Chapter 19
Viewers 7k

Chapter - 19


(လတ်ဆတ်တဲ့ ဖရဲသီးတစ်လုံး)



"...ငါကမှ နင့်ကို အခုလိုပြောသင့်တာ မဟုတ်လား" လင်းဇီဝေ့က ကျယ်လောင်စွာဖြင့်ပြောလိုက်ပြီး "နင်ကဘာလို့ မထွက်သွားသေးတာလဲ"



"သေစမ်း!!!! မဒမ်ရဲ့ နေ့လည်စာက အခုထိမပို့ရသေးဘူး။" 



အခုအချိန်တွင် အယ်လန်ဟာ ကျောင်းမြန်၏ အရင်းနှီးဆုံးသူငယ်ချင်းနဲ့ သစ္စာရှိခွေးငယ်လေးအဖြစ် ရုတ်တရက်ပြောင်းလဲသွားပြီး ခွေးကလေးသည် သူ့လက်ကိုမြှောက်ပြီး သစ်ခွအတုကို ဒေါသတကြီးနဲ့ ညွှန်ပြလိုက်ပြီး



"မင်းဘယ်ကရောက်လာတဲ့ မှင်စာလေးလဲ? လူသားဇနီးနဲ့ယှဥ်ပြီးတော့ နေ့လည်စာယူလာသေးတယ်ဟုတ်လား မရှက်တတ်ဘူးလား?"



အယ်လန်သည် အဖွဲ့ချုပ်မှ မင်းသားဟူသည့် မျက်နှာမျိုးမရှိဘဲ .....ရိုးရှင်းစွာဖြင့်.. သူညီအစ်ကို သဘောကျတဲ့သူကို သဘောကျပေးမယ်..... 



"ရှင်.!!!!!!." 



ဒါပေမယ့် လင်းဇီဝေ့က တော်ဝင်ဘုရင်မကြီးအား ရိုင်းစိုင်းစွာ ပြောဆို၍မရနိုင်သောကြောင့် ဆဲဆိုကြိမ်းမောင်းသံက လည်ချောင်းထဲ၌သာ နစ်မြုပ်နေခဲ့သည်။



"ကျောင်းမြန်"



လူအနည်းငယ် အံ့အားသင့်သွားကာ ကျောင်းမြန် က ခေါင်းကို လှည့်ကြည့်လိုက်ရာ အဖြူရောင် စစ်ယူနီဖောင်း ဝတ်ထားသည့် အမျိုးသားတစ်ဦး မတ်တပ်ရပ်ကာ သူ့ကို လှမ်းကြည့်နေသည်ကို မြင်လိုက်ရသည်။



စီဆဲလ်..... သူ၏နောက်တွင်... ကင်မရာသမားများ အုပ်စုလိုက် ရောက်လာသည်။



ဟမ်?!!!



လူတိုင်း အံ့အားသင့်ခဲ့ကြပြီး အယ်လန်လည်းဒီနေ့ လေယာဉ်မှူး ၏အကြို တိုက်ရိုက်ထုတ်လွှင်မှုရှိသည်ကို မှတ်မိသွားသည်။



ရှေ့ပြေးထုတ်လွှင့်ခြင်းဟု ခေါ်တွင်ခြင်းသည် စီဆဲလ်နှင့် လူထုအကြားရှိ အပြန်အလှန်ဆက်ဆံရေးဟု မှတ်ယူနိုင်သည့် နှစ်ကုန်ကွန်ဖရင့်၏ တိုက်ရိုက်ထုတ်လွှင့်မှုမတိုင်မီ စမ်းသပ်မှုဖြစ်သည်။ လူသိရှင်ကြား အဆောက်အအုံတွင် လုပ်ငန်းစဉ် ချောမွေ့စွာ ပြီးဆုံးကြောင်း သေချာစေရန် အများသူငှာ အလုပ်လုပ်နိုင်စေရန် တိုက်ရိုက် ထုတ်လွှင့်မှု ပြုလုပ်ရသည်။ စီဆဲလ် သည် စာရွက်စာတမ်းများကို တိုက်ရိုက်ဖတ်ပြီး အဆောက်အဦးပတ်ပတ်လည်တွင် လမ်းလျှောက်သည်။ ၎င်းသည် လုပ်ငန်းစဉ်တစ်ခုမျှသာဖြစ်ပြီး ယေဘူယျအားဖြင့် ၎င်းသည် မည်သည့်အရာမျှ တုန်လှုပ်မှုဖြစ်စေမည်မဟုတ်ပါ။ အခြေခံအားဖြင့်၊ ဗီဒီယိုပါအကြောင်းအရာသည် ငြီးငွေ့ဖွယ်ကောင်းပြီး စီဆဲလ်၏မျက်နှာကိုမြင်ရန်အတွက်သာ လူများဝင်လာခြင်းဖြစ်သည်။



ထိုအချိန်တွင် တိုက်ရိုက်ထုတ်လွှင့်မှုအခန်းသည် တိတ်ဆိတ်နေသည်။



မူလက စီဆဲလ်၏လုပ်ရိုးလုပ်စဉ်ကို လိုက်နာသောသူများသည် ကျောင်းမြန် နှင့် လင်းဇီဝေ့ နှစ်ယောက်လုံးသည် တူညီသောရှု့ထောင့်တွင် နေ့လည်စာဘူးများကိုင်ထားကြပြီး လင်းဇီဝေ့ ၏မျက်နှာသည် ရှက်စရာကောင်းပြီး လူတိုင်း၏စိတ်ထဲမှာ စကားလုံးတစ်လုံးတည်းသာရှိနေသည်။



ဖရဲသီး!!



ဒါက... အရမ်းမိုက်တယ်!!



ပြီးတော့ မင်းသားအယ်လန် လည်း ဒီမှာ ရှိနေတယ်။



စီဆဲလ်က ရှေ့ကို လှမ်းပြီး ကျောင်းမြန်ရဲ့ နံဘေးကို လျှောက်သွားပြီး ပခုံးကို ဖက်လိုက်ပြီး "ဘာဖြစ်နေတာလဲ?"



ကျောင်းမြန်သည် ယခုအချိန်တွင် တိုက်ရိုက်ထုတ်လွှင့်နေခြင်းဖြစ်သည်ကို မသိသောကြောင့် သူ့လက်ထဲမှထမင်းဘူးကို မြှောက်ကာ ပြုံးပြုံးလေးဖြင့် 

"ခင်ဗျားကို ထမင်းဘူးလာပို့တာ၊ တောင်းပန်ပါတယ်... ကျွန်တော်ကြိုမပြောဘဲ လာပြီး ဒုက္ခတွေပေးမိနေပြီ...."



ကျောင်းမြန်သည် ဤအသေးအဖွဲကိစ္စများကို ကြီးကြီးကျယ်ကျယ် မလုပ်နိုင်လောက်ဟု မျှော်လင့်နေဆဲဖြစ်သည်။



သူ စကားမဆုံးခင်မှာပင် အယ်လန်က "ငါ စားပြီးသွားပြီ" ဟုတိုးတိုးလေး ပြောလိုက်ပါသည်။



စီဆဲလ်၏ အမူအရာ ပျက်သွားသည်။


"ဘာလို့ စိတ်ဆိုးနေတာလဲ၊ မင်းကိုပြောပြမယ်!"

အယ်လန်က ဖဲခိုးရိုက်နေတဲ့ မူလတန်းကျောင်းသားတစ်ယောက်လို အော်လိုက်ကာ 

"ငါ့ခယ်မလေးက ဖြတ်သန်းခွင့်ကတ်မရှိလို့ အပေါ်ကိုတက်လို့မရဘူး...အဲ့ဒါက မိန်းမတစ်ယောက်ရဲ့လှောင်ပြောင်စရာဖြစ်သွားရောလား?....မင်းကိုခေါ်တော့ မင်းကဖုန်းမကိုင်ဘူး...အခုလည်း အဲ့မိန်းမက မင်းအတွက် အစားအစာတွေယူလာပေးချင်နေပြန်ပြီ....မင်းက ခယ်မလေးချက်ထားတာကိုမစားဘဲ တခြားသူဟာစားလိုက်မယ်ဆိုရင် ငါ့ ခယ်မလေးချက်လာတာအကုန်အလကားဖြစ်သွားမှာပေါ့...."



အယ်လန်က စကားအများကြီးပြောပြီးနောက် စီဆဲလ် အံ့သြသွားသည်။



သူ မစားဘူးလို့ ဘယ်တုန်းက ပြောလိုက်တာလဲ။



လင်းဇီဝေ့၏ မျက်နှာသည် ထိုစကားကိုကြားသော် ဖြူဖျော့သွားတော့သည် ။



မဟုတ်သေးဘူး... ကင်မရာတွေရှိနေတာကို....ဒီလူက သူမကို ဘယ်လိုလုပ်ပြီး ဆဲဆိုနိုင်ရတာလဲ !!!!!



"မင်း......မင်းသား အယ်လန်!" 

လင်းဇီဝေ့ က အသံထွက်လိုက်ပြီး 

"လူတွေကို *သွေးအတုတွေနဲ့ မဖြန်းပါနဲ့!"

(T/N-*သတင်းအမှားတွေမဖြန့်ပါနဲ့)



"လူတွေကို သွေးနဲ့ ဖြန်းနေတယ်တဲ့လား? ငါလို မြင့်မြတ်တဲ့ တော်ဝင်မင်းသား တစ်ပါးက မင်းလို တတိယအဆင့်က လူကို ဆဲဆိုဖို့ အကြောင်းပြချက် လိုနေသေးတာလား??"



"မငြင်းကြနဲ့တော့...." စီဆဲလ်က နောက်လှည့်ကာ အဆောက်အဦတာဝန်ခံကို ပြုံးပြပြီး "ပထမထပ်ကနေ ဆယ့်နှစ်ထပ်အထိ အစောင့်တွေနဲ့ လုံခြုံရေးစနစ်တာဝန်ခံကို ခေါ်လိုက်ပါ"



“ဒါ....ဒါက....” တာဝန်ခံ၏ ကျောရိုးများ တုန်ရင်နေသည်။



စီဆဲလ် သည် ပြုံးနေသော်လည်း ထိုအပြုံးကပင်.....သူ့အတွက် အလွန်ကြောက်စရာကောင်းနေရသည်။



စီဆဲလ်၏ "သေခြင်းတရားအပြုံး" သည် အဖွဲ့ချုပ်တွင် နာမည်ကြီးနေပြီး တစ်ချိန်က သေဆုံးခြင်း၏အဓိပ္ပာယ်ကို မသိသောသူများတွက် အီမိုဂျီ တစ်ခုအဖြစ်ဖန်တီးခဲ့ကြလေသည်။



"ငါ .......အခုချက်ချင်း...လိုချင်တယ်!"



ကျောင်းမြန်သည် စီဆဲလ်ကို သံသယမျက်ဝန်းဖြင့် ကြည့်လိုက်သောကြောင့် စီဆဲလ်သည် ခေါင်းကို အနည်းငယ်ခါယမ်းကာ ကျောင်းမြန်၏ ပခုံးများကို နွေးထွေးစွာ နှစ်သိမ့်သည့်အနေဖြင့် ပွတ်သပ်လိုက်သည်။



စောင့်ဆိုင်းနေစဉ်အတွင်း စီဆဲလ်သည် ကျောင်းမြန်ကို ခေါ်ထုတ်လိုက်ပြီး လျှောက်လမ်းဘေးရှိ ခုံတန်းလျားတွင် ဝင်ထိုင်လိုက်သည်။



စီဆဲလ်က ဘာလုပ်မယ်ဆိုတာ ဘယ်သူမှ မသိသောကြောင့် အယ်လန်က *ဖရဲစေ့စားသူအဖြစ် စိတ်လှုပ်ရှားစွာ စောင့်ဆိုင်းနေခဲ့ပြီး လင်းဇီဝေ့က အနည်းငယ် စိတ်ရှုပ်နေခဲ့ပါသည်။

(T/N- *ပွဲကြည့်သူ)



နောက်တော့ လူတစ်စု မှ တယောက်ပြီး တယောက် ရောက်လာခဲ့သည်။



စီဆဲလ်က ခုံတန်းလျားပေါ် ထိုင်လိုက်ပြီး "မြေညီထပ်မှာ လုံခြုံရေးစနစ် တာဝန်ခံက ဘယ်သူလဲ" ဟု မေးသည်။



အမျိုးသားတစ်ယောက်က မတ်တပ်ရပ်လိုက်ပြီး

"ကျွန်တော်ပါ။" 



စီဆဲလ်က ပြောသည်။

"ဝင်ရောက်ခွင့်စနစ်က တစ်ရက်မှာ ၂၄ နာရီ စောင့်ကြည့်ရတာကို.......ရေတပ်ဗိုလ်ချုပ်ကြီးရဲ့ ဇနီးက ဒီကိုရောက်လာပြီး အပြင်ကလူတွေနဲ့ ငြင်းခုံနေတာကို မင်းမသိဘူးလား?"



"ကျွန်တော်...တောင်းပန်ပါတယ်...!" 

အဲဒီလူက ကိုးဆယ်ဒီဂရီမှာ ဦးညွှတ်လိုက်ပြီး "ကျွန်တော်.....ပေါ့ဆလို့..... ကျွန်တော်...ခဏ.. ထွက်သွား..."



ပရိုဂရမ်ဌာနသည် စစ်စခန်းမဟုတ်သောကြောင့် အဆိုပါလူသည် စောင့်ကြည့်နေစရာမလိုဟု ခံစားမိသောကြောင့် သူသည် သူငယ်ချင်းများနှင့် စကားစမြည်ပြောကာ ဂိမ်းဆော့ရန်ထွက်သွားလိုသောကြောင့် ကျောင်းမြန် သည် သူထွက်သွားသည့်အချိန်တွင် ဒီကိစ္စဖြစ်ကာ တိုက်ဆိုင်လိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။



စီဆဲလ်က ထပ်ပြုံးပြီး လှည့်ကြည့်ကာ 

"ဒါဆို ဒီနေ့ ဒီအထပ်ရဲ့ လုံခြုံရေးကို ဘယ်သူ တာဝန်ယူတာလဲ"



နောက်တစ်ယောက်က ထလိုက်ကာ 

"ကျွန်တော်ပါ။" 



စီဆဲလ်က ပြောပြန်သည်။

"ဒီနေ့ လေယာဉ်အစမ်းမောင်းတဲ့နေ့ပဲ.....ငါဒီမှာရှိနေတယ်.....ပြီးတော့.... တော်ဝင်မင်းသား အယ်လန်ကလည်း ဒီမှာပဲ၊ ဒါကြောင့် လင်းဇီဝေ့ကို ဝင်ဖို့ မင်းခွင့်ပြုလိုက်တာလား? ဒီထပ်က ညီလာခံရဲ့ သုံးလို့ရတဲ့အထပ်ထဲက ကျန်တဲ့အထပ်ပဲ....ဒါဆို မနက်ဖြန်တွေမှာလည်း စစ်ဘက်ဆိုင်ရာအဆောက်အဦးမဟုတ်တဲ့ ကေဒါတွေမှာ အခုလိုမျိုး ပေါ့ပေါ့ပါးပါး လာခွင့်ပြုမှာလား?"



လင်းဇီဝေ့၏ မျက်နှာသည် ပို၍ဖျော့တော့သွားသည်။



" ဒီမှာ စုစုပေါင်း လူ ၃၄ ယောက်ရှိတယ်။" စီဆဲလ်သည် သူ့ရှေ့ကလူတွေကို ကြည့်လိုက်ပြီး နောက်ပြောင်တဲ့လေသံနဲ့ ဆို၏။ "မဟုတ်လည်း....သူမကို ဒီလိုမျိုး လာခွင့်ပေးပါလား။"



ကျောင်းမြန်သည် စီဆဲလ်က သူ့အတွက် တရားမျှတမှုကို ရှာဖွေနေမှန်း သိသော်လည်း ၎င်းသည် တကယ်အသေးအဖွဲကိစ္စဖြစ်ပြီး ကျောင်းမြန်သည် စီဆဲလ် ကို ကြီးကြီးမားမားမလုပ်စေချင်ပေ။ ဒါပေမယ့် ကျောင်းမြန်က ဒီအချိန်မှာ စီဆဲလ် ရဲ့မျက်နှာကို ပြန်လည် မချေပနိုင်တော့ဘဲ ဘေးမှာ ငြိမ်ငြိမ်လေးထိုင်နေလိုက်သည်။



"မင်း ငါ့ကိုနောက်နေတာလား?" 

စီဆဲလ်က လက်ခုပ်တီးပြီး ခေါင်းကို အနည်းငယ်စောင်းလိုက်သည်။

"ဒါက ရန်သူ လုပ်ကြံသတ်ဖြတ်သူ ဇာစ့်ဖြစ်နေမယ်ဆိုရင်တောင် အင်တာနက်မှာ မင်းက သူနဲ့ငါ့အကြောင်း ကောလာဟလတွေ ဖြန့်နေတာ မြင်နေသမျှ စစ်တပ်စခန်း တံခါးက သူ့အတွက် ဖွင့်ပေးလို့ရတယ်ပေါ့... ဟုတ်တယ်မလား?"



တိုက်ရိုက်ထုတ်လွှင့်သည့် အခန်းတွင်းရှိလူများသည် ဖရဲစေ့ကိုငြိမ်သက်စွာစားနေကြပြီး ကြည့်ရှုနှုန်းတက်လာသော်လည်း ငြိမ်သက်နေဆဲဖြစ်သည်။ 



၃၄ယောက်သော လူတို့သည်လည်း ဘာမှမပြောရဲကြပေ။



"ဗိုလ်.....ဗိုလ်ချုပ်ကြီး." 

လင်းဇီဝေ့၏ မျက်နှာတစ်ခုလုံး ဖြူဖျော့နေပြီး မျက်လုံးများ နီရဲနေကာ တုန်ယင်နေသောအသံဖြင့် 

"ကျွန်မ အကိုဗိုက်ဆာမှာကြောက်လို့ စားစရာယူလာပေးတာပါ..... ."



"မင်း ဘယ်သူအတွက် အစားအသောက်တွေ ယူလာပေးလဲဆိုတာ ငါ ဂရုမစိုက်ဘူး၊ ငါ အလေးထားတာက ဒီဌာနရဲ့ လုံခြုံရေးပဲ ကျန်တာကိုငါ ဂရုမစိုက်ဘူး။" 

စီဆဲလ်က သူမကို လှည့်ကြည့်လိုက်ပြီး 

"ရပါတယ်၊ ဒါ မင်းနဲ့မဆိုင်ပါဘူး၊ ငါ့လက်အောက်က ဒီ အသုံးမကျတဲ့ အစောင့်တွေကို လေ့ကျင့်ပေးနေရုံပါ" 



ဖျတ်....ဖျတ်....



အားလုံး၏ အာရုံများ မြင့်တက်သွားသည်။



စီဆဲလ်သည် သူ့လက်တွင်ဝတ်ထားသော အဖြူရောင်လက်အိတ်ကို ချွတ်လိုက်ပြီး ပြတ်သားသော အသံဖြင့် ဘေးသို့ ပစ်ချလိုက်သည်။



"အဲဒါက လွန်လွန်းတယ်လို့ ထင်တယ်။ ကျွန်တော့်ရဲ့ လေယာဉ်မှူးက ပြင်ပလူတစ်ယောက်ကို နှစ်ကုန် စည်းဝေးမှာ အရေးကြီးတဲ့ ပုဂ္ဂိုလ်တစ်ဦးဖြစ်တဲ့ ကျွန်တော့်ရဲ့ အိမ်ထောင်ဖက်နဲ့ အငြင်းအခုံဖြစ်ပြီး ပြဿနာတက်သွားအောင် အခွင့်ပေးလိုက်သလိုဖြစ်သွားတယ်"



"ဟုတ်ကဲ့ တောင်းပန်ပါတယ်... ကျွန်တော်တို့ ပေါ့ဆမှုပါ...." 

စီဆဲလ်က လင်းဇီဝေ့ကို အခွင့်ကောင်းယူချင်နေကြောင်း တာဝန်ခံက နားလည်ခဲ့ပြီး သူ့အိမ်ထောင်ဖက်က ကြီးကြီးမားမားမလုပ်ဘဲ အမှားလုပ်မိလို့ ဒေါသထွက်ပြီး ကျည်ဆံကို ကိုက်ခိုင်းပြီး 

"ဒါက သာဓကတစ်ခုတော့ မဟုတ်ပေမယ့်....၊ နှစ်ကုန်အစည်းအဝေးမှာ ဘာတစ်ခုမှ အမှားအယွင်းမရှိရအောင်လို့ ဌာနရဲ့ လုံခြုံရေးစနစ်ကို သေချာပြန်ပြင်လိုက်ပါ့မယ်။"



"ကောင်းပြီ ဒါဆို သွားကြရအောင်။"



ကျန်သူများသည် ကြီးစွာသော လွတ်ငြိမ်းချမ်းသာခွင့်ကို ရရှိလိုက်သကဲ့သို့ ထွက်ခွာရန် ရုန်းကန်ခဲ့ကြရသည်။



ဒီလူတွေကလည်း မရှက်တတ်ပါဘူး။ 



အစောင့်များအနေနှင့် ၎င်းတို့သည် စစ်တဝက်ခန့်သာ ရှိသေးသော်လည်း စီဆဲလ်သည် အလွန်အားကျစရာကောင်းကြောင်း သူ့ဘေးတွင် ထိုင်နေသော ကျောင်းမြန်ပင်လျှင် အနည်းငယ် သတိထားမိနေပါသည်။



"ဗိုလ်ချုပ်ကြီး......." လင်းဇီဝေ့၏ မျက်လုံးများသည် မျက်ရည်များဖြင့်ပြည့်နေပြီးသူမ၏ ယခင်အရှိန်အဝါများ ပျောက်ကွယ်သွားခဲ့ကာ လမ်းပင် မလျှောက်နိုင်တော့ပေ။



စီဆဲလ်က သူမကိုကြည့်လိုက်ကာ

"ကျွန်တော့်ရဲ့ကွပ်ကဲမှုအောက်က လူတွေက ဘယ်အချိန်ရှေ့တိုးပြီး နောက်ဆုတ်ရမယ်ဆိုတာ မသိနားမလည်ဘဲ မစ္စလင်းကို အံ့သြစရာဖြစ်စေခဲ့မိလို့ စိတ်မကောင်းပါဘူး" ဟု ပြောလိုက်သည်။ 



လင်းဇီဝေ့သည် သူမ၏ သွားများကို အံကြိတ်ထားသော်လည်း သူမဘ၀တွင် ဤမျှလောက် အရှက်မရခဲ့ဖူးကြောင်း ခံစားခဲ့ရကာ ထမင်းဘူးကို ကိုင်ထားရင်း အလွန်အရှက်ကွဲသွားသဖြင့် နောက်ပြန်လှည့်မကြည့်ဘဲ ထွက်ပြေးသွားခဲ့သည်။



______________________________________