Chapter 25
Viewers 7k

Chapter - 25

(စွန့်ပစ် ကြယ် နှင့် လ)

လေယာဉ်သည် တံတားကိုဖြတ်ကူးပြီးနောက် ရေခဲမြစ် မြို့တော်ရှိ စစ်ဘက်ဆိုင်ရာအဆောက်အအုံသို့ ရောက်ရှိခဲ့သည်။

"အာ့မြန်"

ခရစ်သည် အချိန်အတော်ကြာအောင် စောင့်နေခဲ့ရပြီး ကျောင်းမြန်က သူ့ကို လာနှုတ်ဆက်ချိန်တွင် အသေးစိတ် ဆွေးနွေးရန်အတွက် ခရစ်က သူတို့နှစ်ယောက်ကို အစည်းအဝေးခန်းဆီ ခေါ်သွားခဲ့သည်။

"တွေ့ရတာ ဝမ်းသာပါတယ်" 

ခရစ်က သူ့လက်ကို စီဆဲလ်ဆီသို့ ကမ်းပေးလိုက်သည်။

စီဆဲလ် သည် သူ့လက်ကိုပြန်ဆွဲကာ နောက်သို့လှည့်ကြည့်လိုက်သည်။ 

ခရစ်သည် သန့်ရှင်းသပ်ရပ်သော စစ်ဝတ်စုံကို ဝတ်ဆင်ထားပြီး အရပ်ရှည် သန်မာပြီး သူ့အမူအရာမှာ တည်ငြိမ်မှုအပြည့်ရှိနေသည်။

ကောင်းပြီ....သူသည် တစ်စုံတစ်ယောက်၏ နောက်လိုက် ခွေးဖြစ်ရန်အတွက် အလွန်ကောင်းသည်။

"မနေ့က တော်ဝင်မိသားစုက မင်းသားတစ်ပါးကို စေလွှတ်ပြီး သင်ခန်းစာ ပေးခံခဲ့ရတာ အခုထိ အပြင်ထွက်ပြီး ပြဿနာမရှာရဲတော့ဘူး" 

စင်္ကြံမှာ ခရစ်က ကျောင်းမြန်၏ပခုံးပေါ် သူ့လက်ကို တင်ပြီး ခေါင်းကိုခါလိုက်သည်။

ကျောင်းမြန်က ခေါင်းညိတ်သဘောတူလေသည်။

"ပြီးခဲ့တဲ့ရက်တွေကလည်း…” 

ခရစ်က သက်ပြင်းချလိုက်ပြီး "မင်းရဲ့ ကြိုးစားအားထုတ်မှုအတွက် ကျေးဇူးတင်ပါတယ်... ကျောင်းမိသားစုကို မကူညီနိုင်လို့ ငါတောင်းပန်ပါတယ်.."

ကျောင်းမြန်က ပြုံးပြီး ပြောလိုက်သည်- "အဆင်ပြေပါတယ် ငါနားလည်ပါတယ်"

မတော်တဆမှုဖြစ်ပွားတဲ့နေ့မှာ ခရစ်၏မိသားစုသည်လည်း ခြုံခိုတိုက်ခိုက်ခံခဲ့ရသည်။ ခရစ်က သူ့စစ်တပ်နဲ့ တော်ဝင်မိသားစုကို သူ့အိမ်ရှေ့မှာ တိုက်ရိုက်တိုက်ခိုက်ခွင့်ပေးထားကြောင်းဆို၏။

သူတို့ ညီလာခံခန်းသို့ ရောက်သောအခါတွင် လူများပြည့်နေပြီဖြစ်ကြောင်း တွေ့လိုက်ရသည်။ သူတို့အားလုံးသည် ရေခဲမြစ်စနစ်အစိုးရ၏ အကြီးတန်းအရာရှိများဖြစ်ကြသည်။

စီဆဲလ်သည် ရယ်ရမလား ငိုရမလားမသိတော့ဘဲ သူ့ရှေ့က အစည်းအဝေးခန်းကို တအံ့တသြကြည့်နေမိသည်။ 

ကျောင်းမြန်သည် ဖက်ဒရယ်ပြည်ထောင်စုရှိ နိုင်ငံသားများကို မရင်ဆိုင်မီ၊ ယခု သူသည် ရေခဲမြစ်မြို့တော်ကိုရောက်ကတည်းက ထိုအတိုင်းလုပ်ဆောင်ရမည့်သူဖြစ်သည်။ 

ခရစ်က ဦးဆောင်ပြီး ပြုံးကာ ပြောလိုက်သည်--
"စကြရအောင်"

အရာရှိဟောင်းတစ်ဦးက ရုတ်တရက် အေးစက်စွာ ထပြောလိုက်သည်။
"မာရှယ် ခရစ်.... အဖွဲ့ချုပ်က ပြင်ပလူနဲ့ နိုင်ငံတော်ကိုသစ္စာဖောက်ပြီးသား ရေတပ်ဗိုလ်ချုပ်တို့က အစည်းအဝေးတက်ဖို့ အရည်အချင်းမီလို့လား??"

ခရစ်က အေးစက်စွာပြောလိုက်သည်- 
"ဗိုလ်ချုပ်ကျောင်း က နိုင်ငံတော်ပုန်ကန်မှု မဟုတ်ဘူး ဆိုတာ အဖွဲ့ချုပ်ရဲ့ နှစ်ကုန်အစည်းအဝေးမှာ ပြောထားပြီးသား....တကယ်လို့ မင်းမကျေနပ်ရင် ဒီကနေ ထွက်သွားလို့ရတယ်"

ခရစ်က သူ့မျက်နှာမှာ ဘာအမူအရာမှမရှိသလို ပေါ့ပေါ့တန်တန်ပြောနေသောကြောင့် အဘိုးအိုက ခေတ္တရပ်တန့်ပြီး ပြန်ငြင်းရန် သတ္တိမရှိတော့ပေ။

စီဆဲလ်နှင့် ကျောင်းမြန်သည် ခရစ် အနားတွင်ထိုင်ကာ စီဆဲလ်သည် လူတိုင်း၏အမူအရာများကို ကြည့်နေလိုက်သည်။

ကောင်းကျိုး ဆိုးကျိုးတွေက ရှိစမြဲဖြစ်သည်။

"ဒီတစ်ခေါက် ပြန်လာတာ ရေတပ်ဗိုလ်ချုပ်ကျောင်းက သူ့စစ်တပ်အာဏာကို ပြန်ယူချင်နေတာလား" 

အခြားသူတစ်ဦးက "ဒါဆို ရေတပ်ဗိုလ်ချုပ်ကြီး စီဆဲလ်က တကယ်ပဲ အကျိုးအမြတ်ရခဲ့တာပဲ ...သူ့ကိုစွဲလန်းနေတဲ့ အိမ်ထောင်ဖက်နဲ့အတူ သူလည်း တပ်ဖွဲ့ဝင် သန်းပေါင်းများစွာကို တစ်ခါတည်း ရရှိခဲ့တာဆိုတော့...."

"မင်းပါးစပ်ကိုဖွင့်ပြီး မလိုအပ်ဘဲ အထိတ်တလန့် ဖြစ်အောင်မလုပ်စမ်းနဲ့။" 

အခြားတစ်ဦးက ထလိုက်ပြန်ကာ 
"ရေတပ်ဗိုလ်ချုပ်ကျောင်း က ရေခဲမြစ်ရေတပ်ရဲ့ ဗိုလ်ချုပ်ဖြစ်ပြီး ကျောင်းမိသားစုစစ်တပ်နဲ့ ရေခဲမြစ်တပ်မတော်ကလည်း ကျွန်တော်တို့ကိုပိုင်ပါတယ် ..အခုက ဇာစ့်နဲ့ ပင်လယ်ဓားပြတွေက လူသားတွေရဲ့ ဘုံရန်သူဖြစ်တာကြောင့် မလိုအပ်ဘဲနဲ့ အဖွဲ့ချုပ်နဲ့ ငြင်းခုံစရာမလိုဘူး...ဒါကြောင့် လောလောဆယ်ကို ဘုံရန်သူကိုအရင်ရှင်းထုတ်ကြရအောင်....."

စီဆဲလ်က ခေါင်းခါလိုက်သည်။

ဖက်ဒရေးရှင်းသည် အောင်ပွဲရနိုင်ငံဖြစ်ပြီး ရေခဲမြစ်သည် လက်နက်ချခဲ့သူဖြစ်သောကြောင့် သဘာဝအတိုင်း စီဆဲလ်ကို ကြိုဆိုကြမည်မဟုတ်ပေ။ 

ထို့အပြင် အချို့သောလူများက ကျောင်းမြန်ကို အသုံးမဝင်ဟုပြောကာ သူ၏နေရာအား တိုက်ရိုက် တာဝန်ယူချင်နေကြသည်။

စီဆဲလ်ဟာ လူတိုင်းကို တကယ်ယုံကြည်စေချင်တယ်ဆိုရင် တော်ဝင်မိသားစု၏ ပူးပေါင်းကြံစည်မှုကို ဖော်ထုတ်ပြီး တော်ဝင်မိသားစုကို လူတွေရှေ့သို့ သူတို့ဘာသာသူတို့ ထွက်လာအောင် ဆွဲထုတ်ပစ်ဖို့ လိုပါသေးသည်။

မဟုတ်လျှင် ကျောင်းမြန်က ဘယ်လိုပဲ ရှင်းပြနေပါစေ ယုံရခက်နေလိမ့်မည်။

လူအချို့၏ ပူးပေါင်းဆောင်ရွက်မှုမရှိသောကြောင့် ရင်တထိတ်ထိတ်ဖြင့် ပြီးမြောက်သွားခဲ့သည်။

အားလုံးထွက်သွားပြီးနောက် ခရစ်သည် ကျောင်းမြန်ကို ဦးညွှတ်လိုက်သည်။
"မင်းရဲ့ကြိုးစားမှုအတွက် ကျေးဇူးတင်ပါတယ်"

ထိုနေ့က မတော်တဆမှုကြောင့် ခရစ်သည်အခုချိန်ထိ ခြောက်ခြားနေသေးသည်။

"ငါ...အဆင်ပြေပါတယ်။" 

စီဆဲလ်က သူ့လက်ကို ဆန့်တန်းပြီး ကျောင်းမြန်၏ ပခုံးကို သိုင်းဖက်လိုက်ကာ သွားခွင့်မပြုဘဲ 

"နောက်ရက်ကျရင် ငါတို့ B6 ရေခဲမြစ် ကျက်တီးမြေ ကြယ်စု ကို သွားမှာမို့လို့ မင်းဆီမှာရှိတဲ့ စစ်အင်အားကို ငှားပေးလို့ရတယ်"

ခရစ်က အနည်းငယ် မျက်မှောင်ကြုတ်ပြီး "မင်းရော လိုက်ကြည့်မှာလား"

ကျောင်းမြန်က သူ့စစ်တပ်ကို ခေါ်လာခိုင်းရင် တော်ဝင်မိသားစုက ကျောင်းမြန်ကို လှုပ်ရှားဖို့အခွင့်အရေးမပေးမှာဖြစ်သောကြောင့် ကျောင်းမြန်က သူတို့ကို ပါဝင်ခွင့်မပေးနိုင်ပေ။ 

"ဟုတ်တယ်.."

နောက်တစ်နေ့တွင် လေယာဉ်သည် ရေခဲမြစ်စနစ် မှ ထွက်ခွာခဲ့ပြီး ယခုတစ်ကြိမ်တွင် B6 စွန့်ပစ်ကြယ် သို့ ထပ်မံထွက်ခွာခဲ့ရသည်။

စီဆဲလ်က မေးသည်။ "မင်းအဲဒီကို အရင်ကရောက်ဖူးလား??"

ကျောင်းမြန်က ခေါင်းညိတ်သည်။

"အရင်က ဇာစ့်တွေက အဲဒီနေရာကို တိုက်ခိုက်ခဲ့ပြီး လူတွေကို အဲဒီမှာ စခန်းချခိုင်းခဲ့တာ.."

"ဒါဆို ပိုအဆင်ပြေပြီပဲ" 

အဆုံးတွင် သူတို့သည် အဲဒီသစ္စာဖောက်များကို ဂူထဲကို သွင်းနိုင်တဲ့သူတွေများဖြစ်လာရမည်။ ဤမြွေများကို အံ့သြလောက်အောင် ခြောက်လှန့်မှုမျိုးမဖြစ်ရအောင် ကျောင်းမြန် နှင့် စီဆဲလ် တို့သည် ထောင်နှင့်ချီသော တပ်ဖွဲ့ဝင်များကို မခေါ်ဆောင်လာခဲ့ပေ။

သူတို့နှစ်ဦး၏ အကြံအစည်မှာ ပုန်းအောင်းရန်၊ B6 ထဲကို ခိုးဝင်ရန်၊ တော်ဝင်မိသားစုတွေ ရောက်လာတာကို စောင့်ဆိုင်းပြီးမှ B5 ကြယ်စုမှာ စောင့်နေသော စစ်တပ်ကို အားလုံးကို တခါတည်း ဖမ်းဆီးရန် အပြေးအလွှား လွှတ်ပေးရန် ဖြစ်သည်။

B5 သည် မကြာသေးခင်အချိန်က ဂြိုလ်တုတစ်ခုတည်ဆောက်နေပြီး ခရစ် သည် တော်ဝင်မိသားစုကို သံသယမဝင်စေရန်အတွက် စစ်သားအများအပြားကို ထိုနေရာတွင် တပ်ချရန်စေလွှတ်ထားပြီးဖြစ်သည်။

ကျောင်းမြန်က ပြောလေသည်။
"B6 မှာ မြေပြင်အနေအထား ထူးခြားမှုရှိပြီး သဲခုံတွေနဲ့ တောင်ကုန်းတွေနဲ့ ပြည့်နေတယ်။ ခင်ဗျားသာ ပုန်းချင်ရင် ရှာရခက်လိမ့်မယ်"

လေယာဉ်သည် ကျောက်တုံးကြီးနောက်ဘက်တွင် ဆင်းသက်ခဲ့သည်။ 

စီဆဲလ်က ပတ်ပတ်လည်ကို ကြည့်လိုက်ချိန်တွင် နေရာတိုင်းမှာ သဲများအပြည့်ရှိနေသည်။ ကောင်းကင်သို့ မြင့်တက်လာနေသော တောင်ကုန်းများသည် မညီမညာဖြစ်နေသော်လည်း သဘာဝရှုခင်းများဖြင့် ပြည့်နှက်နေပြီး ၎င်းတို့သည် စိမ်းလန်းစိုပြေနေသော်လည်း စိတ်အား မလန်းဆန်းစေပါ။ 

"အရင်က ဒီလိုမျိုးမဟုတ်ဘူး" 

ကျောင်းမြန်က ခေါင်းကိုယမ်းကာ ပြောသည်။

"လွန်ခဲ့တဲ့ ဆယ်နှစ်လောက်ကဖြစ်ခဲ့တဲ့ တိုက်ပွဲက ဒီနေရာကို ကျက်တီးမြေအဖြစ် ပြောင်းသွားစေခဲ့တာ"

နှစ်ယောက်သား သဲပြင်ပေါ်တွင် ဘေးချင်းကပ်လျက် ကျောက်တုံးကြီးပေါ်တွင် ကျောခိုင်းကာ ထိုင်နေကြသည်။ 

ကျောင်းမြန်က ဆက်ပြောသည်– 

"ဒါက ကျွန်တော့် အဖေရဲ့ တိုက်ပွဲတွေထဲက တစ်ခုပဲ....အဖေပြောဖူးတာတော့ ဒီနေရာက အရင်က မြို့ငယ်လေးတစ်ခုတဲ့...ပင်လယ်ဓါးပြတွေကမြို့ထဲခိုးဝင်ပြီး ဇာစ့်တွေနဲ့ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့ လို့ပျက်စီးသွားခဲ့တာတဲ့.... "

"ရို့...." 

စီဆဲလ်က မျက်ခုံးပင့်လိုက်ပြီး "ဒီပင်လယ်ဓားပြတွေက ဇာစ့်တွေနဲ့ အတူတူ တိုက်ခိုက်နေတုန်းပဲလား??? အဲဒါက အဖုံးကွဲနေတဲ့ အိုးတစ်လုံးပဲ..."

အားလုံးသိကြတဲ့အတိုင်း ပင်လယ်ဓားပြတွေဟာ လူသားတွေ၏သစ္စာဖောက်များဖြစ်သည်။ ထို့အပြင် သူတို့သည် ကြယ်တာရာ အာကာသအတွင်း ကူးခတ်သွားလာနေကြပြီး ကိုင်တွယ်ရခက်သည့် တွင်းနက်ကြီးများနှင့် အမျိုးမျိုးသော လမ်းကြောင်းများနှင့် ရင်းနှီးကြသည်။

သူတို့သည် လုယက်ခြင်း၊ လုယူခြင်း၊ သတ်ဖြတ်ခြင်း၊ ဇာစ့်တို့နှင့် ပူးပေါင်းခြင်း တို့ကိုလုပ်ကြသည်။

နောက်ဆုံးတွင်၊ ပင်လယ်ဓားပြများသည် မူးယစ်ဆေးကိုရောင်းကြပြီး ဖက်ဒရေးရှင်း နှင့် ရေခဲမြစ် နှစ်ခုလုံးတွင် 'အနီရောင်လုလု' အဆိပ်၏ကုန်ကြမ်းများကို စိုက်ပျိုးခြင်းမပြုရန် တားမြစ်ထားသောကြောင့် ဇာစ့်ကြယ်သည် ၎င်းတို့တွင်သာ ကြွယ်ဝသောကြောင့် ဇာစ့်သည် ပင်လယ်ဓားပြများအတွက် ကုန်ကြမ်းများကို ထောက်ပံ့ပေးကာ၊ ပင်လယ်ဓားပြများသည် မရေမတွက်နိုင်သော ရွှေဒင်္ဂါးများကို ပေးကြသည်။ 

သို့သော် တကယ်အတူတကွ တိုက်ခိုက်ရန်မှာ မဖြစ်နိုင်ပေ။ အဆုံးတွင် ပင်လယ်ဓားပြများသည် တစ်ကိုယ်ကောင်းဆန်သူများဖြစ်သောကြောင့် ဇာစ့်တို့အတွက် တိုက်ပွဲဝင်ရန် သူတို့၏တပ်များကို မည်သို့ အသုံးချနိုင်မလဲ..? 

"မေ့လိုက်ပါတော့ သူတို့က သူတို့ကိုယ်သူတို့ပဲဂရုစိုက်တတ်တဲ့ ပိုးမွှားတွေသာသာပဲ" 

စီဆဲလ်က ခေါင်းယမ်းလိုက်သည်။

စစ်သားများအတွက်၊ ပင်လယ်ဓားပြများသည် ဇာစ့်များထက်ပင် ပို၍ ရွံရှာဖွယ်ကောင်းသည်။ ဇာစ့်တို့သည် လူသားစားဂြိုလ်သားများအဖြစ် သူတို့၏ သဘာဝရန်သူများဖြစ်သည်။ ဤသည်မှာ သဘာဝတရား၏ သဘောတရား ဖြစ်သည်။ 

သို့သော် ပင်လယ်ဓားပြများက သူတို့နားမလည်နိုင်သော အရာများကို သူတို့ကိုယ်တိုင် သစ္စာဖောက်သူများဖြစ်သည်။

ကျောင်းမြန်က မျက်လွှာချလိုက်ပြီးပြောသည် "ဟုတ်တယ်" 

"မှောင်လာပြီ.." 
စီဆဲလ်က ပြုံးပြီး သူ့လက်မောင်းတွေကို ပိုက်ထားလိုက်သည်။

ကျောင်းမြန်က သူ့လက်ထဲရှိ အပူဓာတ်ထိန်းကိရိယာကို ကြည့်ရင်း ရပ်နေသည်ကို စီဆဲလ် က တွေ့တော့ သူက ပြုံးပြုံးရွှင်ရွှင်နဲ့ သူ့အကျီကို ချွတ်လိုက်ကာ သဲပေါ်မှာ တင်လိုက်ပြီး "လာ၊ အိပ်လိုက်ပြီး..အနားယူနေလိုက် ...ဒီလူတွေက အခုလည်း မလာနိုင်ပါဘူး...အနည်းဆုံးတော့ သန်းခေါင်ယံအထိ စောင့်ရမယ်ထင်တယ်...."

ကျောင်းမြန်သည် စီဆဲလ်၏ သပ်ရပ်နေသော အင်္ကျီကို ကြည့်ပြီး ပြုံးလိုက်ကာ စီဆဲလ်ကဲ့သို့ပင် လှဲလျောင်းလိုက်သည်။

သူတို့နှစ်ဦးသည် ကျတ်တီးမြေပေါ်တွင် လဲလျောင်းနေပြီး ပတ်ဝန်းကျင်က တိတ်ဆိတ်နေပြီး လေတိုက်သံတောင် မကြားရဘဲ အချင်းချင်း အသက်ရှုသံသာ ကြားရလေသည်။

ကောင်းကင်တွင် ခရမ်းရောင် အနီရောင် တိမ်တိုက်သည် ဖြည်းညှင်းစွာ ပုံသဏ္ဍာန်ပြောင်းကာ လွင့်မျောနေသည်။

စီဆဲလ်သည် သူ့ခေါင်းကို လှည့်ကြည့်လိုက်ရာတွင် ကျောင်းမြန် သည် သူ့အနားတွင် လဲလျောင်းနေပြီး မျက်လုံးများကိုမှိတ်ထားသောကြောင့် ယပ်တောင်သဖွယ် ကော့ညွတ်နေသော မျက်တောင်မွှေးလေးများ ရှည်လျား လှပသော ငွေပြာရောင် ဆံနွယ်များက သဲသောင်ပေါ်တွင် ပြန့်ကျဲနေသည်ကို တွေ့ရလေသည်။

ဒီကမ္ဘာကြီးတစ်ခုလုံးမှာ သူတို့နှစ်ယောက်ပဲရှိနေသည်။

စီဆဲလ်က အနည်းငယ်ထလိုက်ပြီး မေးစေ့ကိုထိလိုက်ကာ ကျောင်းမြန် အား ပြုံးပြပြီးပြောသည်- "လထွက်လာပြီ"

"ဟင်။"

ကျောင်းမြန်...မျက်လုံးဖွင့်လိုက်သည်။

ဤအချိန်တွင် ..ကျောင်းမြန်၏ မျက်ဝန်းများသည် အိပ်ရာမှထလာသောကြောင့် ငွေ့ရည်များဖွဲ့နေလေသည်ကို စီဆဲလ်က မြင်လိုက်ရပြီး အလင်းကျရာ အရိပ်တစ်ခုဖြစ်နေသကဲ့သို လရောင်က အလင်းပြန်နေပါသည်.....။ 

______________________________________