Ch28 - လီလီပန်း
မိဘမဲ့ဂေဟာဒါရိုက်တာသည် လီလီပန်းများကို အရမ်းချစ်တာကြောင့် မိဘမဲ့ဂေဟာ ထောင့်မျိုးစုံတွင် လီလီပန်းများကို အလှဆင်ထားသည်ကို တွေ့ရတတ်သည်။ စာသင်ခန်းစင်မြင့်များမှာတောင် လီလီပန်းများက အမြဲရှိနေတတ်သည်။
ဖန်ချန်းသည် ထိုအမွှေးရနံ့က အရမ်းစူးသည်ဟုခံစားရတာကြောင့်မကြိုက်ပေမယ့်... မိဘမဲ့ဂေဟာဒါရိုက်တာဖွားဖွားကြောင့် လီလီပန်းများကိုချစ်ခင်မှုအနည်းအငယ်လောက်မျှ အခိုင်အမာ ရှိနေဆဲပင်...
သူသည် ငယ်ရွယ်စဉ်ကတည်းက မိဘမဲ့ဂေဟာ၏ ကန့်သတ်ဘောင်အတွင်း၌ ကြီးပြင်းလာခဲ့ရပြီး ဒါရိုက်တာအဖွား၏ မျက်နှာသာပေးမှုကို သိသိသာသာ ခံစားခဲ့ရသည်။ သူမသည် အခြားကလေးများ လျှို့ဝှက်ထားခြင်းမရှိဘဲ သူ့ကို သကြားလုံးများအမြဲတမ်း ပေးကာ ခေါင်းကို ညင်သာစွာ ပုတ်ပေးမည်ဖြစ်သည်.. သူအပြစ်ပေးခံရချိန်တိုင်းတွင်လည်း သူမက သူ့အတွက် ဝင်ပြောပေးလေ့ရှိသည်။ ထိုသို့သောဆက်ဆံမှုသည် သူနှင့်ရွယ်တူ မိဘမဲ့ကလေးများကြားတွင် သဘာဝအတိုင်း မနာလိုမှုနှင့် နာကြည်းမှုကို လှုံ့ဆော်ပေးခဲ့သည်။
ဖန်ချန်းသည် သူက ဒါရိုက်တာဖွားဖွား၏ နှလုံးသားတွင် အထူးနေရာတစ်ခုတွင်ရှိသည်ကို သိသည်။
အာ... အထူးတလည်ဖြစ်ရတာ ဘယ်လောက်ကောင်းလိုက်လဲ...
လူတိုင်းက သူတို့ဂရုစိုက်သည့်သူတွေ၏ နှလုံးသားထဲတွင် ထူးထူးခြားခြားရှိနေဖို့ စိတ်ကူးယဉ်တတ်ကြသည်။ အထူးသဖြင့် မိဘမဲ့ဂေဟာလို နေရာတွင် အခြားတစ်ယောက်ယောက်၏ ညှာတာမှုအနည်းငယ်ကပင် ကလေးများကြားတွင် အပြင်းအထန် ပြိုင်ဆိုင်လိုသော ရတနာတစ်ခု ဖြစ်လာနိုင်ခဲ့သည်။
ထို့ကြောင့် ဖန်ချန်းသည် အချို့သော အဖြစ်မှန်များကို မေ့ထားရန် တမင်တကာ ရွေးချယ်ခဲ့ပြီး သူတို့၏ ဖြစ်တည်မှုကို အာရုံမစိုက်ခဲ့ပေ။
နျဲ့ရှီ မွေးစားခံရပြီးနောက် ထွက်သွားခဲ့သည့်နေ့ကို ဖန်းချန်က သတိရသေးသည်။သူသည် အိမ်နောက်ဖေးတွင် တစ်ယောက်တည်းထိုင်နေခဲ့ပြီး နျဲ့ရှီနှင့် လမ်းခွဲရန် တွန့်ဆုတ်နေကာ မနာလိုစိတ်များနှင့်အတူ မျက်ရည်များကို သုတ်ခဲ့လိုက်သည်။
တခြားကလေးများ အိပ်ပျော်နေချိန်၌ ဒါရိုက်တာဖွားဖွားက သူ့ဆီ ရောက်လာခဲ့ပြီး ကွတ်ကီးတစ်ခု ပေးလာခဲ့သည်....
"ကလေး ဘာများမှားလို့လဲ.... သားသူငယ်ချင်း ထွက်သွားတာကို သည်းမခံနိုင်ဘူးလား"
ဖန်ချန်းလေးသည် တံခါးဝတွင်ထိုင်နေခဲ့ပြီး ကွတ်ကီးကိုစားနေစဉ် မျက်ရည်များက စီးကျလာခဲ့သည်။ သူ့ဆံပင်တွေက သဘာဝအတိုင်း ကောက်ကွေး ပျော့ပျောင်းနေခဲ့ပြီး ဖောင်းပွပွလေးဖြစ်နေခဲ့သည်။ ငယ်သေးသည်ကြောင့် သူ့စကားများက နည်းနည်းတော့ မရှင်းလင်းသေးပေ။ သူက အနှောက်အယှက်အနည်းငယ်ဖြစ်ပေမယ့်လို့ သူ့၏ ချစ်စရာကောင်းသောအသွင်အပြင်နဲ့ သွက်လက်သည့် ကိုယ်ရည်ကိုယ်သွေးများကြောင့် လူကြီးတွေအားလုံး သူ့ကို ချစ်ကြတာကတော့ ငြင်းမရပေ။
"လူတိုင်း ထွက်သွားကြပြီ..."
ဒါရိုက်တာဖွားဖွားက သက်ပြင်းအရှည်ကြီးချလိုက်ပြီး သူ့ဘေးမှာထိုင်ရင်း ခေါင်းကို ညင်သာစွာ ပွတ်သပ်ပေးလာခဲ့သည်။
"ဖန်ချန်းလေးက ထွက်သွားချင်နေတာလား"
ထိုအချိန်တွင် ဖန်ချန်းလေးသည် ငယ်ရွယ်နေသေး၏။ သူသည် အခြားကလေးများလို ခံစားချက်များကို ထုတ်ဖော်ပြေယဖို့က ယုံကြည်မရှိကာ သူသည်လူတိုင်းအတွက် အလုပ်ရှုပ်စေသည့်သူမဖြစ်လိုပေ။ ထို့ကြောင့် သူဘာမှ မပြောဝံ့ဘဲ ခေါင်းကိုငုံ့ကာ ဆက်မပြောတော့ပေ..
ဒါရိုက်တာအဖွားက အဝေးကို လှမ်းကြည့်လိုက်သည်...
"အားလုံးက ထွက်သွားကြပြီ... ဒါပေမယ့် ဖန်ချန်းလေးကတော့ ဖွားဖွားနဲ့နေမယ်မှတ်လား"
နေရောင်က မျက်လုံးကို အနည်းငယ် ထိုးနေခဲ့၏။ ဖန်ချန်းလေးက မော့ကြည့်လိုက်ပြီး ရိုးသားစွာဖြင့် ခေါင်းညိတ်ပြလိုက်သည်။
"ကောင်းပြီ သားက ဖွားဖွားနဲ့နေမယ်"
သူသည် ဒါရိုက်တာအဖွားအား သူ့အပေါ် အရမ်းကောင်းပြီး သူနဲ့ အတူနေဖို့ ဆန္ဒရှိသူဟုထင်မြင်ခဲ့သည်။ ပူပြင်းသော နေရောင်အောက်တွင် သူ အိပ်ငိုက်လာသလို ခံစားလာရသော်လည်း ဖွားဖွားနှင့် အဖော်ပြုလိုသော ဆန္ဒဖြင့် နေရာမှာအတူရှိနေခဲ့ပေးသည်။
မျက်လုံးတဝိုက်က အရေးအကြောင်းများ တွန့်ကွေးသွားသည့်အထိ ပြုံးလိုက်ပြီး ဒါရိုက်တာအဖွားကပြောလာခဲ့သည်။
“ဖန်ချန်းလေးက အရမ်းတော်တာပဲကွယ်...လိမ္မာလိုက်တဲ့ကလေးလေး.. နောက်ထပ် ကွတ်ကီး လိုချင်သေးလား"
ဖန်ချန်းလေးက ခေါင်းခါလိုက်သည်။ ကွတ်ကီးသည် ခြောက်သွေ့လွန်းပြီး အနည်းငယ် အာခြောက်သွားစေသည်။
"မလိုချင်တော့ဘူးဖွားဖွား"
တကယ်တော့ ဖန်ချန်း၏ အသွင်အပြင်အရ သူသည် ပိုချမ်းသာသည့်မိသားစုထံတွင် မွေးစားခံရနိုင်ခြေ ရှိခဲ့သည်။ သို့တိုင်အောင် သူနှင့် ရွယ်တူချင်းများ တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားပြီး သူသာလျှင် ကျန်ရစ်ခဲ့တော့သည်။
နောက်ပိုင်းများတွင် ဖန်ချန်းသည် အနည်းငယ်နားလည်သဘောပေါက်လာခဲ့သည်- တကယ့်အမှန်မှာ ကိုယ်ပိုင်သားသမီးမရှိခြင်းနှင့် ဖန်ချန်းအပေါ် လေးနက်သောချစ်ခင်မှုတို့ကြောင့် သူ့ကိုမွေးစားနိုင်ခွင့်မပေးဘဲ နောက်ကွယ်တွင်ထားရန် ရွေးချယ်ခဲ့သော ဒါရိုက်တာအဖွားကြောင့်ပင်ဖြစ်သည်။
ဖန်ချန်း၏ အလယ်တန်းကျောင်းအဆင့်များသည် စံသတ်မှတ်ချက်ထက်နည်းသောကြောင့် သူမ၏မျှော်လင့်ချက်များကို ဖြည့်ဆည်းပေးရန် ပျက်ကွက်သည့်အတွက် ဒါရိုက်တာသည် စိတ်ပျက်သွားခဲ့သည်။ ဒီစိတ်ပျက်မှုက သူဘွဲ့ရပြီးလျင် အလုပ်ကြမ်းလုပ်ဖို့ စိတ်ကူးရှိမရှိ ပြတ်ပြတ်သားသား မေးတဲ့အထိကို ရောက်သွားခဲ့သည်။ သို့တိုင်အောင် သူမသည် သူ့ကို အလုပ်ရှာဖို့ ကူညီပေးနေဆဲပင်...သူမသည် ဖန်ချန်ကိုကောင်းစွာ ဆက်ဆံခဲ့သည်။
ရံဖန်ရံခါတွင် ဖန်ချန်းသည် သူသာမွေးစားခံလိုက်ရပါက သူ့ဘဝပိုကောင်းလာမည်လားဟုပင် မကြာခဏ တွေးမိခဲ့သည်။ သူသာမွေးစားခံရမည်ဆိုပါက မိဘမဲ့ဂေဟာ၌ အနိုင်ကျင့်ခံရတော့မှာမဟုတ်ပေ..ဒါပေမဲ့ သူ့ကိုမွေးစားလိုက်သည့်မိသားစုက သူ့ကို မကောင်းမွန်စွာ ဆက်ဆံရင်ကော...အကယ်၍ သူ့ကို ပြန်ပို့ခဲ့ကြရင်ရော...
သူသည် အပြုသဘောရော အဆိုးမြင်သဘောနှစ်ခုလုံးကို စဉ်းစားခဲ့သော်လည်း နောက်ဆုံးတွင် သူသည် ဤဘဝပုံစံတစ်မျိုးတည်းတွင်သာ နေထိုင်ခဲ့ရ၍ ရွေးချယ်စရာမရှိပေ.....သူ့အတွက် 'အကယ်၍' နှင့် အခြားလမ်းကြောင်းများက ဖြစ်နိုင်ခြေမရှိသည်မှာ သေချာနေသောကြောင့်ပင်။
အကောင်းနဲ့အဆိုးများက ဘဝ၏ သဘောတရားများကို အဓိပ္ပါယ်ဖွင့်ဆိုလို့မရပေ။သူ့မှာ ရွေးပိုင်ခွင့်မရှိသလို သူလုပ်နိုင်သမျှကခံနိုင်ရည်ရှိအောင်နေရတာပင်....
××××××××××××
မိုးက ဆက်လက်သည်းထန်စွာရွာနေခဲ့ပြီး လေပြင်းများတိုက်ခတ်လာကာ အခန်းတံခါးအား ပြင်းထန်စွာပိတ်သွားစေခဲ့သည်။ သို့သော် အခန်းထဲရှိကောင်းချန်သည် အသက်မဲ့ ခန္ဓာကိုယ်လိုမျိုး ရွေ့လျားမှု ကင်းမဲ့နေသေးသည်။
အပြင်ဘက်ရှိ ဖန်ချန်းသည် စကားတစ်ခွန်းမှ မပြောနိုင်လောက်အောင် နာကျင်စွာ တုန်လှုပ်နေသေးသည်။ ချွေးနှင့် မျက်ရည်များက ရောနေပြီး တပြိုင်နက် မျက်နှာပေါ်ကျလာခဲ့သည်။
သူသည် ထိုကဲ့သို့ သနားစရာ အခြေအနေတွင် ထာဝရ ပိတ်မိနေခဲ့ပြီး နောင်လာမည့် နေ့ရက်များတွင်လည်းထိုကဲ့သို့ပင်ဖြစ်နေလောက်သည်။သူသည် အသက်ရှုဖို့ပင် ရုန်းကန်နေရပြီး လည်ချောင်း စိုစွတ်လာသည်အထိ ချောင်းဆိုးနေရင်း လည်ချောင်းကို အဆက်မပြတ်ဆုပ်ကိုင်ထားလျက်ရှိနေသည်။
ချောင်ယန်သည် အတော်လေးကို စိတ်ရှုပ်ထွေးသွားသလို ခံစားလိုက်ရပြီး သူ့ဦးနှောက်က အချိန်အတော်ကြာတုန်လှုပ်နေခဲ့ကာ နောက်ဆုံးမှာတော့ထုတ်မေးလိုက်သည်...
“အဲ့ဒါက တကယ်ကြီး အဲ့လောက်ထိနာကျင်ရလို့လား...”
အထူးသဖြင့် သူသေပြီးနောက်တွင် ဒဏ်ရာများက လျင်မြန်စွာ သက်သာပျောက်ကင်းလာနိုင်သောကြောင့် ဝေဒနာခံစားရခြင်းမှကင်းဝေးပြီး အမြဲတစေ ရွှင်လန်းမှုရရှိခဲ့သည်။ ထို့အပြင်သူသည်ဒဏ်ရာတစ်ခုခုရပြီး မြေပြင်ပေါ်သွေးများတစ်စက်ချင်းစီကျရခြင်းသည် သူအသက်ရှင်စဉ်တုန်းကလိုမျိုး နာကျင်မှုကိုခဏတာမျှခံစားရခြင်းကြောင့်ဒဏ်ရာရခြင်းကိုလက်သင့်ခံပြီးဆန္ဒရှိခဲ့သည်။
ချောင်ယန်သည် ကြောက်ရွံ့ခြင်း ပျောက်ဆုံးသွားသော ကလေးနှင့်တူလှသည်။ သူ့ရှေ့မှာ မရေမတွက်နိုင်တဲ့ ဖန်ခွက်တွေ ရှိနေခဲ့ပြီး ပုလင်းတစ်ခုစီတွင် တက်ကြွသောအရောင်များပါရှိနေသည့်အခါတွင် လူအများစုသည် အတွင်းမှ အကြောင်းအရာများကို ပြန်လည်ရယူရန်အတွက် ပုလင်းများကို ဂရုတစိုက် ဖယ်ရှားကြသော်လည်း ချောင်ယန်သည် ကွဲပြားနေစွာဖြင့် လူတိုင်းအား လက်ဖြင့်သာပြင်းပြင်းထုချေမွစေခဲ့ပြီး သူကိုယ်ကိုတိုင်လည်း အဲ့လိုသာလုပ်ခဲ့သည်။
သူသည် နာကျင်မှုဝေဒနာကို ခံနိုင်ရည်ရှိလွန်းပြီး အကောင်းနှင့်အဆိုး ကွဲပြားမှုမရှိသော လောကတွင် သူသည်လည်း အတူတူပင်ဖြစ်သည်။
သူ့ကိုနေ့တိုင်း ရိုက်နှက်ပြီး မုန့်လေးတစ်ခုစားခြင်းကြောင့် ဆံပင်ဆွဲခဲ့ကြသည့်သူများသည် သူ့ကို ခမ်းနားထည်ဝါသော စံအိမ်ကြီးသို့ ခေါ်ဆောင်သွားကာ ရေနွေးပူပူနှင့်ချိုးပေးပြီး အဝတ်အစားအသစ်များ ပေးဆောင်ခဲ့ကြသည်...တကယ်တမ်းတွင် သူတို့သည် သူ၏ ကိုယ်တွင်းအင်္ဂါများအပေါ် ယုတ်မာသော ရည်ရွယ်ချက်များ ရှိနေခဲ့ကြတာဖြစ်သည်။
ချောင်ယန်သည် လူသားများက အစစ်အမှန်ပင် ဆန်းကြယ်ပြီး သူတို့က သေခြင်းတရားဖြင့်မျက်နှာချင်းဆိုင် ရုန်းကန်ကြရသည့်အခါတွင် ပို၍ပင် စွဲမက်ဖွယ်ကောင်းကြောင်းတွေ့ခဲ့ရလေ၏။
သေပြီးနောက်တွင် လူတို့၏ မွေးရာပါ အညစ်အကြေးများသည် ကျန်ရစ်ခဲ့ပေမည်။
"Malevolences" "စိတ်နတ်ဆိုး" ဟူသည် ရယ်စရာကောင်းစွာပင် လူသားများနှင့်တူသောပုံစံများရှိသော်လည်း သူတို့သည်သိသာထင်ရှားစွာ အသိဉာဏ်ကင်းမဲ့ပြီး လူသားများကို စားသုံးချင်စိတ်ရှိသည့် လိုချင်လောဘများသည့်သတ္တဝါများဖြစ်ကြသည် ။ သူတိာ့သည် မီးလျှံထဲတိုးဝင်သော ပိုးဖလံများကဲ့သိူ့ လူသားများကို လိုချင်တပ်မက်ပြီး တစ်ကိုယ်လုံးကို ဖြိုခွဲပစ်ပြီး ကိုက်စားကာ ပေါင်းစည်းလိုသော ဆန္ဒရှိသည်။
-သူတို့အားလုံးက အမှန်တော့အတူတူပဲဖြစ်ကြသည်...
ချောင်ယန်သည် ပြတင်းပေါက်ဘောင်ပေါ်တွင် တိတ်တဆိတ် စိုက်ကြည့်နေခဲ့သော အဖြူအမည်းကြောင်ကို စိုက်ကြည့်လိုက်သည်။ ဤနေရာတွင် လူတစ်ဦးစီတိုင်းသည် အပြစ်များကို ခံယူကြရပြီး သူတို့သည်လည်း ချွင်းချက်မရှိပေ။
ကြောင်သည် ခေါင်းကိုလှည့်ကာ အကြည့်များကို အနှံ့အပြားဖြန့်ချလိုက်ပြီး "မြောင်" ဟူသော အသံနှင့်အတူ ပြတင်းပေါက်မှ ခုန်ထွက်သွားကာ မိုးရေထဲသို့ ခုန်ဆင်းလိုက်၍ ဆန့်ကျင်ဘက်ဟိုတယ်ဆီသို့ သွက်လက်စွာ လမ်းဖြတ်ကူးသွားတော့သည်။
ရွေ့လျားမှုတစ်ခုက အပေါ်ထပ်ကနေ လာနေခဲ့သည်။ ချောင်ယန်က သူ့ဒုက္ခရောက်တော့မည်ကိုသိလိုက်သည်။ ဒါကြောင့် ခေါင်းကို မော့လိုက်ပြီး မပီမသညည်းတွားလိုက်သည်။
“ငါ အခုထွက်သွားမှရတော့မယ်"
သူ ခြေတစ်လှမ်းဆုတ်ပြီး နောက်တစ်ခါ ရှေ့ကို တိုးသွားလိုက်သည်။ သူ့ခြေထောက်တစ်ဖက်ကို မချမီ သူ့လက်သည် လေထဲခေတ္တမျှ တန့်နေသည်။ သူသည် ဖန်ချန်းဘာလို့ဒီလောက်ဖြစ်သွားမှန်းကို သူနားမလည်သေးသဖြင့် လှည့်၍ အကြောင်းအရင်းကို လိုက်ရှာရင်း လှေကားပေါ်ကို တက်လိုက်သည်။
××××××××
ရေချိုးခန်း ဘုံပိုင်ခေါင်းကပျက်နေကာ ရေများ အဆက်မပြတ် ကျဆင်းနေသည်။ အခန်းထဲတွင် ကျန်းရွေ့ နှင့် ဝမ်ဟွေ့ဝမ်တို ရှိနေကြသည်။ တူညီတဲ့ စောင်အောက်မှာ အတူတူပူးကပ်နေကြသည်။
သူတို့ထွက်ပြေးလာကြရင်း ညဘက်ရောက်လာတော့ ဟိုတယ်ကို ခိုလှုံဖို့ရှာကြသည်။ မထင်ရှားစေရန် သူတို့ကားကို လမ်းကြားထဲ၌ တမင်မောင်းပြီး ပုန်းဖို့ အခန်းရှာရန် ငါးထပ်ကို အမြန်တက်ခဲ့ကြသည်။ ဒီဟိုတယ်က လမ်းတစ်ဖက်ကဟိုတယ်ထက် ပိုကောင်းမယ်လို့ အစက ထင်ခဲ့ကြပေမယ့် အခန်းထဲကို ဝင်လိုက်သည်နဲ့ ပုပ်သိုးနေသော အနံ့နှင့်စောင်တစ်ထည်ကို ကြိုဆိုလိုက်ရမည်ဟု မထင်ထားမိတာကြောင့် အံ့ဩသွားမိသည်။ သူတို့ နှစ်ယောက်သားတင်းတင်းကျပ်ကျပ် ပွေ့ဖက်ထားကြသော်လည်း နွေးထွေးမှု မရှိဘဲ လေးလံပြီး စိုစွတ်နေခဲ့သည်။
ညကောင်းကင်သည် ၎င်း၏အနက်ရှိုင်းဆုံးအမှောင်ထဲသို့ ထိုးကျသွားသည်နှင့်အမျှ စင်္ကြံ၌ ဒေါက်မြင့်ဖိနပ်၏စည်းချက်ကျကျအသံများက ပဲ့တင်ထပ်လာခဲ့သည်။
ဝမ်ဟွေ့ဝမ်၏ ဦးရေပြားများ ထုံကျင်သွားပြီး ကျန်းရွေ့က သူမ၏ ပုခုံးများကိုအချိန်မရွေး တွန်းထုတ်နိုင်သည့် အင်အားဖြင့် စိုးရိမ်တကြီး ဆုပ်ကိုင်ထားသည်။
ထာဝရလောက်ကြာသွားပြီးနောက်တွင် ခြေသံများက တဖြည်းဖြည်း မှိန်ဖျော့သွားခဲ့သည်။ နောက်ဆုံးတွင် တစ်ယောက်ကိုတစ်ယောက် ပွေ့ဖက်ကာ အဆင်မပြေသော ကိုယ်ဟန်အနေအထားကို ထိန်းသိမ်းထားလျက် ငိုက်မျဉ်းလာကြသည်။
အဝေးမှ လျှပ်စီးတစ်ချက်လက်သွားပြီး ဘယ်ကမှန်းမသိသည့်အပြင်မှ ကြောင်တစ်ကောင်က ဝင်လာခဲ့ကာ အမွှေးပေါ်ရှိရေများကို လှုပ်ယမ်းလိုက်၍ ၎င်း၏ ခြေသည်းများကို ပွတ်သပ်နေခဲ့သည်။
"တတောက်တောက်" မြည်သံများဖြင့် ခြေသံများ နီးကပ်လာသည်နှင့်အမျှ ကြောင်လေးသည် အမှီးကိုတစ်ချက်ပုတ်လိုက်ပြီး ခေါင်းကိုလှည့်ကာ အနက်ရောင် စင်္ကြံလမ်းကိုကြည့်လိုက်သည်...နျဲ့ရှီသည် လက်ချောင်းထိပ်များမှ အနက်အရည်များတတောက်တောင်ကျကာရွှဲစိုနေပြီး အမှောင်တစ်ဖက်တွင် ပေါ်လာခဲ့သည်။
"မြောင်-" ကြောင်လေးသည်ခြေဖဝါးကိုထောက်လိုက်ကာ နျဲ့ရှီ၏ ဘောင်းဘီကို ပွတ်သပ်လာပြီး အနက်ရောင်အချွဲများကိုရှောင်လိုက်သည်။
ခေါင်းကို မြှောက်လိုက်ပြီး ကြောင်လေး၏ ပါးစပ်သည်'w' သဏ္ဌာန်ဖြင့် ပြုံးနေပုံရနေသည်။
"မင်းက ချောင်ယန်လိုမျိုး ဘယ်တုန်းက ဒီလောက်ရွံရှာတတ်လာတာလဲ"
စင်္ကြံ၏အစွန်ဘက်ကနေ ပုံရိပ်တစ်ခုကရွေ့လျားလာပြီး မေးခွန်းထုတ်လာခဲ့သည်။
အနက်ရောင်အချွဲများက နျဲ့ရှီ၏လက်မှ စီးကျလာပြီး ပြန့်ကျဲသွားသော်လည်း သူ့မျက်လုံးများထဲရှိ အမှောင်ထုက ပိုနက်ရှိုင်းလာခဲ့သည်။
"မင်းက ဒီရောက်နေတာလား?"
"မဟုတ်ရင်ဘာဖြစ်ရမှာလဲ" တစ်စုံတစ်ခုကို သတိရနေသလိုမျိုး ခေါင်းငုံ့ကာ ပုံရိပ်က ပြန်ပြောလိုက်သည်။ "ချောင်ယန်က ဒီမှာလေ စောင့်နေတဲ့သူမရှိဘူး"
နျဲ့ရှီ၏အမူအရာက ပိုလို့တောင် မှောင်သွားခဲ့သည်။
"ငါင သူနဲ့ဟိုမှာအတူရှိနေတယ်လို့ မင်းထင်နေတာလား"
ပုံရိပ်က မျက်ခုံးပင့်သွားကာဆက်ပြောလာခဲ့သည်.. "မင်းက ဒီကိုလာခဲ့တာဆိုရင် ..ဟိုမှာ ဖန်..."
သူ့နောက်ဆုံးစကားမဆုံးသေးခင်မှာပဲ နျဲ့ရှီက ပြတင်းပေါက်ကနေ ခုန်ချသွားတော့သည်။
ပုံရိပ်က ကြောင်နှင့် အကြည့်ချင်းဖလှယ်လိုက်ကြပြီး မေးလိုက်သည်...
"အမ်...ငါတို့ အခုငါးထပ်မြောက်မှာ ရှိနေကြတာမလား..."
"မြောင်.."
လရောင်သည် အရိပ်များကြားမှ ဖြတ်ထွက်နေကာ ရှည်လျားပြီး ဝမ်းနည်းဖွယ် ကောင်းသော စင်္ကြံလမ်းတစ်ဖက်ပေါ်ရှိနံရံပေါ်၌ကျရောက်နေလေသည်။ ဒေါက်မြင့်ဖိနပ်တွေနှင့် ကုတ်ခြစ်သံအချို့က နောက်တစ်ကြိမ် ထပ်ခါထပ်ခါ ထွက်ပေါ်လာပြီး သူတို့ရဲ့ အကြည့်တွေက မှုန်ဝါးဝါးဖြင့် ပြတင်းပေါက်အပြင်ဘက်ကနေ အပြေးအလွှားဝင်လာသည့် နျဲ့ရှီအပေါ်ကျရောက်သွားပြီး သက်ပြင်းတစ်ချက်ချလိုက်ရင်းပြောလိုက်ကြသည်...
"အလုပ်ချိန်ရောက်ပြီ"
မိုးဖွဲဖွဲကျနေသော ပြတင်းပေါက်ရှေ့တွင် ဖန်ချန်း ကြမ်းပြင်ပေါ်တွင် မှောက်လျက်ရှိနေပြီး ချွေးများဖြင့် ရွှဲရွှဲစိုနေသည်။ သူ့အမြင်အာရုံတွေက မှုန်ဝါးသွားသလို သူ့လက်တွေကို တစ်စုံတစ်ခုက ထိုးဖေါက်သွားသလို ခံစားလိုက်ရပြီး ဖော်မပြနိုင်သည့်ဝေဒနာများ ခံစားရနေရပြီး သူ့ကိုယ်သူတောင် မမြှောက်နိုင်တော့ပေ။
ဖန်တုံးများ..ရွှံ့များ..မိုးများ.. သွေးများ- ကြက်သွေးရောင် ဖန်သားပြင်များ.. အနက်ရောင် အသွေးအသားတစ်ခုက အမဲလိုက်နေတဲ့ တစ်စုံတစ်ခုဆီမှ လွတ်မြောက်ဖို့ စိတ်အားထက်သန်စွာ ပြေးထွက်လာသလိုမျိုး သူ့လည်ချောင်းက ထွက်လာတော့မလို ခံစားလိုက်ရသည်... ဖန်ချန်းသည် အဲ့တာက နှလုံးသားတစ်ခုလို့ပင်ထင်သည်...
တစ်စုံတစ်ယောက်က သူ့နားထဲတွင်လက်ခုပ်တီးနေပြီး ဒါက မင်းအပြစ်တွေအတွက် အပြစ်ဒဏ်တစ်ခုဟု တိုးတိုးလေး ပြောနေသလိုခံစားနေရသည်...
သူ့သည် နှလုံးများအဆမတန်ခုန်နေကာ အိပ်မက်ထဲရှိ ကြက်သွေးရောင်နှင်းဆီပန်းပွင့်ချပ်များက သူ့အပေါ်ကြွေကြသွန်လာပြီး သူ့ကို သင်္ဂြိုဟ်ပေးလာကြသည် သူ..မလွတ်မြောက်နိုင်ပေ..သေခြင်းအားဖြင့်သာ သူ၏အပြစ်များကို အပြစ်ပြန်ဖြေရမည်ဖြစ်သည်။
နျဲ့ရှီသည် ပြတင်းပေါက်မှဝင်လာခဲ့၍ ခေါင်းမှ ခြေဖျားအထိ ရေများရွှဲနစ်နေသည်။ သူ၏အနက်ရောင်ဆံပင်များက ရေများ ရွှဲနေကာ ဖန်ချန်းကို မြင်လိုက်သည့်အခိုက်တွင် သူ့တစ်ကိုယ်လုံး တင်းမာလာပြီး အကူအညီမဲ့သည့်ခံစားချက်တိုးဝင်လာခြင်းကို ဖုံးကွယ်ထားနိုင်ခြင်းမရှိပေ။ ပဉ္စမထပ်ကနေ ခုန်ချခြင်းကြောင့်ရလာခဲ့သော ဒဏ်ရာများက ချက်ချင်းမသက်သာသော်လည်း ဖန်ချန်းဆီသို့ လျှောက်သွားသည့် ခြေလှမ်းတိုင်းက နာကျင်မှုကို မခံစားနေရသလိုပင်....
ဖန်ချန်းသည် တုန်လှုပ်ချောက်ချားဖွယ် အမှတ်တရများကြားတွင် ရုန်းကန်နေရသည်။သူက မရှင်းမလင်း စကားများ တောက်လျှောက်ပြောနေခဲ့သည်...
" မင်း..မင်းက ဘယ်သူလဲ... ငါ...ငါက မင်းကို သတ်ခဲ့တဲ့သူလား"
အဝေးမှ မိုးကြိုးတစ်ခုက ကျလာခဲ့သည်နှင့်အမျှ နျဲ့ရှီ၏လက်ဖဝါးမှ အရုပ်ဆိုးသော အရိုးများပေါ်လာပြီး နောက်ဆုံးတွင်ဖုံးကွယ်ထားသည်များက ကွဲအက်သွားတော့သည်.....