Chapter -17
(ယောက်ျားအတွက် စားစရာပြင်ဆင်ခြင်း)
ကျောင်းမြန်က သူ့ကိုယ်သူ စိတ်ကောင်းရှိသူဟု ယူဆသည်။
စီဆဲလ်လည်း စဥ်းစားလိုက်ပြီး ကျောင်းမြန်က စိတ်မဆိုးတတ်ဘူးလို့ သူအမြဲတမ်း ခံစားနေရသည်။
တကယ်တော့ ကျောင်းမြန်က သိပ်စိတ်မဆိုးပါဘူး။ သို့သော် စီဆဲလ်က ဒီအချိန်မှာ ကျောင်းမြန်က သေတ္တာကို သူ့ရင်ခွင်ထဲသို့ ပြင်းပြင်းထန်ထန် ပြန်ပစ်ချလိုက်တာက အံ့သြစရာကောင်းသော အရာတစ်ခုဖြစ်ကြောင်း ခံစားလိုက်ရသည်။
ထိုအချိန်တွင် ကျောင်းမြန်၌ ခံစားချက် အတက်အကျ ပြင်းထန်မှုရှိတာကို သူပထမဆုံးမြင်ဖူးတာဖြစ်သည်။
သူ့ဗိုက်ကို သေတ္တာဖြင့် ရိုက်လိုက်လျှင်ပင်ထိုက်တန်သည်ဟု စီဆဲလ် ခံစားရသည်။
စီဆဲလ်သည် သူ့အား ပြင်းပြင်းထန်ထန် ရိုက်ထားသည့် သေတ္တာကို ကိုင်ထားရသဖြင့် ပါးစပ်ထဲမှ အစာကိုမျိုချရ ခက်ခဲသွားကာ...
“ဘာ........ဘာဖြစ်နေတာလဲ” ဟု ကျယ်လောင်စွာ တွေးမိသွားသည်။
ကျောင်းမြန်က သူ့အောက်နှုတ်ခမ်းကို ကိုက်လိုက်ပြီး စီဆဲလ်ကိုကြည့်ကာ
"သေတ္တာထဲမှာ ဘာတွေပါလဲ ခင်ဗျားမသိဘူးလား"
စီဆဲလ် :"....."
ဒီပုံစံကိုကြည့်ရင် အယ်လန်သည် သူ့အားဆိုးရွားသည့်အရာများပို့ပေးလိုက်ပုံပေါ်သည်။
စီဆဲလ်သည် သူ့လည်ချောင်းထဲတွင် ကပ်နေသော ခေါက်ဆွဲဖက်ကို အသဲအသန် မျိုချလိုက်ပြီးနောက် ဗူးကိုဖွင့်လိုက်သည်။
စီဆဲလ် :"......"
ဗူးအတွင်းတွင် အနည်းငယ်ဝိုင်းသော အဖုံးပါသည့် ဖန်ပုလင်း တစ်ခုရှိသည်။
ဖန်ပုလင်း၏အောက်တွင် ပြူးထွက်နေသော စက်ဝိုင်းနှစ်ခုလည်းပါရှိသည်။
သင်ဟာ ယောက်ျားလေးတစ်ယောက်..... အရွယ်ရောက်ပြီးသူတစ်ယောက်ဆိုလျှင် ဤအရာသည် ဘယ်လိုပုံသဏ္ဍာန်နဲ့ သုံးလဲဆိုတာ တစ်ချက်ကြည့်ရုံနှင့် သိနိုင်ပါသည်။
စီဆဲလ်သည် သတ္တောကို အမူအရာမဲ့စွာဖြင့် ပိတ်လိုက်ပြီး ကျောင်းမြန် ရှေ့တွင် အယ်လန်၏တာမီနယ် သို့ ဗီဒီယို ခေါ်ဆိုခဲ့သည်။
"ဟိုင်း! ရေတပ်ဗိုလ်ချုပ်ကြီး... ဟေး? အဲ့ဒါခယ်မလေးလား? ဟေး.....ခယ်မလေး.... ငါက အဖွဲ့ချုပ်ရဲ့ ချစ်စရာအကောင်းဆုံးမင်းသား.....အယ်လန် ကေလီ ပါ...."
"ပါးစပ်ပိတ်ထားစမ်း"
စီဆဲလ်က လှောင်ပြောင်ကာ - "ငါ မင်းကို အမွှေးနံသာပါတဲ့ အမွှေးတိုင် ပို့ခိုင်းတာကို မင်းဘာလို့ ဒီပစ္စည်းကိုပို့လိုက်တာလဲ"
အယ်လန်ခေတ္တရပ်လိုက်ပြီး အော်ဟစ်ကာ မျက်နှာကိုဖုံးကာလျက် ညှိုးငယ်သော အသံဖြင့် ပြောသည်
" အမွှေးနံ့သာပေါင်းက ငါ့ခယ်မလေးအတွက်လား??! သေစမ်း!......"
"မင်းကဘယ်လိုထင်လဲ? ငါလိုနေတယ်ထင်နေတာလား??"
စီဆဲလ်က ကြင်နာစွာပြုံးလိုက်ပြီး
"အယ်လန် ကေလီ၊ မင်းအတွက်ပြီးသွားပြီ၊ မင်းငါ့ကိုစောင့်နေလိုက် မင်းအဲ့ဒီ့ ပုလင်းပုံစံမထွက်မချင်း ငါမင်းကိုဘယ်လိုရိုက်မလဲဆိုတာ မင်းစောင့်နေ!!!!"
"အား......."
ထို့နောက် စီဆဲလ်သည် ဗီဒီယိုကောလ်ကို အလွန်ရက်စက်စွာ ချလိုက်သည်။
အယ်လန်၏ ကြေကွဲဖွယ်ကောင်းသောအော်ဟစ်သံသည် ကျောင်းမြန်၏နားထဲတွင် ပဲ့တင်ထပ်သွားသည်။ သူက စီဆဲလ်ကို ကူကယ်ရာမဲ့ ကြည့်လိုက်ပြီး "ဒါဆို ဒီပုလင်းထဲမှာ အမွှေးနံ့သာပေါင်းတွေပါနေတာလား?"
စီဆဲလ်က သူ့နှာခေါင်းကို ကိုင်လိုက်ပြီး "ကောင်းပြီ........ မင်း အရင်က ကောင်းကောင်းအိပ်မပျော်ဘူးဆိုတာ မြင်လိုက်လို့.....အဲ့ဒါကြောင်း မင်းအခန်းထဲမှာထည့်ထားလို့ရအောင် စိတ်ကို သက်တောင့်သက်သာဖြစ်စေတဲ့ အမွှေးနံ့သာဝယ်ပေးဖို့ အယ်လန်ကို့ မှာလိုက်တာ...."
ဘာလိုပဲဖြစ်ဖြစ် စီဆဲလ်က အရည်ထူနေတာမို့ ပုလင်းကိုဖွင့်လိုက်ပြီး
"ဒီပုလင်းကြီးထဲမှာ အမွှေးနံ့သာမှုန့်တွေ ပါတယ်၊ ဘယ်ဘက်က ဘောလုံးက လာဗင်ဒါအနံ့..... ညာဘက်က ဘောလုံးက ဗင်နီလာအနံ့ မင်းကြိုက်တဲ့ ရနံ့ကို သုံးကြည့်ပေါ့"
“ကျေးဇူးတင်ပါတယ်…” ပုံသဏ္ဍာန်က ဖော်ပြလို့မရနိုင်သော်လည်း ကျောင်းမြန်ကတော့ တုန်လှုပ်နေဆဲဖြစ်သည်။
စီဆဲလ်သည် နူးညံ့ပြီးကာ အနည်းဆုံး သူ့အပေါ် ဂရုတစိုက်ရှိနေဆဲဖြစ်သည်ကို ယနေ့တွင် သူ ရုတ်တရက် တွေ့ရှိခဲ့သည်။
ယခုတွင်လည်း သူ ညတိုင်း ကောင်းကောင်းအိပ်မပျော်ဖြစ်နေသည်ကို စီဆဲလ်က သိထားပြီးသားဖြစ်နေသည်။
ကျောင်းမြန်က သူ့မျက်လုံးများ မှိတ်သည်အထိ ပေါ့ပေါ့ပါးပါး ပြုံးလိုက်သည်။
စီဆဲလ်က တာမီနယ်ကို တစ်ချက်ကြည့်လိုက်ပြီး "အာ.... အိမ်ပြန်ရအောင်" ဟု ပြောလိုက်သည်။
ကျောင်းမြန်သည် အောက်မှလူများပြောသည်ကို မှတ်မိနေသည်။ စီဆဲလ်သည် ရုံးတွင် မကြာခဏ နေလေ့ရှိပြီး ညဉ့်နက်မှ အိမ်သို့ပြန်လေ့ရှိသည်။
ကျောင်းမြန်က သူ့နှုတ်ခမ်းကို တွန့်ကွေးလိုက်ပြီး
"ကောင်းပြီလေ..."
သူတို့နှစ်ဦးအိမ်သို့ ပြန်ရောက်ပြီးနောက်တွင် စီဆဲလ်သည် အရေးကြီး စာရွက်စာတမ်းများကို စစ်ဆေးရန်မပြီးသေးသောကြောင့် စာကြည့်ခန်းသို့ ပြန်သွားခဲ့ပြီး ကျောင်းမြန်က အိမ်ထိန်း ကို ရှာရန် ထွက်လာခဲ့သည်။
"လတ်ဆတ်တဲ့ အမွှေးနံ့သာတွေလား?"
အိမ်ထိန်းသည် စီဆဲလ်အတွက် လက်ဖက်ရည်ဖျော်နေကာ... ထိုသို့ ပြောသံကိုကြားတော့ သူက ခဏလောက်စဉ်းစားလိုက်ပြီး “သခင်လေး အကယ်၍ အမွှေးနံ့သာမှုန့်လိုတယ်ဆိုရင် ကျွန်တော့်ကိုပြောပြီးဝယ်ခိုင်းလို့ရပါတယ်”
"ကျွန်တော် ကိုယ်တိုင်ပဲ ရွေးဝယ်ချင်လို့ "
ကျောင်းမြန်က ပြုံးလိုက်ပြီး "အဲ့လိုလုပ်လို့ ရမလား?"
"ရပါတယ်.....ဒါပေမယ့် အခုက အရမ်းနောက်ကျနေပြီ.....မနက်ဖြန် သခင်လေး... လိုက်ခဲ့မှာလား? ဒါပေမယ့် သခင်လေးက မမှတ်မိဘူးဆိုလည်း..... ရပါတယ်..."
အိမ်ထိန်းက သူ့လည်ပင်းနဲ့ မျက်နှာကို အနည်းငယ်ပွတ်သပ်ပြီး အရိပ်အမြွက်ပြလေသည်။
ကျောင်းမြန်က ချက်ချင်း သဘောပေါက်သွားပြီး
"ကျွန်တော့်ကို နေကာမျက်မှန်နဲ့ mask ပြင်ပေးပါ" ဟု ပြောလိုက်သည်။
သူသည် အိမ်ထိန်းလက်ထဲကို လက်ဖက်ရည်ခွက်ကို ငုံ့ကြည့်ပြီး လက်ကို ဆန့်တန်းကာ
"ဗိုလ်ချုပ်ကြီးဆီ ယူသွားပေးရမလား?"
"ကောင်းပါပြီ၊အဆင်ပြေတာပေါ့..... ။"
အဘိုးကြီးသည် မျက်လုံးအောက်ခြေများပင် ပတွန့်ကွေးလာသည်အထိ ရယ်မောခဲ့သည်။
အိမ်ထိန်းသည် ကျောင်းမြန် နှင့် စီဆဲလ် တို့ကြားရှိ ဆက်ဆံရေး လျင်မြန်စွာ တိုးတက်လာမည်ဟု သူ မမျှော်လင့်ထားသောကြောင့် ပျော်ရွှင်နေလေတော့သည်။
လူအိုကြီးသည် ယနေ့အဖြစ်အပျက်ကို ကြားသိခဲ့ရပြီး စီဆဲလ်သည် အယ်လန်ကို အမွှေးတိုင်များ ပေးပို့ရန် တောင်းဆိုခြင်းကိုလည်း သိရှိခဲ့ရသည်။ နောက်ဆုံးတွင်၊ စီဆဲလ်သည် ထိုသို့မပြုလုပ်မီ သူ၏ထင်မြင်ချက်ကို အရင်မေးမြန်းခဲ့သည်။
ကျောင်းမြန်သည် အေးဆေးတည်ငြိမ်သောအမူအရာရှိနေသော်လည်း အိမ်စောင့်အဖိုးကြီးသည် အသက် 70 သို့မဟုတ် 80 အထိနေထိုင်ခဲ့ပြီးဖြစ်သောကြောင့် ကျောင်းမြန်သည် အမှန်တကယ်ပင် အလွန်ပျော်ရွှင်နေသည်ကို သူမြင်နိုင်ခဲ့သည်။
အိမ်ထိန်းသည် ခေါင်းကို ကူကယ်ရာမဲ့စွာ ခါယမ်းလိုက်သည်။
တကယ်တော့ ဒီကလေးက ရိုးရှင်းပြီးစိတ်ကျေနပ်လွယ်တဲ့ ကလေးတစ်ယောက်ပဲ......
နောက်တစ်နေ့.....။
ကျောင်းမြန်သည် မျက်လုံးဖွင့်ကာပြတင်းပေါက်မှ တဆင့် တောက်ပနေသောနေရောင်ခြည်ကို စူးစူးဝါးဝါး စိုက်ကြည့်လိုက်သည်။
အာ......
နေရောင်....?
ကျောင်းမြန် ဟာ တောက်ပနေသောရွှေရောင်အလင်းတန်းကြောင့် မျက်စိများကျိန်းကာဖွင့်လို့မရသောကြောင့် အချိန်ခဏစောင့်ပြီးမှ မျက်လုံးများဖွင့်လို့ရခဲ့သည်။
ကျောင်းမြန်က ချက်ချင်းထလိုက်ပြီး သူ့တာမီနယ်ကို ကြည့်လိုက်ချိန်တွင် ကိုးနာရီထိုးနေပြီ။ !!!!
သူ အိပ်ပျော်သွားသည်!
ကျောင်းမြန်က သူဒီကိုလာကတည်းက တစ်ညလုံးကောင်းကောင်းမအိပ်ခဲ့ရဘူး။ မနေ့က စိတ်ကြည့်နေလို့လား ဒါမှမဟုတ် စိတ်တည်ငြိမ်စေသော အမွှေးတိုင်ပါ ပါဝင်နေလို့လား မသိပေ။ ကျောင်းမြန်သည် တစ်ချိန်လုံး လူသေတစ်ယောက်ကဲ့သို့ အိပ်ပျော်သွားသည်။
ပြီးတော့ ......သူ အိပ်ပျော်သွားတယ်။
"ဒေါက်...ဒေါက်"
အပြင်မှာ အိမ်ထိန်းက တံခါးလာခေါက်ပြီး
"သခင်ငယ်လေး နိုးပြီလား။ သခင်ငယ်လေးရဲ့ တာမီနယ်ပွင့်သွားတာကို ကျွန်တော်မြင်လိုက်လို့ပါ"
အိမ်ထိန်းက ခွင့်ပြုချက်ရပြီးသည်နှင့်လက်ဖက်ရည်နဲ့ မနက်စာကိုယူကာ ဝင်လာသည်။
ကျောင်းမြန်သည် ကုတင်ပေါ်တွင် လဲလျောင်းနေပြီး အိမ်ထိန်းကို ငေးစိုက်ကြည့်နေသည်။
"မင်းထင်သလိုပဲ ဗိုလ်ချုပ်ကြီးထွက်သွားပါပြီ" အထိန်းတော်က ပြုံးပြီးပြောတယ်
"သခင်လေးက မနက်ခင်းမှာ ကောင်းကောင်းအိပ်ပျော်နေတာကို ဗိုလ်ချုပ်ကြီးက မြင်တော့ မနှိုးတော့ဘဲ ထွက်သွားခဲ့တာ၊ ညနေမှာ သခင်လေးနဲ့ အဝတ်အစားသွားဝယ်ဖို့ ဗိုလ်ချုပ်က ပြန်လာမယ်လို့ ပြောခဲ့ပါတယ် ဒါကြောင့် နေ့ခင်းဘက်မှာ ကောင်းကောင်းအနားယူလိုက်ပါ"
ကျောင်းမြန်အနည်းငယ် စိတ်ဆိုးသွားကာ၊ သူ ဒီနေ့ စီဆဲလ် နှင့် စစ်စခန်းသွားရန် အစက ချိန်းထားသည်။
ကျောင်းမြန်သည် ချိန်းဆိုမှုများကို လက်လွတ်မခံချင်ပါ။
"တကယ်တော့ ဒါက ပိုကောင်းတယ်မဟုတ်လား"
အိမ်ထိန်းက နွေးထွေးစွာ အကြံပေးခဲ့သည်–
“ အရင်က သခင်လေးရဲ့ အစီအစဉ်က ပါဝင်ပစ္စည်းသွားဝယ်တဲ့လမ်းကို တစ်ဝက်ပဲသွားပြီး ညဘက်ကျမှ စျေးဝယ်ထွက်ပြီး ဗိုလ်ချုပ်ကြီးကို ကျေးဇူးတင်ကြောင်းပြဖို့ ညစာချက်ကျွေးဖို့လေ အခုက အချိန်ပိုရသွားတော့ ပိုမကောင်းဘူးလား?"
ကျောင်းမြန် အံ့အားသင့်သွားသည်။
အဓိပ္ပာယ်ရှိတယ်.....
ရေချိုးပြီးနောက် ကျောင်းမြန် နှင့် အိမ်ထိန်းတို့သည် လိုအပ်သည့်ပစ္စည်းများဝယ်ရန် စူပါမားကတ်သို့သွားခဲ့ကြသည်။ နေ့ခင်းဘက်ဖြစ်ပြီး၊ ချက်ပြုတ်ထားပြီးသော အစားအသောက်များတွင် ပါဝင်ပစ္စည်းများကို မလိုအပ်သောကြောင့် အနီးနားတွင်လူများက အဆင်သင့်စားသုံးနေကြသည်။ ကျောင်းမြန်လည်း ကြည့်ကာ လိုအပ်သည့်ပစ္စည်းများကိုကြည့်ကာ လိုအပ်မည်ထင့်သည့်အရာများကို နောက်တစ်ခါမလာရအောင် ပိုထည့်လိုက်သည်။
ဗိုလ်ချုပ်ကြီး၏စံအိမ်တွင် မီးဖိုချောင်သုံးပစ္စည်းများ အပြည့်အစုံရှိသည်။ ကျောင်းမြန် သည် တစ်မနက်လုံး အလုပ်များနေပြီး နောက်ဆုံး နေ့လည်တွင် အောင်မြင်စွာ ပြီးဆုံးသွားခဲ့သည်။
ကျောင်းမြန် သည် တာမီနယ်ကိုကြည့်လိုက်သော် ထမင်းစားချိန်လွန်နေပြီဖြစ်သော်လည်း စီဆဲလ်သည် နောက်ကျမှစားမည် သို့မဟုတ် အချိန်တိုင်းမစားသည့်အကြောင်းကို သူသိပြီးဖြစ်သည်။
ထမင်းဘူးကို ယူ၍ ကျောင်းမြန် ထွက်လာသည်။
"ဟမ်.."
"ဗိုလ်ချုပ်က အခုစစ်တန်းလျားမှာ မရှိဘူး၊ သူက ပရိုဂရမ်ဌာနကို သွားတယ်"
စစ်စခန်းကို အလွှာလိုက်စနစ်များဖြင့် စောင့်ကြပ်ထားကာ အလိုအလျောက်ဝင်၍မရသောကြောင့် ကျောင်းမြန်သည် စစ်ဘက်အဆောက်အအုံသို့ ဦးစွာသွား၍ မင်ရန် ကို ဝင်ခွင့်တောင်းသော်လည်း မင်ရန်က
"တောင်းပန်ပါတယ်... ဗိုလ်ချုပ်ကြီးရဲ့ ဇနီးက ကြိုတင်အကြောင်းမကြားဘဲလာတာဖြစ်လို့ကျွန်မလည်းခေါ်သွားပေးလို့မရဘူး ... ဗိုလ်ချုပ်ကြီးက နှစ်ကုန် ညီလာခံရဲ့ တိုက်ရိုက် ထုတ်လွှင့်မှု လုပ်ငန်းစဉ် အသေးစိတ်ကို ပြန်စစ်ဆေးဖို့ သွားတာပါ"
ကျောင်းမြန်က ခေါင်းညိတ်လိုက်ကာ
"အဆင်ပြေပါတယ်၊ ကျွန်တော်ကလည်း အရင်အကြောင်းမကြားခဲ့တာကို...."
ဒါပေမယ့် ဗိုလ်ချုပ်ကြီးဇနီးဆိုတဲ့ဘွဲ့က......
ကောင်းပြီ....
“အထုပ်ယူခဲ့လိုက်! ကျွန်မ အဲ့ဒီ့ပရိုဂရမ်ဌာနကိုလိုက်ခဲ့မယ်!”
မင်းယန်က ထလိုက်ပြီး အရေးကြီးစာရွက်စာတမ်းများကို သူ့ရှေ့မှာ ခေါက်လိုက်ပါသည်။
"မဟုတ်ဘူး...... မလိုပါဘူး။"
ကျောင်းမြန် သည် မင်ရန်၏ရှေ့တွင်ရှိသောစာရွက်စာတမ်းများရှိသည့် တောင်ကုန်းများကို တစ်ချက်ကြည့်လိုက်ပြီး
"ကျွန်တော် တစ်ယောက်တည်းသွားလို့ရပါတယ်နော်"
အိုး....... အရမ်းနူးညံ့ပြီး ဂရုစိုက်တတ်လွန်းသည်။
ကျောင်းမြန် ထွက်ခွာသွားချိန်အထိ မင်ရန်၏မျက်လုံးရှိ ကြယ်များသည် မှေးမှိန်သွားခြင်းမရှိပေ။
သူ့ သူဌေးထက် အများကြီး ပိုကောင်းတယ်! ဟွန့်!!!
ကျောင်းမြန်သည် လေယာဉ်ကို ဖက်ဒရယ် စစ်စခန်း၏ တိုက်ရိုက်ထုတ်လွှင့်မှုပြုလုပ်မည့် အဆောက်အအုံသို့ လမ်းညွှန်ချက်အတိုင်း မောင်းနှင်လာခဲ့သည်။
၎င်းသည် နှစ်ကုန်အစည်းအဝေးနှင့် အခြားအလားတူကိစ္စရပ်များအတွက် တည်ဆောက်ထားသော အဆောက်အအုံဖြစ်သည်။ ၎င်းသည် တိမ်တိုက်များကိုထိလုနီးပါး မြင့်မားနေပြီး အဆောက်အဦမျက်နှာပြင်သည် နေရောင်အောက်တွင် တောက်ပနေသော မှန်ချပ်များဖြင့် ဖုံးအုပ်ထားသည်။
ကျောင်းမြန် သည် ဂိတ်ပေါက်ရှိ စက်တစ်ခုရှေ့တွင် တိတ်ဆိတ်စွာရပ်နေ၏။
ဒီမှာ လက်မှတ်လည်း လိုသေးတာလား??
"အိုင်း......ဒါဘယ်သူများလဲ?"
ကျယ်လောင်သော အမျိုးသမီးအသံ ထွက်ပေါ်လာသောကြောင့် ကျောင်းမြန်လှည့်ကြည့်လိုက်ရာ ဒေါက်မြင့်ဖိနပ်စီးထားသော မင်းသမီး လင်းဇီဝေ့သည် ကားပေါ်မှ ဆင်းလာခဲ့သည်။
"ဖောက်ပြန်တဲ့ချစ်သူလေးလား ဒါမှမဟုတ်ရင် ရေခဲမြစ်က ကျောင်းမြန်လား?"
အမျိုးသမီးက ပြောလိုက်သည်။
"မင်းမှာ ဖြတ်သန်းခွင့်ကတ်တောင် မရှိဘူးလား?....မင်းရဲ့ ဗိုလ်ချုပ် ဘယ်မှာများလဲ?"
ကျောင်းမြန်သည် ချက်ချင်းခေါင်းကိုက်လာရသည်။
_________________________________________