Chapter 16
Viewers 14k

🌌Chapter 16



"ဝိုး..."


နွေးထွေးသော အဝါရောင်အလင်းတန်းအောက်တွင် စုတ်ဖွာနေသောခေါင်းမှ ထွက်လာသော ရေနွေးများက အခိုးအငွေ့များဖြင့် ဖုံးလွှမ်းနေပြီး နံရံပေါ်ရှိ တောက်ပနေသော မှန်ချပ်များကို မှုန်ဝါးစေ၏။


အရပ်ရှည်ရှည် အဖြူရောင် အဆင်းသဏ္ဍာန်ကို ဖျတ်ခနဲ မြင်လိုက်ရသည်။


နောက်အခိုက်အတန့်တွင် လက်တစ်ဖက်က မှန်မျက်နှာပြင်ကို သုတ်လိုက်ပြီး မျက်နှာတစ်ခု၏ ပုံရိပ်က ကြည်လင်ပြတ်သားစွာ ပေါ်လွင်စေသည်။


လင်း၏ အသွင်အပြင်က လှပသော်လည်း စုန့်ကျန်းရှူးနှင့်မတွေ့မီအချိန်တွင် သူ၏ မျက်နှာက တစ်ခါတစ်ရံမှသာ ပြုံးလေ့ရှိပြီး အေးစက်သောစိတ်ထားရှိသူဖြစ်သည့်အပြင် စိတ်အားထက်သန်သော စစ်သည်များက ရင်းနှီးလိုဟန်ပြုပါက သူ့ထံမှ အနည်းငယ်အေးစက်မှုကို အမြဲခံစားရနိုင်သည်။ 


နောက်ပိုင်းတွင် သူက ပြုံးပြခြင်းပင် မရှိတော့ချေ။ သူ့မျက်နှာက လှပနေသေးသော်လည်း အခြားသူများကမူ သူ့ထံသို့ ပို၍ပင် မချဉ်းကပ်ရဲကြပေ။


ရေချိုးခန်းက မှော်ဆန်သော နေရာတစ်ခုပင်။ ရေမှုန်ရေမွှားများက ဤအချက်ကို အံ့ဖွယ်နည်းဖြင့် ဖော်ပြလိုက်ခြင်းဖြစ်၏။ လင်း၏ ဖြူလျသောမျက်နှာက အပူဒဏ်ကြောင့် နီရဲနေပြီး အမြဲတမ်း ‌ဖျော့တော့နေသည့် နှုတ်ခမ်းအရောင်ကိုပင် အရောင်ထွက်နေစေ၏။


သူ့မျက်ခုံးဖျားမှ ရေတစ်စက် ကျဆင်းလာပြီး ပါးရိုးတစ်လျှောက်မှတစ်ဆင့် မေးရိုးများအထိ လျှောကျလာပြီး ကျဆင်းသွားသည်။


သူက ညှို့ယူသောအဆင်းသွင်ပြင်နှင့် အနိုင်အထက်ပြုချင်စဖွယ်ဖြစ်နေ၏။


လင်းက မျက်တောင်များကို ခတ်လိုက်ပြီး ရေခလုတ်ကို ပိတ်လိုက်ကာ ရေချိုး၀တ်စုံကို ကောက်ဝတ်၍ စိုနေသော ဆံပင်များကို မျက်နှာသုတ်ပဝါဖြင့် သုတ်ရင်း ဆက်သွယ်ရေးစက်ကို ဖွင့်လိုက်သည်။


အလင်းရောင်ပါးပါးလေးထဲမှ ဖန်သားပြင်တစ်ခု ထွက်ပေါ်လာပြီး ရွှေရောင်ဆံပင်ကောက်များနှင့် အမျိုးသမီးဇာ့ဂ်က စိတ်လှုပ်ရှားနေသည့် အမူအရာဖြင့် ပြောလာ၏။

"ဘော့စ်ရေ...ဘော့စ်..."


လင်းက မျက်နှာအမူအရာကင်းမဲ့စွာဖြင့် ပြန်ဖြေလိုက်၏။

"ဘာကိစ္စရှိလို့လဲ..."


"ဗီဒီယို...အဲဒီဗီဒီယိုက အင်တာနက်ပေါ်မှာ..." 

ရွှေရောင်လေးက ဆက်ပြော၏။ 

"မြေအောက်ကားဂိုဒေါင်ထဲက ဗီဒီယိုလေ..."


တပ်စာရေးက စကားမပြောနိုင်လောက်အောင် စိတ်လှုပ်ရှားနေသော်လည်း လင်းက သူ့လက်ထောက်နှင့် နှစ်ပေါင်းများစွာ နေခဲ့ပြီးနောက်တစ်ဖက်လူဆိုလိုချင်သည့် အဓိပ္ပါယ်ကို သူကောင်းစွာ နားလည်လိုက်သည်။


သူက ခေါင်းညိတ်လိုက်၏။

"ဟုတ်တယ်...ငါပဲ..."


ရွှေရောင်လေးက ဆက်ပြော၏။ 

"အဲဒါ...အဲဒါ..."


လင်းက ပြောလိုက်၏။

"အဲ့ဒါက ငါ့ရဲ့သခင်ပဲ..."


ရွှေရောင်လေးက ပါးစပ်ကို ကျယ်ကျယ်ဖွင့်၍ နောက်ရှိ ကြီးမားပြီး ပျော့ပျောင်းသော ဆိုဖာပေါ်သို့ လဲကျသွားသည်။

"အမှန်ပဲပေါ့..."


သူ့မျက်နှာပေါ်တွင် ရှုပ်ထွေးသောအမူအရာတစ်ခု တဖြည်းဖြည်း ပေါ်လာသည်။ ဥပမာအနေဖြင့် ပြောရမည်ဆိုလျှင် သူ၏ မျက်နှာအမူအရာက "သူ့မိသားစုရဲ့ လှပတဲ့ရွှေဝက်ကလေးက မထိတွေ့ရတဲ့ မုန်လာဥနီကွင်းကြီးကို ချန်ထားပြီး အဲ့အစား မနှစ်သက်စရာ ဂေါ်ဖီထုပ် အသေးတစ်ထုပ်ကို ပွေ့ဖက်ထားတာကို မြင်ရသလို” ရှုပ်ထွေးနေ၏။


လင်းက မျက်ခုံးပင့်လိုက်၏။

"မင်း ပြောစရာမရှိဘူးဆို...ငါ ဖုန်းချတော့မယ်..."


"ခဏလေး...ခဏလေးပါ..."


ရွှေရောင်လေးက လင်းထံမှ စကားလုံးများ ထပ်ထွက်မလာမီ အရှိန်အဟုန် ဖြင့် ရပ်တန့်လိုက်ပြီး လေးလေးနက်နက် သက်ပြင်းချ၍ မေးလိုက်၏။

"ဘော့စ်...မင်း အခုဘာလုပ်နေတာလဲ..." 


ပထမအကြည့်တစ်ချက်တွင်ပင် ထိုအမျိုးသားက အလွန်နိမ့်ကျသော အမျိုးသားတစ်ဦးဖြစ်သည်။ ဘော့စ်က နက်နက်ရှိုင်းရှိုင်းအသည်းကွဲလျှင်ပင် သူ ထိုသို့မလုပ်သင့်ချေ။


လင်းက မယုတ်မလွန်ပြောလိုက်၏။

 "ငါ့မှာ ဘာမှ မချို့တဲ့နေဘူး..."


သူ့တွင် အာဏာ၊ ချမ်းသာမှု၊ ကျော်ကြားမှုရှိ၏။


ထိုသို့ တွေးပြီး လင်းက ပေါ့ပါးစွာ သက်ပြင်းချလိုက်သည်။ သူက လုမော့၏ ကားကို ပြန်တွေးပြီး လုမော့ကို စုန့်ကျန်းရှူး ပေးဆောင်ခဲ့သော သန်း ၃၀၀ အင်ပါယာဒင်္ဂါးများကို တွေးကြည့်မိ၏။


လုမော့က သူ့မှာရှိတာကို မလိုအပ်ဘူးလို့ထင်နေတာ သနားစရာပဲ...


လင်း၏ မျက်လုံးများကိုကြည့်ပြီး တပ်ရေးက လင်းကို ထိုအချက်မှ ပြန်လည်ဆွဲထုတ်ရန် ခက်ခဲကြောင်း နားလည်လိုက်၏။ သူက သူ့မျက်လုံးကို လှိမ့်လိုက်ပြီး ပြော၏။

"ကောင်းပြီ‌လေ...အချစ်က ဇာ့ဂ်တစ်ကောင်ကို မျက်စိကန်းစေတဲ့အရာလို့ နားလည်လိုက်ပြီ... မင်းက နားပင်းပြီး မျက်စိကန်းနေပြီ...ကုသဆေးမရှိတော့ဘူး..." 


သူက ခါးခါးသီးသီးပြော၏။

"ဒါပေမယ့် မင်းမှာ အကြောင်းပြချက်တစ်ခုတော့ရှိရမယ်...မဟုတ်ဘူးလား...မင်း သူ့ကို တကယ်ဘာကို ကြိုက်တာလဲ..."


လင်းက ဖြေ၏။

"ငါ သူ့ကို ကြိုက်ဖို့ အကြောင်းပြချက်လိုသေးလား..."


ရွှေရောင်လေးက သူ့၏ ကျေနပ်နေသောမျက်နှာကို ငေးကြည့်ပြီး ပြောရန်စကားလုံးများက လည်ချောင်းတွင် တစ်နေ၏။

 "အိုး... အများအားဖြင့်တော့ ရှိသင့်တယ်..."


"ကောင်းပြီလေ..." 

လင်းက တွေးတောပြီး ပြောလိုက်၏။

"ငါ တစ်ခုတော့ ရှာတွေ့ဖို့ ကြိုးစားကြည့်မယ်..."


ရွှေရောင်လေး၏ မျက်လုံးများက တဖြည်းဖြည်း စိတ်ပျက်အားငယ်သွားသည်။


ကူညီကြပါ...


ကူညီကြပါဦး...


——


ထိုအချိန်တွင် လုမော့၏ အခန်းထဲ၌။


သူက မျက်လုံးမှိတ်ပြီး ဒုတိယအဆင့် ဆုကြေးထုပ်ကို ဖွင့်၍ စိတ်စွမ်းအင်ပင်လယ်ပေါ်တွင် မျောပါစေလိုက်သည်။


နောက်ဆုံးအကြိမ်တွင် ပင်မဆုကြေးအထုပ်က အပြာရောင်ဖြစ်သည်။ ၎င်းမှ ခရမ်းရောင် အရည်အသွေးဆုလာဘ်ကို ထုတ်ယူခဲ့သော်လည်း စနစ်က သနားကြင်နာမှုအပြည့်ဖြင့် ဒုတိယအကြိမ်မရှိကြောင်း ပြောကြားခဲ့သည်။


ဤဒုတိယအဆင့်ဆုကြေးငွေအထုပ်က ခရမ်းရောင်ဖြစ်သည်။ အခြားမဟုတ်ပါက အရည်အသွေး အမြင့်ဆုံးဆုကို ခရမ်းရောင်ဖြင့်သာ ပေးသင့်သည်။


ရင်းနှီးပြီး ရွှင်မြူးသော တေးဂီတဖြင့် စီးမျောနေသော ဆုလက်ဆောင်များက မီးရောင်မျိုးစုံ ထွက်ပေါ်လာပြီး နေရာအနှံ့ ပြန့်ကျဲနေ၏။


အပြာရောင်ပစ္စည်းများ-


【အလယ်အလတ် စိတ်ပိုင်းဆိုင်ရာ စွမ်းအား ပြန်လည်မွမ်းမံခြင်း】 X99


【အလယ်အလတ် ကိုယ်ခံအား မြှင့်တင်ပေးခြင်း】X99


【အလယ်အလတ်အဆင့် လျင်မြန်မှု မြှင့်တင်ပေးခြင်း】X99


【အခြေခံစိတ်ပိုင်းဆိုင်ရာ မြှင့်တင်ပေးခြင်း】X20


ခရမ်းရောင် ပစ္စည်းများ-


【ဒဏ္ဍာရီလက်နက်】X1


အထက်ဖော်ပြပါ ပစ္စည်းအားလုံးက ပြုတ်ကျလာသော ပစ္စည်းများဖြစ်သည်။


လုမော့က အံ့ဩစွာ ပြောလိုက်၏။

"ဘယ်လိုတောင် ရက်ရောတာလဲ...အွန်လိုင်းဂိမ်းကို ပေါ့ပေါ့ပါးပါး ဒေါင်းလုဒ်လုပ်ရင်တောင်မှ လူသစ်အထုပ်က ငါ့ကို ၉၉၉ဒေါ်လာ ပေးရပါယယတယ်လေ..."


စနစ် : [အဲ့ဒါက စျေးအကြီးဆုံးထဲက အလကားရတာ...နှိုင်းယှဉ်နေတာ ရပ်လိုက်ပါ မဟုတ်ရင် မင်းရဲ့ အမှိုက်ဆန်တန်ဖိုးကနေ နုတ်ယူခံရမှာ...]


လုမော့က နှုတ်ခမ်းစူလိုက်ပြီး တစ်ခုတည်းသော ခရမ်းရောင်လက်နက်ကို သေချာကြည့် လိုက်၏။


၎င်းက အလွန်နူးညံ့သိမ်မွေ့သော ဓားတစ်လက်ဖြစ်၏။ ဓားသွားက သွယ်လျ၍ ဖြောင့်စင်းနေပြီး ၎င်းပေါ်တွင် အနုစိတ်ပြီး လှပသော အမိုက်စားပုံစံများကို ထွင်းထုထားသည်။


လုမော့က ၎င်းကို “ထန်သင်္ကေတဓား” ဟုလည်း လူသိများပြီး ထန်မင်းဆက် စစ်တပ်တွင် ရေပန်းစားခဲ့သော တိုက်ပွဲဓားတစ်လက်ဖြစ်ကြောင်း သတိပြုမိခဲ့သည်။


သူက စိတ်စွမ်းအားဖြင့် ၎င်းကို ပေါ့ပါးစွာ ထိတွေ့လိုက်ပြီး နောက်အခိုက်အတန့်တွင် သူ၏ လွတ်လပ်သော ညာလက်လက်၌ အလေးချိန်တစ်ခု နစ်မြုပ်လာသည်ကို ခံစားလိုက်ရ၏။ သူ့မျက်လုံးများကို ပြန်ဖွင့်လိုက်သောအခါ လေးလံသော ထန်သင်္ကေတဓားက သူ့လက်ထဲတွင် ငြိမ်သက်စွာ လဲလျောင်းနေ၏။


အနက်ရောင် ဓားသွားက အလင်းရောင်အောက်တွင် တောက်ပနေသည်။ အသွင်အပြင်က အဆင့်အတန်းရှိပြီး ဤဓား၏ ထူးခြားမှုကို မျက်လုံးများဖြင့် မြင်တွေ့နိုင်သည်။


စနစ် [ကျစ်...]


နောက်ဆုံးအကြိမ်က ၎င်းကို အများကြီးပေးခဲ့ရ၏။ နောက်ပိုင်းတွင် ၎င်းအကြောင်း များများတွေးလေ ပိုရှုံးလေလေ၊ တွေးလေလေ ဒေါသပိုထွက်လေလေဖြစ်၏။ ဤတစ်ခါတွင် သူက အထုပ်အတွင်းတွင် အကောင်းဆုံးခရမ်းရောင်ပစ္စည်းများကို သိပ်ထည့်ထား၏။


အဆင့်မြင့် မှော်စာအုပ်များ၊ ကောင်းကင်အဆင့် တာအို ဖော်မြူလာများ စသည်တို့ကို ထုတ်ပေးမည်မှာ ၉၉ ရာခိုင်နှုန်းဖြစ်နိုင်ခြေရှိ၏။


၎င်းတို့က အလွန်အစွမ်းထက်သော်လည်း ဇာ့ဂ်ကမ္ဘာလောကတွင်မူ ရယ်စရာအကောင်းဆုံး အမှိုက်သာဖြစ်၏။


၎င်းက ထိပ်တန်းလက်နက်တစ်ခုကို ထုတ်ပေးနိုင်ချေမှာ ၁ ရာခိုင်နှုန်းအခွင့်အရေးသာ ရှိသော်လည်း လုမော့က ထိုအခွင့်အရေးကို ဆုပ်ကိုင်ထား၏။ 


စိုက်ပျိုးခြင်းနှင့် မှော်ပညာကဲ့သို့သော မတူညီသော ကမ္ဘာလောကတွင် ပိုင်ရှင်များ ဆုတောင်းသည့်အခါတိုင်း မည်သည့်လက်နက်ကိုမှ သူတို့ကို မပေးပေ။ လက်နက်များက ကောင်း သော်လည်း သူတို့ကိုယ်တိုင်ကသာ ၎င်းတို့ကို ပြန်လည်မွမ်းမံရသည်။ 


စနစ်ဖြင့် မှတ်တမ်းတင်ထားသည့်အတိုင်း ၎င်းတို့ထဲမှ ပိုင်ရှင်ငါးဆယ်ကသာ ဤဆုကြေးငွေအထုပ်ကို ဖွင့်ခဲ့ပြီး မည်သူမျှ လက်နက်ကို မဖွင့်နိုင်ခဲ့ပေ။


မမျှော်လင့်ဘဲ လုမော့က အထုပ်ကို ဖွင့်လိုက်ချိန်တွင် ၎င်းကို ရရှိခဲ့၏။


သူ့ကို ကံကောင်းသည်ဟု ပြောနိုင်သော်လည်း နောက်ပိုင်းတွင် သူက အဆင့်နိမ့်ပစ္စည်းများ၏ ၁၀ ရာခိုင်နှုန်းကိုသာ ရလိမ့်မည်ဖြစ်သည်။


သို့သော် ဤဆုလက်ဆောင်အထုပ်တွင် ဤအရာကသာ အသုံးဝင်၏။


နောက်ပြီး တော်တော်လေးအသုံးဝင်၏။


စနစ်က တွန့်ဆုတ်စွာပြောခဲ့သည်။ 

[ဒဏ္ဍာရီလာလက်နက်ကို ဆွဲထုတ်နိုင်ခဲ့တဲ့အတွက် ပိုင်ရှင့်ကို ဂုဏ်ပြုပါတယ်...]


ထိုအချိန်တွင် လုမော့က ပြောလိုက်၏။

"ဟွန့်..."


ဓားလက်ကိုင်၏ အဆုံးမှ ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာပြီး ဓားကိုယ်ထည် တစ်ခုလုံးကို ရွှေရောင်အလင်းတန်းများက ဖုံးလွှမ်းသွားသည်အထိ အပေါ်ကို တဖြည်းဖြည်း ပျံ့နှံ့သွားခဲ့၏—


သဘာဝကျသော အမျိုးသမီး အသံတစ်သံ ထွက်ပေါ်လာသည် ။


[ဒဏ္ဍာရီလာလက်နက်ကို မော်ကွန်းတင်လက်နက်အဖြစ်သို့ အောင်မြင်စွာ ပြောင်းလဲနိုင်ခဲ့တဲ့ အတွက် မစ္စတာလုမော့အား ဂုဏ်ပြုပါတယ်...ပိုမိုတောက်ပသောအနာဂတ်ကိုဖွင့်ရန် ၎င်းကို အသုံးပြုပါ... 】


လုမော့က "အာ..."


စနစ်- 【….. 】


၎င်းက လုံးဝထုံထိုင်းစေခြင်းပင်။


ထိုသို့ ဖြစ်ပျက်သည်က ပထမဆုံးအကြိမ် မဟုတ်ပေ။ ထုတ်ပေးလိုက်သည့် ပစ္စည်းများက အလွန် အလွန်နည်းပြီး မြင့်မားသော အဆင့်ကို ရောက်ရှိရန် ဖြစ်နိုင်ချေနည်း၏။


သို့သော်လည်း ဤသည်က ဒဏ္ဍာရီပစ္စည်းများ ထပ်ပြီး အဆင့်မြှင့်နိုင်သည်ကို စနစ်က ပထမဆုံးအကြိမ်တွေ့မြင်ခဲ့သည်။ ထိုအခွင့်အရေးက သုညနှင့် အကန့်အသတ်မရှိ နီးစပ်နေသည်။


စနစ်က လုမော့ကို သနားစိတ်ဖြင့် ကြည့်နေသည်- 

[မင်း ဘာလို့ ထရပ်ကားနဲ့ ဝင်တိုက်မိတာလဲ ငါသိပြီ...】


လုမော့က ‌အေးခဲသွား၏။

"ဘာလို့လဲ..."


စနစ်က တိုးတိုးလေးပြောသည်။

"ဘဝမျှော်လင့်ချက်ကတ်ဆွဲခြင်းက မင်းဖို့ မသင့်တော်ဘူးလေ..."


လုမော့ "..."


သူက ထိုလှပသော ထန်သင်္ကေတဓားနှင့် ကစားနေသည်။ ၎င်းတွင် အပိုမှတ်စုတစ်ခုမှလွဲ၍ ယခင်ပုံနှင့် မကွာခြားလှပေ။


[ကြီးထွားနိုင်စွမ်း- S]


လက်နက်တွေလည်း  ကြီးနိုင်သလား...


စနစ်က လုမော့၏ အတွေးများကို သိပါက နေရာတွင်ပင် ဒေါသပေါက်ကွဲသွားနိုင်သည်။


ကြီးထွားနိုင်တဲ့လက်နက်က ဘယ်လောက်တောင်ရှားပါးသလဲ...


အပြာရောင်အရည်အသွေးပစ္စည်းက လက်တစ်ဆုပ်စာခန့်သာ ရှားပါးနေသည် ဆိုလျှင်ပင် ၎င်းကို အခွင့်အရေးအရ ရှာတွေ့နိုင်သေး၏။ သူတို့မှာ ရွှေရောင်အရည် အသွေးလည်း ရှိ၏။


ကံကောင်းထောက်မစွာဖြင့် စနစ်က မသိခဲ့ချေ။


လုမော့က ဓားကို စိတ်စွမ်းအင်ပင်လယ်ထဲသို့ ပြန်ထားလိုက်ပြီးနောက် တစ်ချက် သတိရသွားသည် ။


သူအခန်းထဲမှ ထွက်ပြီး လင်း၏ အခန်းဆီသို့ တန်းတန်းမတ်မတ် လျှောက်သွားသည်။


အခန်းထဲမဝင်ခင် တံခါးမခေါက်ဖို့ သေချာပါစေ…


သူက အခြားသူများ၏ လျှို့ဝှက်ချက်ကို လေးစားလျှင်  အမှိုက်တစ်စမဖြစ်နိုင်ပေ။


လုမော့က တံခါးလက်ကိုင်ကိုလှည့်ပြီး တံခါးကို ဖွင့်လိုက်၏။


"လင်း...မနက်ဖြန် ဝတ်စုံတစ်စုံ မှာလိုက်..."


စကားစက လည်ချောင်းထဲတွင် ရုတ်တရတ် ဆို့သွားသည်။


လုမော့က လင်းကို ကြည့်လိုက်၏။ ငွေရောင်ဆံပင်၊ မျက်လုံးအနီရောင်အမျိုးသမီးဇာ့ဂ်က ယခုလေးတင် ရေချိုးပြီးပုံပေါ်ပြီး သူ့ဘက်ကို ကျောခိုင်းထား၏။ 


သူက ရေချိုးဝတ်စုံကို ကောင်းကောင်းမဝတ်ထားဘဲ ခါးတစ်ဝိုက်တွင် ကြိုးပါးပါးလေးဖြင့် ချည်နှောင်ထားပြီး အစကို ဖြည်းညှင်းစွာ တွဲချထား၍ ကျယ်ဝန်းပြီး တင်းကျပ်သော နောက်ကျောကို ပေါ်လွင်စေသည်။


သူ့နောက်ကျောတွင် အမာရွတ်ဟောင်းများနှင့် ပြည့်နေသော်လည်း ထိုခန္ဓာကိုယ်၏ ပြီးပြည့်စုံမှုကို လုံးဝမထိခိုက်စေပေ။ ဆန့်ကျင်ဘက်အနေနှင့် ၎င်းက စစ်ပွဲကြောင့် ပျက်စီးနေသော ခံစားချက်အနည်းငယ်ကို ရာဂစိတ်လှုံ့ဆော်ပေးနိုင်သည့် သွင်ပြင်မျိုး ပေးနေ၏။ 


လင်းက သူ၏ ရှည်လျားစိုစွတ်နေသော ဆံပင်များကို လက်တစ်ဖက်တည်း ဆုပ်ကိုင်လိုက်ပြီး အသံကြားသောအခါ လန့်ဖျပ်သွား၍ ခေါင်းလှည့်ကြည့်လိုက်၏။ သူ့ပုံစံက နှင်းရည်များ ဖုံးနေသော ပန်းပွင့်တစ်ပွင့်လိုပင်။


လုမော့က သူ့နှလုံးခုန်သံ ပြင်းပြင်းကို ရှင်းရှင်းလင်းလင်းကြားလိုက်ရ၏။


"သခင်..."


"မင်း မင်း..."


အနက်ရောင်ဆံပင်၊ မျက်လုံးစိမ်းစိမ်းများနှင့် အမျိုးသား၏ မျက်နှာက နီရဲလာပြီး ထိတ်လန့်တကြားဖြင့် အမျိုးသမီးကို လက်ညှိုးထိုးပြီး သူ့မျက်ဆံများ တုန်လှုပ်သွား၏။


သူအချိန်အတန်ကြာအောင် အသက်ရှုနှုန်းကိုထိန်းထားပြီးနောက် သူ့ဝိညာဉ်ကို နောက်ဆုံး တွေ့လိုက်ရသလို စကားအနည်းငယ်ပြောလိုက်၏။


"လူဆိုး...လူဆိုးကောင်..."


"အရှက်မရှိလိုက်တာ..."


"တဏှာရူးကောင်...ရာဂစိတ်တွေနဲ့ ပြည့်နေတာ..."


လင်းက လက်ခံလိုက်၏။

"ဒါပေမယ့် ကျွန်တော်က တဏှာရူးပြီး ရာဂစိတ်တွေနဲ့ ကိုယ့်ရဲ့ တစ်ဦးတည်းသောသခင်ကို ကြည့်တာ ဘာမှားလို့လဲ...”


လေထဲတွင် "ဝုန်း" ခနဲ့ ပေါက်ကွဲသံ ကြားလိုက်ရသလိုရှိသည်။


မီးတောင်ပေါက်ကွဲမှုကဲ့သို့ပင်။ လုမော့၏ မျက်နှာက လည်း ခရမ်းချဉ်သီးမှည့်ကဲ့သို့ နီမြန်းနေသည်။ သူက အကောင်းဆုံးကြိုးစားပြီး ပြောလိုက်၏။

"ဘာ...အရှက်မရှိတဲ့ မိန်းမတဲ့လား..."


ထို့နောက် တံခါးကို ဆောင့်ပိတ်လိုက်သည်။


လင်းက ပိတ်ထားသော တံခါးကို ဗလာဖြစ်စွာ စိုက်ကြည့်ပြီး သူ့လက်ထဲရှိ ဆံပင်များကို ဖြည်းညှင်းစွာ ချလိုက်သည်။


တပ်စာရေးက အရူးတစ်ယောက်ကိုမြင်ရသလို ဆက်သွယ်ရေးစက်ပေါ်မှ ခြောက်ကပ်စွာ ပြောလိုက်၏။

"အိုး ဘော့စ်ရေ...မင်းယောက်ျားက တကယ်အပြစ်ကင်းတယ်..." 


ဒီလိုယောကျာ်းမျိုးကို ဒီလိုနှစ်များမှာ ရှာတွေ့နိုင်မလား...


အချို့က လင်း၏ ခန္ဓာကိုယ်ရှိ အမာရွတ်များကို မျက်လုံးအနာကဲ့သို့ မကြိုက်ကြပေ။


တပ်စာရေးက ဖြည်းညှင်းစွာ အသက်ရှူသွင်းလိုက်သည်။ 

"ဒါက တကယ့်ကို ရှားပါးမျိုးစိတ်တစ်ခုပဲ..."


ထိုအချိန်တွင် တံခါးက ကလစ်ခနဲမြည်ပြီး နောက်ထပ် အဟတစ်ခုကို ပွင့်လာ၏။


အမျိုးသားက ဝင်မလာချေ။ သူက တံခါးနောက်မှာ ရပ်လိုက်ပြီး လည်ချောင်းကို ရှင်းလိုက်၏။

"အမ်...လင်း‌ရေ...မနက်ဖြန် အ၀တ်အစားမှာဖို့ မမေ့နဲ့နော်..."


လင်း "ဟုတ်ကဲ့ သခင်..."


တံခါးအဟက လျင်မြန်စွာပိတ်သွားပြီးနောက် ခြေသံများက လျင်မြန်စွာ ထွက်ခွာသွားပြီး ရှုပ်ထွေးလွန်းလှသည်။


လင်း: "..."


သူက မျက်နှာကို ဖြည်းညှင်းစွာအုပ်၍ ရယ်မောလိုက်သည်။


ဒီအမျိုးသားဇာ့ဂ်ကို ဘယ်လိုများ ပျိုးထောင်ခဲ့ကြတာလဲ...



🌌🌌🌌