Chapter 199
Viewers 21k

🚩Chapter -199

 Arc_9. ဘီလီယံနာ၏ဇနီး [ 9.7 ] 


_____



တရုတ်ပြည်၏ အချမ်းသာဆုံးမိသားစုအနေဖြင့် တုမိသားစု၏ ခွေးက တစ်နေ့တစ်နပ်စာပိုစားခဲ့လျှင်တောင် တုမိသားစု၏ သတင်းများက သတင်းစာနှင့် စာနယ်ဇင်းသမားများအတွက် မှတ်တမ်းတင်ရန် သတင်းထူးကြီး ဖြစ်ပေလိမ့်မည် ။ထို့နောက် မနေ့ကလေးတင်  အကြီးဆုံးသခင်လေးသု၏ Silver Wing Nightပေါ်ထွက်လာမှုကို မျက်မြင်တွေ့ခဲ့သည့် မရေမတွက်နိုင်သော ပြည်သူများရှိနေ၏ ။ 


ထို့နောက် လွန်ခဲ့သောရှစ်နှစ်က အကြီးဆုံး သခင်လေးတု၏ လျှို့ဝှက်ဆန်းကြယ်ချစ်သူမိန်းကလေးက နောက်ဆုံးတွင် ပေါ်လာပြီလား ။


ယနေ့တွင် ယန်ကျင်းရှိ မီဒီယာတစ်ခွင် ပွက်လောရိုက်နေ၏ ။


အရင်းအမြစ်နှင့် နောက်ခံသတင်းအချက်အလက်မရှိသော မီဒီယာအသေးစားများက လမ်းပေါ်နှင့် လမ်းကြိုလမ်းကြားများတွင် လျှောက်သွားပြီး ထို့နေ့က တွေ့မြင်လိုက်ရသောလူအုပ်တို့ကို စတင်ပြီး အင်တာဗျူးနေကြတော့သည် ။ အဆုံးတွင် မီဒီယာရှိ သတင်းသမားများက စုဝမ်တို့ မိသားစုတည်းခိုခဲ့သော ဟိုတယ်တွင် ပတ်လည်ဝိုင်းနေကြ၏ ။ ပိုင်ရှင်အမျိုးသမီးနှင့် သူမ၏ဟိုတယ်က တကယ်ပဲ နာမည်ကြီးလာခဲ့သည် ။


တစ်ချိန်ထဲတွင် မရေမတွက်နိုင်သောမီဒီယာကြီးများက တုမိသားစု ဗီလာနှင့် ကုမ္ပဏီရှေ့တွင် စုဝေးနေပြီး ပါဝင်ပက်သက်နေသည့်လူများကို အင်တာဗျူးရန် စောင့်နေကြ၏ ။


မနက်ပိုင်းတွင် ကုမ္ပဏီသို့ရောက်လာသော တုချန်က ထိုမီဒီယာသမားများအားလုံးကို ရှင်းလင်းရန် သူ၏ လက်ထောက်ကို စေလွှတ်လိုက်ရသည် ။ ဤကိစ္စကို အဆုံးသတ်ပြီးသောအခါ တုချန်က သူကောင်းကောင်းသိနေသော ကိုယ်ပိုင်စုံထောက်ကို ဆက်သွယ်လိုက်၏ ။ 


" သခင်လေးတု "


ဖုန်းတစ်ဖက်ရှိလူက အလွန်အံ့အားသင့်ကာ ပျော်ရွှင်နေလေ၏။


" သခင်လေးတုကို ကျွန်တော်ကူညီပေးနိုင်တာ တစ်ခုခုများရှိလို့လား "


တုချန်ကဲ့သို့ ချမ်းသာသည့် အလုပ်အပ်သောသူမျိုးကို မည်သူက မကြိုက်ဘဲနေမည်နည်း ။ ထိုကဲ့သို့ အလုပ်အပ်သောဖောက်သည်မျိုးကို ထိန်းထားနိုင်ရန် သူတို့ကို သူက အလွန်အလေးပေးဆက်ဆံရမည်။


" မင်းငါ့ကို စုဝမ်နဲ့ပတ်သက်ပြီး စုံစမ်းထားလို့ရတာမှန်သမျှ ပေးခဲ့တယ်မလား ။ "


တုချန်၏ အသံက အနည်းငယ်စိတ်အားငယ်နေသလိုပင် ။ထျန်းထျန်ပေးသော သဲလွန်စများကို ကျေးဇူးတင်ရမည် ။ စုဝမ်မိသားစုနှင့်ပက်သက်၍ တုချန် သံသယဖြစ်ဖွယ်အချို့ကို ရှာတွေ့ခဲ့ပြီး သူတို့ကို စုံစမ်းဖို့အတွက်လည်း တစ်စုံတစ်ယောက်ကို ရှာတွေ့ခဲ့သည် ။  ထိုအချိန်က သူရှာခဲ့သောသူမှာ စုံထောက်ဖြစ်ပြီး ယန်ကျင်းတွင် အကောင်းဆုံး သီးသန့်စုံထောက်ပင် ။


" အဲ့ဒီအချိန်တုန်းက ကျွန်တော်ရှာတွေ့ခဲ့တာ အားလုံးကို သခင်လေးတုကို ပေးခဲ့ပါတယ် ။ ဘာများဖြစ်လို့လဲ ခင်ဗျ ။ ပြဿနာတစ်ခုခုများရှိလို့လား ။ "


ဖုန်းတစ်ဖက်ရှိလူက ရယ်မောနေတာကို ရပ်လိုက်ပြီး အလေးအနက်ဖြစ်လာခဲ့သည် ။


"သခင်လေးတု ကျွန်တော်တို့က အရမ်းပညာရှင်ပီသပြီးတော့ အလုပ်အပ်တဲ့သူကို သတင်းအချက်အလက်အမှားနဲ့ လိမ်ညာမှာ မဟုတ်ပါဘူး"


" ငါသိပါတယ်"


တူချန် လက်ညှိုးကို စားပွဲပေါ်တွင် ခေါက်နေပြီး ကသိကအောက်ဖြစ်သလို ခံစားနေရ၏ ။


" ငါ့ကို ကူညီပြီး ထပ်စုံစမ်းပေးပါဉီး  ပေးမယ့်ငွေကတော့ တူတူပဲ ..မဟုတ်ဘူး နှစ်ဆပေးမယ် ။ငါ့ကိုကူညီပြီးတော့ စုဝမ်နဲ့...ငါ့အစ်ကိုကြားက ဆက်ဆံရေးကို စစ်ဆေးပေး ။ "


အကြီးဆုံးသခင်လေးတုလား ။


ဖုန်းတစ်ဖက်ရှိ စုံထောက်က တွန့်ဆုတ်သွား၏ ။


သေစမ်း။ ငါ့ရဲ့ နှိမ့်ချတတ်တဲ့အပြုအမူကြောင့် လူချမ်းသာမိသားစုရဲ့ အတွင်းရေးတိုက်ပွဲမှာ မတော်တဆ ပါဝင်လာမိတာမဟုတ်ဘူးလား ။


ပိုက်ဆံလား ၊ ဘဝလား ။ ဒါက မေးခွန်းပဲ ။


လေအေးပေးစက်လည်ပတ်နေသည့် နောက်ခံအသံကိုသာ ကြားလိုက်ရသောအခါ တုချန် အသံမြှင့်လိုက်၏။


" သုံးဆပေးမယ် မင်းလက်မခံဘူးဆိုရင် ငါတစ်ခြားတစ်ယောက်ကိုပဲ ရှာလိုက်တော့မယ် "


" ကျွန်တော်လုပ်ပါ့မယ် ၊ ကျွန်တော်လုပ်ပါ့မယ်။"


မင်းအမေပဲ ။ ငါကဒီဟာကို လက်စသတ်ပြီးရင် တစ်ခါတည်း အငြိမ်းစားယူလို့တောင်ရနေပြီ ။ အရူးတွေပဲ ဒါကို လက်မခံမှာ ။


ဖုန်းချလိုက်ပြီးသောအခါ တုဟန်က သူ၏ သူဌေးထိုင်ခုံတွင် မှီလိုက်ပြီး သူ၏ မျက်လုံးတို့က ရှုပ်ထွေးကာ ခက်ခဲသောအေခြအနေကို ဖော်ပြနေသည် ။


" ဘော့စ် "


ဤအချိန်တွင် သူ့လက်ထောက် ယွီဖုန်းက အလျင်အမြန်ဝင်လာပြီး သူ၏ အမူအရာတို့က အလွန်တွန့်ဆုတ်နေ၏ ။


" ဘာဖြစ်လို့လဲ ။ အဲ့ဒီသတင်းသမားတွေက ထွက်သွားဖို့ ငြင်းဆိုနေလို့လား ။ "


တုချန်က မျက်ခုံးကိုမြှင့်လိုက်ပြီး ယွီဖုန်းကို အေးစက်စွာကြည့်လိုက်သည် ။ ယွီဖုန်းက သူ့ဘေးတွင် အလုပ်လုပ်လာသည့်နှစ်က သုံးနှစ်၊ လေးနှစ်ခန့်ရှိပြီဖြစ်သောကြောင့် ဤကဲ့သို့ ကိစ္စအသေးအမွှားလေးကို မကိုင်တွယ်နိုင်ဘူးဆိုတာတော့ မဖြစ်နိုင်ပေ ။


" မဟုတ်ဘူး ၊ မဟုတ်ပါဘူး "


တုချန်၏ စကားကို ကြားရသောအခါ ယွီဖုန်းက စိုးရိမ်စွာ ခေါင်းခါပြလိုက်၏ ။


" ဘော့စ် ၊ အောက်ထပ်က သတင်းသမားတွေအကုန်လုံး ပြေးထွက်သွားကြပြီ ။ "


ဟုတ်ပေ၏ ။ယွီဖုန်းက ကုမ္ပဏီရှိ လူထုဆက်ဆံရေးအဖွဲ့သို့ညှိနှိုင်းရန် မရောက်မီ သတင်းသမားအားလုံးက ရုတ်ရုတ်သဲသဲထွက်ခွာသွားကြ၏ ။


ပုံမှန်အားဖြင့် ဤသို့ဖြစ်လာခြင်းက ဖြစ်နိုင်ချေတစ်ခုသာရှိ၏ ။


ယခုထက်ပို၍ စိတ်လှုပ်ရှားစရာကောင်းသည့် သတင်းအသစ်ဆီသို့ သူတို့အလျင်အမြန်သွားကြခြင်းပင် ။


" ဟမ် "

သုချန်လည်းပဲ အံ့အားသင့်သွား၏ ။


" ယန်ကျင်းမှာ ငါတို့တုမိသားစုသတင်းထက် ဘာကပို နာမည်ကြီးနေလို့လဲ "


အမှန်ပင် တုမိသားစုထက် မည်သည့်မိသားစုကမှ ပို၍ အာရုံစိုက်ခံရတာမျိုးမရှိနိုင်ပေ ။


ထိုသို့ဆိုလျှင်....


ဘန်း ။


ဤအချိန်တွင် တုချန်၏ ရုံးခန်းတံခါးက ရုတ်တရက် ဖွင့်ခံလိုက်ရပြီး ရှယ်ယာရှင်အုပ်စုက ပူပန်မှုဖြင့် အလောတကြီးတစ်ဟုန်ထိုးဝင်လာကြ၏။


" ဒုတိယသခင်လေး။ အကြီးဆုံးသခင်လေးက ဘာတွေလျှောက်လုပ်နေတာလဲ "


အကြီးဆုံးအစ်ကိုလား ။


ရုတ်တရက် ဇွတ်တိုးဝင်လာသောသူများကြောင့် တုချန်ထိတ်လန့်သွား၏။


" အစ်ကိုကြီး ဘာဖြစ်လို့လဲ ။ ယွီဖုန်း ဘာတွေဖြစ်နေတာလဲ "


" ဘော့စ်..ကိုယ်ကိုယ်တိုင်ပဲ ကြည့်ကြည့်သင့်ပါတယ် "


ယွီဖုန်းပြောနေရင်း  3D ရုပ်ပုံပြ ဖန်သားပြင်ကိုဖွင့်ဖို့အတွက် တုချန်စားပွဲ၏ ထောင့်ရှိ ခလုတ်နေရာကို နှိပ်လိုက်သောအခါ ကြီးမားပြီးမြင့်မားသောနည်းပညာသုံး 3D ရုပ်ပုံပြမြင်ကွင်းက ရုံးခန်းရှိ နံရံတွင် ချက်ချင်းပေါ်လာခဲ့သည် ။


ဤအရာက ယန်ကျင်းတွင် အကြီးဆုံး သတင်းဌာနပင် ။ဤအချိန်တွင် သတင်းသမားက တုမိသားစု၏ အကြီးဆုံးသခင်လေး တုဟန်ကို အင်တာဗျူးနေပြီး တိုက်ရိုက်ထုတ်လွှင့်တင့်ဆက်နေခြင်းပင် ။ 


ကြီးမားသော ရုပ်ပုံပြမြင်ကွင်းမှတစ်ဆင့် တုမိသားစု၏ ဇိမ်ကျပြီး လှပသော ဗီလာကို မြင်တွေ့နိုင်ပြီး မရေမတွက်နိုင်သောပြည်သူတို့ကို ကြည့်ရှူစေမိသည် ။ဤတစ်ခဏတွင် ဗီလာအတွင်း အင်တာဗျူးခြင်းကို ကြည့်ရှူနေသာသူက သန်းပေါင်းများစွာ ရှိလာ၏။


သတင်းထောက် : မစ္စတာတု ၊ အခုလေးတင် မဒမ်လီပြောခဲ့တာက အမှန်ပါပဲလား ။လွန်ခဲ့တဲ့ဆယ်နှစ်ကျော် မစ္စတုအထက်တန်းကျောင်းမှာထဲက ရှင်က တစ်ဖက်သက်စိတ်ဝင်စားခဲ့တယ်ဆို ။


စုရွေ့ :....


လီမေ့ကျွမ်း : သေချာတာပေါ့ ။ ငါပြောတာအမှန်တွေချည်းပဲ ။ငါတို့မိသားစုရဲ့ ရှောင်ဝမ်က အဲ့ဒီအချိန်တုန်းက ကျောင်းရဲ့ပန်းကလေးပဲ ။ သူ့ကို ကောင်လေးတွေ အများကြီးကစိတ်ဝင်စားနေကြတာ ။


သတင်းထောက် : မစ္စတာတု  ။


စုယွေ့ : ဟုတ်ပါတယ် ၊ ကျွန်တော်က ကျောင်းရဲ့ပန်းကလေး စုကို ကြိုက်ခဲ့တာပါ


အကယ်၍ လက်ရှိကမ္ဘာ၏ ဇာတ်ကွက်ကိုပါ ထည့်တွက်လျှင် အဆင်ပြေသောကြောင့် သူဝန်ခံလိုက်သည်။ 


သူဘာများ တတ်နိုင်ဦးမည်နည်း ။


စုရွေ့၏ အဖြေကိုကြားသောအခါ အမျိုးသမီးသတင်းထောက်လည်း မှင်သက်သွားမိ၏ ။ 


ကင်မရာ၏ မှန်ဘီလူးများက စုဝမ်၏ မျက်နှာကို တိုက်ရိုက်ပဲ မြင်ကွင်းထားထား၏ ။ဤအချိန်တွင် ကင်မရာကသူမဘက်မြင်ကွင်းလှည့်လာတာကို ခံစားမိလိုက်ပြီး စုဝမ်က ဘေးတွင်ရှိသော စူးရှောင်စူးကို ဆွဲကာတီးတိုးပြောလိုက်သည် ။ သူမ မျက်လုံးကို ကျယ်ကျယ်ဖွင့်ထားပြီး စူးရှောင်စူးလက်ကိုကိုင်ကာ ကင်မရာနောက်ကွယ်ရှိ  ပရိတ်သတ်တို့ကို နှုတ်ဆက်လိုက်သည် ။


ကမ္ဘာတိုင်းရှိ မူလလူများက အလွန်ဆွဲဆောင်မှုရှိပြီး ဤကမ္ဘာရှိ မူလကိုယ်ကတော့ ဖြူစင်ပြီး နူးညံ့သိမ်မွေ့သည်ဟု ဆိုရမည် ။ယခုတွင် သူမ ဝိညာဥ်က ပြောင်းလဲသွားပြီး စုဝမ်၏ အေးစက်ကြော့ရှင်းသောအလှတရားမျိုးရှိနေသည် ။သူမ၏ ရုတ်တရက် တောက်ပသောအပြုံးက ချက်ချင်းပဲ အမျိုးသားပရိတ်သတ်များ၏ နှလုံးသားကို ဖမ်းယူလိုက်နိုင်၏။


ရုံးခန်းထဲတွင် စုဝမ်၏ အပြုံးကို တုချန်က မိန်းမောစွာ ကြည့်နေမိသည် ။


သူ၏ တက္ကသိုလ်ရှိ​ နေ့ရက်များကို ပြန်တွေးမိသောအခါ သူမ၏ ကြည်လင်ပြီး ရိုးသားသောအပြုံးတွင် ဖျတ်ခနဲ သူပျော်ဝင်သွားခဲ့ခြင်းဖြစ်၏ ။


ယခုပြန်ကြည့်လိုက်ရသောအခါ အတိတ်မှပုံရိပ်က သူ့စိတ်ထဲတွင် ထင်ထင်ရှားရှားရှိနေဆဲပင် ။အဆုံးတွင် သူမက သူ၏ အချစ်စစ် ဖြစ်ခဲ့သည် ။သူမကို လုံးလုံးလျားလျား မေ့ပစ်လိုက်ဖို့က မည်သို့ ဖြစ်နိုင်မည်နည်း ။


သို့သော်....


အစ်ကိုကြီးပြောတာတွေက တကယ်အမှန်ပဲလား ။စုဝမ်ကို သူ့ထက်အရင် အစ်ကိုကြီးကတွေ့ခဲ့တာလား။


ဤအချိန်တွင် ရုပ်သံဌာန၏ အင်တာဗျူးက ဆက်လွှင့်နေဆဲပင်...။


သတင်းထောက် : မစ္စတာတု ၊ ရှင်နဲ့ မစ္စစုက ချစ်ကြိုက်နေကြတယ်ဆိုတာ ဝန်ခံပါသလား ။ဒါဆို လွန်ခဲ့တဲ့ ရှစ်နှစ်တုန်းက သူမကို လက်ထပ်ဖို့ ခင်ဗျား ဘာလို့မရွေးချယ်ခဲ့ရတာလဲ ။ပြီးတော့ ကျွန်မတို့ဆီမှာ ရှိနေတဲ့အချက်အလက်တွေအရ လွန်ခဲ့တဲ့ ခုနှစ်နှစ်တုန်းက ရှင့်ရဲ့ ညီဖြစ်တဲ့ မစ္စတာတုချန်ကလည်း မစ္စစုကို လိုက်ခဲ့ဖူးပြီး သူမနဲ့လည်း တွဲခဲ့သေးတယ် ။ဒီကိစ္စနဲပက်သက်ပြီး ရှင်ဘယ်လိုမြင်ပါသလဲ ။


အရေးပါတဲ့အချက်က ဒါပဲ ။အရေးပါတဲ့အချက်က ဒါပဲ ။


ဤတစ်ခဏတွင် ရုပ်သံလွှင့်ဌာန၏ ဒါရိုက်တာက ကြည့်ရှူသူနှုန်း တစ်ဟုန်ထိုးမြင့်တက်နေသောကြောင့် ပျော်ရွှင်နေသော်လည်း သတင်းထောက်ကတော့ စုရွေ့၏ အေးစက်ပြီး စူးရှသော အကြည့်အောက်တွင် တုန်လှုပ်ဖြူဖျော့နေ၏ ။


ဝူး..ဝူး..ဝူး ။ မစ္စတာတုဟန်ရဲ့ အကြည့်က ကြောက်စရာပဲ ။ ဒါရိုက်တာရေ ကျွန်မအိမ်ပြန်ချင်တယ် ။


ဗီလာအတွင်းရှိ လေထုက သိပ်သည်းနေပုံရပြီး အခန်းထဲတွင် အသံတိတ်ဖိနှိပ်မှုဖြင့် ပြည့်နှက်နေ၏။


တုဟန်က ဒေါသထွက်လာပြီး အင်တာဗျူးကို အဆုံးသတ်တော့မည်ဟု အားလုံးက ထင်နေချိန်တွင် လူထုအမြင်တွင် အမြဲတင်းမာနေပြီး တည်ငြိမ်သော တုဟန်က ရုတ်တရက် စကားထပ်ပြောလိုက်၏ ။


" ကျွန်တော်က စုဝမ်ကို အမြဲသဘောကျခဲ့တာ ။ ဒါပေမဲ့ သူမကမသိဘူး ။နောက်ပိုင်းကျ ကျွန်တော့်မိဘတွေက မိန်းမယူပြီး ကလေးမွေးဖို့ပြောလာတယ် ။ကျွန်တော်သူမကို အဲ့ဒီအချိန်တုန်းက တွေးမိပေမဲ့ သူမက တက္ကသိုလ်တက်ဖို့ ဝင်ခွင့်လျှောက်ပြီးနေပြီ ။ နိုင်ငံတကာထုံးတမ်းစဥ်လာအရ အဲ့ဒီအရွယ်မှာ လက်ထပ်ဖို့ မသင့်တော်သေးဘူးဆိုတာ ခင်ဗျားတို့ သိသင့်တယ် ။ ဒါကြောင့် သူမ တက္ကသိုလ်ရောက်တော့ ဆေးစစ်ချက်စာမေးပွဲမှာ ကျွန်တော်ကတစ်စုံတစ်ယောက်ကိုရှာပြီး လှည့်ကွက်အနည်းငယ်သုံးခိုင်းလိုက်တာ ။ နောက်ပိုင်း သူမရဲ့ မျိုးဥနဲ့ ကျွန်တော်က ဆရာဝန်ကိုရှာပြီး ဖန်ပြွန်သန္ဓေယူခဲ့တယ် ။ "


သတင်းထောက် :...


အကြီးဆုံးသခင်လေးတု ၊ အဲ့လိုကိစ္စမျိုးကို ရှင်က အလေးအနက်ဖြစ်နေတဲ့ မျက်နှာထားမျိုးနဲ့ ပြောနိုင်သေးတာလား ။ 


ရှင်က တစ်စုံတစ်ယောက်ရဲ့ မျိုးဥကို ခိုးယူခဲ့တာပဲ ။ နိုင်ငံတကာ ထုံးတမ်းစဥ်လာတွေက ရှင့်အတွက် အဲ့လောက်တောင် ခက်ခဲနေလို့လား။


ဒါကြောင့် ငါတို့သေမျိုးတွေက စိတ်ခံစားချက် ပြင်းထန်နေတဲ့ မသေမျိုးတွေရဲ့ ကမ္ဘာကြီးကို ဘယ်တော့မှ နားလည်နိုင်မှာမဟုတ်ဘူး။


____


Translated By IQ-Team.🚩