Chapter -21
(တရားဝင် ကြေညာခြင်း)
"..ဘာလို့ အယ်လန့် အကြောင်းပြောရမှာလဲ..?"
စီဆဲလ်က တင်းမာသောအမူအရာဖြင့်ပြောလိုက်သည်။
"ခင်ဗျားပဲ ပျော်စရာကိစ္စတွေပြောမယ်ဆို.....သူက ချစ်စရာကောင်းပါတယ်"
"သူ ကိုယ့်ကို ကျိန်ဆဲတာတော့မဟုတ်ဘူးမလား?ဒါမှမဟုတ်......မင်းနဲ့စေ့စပ်ထားတဲ့ သူက လူတွေအားလုံးသိကြတဲ့အတိုင်းပဲ ငယ်ငယ်ကတည်းက အရမ်းချောတဲ့အကြောင်းလား?"
"မဟုတ်ပါဘူး"
ကျောင်းမြန် လည်းပြောလိုက်သည်။
"ကျွန်တော့်ကို ကယ်ပေးခဲ့လို့ သူ့ကိုကျေးဇူးဆပ်ဖို့ နေ့လည်စာပေးခဲ့တာ.."
စီဆဲလ်က သူ့မေးစေ့ကို ကိုင်လိုက်ပြီး ပြော၏။
"တကယ်တော့... အယ်လန်က လေးလေးနက်နက်မရှိပေမယ့် သူက လူတွေနဲ့ ထိတွေ့ဆက်ဆံတဲ့အခါကျရင်တော့ အရမ်း စိတ်အားထက်သန်ပြီး တိကျမှုရှိတယ် ...သူ့ရဲ့ စိတ်ပိုင်းဆိုင်ရာ ဉာဏ်ရည်ဉာဏ်သွေးက ပိုလို့တောင် ထူးချွန်တယ်"
"သူက လူတွေရဲ့ စိတ်ကို တစ်ချက်တည်းနဲ့ဖတ်နိုင်တယ် ..အန်ဒါ ကိုယ့်ကို အဆိပ်မခတ်ခင်ကလည်း မကြာမကြာ သတိပေးသေးတယ် သူက အန်ဒါ့ကိုတောင်မုန်းနေတာ..အဲ့ဒါကြောင့်လည်း မင်းကို ကူညီဖို့ သူဆန္ဒရှိတာ...."
ကျောင်းမြန်က အံ့ဩသွားပြီး စီဆဲလ်က အခု သူ့ကို ချီးကျူးလိုက်တာလား....?
"ကိုယ်တို့ မင်းအကြောင်းပြောရအောင်.....မင်းဘယ်အရောင်ကြိုက်တာလဲ"
စီဆဲလ်က တာမီနယ်ကို ကျောင်းမြန်အားပေးကာ မေးလိုက်သည်။
"ဒီထဲက ဝတ်စုံတွေထဲမှာ ဘယ်လိုပုံစံကိုသဘောကျလဲ?"
ကျောင်းမြန်က ပြုံးလိုက်ပြီး စီဆဲလ်နှင့်အတူ ရွေးလိုက်တော့သည်။
နှစ်ယောက်သား သာယာသောညနေခင်းကို ဖြတ်သန်းပြီးနောက် ကျောင်းမြန်သည် အဝတ်အိတ်အနည်းငယ်ဖြင့် အိမ်သို့ပြန်ရောက်လာပြီးနောက်တွင် ရေမိုးချိုးကာ အိပ်ယာပေါ်တွင်လှဲအိပ်လိုက်ပြီး အင်တာနက်စွဲလမ်းနေသူအဖြစ် လုပ်ငန်းစတင်ခဲ့သည်။
ဒီနေ့အတွက် အထင်ရှားဆုံးရှာဖွေမှုစာရင်းများမှာ ပရိုဂရမ်ဌာနတွင်ဖြစ်ခဲ့သော ဖရဲသီးဗုံး များဖြစ်လေသည်။
#လေယာဉ်မှူးရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုက သမိုင်းတစ်လျှောက် အွန်လိုင်းမှလူကြည့်အများဆုံးဖြစ်သည်
#ရေတပ်ဗိုလ်ချုပ်ကြီးက ရှောင်စန်းလေးကိုချစ်သည်....
# လင်းဇီဝေ့
ကျောင်းမြန်သည် ဒီနေ့တိုက်ရိုက်ထုတ်လွှင့်မှုသည် အလွန်အသက်ဝင်သည်ဟု ထင်မိသည်။
လင်းဇီဝေ့နှင့် သူ့အကြောင်းသည် နှစ်ကုန်အစည်းအဝေးအကြောင်းထက်ကို ကျော်တက်ကာ ထိပ်ဆုံးသို့ရောက်ရှိနေသောကြောင့် ယခင်က လူအနည်းငယ်သာကြည့်ခဲ့သောတိုက်ရိုက်ထုတ်လွှင့်မှုကိုရှာရန် ရှာဖွေမှုဘားတွင် စာလုံးအနည်းငယ်ကိုရိုက်ထည့်လိုက်လေသည်။
"Milky Way ၏ခင်ပွန်း" အဆိုပါခေါင်းစဉ်သည် ယခုရှာဖွေမှုစာရင်း၏ ထိပ်ဆုံးနံပါတ် နံပါတ် တစ် ကို သိမ်းပိုက်ထားပြီး ထိုခေါင်းစဥ်တွင် သူနှင့် စီဆဲလ်တို့၏ အပြန်အလှန်တုံ့ပြန်မှုရှိနေသော ဓါတ်ပုံနှင့် ဗီဒီယိုများရှိနေသည့်အပြင့်........ကြီးမားသော မြေခွေးအုပ်စုကြီးလည်းရှိနေသည်။
{အား........!!!!ဒါက ဘာကိုနတ်သမီးအချစ်ပုံပြင်လဲ???အရင်က ဗိုလ်ချုပ်ကျောင်း ကိုအပြစ်မြင်ခဲ့မိပေမယ့် အခုတော့ ဗိုလ်ချုပ်ကြီး စီဆဲလ်ကို မနာလိုဖြစ်လာပြီ!!!! ဗိုလ်ချုက် ကျောင်းက အရမ်းနူးညံ့ သိမ်မွေ့ပြီး ချစ်စရာကောင်းလိုက်တာ.....ထမင်းဘူးကိုင်ထားတဲ့ပုံစံလေးကလည်း ကာတွန်းကားထဲက ကျူဂုံကော အတိုင်းပဲ....!!}
{+1!!!!! သူတို့နှစ်ယောက်ရဲ့ အပြန်အလှန်ဆက်ဆံရေးက ချစ်စရာကောင်းလိုက်တာ အ !အ! အ! ဗိုလ်ချုပ်ကျောင်းက အနိုင်ကျင့်ခံထားရတဲ့ ကလေးလို ဖြစ်နေမှတော့!!! ငါ သေတော့မှာပဲ!! ဗိုလ်ချုပ်ကြီးက ဘယ်လိုလုပ် ငြိမ်နေလို့ရတော့မှာလဲ?}
{ဝူးးးးးး! ဗိုလ်ချုပ် ကျောင်းက စစ်မြေပြင်မှာရော မီးဖိုချောင်မှာရော ထူးချွန်တာပဲ.....လင်းဇီဝေ့...ဝေးဝေးသွားလိုက်တော့.....}
ကျောင်းမြန်က စိုက်ကြည့်နေလိုက်သည်။
ဖက်ဒရယ် က လူတွေ သူ့ကို ဘယ်လို နူးညံ့တဲ့အလွှာတွေ တင်နေတာလဲ?
လင်းဇီဝေ့၏အကြောင်းသည်တော့ ပျော်ရွှင်စရာမကောင်းပေ။
လင်းဇီဝေ့က ခေတ္တပုန်းနေသည်ဟု ယူဆရသောကြောင့် ဤမငြိမ်မသက်ဖြစ်နေသည့် အခြေအနေများကြောင့် သူမနှင့် ရိုက်ကူးနေသည့် ကြော်ငြာများနှင့် ဇာတ်ညွှန်းများတွင် သူမအားထုတ်ပယ်လိုက်ကြသည်။
ကျောင်းမြန်သည် စီဆဲလ်၏ စကားများသည် ဤမျှ အစွမ်းထက်လိမ့်မည်ဟု သူ မမျှော်လင့်ထားသောကြောင့် အံ့သြသွားလေသည်။
အသေးစိတ်သုံးသပ်ထားသည့်ပို့စ်အရ လင်းဇီဝေ့သည် သူနှင့် စီဆဲလ်ကို စော်ကားပြောဆိုထားသောကြောင့် သူမနှင့်စာချုပ်ချုပ်ထားသောကုမ္ပဏီအပါအဝင် အခြားသော မည့်သည့်ဖျော်ဖြေရေးကုမ္ပဏီများမှ သူမနာမည်အား ထပ်မံဖော်ပြရဲမည်မဟုတ်တော့ပေ။
သို့သော် ဖျော်ဖြေရေးနယ်ပယ်မှလူများသည် အသစ် အသစ်များထွက်ပေါ် လာချိန်တွင် အဟောင်းကိုမေ့သွားကြသည်မှာထုံးစံဖြစ်သည်။ ထို့ကြောင့် သူမသည် ယခု နှစ်ဝက်ကျော်လောက်ထိ လူလုံးထွက်မပြဘဲနေခဲ့ပြီးမှ နောက်ပိုင်းတွင် သူမ ပြန်တောက်ပလာရန်မှာ အနည်းငယ်ခက်ခဲပေလိမ့်မည်။
လင်းဇီဝေ့အား လူအများက မသနားကြပေ။ ယခုအချိန်တွင်တော့ လင်းဇီဝေ့နှင့် ပတ်သက်သော ပိုစ့်များအောက်တွင် သူမ၏ပရိသတ်များနှင့် နိုင်ငံသားများ၊ နိုင်ငံခြားသားများက စကားများရန်ဖြစ်နေကြသည်။
{ဒါက လင်းဇီဝေ့အတွက် ထိုက်တန်တယ်..... ဗိုလ်ချုပ်ကြီးက သူမကို ငြင်းခဲ့တာ နှစ်နှစ်တောင်ရှိနေပြီကို .... သူ့စိတ်ထဲမှာ ဘာဖြစ်နေလဲ သူမ အခုထိမသိသေးဘူးလား?? နောက်ဆုံးတော့....အခု ဗိုလ်ချုပ်ကြီးက သူ့အတွက် စစ်မှန်တဲ့ချစ်ခြင်းကိုရှာတွေ့ခဲ့တာကို သူမက ဘာလို့ သူများအိမ်ထောင်ရေးကို ဖျက်ဆီးဖို့ နေ့တိုင်းစဥ်းစားနေရတာလဲ???သူမ ဦးနှောက်မကောင်းတော့တာလား?}
(ပထမပို့စ်ကို ငါထောက်ခံတယ်!!! အပြန်အလှန် သဘောကျနေတဲ့ အိမ်ထောင်ရေးကို သူမမို့လို့ ဖျက်ဆီးဖို့ ကြိုးစားနေတာ...သူမ အသက်ရှင်နေရတာ ပင်ပန်းနေပြီလား...??ငါထင်တာ သူမနောက်ဆုတ်သွားမယ်ပေါ့.....အခုကတော့.... တကယ်ပါပဲ.....ဟမ့်...}
{တကယ်တော့ သူမက ရုပ်ရှင်ဧကရီဖြစ်နေလို့ နေရာတိုင်းမှာ ဖိနှိပ်ဖို့ကြိုးစားခဲ့တာ ဒါပေမယ့် ရုပ်ရှင်မင်းသမီးရဲ့ အဆင့်အတန်း ကဘယ်မှမဟုတ်ဘူးဆိုတာ မသိခဲ့တာလား...တစ်နိုင်ငံလုံးရဲ့ ရုပ်ရှင်ဧကရီဖြစ်တာနဲ့ တစ်နိုင်ငံလုံးရဲ့ စံပြ ပုဂ္ဂိုလ်ရဲ့ဇနီး ဖြစ်သွားတာမှမဟုတ်တာ...အခြေအနေချင်းကမတူဘူး...}
ကျောင်းမြန်သည် လူအများ၏ မှတ်ချက်များသည် တစ်ခါတစ်ရံအမှန်ပင် ကြောက်စရာကောင်းသည်ဟုထင်မိသည်။
သို့သော်လည်း သူသည် ထိုအတင်းအဖျင်းသတင်းများကို သဘောကျနေလေသည်။
ထို့ကြောင့် ဒီနေ့ စီဆဲလ်က သူ့ကိုကာကွယ်ရန်ဒီလိုလုပ်ခဲ့တာ အံ့သြစရာမဟုတ်ပါဘူး..။
ကျောင်းမြန်က သူ့မေးစေ့ကို လက်ပေါ်တင်ပြီး နူးညံ့သောကုတင်ပေါ်သို့ လှဲချလိုက်ကာ သူသည် အတွေးများအား နယ်ချဲ့တော့သည်။
သူသည် စီဆဲလ်အားလက်ထပ်ရန် ရေခဲမြစ်စနစ်မှရောက်လာပြီးနောက်ပိုင်းတွင် လူအများ၏အာရုံစိုက်စရာဖြစ်လာခဲ့ပြီး စီဆဲလ်က သူအား ထို*ရေနောက်ကန်များမှ ကာကွယ်ပေးချင်ခဲ့သည်။
(*အတင်းအဖျင်းသတင်း)
ကျောင်းမြန်သည် တာမီနယ်ကိုသာ စိုက်ကြည့်နေလေသည်။
အင်း......
နောက်မှ သူ စီဆဲလ်အား သူအကြိုက်ဆုံး အစားအစာကို ချက်ကျွေးတော့မည်။
နှစ်ရက်အကြာတွင်.....အလွန်မျှော်လင့်ထားခဲ့သော နှစ်ကုန်အစည်းအဝေးကြီးသည် နောက်ဆုံးတွင် ရောက်လာသည်။
ဤအစည်းအဝေးကို အဖွဲ့ချုပ်တစ်ဝှမ်းတွင် တိုက်ရိုက်ထုတ်လွှင့်မည်ဖြစ်ပြီး ပြည်သူများအား စိတ်ချလုံခြုံမှုရှိစေရန်နှင့် ပြင်ပကျူးကျော်သူများကို ဟန့်တားရန်အတွက် မူဝါဒများနှင့် အဓိကအခြေအနေများကိုထုတ်ပြန် ကြေညာမည်ဖြစ်သည်။
စီဆဲလ် နှင့် ကျောင်းမြန်တို့ အိပ်ရာစောစောထလိုက်ကြသည်။
စီဆဲလ်သည် အနက်ရောင် သတ္ထုကွက်များပါသော အမိုက်စား အနက်ရောင်စစ်ဝတ်စုံကို ၀တ်ဆင်ထားသည်။ အနက်ရောင်ဖျင်ထည်နှင့် ဒေါက်မြင့်စစ်ဖိနပ်များက စီဆဲလ်၏ လှပသော ခန္ဓာကိုယ်ကောက်ကြောင်းနှင့် ခံညားထည်ဝါပြီး တည်ကြည် သန်မာသောရုပ်သွင်ကို ပိုမိုပေါ်လွင်စေသည်။
မထွက်ခွာခင်တွင် ကျောင်းမြန်သည် စီဆဲလ်၏ ချောမောပြီး ဆွဲဆောင်မှုအပြည့်ရှိနေသော စစ်၀တ်စုံကို ကြည့်လိုက်ပြီးနောက် သူ၏ အဖြူရောင် စစ်ဝတ်စုံကို ကြည့်ပြီး မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
"ကျွန်တော်ကျတော့ ဘာလို့အနက်ရောင်မဟုတ်တာလဲ?"
မနေ့ညက စီဆဲလ်က ကျောင်းမြန်အား အဖြူရောင်သာဝယ်ခိုင်းသည်။
"အဖြူရောင်က ပိုကောင်းတယ်ထင်တယ်"
စီဆဲလ်က ပြောသည်။
"တကယ်! အဖြူရောင်က မင်းနဲ့ သန့်သန့်ပြန့်ပြန့်ဖြစ်နေပြီး မင်းနဲ့ အရမ်းလှပြီး ကြည့်ကောင်းတယ်"
ဒီလူရဲ့ အလှအပအမြင်ကတော့......
ကျောင်းမြန်သည် စိတ်ပျက်လက်ပျက်ဖြင့် လေယာဉ်ပေါ်တက်ခဲ့သည်။
သို့သော် ကျောင်းမြန်သည် ရုပ်ရည်ချောမောပြီး သူ့၏သဘာဝအလှကပင် သူတစ်ကိုယ်လုံးရှိ အရာရာတိုင်းကို ကြည့်ကောင်းစေသည်။သူ၏ စိတ်နေစိတ်ထားသည်လည်း အရင်ကတည်းကနူးညံ့ ပျော့ပျောင်းသောကြောင့် အဖြူရောင်သည် သူနှင့် လိုက်ဖက်ကာ ပို၍ကြည့်ကောင်းစေသည်။
ပရိုဂရမ်ဌာန၏ အဆောက်အဦးသို့ ရောက်သောအခါ သူတို့နှစ်ဦးသည် လေယာဥ်ပေါ်မှဆင်းခဲ့ကြသည်။ ကျောင်းမြန်သည် ခပ်ဖွဖွရယ်လိုက်ပြီး စီဆဲလ် ဆန့်ပေးထားသောလက်ကို ကိုင်၍ အပေါ်ထပ်ကို အတူတူတက်လာကြသည်။
တံခါးအပြင်ဘက်တွင် မီဒီယာသမားများရှိနေပြီး လမ်းတစ်လျှောက်တွင်လည်း မရေမတွက်နိုင်သော ကင်မရာများ လိုက်ပါလာခဲ့သည်။ကျောင်းမြန်သည် အနည်းငယ် စိတ်လှုပ်ရှားနေသော်လည်း သူ့မျက်နှာတွင် မည်သည့်ထူးခြားသော အမူအရာမှမရှိပေ။
ထို့နောက်တွင် သူတစ်ယောက်တည်း မဟုတ်ဘူး..
အပြင်မှလူများသည် ယင်နှင့်ယန်ကဲ့သို့ လိုက်ဖက်ညီသော အဖြူနှင့်အမည်းဝတ်စုံကိုဝတ်ဆင်ထားပြီး ချောမော ခန့်ညားကာ တစ်ယောက်နှင့်တစ်ယောက် လက်ချင်းချိတ်ထားသော အရပ်ရှည်ရှည်နှင့် အမျိုးသားနှစ်ဦးကိုတွေ့လိုက်ရသည်။
ပရိုဂရမ်ဌာန၏ အဆောက်အအုံကို မူလက မှန်ဖြင့်တည်ဆောက်ခဲ့ပြီး အတွင်းခန်းသည် တောက်ပနေသော်လည်း ယခုအချိန်တွင် ပိုမိုခမ်းနားနေလေသည်။
ဆယ့်တစ်ထပ်ရှိ ခန်းမထဲသို့ ရောက်သောအခါ၊ နိုင်ငံခြားရေး ၀န်ကြီးများ၊ ဝန်ကြီးချုပ်များနှင့် အခြားနိုင်ငံမှ အဆင့်မြင့်အရာရှိ အများစု ရောက်ရှိလာသည်ကို ကျောင်းမြန်မြင်လိုက်ရသည်။
ရေခဲမြစ်စနစ်၏ နိုင်ငံခြားရေး ၀န်ကြီးနှင့် တော်ဝင်မိသားစုမှ ကိုယ်စားလှယ်တို့လည်း ရောက်ရှိလာပြီး ကျောင်းမြန်ကိုမြင်သည့်အခါ အကြည့်ချင်းဆုံသွားသည့်အချိန်တွင် သူတို့သည် အဝေးသို့ အကြည့်လွှဲလိုက်ကြသည်။
ကျောင်းမြန်သည် သူတို့လာမည်ကို မမျှော်လင့်ထားသောကြောင့် သူ၏နှလုံးသားအောက်ခြေမှတုန်ခါသွားပြီး အံ့သြသွားသည်။
"မကြောက်ပါနဲ့..."
စီဆဲလ်က ခေါင်းငုံ့ပြီး တိုးတိုးလေးပြောလိုက်သည်...
"ကိုယ် မင်းကို ကာကွယ်ပေးမယ်"
ကျောင်းမြန်က ပြုံးကာ ခေါင်းညိတ်လိုက်သည်။
စီဆဲလ်က သူ့ရှေ့မှာရှိနေရတာ..... ဒါမှမဟုတ် လူတိုင်းရှေ့မှာရှိနေတာကို ကျောင်းမြန်တကယ် သဘောကျသည်။
ထို့နောက် စီဆဲလ်က တိုးတိုးလေး ထပ်ပြောသည်။
"ပြီးရင် ကိုယ့်မှာ မင်းအတွက် အံ့သြစရာတစ်ခုရှိတယ်...."
"......?"
ကျောင်းမြန်သည် မျက်ခုံးပင့်ကာ အနည်းငယ်ပြန်မေးမည် ပြုရာတွင် ဆာတွန်ဝန်ကြီးသည် စီဆဲလ်ကို နှုတ်ဆက်ရန် ထွက်လာလေသည်။
ဆိုလာစနစ်၏ ကြယ်ဆယ့်နှစ်လုံးစလုံးသည် ဖက်ဒရေးရှင်းနှင့် စီဆဲလ်တို့နှင့် ဆက်စပ်နေသည်ဖြစ်ရာ ဒီအချိန်တွင် သူတို့အားလုံး တစ်ယောက်ပြီးတစ်ယောက် လာရောက်နှုတ်ဆက်ရမည်ဖြစ်သည်။
"ဒီက....လှပပြီး အတိုက်အခိုက်တော်တယ်လို့ သတင်းတွေတွေထွက်နေတဲ့ ရေတပ်ဗိုလ်ချုပ်ကျောင်း ပဲဖြစ်ရမယ်”
ဆာတွန်ဝန်ကြီးသည် ကျောင်းမြန်ကိုလည်း နှုတ်ဆက်ခဲ့သည်။
"တွေ့ရတာဝမ်းသာပါတယ်"
ကျောင်းမြန် သည် သူ့ဖန်ခွက်ကို မြှောက်လိုက်ပြီး အနည်းငယ်သောက်လိုက်သည်။
ဤသည်မှာ စီဆဲလ်က သူ့ကို တစ်ငုံသာသောက်ရန် မှာထားသောကြောင့်ဖြစ်သည်။
"ရေတပ်ဗိုလ်ချုပ်ကြီး စီဆဲလ်နဲ့ ရေတပ်ဗိုလ်ချုပ် ကျောင်းတို့ ... ဘေးကင်းပါစေ။"
နောက်လာမည့်သူသည် ရေခဲမြစ် တော်ဝင်မိသားစုမှ ကိုယ်စားလှယ်ဖြစ်သည့် ဆံပင်ဖြူ မင်းသားလေး ဖြစ်သည်။ မင်းသားက ကြည့်မကောင်းတာမဟုတ်ပေမယ့် တော်ဝင်မျိုးနွယ်ဖြစ်သောကြောင့် အမြဲတမ်း မာနကြီးလေသည်။
ကျောင်းမြန် အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။
အခြားနိုင်ငံများနှင့် ဂြိုလ်များအားလုံးသည် မြင့်မားသောအဆင့်အတန်း၊ သမာသမတ်ကျပြီး ဉာဏ်ရည်ဉာဏ်သွေး ရှိသောကိုယ်စား လှယ် များကိုသာ စေလွှတ်ခဲ့သော်လည်း သူ့ရှေ့ရှိ လူသည် ... ကျောင်းမြန် ကိုယ်တိုင် ထိုလူကို ရေခဲမြစ် တော်ဝင်မိသားစု ၏တရားမဝင်သားတော်အဖြစ် အသိအမှတ်ပြုခဲ့ဖူးသည်။
မာနကြီးပြီး မိုက်မဲသောသူ....
" ဗိုလ်ချုပ်ကြီး.....ဘေးရန်ကင်းပါစေ။"
ကျောင်းမြန်က မျက်မှောင်သာကြုတ်လိုက်ပြီး ထိုမင်းသားအား မည်သည့်မှတ်ချမှ မပြုခဲ့ပေ။
စီဆဲလ်သည် မျက်ခုံးကို ပင့်တင်လိုက်သည်။
ကျန်တဲ့သူများက စိုက်ကြည့်မနေဘဲနိုင်တော့ပေ။
ဒါ...ရန်သူတွေ ထိပ်တိုက်တွေ့နေသလိုပဲ......။
_________________________________________