Chapter 15
Viewers 7k

Chapter -15

(ကျွန်တော်က ကျောင်းမြန်ပါ!!!)


စစ်ဘက်ဆိုင်ရာအဆောက်အအုံသည် မြို့၏ လူစည်ကားသောနေရာတွင် တည်ရှိနေသည်။



ကျောင်းမြန် နှင့် စီဆဲလ်တို့ရောက်ရှိလာချိန်တွင် စီဆဲလ်သည် VIP ဓာတ်လှေကားကို အသုံးပြု၍ ကျောင်းမြန်အား အပေါ်ထပ်ရှိသူ၏ရုံးခန်းသို့ တိုက်ရိုက်ခေါ်သွားခဲ့သည်။



"ကိုယ့်ရုံးခန်းက ပထမထပ်မှာ။"

စီဆဲလ်က "အိုး.......ဒါပေမဲ့....ကျန်တစ်ဝက်က သိုလှောင်ခန်းအနေနဲ့ သုံးထားတယ်"



ကျောင်းမြန် ခေါင်းညိတ်ပြလိုက်သည်။



စီဆဲလ်၏ရုံးခန်းသည် အလွန်ကျယ်ဝန်းသော်လည်း ကျောင်းမြန်၏အတွေးထဲတွင် တခြားသူများကဲ့သို့ ဇိမ်ခံပစ္စည်းများနှင့် ခမ်းခမ်းနားနားရှိနေမည်ဟု ထင်ခဲ့သည်။ သို့သော် ၎င်းသည် အဖြူနှင့် အမည်းရောင်များကို အသုံးပြုထားပြီး ဘေးဘက်တွင် စားပွဲနှင့် စာအုပ်စင်ထား ထားပြီး လိုက်ဖက်ကာအလွန်ရိုးရှင်းပါသည်။



"ဗိုလ်ချုပ်ကြီးက ဒီမှာပဲ"



အတွင်းရေမှူး မင်ရန်သည် အပြင်ဘက်မှ လှုပ်ရှားသံများကို ကြားလိုက်ပြီးနောက်စာရွက်စာတမ်းများ အစုလိုက်အပြုံလိုက် ကိုင်ကာ ဝင်လာသည်

"ဒါတွေက အရေးတကြီး ကိုင်တွယ်...ဖြေရှင်းဖို့ လို...လို...."



မင်ရန်သည် ကျောင်းမြန်အား မြင်လိုက်ရချိန်တွင် သူမသည် ထိုနေရာ၌ပင် အေးခဲသွားလေသည်။



ဒါ.....ဘာလဲ?...?



ဒါ ဘယ်လိုအခြေအနေမျိုးလဲ?...?



မင်ရန်သည် သူမ၏ခေါင်းထဲတွင် အွန်လိုင်းဝတ္ထုများနှင့် ဇာတ်လမ်းဇာတ်ကွက်တွေပါ ပေါ်လာသောကြောင့် အေးခဲတောင့်တင်းသွားသည်။ 



ဗိုလ်ချုပ်ကြီးက! တစ်ကယ်! တကယ်ကြီး! တိတ်တိတ်ပုန်းချစ်သူလေး! သူ့ကို ရုံးခန်းထဲခေါ်လာတယ်!!



စီဆဲလ်သည် ကျောင်းမြန်၏ပခုံးကို ဖက်လိုက်ကာ

"မင်းကို မိတ်ဆက်ပေးမယ်....ဒါငါနဲ့ စေ့စပ်ထားတဲ့သူ ကျောင်းမြန်" 



.........



အ....??



အမ်??.......??



မင်ရန် ထိတ်လန့်သွားတော့သည်။



ကျောင်းမြန်လည်း ပြုံးပြလိုက်ပြီး လေးနက်စွာဖြင့်

"ကျွန်တော် ဒီကိုလာတာ ဘယ်သူ့ကိုမှမပြောပါနဲ့ဦး"



ကျောင်းမြန်သည် ဖက်ဒရယ်ပြည်သူများ၏ အတင်းအဖျင်း နှလုံးသားများကြောင့် ကိုယ့်ကိုကိုယ်ယုံကြည်မှု မရှိတော့သည်မှာ ကြာခဲ့လေပြီ။



"ဟုတ်....ဟုတ်ကဲ့ပါ!" 

မင်ရန်သည် စီဆဲလ်၏ အလွန်တော်သော အတွင်းရေးမှူးများထဲမှ တစ်ဦးဖြစ်သောကြောင့် သူမသည် ချောမောပြီး ခန္ဓါကိုယ်မှာသေးငယ်သော်လည်း သူမ၏ ကျွမ်းကျင်သော လုပ်ရည်ကိုင်ရည်မှာ ပြဿနာမရှိပေ။ သူမ စိတ်ခံစားချက်ကို အမြန်ထိန်းချုပ်လိုက်ပြီး စာရွက်စာတမ်းများကို စီဆဲလ်အား စတင်ရှင်းပြခဲ့သည်။



သူမ၏မျက်လုံးများသည် ကျောင်းမြန်ကိုလျှို့ဝှက်စွာ စိုက်ကြည့်နေမိသည်ကိုတော့ မရပ်တန့်နိုင်ပေ။



ကျောင်းမြန်သည် ယခုအချိန်တွင် စီဆဲလ်၏ စာအုပ်စင်ရှေ့တွင် ရပ်နေပြီး ခေါင်းကို အနည်းငယ်ငုံ့ထားသောကြောင့် ရှည်လျားသော ငွေပြာရောင်ဆံပင်များက သူ၏နောက်ကျောဘက်တွင် ပြန့်ကျဲနေသောကြောင့် ပန်းချီကားတစ်ချပ်လို အသက်ဝင်ကာ လှပနေသည်။



အရမ်း....ကြည့်ကောင်းတာပဲ....



ဒါဆို ဒါက အစကနေ အဆုံးထိ ကျောင်းမြန်ပဲလား..?... ဗိုလ်ချုပ်ကြီးက မလိမ်ခဲ့ဘူးပဲ..... 



သူတို့မကောင်းဆိုးဝါးတစ်ကောင်လို့ ပြောခဲ့တာမဟုတ်ဘူးလား.....?



မင်ရန်က အင်တာနက်ပေါ်မှ ဒီကြက်အစပ်လိုသတင်းတွေကို ထပ်ပြီးမယုံရန် တိတ်တဆိတ်ဆုံးဖြတ်လိုက်သည်။



အရမ်းကြင်နာတတ်ပြီး ချစ်ဖို့ကောင်းတာ သိသာနေတာကို !! မနာလိုလိုက်တာ... အိုး!



မင်ရန်က ထွက်သွားပြီးနောက်တွင် စီဆဲလ်က 

"မင်းအောက်ဆင်းပြီး မကြည့်ချင်ဘူးလား၊ ဒီမှာပဲနေနေတာ မငြီးငွေ့ဘူးလား??"



ကျောင်းမြန်က ခေါင်းခါပြလိုက်ကာ..

"ကျွန်တော် ခင်ဗျားစာအုပ်တွေ ဖတ်လို့ရလား"



"ယူဖတ်လို့ရပါတယ် ၊ ဒါပေမယ့် နည်းနည်းတော့ရှုပ်နေတယ်" 



စီဆဲလ်က သူ့နှာခေါင်းကို ကိုင်လိုက်ပြီး 

"ရုံးမှာ ပြန်စီဖို့ အချိန်မရှိလို့" ဟု ပြောလိုက်သည်။



အတွင်းရေးမှူးတွေလည်း သူတို့အလုပ်တွေနဲ့ သူတို့အလုပ်ရှုပ်နေသည်။



ဤသည်ကို ကြားသော် သန့်ရှင်းမှုကို အလွန်စွဲလမ်းနေသော ကျောင်းမြန်သည် မနေနိုင်တော့ဘဲ

"ဒါဆို သပ်ရပ်သွားအောင် ကျွန်တော်ကူညီပေးနိုင်တယ်" ဟုပြောလိုက်သည်။ 



သူရုတ်တရက်ပြောမိသွားကြောင်း သူသတိထားမိလိုက်သောကြောင့် ကျောင်းမြန်ရှင်းပြမည်အလုပ်တွင် စီဆဲလ်က ရိုးရှင်းစွာပြန်ပြောသည် 

"ကောင်းပြီလေ"



ကျောင်းမြန် အံ့သြနေသည်။



စီဆဲလ်သည် အရေးကြီးသည့်စာရွက်စာတမ်းများကို ခေါင်းငုံ့ကာ အလေးအနက်ထား၍ စတင်စစ်ဆေးနေပြီဖြစ်သောကြောင့် ကျောင်းမြန် က ရှင်းပြရန် ပါးစပ်ဖွင့်ထားသော်လည်း ပြန် ပိတ်လိုက်ပြီး သူ့အား မနှောင့်ယှက်ရန် ဆုံးဖြတ်လိုက်သည်။



ထို့နောက် ရုံးခန်းကို လှည့်ပတ်ကြည့်လိုက်ရင်း 'ရှုပ်ပွနေတာပဲ...'



စားပြီးထားသော အစားအစာထုပ်များသည် အခန်း ပတ်ပတ်လည်တွင် ရှုပ်ပွကာရှိနေသည်။ စာအုပ်များသည်လည်း နေရာအနှံ့တွင် ပြန့်ကျဲနေပြီး စားပွဲပေါ်တွင်လည်း စာရွက်များဖြင့် ရှုပ်ပွနေသည်။



ကျောင်းမြန်သည် မလိုအပ်သော အမှိုက်များကို အရင်စုကာ စွန့်ပစ်ပြီးနောက် စီဆဲလ်၏ စာအုပ်စင်ပေါ်ရှိ စာအုပ်အမျိုးအစားများကိုလေ့လာလိုက်ပြီး ပြန်စီလိုက်သည်။



ကျောင်းမြန်သည် သူ ဝယ်ရန်မတတ်နိုင်သော သို့မဟုတ် ဖတ်ရန် အခွင့်အရေးမရခဲ့သော သူအမြဲဖတ်လိုသည့် စာအုပ်များကို မှတ်ထားကာ စီဆဲလ်အား တစ်ကြိမ်လောက် ငှားပေးနိုင်မလားဟု မေးရန် စဉ်းစားနေသည်။



စာအုပ်တွေ ပြန်စီတာနဲ့ အပင်တွေရေလောင်းတာ အားလုံးအပြီးတွင် ညနေစောင်းနေပြီဖြစ်သည်။



ကျောင်းမြန်က ကောင်းကင်ကို မော့ကြည့်လိုက်ပြီးနောက် အရေးကြီးစာရွက်စာတမ်းများကို ဖတ်နေဆဲဖြစ်သည့် စီဆဲလ်ကို ကြည့်လိုက်ပြီး 

" ဗိုလ်ချုပ်ကြီး တစ်ခုခုသွားစားတော့မလား" ဟုမေးလိုက်သည်။



စီဆဲလ်သည် အလုပ်လုပ်နေသည့်အချိန်တွင် လေးနက်သည့်အသွင်ဖြင့် အရမ်းကြည့်ကောင်းလေသည်။သူက လက်ထဲက ဘောပင်ကို တစ်ခါတစ်ရံလှည့်လိုက်ပြီး တစ်ခါတစ်ရံ ဆုပ်ကိုင်ထားပြီး မျက်မှောင်ကြုတ်လိုက်ကာ သူ့ စာတမ်းကို ဆက်ဖတ်နေရာမှ ကျောင်းမြန်၏ ခေါ်သံကို ကြားသော် စီဆဲလ်က ခဏရပ်လိုက်ပြီး စာရွက်ကို ချလိုက်ကာ မော့ကြည့်လိုက်သည်



 "ဘုရားရေ"



စီဆဲလ်က သူ့ရုံးခန်းကို လှည့်ပတ်ကြည့်ရင်း "ဒါက ကိုယ့်ရုံးခန်းလား?"



ကျောင်းမြန်က နှုတ်ခမ်းကို ကိုက်ထားလိုက်သည်။



"ဟမ်.." 

စီဆဲလ်က သူ့နေရာသည် ခွေးလှောင်အိမ်များကဲ့သို့ အမြဲရှုပ်ပွနေသည်ကို မြင်နေကြဖြစ်သောကြောင့် အခုချိန်တွင် သူသည် သန့်ရှင်းတောက်ပပြီး ကျယ်ဝန်းသော နေရာတွင်ရောက်နေသကဲ့သို့ အံ့သြနေမိသည်။



"ခင်ဗျား စိတ်တိုင်းကျရဲ့လား?"



"စိတ်တိုင်းကျတယ် အရမ်းကို စိတ်တိုင်းကျပါတယ်။" 

ကျောင်းမြန်က ပြန့်ကျဲနေသော စာရွက်စာတမ်းတွေကို မထိစေချင်ကြောင်း စီဆဲလ်က သတိပြုမိသောကြောင့် သူတို့ကို ဘေးမှာချထားလိုက်ကာ ရယ်လိုက်ပြီး 

"မင်းရှင်းချင်တယ်ဆိုရင်လည်း ရှင်းလိုက်၊ မရှင်းချင်ဘူးဆိုလည်း စာအုပ်နည်းနည်းပဲ ယူသွား။ စာဖတ်ဖို့ ဒါမှမဟုတ် တစ်ခုခုစားဖို့ဆိုရင် ဗီရိုထဲမှာ အဆာပြေမုန့်တွေရှိတယ်၊ အပြင်ထိသွားစရာ မလိုဘူး"



"အိုကေ"



ကျောင်းမြန်က စီဆဲလ်ရုံးခန်းထဲက မထွက်ချင်ကို သတိပြုမိလိုက်ပြီး 

"ခင်ဗျား အလုပ်များနေရင် ခင်ဗျားလည်းစားလို့ရအောင် တစ်ခုခုဝယ်ဖို့ ဘာလို့ မကူညီခိုင်းတာလဲ၊ ဒီနေ့ ဒီမှာလည်းရောက်နေပြီဆိုတော့ ဒီလောက်ကတော့ ကူညီပေးလို့ရပါတယ်။"



စီဆဲလ်က ပြုံးပြီး 'မသိရင် မင်ရန် အလုပ်ထွက်သွားသလိုပဲ' ဟု တွေးလိုက်သည်။ ကျောင်းမြန်အား ဖြတ်သန်းခွင့်ကတ်တစ်ခုပေးလိုက်ပြီး 

"ဒါဆို မင်းကူညီချင်တယ်ဆိုရင်ရင် မင်းဘာစားချင်တာလဲဆိုတာ အောက်မှာ ကိုယ်တိုင်သွားကြည့်လို့ရတယ်။ မြေညီထပ်မှာရှိတဲ့ စားသောက်ဆိုင်က အစားအစာတွေ ချက်ပြုတ်ထားပေမယ့် အရသာက အပြင်က စားသောက်ဆိုင်တွေလိုတော့ အဆင်မပြေဘူး....."



ကျောင်းမြန် အံ့ဩသွားသည်။



စျေးကြီးတဲ့ စားသောက်ဆိုင်မှာ သွားဝယ်ရမယ်လို့ သူထင်ထားခဲ့ပေမယ့် မြေညီထပ်မှာပင် ဒီကိစ္စကို ဖြေရှင်းနိုင်ခဲ့သည်။



ကျောင်းမြန်သည် မြေညီထပ်မှစားသောက်ဆိုင်သို့ သွားရန် VIP ဓာတ်လှေကားကို အသုံးပြုခဲ့သည်။



"ဆရာ.....ဘာများအလို....." 

စားပွဲထိုးက မေးရန် ရှေ့တိုးလာသော်လည်း သူ မော့ကြည့်လိုက်ချိန်တွင် ကျောင်းမြန်ကို တွေ့လိုက်ရသဖြင့် အံ့ဩသွားခဲ့သည်။



"အ.........အာ!" စားပွဲထိုးသည် စိတ်လှုပ်ရှားစွာဖြင့် မျက်နှာတစ်ခုလုံး နီရဲသွားသည်။



"!!!"



သေစမ်း!! ဒါ လျှို့ဝှက်ချစ်သူ မဟုတ်ဘူးလား!



စားသောက်ဆိုင်ရှိလူတိုင်းသည် ကျောင်းမြန် ကိုတွေ့လိုက်ချိန်တွင် မေးရိုးများပြုတ်ကျသွားတော့သည်။



"ကျွန်တော် ...." 

ကျောင်းမြန်က ဘာစကားမှမပြောရသေးခင်တွင် လူတစ်စုက အားရပါးရ ဝိုင်းရံလာကြသည်။



ဒီမှာအလုပ်လုပ်တဲ့လူတွေအားလုံးသည် စစ်သားများသည်သာမဟုတ်ဘဲ စစ်ဌာနများ၏စာရေးများလည်းရှိသည်။ သူတို့တွင် ရိုးရှင်းသောအတွေးတစ်ခုသာရှိပြီး ဤသည်မှာ ဗိုလ်ချုပ်ကြီးကိုကယ်တင်ခဲ့သော ချစ်သူလေးကို တွေ့လိုက်ရသောကြောင့် သူနှင့်ရင်းနှီးရန် ချက်ခြင်း ရှေ့ကို ပြေးလာကြခြင်းဖြစ်သည်။



" Mr. ဆရာ့နာမည်ဘယ်လိုခေါ်လဲ"



"နောင်အနာဂတ်မှာ ဗိုလ်ချုပ်ကြီးနောက်ကို လိုက်မှာလား။"



"ဆရာ......."



ခဏအကြာတွင် ကျောင်းမြန်သည် သူ့ရှေ့တွင် လူအုပ်ကြီးဖြင့် ဝိုင်းရံခံထားရလေတော့သည်။



ကျောင်းမြန် ထိတ်လန့်သွားကာ.....



ဒီမှာ ဘာတွေဖြစ်နေတာလဲ?.....



"ကျွန်တော်....."



"Mr. ကို ဝိုင်းမနေကြနဲ့ Mr.ကိုမထိခိုက်မိစေဖို့သတိထားကြပါ။"



နောက်ဆုံးတွင် အရာရှိဦးလေးကြီးတစ်ဦးက ကျောင်းမြန်ကို လမ်းဖွင့်ပေးခဲ့သည်။



"ဟုတ်တယ် Mr. ကို မတွန်းကြပါနဲ့!"



"Mr. ရဲ့အနားကိုအရမ်းကပ်မလာနဲ့ မင်းအထုတ်ခံချင်နေပြီလား!"



ကျောင်းမြန် : "......."



လူစုခွဲရာတွင် တစ်စုံနစ်ယောက်က သူ့ကို ကူညီပေးခဲ့သည့်အတွက် ကျေးဇူးတင်မိသော်လည်း .......အမှန်တွင် သူသည် နူးညံ့သိမ်မွေ့နေသူမဟုတ်ပေ။



နောက်ဆုံးတွင် လူအုပ်သည် လူစုခွဲသွားကာ ကျောင်းမြန်သည်လည်း အစားအစာကို အောင်မြင်စွာ ဝယ်ယူနိုင်သွားပြီးနောက် လူတိုင်းနှင့် ထိုင်စကားပြောရန် အချိန်ပေးခဲ့သည်။



"ဆရာ.....ဆရာကအလုပ်အရမ်းကြိုးစားတာပဲ။"



ကျောင်းမြန်သည် စစ်ယူနီဖောင်းဝတ်ထားကာစူးစမ်းလိုစိတ်အပြည့်ရှိသူများ ဝိုင်းရံထားသော စားပွဲရှည်ကြီး၏ ပထမထိုင်ခုံတွင် ထိုင်နေလေသည်။



"အဲဒါက..." 

ကျောင်းမြန် က အရင်ရှင်းပြဖို့လိုတယ်ထင်သောကြောင့် 

"ကျွန်တော့်နာမည်က ကျောင်းမြန်ပါ"



"......."



"......."



သို့သော် ရုတ်တရက်ဆိုသလို တစ်ဖွဲ့လုံးတိတ်ဆိတ်သွားကြသည်။



စကားစမြည်ပြောနေကြသောလူများပင်လျှင်ထိုအချိန်တွင် ရုတ်တရက် 'ပါးရိုက်ခံရသလို' ခံစားလိုက်ရပြီး ဆက်သွယ်မှု ရုတ်တရက် ပြတ်တောက်သွားသကဲ့သို့ အသံတိတ်သွားလေသည်။



ကျောင်းမြန်က အံ့ဩသွားသော်လည်း "ကျွန်တော်က ရေတပ်ဗိုလ်ချုပ်ကြီး စီဆဲလ်ရဲ့ အိမ်ထောင်ဖက်ပါ" ဟု ဆက်ပြောလိုက်သည်။



"........" ကြောက်စရာအကောင်းဆုံးအခြေအနေကြောင့် လေထုသည် ရုတ်တရက် တိတ်ဆိတ်သွားသည် ။



ကျောင်းမြန်သည် ပတ်ဝန်းကျင်ကို သံသယမျက်လုံးဖြင့် ကြည့်လိုက်သည်။



သူတို့ ဘာဖြစ်နေကြတာလဲ။



အရာရှိတစ်ယောက်က ကျောင်းမြန်၏ ပခုံးကို ပုတ်လိုက်ပြီး "မင်းရဲ့ ကြိုးစားအားထုတ်မှုအတွက် ကျေးဇူးတင်ပါတယ်" ဟု ပြောသည်။



"......."



"ဟုတ်တယ် ဆရာက တော်တော် အလုပ်ကြိုးစားတယ်"



"ဆရာ....အရမ်လည်းဝမ်းမနည်းပါနဲ့....ကိုယ့်ကိုယ်ကို ဂရုစိုက်ပါ .....ဗိုလ်ချုပ်ကြီးက ဆရာ့ကိုချစ်ပါတယ်..."



"......"



ကျောင်းမြန်သည် ကောင်းကင်ကိုသာ စကားမပြောဘဲ စိုက်ကြည့်နေလိုက်သည်။



သူ့ကို တစ်ယောက်ယောက် လာကယ်ပေးလို့ရမလား။ စီဆဲလ် အခုထိဘာမှမစားရသေးဘူးလို့။



_________________________________________