Chapter 26
Viewers 4k

Ch26 အနီရောင်ဂါဝန်


►Spoller-warning tag

ဖန်ချန်းက လဲကျသွားခဲ့ပေမယ့် ထပြီး ရှဲ့ယင်းနောက်ပြေးလိုက်ခဲ့သော်လည်း ပထမထပ်ကို ရောက်လာသည်အထိတောင်မှ သူမကို ဘယ်နေမှာမှ ရှာမတွေ့နိုင်ခဲ့ပေ။

ကားသော့ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားရင်း ဖန်ချန်း၏ လက်ဖဝါးသည် ချွေးစေးများဖြင့်စေးကပ်လာတော့သည်။ ကောင်းချန်က သူ့နောက်ကို လိုက်လာခဲ့ပြီး "ရှဲ့ယင်းက မင်းကို ဘာပြောသွားတာလဲ? သူမက ဘာလို့ ထွက်ပြေးတာလဲ?နျဲ့ရှီကကော ဘယ်မှာလဲ"

ဖန်ချန်းသည် ဘယ်သူ့ကိုမှ အဖြေမဖြေနိုင်သည့်အခြေအနေတွင်ရောက်နေခဲ့သည်။ ရုတ်တရက် မိုးများ ရွာချလာသည်အထိ ဟိုတယ်ဧည့်ခန်းထဲတွင် ခဏလောက်ရပ်နေခဲ့မိသည်။

ဟိုတယ်ထဲမှ ထွက်လာတော့ အပြင်ဘက်တွင် နေရောင်ကတောက်ပနေပြီး သာယာသော ရာသီဥတုကို တွေ့လိုက်ရသည်။ မိုးဖွဲဖွဲလေးနှင့် နွေးထွေးသော လေနုအေးတို့က သူတို့၏ ပါးပြင်များကို ပွတ်သပ်ပေးလာခဲ့သည်။ သို့တိုင်အောင် လမ်းတစ်လျှောက်တွင် ဝိဉာဉ်တစ်စတောင်မှမတွေ့နိုင်ခဲ့ပေ...

ဖန်ချန်းသည် ကောင်းကင်ယံ၌ လွတ်လွတ်လပ်လပ် ပျံဝဲနေသော ငှက်တစ်ကောင်ကို လှမ်းမျှော်ကြည့်လိုက်သည်။ထိုငှက်သည် ကြီးမားသောအကွာအဝေးထဲ ကွယ်ပျောက်မသွားမီ အကြိမ်အနည်းငယ်မျှ သူတို့ခေါင်းပေါ်လှည့်ပတ်နေသည်ကို တွေ့လိုက်ရသည်။

အဆောက်အဦးပေါ်ရှိ လေသည် ပြင်းထန်စွာ တိုက်ခတ်နေပြီး မြေပြင်ပေါ်ရှိ ဖုန်မှုန့်များသည် လေထဲတွင် ကခုန်နေကာ ရှဲ့ယင်း၏ ပခုံးတစ်ဝိုက်ရှိ ရှည်လျားလွှင့်ပျံနေသော ဆံပင်ရှည်များဘေးတွင် ဝဲပျံနေသည်။ သူမက အဆောက်အအုံအောက်ကို မနက်တိုင်း အလုပ်သွားဖို့ အိတ်တစ်လုံးကို ပခုံးပေါ်တင်ထားသလိုမျိုး အေးအေးဆေးဆေး ကြည့်လိုက်သည်။

ဖန်ချန်း၏ မြင်ကွင်းအတွင်းတွင် အခြားတစ်ယောက်၏ အရိပ်အယောင်တစ်ခု ပေါ်လာခဲ့သည်။ သူမသည် သူ့ရှေ့တည့်တည့်က မြေပြင်ပေါ် ကျသွားသည်အထိ ဆက်တိုက် ဆင်းသက်လာခဲ့သည်။

ကောင်းချန်သည် ဖန်ချန်းနှင့်ဆန့်ကျင်ဘက် နေရာသို့ မျက်နှာမူနေခဲ့ရင်းမှ အသံကိုကြားရပြီး လှည့်ကြည့်လိုက်သည်။ သူ့ကို နှုတ်ဆက်သည့် မြင်ကွင်းကြောင့် တုန်လှုပ်ချောက်ချားသွားပြီး မျက်လုံးများ ပြူးကျယ်လာကာ မြေပြင်ပေါ်ကို တည့်မတ်စွာ လဲကျသွားခဲ့သည်။

ရှဲ့ယင်းသည် အရိုးရှင်းဆုံး အင်္ကျီလက်တိုနှင့် ဂျင်းဘောင်းဘီကို ၀တ်ဆင်ထားသည်။ သို့တိုင်အောင် ဖန်ချန်း၏မျက်လုံးများတွင် သူမသည် အနီရောင်ဝတ်စုံကို ၀တ်ဆင်ထားသကဲ့သို့ ပေါ်လာခဲ့သည်။

၀တ်စုံသည် လေနှင့်အတူ တဖျပ်ဖျပ်လွင့်နေကာ လွတ်လပ်မှု၏ အမြီးကို ဆုပ်ကိုင်ထားသလိုမျိုး စွဲမက်ဖွယ်ကောင်းလှသည်။ သို့သော်လည်း ပြင်းထန်သော ပြုတ်ကျမှုနဲ့အတူ သူမ၏မျက်နှာကိုပင် မှတ်မိနိုင်လောက်အောင် ကြေမွသွားခဲ့သည်။ နွေးထွေးသော သွေးများသည် နေရာတိုင်းတွင် ဖိတ်စင်နေပြီး သေခြင်းတရားသာ ရှိတော့သည် ။

ဖန်ချန်းသည် မေးခွန်းများစွာကို မမေးရသေးဘဲ ကျန်နေသေးသော်လည်း ရှဲ့ယင်းသည် အဆောက်အဦးပေါ်မှ ခုန်ချကာ သတ်သေသွားခဲ့ပြီဖြစ်သည်။

ကောင်းချန်၏လက်ချောင်းများသည် တုန်လှုပ်နေကာ မြေပြင်ပေါ်မှာလဲကျနေရင်း လူသေလောင်းနှင့်ဝေးရာဆီသို့ ဆုတ်ဆုတ်သွားတော့သည်။

အနီးကပ်ရပ်နေခဲ့သည့် ဖန်ချန်း၏အကြည့်များသည် အနီရောင်ပင်လယ်ထဲတွင် နစ်မြုပ်သွားခဲ့သည်။ ရှဲ့ယင်း၏ တစ်ချိန်က အဖြူရောင်ဖြစ်ခဲ့သောအင်္ကျီတစ်ခြမ်းသည် သွေးများလွှမ်းနေကာ ကြက်သွေးရောင် ဆေးဆိုးထားသလိုဖြစ်နေသည်။

စိုစွတ်နေတဲ့ ကောင်းကင်အောက်မှာ မိုးက သည်းထန်လာတော့သည်။ ဖန်ချန်းသည် သူ၏နှာခေါင်းများကို ရှုံ့လိုက်ကာ ရှူရှိုက်လိုက်ရင်း သေခြင်း၏ အနံ့အသက်ကို သိချင်လာခဲ့သည်။

သေခြင်းတရားတွေက ရုတ်တရက်ရောက်လာတတ်သည်... သူအဆင်သင့်မဖြစ်သေးပေ..

"သူမ ခုန်ချလိုက်တာ" ဖန်ချန်းက ညည်းညူလိုက်ပြီး ကောင်းချန်က သူရှေ့ကို ခြေတစ်လှမ်းတိုးလာသည်ကို မြင်လိုက်တာကြောင့် တစ်ဖက်လူ ရူးသွားသလားဟုထင်လိုက်သည်။

 သူ့အရိုးတွေကို တစ်ခုခုနဲ့ ဖိမိနေသလိုမျိုးနာကျင်မှုကတိုးဝင်လာခဲ့သည်... ဖန်ချန်းသည် နာကျင်မှု ဝေဒနာကြောင့် ပြိုလဲလုနီးပါး ဖြစ်ခဲ့သော်လည်း သူ့ရှေ့က သွေးစွန်းနေသော အလောင်းကိုကြည့်ကာ သူ့ကိုယ်သူထိန်းထားလိုက်သည်။

ကွဲကြေနေသော မှန်ပြတင်းပေါက်များ၊ ရွှံ့များ... မိုးရေများ...လီလီပန်းရနံ့များ... သွေးများထွက်ကာ သွေးစွန်းနေသော နေရာများ... သူ့စိတ်ထဲတွင် ထူးဆန်းသော မြင်ကွင်းများ ထွက်လာခဲ့ပြီး နှုတ်ခမ်းအနည်းငယ် လှုပ်ခါသွားပြီး နာကျင်မှုကြောင့် အသံတစ်ခုပင်မထွက်နိုင်တော့ပေ....

ရှဲ့ယင်းသည် သူမမသေခင်တွင် ဒီမှာရှိသည့်လူတိုင်းက အပြစ်တွေကျူးလွန်ခဲ့တာကြောင့် ချုပ်နှောင်ထားခံရပြီး အပြစ်ဒဏ်ကို ရင်ဆိုင်ရလိမ့်မယ်တဲ့... ဒါပေမယ့် သူမအပြစ်က ဘာလဲ?ဒါက သူပြစ်ဒဏ်ပေးခံရတာလား? 

မြင့်မားသော အမြင့်မှ ပြုတ်ကျရပြီး အစိတ်အပိုင်းများ ကြေမွသွားရသည့်အထိဘယ်အရာကတွန်းအားပေးခဲ့သည်ဆိုတာမသိပေ... ဖန်ချန်းသည် ထိုကဲ့သို့သော ပြစ်ဒဏ်နှင့် ထိုက်တန်သည့် သူမကျူးလွန်ခဲ့သော အပြစ်ကို နားမလည်နိုင်ပေ။

ရှားရှားပါးပါး အခိုက်အတန့်တွင် သူသည် အတွေးတစ်ခုကိုသာ ခေါင်းမာစွာ ဆုပ်ကိုင်ထားခဲ့သည်- သူမက ဘာကြောင့် ခုန်ချရတာလဲ?

ရုတ်တရက်သူ့မျက်လုံးများသည် နွေးထွေးအေးမြသော လက်ဖဝါးဖြင့် ဖုံးအုပ်ခံလိုက်ရသည်။ ဖန်ချန်းသည် အမှောင်ထဲတွင် မျက်တောင်နှစ်ချက်ခတ်လိုက်မိသည်။

နျဲ့ရှီက ရုတ်တရက်ပေါ်လာပြီး ဖန်ချန်းကိုခေါ်ထုတ်သွားသည်ကို မြင်လိုက်ရသည်နှင့် ကောင်းချန်၏ခြေထောက်များက ပျော့ခွေသွားတော့သည်။ ခပ်ဝေးဝေးတွင် နျဲ့ရှီက ဖန်ချန်းကို ပွေ့ဖက်ထားပြီး ဖန်ချန်း၏ခေါင်းပေါ်တွင် သူ့မေးစေ့ကိုတင်လာခဲ့သည်။

ကောင်းချန်သည် အစပိုင်းတွင် တိတ်တိတ်နေရန် ရည်ရွယ်ခဲ့သော်လည်း နျဲ့ရှီက သူ့ဆီကို မမျှော်လင့်ဘဲ လှည့်ကြည့်တာကိုမြင်လိုက်ရတာကြောင့် မဝံ့မရဲပြောလိုက်သည်..
"ဖန်ချန်း? ဖန်ချန်း? မင်းအဆင်ပြေရဲ့လား"

ဖန်ချန်း၏ နားများသည် ဘာအသံမှမကြားနေရဘဲ သူ့ရှေ့က မြင်ကွင်းအားလုံးသည် ကြက်သွေးရောင်သွေးပင်လယ်ကြီး ဖြစ်နေသည်ကိုသာ သူခံစားမိနေရသည်။ သွေးများသည် ဖန်ချန်း၏ မြင်လွှာထဲတွင် ထူထပ်စွာ ကပ်တွယ်နေပြီး အာရုံခံစားမှုကိုယိုယွင်းအောင်ဖျက်စီးနေသည်နှင့်ဆင်တူလှသည်။ သူ့မျက်လုံးများထဲတွင် ရှဲ့ယင်းက မြေပြင်ပေါ်တွင်လှဲနေခဲ့သည်...

မိုး ဆက်တိုက်ရွာနေရာ ဆံပင်တွေက ရွှဲရွှဲစိုနေပြီး သွေးရနံ့နှင့် မြေရံနံ့တို့ကရောထွေးနေလေသည်။

နျဲ့ရှီက ဖန်ချန်၏လက်ကိုဖွင့်လိုက်ကာ ကားသော့ကိုယူပြီး ချီတုံချတုံဖြစ်နေသော ကောင်းချန်ထံ ပေးလိုက်သည်။ ကောင်းချန်သည် တုန်လှုပ်နေသေးသော်လည်း နောက်ဆုံးတွင် ဒရိုင်ဘာထိုင်ခုံတွင်ထိုင်လိုက်ပြီး နျဲ့ရှီနှင့် ဖန်ချန်းတို့နှင့်ကားဖြင့်ထွက်လာခဲ့တော့သည်။

ဖန်ချန်းသည် ပြတင်းပေါက်ဘက်ကို ခေါင်းစိုက်နေကာ အိပ်ပျော်နေသလိုမျိုး အတွေးများဗလာကျင်းကာငြိမ်သက်နေခဲ့သည်။ ကောင်းချန်က သူ အလွန်ထိတ်လန့်သွားသည်ဟု ထင်နေသော်လည်း အမှန်တကယ်မှာ ဖန်ချန်းတစ်ကိုယ်လုံး နာကျင်မှန်းမသိနာကျင်နေကာ တုန်လှုပ်နေတာဖြစ်သည်။

ကောင်းချန်သည် ဤကျိန်စာမိနေသော နေရာမှ အမြန်ဆုံးထွက်ခွာရန် တစ်ခုတည်းကိုသာ အာရုံစိုက်ထားခဲ့ကာ ကားမောင်းခဲ့ပြီးသည့်နောက်တွင် လည်ချောင်းရှင်းလိုက်၍ နောက်ကျောဘက်ရှိ နှစ်ယောက်အားမေးလိုက်သည်။
"ဖန်ချန်းက ဘာဖြစ်သွားတာလဲ..နောက်ပြီးဘာဖြစ်လို့ အခန်းအပြင်မှာရှိနေခဲ့တာလဲ?" 

သူက ဖန်ချန်းနှင့် ရှဲ့ယင်းကြားက စကားပြောဆိုမှုအကြောင်းကို အမှန်တကယ် မေးလိုက်ချင်သော်လည်း သူ့မျက်လုံးများရှေ့တွင်ဖြစ်ခဲ့သည့် သူမ၏ ထိတ်လန့်စရာကောင်းစွာ ပြုတ်ကျလာခဲ့သည့် ပုံရိပ်ကြောင့် စကားများကို ပြန်မျိုချမိလိုက်သည်။

ဖန်ချန်းက ကားထဲတွင် လူအပိုရှိနေသည်ကို အခုမှသတိထားမိပုံရသည်။ သူက နျဲ့ရှီကို လှည့်ကြည့်လိုက်သည်။ သူ့နှလုံးသားထဲတွင် ကြောက်ရွံ့မှု မရှိ..မည်သည့်ခံစားချက်မျှ မပါနေဘဲ မျက်လုံးများက ရုပ်သေးရုပ်လို ငြိမ်သက်နေပြီး "ရှဲ့ယင်း သေသွားပြီ" ဟု ရိုးရိုးရှင်းရှင်း ပြောလိုက်သည်။

ကောင်းချန်က လန့်သွားပြီးစတီယာရင်ဘီးကို လှုပ်ယမ်းမိလိုက်ရာ ဖန်ချန်းက ရှေ့သို့ ငိုက်သွားကာ သူ့မျက်နှာက ထိုင်ခုံနောက်မှီနဲ့ ပြေးရိုက်လုနီးပါး ဖြစ်သွားသော်လည်း နျဲ့ရှီက သူ့ကိုအချိန်မီ ပြန်ဆွဲနိုင်ခဲ့သည်။

မိုးများ သည်းထန်စွာရွာသွန်းလာသည်နှင့်အမျှ လေထုသည်ပို၍ ငြိမ်သက်တိတ်ဆိတ်လာကာ ကားပြတင်းပေါက်များပေါ်မှ မိုးရေများ စီးကျလာတော့သည်။

နျဲ့ရှီက တော်တော်ပင်ပန်းနေပုံရသည်။ ဖန်ချန်းက သူနှင့်ပြောဆိုဆက်ဆံရန် တွန့်ဆုတ်နေခြင်းကို သတိပြုမိတာကြောင့် နောက်ဆုံးတွင် ခဏလောက်တိတ်ဆိတ်နေခဲ့ပြီး ကားခုံကိုမှီကာအိပ်ပျော်သွားခဲ့သည်။

ကောင်းချန်က မျက်လုံးများမှိတ်ထားသည့် နျဲ့ရှီကိုကြည့်ကာ သက်ပြင်းတစ်ချက်ချလိုက်ပြီး ဝိညာဉ်လွင့်သွားဟန်တူနေသည့် ဖန်ချန်း ပြန်ကြည့်လိုက်သည်။ ထို့နောက်သူက တစ်ဝက်တစ်ပျက်နဲ့ပြောလာခဲ့သည်... "အမ်..ငါတို့နောက်မှာ တစ်ခုခုလိုက်လာနေတယ်လို့ ခံစားနေရတယ်" 

ဖန်ချန်းက သူ့နှုတ်ခမ်းတွေကို ဖိထားလိုက်ပြီး ဘာမှ မပြောလိုက်ပေ..

သူဘာပြောရမှာလဲ?သူမြင်တာကို ပြောပြလိုက်သင့်လား?

အဘယ်ကြောင့်ဆိုသော် ကောင်းချန်ပြောခဲ့သည့်အတိုင်း တစ်စုံတစ်ယောက်သည် သူတို့နောက်သို့ အမှန်တကယ်ပင်လိုက်နေပြီး သူတို့နောက်ကပြတင်းပေါက်ကိုပင် ပုတ်နေသောကြောင့်ပင်...

ဖန်ချန်းသည် ချောင်ယန်က ဘယ်လို လုပ်ခဲ့သည်ကို မသိပေ။ မိုးတွေ တဖွဲဖွဲရွာနေသော်လည်း သူက ကားနောက်ဖုံးပေါ်၌ မှောက်လျက် လှဲနေသော မျက်လုံးတစ်စုံကိုသာ ထုတ်ဖော်ပြသထားသည်။ သူ့လက်များက ပြတင်းပေါက်ကို ဖိထားပြီး ဖန်ချန်းအား "ကောင်းသောနေ့ပါနော်" ဟု ပြောသကဲ့သို့ မျက်လုံးများ ကွေးညွတ်ကာ ဝှေ့ယမ်းနှုတ်ဆက်ပြနေခဲ့သည်။

ဖန်ချန်းက လုံးလုံးကို ခံစားရတာအဆင်မပြေနေတော့ပေ...

နျဲ့ရှီသာ နိုးလာပါက ထိုသူအား ချက်ချင်းပင် မဆိုင်းမတွ ဂုတ်မှဆွဲချပြီး အသေသတ်ပစ်လောက်သည်။

ခြောက်ထပ်ကနေ ပြုတ်ကျတာက ချောင်ယန်အတွက် ဘာအဓိပ္ပါယ်မရှိနေသလိုမျိုး သူက အသက်ရှင်နေသေးပြီး စိတ်အနှောက်အယှက်ပေးနေဆဲဖြစ်သည်...

ကားက ရှေ့ကို ဆက်သွားနေခဲ့သည်။ ကောင်းချန်က သူ့ချွေးတွေကို သုတ်ဖို့ လက်ကိုင်ပုဝါကို ထုတ်လိုက်ပြန်ကာ ဖန်ချန်းက သူ့လက်ထဲက ပန်းရောင်အစကို စိုက်ကြည့်လိုက်သည်။ အမှန်တော့ သူဘာလို့ကြည့်နေတာလဲ သေချာမသိပေ... ပြတင်းပေါက်အပြင်ဘက်က ချောင်ယန်ကို မမြင်ချင်တော့တာကြောင့် သူ့မျက်လုံးများသည် အမှတ်တမဲ့နေရာတစ်ခုကို စိုက်ကြည့်နေခဲ့တာဖြစ်သည်။

သဘာဝအတိုင်း ကောင်းချန်က ဖြေရှင်းချက်ပေးရန် လက်ဦးမှုရယူလာခဲ့သည်...
"ဒါက ငါ့ကို ကြိုက်တဲ့ ကောင်မလေးတစ်ယောက်က ပေးထားတာလေ မင်းစိတ်မရှိဘူးမလား"

ဖန်ချန်းက လက်ကိုင်ပုဝါကို ကြည့်ပြီး ခေါင်းညိတ်လိုက်ကသည်။ ခဏတာ စိတ်ရှုပ်သွားပြီး ပြတင်းပေါက်ကို လှမ်းကြည့်လိုက်ရာ ထိုပြုံးဖြဲဖြဲမျက်နှာကိုထပ်တွေ့လိုက်ရပြန်သည်။

ဖန်ချန်း: "......"

သူ အခုမှသတိပြန်ဝင်လာပြီး တကယ်ကို လန့်သွားခဲ့သည်။ ထိုအခိုက်အတန့်တွင် သူ၏စိတ်ခံစားမှုများ ပြန်လည်ရောက်ရှိလာခဲ့၍ နှလုံးများအပြင်းအထန်ခုန်လာတော့သည်။သူ့ မျက်လုံးများကပြူးကျယ်သွားရင်း နောက်ပြန်လှည့်လိုက်ကာ နျဲ့ရှီကိုရိုက်ပြီး နှိုးလိုက်တော့သည်။

ချောင်ယန်၏ ပြုံးဖြဲဖြဲမျက်နှာက တုန်လှုပ်သွားပြီး ကားအမိုးပေါ်ကို လျင်မြန်စွာ ပြန်ဆုတ်သွားခဲ့တာကြောင့် နျဲ့ရှီက သူ့ကို မတွေ့လိုက်ပေ...

"ဘာမှားလို့လဲ?" သူတို့အလွန်နီးကပ်နေလေသည်- နျဲ့ရှီ၏ဩရှရှအသံကဖန်ချန်း၏နားထဲတွင် ပဲ့တင်ထပ်နေပြီး ဖန်ချန်း၏စိတ်သည် လျင်မြန်စွာ အတက်အကျဖြစ်လာတော့သည်..-ရှဲ့ယင်း၏ခုန်ချမှု...ပြီးတော့ နျဲ့ရှီကရုတ်တရက်ရောက်ရှိလာခဲ့ပြီး အခု... သူတို့ကဘယ်ကိုသွားနေကြတာလဲ?

ဖန်ချန်းက ရုတ်တရက်ဆတ်ခနဲမတ်ထိုင်ပြီး ကားပြတင်းပေါက်ဘက်ကိုပြန်မှီချလိုက်သည်။ သို့သော် ပြတင်းပေါက်ကို မှီထားချိန်က ချောင်ယန်၏ စိုက်ကြည့်နေသည့် မျက်လုံးများကို အမှတ်ရလိုက်ပြီး သူ့အလိုလို တွန့်ဆုတ်သွားခဲ့သည်။

ဖာ့ခ် သွေးစွန်းနေတဲ့ ငရဲပဲ!

သူ အမှန်တကယ်ကို ငိုချင်လာသလို ခံစားလိုက်ရသည်။

အသက်ပြင်းပြင်းရှူရင်း ဖန်ချန်းသည် အခုမှ သူ့အမူအရာများက ကွဲလာမှန်းသိလိုက်သည်...

ထိုအချိန်တွင် ကောင်းချန်သည် ဖန်ချန်းက ရှေ့ခရီးသည် ထိုင်ခုံပေါ်ပြောင်းထိုင်ရန်ကြိုးစားနေတာကို မြင်လိုက်ရသဖြင့် အံ့အားသင့်သွားခဲ့သည်။ နျဲ့ရှီကို တစေ့တစောင်းကြည့်လိုက်ရင်း သူ့မျက်နှာပေါ်တွင် လေးနက်သောအမူအရာဖြင့် လက်တစ်ဖက်က စတီယာရင်ဘီးကို ကိုင်ထားပြီး ဖန်ချန်း၏ပခုံးပေါ်ကိုနောက်တစ်ဖက်ဖြင့်ဖိလိုက်ကာ "ဟေ့ ဟေ့ ဖန်ချန်း၊ မင်း ဘာလုပ်နေတာလဲ"

"ငါ မင်းဘေးမှာ ထိုင်ချင်တယ်" ဖန်ချန်း၏ ရှင်သန်ချင်မှု ဗီဇက သူ့အလိုလို အခိုင်အမာ ထုတ်ပြလာခဲ့သည်။

ကောင်းချန်က သူ့နဖူးပေါ်က ချွေးအေးများကို သုတ်ရန် အချိန်ကုန်ခဲ့ပြီး နောက်ဆုံးတွင် ချွေးများပြန်ကျလာသည်ကို တွေ့လိုက်ရရာ ဖန်ချန်းအား သူအလိုရှိသည့်အတိုင်း ရှေ့ခရီးသည်ထိုင်ခုံတွင် ထိုင်နိုင်ရန်ကားရပ်ခဲ့လိုက်သည်။ သို့သော် ကံမကောင်းစွာဖြင့် ယာဉ်မောင်းထိုင်ခုံကိုလည်း တစ်ယောက်ကအစားထိုးထိုင်လိုက်ပြီး အခုကားနောက်ခန်းတွင်ထိုင်နေရသူမှာ ကောင်းချန်သာရှိတော့သည်...

အစက ဖန်ချန်း ထိုင်ခုံပြောင်းရန် ကားပေါ်မှ ဆင်းလာသည့်အချိန်တွင် ချောင်ယန်ကိုတွေ့မည်အား စိုးရိမ်ခဲ့သော်လည်း ကားခေါင်မိုးပေါ်တွင် ဘာမှမရှိနေကာ သူ ခုန်ချသွားတာဖြစ်နိုင်သည်။

ဖန်ချန်းသည် ကားပြတင်းပေါက်ကို မှီရန် သို့မဟုတ် နျဲ့ရှီနှင့် နီးကပ်စွာနေရန် မလုပ်ဝံ့ဘဲ ရှေ့တည့်တည့်ကိုသာ စိုက်ကြည့်နိုင်ခဲ့သည်။

"ဖန်ချန်း မင်းနဲ့ ရှဲ့ယင်းဘာတွေပြောခဲ့ကြတာလဲ..သော့ပေးပြီးတော့ ဘာလို့ သူမက..." ကောင်းချန်က နောက်ဆုံးတွင် ထုတ်မေးလိုက်သည်။ ရှဲ့ယင်းသေဆုံးမှုသည် သူတို့နှစ်ယောက်ကြားက ပြောဆိုမှုများနှင့် ဆက်နွှယ်နေသည်ဟု သူသံသယရှိခဲ့သည်။

"သူမက 'မြန်မြန်ထွက်ပြေးတော့ မြန်မြန်လွတ်အောင်လုပ်'တဲ့" ဖန်ချန်းက သူ့ဘေးနားရှိ နျဲ့ရှီကို တစ်ချက်ကြည့်လိုက်ပြီး အရေးကြီးသောစာကြောင်းတစ်ဝက်ကို အလိုလိုပယ်လိုက်ကာ အဓိပ္ပါယ်မဲ့သည့်စကားလုံးများကို ထုတ်ပြောမည့်အစားသူကဆက်ပြောလိုက်သည်။ "... ဖြစ်နိုင်ရင် တတ်နိုင်သလောက်တော့ ဝေးဝေးပြန်တော့ လို့ပြောခဲ့တာ" 

"အဲဒါ ဘာကိုဆိုလိုတာလဲ?ငါတို့က လွတ်မြောက်နိုင်မယ်လို့ ဆိုလိုတာလား? ငါတို့ လွတ်မြောက်သွားရင် ငါတို့ မသေတော့ဘူးလား.. ဒါဆို ဘာလို့ သူမက အဆောက်အဦးပေါ်ကနေ ခုန်ချသွားတာလဲ" ကောင်းချန်က မေးခွန်းအတန်းလိုက်ကြီးကို ကမန်းကတန်း မေးလိုက်တော့သည်။

ဖန်ချန်းက သူတောင်သတိမထားမိလိုက်ဘဲ ခေါင်းညိတ်ပြလိုက်ပြီး ပြတင်းပေါက်ပေါ်ကိုကြည့်လိုက်သည်.. "သူမက သူမ စိတ်လိုလက်ရ ခုန်မသွားတာလည်းဖြစ်နိုင်မှာပေါ့...."

နျဲ့ရှီက ဖန်းချန်ကို တစ်ချက်ကြည့်လာခဲ့သည်။

လက်ကိုင်ပုဝါကို ထပ်မံထုတ်လိုက်ပြီး ကောင်းချန်၏ကျောရိုးတလျှောက် တုန်လှုပ်ခြောက်ခြားမှုက ပြေးဆင်းသွားခဲ့သည်။လက်ကိုင်ပုဝါသည်လည်း ယခုအခါ ထပ်ခါတလဲလဲသုံးခြင်းကြောင့် ချဉ်စုတ်စုတ်နံ့ပင် ထွက်နေပြီဖြစ်သည်။

ခရီးစဥ်ကိုကြည့်နေရင်း ကောင်းချန်ကအံ့အားတကြီးမေးလာသည်.. "ငါတို့ City B ရောက်သင့်နေပြီမဟုတ်ဘူးလား?"

ဒါပေမယ့် လမ်းပြစနစ်ကို ဖွင့်ကြည့်လိုက်တော့ သူတို့ရောက်ဖို့ အကွာအဝေး အများကြီးရှိနေသေးတာကို တွေ့လိုက်ရသည်။

မိုးကဆက်တိုက်ရွာနေပြီး ရာသီဥတုက ပိုအေးလာခဲ့သည်။ ဖန်ချန်းသည် သူ့စိတ်ထဲတွင် ခံစားနေရသော ကမောက်ကမအခြေအနေကို မဖော်ပြနိုင်ပေ။

နျဲ့ရှီက ဘာလို့ ပြန်ပေါ်လာသည်ကို သူနားမလည်နိုင်ပေ။ ချောင်ယန်က သူသည် သူတို့ကို သေခြင်းတရားဆီကို ဦးတည်ခေါ်ပေးနေတာဟု ဆိုလာသည်။ ထို့ကြောင့် နျဲ့ရှီသည်လည်း အလားတူပင်ဖြစ်လောက်သည်။

ဖန်ချန်းက အများကြီးကောက်ချက်ချနေခဲ့သည်။ သူ၏မသိစိတ်က ဤထူးဆန်းသောအကြောင်းအရာများကို ထုတ်မပြောနိုင်စေရန် သူ့ကို ပြောနေခဲ့သည်။ ဒါပေမယ့် ဒီလိုလုပ်တာကမှန်ရဲ့လား..သူ မသိပေ..

နေ့အရောင်မှိန်ဖျော့လာသည်နှင့်အမျှ ကောင်းချန်သည် ထွက်ပြေးနေရင်း စိတ်နတ်ဆိုးမှုများက ရုတ်တရက်ပေါ်လာမည်ကို စိုးရိမ်ခဲ့သည်။ လမ်းမများကို စကင်န်ဖတ်နေရင်း သူ့အကြည့်များက တည်းခိုခန်းငယ်တစ်ခုပေါ်သို့ ရောက်သွားပြီး မိုးလင်းသည်ထိ ထိုနေရာတွင် တစ်ညတာ အိပ်ကြရန် အကြံပြုလိုက်သည်။

"ဒါပေမယ့် ကောင်းကင်က မမှောင်သေးဘူးလေ..." ဖန်ချန်းက ပြောလိုက်ပေမယ့်လို့ ကားပေါ်ကနေ ဆင်းနေတုန်းပင်..

အခန်းအတွင်းရှိ လေထုသည် သည်းသည်းမဲမဲ လေးလံနေခဲ့သည်။ သုံးယောက်သားမျက်နှာချင်းဆိုင်ထိုင်လိုက်ကြကာ တိတ်ဆိတ်ငြိမ်သက်သွားကြပြီး ခေတ်မမီတော့သည့် တည်းခိုခန်းမှ ထွက်ပေါ်လာသော ရယ်စရာကောင်းသော အသံများသာ ရံဖန်ရံခါ ကြားနေရသည်။

"အင်း...အိပ်ကြရအောင်.. ငါတို့ အိပ်လိုက်ရင် ကြောက်စရာ မရှိတော့ဘူး" ကောင်းချန်က အဆိုပြုလိုက်သည်။

ဘယ်သူက အိပ်နိုင်နေမှာလဲ... သူတို့က တစ်နေ့တစ်နေ့ အချိန်အတော်ကြာ တစ်ရေးတစ်မော အိပ်ခဲ့ကြရပြီး ယခုအခါတွင် ယခင်ကထက် ပိုမိုလန်းဆန်းနေခဲ့ကြသည်။

ကမ္ဘာကြီးကို ဂရုမစိုက်ဘဲ ကောင်းချန်သည် ဆိုဖာပေါ်တွင် အလျားလိုက်လဲအိပ်လိုက်ပြီး မျက်လုံးမှိတ်ထားလိုက်သည်။ "အိပ်ချိန်ရောက်ပြီ အိပ်ချိန်ရောက်ပြီ" သူအထပ်ထပ်ရေရွတ်ပြီး အိပ်ပျော်အောင်ကြိုးစားနေပေမယ့် လုံးဝ အိပ်မပျော်နေပေ.. အပြင်က ဆူညံသံများကို သည်းမခံနိုင်ပေ ....

ခဏကြာတော့ အဝေးကနေ ရယ်မောသံများကို ကြားလိုက်ရတယ်။ ကောင်းချန်သည် သူ့လက်များကို ပွတ်သပ်နေချိန်တွင် ဖန်ချန်းက အမူအရာများတင်းမာနေကာ နျဲ့ရှီနှင့်မျက်လုံးချင်းဆုံနေလေသည်။

ကောင်းချန်က ဘယ်သူရယ်နေမှန်း သဲသဲကွဲကွဲ မသိပေမယ့် ဖန်ချန်းကတော့ ရယ်နေတာ ဘယ်သူလဲဆိုတာကို အတိအကျသိနေတယ်..... ရှင်းပါတယ်.. ဒါက ချောင်ယန်ပဲရှိတာလေ..

နျဲ့ရှီက အပြင်ထွက်ရန် အဆင်သင့်ဖြစ်နေပုံရပြီး ဖန်ချန်းလည်း ရှေ့ကို ခြေတစ်လှမ်းတိုးလိုက်သည်။ ကောင်းချန်က မျက်လုံးဖွင့်လိုက်ပြီးမေးလိုက်သည်။
"မင်းတို့နှစ်ယောက် ဘယ်သွားကြမလို့လဲ" 

သူ့အကြည့်တွေက စူးစူးရဲရဲဖြစ်နေကာ သူတို့ကို စိုက်ကြည့်နေပြီး ထွက်ပြေးသွားမှာကို ကြောက်နေခဲ့သည်။

ဖန်းချန်းက သူ့ခြေလှမ်းကို ရပ်လိုက်ပြီး နောက်ပြန်ဆုတ်လိုက်သည်။ သူ နျဲ့ရှီနောက်ကို မလိုက်သင့်ပေ...

နျဲ့ရှီ ထွက်သွားပြီးနောက် အခန်းထဲတွင် ဖန်ချန်းနှင့် ကောင်းချန်တို့သာ ရှိတော့သည်။

တံစက်မြိတ်မှ မိုးရေစက်များသည် ပြတင်းပေါက်အထစ်ပေါ်သို့ တဖွဲဖွဲကျနေလေသည်။

ကောင်းချန်က နည်းနည်းအေးနေတယ်လို့ ပြောလိုက်ပြီး ဖန်ချန်းအား သူ့ဆီ စောင်ကို ပေးလာစေချင်ပေမယ့် ဖန်ချန်းက ရုတ်တရက်ကြီးမေးခွန်းတစ်ခုမေးလာတော့သည်....
"မင်း အမှားတစ်ခုခုကို ကျူးလွန်ဖူးလား?

××××××××××