ဟန်နီရေ ၊ ကျွန်မတို့က ဘာကြောင့် ကွာရှင်းလို့ မရတာလဲ
အပိုင်း (၃၃)
ကျွန်မ စိုးရိမ်နေမိသည်။လက်ရှိတွင် စိုးရိမ်ချင်စရာကောင်းသည့် အခြေအနေ ဖြစ်နေသည်။အတိတ်တွင် ကျွန်မသည် ဖလဲရ်ကို ဒုက္ခပေးခဲ့သည် ဟူသော ဆိုးရွားသည့် မှတ်တမ်းကြီး ရှိနေသည်။ယခု ဖလဲရ်က ကျွန်မကို ပြန်ဒုက္ခပေးရန် ကြိုးစားနေသည်ဟု ကျွန်မ ပြောခဲ့လျှင်တောင်မှ ကျွန်မကို ယုံကြည်ကြမည်ဟု မထင်ပါ။
သို့သော်
"ရှင် သိလား"
ကျွန်မ၏ ဒေါသများက ထိုအတွေးများကို ပါးစပ်မှ ထုတ်ပြောရန်လိုသည်ဟု ပြောနေခဲ့သည်။ထိုဒေါသကို ဖောက်ထုတ်ရန် ကျွန်မ တစ်စုံတစ်ခု ပြောဖို့လိုသည်ဟု တွေးမိသည်။ထို့ကြောင့် ကျွန်မ ဆိုဗက်စ်စတာကို ဆွဲခေါ်လိုက်ပြီး စကားပြောတော့သည်။
"ကျွန်မ ဒီနေ့ အိမ်ရှေ့စံမင်းသားနဲ့ အချိန်ကောင်းလေးတစ်ခု ရခဲ့တယ်။ဒါကြောင့် ကျွန်မ စိတ်ကြည်နေပြီး ပြန်ဖို့အလုပ်မှာ ကောင့်မြို့စားကတော်က ကျွန်မရဲ့ရထားလုံးဆီ ရောက်လာတယ်လေ။သူမက မကြာခင် အရှင့်သားနဲ့ လက်ထပ်တော့မယ်လို့ လာပြောတာ။ကျွန်မကို လာပြီး သူမကို ဂုဏ်ပြုပေးစေချင်တယ်တဲ့။"
ကျွန်မ သေနတ်ပစ်သလို စကားကို အဆက်မပြတ်ပြောနေမိသည်။
"သူမက ကျွန်မကို ဒေါသ မထွက် ထွက်အောင် လုပ်နေတာပဲ။အသိသာကြီး။"
ဆိုဗက်စ်စတာက ကျွန်မကို ငုံ့ကြည့်လာသည်။
သူ ဒါကို ယုံလား၊မယုံဘူးလား။
ကျွန်မသည် အကြောင်းပြချက် မရှိဘဲ စိတ်လှုပ်ရှားနေသဖြင့် ခုန်ပေါက်နေသော နှလုံးသားနှင့်အတူ သူ့ကို ကြည့်လိုက်သည်။
ထို့နောက် သူ့နှုတ်ခမ်းများ ပွင့်လာပြီး ထိုစကားများကို ပြောလေသည်။
"မင်း သူမကို ရိုက်ခဲ့လား။"
"အာ၊ တကယ်ကြီး"
သူက ဒီလို ငတုံးပဲ။
ကျွန်မ မျက်လုံးမှိတ်လိုက်မိသည်။
"ကျွန်မ မရိုက်ခဲ့ဘူး။ကျွန်မ ပြောသလိုပဲ အိမ်ရှေ့စံမင်းသားနဲ့ လက်ရှိအနေအထားကို ကျွန်မ မနည်း တည်ဆောက်ထားရတာလေ။ဒီလိုမျိုး မတော်တဆ တစ်ခုကြောင့် မပျက်စီးစေချင်ဘူး။ကျွန်မ သည်းညည်းခံလိုက်ရတယ်။"
"မင်းက ဘယ်လို အခြေအနေမျိုးကို သဘောကျတာလဲ။မင်းတို့နှစ်ယောက်ကြားက အခြေအနေ ဘယ်လောက် ကောင်းလာပြီလဲ။"
"..."
ဒါက အဓိကအချက် မဟုတ်ဘူးလေ ၊ငတုံးလေးရေ။
ကျွန်မ နဖူးကို ပွတ်သပ်ရင်း သက်ပြင်းချလိုက်မိသည်။
"ရှင်က စကားလမ်းကြောင်း လွှဲဖို့ လုပ်နေတာလား။အရေးအကြီးဆုံး အချက်က ဖလဲရ် ကျွန်မကို ဒုက္ခပေးဖို့ လုပ်နေတာလေ။"
"မင်းပဲ ဒါကို သည်းခံခဲ့တယ်ဆို။"
"အင်း ၊ကျွန်မ သည်းခံခဲ့တယ်လေ။"
"အံ့ဩစရာပဲ။မင်းက ဘယ်လို သည်းခံရမယ်ဆိုတာကို သိတယ်ပေါ့။"
ဆိုဗက်စ်စတာ၏ မျက်ခုံးများ တွန့်ကြုံ့သွားသည်။
"မင်း ဒီလိုသည်းခံတတ်မှန်း ကိုယ် မသိပါဘူး။"
"ရှင်က ဒီလိုပဲ ရိုင်းရိုင်းစိုင်းစိုင်း ဆက်ပြောနေဦးမှာလား။"
"ရိုင်းပျတာတွေ မပါလဲ ကိုယ် ဒီလို ပြောနိုင်တယ်။"
ဆိုဗက်စ်စတာ၏ မျက်နှာထားမှာ တင်းမာနေ၏။
"လောလောဆယ်တော့ ဒီလို ပြောလို့ မဖြစ်ဘူးလေ၊ဒါကြောင့် ကိုယ် သည်းခံလိုက်ပါမယ်။"
"ရှင်က ဘယ်လို သည်းခံရမယ်ဆိုတာကို သိတယ်ပေါ့။"
"ကိုယ်ပြောတဲ့အတိုင်း လိုက်မတုနဲ့။"
ကြမ်းတမ်းသော စကားများနှင့် မလိုက်ဖက်စွာ ဆိုဗက်စ်စတာက ပြုံးနေသည်။ယခုလက်ရှိ အခြေအနေက သူ့အတွက် စိတ်ဝင်စားစရာကောင်းနေသည့်ပုံပင်။
ကောင်းပြီ၊ကျွန်မအတွက်တော့ ပျော်စရာ ဟုတ်မနေဘူး။
ကျွန်မ ဗလုံးဗထွေး ရေရွတ်လိုက်ရင်း သူ့ကို ကြည့်လိုက်သည်။သို့သော် အံ့ဩဖွယ် တစ်ခုကို ကျွန်မ ကြားလိုက်ရသည်။
"ဒါဆို ကောင့်မြို့စားကတော်က မင်းကို ဒီလိုတွေ လာပြောပြီး အတိအလင်း စစ်ကြေညာသွားတာပေါ့လေ။"
ကျွန်မ၏ မျက်လုံးများ ပြူးကျယ်သွားသည်။ကျွန်မကို ဆိုဗက်စ်စတာက ယုံကြည်ပေးမည်ဟု မထင်ထားပေ။ဖလဲရ်က အလွန်သဘောကောင်းသော ကောင့်မြို့စားကတော် ဖြစ်ပြီး ကျွန်မကတော့ လူတိုင်း လက်ညှိုးထိုး ပြောဆိုကြိမ်းမောင်းသည်ကို ခံနေရသော မိန်းမဆိုးလေးနေရာရောက်နေသဖြင့် ဆိုဗက်စ်စတာက ကျွန်မကို မယုံကြည်လောက်ဟု ထင်ထားခဲ့သည်။
ထို့ကြောင့် ယခု ဤသို့ ကြားလိုက်ရလျှင် ကျွန်မ အံ့အားသင့်သွားရသည်။
"အခု ရှင် ကျွန်မရဲ့ စကားကို ယုံလိုက်တာလား။"
"မင်းက ကိုယ့်ကို လိမ်ပြောနေတာမှ မဟုတ်တာ။ဘာဖြစ်လို့လဲ၊မင်း ရင်ထဲမှာ ခံစားသွားရပြီလား။"
"နည်းနည်းပါ၊ ရှင် ဒီလို မပြောရင် ကျွန်မ ပိုပြီး ခံစားသွားရဦးမယ်။"
"ကိုယ်က ကြွားဝါရတာကို ကြိုက်တယ်လေ။"
ဆိုဗက်စ်စတာက ရယ်လိုက်ပြီး ဆံပင်ကို နောက်သို့ သပ်တင်လိုက်သည်။
"ထင်ထားတဲ့အတိုင်း သူမက စိတ်ဓါတ်မာကြောတဲ့ မိန်းကလေးပဲ။"
"ရှင် ဖလဲရ်ကို ပြောချင်တာလား။"
"အင်း"
"သူမက အဲ့လိုမျိုးဆိုတာ ရှင် သိခဲ့လား။"
"အကြမ်းဖျင်းလောက်ပါ။"
ကျွန်မ အံ့ဩစွာဖြင့် ပြန်မေးလိုက်သည်။
"ဘာကြောင့်လဲ။ရှင် ဘာကို သတိထားမိလိုက်တာလဲ။"
"ဒါက အလွယ်လေးပါ"
ဘာ
"ဒါက လွယ်ပါတယ်။ထင်သလိုပဲ ကိုယ့်ရဲ့အလိုလိုသိစိတ်က မမှားဘူး။"
"..."
ထိုသို့ ဆိုဗက်စ်စတာက ပြောခဲ့သည်။ကျွန်မ တစ်ခုခု ထပ်ပြောချင်လာစဥ် ဆိုဗက်စ်စတာက ဆက်ပြောသည်။
"အားနည်းတဲ့ လူတစ်ယောက်က တော်ဝင်မိသားစုထဲမှာ ဘယ်တော့မှ မရှင်သန်နိုင်ဘူး။အခုလို အခြေအနေမျိုးမှာ အားနည်းတဲ့ ပုံစံပေါက်နေတဲ့ မိန်းမတစ်ယောက်က ဒီလိုမျိုးတွေ ဘယ်တော့မှ လုပ်မှာ မဟုတ်ဘူးလို့ ကိုယ်တွေးမိတယ်။"
အာ
ကျွန်မ သဘောတူစွာဖြင့် ခေါင်းငြိမ့်လိုက်မိသည်။၎င်းမှာ အမှန်ပင် ဖြစ်၏။မူလဝတ္ထုကို ပြန်စဥ်းစားကြည့်ပါက ဖလဲရ်သည် အားနည်းသူတစ်ယောက် လုံးဝ မဖြစ်ခဲ့ပေ။သူမထံတွင် ဆိုးရွားသည့် ကိစ္စများ မည်သို့ ဖြစ်လာပါစေ၊သူမက အဆုံးအထိ ကိုင်တွယ်ဖြေရှင်းနိုင်ခဲ့ပြီး သူမ၏အနေအထားကို သန့်ရှင်းနေအောင် ထိန်းထားခဲ့သည်။
ဒီလို ဇာတ်ကောင်ကို အားနည်းတယ်လို့ ငါ ခေါ်လို့ရမလား။
မရဘူးပေါ့။
ဖလဲရ်သည် ကျွန်မ ထင်ထားသည်ထက်ပင် ပို၍ သန်မာသည်။ယခု ကျွန်မသည် ဖလဲရ်နှင့် ဆန့်ကျင်ဘက်တွင် ရပ်တည်နေခြင်း ဖြစ်၏။ထိုသို့ ဖြစ်လာလေ ပိုသိသာလေ ဖြစ်သည်။ကျွန်မ၏ မူလအစီအစဥ်သည် ဖလဲရ်ကို ရှောင်ရှားပြီး အိမ်ရှေ့စံမင်းသားနှင့် သူငယ်ချင်းများ ဖြစ်လာပြီးနောက် ဆိုဗက်စ်စတာနှင့် ကွာရှင်းနိုင်ရန် ဖြစ်သည်။လက်ရှိတွင် ကျွန်မ ဖလဲရ်ကို အလဲထိုးနိုင်ခြင်း မရှိသရွေ့ အိမ်ရှေ့စံမင်းသားနှင့် ဘယ်တော့မှ နီးစပ်တော့မည် မဟုတ်ဟု ကျွန်မ ခံစားနေရသည်။
ဒါကို ငါ ဘယ်လို လုပ်ရပါ့မလဲ။ငါ ခေါင်းကိုက်လာပြီ။
"ကိုယ့်မှာ မေးခွန်းတစ်ခု ရှိတယ်။"
ဆိုဗက်စ်စတာက ကျွန်မကို ထိုသို့ ပြောလာသည်။
"ဘာအကြောင်းလဲ"
"မင်းကပဲ အမြဲတမ်း ရိုက်နေရင်းနဲ့ တစ်ချက် ပြန်ပြီး အရိုက်ခံလိုက်ရတော့ ဘယ်လို ခံစားရလဲ။"
"ရှင်က ကျွန်မကို လှောင်ရယ်ချင်နေတာလား။"
"ဟုတ်မှာပေါ့"
ကျွန်မ အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်သည်။
ရှင့်လို အကူအညီမရတဲ့ ခင်ပွန်းမျိုးကို ကျွန်မ တစ်ချက်လောက် ရိုက်ချင်လိုက်တာ။ကျွန်မရဲ့ ဆန္ဒလေးပါ၊တစ်ကြိမ်လောက်ပါပဲ။
"မင်း အရမ်း စိတ်တိုနေတာကို ဘာဖြစ်လို့ လက်စားချေဖို့ မလုပ်တာလဲ။"
မျက်မှောင်ကြုတ်နေဆဲ ဖြစ်သော ကျွန်မကို ဆိုဗက်စ်စတာက တစ်စုံတစ်ခု ကမ်းပေးလာသည်။
၎င်းက စာတစ်စောင် ဖြစ်သည်။
"ဒါက ဘာလဲ"
"မြို့စားမင်းကြီးကတော် ဆီက ဖိတ်ကြားစာ။အဲ့ဒီမိန်းမလဲ သွားလိမ့်မယ်။ဒီတော့ အဲ့ဒီကို သွားပြီး တစ်ခုခု လုပ်ခဲ့ချေ။"
ကျွန်မ၏ မျက်လုံးများ ပြူးကျယ်သွားပြန်သည်။
ဧကရီဟောင်းရဲ့ စာအတွက် သက်သက်နဲ့ မြို့စားမင်းကြီးနန်းတော်ကို ကျွန်မ သွားချင်နေခဲ့တာ။ဒါပေမဲ့ ရှင်က ကျွန်မအတွက် ဖိတ်စာယူလာပေးတာပဲ။
ကျွန်မမှာ တုန်ရီနေသော လက်များဖြင့် ဖိတ်ကြားစာကို လက်ခံလိုက်သည်။
"ရှ...ရှင် ဒီလို တန်ဖိုးကြီးတဲ့ ဖိတ်ကြားစာကို ဘယ်လို ရလာတာလဲ။"
"အမ်း"
သူမ ဘာကို မေးနေသလဲ သိနေပုံဖြင့် ဆိုဗက်စ်စတာက ခေါင်းငြိမ့်သည်။
"ဒါပေါ့၊ခိုးလာတာလေ။"
အပြစ်ရှိစိတ် တစ်ပဲသားပင် မရှိသော လေသံဖြစ်ပါ၏။
"ကောင့်မြို့စားကတော်ကာဒယ်လ်တော့ သွားလို့ရတော့မှာ မဟုတ်ဘူး။"
"..."
ခင်ပွန်းဖြစ်သူက ဖိတ်ကြားစာကို ခိုးလာပြီး ကျွန်မကို ပေးခဲ့သည်။
ဝါး ၊စိတ်လှုပ်ရှားဖို့ ကောင်းလိုက်တာ။
ကျွန်မမှာ ငိုချမိမတတ် စိတ်လှုပ်ရှားနေခဲ့သည်။
*
ရေချိုးပြီးနောက် ကျွန်မ ပို၍ အိပ်ချင်မူးတူး ဖြစ်လာပြီး အိပ်ရာပေါ်တွင် လှဲနေမိသည်။ထို့နောက် စားပွဲအသေးလေးပေါ်တွင် တင်ထားသော ဖိတ်ကြားစာကို ကျွန်မ ယူလိုက်ပြီး မျက်နှာကြက် ထိလုမတတ် မြှောက်ထားလိုက်မိသည်။ထို ဖိတ်ကြားစာမှာ အလွန်ဈေးကြီးသော စာရွက်သားဖြင့် ပြုလုပ်ထားသည်ကို တစ်ချက်ကြည့်လိုက်ရုံဖြင့် ပြောနိုင်လောက်သည်။
"အီရန် ကာဒယ်လ်"
ထိုအဓိပ္ပါယ်မှာ ကောင့်မြို့စားကတော်ကာဒယ်လ်သို့ ဖိတ်ကြားခြင်း ဟူ၍ ဖြစ်၏။
ထို့ကြောင့် ကျွန်မ ဆိုဗက်စ်စတာကို မေးကြည့်မိသည်။
"ကျွန်မရဲ့နာမည် မဟုတ်တဲ့ ဖိတ်ကြားလွှာကို ကျွန်မ ဘယ်လို သုံးလို့ရမှာလဲ။"
ဆိုဗက်စ်စတာက ပေါ့ပါးစွာ ဖြေလာသည်။
"သူမကို ပြောလိုက်ပေါ့၊ ကျွန်မကို ကောင့်မြို့စားကတော်ကာဒယ်လ်က လွှဲပေးလိုက်ပါတယ်လို့။ ကောင့်မြို့စားကတော်က အရမ်းနေမကောင်းဖြစ်နေတာကြောင့် ကျွန်မကို သူမကိုယ်စား သွားပေးဖို့ တောင်းဆိုထားပါတယ်လို့ ပြောလိုက်လေ။"
ဒီအခြေအနေတွင်တော့ ဆိုဗက်စ်စတာမှာ အမှန်တကယ်ပင် ပါးနပ်ချက်ချာသည့် လူဖြစ်သည်။ကောင့်မြို့စားကတော်ကာဒယ်လ်က ဖိတ်စာကို လာပြန်တောင်းမည်လားဟု ကျွန်မ အနည်းငယ် စိတ်ရှုပ်ထွေးနေသေးသည်။သို့သော် သူမ လာပြန်တောင်းလိမ့်မည် မဟုတ်ပေ။သူမက ကျွန်မကို ကြောက်သည်။သူမက ရန်ဖြစ်ချင်လျှင်ပင် ကျွန်မမှာ သင့်တော်သည့် အကြောင်းပြချက်တစ်ခု ပေးရန် နည်းလမ်းရှိသည်။
ဖလဲရ်လည်း လာလိမ့်မည်ဟု ဆိုဗက်စ်စတာက ပြောခဲ့သည်။သူမက ဖလဲရ်အပေါ် ကောင်းစွာ ထိုးနှက်စေလိုသဖြင့် သူက ထိုစကားကို ထပ်ထည့်ပြောခဲ့သည်။
ဖလဲရ်
ကျွန်မ နဖူးတွန့်လိုက်မိသည်။
ဖလဲရ်က ကျွန်မကို မုန်းသည်။ကျွန်မက အိမ်ရှေ့စံမင်းသားအနား ချဥ်းကပ်ဖို့ လုပ်သည်ကို သူမက တားမြစ်ဖို့ ကြိုးစားသည်။သို့တိုင် ကျွန်မမှာ အိမ်ရှေ့စံမင်းသားအနားသို့ ချဥ်းကပ်ရမည် ဖြစ်၏။ဖလဲရ်နှင့် ကျွန်မမှာ ဤသို့ဖြင့် ဆန့်ကျင်ဖက်တွေ ဖြစ်လာလိမ့်မည်။အကယ်၍ သည်နေရာတွင် ကျွန်မ လမ်းမှားကို ယူလိုက်မိပါက ကျွန်မမှာ ဖလဲရ်၏ရန်သူ ဖြစ်သွားပြီး မူလဇာတ်ကြောင်းရှိ အဆုံးသတ်သို့ လျှောက်လှမ်းမိသလို ဖြစ်သွားလိမ့်မည်။ကျွန်မက အိမ်ရှေ့စံမင်းသားကို ချစ်မြတ်နိုးသောကြောင့် သူနှင့် စေ့စပ်ထားသော အမျိုးသမီးကို နှိပ်စက်သည့် ဗီလိန်တစ်ဦး ဖြစ်လာမည်ဟု ဆိုလိုနေသည်။
ငါလဲ ဒီလိုတွေ မဖြစ်ချင်လို့ ဖလဲရ်ကို ရှောင်ဖို့ ကြိုးစားခဲ့ပါတယ်။
ယခုတွင် သူမဘက်က ဗြောင်ကျကျ စိန်ခေါ်လာခဲ့ပြီ ဖြစ်ရာ ကျွန်မအနေဖြင့် ရှောင်တိမ်းနေရန် မဖြစ်နိုင်တော့ပေ။၎င်းက မူလဇာတ်ကြောင်းအတိုင်း ဖြစ်လာမည်ဟု မဆိုလိုပေ။အိမ်ရှေ့စံမင်းသားက မလိုအပ်ပဲ အရေးပေးလွန်း၍ ဖြစ်သည်။
အဖြေတစ်ခုပဲ ရှိတယ်။
ငါ့ရဲ့ လက်ရှိအနေအထားကို တည်ဆောက်ရမယ်။
မူလဇာတ်ကြောင်းတွင် အိုဖီလီယာကို ပံ့ပိုးပေးမည့်သူ မရှိဘဲ အရာအားလုံး လုပ်ခဲ့ရသည်။သူမသည် အနိုင်ကျင့်သည့် ကိစ္စ မှန်သမျှကို သူမဘာသာ လုပ်ခဲ့ရသည်၊ထို့နောက် သူမမှာ အိမ်ရှေ့စံမင်းသား၏ လှည့်ကွက်အတွင်းသို့ ကျရောက်သွားပြီး အပြီးတိုင် ချေမှုန်းခံလိုက်ရသည်။
သို့သော် သူမအတွက် ဒါကို လုပ်ပေးမည့် တစ်စုံတစ်ယောက် ရှိလာမည် ဆိုလျှင် မည်သို့ ဖြစ်မည်နည်း။သူမကို ပံ့ပိုးထောက်ခံပေးမည့် တစ်စုံတစ်ယောက် ရှိလာလျှင် မည်သို့ ဖြစ်လာမည်နည်း။သူမက အိမ်ရှေ့စံမင်းသား၏ အထက်ကို ရောက်သွားရင် မည်သို့ ဖြစ်မည်နည်း။
ဒါဆို ငါ မသေတော့ဘူးပေါ့။
ဧကရာဇ်ကို ငါ့ဘက်ပါလာအောင် လုပ်ရမယ်။
၎င်းမှာ အလွန်တရာ ခက်ခဲသော အလုပ်ဖြစ်သည်။စာအုပ်ထဲတွင် ဧကရာဇ်သည် အလွန်ကြောက်မက်ဖွယ် ကောင်းသူ ဖြစ်သည်။သို့သော်လည်း
ငါ ဒါကို လုပ်နိုင်တယ်။
ကျွန်မ လုပ်နိုင်လိမ့်မည်။ ကျွန်မ မူလဇာတ်လမ်းကို သိထားသည်။
ဆောရီးပါ ဖလဲရ်ရေ။
အခုက စပြီး ငါ နင် လုပ်မဲ့ကိစ္စတွေ အကုန်လုံးကို ခိုးယူတော့မယ်။
အပြစ်ရှိသလို မခံစားရပဲနဲ့ပေါ့။
*
မနက်တွင် ကျွန်မ အိပ်ရာမှ စောစောထ၍ အိုင်ရင်း၏ စောင့်ကြည့်မှုအောက်တွင် အဝတ်အစားလဲလိုက်ပြီး အိမ်ထဲမှ ထွက်လာခဲ့သည်။ကျွန်မ ဆိုဗက်စ်စတာ အပြင်ထွက်သွားသည်ကို မြင်လိုက်ရသည်။
"ဟန်နီရေ"
ကျွန်မ သူ့ကို အကျယ်ကြီး လှမ်းခေါ်ပြီး လှေကားမှ ပြေးဆင်းလိုက်သည်။ဆိုဗက်စတာက ကျွန်မကို လှောင်ပြုံးလေး ပြုံးပြသည်။
"မင်း ပြုတ်ကျလာရင် အတော်ရယ်စရာကောင်းမယ်လို့ ကိုယ် တွေးကြည့်နေတာ။ဒါပေမဲ့ မင်းက ပြေးတဲ့နေရာမှာ တော်နေတယ်။"
"အိုး၊ရှင့်ရဲ့ အကျင့်စရိုက်ကို ကြည့်ပါဦး။"
"အဲ့ဒါ ဘာကို ဆိုလိုတာလဲ။"
ကျွန်မ ဆိုလိုတာက ရှင့်ရဲ့ အကျင့်စရိုက်က အတော်လေး ဗရုတ်ကျတယ်လို့လေ၊ဆရာရယ်။
သို့သော် ကျွန်မ ထိုသို့ ပြော၍ မရပေ၊ကျွန်မတွင် တောင်းဆိုစရာတစ်ခု ရှိနေသည်။ကျွန်မ ရယ်လိုက်ပြီး ဆိုဗက်စ်စတာ၏ အင်္ကျီလက်ကို ဆောင့်ဆွဲလိုက်သည်။
"ကျွန်မ ရှင့်ကို တောင်းဆိုစရာ တစ်ခု ရှိတယ်။"
"ပယ်ချတယ်။"
"ဟွန့်၊ ရှင် ဘာပြောတယ်။"
"မင်းက ကိုယ်ပြောတာကို နားမထောင်ဘူး။"
"ရှင်လဲ အတူတူပဲလေ။"
"အမှန်ပဲ"
ဆိုဗက်စ်စတာ ခေါင်းငြိမ့်လိုက်စဥ် ကျွန်မ အလျင်အမြန် ပါးစပ်ဖွင့်လိုက်သည်။
"ကျွန်မကို ပိုက်ဆံနည်းနည်းလောက် ပိုပေးပါလား။"
"မင်းက ပိုလိုချင်တယ်ပေါ့။"
ဆိုဗက်စ်စတာသည် အနည်းငယ် စူပုပ်ပုပ် ဖြစ်နေသော မျက်နှာဖြင့် ကျွန်မကို ကြည့်လာသည်။
"အရင်တစ်ခါကပဲ မိဘမဲ့ဂေဟာ ဆောက်မယ်ဆိုပြီး မင်း ပိုက်ဆံထုတ်သွားသေးတာ မဟုတ်လား။"
"ဟုတ်ပါတယ်၊ဒါပေမဲ့ အစီအစဥ်က နည်းနည်းလေး ပြောင်းသွားလို့။"
ကျွန်မ ပြုံးလိုက်သည်။
"ကျွန်မ ကျောင်းတစ်ကျောင်း ဆောက်မလို့လေ။"
"ဘာ!"
"ပိုက်ဆံမတတ်နိုင်လို့ ပညာမသင်ရတဲ့ သာမန်လူတွေ အတွက် ကျောင်းတစ်ကျောင်းလေ။"
၎င်းက မူလဇာတ်ကြောင်း၏ အလယ်ပိုင်းတွင် ဖလဲရ် လုပ်ခဲ့သည့် ကိစ္စတစ်ခု ဖြစ်သည်။မိဘမဲ့ဂေဟာကို တိုးချဲ့သည့် အနေဖြင့် သိပ်မကြာခင်၌ ကျောင်းတစ်ကျောင်း ဖွင့်ခဲ့သဖြင့် လူတိုင်းက ဖလဲရ်ကို အလွန်စိတ်ထားကောင်းသည်ဟု ချီးမွမ်းခဲ့ကြသည်။ထိုသို့ လုပ်လိုက်ရာ ကျောင်းတွင် လူအနည်းစု လာတက်ကြပြီး သူတို့ကြား၌ အရေးကြီးသော လူတစ်ယောက်ပါလာခဲ့သည်။
နာမည်က ရစ်ဗက်လားပဲ။
ထိုသို့ ဖြစ်လိမ့်မည်။ရစ်ဗက်သည် အလွန်ရှားပါးသော ဥာဏ်ကြီးရှင်များထဲမှ တစ်ဦးဖြစ်သည်။ထို့ကြောင့် သူသည် အိမ်ရှေ့စံမင်းသား၏ မျက်စိကို ဖမ်းစားနိုင်ခဲ့ပြီး မင်းသား၏ စက်ယန္တရားဆရာတစ်ဦး ဖြစ်လာခဲ့သည်။ထိုကတည်းက အိမ်ရှေ့စံမင်းသား၏ လုပ်ရပ်များက ဒုတိယမင်းသားကို သိသာစွာ ကျော်တက်သွားနိုင်ခဲ့သည်။
ငါသာ ဒီလူကို ရအောင် လုပ်နိုင်ရင်ရော။
ဒီထက် ကောင်းတာ ဘာမှ မရှိတော့ဘူးပေါ့။
ကျွန်မ ပြုံးပြီး ဆိုဗက်စ်စတာကို ကြည့်လိုက်သည်။
"ဇနီးလေး"
ကျွန်မကို အတော်ကြာသည်အထိ ငုံ့ကြည့်နေသော ဆိုဗက်စ်စတာက ကျွန်မ၏ ပုခုံးကို ဆုပ်ကိုင်လိုက်သည်။ကျွန်မ ဟိုကြည့် သည်ကြည့် လုပ်နေရင်း တစ်ကိုယ်လုံး တုန်ရင်လာခဲ့သည်။
"မင်းကို အပြင်ပန်း ကြည့်ရတာတော့ အကောင်းအတိုင်းပါပဲ။"
သူက ကျွန်မ၏ နဖူးကို လက်ညှိုးဖြင့် တောက်လိုက်သည်။
"ဒီနေရာက ပြဿနာ ဖြစ်နေတာလို့ ကိုယ် မှန်းဆမိတယ်။"
"ကျွန်မ စိတ်လွတ်နေတယ်လို့ ရှင် ပြောချင်နေတာ၊ ဟုတ်တယ်မလား။"
"မှန်တာပေါ့၊ကိုယ့်ဇနီးလေး ထင်နေတဲ့ အတိုင်းပါပဲ။"
ဆိုဗက်စ်စတာက ထိုသို့ ပြောလာမည်ဟု ကျွန်မ သိသည်။ထို့ကြောင့် ကျွန်မ၏ လျှို့ဝှက်လက်နက်ကို ဆွဲထုတ်လိုက်သည်။
"ရှင် ကျွန်မကို ဒီလို လုပ်ခွင့်ပြုရင် ကျွန်မ ..."
TK Team
++++++++