Chapter 10
Viewers 4k

🌌Chapter 10




ဓားသွားက ကားကို ထိုးဖောက်သွားသော်လည အမှန်တကယ် နာကျင်သွားရသည်က လုမော့၏ နှလုံးသားလေးပင်။


ကားကို မကြိုက်နှစ်သက်သည့် အမျိုးသားဟူ၍ မရှိချေ။ တစ်လလုံး အိပ်ရာထဲတွင် လူးလိုက်လှိမ့်လိုက်ဖြင့် စဥ်းစားပြီးမှ နောက်ဆုံးတွင် ထိုကားကို အော်ဒါတင်ရန် ဆုံးဖြတ်ခဲ့ရသည်ကို လုမော့ မှတ်မိနေသေးသည်။


အလှလေးကို နောက်ဆုံး အိမ်ခေါ်ခေါ်လာနိုင်ဖို့ သုံးလလောက် ဘယ်လိုတောင် ထိုင်စောင့်နေခဲ့ရသလဲ...


လှပတဲ့အရာတွေက ကံမကောင်းရှာတာ သနားစရာကောင်းလိုက်တာပါလား...


--------


ဘုရားသခင်က သူ့အပေါ် အလွန်ရက်စက်လွန်းလှသည်။


သူ 'ဘန်း' ခနဲထရပ်ကာ စုန့်ကျန်းရှူးအား အေးစက်စွာစိုက်ကြည့်ပြီး သွားကြားထဲမှ စကားများကို ညှစ်ထုတ်လိုက်သည်။

"ပြန်လျော်ပေး..."


စုန့်ကျန်းရှူး၏ နူးညံ့ချောမောသည့် ပုံရိပ်နှင့် ယှဥ်လျှင် လုမော့က အေးစက်ပေသည်။ သူ၏ မျိုးရိုးဗီဇအဆင့်က နိမ့်သော်လည်း ရှားပါးသည့် အရပ်ရှည်လျားသော အမျိုးသားဇာ့ဂ်များများထဲမှ တစ်ယောက်ဖြစ်နေသေးသည်။ 


ယခုလို ဒေါသများဖြင့် ကျဥ်းမြောင်းနေသည့် မျက်ဝန်းတစ်စုံနှင့် စုန့်ကျန်းရှူးအနီး ချဥ်းကပ်လာသည့်အခါ စုန့်ကျန်းရှူးအား အလိုအလျောက် ခြေတစ်လှမ်း ဆုတ်သွားစေခဲ့သည်။


သူ့ကိုယ့်သူ နောက်ဆုတ်သည်ကို ချက်ချင်းရပ်တန့်လိုက်သော်ငြား ၎င်းက သူ့အရှိန်ကို ပွိုင့်သုံးခုနီးပါး လျော့နည်းစေပြီး ဖြစ်သည်။ 


၎င်းက သူ့နှလုံးသားအား ဒေါသများဖြင့် ပြည့်နှက်သွားစေသည်။ သူ့အရှေ့တွင် ရှိနေသော လုမော့၏ မျက်နှာမှာ ရွဲ့စောင်းပြီး ပုံပျက်လာကာ တဖြည်းဖြည်း သူ့မှတ်ဥာဏ်ထဲမှ မရေမတွက်နိုင်သော လူများ၏ အသွင်ပြင်သို့ ပြောင်းလဲသွားသည်။ 


သွေးဆုံးချိန်ရောက်နေသည့် အတန်းပိုင်ဆရာမက သူ့ကိုပြောလိုက်သည်။

"စုန့်ကျန်းရှူး မင်း တတ်နိုင်သမျှမြန်မြန် ကျောင်းထွက်လိုက်သင့်တယ် ကျောင်းက မင်းလိုလူမျိုးတွေကို သည်းမခံနိုင်ဘူး..."


ရိုင်းစိုင်းသည့် အိမ်ရှင်က ကျဥ်းကျုပ်နေသည့် အခန်းငယ်လေးထဲမှ သူ့အား တွန်းထုတ်ကာ အော်ဟစ်လိုက်သည်။

"ဒီကနေ ထွက်သွားစမ်း… ငါက လူမှုကူညီရေးအသင်းမဟုတ်ဘူး..."


အသိဥာဏ်မရှိကြသည့် မူလတန်းကျောင်းသားလေးများက သူ့နှာခေါင်းအား လက်ညိုးထိုးကာ ရယ်နေကြသည်။

"ကပ်စေးနှဲတဲ့ သူတောင်းစားကောင်..."


--------


စုန့်ကျန်းရှူး၏အသားအရောင်က ဖျော့တော့နေပြီး သူ့အမူအရာက ဒေါသများ အပြည့်ဖြစ်နေသည်။ ဒေါသကြောင့် သူ့မျက်နှာမှာ ရှုံ့မဲ့နေလျက် အံ့သြစရာကောင်းလောက်အောင်ပင် ရုပ်အလွန်ဆိုးနေသောကြောင့်  မူလက အလွန်ချောမောသည့် အမျိုးသားဇာ့ဂ်ဟူသည်ကို မယုံနိုင်စရာပေ။ 


လုမော့ သူ့အသံကို မြှင့်ကာ ပြောလိုက်သည်။

"ဘာလို့လဲ...အကြွေးတင်တာကို ငြင်းချင်နေတာတာလား..."


စုန့်ကျန်းရှူး လင်း၏မျက်နှာမှ  အံသြမှုအရိပ်အယောင်ကိုကြည့်လိုက်ပြီး သူ့မျက်နှာကို လက်များဖြင့် အမြန်အုပ်ကာ ဒေါသများကို ခက်ခက်ခဲခဲ ထိန်းချုပ်လိုက်သည်။


သူ၏ ကြင်နာသည့်အမူအရာကို ပြန်ပြောင်းသွားလျက် ပြောလိုက်သည်။

"သေချာတာပေါ့ ငါမင်းကို လျော်ပေးမှာပါ..."


"အဲ့လိုကမှ ကောင်းသေးတယ်..."


အခြားသူများ သူဘာတွေးနေသည်က််ိုမသိစေရန် စုန့်ကျန်းရှူး ခေါင်းငုံ့လိုက်သည်။


မည်သည့်ကိစ္စများရှိပါစေ လင်းအား သူ လက်မလျှော့လိုက်ချင်ပေ။ သို့သော် ယခု လင်းက ထိုအဆင့်နိမ့်ကောင်ထံမှ ပြုစားခံရပြီး ချော့မော့နေရသည်ကိုအသားကျနေသည်။ ထိုအကြောင်းကို သူ တစ်ခဏမျှ ယုံရခက်နေမိသည်။


"ဘယ်လိုအမျိုးသားက သူ့အချစ်နဲ့ ထိုက်တန်လဲ"ဆိုသည်ကို လင်းအားပြောပြရန် သူနည်းလမ်းစဥ်းစားရပေမည်။ 


သူ နည်းလမ်းကို တစ်ခဏမျှကြာအောင် စဥ်းစားနေသည်။


သူ လျော်ပေးရန်ဆန္ဒရှိသည်ဟု လုမော့ ကြားသောအခါ နောက်ဆုံးတွင် စိတ်အေးသွားသည်။ သူ့အိတ်ကတ်ထဲမှ ဘောပင်နှင့်စာရွက်ကို ထုတ်လိုက်သည်။

"ဒါဆိုလည်း အခုပဲ လျော်ရမယ့်ငွေ တွက်ကြည့်လိုက်ရအောင်..."


စုန့်ကျန်းရှူး လုမော့အား ဖြတ်ပြောလိုက်သည်။

"ဒါပေမဲ့ ငါက ဒီကားရဲ့တကယ့် ပိုင်ရှင်အစစ်ကိုပဲ လျော်ကြေးပေးဖို့ ဆန္ဒရှိတယ်..."


လုမော့ မျက်မှောင်ကြုတ်လိုက်သည်။ စုန့်ကျန်းရှူး ဘာလုပ်ရန် ကြိုးစားနေသည်ကို သူနားမလည်ပေ။ သူ အနည်းငယ် ဖိပြောလိုက်သည်။

"လူကြီးမင်း ခင်ဗျားဘာကိုဆိုလိုတာလဲ ကျွန်တော် နားမလည်ဘူး..."


စုန့်ကျန်းရှူး ပြုံးလိုက်သည်။

"ငါက...ဒါပေါ့...မင်းပြောသလိုပဲ ငါက တောသားလေးဆိုပေမဲ့လည်း ဒီကားကအရမ်းစျေးကြီးမယ်ဆိုတာတော့ သိပါတယ်...B အဆင့် အမျိုးသားဇာ့ဂ်တွေတောင် ဒီကားကိုဝယ်ဖို့မတတ်နိုင်ကြဘူး..."


"ငါ ခန့်မှန်းတာ မှန်မယ်ဆိုရင်တော့ မင်းက D အဆင့် အမျိုးသားဇာ့ဂ်ပဲ...ကျေးဇူးပြုပြီး ငါ့ကို အထင်မလွဲလိုက်နဲ့နော်... မင်းကို စော်ကားတာ လုံးဝ မဟုတ်ပါဘူး..."


သူ့မျက်လုံးများက လင်းထံ ရွေ့သွားသည်။

"ငါက ဒီအမျိုးသမီးဇာ့ဂ်နဲ့ ဆက်ဆံရေးတစ်ခု ရှိမလိုဖြစ်ဖူးတယ်လေ...အဲ့တော့... အရဲစွန့်ပြီး ခန့်မှန်းကြည့်ရရင်တော့ ဒီကားက တကယ်တမ်း သူပိုင်တာပဲ ဖြစ်သင့်တယ်..."


ထိုစကားများအား ထောက်ကွက်မရှိ ခိုင်ခိုင်မာမာပင် ပြောလိုက်ခြင်း ဖြစ်ပေသည်။


၎င်းက အကြွေးဆပ်ရန် သူ့စိတ်ပိုင်းဖြတ်ထားခြင်းကိုပြလိုက်ရုံသာမက လင်းကိုပါ ပါးပါးနပ်နပ်နှင့် သတိပေးလိုက်ခြင်းပင်။


နိုးထလိုက်တော့...သူနဲ့ မင်းက လက်တောင်မထပ်ရသေးဘူး အဲ့ဒါကို မင်းပစ္စည်းတွေကို သူ့အပိုင်အဖြစ်တောင် ယူပြီးနေပြီ...


မြန်မြန်လေး နိုးထလိုက်တော့...


တစ်ချိန်တည်းမှာပင် လင်းအပေါ် သူ့၏သြဇာအာဏာလွမ်းမှုကိုပါ မရေမရာ ပြသနေပေသည်။


ကွန့်မန့်များက ပေါက်ကွဲထွက်နေသည်။


[ဖာ့ခ်…ဘာလို့ အဲ့လောက်တောင် ယုတ်မာတဲ့ ဆန်ကုန်မြေမြေလေးက ရှိနေရတာလဲ...လက်တောင်မထပ်ရသေးဘဲနဲ့ မိန်းမတစ်ယောက်ရဲ့ ပိုင်ဆိုင်မှုတွေကို လက်ဝါးကြီးအုပ်ဖို့ဆိုရင် ဘယ်လောက်တောင်အရှက်မရှိနေလို့လဲ...]


[အမျိုးသားအများစုက အဲ့လိုပဲ...ပိုပြီးယုတ်မာတဲ့ကောင်ကို မင်းတို့မမြင်ဖူးသေးလို့...လက်ထပ်ဖို့ သွေးဆောင် ချော့မော့မယ်...မင်းရဲ့ပိုင်ဆိုင်မှုတွေကို ယူဖို့ လိမ်ညာမယ်... ပြီးရင်တော့ မင်းကို ချနင်းပြီးဖျက်ဆီးလိုက်မှာပဲ...]


[ဗိုလ်မှူး မြန်မြန် နိုးထလိုက်ပါတော့...ဒီလိုယောကျ်ားမျိုးက ဗိုလ်မှူးနဲ့ မထိုက်တန်ပါဘူး...]


[စုန့်ကျန်းရှူးနဲ့ အတူတူရှိတာထက် အဲ့လိုယောကျ်ားမျိုးကို သူဘာလို့ လက်ထပ်ချင်နေရတာလဲ ငါဖြင့် နားကိုမလည်နိုင်ဘူး]


[အချစ်မှာ နစ်မြောသွားတဲ့ မိန်းမတွေက အမြဲသနားစရာကောင်းတာပဲ...]


-------


ဝမ်ကောပင် မကူညီနိုင်ပေ။ အမြဲတမ်းစကားနည်းပြီးပြီး သည်းခံနိုင်စွမ်းကောင်းသည့် အမျိုးသမီးက တိုးတိုးလေး ပြောလိုက်သည်။

"လင်း ငါ့ကြောင့်သခင်က မင်းကို ထားခဲ့တာကို စိတ်ဆိုးနေတာလား..."


လုမော့ : "......"


ဝမ်ကော သူ့မျက်လုံးများကို အောက်နိမ့်လိုက်သည်။

"အကုန် ငါ့အမှားပါ...ဒါပေမဲ့ ဒါကြောင့်တော့ မင်းအနာဂတ်ကို မဖျက်ဆီးလိုက်ပါနဲ...မင်းစိတ်ထဲထားတယ်ဆိုရင်..."


ဝမ်ကော အသက်ပြင်းပြင်းရှုလိုက်ပြီး တုန်ယင်နေသောအသံဖြင့်

"ငါထွက်သွားပေးမယ်..."


"မဟုတ်ဘူး…"

စုန့်ကျန်းရှူးက ဝမ်ကောလက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားလျက် ပြောလာသည်။

"ဒါက သူနဲ့ကိုယ့်ကြားက ကိစ္စပါ...မင်းက အမြဲတမ်း ဒီလိုမျိုး ကိုယ့်ကိုကိုယ်ပဲ စွန့်လွှတ်အနစ်နာခံနေတာ...ကိုယ် ခွင့်မပြုနိုင်ဘူး..."


လုမော့ : "......"


ဝမ်ကောက ရိုးသားစစ်မှန်သည်ကို လုမော့မြင်နိုင်ပေသည်။ သို့သော် သူ ရိုးသားစစ်မှန်လေလေ သူ့(လုမော့)နှလုံးသားထဲတွင် သူက လိမ်ညာနေသည်ဟု ခံစားရလေပင်။


ညီအစ်ကိုရေ...မင်းကို ကြည့်ရတာ တကယ်ကြီး ရောဂါပြင်းပြင်းထန်ထန် ရှိနေပုံပဲနော်...


သူ မနေနိုင်ဘဲ လင်းအား တိတ်တိတ်လေး ကြည့်လိုက်သည်။ လင်းက သူ့အားခံစားချက်မရှိစွာပင် ကြည့်လိုက်သည်။ လုမော့ တိုးတိုးလေး ပြောလိုက်သည်။

"သူ...သူက အမြဲတမ်း ဒီလိုပဲလား..."


လင်း ခေါင်းညိတ်ပြလိုက်သည်။


လုမော့ သူ့ခြေဖျားမှ ခေါင်းအထိ တစ်လျှောက်လုံး ကြက်သီးမွေးများ ချက်ချင်းထလာသည်ကို ခံစားလိုက်ရသည်။ လူတစ်ကိုယ်လုံးပင် တဖြည်းဖြည်း တဆတ်ဆတ်တုန်နေပေသည်။ 


အမှိုက်ဆန်မှုတန်ဖိုးများက ဆွဲဆောင်မှု ရှိနေလျှင်ပင် လုမော့ လင်းထံမှ ထပ်ပြီး ညှစ်ထုတ်မယူရဲတော့ချေ။


ယခင်က ထိုကဲ့သို့ စိတ်မသက်မသာဖြစ်စေသော အမျိုးသမီးဇာ့ဂ်ကို သူမမြင်ဖူးပေ။


"ကောင်းပြီ ပေါက်တတ်ကရတွေ ရပ်လိုက်တော့...မြန်မြန် ငါ့ကိုပေးစရာရှိတဲ့ပိုက်ဆံ ပေးလိုက်... ငါပြန်သွားရဦးမှာ..."


လုမော့ စိတ်မရှည်တော့ပေ။ သူ ဤဇာ့ဂ်နှစ်ယောက်ကို နောက်တစ်ခေါက် အမှန်တကယ် ထပ်မတွေ့ချင်ပေ။ သူ့မျက်နှာတွင် မဖော်ပြနိုင်လောက်သည့် စက်ဆုပ်ရွံရှာခြင်းများ ပြည့်နေပေသည်။


"ငါဆိုလိုတာကို မင်းနားမလည်ဘူးလား..."


စုန့်ကျန်းရှူးက အေးစက်စွာပြောလိုက်သည်။

"ငါက ဒီကားရဲ့ပိုင်ရှင်အစစ်ကိုပဲ လျော်ကြေးပေးမှာ..."


လုမော့ ဆက်သည်းမခံနိုင်တော့ပေ။


သူဒေါသထွက်စွာ ပြုံးလိုက်ပြီးနောက် ဘောပင်ကိုချိုးလိုက်ကာ စာရွက်ကို ပစ်ထုတ်လိုက်ပြီး အင်္ကျီလက်များ ခေါက်တင်ရင်း စုန့်ကျန်းရှူးထံ ခြေလှမ်းကျဲကျဲဖြင့် လျှောက်သွားလိုက်သည်။


"မင်းက ပေါင်မုန့်မီးကင်မစားဘဲ ပြစ်ဒဏ်ပေးခံချင်နေတာပဲ..."

(T/N- ကိစ္စတွေကို ကောင်းကောင်းမွန်မွန် အဆုံးမသတ်ဘဲ ရန်ဖြစ်ပြီး ဆိုးဆိုးဝါးဝါး အဆုံးသတ်ချင်နေတာပဲလို့ တင်စားပြောတာပါ)


ဝမ်ကောက စုန့်ကျန်းရှူးရှေ့ ကြားဝင်ရပ်လိုက်သည်။

"သခင်..."


စုန့်ကျန်းရှူး၏ မျက်လုံးများတွင် မဖုံးဖိနိုင်သော အပြုံးတစ်ခု ဖြတ်ပြေးသွားသည်။ သူ ဝမ်ကောပခုံးကို ဖိကာပြောလိုက်သည်။

"စိတ်မပူပါနဲ့ ကိုယ် ကိုယ်တိုင် လုပ်လိုက်မယ်..."


ကွန့်မန့်များတွင်မူ ဂုဏ်ယူဝင့်ကြွားစွာစွာ ဝမ်းမြောက်နေကြပြီးဖြစ်သည်။


[အိုး အိုး  အိုး...ငါအကြိုက်ဆုံး မြင်ကွင်းလာမယ်ဟေ့...]


[သနားစရာကောင်းလိုက်တဲ့ D အဆင့် အမျိုးသားလေး...သူအခုထိ ဘယ်သူ့ကို ရန်စမိမှန်းတောင် မသိရှာဘူး...]


[ငါမှတ်မိသလောက် နောက်ဆုံးအခေါက်က B အဆင့် အမျိုးသားမလား...သူအခုထိ လမ်းတောင်ကောင်းကောင်း မလျှောက်နိုင်သေးဘူးရယ်...]


[RIP]


လုမော့ စုန့်ကျန်းရှူးအရှေ့တွင်ရပ်ကာ မျက်ဝန်းများကို ကျဥ်းမြောင်းပြီး အသံနက်နက်ဖြင့် ပြောလိုက်သည်။

"မစခင် မင်းကို အကြံနည်းနည်း ပေးလိုက်မယ်..."


လုမော့၏ စိတ်ဝိညာဥ်ပင်လယ်ထဲတွင် အလွန်ရွှန်းလက်တောက်ပနေသော အပြာရောင်အလင်းတန်းများ ထုတ်လွှတ်နေသည့် ရတနာများက ဖြည်းဖြည်းချင်း ပေါလောပေါ်လာလေသည်။


[အခြေခံ စိတ်ပိုင်းဆိုင်ရာပြန်လည်မွမ်းမံခြင်း သုံးစွဲမှု အတည်ပြုပြီး]


[အခြေခံ ရုပ်ပိုင်းဆိုင်ရာ ခွန်အား တိုးမြှင့်ပေးခြင်း သုံးစွဲမှု အတည်ပြုပြီး]


[အခြေခံ လျှင်မြန်မှု မြှင့်တင်ပေးခြင်း သုံးစွဲမှု အတည်ပြုပြီး]


[ခွန်အားတိုးစေနိုင်သည့် စွမ်းရည်အား သုံးထပ်ထိသတ်မှတ်ပြီး...သုံးစွဲမှု အတည်ပြုပြီး]


[သုံးစွဲမှုပမာဏအား ဆုံးဖြတ်ပြီးပါပြီ]


[အခြေခံ စိတ်ပိုင်းဆိုင်ရာ စွမ်းအား ပြန်လည်မွမ်းမံခြင်း အကျိုးသက်ရောက်မှု ×3 အား180% ထိတိုးမြှင့်ပြီး...သုံးစွဲမှု အတည်ပြုပြီး] 


[အခြေခံ ရုပ်ပိုင်းဆိုင်ရာခွန်အား မြှင့်တင်ပေးခြင်း  အကျိုးသက်ရောက်မှု ×3 အား 180% ထိတိုးမြှင့်ပြီး... သုံးစွဲမှုအတည်ပြုပြီး]


[အခြေခံ လျှင်မြန်မှု မြှင့်တင်ပေးခြင်း အကျိုးသက်ရောက်မှု ×3 အား 180 %ထိ တိုးမြှင့်ပြီး...သုံးစွဲမှု အတည်ပြုပြီး...]


-------


သူ့ခန္ဓာကိုယ် တစ်ကိုယ်လုံး စွမ်းအားများ ချက်ချင်းဆိုသလိုပြည့်လာပြီး တစ်ချိန်တည်းတွင် အလွန်အမင်း ပေါ့ပါး သွက်လက်လာလေသည်။ လုမော့ လက်သီးဆုပ်လိုက်သည်။

"မင်းသွားတွေကို ပြုတ်ထွက်မသွားစေချင်ဘူးဆိုရင် အံကြိတ်ထားလိုက်..."


စုန့်ကျန်းရှူး၏ မျက်နှာက သက်တောင့်သက်သာဖြင့် ပြောလာသည်။

"ဒီစကားတွေကို မင်းကိုပြန်ပြောသင့်တယ်လို့ ထင်...."


သူ့စကားများ အဆုံးမသတ်မီပင် လုမော့၏ လက်သီးက စုန့်ကျန်းရှူး၏ မျက်နှာကို ထိမှန်သွားခဲ့ပြီး အရိုးများပင် တုန်ခါသွားစေနိုင်သော ကျောချမ်းဖွယ် အသံကျယ်ကြီး ထွက်ပေါ်လာခဲ့သည်။ စုန့်ကျန်းရှူး၏ မျက်နှာပေါ်တွင် ယုံကြည်ချက်အပြည့်နှင့် အမူအရာရှိနေသေးပြီး နောက်အခိုက်အတန့်တွင်မူ ကြိုးပြတ်သွားသော စွန်တစ်ခု ပြုတ်ကျလာသကဲ့သို့ လွင့်ထွက်သွားလေသည်။ 


'ဘန်း' ဆိုသည့်အသံနှင့် စုန့်ကျန်းရှူး၏ခန္ဓာကိုယ်က နံရံနှင့် ရက်ရက်စက်စက် တိုက်မိကာ ပါးစပ်အပြည့် သွေးတစ်လုတ်အန်ထွက်လျက် မြေပြင်ပေါ်သို့ ရှုံ့တွနေသည့် အမူအရာဖြင့် ပြုတ်ကျသွားလေသည်။


"သခင်…"


ဝမ်ကောက စုန့်ကျန်းရှူးထံ တဟုန်ထိုး ပြေးသွားပြီး မထိကိုင်ရဲဘဲ သတိတကြီး မေးလိုက်သည်။

"သခင် အဆင်ပြေရဲ့လား..."


စုန့်ကျန်းရှူး သူ့ကို လစ်လျူရှူပြီး ၎င်းအစား လုမော့အား ကြောက်ရွံ့မှုများဖြင့် ကြည့်လိုက်သည်။

"မင်း..."


မြေအောက်ကားဂိုဒေါင်တွင် နေရောင်မရှိဘဲ လူလုပ် နှင်းဖြူရောင် အလင်းများသာရှိသည်။ အနက်ရောင်ဆံပင်၊ အစိမ်းရောင်မျက်လုံးများနှင့်င့် အမျိုးသား၏နောက်ကျောတွင် အလင်းများတောက်ပနေပြီး သူ့မျက်နှာက မှေးမှိန်နေပေသည်။ 


လင်း၏မျက်လုံများ အနည်းငယ် ပြူးကျယ်သွားသည်။  ပြန်ရုတ်သိမ်းရန် အချိန်မရလိုက်သည့် သူ့လက်ထဲတွင်မူ သေးငယ်သည့် အနက်ရောင်ပိုးကောင်လေးတစ်ကောင်ကို ကိုင်ထားသည်။


လက်ချောင်းထိပ်လေးများကို တစ်ချက်လှုပ်လိုက်ရာ ပိုးကောင်ငယ်လေးက သူ၏ဖြူဖွေးသွယ်လျသော လက်ချောင်းများတစ်လျောက် တွယ်တက်လာကာ သူ့အင်္ကျီလက်ထဲသို့ တွားတွားဝင်လိုက်ပြီး နောက် အမြှီးတစ်ချက်ခါလိုက်ကာ ပျောက်သွားပေသည်။ 


--------


လုမော့ သူ့လက်သီးကို ပြန်ရုတ်ကာ စိတ်သက်သာရာရပြီး သက်ပြင်းချလိုက်သည်။


စုန့်ကျန်းရှူး၏မျက်လုံးများ ပြူးကျယ်သွားသည်။

"မင်းလိမ်ထားတာ..."


လုမော့ သူ့အားကြည့်ကာ သဘောတကျပြုံးလိုက်သည်။

"ဒါဆို မင်းပြောလေ ငါဘယ်နား လိမ်လိုက်တာလဲ..."


စုန့်ကျန်းရှူး သူ့ရင်ဘတ်ကို လှမ်းဆွဲကာ အမောတကော ပြောလိုက်သည်။

"မင်းက သိသိသာသာကို D အဆင့်လေးပဲရှိတဲ့ အမျိုးသားဇာ့ဂ်ပဲလေ..."


"ဟုတ်တာပေါ့..."


လုမော့ ဖြေးဖြေး အေးအေးဆေးဆေးနှင့် အလွယ်တကူပင် ပြောလိုက်သည်။

"မဖြစ်နိုင်ဘူး...D အဆင့်အမျိုးသားကိုတောင် အနိုင်မယူနိုင်တဲ့ B အဆင့်အမျိုးသားဆိုလို့ မရှိနိုင်ပါဘူး..ဟုတ်တယ်မလား..မင်းကအတုကြီးလား ဟုတ်လား..."


စုန့်ကျန်းရှူး ဒေါသထွက်ကာ နောက်ထပ် ပါးစပ်အပြည့် သွေးတစ်လုပ် အန်လိုက်လေသည်။


လုမော့ လန်းဆန်းတက်ကြွသွား၍ ရင်ဘတ်ကို ထိကာ ခံစားချက်အပြည့်နှင့် ပြောလိုက်သည်။

"ဒီတော့ ဒါက လူယုတ်မာတစ်ယောက် ဖြစ်ရခြင်းရဲ့ ပျော်ရွှင်မှုလား..."


စနစ် : [အတူတူပျော်တာ အတူတူပျော်တာ...]


"အခုလေးတင်် မင်းကိုပြောဖို့ မေ့သွားတယ်..."

လုမော့ စုန့်ကျန်းရှူးရှေ့ ဆောင့်ကြောင့်ထိုင်လိုက်ကာ အပြုံးလေးတစ်ခုနှင့် ပြောလ််ိုက်သည်။

"ငါဒီကားကို ကိုယ်တိုင်ဝယ်ထားတာ... ကြည့်လိုက် ဒါကို ဘာလို့ထင်လဲ..."


သူက သေးငယ်ပြီး လက်ရာမြောက်လှသည့် သားရေစာအုပ်လေးကို စုန့်ကျန်းရှူးရှေ့ ဖွင့်ပြလိုက်သည်။ လုမော့ ၎င်းမှ စာချုပ်ကို တွဲလောင်းဆွဲပြလိုက်သည်။

"ငါက အသက်ရှင်ဖို့ မိန်းမတွေကို မှီခိုနေဖို့ လိုအပ်တဲ့ ပျော့ညံ့ပြီး အသုံမကျတဲ့ကောင် မဟုတ်ဘူး..."


လင်းက စုန့်ကျန်းရှူးအား တူညီသည့်ကားကိုပင် တစ်ကြိမ်ပေးခဲ့ဖူးသည်ကို လုမော့ အမှန်တကယ်မသိပေ။


သို့သော် ပြောသည့်သူတွင် နားထောင်ရန် ရည်ရွယ်ချက်မရှိပေ။ ထို့ကြောင့် စုန်းကျန်းရှူး၏ နားများထဲထဲတွင် ၎င်းက ရှင်းရှင်းလင်းလင်းပင် အဓိပ္ပါယ်ဇောက်ထိုး ဖြစ်သွားခဲ့သည်။


လုမော့၏မျက်လုံးများကိုပင် ထိုးဖောက်မတတ် မနာလိုမှုများ ပြည့်နေသည့် သူ့မျက်လုံးများကို ပင့်လိုက်သည်။


"ငါ့ရဲ့လျော်ကြေးကို ရလိမ့်မယ်လို့တော့မထင်ဘူး...အဲ့တော့ ငါကပဲ သဘောထားကြီးကြီးနဲ့ အဲ့တာကို မင်းရဲ့ဆေးဖိုးအဖြစ် ပေးလိုက်ပါ့မယ်..."


လုမော့ သူ့ခေါင်းကို မော့ကာ တိုက်ပွဲတွင် အနိုင်ရခဲ့သော ကြီးမြတ်သည့်ဗိုလ်ချုပ်ကြီးကဲ့သို့ သူ့ရင်ဘတ်အား မြှင့်ထားလေသည်။ သူ့အသွင်မှာ ကြက်လှောင်အိမ်ထဲမှ ကြက်ဖအားလုံးကို အနိုင်ယူခဲ့သည့် ခေါင်းဆောင်ကြီးသဖွယ်ပင် လင်းထံ လျှောက်သွားခဲ့သည်။ 


လင်း၏ မျက်လုံးများက စုန့်ကျန်းရှူးအား ကြည့်နေဆဲပင်။ လုမော့ သူ့အား စိန်းစိန်းဝါးဝါးစိုက်ကြည့်လိုက်သည်။

"မင်း ဘာလို့ သူ့ကို ကြည့်နေသေးတာလဲ...ငါသတိပေးလိုက်မယ် နှလုံးသားတစ်ဝက်ပဲရှိတဲ့ အမျိုးသမီးတွေက ဝက်လှောင်အိမ်ထဲ ဖမ်းခံရမှာနော်..."


ဂုဏ်ယူဝင့်ကြွားနေသည့် အမျိုးသားငယ်လေးအား ငေးစိုက်ကြည့်နေသည့် ငွေရောင်ဆံပင်နှင့် အမျိုးသမီးဇာ့ဂ်၏ မျက်ဝန်းထဲထဲတွင် အပြုံးလေးတစ်ခု ရှိနေခဲ့သည်။

"ဟုတ်ကဲ့ပါ သခင်..."


လုမော့က ၎င်းကို သတိမထားမိပေ။ သူ၏ပျော်ရွှင်မှုထဲတွင် နစ်မြှုပ်နေဆဲဖြစ်ပြီး လက်ဖျောက်တီးကာ ပြောလိုက်သည်။

"သွား ကားထဲဝင်လိုက်..."


လင်း သူ့မေးအား ပွတ်သပ်ကာ လှည့်ဖြားလိုသည့်အလင်းတစ်ချက်က သူ့မျက်ဝန်းထဲ လက်သွားခဲ့သည်။

"ကျွန်တော် ရုတ်တရက်ကြီး တစ်ခု သတိရသွားပြီ..."


လုမော့ အံ့သြသွားကာ စူးစမ်းလိုက်သည်။

"ဘာကိုလဲ..."


လင်း သူ့ခေါင်းကိုစောင်းကာ စုန့်ကျန်းရှူးအား ကြည့်လိုက်သည်။ စုန့်ကျန်းရှူး တစ်ခဏ တန့်သွားပြီးနောက် သူ့မျက်လုံးထဲတွက် ပျော်ရွှင်သည့် အရိပ်ယောင် ပေါ်လာခဲ့သည်။

"လင်း မင်းကိုယ့်ကို တကယ်ချစ်နေသေးတယ် မလား ဟုတ်တယ်မလား..."


"မင်း အတွေးလွန်နေပြီ..."


လင်း ကြင်နာစွာ ပြောလိုက်သည်။

"မှတ်မိသေးလား မင်းသုံးဖို့ဆိုပြီး ငါငှားထားတဲ့ကားတစ်စီးရှိတယ်လေ...မင်းကြည့်ရတာ အခုအဆင်ပြေနေပုံပဲဆိုတော့...အဲ့ကားကို ငါ့ကို ပြန်ပေးရင်ရော..."


စုန့်ကျန်းရှူး၏မျက်နှာက ချက်ချင်းလက်ငင်းပင် အရုပ်ဆိုးသွားလေသည်။


ထိုကားက ပျက်စီးသွားပြီ ဖြစ်သည်။



🌌🌌🌌