>ဇာတ်လိုက်လား? ငါသူ့ကို မလိုချင်ပါဘူး > Ch 32
"ကျေးဇူးအရမ်းတင်ပါတယ်။ လူနာ ဘယ်လောက်ပဲ ကျွမ်းကျင်နေပါစေ ငါလေးလေးနက်နက် စိတ်ပူခဲ့ရတာ။ဒါပေမယ့် အခုနောက်ဆုံးတော့ ပဲလ်နယ်မြေကို စိတ်အေးလက်အေးနဲ့ သွားနိုင်ပြီ"
ဘယ်ရွန်မြို့စားသည် တရားရုံးမှထွက်ခွာကာ သူ၏ရထားပေါ်တက်ပြီးနောက်တွင် ရိုယာ၏လက်ကိုကိုင်၍ ကျေးဇူးတင်ကြောင်းဖော်ပြခဲ့သည်။
သူ၏အကူအညီမှာ တန်ဖိုးမဖြတ်နိုင်သောကြောင့် လူနာသည်လည်း ကျေးဇူးတင်ကြောင်း ဖော်ပြဖို့ မမေ့ခဲ့ပေ။
"ကျေးဇူးအများကြီးတင်ပါတယ်။ ရှင့်ကို ဘယ်လိုကျေးဇူးပြန်ဆပ်ရမလဲဆိုတာ ကျွန်မစဉ်းစားလို့တောင်မရတော့ဘူး"
ရိုယာသည် လူနာ၏ ကြင်နာသော စကားများအပေါ် စိတ်အားထက်သန်စွာ တုံ့ပြန်ခဲ့သည်။
"ဘာလို့ ကျေးဇူးပြန်ဆပ်ဖို့အကြောင်းပြောနေရတာလဲ။ ကျွန်တော်က လုပ်စရာရှိတာကို လုပ်ခဲ့တာပါ။ သခင်လေး အန်းသန့်စ်နဲ့ ကောင်းကောင်းဆက်တွဲပေးနေရုံနဲ့တင် လုံလောက်ပါပြီ"
မဟုတ်သေးဘူးလေ။ ဒါက သူမ ကျေးဇူးပြန်ဆပ်မယ်လို့ ကမ်းလှမ်းနိုင်တဲ့အရာမှမဟုတ်တာ...
ဘယ်ရွန်မြို့စားသည် ရိုယာ၏ တောင်းဆိုမှုကြောင့် အားရဝမ်းသာရယ်မောလာခဲ့သည်။ လူနာသည် ပြတ်ပြတ်သားသား သဘောမတူနိုင်သောကြောင့် အပြုံးလေးဖြင့်သာ ရှောင်လွှဲတုံ့ပြန်ခဲ့လိုက်သည်။
"ရှင် တစ်ခုခုလိုအပ်ရင် ကျွန်မကိုပြောလို့ရတယ်"
"ကျွန်တော်က ဘာမှ မလိုပါဘူး။ သခင်လေး အန်းသန့်စ်နဲ့အဆင်ပြေပြေတွဲနေတာကိုမြင်ရတာနဲ့တင် လုံလောက်ပါတယ်"
"ဟင်းဟင်း! ဘာပဲဖြစ်ဖြစ် ရှင်တခြားလိုချင်တဲ့ဆန္ဒရှိရင် ကျွန်မကို ပြောလို့ရတယ်"
"တကယ်တော့ ဘာမှကိုမရှိပါဘူး။ သခင်လေးအန်းသန့်စ်နဲ့ ဆက်တွဲတာနဲ့တင် လုံလောက်..."
မဟုတ်ဘူးလေ။သူမဆိုလိုချင်တာ ဒါမှမဟုတ်တာ!
ရိုယာသည် ကြက်တူရွေးနှုတ်တိုက်ဆောင်သကဲ့သို့ တူညီသောစကားကိုသာ ထပ်ခါတလဲလဲ ပြောလာသောကြောင့် လူနာသည် စကားလမ်းကြောင်းပြောင်းရန် ခေါင်းစဉ်ပြောင်းလဲလိုက်သည်။
"ဒါဆို ရှင်အခုထွက်သွားတော့မှာလား"
"မသွားသေးဘူး ကျွန်တော့်မှာ လုပ်စရာတွေ ရှိသေးတယ်"
"ဘာလုပ်စရာတွေလဲ"
နောက်ထပ် ဘာကျန်သေးလို့လဲ။အားလုံးပြီမလား။
အံ့အားသင့်နေသော လူနာသည် ရိုယာထံမှ မရိုးဖြောင့်သော အပြုံးတစ်ခုအား တွေ့လိုက်ရသည်။
"လေဒီက စံအိမ်ဝယ်ဖို့ စီစဉ်နေတာမဟုတ်ဘူးလား။ စာချုပ်က အရေးကြီးတာမို့ သဘာဝအတိုင်း ကျွန်တော်ပါ လိုက်လာသင့်တယ်လေ။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်လည်း သခင်လေးအန်းသန့်စ် ပြန်မလာမချင်း ဘာမှလုပ်စရာမရှိဘူးလေ"
အမှန်မှာ သူသည် အန်းသန့်စ်ထံမှတောင်းဆိုခံခဲ့ရတာဖြစ်သည်။ သူ့လေသံက အနည်းငယ်မာနေခဲ့သည်... အတိအကျပြောရလျှင် ခြိမ်းခြောက်ခဲ့သည်ဟုပြောပါကပိုမှန်လိမ့်မည်။သူခြိမ်းခြောက်ခဲ့သည်မှာ သူအဝေးရောက်နေချိန်အတွင်း လူနာနှင့်ဘယ်ရွန်မြို့စားသာ တစ်ခုခုဖြစ်ခဲ့ပါက ဘဝနေဝင်ချိန်ကိုတောင်မမြင်လိုရ်ရဘဲ ရယ်မောနိုင်သည့်အချိန် စကားပြောနိုင်သည့်အချိန်များကို လွမ်းရလိမ့်မည်ဟုပြောခဲ့သည်။
ဘာဖြစ်လာနိုင်မလဲဆိုသည်ကို သိရှိခြင်းကြောင့် သူ့အားပို၍ပင် တုန်လှုပ်ချောက်ချားစေခဲ့သည်။
သို့ပေမယ့်လည်း ထိုသို့ကူညီရခြင်းမှာ အန်းသန့်စ်၏ခြိမ်းခြောက်မှုကြောင့်ပဲတော့ လုံးလုံးလျားလျားမဟုတ်ပေ။ အန်းသန့်စ်ကို သူမ၏လက်ချောင်းများဖြင့် ရစ်ပတ်ထားနိုင်ခဲ့သော လေဒီလူနာနှင့် ပိုမိုရင်းနှီးလာစေရန် ရည်ရွယ်ထားသည်။
ထိုသို့ပြုလုပ်ခြင်းဖြင့် လူနာ၏ကျောထောက်နောက်ခံကို နောက်ပိုင်းတွင် သူအားကိုးနိုင်ပြီး သက်တောင့်သက်သာအငြိမ်းစားယူနိုင်မည်ဖြစ်သည်။သို့မှသာ သူ့အနာဂတ်သည် ခရစ်တကယ်လို ကြည်လင်ပြတ်သားလာမည်ဖြစ်သည်။
"လေဒီတို့ အတွက် အဆင်မပြေရင် ကျွန်တော့်ဘာသာ တခြားမှာနေပြီး သွားလိုက်ပါမယ်။ တစ်ခုခုဆိုတာနဲ့ အသိပေးလို့ရပါတယ်။ ကျွန်တော် အစွမ်းကုန်ကူညီပါ့မယ်"
ငါ့အနာဂတ်အတွက်ပဲ ကူညီရမှာပေါ့!
ရိုယာသည် သူ၏ ရည်ရွယ်ချက်အမှန်မျာစကို ဖုံးကွယ်ထားလိုက်ရင်း သိမ်မွေ့စွာ ပြုံးပြလိုက်သည်။
"အဆင်မပြေတာလား။မဟုတ်တာ ဆန့်ကျင်ဘက်အနေနဲ့ ငါတို့ရဲ့ ကျဉ်းမြောင်းတဲ့စံအိမ်ကြီးက မင်းအတွက် အဆင်ပြေပါ့မလားဆိုတာကို ပိုစိုးရိမ်မိတယ်"
ဘယ်ရွန်မြို့စားသည် သာမန်ထက် ပိုပြီးကျဥ်းမြောင်းသော သူ့အိမ်ကြီး၌ တစ်စုံတစ်ဦးကို ဧည့်ခံဖို့ရာအတွင် အားတုံ့အားနာဖြစ်နေမှုများကိုမဖုံးကွယ်ထားနိုင်ပေ။ လူနာသည်လည်း ဒီလိုပဲ ခံစားရသည်။
"ရှင့်ရဲ့ အကူအညီအတွက်ကျေးဇူးတင်ပါတယ်။ကျွန်မတို့ စံအိမ်ကို အမြန်ဆုံးဝယ်သင့်တယ်။ တကယ်တော့ ကျွန်မ တောင်းဆိုချင်တာလေး တစ်ခုရှိသေးတယ်"
ရိုယာသည် လူနာ၏တောင်းဆိုမှုကိုကြားလိုက်ရသောကြောင့် စံအိမ်ဆောက်ရာတွင်ပင် ကူညီခိုင်းပါက ကူညီမည်ဆိုသည့်အတိုင်း လေးနက်သောမျက်နှာဖြင့် စောင့်ဆိုင်းလာခဲ့သည်။
လူနာသည် သူဘာကြောင့် ဒီလောက်ရက်ရောနေရတာလဲဆိုတာ နားမလည်နိုင်ပေမယ့် သူအကူအညီပေးလာပါက လက်ခံလိုက်မည်ဖြစ်သည်။
"ကျွန်မ အဖေအတွက် လက်ထောက်တစ်ယောက်လောက် ငှားချင်တယ်။ ရွှေတူးဖော်ရေးလုပ်ငန်းကို သူပထမဆုံးကိုင်တွယ်တာဆိုတော့ ရွှေတွင်း မိုင်းတွင်းတွေနဲ့ပတ်သက်ပြီး ဗဟုသုတရှိတဲ့သူ တစ်ယောက်လိုအပ်တယ်"
စိတ်လှုပ်ရှားနေတာကြောင့်လားဟု မေးပါက ဂုဏ်ယူစွာ ဝန်ခံလိုက်မည်ဖြစ်သည်။။ အန်းသန့်စ်နှင့်တွဲလုပ်ရရင်တောင်မှ ဒီအလုပ်က သူမကိုစိတ်ပူပြီး စိုးရိမ်စေသည်။ဘယ်ရွန်မြို့စားသည် လူနာ၏ စိုးရိမ်ပူပန်မှုများကို သတိပြုမိတာကြောင့် ဘာမှပြောမလာဘဲ ခေါင်းညိတ် သဘောတူလိုက်သည်။
ထို့နောက် ရိုယာသည် သင့်လျော်သော လူတစ်ယောက်ကို ပြောပြလာခဲ့သည်။
"တကယ်တော့ သင့်တော်တဲ့သူတစ်ယောက် သိတယ်။ သူက မိုင်းတွင်းမှာ နှစ်နှစ်ဆယ်ကြာအောင် လုပ်ကိုင်ခဲ့ဖူးတယ်။ ဒါပေမယ့် သူက အရမ်းတဲ့တိုးဆန်ပြီး တုံးတိပဲပြောတတ်တယ်။ ဒါကလည် သေးငယ်တဲ့ ချို့ယွင်းချက်ပါပဲ။ သူက စာရွက်စာတန်းတွေထက် ကွင်းဆင်းလေ့လာတဲ့နေရာမှာ ပိုကျွမ်းကျင်ပေမယ့် အကူအညီတော့ဖြစ်မှာ သေချာတယ်"
"အဲဒါက ပြဿနာမရှိပါဘူး။ အဖေ့ကို ကောင်းကောင်း ပံ့ပိုးပေးနိုင်သရွေ့တော့အဆင်ပြေတယ်။ ပြီးတော့ ကွင်းဆင်းလေ့လာရာမှ ကျွမ်းကျင်မှုရှိတာက အခုကျွန်မတို့ လိုအပ်တဲ့အရာပဲလေ။ ဟုတ်တယ်မလား အဖေ"
တုံးတိပြောတတ်ခြင်းကပင် သူ့အတွက် တကယ်အကျိုးရှိနိုင်သည်။ ဤနည်းဖြင့် ဘယ်ရွန်မြို့သားသည် စိတ်ခံစားမှု ကို ပို၍ လွယ်ကူစွာ ထိန်းချုပ်နိုင်မည်ဖြစ်သည်။
"ဟုတ်တယ်။ သူ့အလုပ်ကို ကောင်းကောင်းလုပ်တတ်သရွေ့ကိစ္စမရှိဘူး။ သူက မိုင်းတွင်းမှာ အနှစ်နှစ်ဆယ်ကြာ အလုပ်လုပ်ခဲ့ဆိုတဲ့ အချက်က သက်တောင့်သက်သာဖြစ်စရာပဲ"
ဘယ်ရွန်မြို့စား၏သဘောတူချက်နှင့် လူနာ၏ရည်ရွယ်ချက်များကြောင့်စကားပြောဆိုမှုသည်လျင်မြန်စွာတိုးတက်လာခဲ့သည်။
"ဒါဆို သူ့ကိုအင်တာဗျူးလာဖြေဖို့ပြောလိုက်ပါမယ်"
စကားပြောရင်းဆိုရင်းနဲ့ပင် ဘယ်ရွန်၏စံအိမ်သို့ ပြန်လည်ရောက်ရှိလာကြပြီး ရထားလုံးသည် ရပ်တန့်သွားခဲ့သည်။
ထို့နောက် အသင့်စောင့်ဆိုင်းနေပုံရသော အမ်မာ နှင့် လော်ရာတို့သည် ရထားပေါ်မှ ဆင်းလာခဲ့သော လူနာဆီသို့ အပြေးလာခဲ့ကြသည်။
"သခင်မလေး! အမှုစစ်ဆေးတာက ဘယ်လိုဖြစ်သွားပြီလဲ"
သူတို့၏မျက်နှာများ၌ စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေသည်။ ထိုအမူအရာများကို မြင်လိုက်ရသောကြောင့် လူနာသည် စချင်မိသလိုခံစားလိုက်ရသည်။
လူနာသည် လေးနက်သောမျက်နှာလုပ်ပြလိုက်ပြီး အဖြေကိုရှောင်လွှားလိုက်သောကြောင့် လော်ရာသည် ဖျော့တော့သွားပြီး အမ်မာသည် သူမ၏ခေါင်းကို လက်ဖြင့်ကိုင်ကာ ညီးတွားလိုက်သည်။
"အို ဘုရားရေ"
"အဲ့တာက..."
စရတာ ပျော်စရာကောင်းသော်လည်း သူမသာ ဆက်စနေပါက ဆရာဝန်ဆီ ဖုန်းဆက်ဖို့ လိုသွားပေလိမ့်မည်။ လူနာသည် အလျှင်အမြန် ရယ်မောလိုက်ပြီး တရားစွဲခြင်း၏ ရလဒ်ကို အသိပေးခဲ့လိုက်သည်။
"ဒါပေါ့ ငါတို့အနိုင်ရခဲ့တယ်လေ။ ငါတို့ ဘယ်လိုလုပ်ရှုံးနိုင်မှာလဲ။ ငါတို့ ဒီလောက်တောင်မှပင်ပန်းကြီးစွာ အားထုတ်ထားတာ ဘာလို့ မလိုအပ်ဘဲ စိတ်ပူနေမှာလဲ"
"အိုး သခင်မလေး!"
"ဘာလို့ ဒီလိုမျိုး ဟာသလုပ်ခဲ့ရတာလဲ!"
ပျော်စရာကောင်းသောကြောင့်ပင်!
အမ်မာသည် ကြမ်းပြင်ပေါ် ထိုင်ချလိုက်ပြီး လူနာကို မကျေမနပ် ကြည့်နေချိန်တွင် လော်ရာသည် အငိုတစ်ဝက်အရယ်တစ်ဝက် မျက်နှာဖြင့် လူနာ၏ လက်မောင်းကို အကြိမ်ကြိမ် ရိုက်လာခဲ့သည်။
နည်းနည်းတော့နာတယ် - မဟုတ်ဘူး၊ အရမ်းနာတယ်။
ထို့ကြောင့် လူနာသည် အကြောင်းအရာကို အမြန်ပြောင်းလိုက်တော့သည်။
"ဘာအနံ့လဲ"
"အာ! ကျွန်မ အိမ်မှာစောင့်နေရတာ အရမ်းစိတ်လှုပ်ရှားနေလို့ ဟင်းမျိုးစုံကိုချက်ထားလိုက်တာ"
အမ်မာ၏ အကြံပြုချက် အရ သူတို့သည် ထမင်းစားခန်းသို့ သွားလိုက်ကြသည်။ သူတို့ဘဝတွင် တခါမှ မမြင်ဖူးခဲ့သော ဟင်းမျိုးစုံက စားပွဲပေါ်တွင်အဆင်သင့်ရှိနေခဲ့သည်။
မကောင်းတာတွေပြီးပါက ကောင်းတာရောက်လာတယ်ဆိုတာက အမှန်ဖြစ်နိုင်သည်။သူတို့ မစီစဉ်ထားခဲ့ပေမယ့်လည်း သူတို့၏ အောင်ပွဲအတွက် အောင်ပွဲခံသော ပျော်ရွှင်ပွဲတစ်ခုက အသင့်ရှိနေခဲ့ပေသည်။
စိတ်အနှောင့်အယှက်ဖြစ်ဖွယ် လူတစ်ယောက်ကို အနိုင်ယူခဲ့ရသောကြောင့် ငြိမ်းချမ်းမှုနဲ့ စိတ်အပန်းပြေမှုအားလုံးသည် သူတို့ဆီသို့ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာခဲ့တော့သည်။
* * *
မြို့စားကြီးမိသားစုဘက်မှ ကောလာဟလများကို မရပ်တန့်မီတွင် တရားခွင်သို့ တက်ရောက်ခဲ့သော မြို့စားအနွယ်ဝင်များသည် စီရင်ချက်ကို လိုက်ဖြန့်ပြီးပြီဖြစ်သည်။
သေချာတာပေါ့ မြို့စားကြီးမိသားစုနှင့် ပတ်သက်တာကြောင့် သူတို့သည် ပွင့်ပွင့်လင်းလင်းတော့ မဖြန့်ရဲ့ကြပေ။ ထို့ကြောင့် ၎င်းတို့သည် လျှို့ဝှက်ချက်ကို ခင်မင်ရင်းနှီးသူအချင်းချင်း သိရုံမျှသာ မျှဝေနေသကဲ့သို့ ၎င်းတို့၏ ရင်းနှီးသော သူငယ်ချင်းများအား ဗဟိုပြုကာ ရွေးချယ်ထားသော လူအနည်းငယ်ထံ တိတ်တဆိတ် ဖြန့်ကြလေသည်။
ထိုအကြောင်းကို ပထမဆုံးကြားသိရသူမှာ အတင်းအဖျင်းပြောခြင်းကို နှစ်သက်သော ရို့စ်မယ်ရီဗင်းဆင့်ဖြစ်သည်။
ဗင်းဆင့်မိသားစု၏ အကြီးဆုံးသားဖြစ်သူ အန်းသန့်စ်က မိသားစုမှထွက်ခွာသွားသောကြောင့် သူမသည် သူမ၏ဆန္ဒကိုလျစ်လျူရှုပြီး မိသားစု၏ဆက်ခံသူဖြစ်လာခဲ့ရသည်။
သူမ၏ဘဝသည် အမွေဆက်ခံရသင်ခန်းစာများဖြင့်သာ ငြီးငွေ့စရာကောင်းနေခဲ့ပြီး အတင်းအဖျင်းပြောခြင်းသည် သူမ၏ တစ်ခုတည်းသော ပျော်ရွှင်မှုဖြစ်သည်။
"တကယ်လား။ လေဒီပဲလ်က သခင်လေး ရိုဒရီယန်ကို သဘောကျတယ်မဟုတ်ဘူးလား"
စိတ်လှုပ်ရှားစရာကောင်းသည့် ကောလာဟလကြောင့် ရို့စ်မယ်ရီ၏ မြစိမ်းရောင် မျက်လုံးများသည် စိတ်လှုပ်ရှားမှုများဖြင့်တောက်ပလာခဲ့ပြီး စိတ်ဝင်တစားမေးလိုက်သည်။ တရားခွင်သို့ တက်ရောက်ခဲ့သော မြို့စားအနွယ်ဝင် အမျိုးသမီးသည် လက်ဖက်ရည်ကိုတစ်လုပ်သောက်ပြီးနောက် အေးအေးဆေးဆေး ပြန်ဖြေလိုက်သည်။
"အိုး ငါလည်း အဲ့လိုကြားဖူးတယ်။ ဒါပေမယ့် သူတို့ကို အခုလိုလူချင်းတွေ့မှ အတော်လေး ဆန့်ကျင်ဘက် ဖြစ်နေပုံရတယ်မှန်းသိရတာ"
"ဒါဆို ဆန့်ကျင်ဘက်ပေါ့! သခင်လေးရိုဒရီယန်က လေဒီပဲလ်ကို စိတ်ဝင်စားနေတာပေါ့လေ!"
"ငါ့မျက်လုံးထဲမှာတော့ အဲ့လိုပဲ။ အမှုပြီးတာနဲ့ သူက လေဒီပဲလ်ရဲ့လက်ကို အပြင်းအထန် ဆုပ်ကိုင်လိုက်တာ!"
အိုး ဘုရားသခင်!ဒါဆိုရင် အခုထိ ပျံ့နှံ့နေခဲ့တဲ့ ကောလဟာလတွေက အတုတွေပေါ့!
ရို့စ်မယ်ရီသည် ရုတ်တရတ် အဖြစ်အပျက်များကြောင့် အံ့အားတကြီးလက်နှစ်ဖက်ဖြင့် ပါးစပ်ကို အုပ်လိုက်သည်။ အထူးသဖြင့် သူမ မကြိုက်သောသူ ပါ၀င်သည့်အတွက် အလွန်ပင်ပျော်စရာကောင်းပေသည်။
ထိုအမျိုးသမီးသည် ထူးဆန်းသော အပြုံးတစ်ခုပြလာခဲ့ကာ ဒါကအစပဲရှိသေးတယ်ဟု အရိပ်အမြွက်ပြလာခဲ့သည်။
"စောစောက ငါပြောခဲ့သလိုပဲ ပဲလ် မိသားစုက တရားခွင်မှာ အနိုင်ရခဲ့တယ်။ မြို့စားကြီးရိုဒရီယန်မိသားစုဘက်က အမှုကို သက်သေအမှားတွေနဲ့ ဖုံးကွယ်ဖို့ကြိုးစားခဲ့ကြတာ"
"သူတို့ကို ဒီလိုမိသားစုမျိုးဖြစ်မယ်လို့ ဘယ်တုန်းကမှ မမျှော်လင့်ထားဘူး။ အထူးသဖြင့် သခင်လေး ရိုဒရီယန်ပဲ! သူ ဒီလိုမျိုး လုပ်လိမ့်မယ်လို့ ငါဘယ်တုန်းကမှ မတွေးခဲ့မိဘူး"
ရို့စ်မယ်ရီသည် အန်းသန့်စ်ထံမှ မကြာခဏ ညှဉ်းပန်းနှိပ်စက်ခြင်း ခံခဲ့ရသော ဖယ်ဆန်၏မျက်နှာကို ပြန်အမှတ်ရမိသွားသည်။
သူသည် အမြဲတမ်း သနားစရာကောင်းသော နစ်နာသူဖြစ်ခဲ့သောကြောင့် အခြားသူတစ်ဦးကို နာကျင်စေသည်က စိတ်ကူးရခက်ပေသည်။
"အေးဆို ငါလည်း အဲ့လိုပဲ ထင်ခဲ့တာ။ငါတောင် အစက ပဲလ်မိသားစုက မှားယွင်းတဲ့စွပ်စွဲမှုတွေ လုပ်နေတာလို့တောင် ယူဆခဲ့သေးတာ။ ဒါပေမယ့် ငါ့အတွက်တော့ ဒါက အရမ်းအံ့သြစရာတော့ မဟုတ်သေးဘူး"
"ဘာရှိသေးလို့လဲ!"
ပိုကြီးသောအရာတစ်ခုရှိနေသေးသကဲ့သို့ အရိပ်အမြွက်ပြလာသည့် စကားနှင့်အတူ သူမ၏မျက်လုံးများ တောက်ပလာခဲ့သည်။
"လေဒီပဲလ်မှာ ချိန်းတွေ့နေတဲ့သူရှိတယ်တဲ့။ ငါ တရားရုံးမှာတုန်း သူတို့ စကားဝိုင်းကို ကြားခဲ့ပြီး အလျှင်အမြန် လိုက်ရှာကြည့်ခဲ့တာ"
"အိုး ဒါပဲလား"
ဒါက စိတ်လှုပ်ရှားစရာမကောင်းပေ။ မလိုအပ်ပဲရေးကြီးခွင်ချယ်လုပ်လို့ဟုတွေးလိုက်ကာ ရို့စ်မယ်ရီ၏ စိတ်လှုပ်ရှားမှုသည် နည်းနည်း အေးသွားခဲ့သည်။
သို့သော် ဤတုံ့ပြန်မှုကို မျှော်လင့်နေသကဲ့သို့ပင် တစ်ဖက်မှအမျိုးသမီးသည် လျှို့ဝှက်သောပုံစံဖြင့် ပါးစပ်ကို ထပ်မံဖွင့်လိုက်သည်။
"ဒါပေမယ့် အဲ့ဒါက ဘယ်သူလဲဆိုတာ နင်သိရဲ့လား"
"မသိဘူးလေ"
"နင်သိတာနဲ့ အရမ်းအံ့သြသွားလိမ့်မယ်"
'ကောင်းပြီ၊ တစ်ယောက်ယောက်ရဲ့ချိန်းတွေ့နေတဲ့ ကောလဟာလက ဘယ်လောက်အံ့သြစရာကောင်းမှာမို့လဲအယောင်ဆောင်တဲ့ လျှို့ဝှက်ဆက်ဆံရေးလိုမျိုး ထိတ်လန့်စရာတစ်ခုခုမဟုတ်ရင်ပေါ့'
အတင်းအဖျင်းများသည် သူမစိတ်လှုပ်ရှားလောက်သည့်အဆင့်မှာ မရှိသရွေ့ သူမ သိပ်အံ့သြမှာ မဟုတ်ပေ။
သို့တိုင်အောင် အမွေဆက်ခံရေးသင်ခန်းစာများဖြင့် ပြည့်နှက်နေသော သူမ၏ ငြီးငွေ့စရာ ဘဝအတွက် အတင်းအဖျင်းပြောခြင်းသည်သာ တစ်ခုတည်းသော စိတ်လှုပ်ရှားဖွယ်ဖြစ်သည်။
အများကြီးမမျှော်လင့်ထားသော ရို့စ်မယ်ရီသည် သူမ၏ ကြက်သီးနွေးရုံ လက်ဖက်ရည်ကို သောက်ပြီး နောက်ထပ် အချက်အလက်ကို စောင့်မျှော်နေလိုက်သည်။
"အဲဒါ အန်းသန့်စ်ဗင်းဆင့်ပဲ!"
"ဖူး !"
အန်းသန့်စ်ဗင်းဆင့်ဆိုသောအမည်ကို ရုတ်တရက်ကြားလိုက်ရသောကြောင့် ရို့စ်မယ်ရီသည် သူမ၏လက်ဖက်ရည်များကို ပါးစပ်ထဲမှပြန်ထွေးထုတ်လိုက်မိသည်။
တစ်ဖက်မှအမျိုးသမီးသည် ဤတုံ့ပြန်မှုကိုစောင့်မျှော်နေပုံဖြင့် ရယ်မောကာ ထိုင်ခုံမှထလိုက်သည်။
"ကောင်းပြီး ဒါဆို ငါ အခု သွားရတော့မယ်။ ဟားဟား၊ ဒီနေ့က ပျော်စရာကောင်းခဲ့ပါတယ်"
ထိုအမျိုးသမီးသည် ရွှင်မြူးသောခြေလှမ်းများဖြင့် ထွက်ခွာသွားခဲ့သည်။ ရို့စ်မယ်ရီသည် ဤအတင်းအဖျင်းကြောင့် လက်ဖက်ရည်များ ထွေးထုတ်နိုင်သည့်အချက်ကို သူမကြိုသိပုံရသည်။ ထို့ဒါကြောင့်ပင် သူမထံသို့ အရင်လာလည်တာ ဖြစ်နိုင်သည်။
ပုံမှန်အားဖြင့် ရို့စ်မယ်ရီသည် အနှောက်အယှက်မဖြစ်စေရန် အခြေအနေများ ကောင်းစွာကိုင်တွယ်ဖြေရှင်းပြီးအတင်းအဖျင်းများကို လျစ်လျူရှုတတ်သော်လည်း ဒီနေ့တွင်တော့ ကွဲပြားသည်။
အံ့အားသင့်မှုကြောင့် အေးခဲနေခဲ့သော ရို့စ်မယ်ရီသည် သူမ၏ အိမ်အကူကို အမြန်ခေါ်လိုက်သည်။
"ဝီ...ဝီလီယမ်ကိုခေါ်ပေးစမ်း။ မြန်မြန်!"
TK Team