Chapter 17
Viewers 4k

Ch17 ဟိုတယ်




ကောင်းချန်က ဧည့်ရိပ်သာသက်သက်လို့ ရည်ညွှန်းထားတဲ့အဆောက်အအုံကြီးသည် ခမ်းနားလှသည့် ဟိုတယ်ကြီးတစ်ခုအဖြစ် သူတို့မျက်စိရှေ့၌ ပေါ်လာခဲ့သည်။ ၎င်းသည် မြင့်မားကာ ဝံ့ကြွားနေပြီးကျယ်ဝန်းသော ကြမ်းပြင်များ ပါ၀င်ကာ အတွင်းပိုင်းကို တောက်ပသော ရောင်စုံမီးများဖြင့် လင်းထိန်စေလျက်ရှိသည်။




ကျန်းရွေ့သည် ဧည့်ကြိုကောင်တာကို တစ်ဘဝလောက်ကြာအောင်တမေ့တမော စိုက်ကြည့်နေခဲ့ပြီး အခန်းကတ်သုံးကတ်သာ တွေ့ခဲ့ရသည်။ ပထမထပ်၌ မည်သူမှမရှိနေပေ။




ရှဲ့ယင်းက တံခါးအပြင်ဘက်သို့ စူးစူးစိုက်စိုက်ကြည့်လိုက်ကာ "အပေါ်တက်ကြရအောင် ငါတို့တွေ ဒီမှာအကြာကြီးယောင်ခြောက်ဆယ်လုပ်နေလို့မရဘူး" အကြောင်းမှာ... ထိုမကောင်းဆိုးဝါးများသည် အချိန်မရွေး ရောက်လာနိုင်တာကြောင့်ဖြစ်သည်။




"ကောင်းပြီ ဒါဆိုရင် ငါတို့အတွက် တစ်ခုတည်းသော ရွေးချယ်သင့်တာက ခြောက်ထပ်မြောက်ပဲ" ကျန်းရွေ့က အခန်းကတ်များကို လူတိုင်းအား ပြသလိုက်သည်။ ခြောက်ထပ်မြောက်သည် သူတို့အတွက် ရွေးချယ်စရာများထဲမှ အလယ်အလတ်အထပ်ဖြစ်သည်။




"ဒါလည်း ကောင်းတာပဲ... ဒီလိုသာဆို သူတို့ ငါတို့ကို ရှာတွေ့ဖို့ ပိုခက်သွားလိမ့်မယ်.." ရှဲ့ယင်းက စိတ်ချသလို‌ေပြာလာသည်။




ညသည် လျင်မြန်စွာ ရောက်ရှိလာကာ ပတ်ဝန်းကျင်တစ်ခုလုံး အမှောင်ထုများဖုံးလွှမ်းသွားသည်။ ဟိုတယ် lobby သည် အလွန်တောက်ပနေပြီး သူတို့၏ အရိပ်များက မှန်ချပ်တွေပေါ်၌ ထင်ဟပ်နေသည်။ ဖန်ချန်းက မှန်ချပ်တွေကို စိုက်ကြည့်‌ေနရင်းင်း သူတို့ တစ်ချက်လောက်သတိမထားမိလိုက်တာနဲ့ လူသားစားတဲ့မကောင်းဆိုးဝါးတစ်ကောင်ပုံရိပ်က သူတို့ကြားတွင် ရုပ်လုံးပေါ်လာနိုင်ကြောင်းကိုတွေးလိုက်မိသည်။




ဒီဟိုတယ်က တကယ်ကို ထူဆန်းနေသည်...




"ဟေး မင်းတို့နှစ်ယောက် ဘာလုပ်နေတာလဲ?မြန်မြန်အပေါ်ကိုတက်လာခဲ့လေ!" ကောင်းချန်က လှမ်းအော်ခေါ်လာပြီး ဖန်ချန်းရဲ့အာရုံများကပြန်ရောက်လာတော့သည် ။အခု မှန်ပေါ်၌ သူနှင့် နျဲ့ရှီ၏ ပုံရိပ်များသာရောင်ပြန်ဟပ်လျက်ရှိနေတော့သည်။ တခြားသူများနှင့်စီအမြန်သွားလိုက်ကြပြီး ရှဲ့ယင်းက သူတို့ကိုလှည့်ကြည့်လာကာ "ဘာဖြစ်လို့လဲ?" ဟုမေးလာသည်။




ဖန်ချန်းက ခေါင်းခါပြလိုက်သည်။ သူဖော်ပြလို့မရဘူး... တစ်စုံတစ်ခုက သူတို့ကို ဒီနေရာဆီ တိတ်တဆိတ် တွန်းပို့နေသလိုပဲ...




ဝမ်ဟွေ့ဝမ်က ကျန်းရွေ့ရဲ့ နံဘေး၌ ကပ်လျက် ရှိနေခဲ့ပြီး ကျန်းရွေ့လက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားကာ သူ့ကို မှီထားသည်။ ကောင်းချန်က သူ့လည်ပင်းကိုထိလိုက် ခေါင်းကုတ်လိုက်ဖြင့် သူတို့အတွဲနောက်မှ ကပ်လိုက်နေကာ သူ့အကြည့်များအား ထိုအတွဲအပေါ်တွင် ကပ်ထားလျက်ရှိသည် ။




နျဲ့ရှီနှင့် ဖန်ချန်းတို့က အနောက်ဆုံး အဝေးဆုံးနေရာတွင်ရှိနေခဲ့ပြီး ဖန်ယင်းယင်းနှင့် ရှဲ့ယင်းတို့ကရှေ့တွင် လျှောက်နေခဲ့သည်။ ဖန်ယင်းယင်းက ရံဖန်ရံခါ သူ့ကို နောက်လှည့်ကာခိုးခိုးကြည့်လာပြီး သူပြန်ကြည့်လိုက်သည်နှင့် သူမက မျက်လုံးများကိုရှောင်လွှဲသွားတတ်သည် ။




ဖန်ချန်းသည် လမ်းလျှောက်နေရင်း သူ့ခြေထောက်တွေက ပိုပို အားနည်းလာတော့သည်။ သူသည် ဖန်ယင်းယင်းအား နောက်ကိုထပ်ပြီးပြန်မလှည့်တော့ပါရန် အပြင်းအထန် တောင်းပန်ချင်မိသည်။ သူ့ကိုဘာလို့ လှည့်လှည့်ကြည်နေရတာလဲ? သူ့နောက်မှာ တစ်ခုခုရှိနေလို့လား? သူမဘာလို့ ဒီလောက်ကြောက်တဲ့ပုံဖြစ်နေရတာလဲ? ဒါကြောင့်ပဲ သူလည်း နျဲ့ရှီနားကို ပိုပြီး နီးကပ်အောင်တဖြေးဖြေးကပ်သွားပြီး နောက်ဆုံးတွင် သူတို့၏လက်များက အချင်းချင်း ထိမိသွားကြသည်။




"မင်း...ကြောက်နေတာလား?" နျဲ့ရှီက ရုတ်တရက်ထပြောလာပြီး ဖန်ချန်းကို ထိတ်လန့်သွားစေသည်။




ဖန်ချန်းက အခြားအရာများထက် ပိုပြီးနေသားမကျဖြစ်ရသည့် နျဲ့ရှီ၏ "မကြောက်ပါနဲ့" ဆိုတဲ့ စကားစုကိုကြားရမှာကြောက်တာကြောင့်အလျင်အမြန်ခေါင်းခါပြလိုက်သည်။ 




"ငါတို့နောက်မှာ ဘာမှမရှိဘူး.." နျဲ့ရှီကပြောလိုက်ပြီး နောက်တစ်ကြိမ် အတည်ပြုရန် နောက်ကို ခေါင်းလှည့်ကြည့်လိုက်ပြီး "ဘာမှ မရှိဘူး"ဟုပြောလာသည်။




ဖန်ချန်းက သက်ပြင်းတစ်ချက်သာချလိုက်တော့သည်။




အလင်းရောင်မှိန်ပျပျဖြင့် ရှည်လျားသည့်ကော်ရစ်ဒါကြီးသည် သူတို့ရှေ့တွင် မကောင်းဆိုးဝါးတစ်ကောင်ပါးစပ်ဟပြဲကြီးဟထားသလိုရှိနေသည်.... ကြမ်းပြင်ရှိကော်ဇောနီရောင်ကြီးက မကောင်းဆိုးဝါးရဲ့လျှာကြီး အသွင်ဆောင်နေသည်။ သူတို့နောက်မှာက ကြီးမားသော ဗလာကြီးက တည်ရှိနေပြီးသဲသဲကွဲကွဲ မမြင်ရနိုင်ပေ...




ဓာတ်လှေကားမှတစ်ဆင့် ခြောက်ထပ်သို့ရောက်လာကြပြီးနောက် ကျန်း‌ေရွ့သည် အခန်းကို လျင်မြန်စွာတွေ့ရှိသွားပြီး အခန်းသော့ကိုဖွင့်လိုက်သည်။ သူတို့ကို ကြိုဆိုနေသည့်အရာမှာ ကျယ်ဝန်းသော နှစ်ယောက်အိပ်ကုတင်တစ်လုံး.. ရေချိုးခန်း.. ဝံရံတာနှင့် ဆိုဖာတစ်ခုပါဝင်သည့် ကျယ်ဝန်းသောအခန်းပင်ဖြစ်သည်။ အိပ်ယာဘေးက မီးအိမ်ကို ဖွင့်လိုက်သည်နှင့် ပျော့ပျောင်းသော အလင်းရောင်များက ထွက်ပေါ်ပြီး မရေရာသော လေထုကို ထုတ်ပေးသည်။




ရှဲ့ယင်းကအခန်းတွင်းရှိ မီးအားလုံးကို လိုက်ဖွင့်လိုက်သည်။ ပြီးတော့လှည့်ကြည့်လိုက်ရာ ဝမ်ဟွေ့ဝမ်က ကုတင်ပေါ်မှာ ထိုင်နေပြီဆိုတာ မြင်လိုက်ရသည်။




ကောင်းချန်၏ နဖူးသည် ချွေးများဖြင့်ရွှဲရွှဲစိုနေသည်။သူက “အိုက်ယား” ဟုညဉ်းတွားလိုက်ကာကြမ်းပြင်ပေါ် ကိုထိုင်ချလိုက်ပြီး “လေအေးပေးစက် ရှိလား? ခဏလောက် ဖွင့်ကြရအောင်” ဟု ပြောလာခဲ့သည်။ အခြားသူများမှာ အကြောက်တရားကြောင့် ဝိဉာဉ်များကင်းမဲ့နေဟန်ဖြစ်နေကြသော်လည်း သူကမူ ထူးထူးခြားခြား အေးဆေးနေခဲ့သည်။




လေအေးပေးစက်က ပွင့်လာပြီး သူတို့၏ ချွေးပေါက်များကို စိမ့်ဝင်သွားစေနိုင်သည့် လေအေးများက ထွက်လာသည်။ဖန်ချန်းက အလိုလို တုန်သွားမိသည်။




"အဲ့ဒီကြောက်စရာကောင်းတဲ့အရာက ငါတို့ဆီတည့်တည့်ရောက်လာရင် ဘာလုပ်ကြမလဲ" ကောင်းချန်က လက်ကို လျင်မြန်စွာ လှုပ်ရှားလိုက်ပြီး သူ့နဖူးပေါ်မှ ချွေးများကို သုတ်ကာ မေးလာသည်။




"တကယ်တော့..သူတို့ရဲ့ လှုပ်ရှားမှုက အဲ့လောက်အမြန်ကြီး မဟုတ်ဘူး ပြီးတော့..." ရှဲ့ယင်းက နျဲ့ရှီကို ကြည့်လိုက်ပြီး "သူတို့မှာ အားနည်းချက်ရှိတယ် ဟုတ်တယ်မလား!!"




အားလုံး၏မျက်လုံးများက နျဲ့ရှီဆီထံ လှည့်သွားကြသည်။




နျဲ့ရှီ: "အင်း...နှလုံး"




"ဝှက်သယ်...အဲဒီအရာတွေက နှလုံးတောင်ပါသေးတာလား" ကောင်းချန်က မေးလာသည်။




"မဟုတ်ဘူး" လွန်ခဲ့တဲ့အချိန်တုန်းကကားပြတင်းပေါက်အပြင်ဘက်မှာ ကပ်ငြိနေခဲ့သည့် စိတ်နတ်ဆိုးက ဖန်ချန်း၏ စိတ်ထဲတွင် ပေါ်လာတာကြောင့် မှုန်ဝါးဝါးဝင်ပြောလိုက်သည်။ "အဲ့ဒါက နှလုံးသားမဟုတ်ဘူး... သူတို့ရင်ဘတ်နေရာက ရှုပ်ထွေးနေတဲ့အမှောင်ထုပဲ... နှလုံး မဟုတ်ဘူး ဟုတ်တယ်မလား?"




"အင်း.. မှန်တယ်" နျဲ့ရှီက ဖန်ချန်း၏ ပြောကြားချက်အပေါ် အတည်ပြုခဲ့သည်။




ရှဲ့ယင်း: "ဒါဆို ငါတို့ အဲ့ ရှုပ်ထွေးနေတဲ့အမှောင်ထုကို တိုက်ခိုက်နေသရွေ့တော့ သူတို့သေသွားမှာပေါ့ ဟုတ်လား?"




နျဲ့ရှီက ရှဲ့ယင်းကို တစ်ချက်ကြည့်လိုက်ပြီး "အမ်းး"




"ဒါဆို ကောင်းတာပေါ့!! အဲဒါက မလွှမ်းမိုးနိုင်သရွေ့တော့ ငါတို့မှာ ထွက်လမ်းရှိတယ်" ရှဲ့ယင်းက စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။




ဖန်ယင်းယင်းက ဆိုဖာပေါ်တွင် တောင့်တင်းစွာ ထိုင်နေ၏။ ရှဲ့ယင်းက သူမကို ပေါ့ပေါ့ပါးပါး တစ်ချက်ပုတ်လိုက်တာနဲ့ သူမက ဆတ်ခနဲ တုန်သွားပြီး ခေါင်းယမ်းလာခဲ့သည်။ သူမမျက်လုံးထဲမှာ မျက်ရည်စများဝိုင်းနေပြီး ခြောက်သွေ့နေတဲ့လည်ချောင်းဖြင့် "ကျွန်မ...ရေချိုးချင်တယ်" ဟုခြောက်ကပ်စွာပြောလာသည်။




ရှဲ့ယင်းက လက်ကိုပြန်ရုတ်လိုက်ပြီး အံ့ဩမှုဖြင့် "အခုတော့ သည်းခံလိုက်အုံး ဟုတ်ပြီလား? ဒီလိုအချိန်မျိုးမှာ ရေချိုးတာက နည်းနည်း..."




"အာ ဒါဆို ငါတို့က တစ်ခုခုစားဖို့ သွားရှာလိုက်မယ်" ကောင်းချန်က ပြောလာသည် ။ "ဒီဟိုတယ်မှာ စားစရာတစ်ခုခုတော့ ရှိလောက်မှာပါ.."




ကောင်းချန်၏အကြံပြုချက်အရ လူတိုင်းသည် ဆာလောင်မှုကို ခံစားလိုက်ရသည်။




လူလေးယောက်က အစာရှာရန် အပြင်ထွက်လိုက်ကြသည်။သူတို့ မသွားခင်မှာ ကျန်းရွေ့က မိန်းကလေးတွေကို "ငါတို့ပြန်မလာခင် မြန်မြန်ရေချိုးလိုက်" ဟု သတိပေးခဲ့လိုက်သည်။




"အိုး... ငါတကယ်ကို ဗိုက်ဆာနေပြီ မဟုတ်ရင် သေချာပေါက် ငါအခန်းထဲမှာပဲပြန်နေမှာ" ကော်ရစ်ဒါ၌ ကောင်းချန်က သူ့နှုတ်ခမ်းသူ ပုတ်ကာဖန်ချန်းကိုထမေးလာသည်.. "သူတို့ ရေချိုးတာက ဘယ်လောက်လောက်ကြာမယ်ထင်လဲ?"




"ဟမ်?" ဖန်ချန်းက ဒီမေးခွန်းကို လက်ခံရလိုက်တာကြောင့် စိတ်ရှုပ်ထွေးသွားပြီး "ငါမသိဘူး"ဟု ပြန်ပြောလိုက်သည်။




"မိန်းကလေးတွေက.. ရေချိုးရင် သူတို့ရဲ့ချိုမြိန်တဲ့ ကိုယ်ပိုင်အချိန်လေးတွေယူကြတယ်.." ကောင်းချန်က သူ့ဆံပင်တွေကို ပွတ်သပ်လိုက်ပြီးပြုံးဖြဲဖြဲဖြင့်




"သူတို့က ရေချိုးဂျယ်ကို အမြှုပ်ထအောင်လုပ်ပြီးတော့ မင်းသိတယ်မလား..."




နျဲ့ရှီက ကောင်းချန်၏ စကားများကို မကြားရစေရန် ဖန်းချန်၏ နားရွက်များကို သူ့လက်ဖဝါးများဖြင့် လှမ်းအုပ်လာခဲ့သည်။




ကောင်းချန် တိတ်ဆိတ်သွားတော့သည်။ ခဏအကြာတွင်မူ သူ့ ပါးစပ်ကို ပြန်ဖွင့်လိုက်ပြီး လျှာဖျားမှ စကားလုံးများမထွက်ကျနိုင်ခင်မှာပဲ လမ်းကို ဦးဆောင်နေသော ကျန်းရွေ့ရဲ့ အော်သံကြောင့် ရပ်တန့်သွားသည် ။ "မြန်မြန်လုပ်စမ်းပါ ငါတို့အစားအစာမြန်မြန်


ရှာတွေ့မှအခန်းထဲမြန်မြန်ပြန်လို့ရမှာ အပြင်မှာရှိနေတဲ့ စက္ကန့်တိုင်းက အန္တရာယ်တစ်ခုလိုပဲ"




ဖန်ချန်းက ခေါင်းကို စောင်းလိုက်ကာ ဘေးနားမှာရပ်နေသည့် နျဲ့ရှီကို တစ်ချက်ကြည့်လိုက်သည်။ နျဲ့ရှီက သူ့မျက်လုံးအကြည့်များကို လွှဲလိုက် နောက်တစ်ကြိမ် ထပ်ကြည့်ဖို့ လုပ်လိုက်သည်။




ကံကောင်းထောက်မစွာနဲ့ ဒီတစ်ကြိမ်မှာတော့ သူ့ကိုယ်သူ ထိန်းထားလိုက်သည်။




ကောင်းချန်က ရှေ့ကို ရွေ့နေပြီဖြစ်ပေမယ့် ကျန်းရွေ့သည် နျဲ့ရှီကို မြန်မြန်လာဟုမပြောဝံ့တာကြောင့် ထိုနေရာတွင်သာ ရပ်ပြီး‌ေစာင့်နေနိုင်ခဲ့သည်။




စားသောက်ဆိုင်များသည် ဆယ့်နှစ်ထပ်တွင်ရှိသောကြောင့် ဓာတ်လှေကားအသံုးပြုရန် လိုအပ်သည်။




သူတို့ လှေကားနားကနေ ဖြတ်သွားစဉ် ဖန်ချန်းသည် အောက်ကို တမင်တကာ ငုံ့ကြည့်လိုက်ပြီး လှေကား၌ မီးတစ်ခုမှမရှိတာကိုမြင်လိုက်ရတာကြောင့် နှလုံးတစ်ချက်ဆောင့် ခုန်သွားသံကို ခံစားလိုက်ရသည်။ မကောင်းဆိုးဝါးများက ချဉ်းကပ်လာချင်ရင် တစ်ခုတည်းသော လမ်းဖြစ်တဲ့ လှေကားထစ်ကို ဖြတ်ရပေလိမ့်မည်။




....နေစမ်းပါအုံး!




လှေကားကိုပဲတက်ရမယ်ဆိုတဲ့ သတ်မှတ်ချက်မှမရှိတာ...




ဖန်ချန်းသည် သူ့အတွေးကြောင့် အံ့အားသင့်သွားပြီး မျက်လုံးများ တဖြည်းဖြည်း ပြူးကျယ်သွားသည်။




"ပြတင်းပေါက်တွေ..." ဖန်ချန်းက ချက်ချင်းပြန်လှည့်ပြီး အခန်းဆီပြေးသွားလိုက်သည်။ "သူတို့ ပြတင်းပေါက်တွေက တက်လာနိုင်တယ်!" သူက အလွန်လျင်မြန်စွာ ပြေးသွားတာကြောင့် နျဲ့ရှီက သူ့အရှိန်အတိုင်း လိုက်မှီပေမယ့် ကျန်နှစ်ယောက်မှာတော့ ဝေးဝေးမှာ ကျန်နေခဲ့တော့သည်။




ရှည်လျားသော ကော်ရစ်ဒါသည် အလင်းရောင်ကောင်းစွာရနေပြီး သူတို့အပေါ်မှ အလင်းရောင်များ မှိတ်တုတ်မှိတ်တုတ်ဖြစ်နေသည်။ ဖန်ချန်းက အမြန်ပြန်လာပြီး တံခါးကိုခေါက်လိုက်သည်။




"ဘယ်သူလဲ?" ရှဲ့ယင်း အသံကထွက်လာသည်။




"ငါပါ ဖန်ချန်း"




"အာ..ဘာမှားလို့လဲ?"




"ပြတင်းပေါက်တွေ...အဲ့တာ‌ေတွကပိတ်နေလား"




"ခဏလေး စစ်ကြည့်လိုက်ဦးမယ်" ရှဲ့ယင်းက ချက်ခြင်းစစ်ဆေးရန် သွားခဲ့သည်။




ယောင်္ကျားလေးသုံးယောက်ကလည်း ဖန်ချန်းနား ပြန်ရောက်လာကြသည်။ဖန်ချန်းက ရုတ်တရက်ဘယ်ဘက်ကိုလှည့်ကြည့်လိုက်ပြီး အခြားအခန်းများကို ဆန်းစစ်ကြည့်လိုက်သည်။




"ပိတ်ထားတယ်" ရှဲ့ယင်းကပြန်ရောက်လာပြီး အတည်ပြုခဲ့သည်။




"အင်း.. ဒါဆို..ကောင်းပြီ " ဖန်ချန်းက အခန်းတစ်ခန်းချင်းစီကို သေသေချာချာ စကင်န်ဖတ်ကာ ပြန်ဖြေလိုက်သည်။




ကျန်းရွေ့က "မင်းဘာကြည့်နေတာလဲ?"




ဖန်ချန်းက ခေါင်းကို လှည့်လိုက်ပြီး "စောနကပြေးလာတော့ တံခါးနည်းနည်းပွင့်နေတဲ့ အခန်းကို မြင်လိုက်ရလို့" သူက ခေါင်းကို အနည်းငယ် ငုံ့ထားပြီး အလင်းရောင် က သူ့မျက်လုံးကို နူးညံ့စွာကျနေသည်... "ဒါပေမယ့် အခုတော့ ပျောက်သွားပြီ" ဟုသူက ပြောလိုက်သည်။




"တကယ်ကြီးလား?" ကောင်းချန်က အသက်ကိုပြင်းပြင်းရှုသွင်းနေပြီး "မင်း မှားမြင်လိုက်တာ မဖြစ်နိုင်ဘူးလား?" လို့ မေးခွန်းထုတ်လိုက်သည်။




"အင်း..ဖြစ်နိုင်တယ်" ဖန်ချန်း၏ အကြည့်များသည် ရှုပ်ထွေးပွေလီနေသည့် ပုံစံများနှင့် အစင်းကြောင်းများဖြင့် စီခြယ်ထားသော နံရံပေါ်ရှိ မီးရောင်ပေါ်ကိုကျရောက်သွားသည်။




ကျန်းရွေ့၏ လေသံထဲ ကဲ့ရဲ့တဲ့အရိပ်အယောင်များဖြင့် "ငါတကယ်ပြောတာ နောက်တစ်ခါကြရင် အကြောင်းအရင်းမရှိဘဲ ပြေးပြေးထွက်သွားပြီး ငါတို့ကို မခြောက်စမ်းပါနဲ့..စောနကမင်းရုတ်တရက်ထွက်ပြေးသွားလို့ တစ်ခုခုဖြစ်နေပြီထင်သွားတာ..." သူစကား ပြောလေလေ နျဲ့ရှီက တိတ်ဆိတ်လာကာ အေးစက်လေလေဖြစ်သည်။ ရုတ်တရက် အေးစက်သောအကြည့်ဖြင့် သူ့ကိုစိုက်ကြည့်လာခဲ့သည်။




"တောင်းပန်ပါတယ်.." ဖန်ချန်းက လွတ်နေသည့်ကော်ရစ်ဒါကို ခဏလောက် စိုက်ကြည့်လိုက်ပြီး သူ့စိတ်ထဲမှာ ကြောက်ရွံ့မှု အရိပ်အမြွက် ဝင်လာခဲ့သည်။




"ဖန်ချန်း" နျဲ့ရှီက သူ့ကိုခေါ်လာသည်။




"အမ်?" ဖန်ချန်းရဲ့အာရုံများက လက်တွေ့ဆီ ဖြည်းဖြည်းချင်း ပြန်ရောက်လာသည်။




"သွားကြရအောင်" နျဲ့ရှီက သူ့ခါးတစ်ဖက်ကို ညင်သာစွာ ပွတ်သပ်လာသည်။




ဆယ့်နှစ်ထပ်သို့ရောက်ချိန်တွင် စားပွဲတစ်ခုပေါ်၌ ကြက်သားကြော်များ လတ်ဆတ်သော ဟင်းသီးဟင်းရွက်များနှင့် သစ်သီးများ အစုံအလင်ကို နဲ့ အရသာရှိသော အစားအစာများ ခင်းကျင်းထားတာကို‌တွေ့လိုက်ရသည်။ 




ကောင်းချန်က ဘဲသားတစ်ပိုင်းကို တိတ်တဆိတ်ကောက်ယူလိုက်ပြီး အရသာရှိသော ငံပြာရည်အနှစ်ထဲသို့ နှစ်လိုက်ကာ သူ့ပါးစပ်ထဲ ထိုးထည့်လိုက်သည်။




ကျန်း‌ေရွ့၏အမူအရာသည် တင်းမာလာသည်.. "ဒါတွေ အားလုံးက ပြင်ဆင်ထားပြီးသားတွေချည်းပဲ..."




"ငါတို့၏အခြေအနေနှင့် အသင့်စားသောက်စရာတွေကို အလွယ်တကူရနိုင်တာက ပါဖက်ပဲမဟုတ်ဘူးလား" ကောင်းချန်က နှုတ်ခမ်းထောင့်စွန်းမှာ ငံပြာရည်များ ပေနေတာကြောင့် လျှာဖြင့်သိမ်းယူကာ ပြောလိုက်သည်။




"ဒါပေမယ့် ဒီမှာ ဘယ်သူကမှမရှိနေတာ... ဒါတွေကို ဘယ်သူက ပြင်ဆင်ထားတာလဲ?" ဖန်ချန်းသည် အထဲသို့ဝင်လာလိုက်ပြီး ထမင်းစားပွဲများပေါ်တွင် ပြင်ဆင်ထားသော ဟင်းမျိုးစုံကို ကြည့်ကာပြောလိုက်သည်။  




ပြတင်းပေါက်နားက စားပွဲပေါ်၌တင်ထားသည့်ထမင်းအိုးတစ်လုံးရှိနေခဲ့သည်။




စိတ်ဝင်တစားနဲ့ သူချဉ်းကပ်သွားလိုက်သည်။




"ဖန်ချန်!!..." ကောင်းချန်ရဲ့ သူ့ကိုခေါ်လာသံကိုကြားလိုက်ရသည်။




ဖန်းချန်းက သူ့လက်ချောင်းထိပ်တွေနဲ့ အိုးအစွန်းကို ညင်သာစွာ ကိုင်လိုက်ရာ ထမင်းကပူနေသေးကြောင်းကို တွေ့လိုက်ရသည် ။




သူ ခေါ်သံကြောင့်လှည့်ကြည့်လိုက်တော့ နျဲ့ရှီကသေနတ်ကိုင်ထားပြီး သူ့ဘက်ကိုတည့်တည့်ချိန်ထားသည်ကိုတွေ့လိုက်ရသည်။




လေနုအေးတစ်ခုက ဖန်ချန်း၏ ပါးပြင်ဘေးကနေဖြတ်တိုက်သွားပြီး သူ့ပါးပြင်ကိုပွတ်သပ်သလိုခံစားလိုက်ရကာ ငယ်ငယ်တုန်းက သူ့ကိုအလွန်ဂရုစိုက်ပြီးနွေးထွေးခဲ့သော အမျိုးသမီးတစ်ဦး၏ လက်နှစ်ဖက်ကို သတိရသွားမိသည်။ အဲဒီတုန်းက သိမ်မွေ့ပေမယ့် ထင်ရှားတဲ့ မျက်နှာသာပေးမှုက ကလေးတွေကြားမှာ နေထိုင်ရတဲ့ အချိန်အတွင်း သူ့အတွက် စိန်ခေါ်မှု ဖြစ်ခဲ့သည်။ သူသည် အမြဲတမ်းဝိုင်းပယ်ခံထားရပြီး ၎င်းကြောင့် အများကြီးငိုခဲ့ရသည်။ တိတ်ဆိတ်နေသည့် ညအချိန်များတွင် သူသည် စောင်ထဲတွင် ပုန်းကွယ်ကာ တိုးတိုးလေး အော်ဟစ်ငိုယိုခဲ့လေသည်။ သူ့ဘေးနားက စကားနည်းတဲ့ကလေးက သူ့ကို ကန်လာပြီး "မင်းက အရမ်းဆူညံနေတာပဲ ငါအိပ်လို့မရဘူး" ဟု ပြောလာခဲ့သည်...တကယ်ကိုရက်စက်လှသည်..




ဒိုင်း!




သေနတ်ထဲမှ ကျည်ဆန်သည် ဖန်ချန်း၏ နောက်ကို တဟုန်ထိုး ပျံသွားပြီး ပြတင်းပေါက်ဘက်ကို လျင်မြန်စွာ ကျရောက်သွားခဲ့သည်။




ပြတင်းပေါက်ကို ဖွင့်ထားသောကြောင့် အခန်းထဲတွင် လေပူများ လွှမ်းခြုံလျက်ရှိသည်။ နျဲ့ရှီရဲ့လက်ချက်ဖြင့် နတ်ဆိုးသည်ပြတင်းပေါက်ပေါ်မှ ချက်ချင်း ကျဆင်းသွားသည်။ နျဲ့ရှီက ပြတင်းပေါက်ကို အမြန်ပိတ်လိုက်ပြီး ဖန်ချန်းအား အဆင်ပြေရဲ့လားလှည့်ကြည့်လာသည်။




"ချီးလိုငရဲ ! အဲ့‌ေကာင်တွေက ဘယ်လိုတောင် ကောင်းကောင်းတက်နိုင်တာလဲ? ဆယ့်နှစ်ထပ်ကိုတောင် ရောက်လာနိုင်တယ်!" ကောင်းချန်သည် သူ့ပါးစပ်တစ်ဝိုက်က ငံပြာရည်အလွှာကို လက်ဖြင့် သုတ်လိုက်သည်... "ဖွင့်ထားတဲ့ တခြားပြတင်းပေါက်တွေ ရှိမရှိ အမြန်စစ်ဆေးကြည့်ရအောင်။"




"ဒီအထပ်က အခုလုံခြုံသွားတယ်ဆိုရင်တောင် တခြားသူတွေအထပ်ကကော?" ကျန်းရွေ့လည်း ထိတ်လန့်သွားသည်။ "အထပ်တိုင်းရဲ့ ပြတင်းပေါက်တွေ ပိတ်ထားတယ်ဆိုတာ ငါတို့ အာမမခံနိုင်ဘူး ဟုတ်တယ်မလား..မြန်မြန်... အစားအသောက်တွေ ထုပ်ပိုးပြီး မြန်မြန်သွားကြရအောင်"




အစားအစာတွေကို အမြန်ထုပ်ပိုးပြီးနောက် ဖန်ချန်းက "ထမင်းကပူနေသေးတယ်" လို့ မှတ်ချက်ချလိုက်သည်။




"ဒီလိုအချိန်မျိုးမှာ ထမင်းစားဖို့ တွေးနေသေးတာလား? ပေါင်းထားတဲ့ မုန့်နှစ်လုံးနဲ့ ဘဲသားနဲ့သာတွဲစားလိုက်စမ်းပါ...အရသာရှိတယ်" ဆိုပြီး ကောင်းချန်က ဖန်ချန်းဆီကို ပူလောင်နေတဲ့ ပေါက်စီကို ပေးကာ အကြံပြုလိုက်သည်။




"ငါပြောချင်တာ အဲ့လိုမဟုတ်..."




"သုံးသပ်ချက်တွေ တော်လောက်ပြီ! မြန်မြန်ထုပ်ပိုးပြီး ဒီကနေ ထွက်သွားရအောင်!" ကျန်းရွေ့က ပဲ့တင်ထပ်အောင် အော်ပြောလိုက်သည်။




သူတို့ခြောက်ထပ်သို့ ပြန်ရောက်သောအခါ၌ ကျန်းရွေ့က တံခါးကို ခေါက်လိုက်ပြီး အတွင်းမှ "ခဏစောင့်ပါအုံး" ဟူသော တုံ့ပြန်မှုကို ရရှိခဲ့သည်။




ကျန်းရွေ့: "ဘာကိုစောင့်ခိုင်းနေတာလဲ? ငါတို့ ဆက်စောင့်နေရင် သေတာနဲ့ပဲအဆုံ

းသတ်ရလိမ့်မယ်!"




ဖန်ချန်းက သူ့အနောက်မှာ ရပ်နေပြီး သူ့မျက်လုံးတွေက ပတ်ဝန်းကျင်ကို စကင်န်ဖတ်နေသည်။




အခန်းတံခါးကို လူတိုင်းအာရုံစိုက်နေချိန်မှာပဲ ဖန်ချန်းသည် သူတို့နဲ့ မနီးမဝေးရှိ အခန်းတစ်ခန်းက ညင်သာစွာ ပွင့်ဟနေတာကိုသတိပြုမိခဲ့သည်။




- တစ်စုံတစ်ခု သို့မဟုတ် တစ်စုံတစ်ယောက်သည် တံခါးပေါက်ကြားမှ သူတို့ကို စောင့်ကြည့်နေခဲ့သည်။




××××××××××××××