည် သူမနှုတ်ခမ်းကို ကိုက်ကာ ခြေထောက်များကို အမြန်ရွှေ့လိုက်သည်။

သူမ လျင်မြန်စွာ ရွေ့လျားရန် ကြိုးစားပေမယ့် သူမခန္ဓာကိုယ်က ပူးပေါင်းဆောင်ရွက်မည်ဟု မဆိုလိုပေ။

သူမ ချော်ထွက်ခါနီးမှာပဲ အနက်ရောင် ချောမွေ့သော ဆံပင်များက သူမ၏ အမြင်ကို ပိတ်ဆို့သွားတော့သည်။

"အဆင်ပြေရဲ့လား!"

"…!?"

ကျောက်မျက်များ ပြည့်နှက်နေသော သမုဒ္ဒရာယာကဲ့သို့ လှပသော မျက်လုံးများက ရို့စ်မယ်ရီ၏ အခြေအနေကို စူးစမ်းလာခဲ့သည်။

ဒါက လူနာပင်! ရို့စ်မယ်ရီသည် တင်ပါးနှင့် ကြမ်းပြင်မထိစမ်မီမှာပဲ လူနာသည် သူမအား လက်မောင်းကနေ ဖမ်း‌ကိုင်ပေးလာခဲ့သည်။

"အဆင်ပြေရဲ့လား။နာသွားသေးလား"

ထူးဆန်းစွာဖြင့် သူမမေးခွန်းတစ်ခုမေးလိုက်တိုင်း သူမ၏မျက်နှာသည် တောက်ပလာခဲ့သည်။

ဘာတွေဖြစ်နေတာလဲ! ရို့စ်မယ်ရီ၏ မျက်နှာ နီရဲတက်လာခဲ့ပြီး ရှက်ရဲရဲဖြင့်ခေါင်းညိတ်ပြလိုက်သည်။

"တော်သေးတာပေါ့။ နင် ငါ့ကို တကယ် ထိတ်လန့်စေတာပဲ"

လူနာသည် မူးဝေနေသော ရို့စ်မယ်ရီကို မတ်တပ်ပြန်ရပ်နိုင်အောင် အမြန်ကူညီခဲ့သည်။

သူမသည် သူ့ကိုယ်သူ ဖြောင့်မတ်စွာထားသင့်သော်လည်း ရို့စ်မယ်ရီသည် လူနာ၏မျက်နှာကြောင့် ဖမ်းစားခံလိုက်ရပြီး သူမကို ရိုးရိုးရှင်းရှင်း စိုက်ကြည့်နေသည်။

"… လေဒီရို့စ်မယ်ရီ?"

လူနာ၏နောက်မှ ရိုယာသည် အခြေအနေနှင့်ရို့စ်မယ်ရီကိုသတိပြုမိသွားပြီး အံ့အားသင့်စွာဖြင့် မျက်လုံးများပြူးကျယ်သွားခဲ့သည်။

"ရိုယာ ရှင် သူမကိုသိတာလား"

"အာ ဟုတ်တယ်…"

ဒါပေါ့ သူမကို ကောင်းကောင်းသိတာပေါ့… ကျွန်တော်က သူမမိသားစုအတွက် အလုပ်လုပ်ပေးနေရတာလေ!

ရိုယာသည် ဤသို့မပြောမီ ရို့စ်မယ်ရီ၏စူးရှသောအကြည့်ကြောင့် ရုတ်တရက် ပါးစပ်ကိုပိတ်လိုက်သည်။

မသင့်တော်တာတစ်ခုခုပြောမိမှာကို စိုးရိမ်တာကြောင့် ရို့စ်မယ်ရီက သူမ၏ ကိုယ်ဟန်အနေအထားကို ချိန်ညှိပြီး လူနာကို နှုတ်ဆက်လိုက်သည်။

"အာ နင် အိမ်ကြီးကို ကြည့်ဖို့လာတယ်လို့ ငါကြားလို့ ငါက အထောက်အကူ ဖြစ်နိုင်မလားလို့ တွေးခဲ့တာ။ ငါ့ရဲ့ ရုတ်တရက်ပေါ်လာမိတဲ့အသွင်အပြင်ကြောင့် တောင်းပန်ပါတယ်။ နင် စံအိမ်ကြီးကိုကြိုက်ရဲ့လားဟင် "

သူမ၏ စကားများသည် နှုတ်ဆက်ခြင်းနှင့် ဆင်ခြေများ ရောနှောပါနေသည်။ သူမ၏ အမူအရာမှာ ထူးခြားနေပြီး ကို့ရို့ကားယားဖြစ်နေသည်။

လူနာ၏စိတ်ထဲတွင် အစောပိုင်းက မမျှော်လင့်ထားသော မတော်တဆမှုကြောင့် ထိတ်လန့်ခဲ့ရသောခံစားချက်က ပျောက်ကွယ်သွားခဲ့ပြီး ရုတ်တရက် သူမ၏ချစ်စရာပုံစံလေးက အမြန်အစားထိုးလာခဲ့သည်။

လူနာသည် ရို့စ်မယ်ရီက သူမနောက်လိုက်ကြောင်းတောင် သံသယမရှိနေဘဲ ပြန်ဖြေလိုက်သည်။

"ဟုတ်တယ်၊ ငါ အရမ်းကြိုက်လို့ ဝယ်ဖို့ တောင်စဉ်းစားထားတာ။ စံအိမ်ကြီးနဲ့ ပတ်သက်ပြီး မေးစရာတွေ အများကြီးရှိခဲ့ပြီး နင့်ကို တွေ့ချင်ခဲ့တယ်။ နင် ဒီမှာရှိနေတာ ကံကောင်းတာပဲ"

"ငါတို့ လက်ဖက်ရည်သောက်ရင်း စကားပြောကြရင်ရော ဘယ်လိုလဲ။ အမှန်တော့ လက်ဖက်ရည်အချိုနဲ့ သရေစာတွေ ပြင်ဆင်ထားခဲ့တယ်။ နို့လက်ဖက်ရည်ကြိုက်လားဟင်။ ငါ့မှာ ဆေးဖက်ဝင်လက်ဖက်လည်းရှိတယ်"

နင် လိုချင်သမျှ ငါ့ကိုသာပြောလိုက်! ပြီးတော့ ကျေးဇူးပြုပြီး ငါနဲ့အတူ လက်ဖက်ရည်သောက်ပေးပါ။

လူနာသည် တောက်ပနေသော မြစိမ်းရောင်မျက်လုံးများကို ရင်ဆိုင်လိုက်ရသောကြောင့် ခေတ္တမျှ မျက်တောင် ပုတ်ခတ်ပုတ်ခတ်ဖြစ်သွားမိသည်။ ဒါက သူမအား တစ်ယောက်ယောက်ကို သတိရစေခဲ့သည်။

'ဒီသူမက တကယ် ဒီစံအိမ်ကြီးကို အဲ့လောက်တောင်ရောင်းချင်နေတာလား'

အဲဒီလောက်ထိ ဝေးအောင်သွားစရာ မလိုပေ။ ရိုးရိုးရှင်းရှင်းပဲ ရောင်းဖို့ ကမ်းလှမ်းလာရင်တောင်မှ ကျေးဇူးတင်လို့ အကြိမ်ကြိမ်ဦးညွှတ်လောက်ရမယ့်အထိ လှပသောစံအိမ်ကြီးဖြစ်သည်။

…အဲ့လိုပြောမှ နည်းနည်းရင်းနှီးသလို ခံစားလိုက်ရသည်။ 

သူမ ဘယ်မှာ မြင်ဖူးခဲ့တာလဲ။ မကြာသေးမီက တွေ့ဖူးသလိုပဲ... သိပ်မကြာသေးဘူး။

လူနာ တွေးနေချိန်မှာပဲ ရို့စ်မယ်ရီသည် လူနာကို အဖြေတစ်ခုပေးဖို့ အလျင်စလို တိုက်တွန်းလာခဲ့သည်။

"လက်ဖက်ရည်ထက် ဝိုင်ကို ပိုကြိုက်တာလား။ ငါ့မှာ တန်ဖိုးရှိတဲ့ဝိုင်အချို့ရှိတယ်! အဲ့တော့ နင်ဘာလိုချင်လဲ ငါ့ကို ပြောလို့ရတယ်ယ။ ငါချက်ချင်းပြင်ဆင်ခိုင်းလိုက်မယ်"

လူနာသည် ထပ်တွေးချင်သေးသော်လည်း မဖြစ်နိုင်တော့ပေ။ ရို့စ်မယ်ရီ ကြည့်ရသည်မှာ ငြင်းပယ်ခံရမှာကို ကြောက်နေပုံရသည်။

သူမသည် ပိုင်ရှင်၏ အာရုံစူးစိုက်မှုရအောင် စိတ်အားထက်သန်စွာတောင်းဆိုနေသော သေးငယ်ပြီး ချစ်စရာကောင်းလှသည့် အိမ်မွေးတိရစ္ဆာန်လေးတစ်ကောင်နှင့်ပင်တူလှသည်။ လူနာသည် ဤမျှချစ်စရာကောင်းသော အမျိုးသမီးနှင့်တွေ့ပြီး လျစ်လျူရှုသလိုပြုမူရန် မဖြစ်နိုင်ပေ။

ထိုကဲ့သို့ မိုက်မဲသော အတွေးများကို ပယ်ချလိုက်ပြီး လူနာက အပြုံးဖြင့် ပြန်ပြောလိုက်သည်-

"ဒါဆို နင့်ရဲ့ ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်"

ရို့စ်မယ်ရီ၏မျက်နှာသည် ချက်ချင်းတောက်ပလာပြီး လူနာကို ဧည့်ခံခန်းဆီ ခေါ်သွားလိုက်သည်။

အခြေအနေကြောင့် ဇဝေဇဝါဖြစ်နေသော ရှေ့နေရိုယာ သည် သူတို့နောက်သို့ လိုက်တော့မည့်အချိန်မှာပဲ လက်တစ်ဖက်က ရုတ်တရက် ဆန့်ထွက်ကာ သူ့ကို ရပ်တန့်လိုက်သည်။

"…မစ္စတာ။ ဝီလီယမ်!"

ထိုသူမှာ မားကွစ် မိသားစု၏ အိမ်တော်ထိန်းဖြစ်သူ ဝီလီယမ်ဖြစ်ပြီး အခြေအနေကို အစမှအဆုံးယ စောင့်ကြည့်လေ့လာနေခဲ့သူဖြစ်သည်။ သူက အလွန်လေးနက်သော မျက်နှာဖြင့် ရိုယာကို အကြံပေးလာခဲ့သည် ။

" ပေါ့ပေါ့ဆဆ ဘာမှမပြောနဲ့"

"…ဘာကိုလဲ"

ရိုယာစိတ်ရှုပ်သွားမိသည်။

ရိုယာက အံ့သြသောအမူအရာနှင့် မေးမြန်းလာသောကြောင့် ဝီလီယမ်က ထပ်အကြံပြုလိုက်သည်။

"သခင်မလေးရို့စ်မယ်ရီက ဒါကို ကိုင်တွယ်မှာမို့ ကျေးဇူးပြုပြီး တိတ်တိတ်နေပေးပါ"

"ဒါဆို သခင်မလေးရို့စ်မယ်ရီက ဒီအခြေအနေတွေအားလုံး ကြိုးကိုင်နေတယ်လို့ ပြောချင်‌တာလား။ ခင်ဗျားအကုန်သိပြီးသားမလား!"

"ဒီလောက် ရှင်းလင်းနေတာကို ဘာလို့ ထပ်မေးနေတာလဲ"

အစပိုင်းတွင် အကြံဉာဏ်ကို ပြုလုပ်ခဲ့သူမှာ ဝီလီယမ်ဖြစ်သော်လည်း၊ ၎င်းကို လိုက်လျောခဲ့သူမှာ ရို့စ်မယ်ရီဖြစ်သည်။

ဝီလီယမ်က ဒါက မိုက်မဲသည့် မေးခွန်းတစ်ခုလိုပြောလာခဲ့သည်။ ရိုယာသည် 'ငါဘာလုပ်ရမလဲ' ဟုတွေးကာ အကြီးအကျယ် စိတ်ပူပန်လာခဲ့သည်။

ဝီလီယမ်၏အပြုအမူကို ပြန်ထည့်သွင်းစဉ်းစားပြီး သူသည် အနာဂတ်တွင် လူနာကို ကျောထောက်နောက်ခံထားပြ သက်တောင့်သက်သာ အနားယူရန် ရည်မှန်းခဲ့သောကြောင့် ဘာမှဖြစ်မလာမီ စကားအမြန်ပြောဆိုတာက အကောင်းဆုံးဟု ခံစားခဲ့ရသည်။

ရိုယာ၏ တုံ့ဆိုင်းမှုကို သတိပြုမိသောကြောင့် ဝီလီယမ်က ခေါင်းခါလိုက်သည်။

"နောက်ဆယ်နှစ်အထိ ဆင်းရဲဒုက္ခမခံချင်ရင် ငြိမ်ငြိမ်နေလိုက်"

ဒါက ရိုယာကို ချောက်အစွန်းထိရောက်သွားစေသော အကြံပေးချက်ဖြစ်သည် အိမ်တော်ထိန်းမှဖော်ပြခဲ့သည့်တိကျသောအချိန်ကာလ 'ဆယ်နှစ်'ကနေ ရိုယာသည်သူ့သတိပေးချက်၏ဆွဲငင်အားကိုတိုင်းတာနိုင်ပေသည်။

ဟုတ်ပါသည်။ ဝီလီယမ်က ရိုယာ အတွက် လုံးဝစိတ်မပူနေပေ။ ရိုယာကသာ ဂရုမစိုက်ဘဲ ပြဿနာကို ဖြစ်စေခဲ့လျှင် ဝီလီယမ်သည်လည်း ဒီတိုင်းငြိမ်နေမှာမဟုတ်ပေ။

နောက်ဆုံးတွင် ဝီလီယမ်သည် ရိုယာကို လေးနက်စွာပြောလိုက်သည်။

"မင်းတကယ်ပူပန်နေတယ်ဆိုရင် ပြီးရင် ချော်လဲနေလို့ကြာနေတာလို့ပြောလိုက်"

“…”

ရိုယာ သည် အခြေအနေအရပ်ရပ်ကို ရှောင်လွှဲရန် မလိုအပ်ဟု ခံစားမိသော်လည်း ရို့စ်မယ်ရီ၏ ဇွဲလုံ့လနှင့် စကားပြောဆိုနိုင်စွမ်းကို စိတ်ထဲတွင် စွဲကာသတိရမိသွားခဲ့သည်။

"ဒါဆို အဲ့လိုမျိုးကြုံလာရရင် ကျေးဇူးပြုပြီး ကျွန်တော့်သတိပေးပေးပါ။ကျွန်တော် အဲ့လိုမျိုး ဒုက္ခရောက်အောင်လုပ်မိခါနီးရင် ကျေးဇူးပြုပြီး သတိပေးလိုက်ပါ"

ရိုယာ၏ လေးနက်သော တောင်းဆိုမှုကြောင့် ဝီလီယံသည် ခေါင်းညိတ်ပြလိုက်သည်။ ငြိမ်းချမ်းသောနေ့စဉ်ဘဝအတွက် သေးငယ်သောမဟာမိတ်အဖွဲ့တစ်ခုဖွဲ့ခဲ့တော့သည်။

TK Team