အပိုင်း ၁
Viewers 15k

မင်းကဂေးလား
ချိန်းထားသည့်အချိန်ရောက်ရန် ဆယ့်ငါးမိနစ်ခန့်လိုနေသေးသည်။
ရုန်ယီ ခေါင်းကိုလှည့်လိုက်ပြီးသူ့နံဘေးမှဆိုင်၏မှန်အကာကိုကြည့်လိုက်သည်၊မှန်ပေါ်မှသူ့ပုံရိပ်ကိုပြီးပြည့်စုံစေရန် ဆံပင်နှင့်အဝတ်အစားကိုနှစ်ခါခန့်ပြုပြင်ပြီးသူအသက်ပြင်းပြင်းတစ်ချက်ရှူလိုက်၏။
စိတ်မလှုပ်ရှားနဲ့...ငြိမ်အောင်ထိန်းစမ်း...
သူ့စိတ်ထဲတွင်အသံတိတ်အော်ဟစ်လိုက်သည့်တိုင် ဆန့်ကျင်ဘက်သက်ရောက်မှုက ဂဏာမငြိမ်သောသူ့နှလုံးခုန်နှုန်းကိုပိုတိုးလာစေသည်။
သူ့စိတ်တင်းကျပ်နေသည်ကိုပိုပြေလျော့စေရန် မသိစိတ်အရသူ့လက်နှစ်ဖက်ကိုအရှေ့တွင်ထားကာ ပွတ်သပ်လိုက်သည်။ သို့​သော် သူချက်ချင်းနားလည်လိုက်သည်မှာ ၎င်းအပြုအမူကခေတ်နောက်ကျလွန်းသည်။ သူ​စောင့်​နေသည့်လူကသာ ရုတ်တရက်မြင်သွားပါက သူအမှတ်လျှော့ခံရလိမ့်မည်။
ရုန်ယီ သူ့လက်များကိုခပ်မြန်မြန်ပြန်ချလိုက်သည်။
သူအချိန်ကိုကြည့်ရန်နောက်တစ်ကြိမ် ဖုန်းကိုပြန်ထုတ်သည်။
ချိန်းထားသည့်အချိန်ရောက်ရန်ဆယ့်လေးမိနစ်သာလိုတော့သည်။
"တစ်ချက်လောက်"
ရုန်ယီ တစ်ဖက်ကိုလှည့်ကြည့်လိုက်သည်။သူ့ကိုစကားလာ​ပြောသည်က တစ်ခါမှမမြင်ဖူးသည့်ကောင်လေးတစ်ယောက်။
"ကျွန်တော်ဘက်စ်ကားစီးမလို့ပါ..ဒါပေမဲ့...ကျွန်တော်ကတ်ယူလာဖို့မေ့သွားလို့ပါ.."
​ကောင်လေးကအနည်းငယ်ရှက်နေပုံရသည်။
"ကျွန်တော်...ခင်ဗျားဆီကအကြွေနည်းနည်းချေးလို့ရမလား...ကျွန်တော် WeChat ကနေချက်ချင်းပိုက်ဆံပြန်ပေးပါ့မယ်"
ကောင်လေးမျက်နှာကစိတ်လှုပ်ရှားမှု​ကြောင့်နီရဲ​နေပြီး အနည်းငယ်ရှက်နေပုံလည်းရသည်။
"စိတ်မကောင်းပါဘူး"
ရုန်ယီ​အားနာစွာနှင့်ပြုံးပြလိုက်သည်။
"ငါ့မှာလည်းငွေသားမပါဘူး"
"အိုး...ဒီလိုလား?"
​ကောင်လေးကကြက်သေသေသွားသော်ငြား ထွက်မသွားသေးပေ။ သူ့မျက်လုံးများက တဖျတ်ဖျတ်တောက်ပနေရင်းထပ်မေးလိုက်သည်။
"တစ်ယောက်ယောက်ကိုစောင့်နေတာလား?"
"အင်း"
သူ့တုံ့ပြန်ချက်က ခြောက်တီးခြောက်ကပ်ဖြစ်သည့်တိုင်တစ်ဖက်လူက စိတ်အနှောင့်အယှက်ဖြစ်ပုံမရပေ။
"ရည်းစားလား?"
သူသာဆိုရင်...
ရုန်ယီ စိတ်ထဲမှသာသက်ပြင်းချပြီးမေးလိုက်သည်။
"မင်းနဲ့ငါဘာကိစ္စများရှိသေးလဲမေးလို့ရမလား"
ကောင်လေးက ကူကယ်ရာမဲ့နေဟန်ပေါ်သည်။ သူ့မျက်ခုံးများကိုဖြည်းဖြည်းချင်းစုကုပ်လိုက်ပြီး နှုတ်ခမ်းများကိုဖိလိုက်သည်၊သူ့ကိုကြည့်လာပြီးလေသံတိုးတိုးလေးနှင့်ဆိုသည်။
"တကယ်တော့ကျွန်တော်ခင်ဗျားဆီကဖုန်းနံပါတ်လိုချင်လို့ပါ"
ရုန်ယီက ၎င်းအဖြေအပေါ် မအံ့ဩမိချေ။
သူ အသက််ဆယ့်ရှစ်နှစ်၊ဆယ့်ကိုးနှစ်ခန့်သာရှိဦးမည့် ကောင်လေးကိုငုံ့ကြည့်လိုက်သည်။ ထိုသူက နူးညံသည့်အသွင်အပြင်၊အနည်းငယ်ကွေးနေသည့်ဆံပင်အတို၊သေးသွယ်ကြီးမားသည့်မက်မွန်ပွင့်မျက်လုံးများရှိသည်။ တစ်ကြိမ်ခန့်ကြည့်ရုံနှင့် Omega မှန်းသိနိုင်ပြီး လူများစုကအနှီသူကိုချစ်စရာကောင်းသည်ဟုမြင်ကြလိမ့်မည်။
ကောင်လေးက ရုန်ယီအမြဲမျှော်လင့်ခဲ့ဖူးသည့်ပုံစံနှင့်ပြည့်စုံသည်။
"စိတ်မကောင်းပါဘူး"
သူစိတ်ပျက်လက်ပျက်ခေါင်းခါလိုက်ပြီး တစ်ဖက်လူ၏တောင်းဆိုချက်ကိုငြင်းပယ်လိုက်သည်။
"မသင့်တော်ဘူး"
"အိုး...ကျွန်တော်နားလည်ပါပြီ"
ကောင်လေးကစိတ်ပျက်ပြီးရှက်သွားဟန်လည်းရသည်။ သူဖျစ်ညှစ်ပြုံးလိုက်ပြီး ချက်ချင်းလှည့်ထွက်သွားသည်။
"နှောင့်ယှက်မိတဲ့အတွက်တောင်းပန်ပါတယ်"
ကောင်လေး၏ပုံရိပ်လေးအမြန်ထွက်ပြေးသွားသည်ကိုကြည့်နေပြီးနောက် ရုန်ယီ စိတ်မကောင်းမဖြစ်ဘဲမနေနိုင်တော့ပေ။
သူ ထင်သာမြင်သာရှိလွန်းသည့် သည်နေရာတွင်ဆက်စောင့်နေရန်သင့်မသင့်တွေးနေစဉ် ပုခုံးပေါ်ကိုလက်တစ်ဖက်ကျလာသည့်ခံစားချက်ရလိုက်သည်။
ရုန်ယီ မသိစိတ်အရခေါင်းလှည့်ကြည့်မိသည်နှင့်တစ်ဖက်လူမျက်နှာကိုရှင်းရှင်းလင်းလင်းတွေ့လိုက်ရသည်၊ သူ၏စိတ်လှုပ်ရှားသောအမူအရာက တမဟုတ်ချင်းအစားထိုးခံလိုက်ရသည်။
"မင်း...မင်း...မင်း..ရောက်လာပြီလား"
သူအသံကပုံမှန်ထက်ပိုကျယ်လောင်နေသည်။
"မင်းသူငယ်ချင်းလား?"
တစ်ဖက်လူကသူ့ကိုသဘာဝကျစွာမှီတွယ်လာပြီး ကောင်လေးထွက်သွားသည့်ဘက်ကိုမေးငေါ့ပြသည်။
"ချစ်စရာလေးပဲ....ငါ့ကိုမိတ်ဆက်ပေးပါလား?"
"ဘာလို့ငါ့ကိုရုတ်တရက်ကြီးနေ့လည်စာကျွေးတာလဲ?"
လျိုယွမ်ကဆန့်ကျင်ဘက်တွင်ဝင်ထိုင်သည်၊ ရုန်ယီကထိုင်လိုက်သည်နှင့်ယဉ်ကျေးမှုအရ သူ့ကျောကိုဆန့်ထားလိုက်သည်။
"ငါမင်းကိုအရင်တစ်ခေါက်ကကိစ္စအတွက်ကျေးဇူးတင်ချင်လို့ပါ"
"မင်းကအရမ်းအားနာတတ်တာပဲ"
လျိုယွမ် ပြုံးလိုက်ပြီးသူ့လက်များကိုဝှေ့ယမ်းလိုက်သည်။
"ငါကမင်းကိုနည်းနည်းပဲကူညီပေးခဲ့တာပါ...စိတ်ထဲအရမ်းမထားပါနဲ့"
ရုန်ယီက ပြန်ပြုံးပြလိုက်သည်။
"ငါကတော့မင်းကိုကျေးဇူးတင်သင့်တယ်ထင်နေတုန်းပဲ"
"မင်းငါ့ကိုတကယ်ကျေးဇူးတင်ရင်...မင်းကိုလမ်းမေးသွားတဲ့ကောင်လေးရဲ့ ဖုန်းနံပါတ်ကိုငါ့အတွက်တောင်းပေး"
လျိုယွမ်က အခုထိကောင်လေးကိုမမေ့သေးပေ။
"မင်းနဲ့သူမသိကြမှန်းငါသိခဲ့ရင်ငါသူ့နောက်ကိုအရင်လိုက်မိမှာ...သူ့ပုံစံကငါသဘောကျတဲ့ပုံမျိုးပဲ"
ရုန်ယီ ဘာမှမတုံ့ပြန်မိသေး။
"အာ...ငါကနောက်တာပါ"
လျိုယွမ်တစ်ယောက် သူမပျော်မှန်းသိလိုက်၍စကားလမ်းကြောင်းလွှဲလိုက်သည်။
"တကယ်ပါ...မင်းကအဲဒီကိစ္စလေးအတွက်နဲ့ငါ့ကိုနေ့လည်စာဝယ်ကျွေးတယ်ဆိုတော့မကောင်းတာဖြစ်တော့မယ်လို့ခံစားနေရတယ်"
ပြောရကြေးဆိုတကယ်ကို အကူအညီအသေးအဖွဲလေးပင်။
တခါတရံမှာ ရုန်ယီသည်အတော်လေးနမော်နမဲ့နိုင်သည်၊ သူအလုပ်ရှင်တစ်​ယောက်၏ပါတီမှပြန်လာချိန်တွင် USB ကျန်နေခဲ့သည်။ သူသည်သူ၏​မေ့ပျောက်လွယ်မှုကို လျစ်လျုရှုကာ ဓာတ်လှေကားမှထွက်၊ကုမ္ပဏီ၏ဝင်ပေါက်ကိုလျှောက်သွားချိန် လှေကားအတက်အဆင်းများအပေါ်ခုန်ပျံကျော်လွှားလာပြီး သူ့နောက်အမီလိုက်လာသည့် လျိုယွမ်ကသူ့အားအသက်လုရှူရင်း တားနိုင်ခဲ့သည်။
တကယ်တမ်းတွင် ၎င်းကကုမ္ပဏီတွင်အလွယ်တကူရနိုင်သည့်အချက်အလက်မျှဖြစ်ကာ အတွင်းရေးလျို့ဝှက်ချက်များမပါ၍သူတမင်ထားခဲ့ခြင်းဖြစ်သည်။အရေးကြီးသည်က သည်လိုချောမော၍တက်ကြွဖျတ်လတ်သည့် Alpha တစ်ယောက်အပေါ် သူကောင်းမွန်သည့်ခံစားချက်များရှိနေသည်။
လျိုယွမ်က USB ကိုကြိုးမှတဆင့်သူ့ရှေ့တွင်လွှဲယမ်းရင်း 'ဒီမှာဘာလဲကြည့်စမ်း' ဟူ၍ ပြောလာချိန် သူ့အနားမှလောကကြီးတစ်ခုလုံးပန်းရောင်သန်းလာလျက် ကျုးပစ်များပင်အုပ်စုလိုက်သီချင်းဆိုနေခဲ့သည်။
သူကအရမ်းချောတာပဲ...အရမ်းလည်းကြင်နာတတ်တယ်...ငါသူနဲ့တွဲချင်တယ်....
ရုန်ယီမှာ မိုးပေါ်မြောက်တက်သွားသလိုပင်။ သူကုမ္ပဏီပြန်ရောက်သည့်အခါ လျိုယွမ်ကိုနောက်ထပ်ကျေးဇူးတင်ကြောင်းမေးလ်တစ်စောင်ဖြင့်ဖော်ပြပြီး ဖုန်းနံပါတ်ပါတောင်းယူခဲ့သည်။
အချိန်များကြာလာပြီးနောက် နှစ်ယောက်လုံးလုပ်ငန်းခွင်ပြင်ပ၌ပင်ရင်းနှီးနေကြသည်။
"မိတ်ဖြစ်ဆွေဖြစ်ထမင်းကျွေးတယ်လို့သဘောထားလည်းရပါတယ်"
ရုန်ယီ စားပွဲခုံအောက်မှာပင်လက်သီးကိုတင်းကျပ်နေအောင်ဆုပ်ထားမိသည်၊ သူ့နှလုံးခုန်နှုန်းကိုထိန်းချုပ်ရန် အသက်ရှူနှုန်းကိုအကောင်းဆုံးထိန်းချုပ်နေရသည်။
"အမ်..ငါတို့ကသူငယ်ချင်းတွေပဲမဟုတ်ဘူးလား?"
လျိုယွမ်က အလေးအနက်မထားသေးပေ။
"မင်းဒီနေ့ဘာလို့အရမ်းအတည်ပေါက်ကြီးဖြစ်နေတာလဲ...?ငါတောင်လန့်လာပြီ"
"ဒါဆိုမင်းငါ့ကိုတစ်ခုလောက်ဖြေပေး"
"မင်းအရင်မေး"
ရုန်ယီ သူ့မျက်လုံးထဲကိုတည့်တည့်ကြည့်လာသည်။
"မင်း...မင်းကအဲဒီလို Omega ကိုပဲသဘောကျတာလား?"
"ဘာကြီး?"
လျိုယွမ်မှာ မှတ်မိရန်အချိန်အနည်းငယ်ယူလိုက်ရသည်။
"အိုး...မင်းကခုနကတစ်ယောက်ကိုပြောချင်တာလား...?ငါကနောက်နေရုံပါ...ငါကအဲဒီလို Omega နဲ့တစ်ခါမှမတွဲဖူးဘူး"

ရုန်ယီ စိတ်သက်သာသွားသလိုသက်ပြင်းချမိသည်။
"ဘာဖြစ်တာလဲ...ရုတ်တရက်ကြီးဘာလို့ငါ့ကိုမေးနေတာလဲ...ငါ့ကိုတစ်ယောက်ယောက်နဲ့မိတ်ဆက်ပေးမလို့လား"
လျိုယွမ် စိတ်လှုပ်ရှားလာသည်။
"အဆင်ပြေပါတယ်...ဘာပဲဖြစ်ဖြစ်ကိစ္စမရှိဘူး...ကြည့်ကောင်းတဲ့လူဖြစ်ရင်ရပါပြီ"
ရုန်ယီနှလုံးသားလေးလှိုင်းထသွားပြီး စကားလုံးများကသူ့ပါးစပ်မှလွတ်ထွက်သွားသည်။
"ငါကကြည့်ကောင်းတယ်လို့မင်းထင်လား..."
လျိုယွမ် ဆွံ့အသွားသည်။
နှစ်ယောက်သား ခဏတာအပြန်အလှန်ကြည့်နေပြီးနောက် ရုန်ယီမျက်နှာနီရဲလာသည်။
"မင်းလည်းကြည့်ကောင်းပါတယ်"
လျိုယွမ် တံတွေးတစ်ချက်မြိုချလိုက်ပြီး ခုံနောက်ကျောကိုမှီလိုက်သည်။
"မင်းနောက်နေတာမဟုတ်လား?"
ရုန်ယီကိုယ်လေးက ချက်ချင်းတောင့်ခဲသွားသည်၊ သူ့ခံစားချက်များကိုဘယ်လိုဖုံးထားရမှန်းပင်မသိတော့ပေ။
"ငါ့ကိုအမြဲ Beta နဲ့မှားခဲ့ရင်တောင်..."
လျိုယွမ် လက်နှင့်ခေါင်းကိုအညောင်းဆန့်လိုက်ပြီး အကူအညီမဲ့နေပုံပေါ်သည်။
"ဒါပေမဲ့တကယ်တော့ငါ Alpha"
ရုန်ယီရှက်ရွံ့သွားသည်။
"ငါသိပါတယ်...ဒါပေမဲ့..."
"မင်းကဂေး(gay) လား?"
လျိုယွမ် မျက်လုံးများပြူးထွက်လာသည်။
"ငါ..."
ရုန်ယီ စပြီးစိတ်ဓာတ်ကျလာသည်။
"မင်းငါ့ရဲ့ WeChat ပရိုဖိုင်ကိုမမြင်ဖူးဘူးလား?"
လျိုယွမ်က မျက်တောင်ခတ်ပြီးစကားတစ်လုံးပင်မပြောတော့ပေ။
အခုတော့ သူ့ကိုကြည့်စမ်းပါဦး။ ထိုလူက သူ့ပရိုင်ဖိုင်ကိုဂရုတစိုက်မကြည့်ခဲ့ဖူးခြင်းဖြစ်မည်။ သည့်အပြင် လူအများစုကရုန်ယီနှင့်မတူညီဘဲသူတို့လိင်ခွဲခြားမှုကိုတံဆိပ်ကပ်ထားကြသည်။ ထို့ကြောင့် လူများ၏အချက်အလက်မျိုးကိုပရိုဖိုင်​ပေါ်တွင်တကူးတကရှာနေစရာမလိုပေ။
ရုန်ယီပြောလိုက်သည်။
"ငါက Alpha မဟုတ်ဘူး"
"အာ...မင်းလို Beta အချို့က..."
"ငါက Beta လည်းမဟုတ်ဘူး"
ရုန်ယီ တိတ်ဆိတ်စွာနဲ့အဝေးကိုငေးနေလိုက်သည်။
လျိုယွမ်ကပိုပြီးအံ့အားသင့်သွားသည်။
"မင်းမခွဲခြားရ​သေးဘူးလို့ငါ့ကိုမပြောနဲ့နော်"
ရုန်ယီငိုချင်လာသည်။
"ငါက Omega နဲ့မတူဘူးလား?"
လျိုယွမ်က အရူးတစ်ယောက်လိုတောင်းပန်ပြီး သူ၏ငြင်းပယ်မှုကိုယဉ်ကျေးသောစကားလုံးများဖြင့်ဖော်ပြခဲ့သည်။
အမှန်စင်စစ် ဒီလိုရလဒ်မျိုးကိုရုန်ယီမအံဩမိတော့ပေ။ သူ့တစ်သက်
နှစ်ဆယ့်ခြောက်နှစ်လုံး အကြိမ်တိုင်းသူကသာ မရေတွက်နိုင်သောလူပေါင်းများစွာကိုလိုက်ခဲ့ပြီး သူ့ဘက်မှပဲခြေလှမ်းစခဲ့သည့်တိုင် ယခုထိသူချစ်သူမရှိသေးပေ။ ကြည့်ရသည်မှာ သူသည်တစ်ကိုယ်
တည်းနေရရန် မွေးဖွားလာပုံရသည်။
သူ့ကိုလိုက်သူနှင့်သူလိုက်​နေသူက ဘယ်သောအခါမှတိုက်ဆိုင်မှုမရှိနေခြင်းမှာ အခြားအကြောင်းပြချက်မရှိ၊နှစ်ဖက်လုံးကလုံးဝဆန့်ကျင်ဘက်ဖြစ်နေခဲ့ကြသည်လေ။
သူကလေးဘဝက နူးညံကာချစ်စရာကောင်းခဲ့၍ Omega အဖြစ်ကြီးပြင်းလာသည့်အခါ အများမျှော်လင့်ထားသည့်အတိုင်းဖြစ်လာခဲ့သည်။
မျှော်လင့်မထားသည့်ဖြစ်ရပ်မှာ သူ၏အမျိုးအစားကိုခွဲခြားပြီးနောက်သူ၏ရူးလောက်သည့်မြန်နှုန်းမြင့်ဖွံ့ဖြိုးမှု၊ရှင်းပြရခက်ခဲသောထက်မြက်မှုနှင့် ကွဲပြားခြားနားသည့်ရုပ်ရည်သွင်ပြင်များပေါ် လာခဲ့သည်။
အတန်းထဲတွင် အတော်ဆုံးကျောင်းသားဖြစ်လာသည့်အခါသူ့မိဘများကသူ့ကိုဆေးရုံခေါ်သွားခဲ့သည်။ ရလဒ်ကမပြောင်းမလဲ၊စံပြ Omega သာ။
ရုန်ယီ စိတ်ရောကိုယ်ပါ စံပြ Omega အဖြစ်ခံစားရသည်။
သူငယ်စဉ်တည်းက အိပ်မက်ရှိခဲ့သည်၊အရပ်ရှည်ကြည့်ကောင်းပြီးဖော်ရွေတတ်သည့် Alpha တစ်ယောက်နှင့်မိသားစုလေးတစ်ခုတည်ဆောက်၊ ချစ်စရာကောင်းသည့်ကလေးများမွေး၍ဇနီးကောင်းတစ်ယောက်ဖြစ်ချင်သည်။ သူ့အိပ်မက်ကိုလက်တွေ့တွင်ဖြစ်လာစေရန်ဟင်းချက်ခြင်းကိုဂရုတစိုက်သင်ကြားခဲ့ပြီး ယခု မွှေးပျံ၍အရသာရှိ
သည့်ဟင်းတစ်ခွက်ကို အားစိုက်ထုတ်စရာမလိုဘဲချက်ပြုတ်နိုင်နေပြီ။
သို့သော် သူသည်အရပ်ရှည်၍ချောမောသည့်အိုမီဂါအဖြစ်ကြီးပြင်းလာသည်မှာ နှမြောစရာကောင်းလွန်းသည်၊သူ့ဟင်းချက်လက်ရာကိုမိဘများထက်အခြားသူများရှေ့တွင်ပြသရန် လုံးဝအခွင့်အရေးမရှိချေ။
သူ၏ဆွဲဆောင်မှုကိုမတွန်းလှန်နိုင်ရှာသော Omega အနည်းစုကသူ့လိင်အစစ်အမှန်ကိုသိသည့်တိုင် သူ့အပေါ် အချစ်စိတ်မွှန်နေဆဲဖြစ်လင့်ကစားသူလိုက်နေသော Alpha များက သူ့အကြောင်းသိသွားသည်နှင့်ရှောင်ပြေးသွားကြသည်။
သို့သော် အချိန်၊နေရာမရွေး ချစ်မိသွားခြင်းနှင့် မဆင်မခြင်ဖွင့်ဟဝန်ခံမိခြင်းကို သူကိုယ်တိုင်မထိန်းချုပ်နိုင်သေးပေ။
လူတစ်ယောက်နောက်လိုက်၍ အချိန်များဖြုန်းတီးနေခြင်းကမတန်သလိုခံစားရသည်ထက် စတည်းက ငြင်းပယ်ခံရခြင်းမှာပိုကောင်းသည်ဆိုသောအတွေးသည် သူ့စိတ်ထဲတွင်နက်ရှိုင်းစွာကုပ်တွယ်ထား၍ဖြစ်နိုင်သည်၊ထိုအခါမှ သူစောစောစီးစီးလက်လျှော့လိုက်နိုင်မည်။
အတော်လေး ကို့ရို့ကားယားနိုင်သောနေ့လည်စာပင်။
ငွေရှင်းသည့်အချိန် လျိုယွမ်မှာအတင်းပိုက်ဆံရှင်းပြီး​ကျေးဇူးတကြောင်းအလေးအနက်နှင့်ပြသသည်၊ထို့နောက် အလင်း၏အမြန်နှုန်းနှင့်မသွားခင် ရုန်ယီကိုတောင်းပန်သွားသေးသည်။
ရုန်ယီခမျာ ကြေကွဲဝမ်းနည်းလျက်သားဖြင့်ငိုင်တွေရင်းကျန်ရစ်ခဲ့သည်။
သူစားသောက်ဆိုင်အပြင်ဘက်ကိုထွက်လိုက်သည်၊လူများပြည့်ကျပ်နေသည့် လမ်းမဘေးတွင်ရပ်နေပြီးဆိတ်ငြိမ်မှုအတွင်း မိန်းမောနေသည်။
သူရပ်နေသည့်နေရာနှင့်မလှမ်းမကမ်းတွင် စုံတွဲတစ်တွဲက သည်းကြီးမည်းကြီးအနမ်းဇာတ်ခင်းနေသည်။ ရုန်ယီ မသင့်လျော်မှန်းသိနေသည်ကိုပင် တစ်ကြိမ်ခန့်မနေနိုင်မထိုင်နိုင်ကြည့်မိသွားသည်။
သူ ထိုစုံတွဲကိုနည်းနည်းတော့မနာလိုဖြစ်မိသည်။
သူသည် 'ဝါရင့်တစ်ကိုယ်တည်းသမား' ဖြစ်နေသသည့်အပြင် ယနေ့အထိနမ်းရန်မဆိုထားနှင့်၊ Alpha တစ်ယောက်လက်ကိုပင်မကိုင်ဖူးသေး
ပေ။
ယနေ့ခေတ် သိမ်မွေ့ပြီးချစ်စရာကောင်းသော Omega များကအမှီအခိုကင်းခြင်းနှင့်လွတ်လပ်ခွင့်ကို အလိုရှိကြောင်းကြွေးကြော်ကြသည်၊ဘယ်လိုသတ်မှတ်မှုမျိုးနှင့်မိသားစုတာဝန်များ၏ထိန်းချုပ်မှုကိုမှမခံစားချင်ကြပေ။ ရုန်ရီမှာ စိတ်မကောင်းဖြစ်မိရုံမှလွဲ၍ မတတ်နိုင်ပေ။
စုံတွဲများ၏တရင်းတနှီးချစ်ခင်ပြမှုများက တစ်ကိုယ်တည်းသမားများ
၏အထီးကျန်နှလုံးသားကို အပြင်းအထန်သောကရောက်စေသည်။
ရုန်ယီသက်ပြင်းချပြီးအကြည့်လွှဲလိုက်သည်။ အဆိုပါအတွဲနှင့်မဝေးသည့်နေရာတွင် လူတစ်ယောက်ဖုန်းရပ်ပြောနေသည်။ ရုန်ယီ ထိုသူကိုမထင်မှတ်ဘဲအကြိမ်အနည်းငယ်ခန့်ကြည့်မိပြီးသည်တွင် အကျင့်ပါနေသလိုသက်ပြင်းထပ်ချမိပြန်သည်။
ဒီလူကငါ့ထက်အရပ်ရှည်ပြီး ပိုလည်းချောတယ်၊ငါကဒီလို Alpha
နဲ့ပဲတွဲချင်တာ...
သူလမ်းဆုံရောက်ခိုက် ၎င်း Alpha နှင့်လက်ထပ်ပြီးလျှင်အချို့နေရာတဝိုက်တွင် အိမ်ဝယ်ရန်အစီအစဉ်ချထားနှင့်နေသည်။
သူ့အတွေးများက အကောင်းဆုံးကျောင်းနှင့်နီးရန်လိုသည့်အကြောင်းတွေးနေစဉ် တစ်စုံတစ်ယောက်ကအလျင်စလိုဖြင့်သူ့ကိုဝင်တိုက်သွားပြီး နောက်ပင်လှည့်မကြည့်ဘဲထွက်ပြေးသွားသည်။
သူသည် သူ့ကိုယ်သူဟန်ချက်ထိန်းရန်ရုန်းကန်နေပြီးဆယ်နှစ်အရွယ်မိန်းကလေးတစ်ယောက်က သူ့ထံပြေးလာနေသည်။ သူမကပြဲလန်နေအောင်အော်ဟစ်ငိုယိုနေသည်။
"သူခိုး..! ရပ်နေစမ်း...!"
ရုန်ယီ အမြန်လှည့်ကြည့်လိုက်သည်၊ မဝေးသေးသောပစ်မှတ်ကိုတွေ့သွားပြီး နောက်ကအမြန်ပြေးလိုက်သွားသည်။
ကျောင်းနေစဉ်က သူပြေးခုန်ပစ်အသင်းထဲဝင်ခဲ့ဖူးသည်။ သူ့ကို Omega အဖွဲ့ တာတိုအပြေးပြိုင်ပွဲဝင်များအတွင်းလိုက်မီနိုင်သူမရှိ၊ အခြားကျောင်းများ၏ယှဉ်ပြိုင်သူများထံမှ သူ၏လိင်အမ​ျိုးအစားအားလိမ်ညာထားမှုအပေါ် တိုင်တန်းချက်များတသီတသန်းများပေးပို့ခံခဲ့ရသည်။
ကျောင်းပြီးသွားသည့်နောက် သူ့အရည်အချင်းများကသံချေးကိုက်
နေပြီဟုထင်ခဲ့သည့်တိုင် သူအပြေးမြန်နေသေးသည်။ သူသူခိုးနောက်ကိုအာရုံစိုက်ပြေးလိုက်နေပြီး သူတို့ကြားရှိအကွာအဝေးကတဖြည်းဖြည်းတိုတောင်းလာသည်။
ရုန်ယီ သူခိုးကိုမီခါနီးတွင်လက်ကိုဆန့်ထုတ်ပြီးသူ့လက်မောင်းကြား
ထဲ ဆွဲသွင်းရန်ကြိုးစားသည်၊ သူမထင်ထားမိသည်က ၎င်းသည်တွေးမနေဘဲတစ်ဖက်လှည့်လာပြီးတပြိုင်တည်း သူ့ထံလက်သီးတစ်ချက်ပစ်သွင်းလာသည်။
ရုန်ယီ နောက်ဆုတ်မရတော့၍ဘေးကိုအမြန်ရှောင်တိမ်းလိုက်​သော်
ငြား ချက်ချင်းစိုးရိမ်စိတ်ကကြီးထွားလာသည်။
သူသည် အနှီသူကိုဖမ်းမိနိုင်ခဲ့သော်ငြား အနိုင်ရပါ့မလားသိချင်မိသည်။ သူသည် သူခိုးကဲ့သို့အရပ်ရှည်ပြီးသန်မာသည့်တိုင် Omega တစ်ယောက်သာ။ သူတို့နှစ်ယောက်ကြားတွင် ရုပ်ပိုင်းဆိုင်ရာကွာခြားမှုကကြီးမားနိုင်သည်။
ထိုအချိန်မှာပင် သူခိုးကဒယိမ်းဒယိုင်ဖြစ်သွားပြီး သူ့ကိုယ်သူပြန်ထိန်းလိုက်ကာ ရုန်နီမျက်နှာပေါ်နောက်ထပ်လက်သီးချက်ကိုပစ်သွင်းပြန်သည်။
တိုက်ခိုက်ရေးလေ့ကျင့်ထားမှုမရှိဘဲ ရုန်ယီမှာမသိစိတ်အရမျက်လုံးမှိတ်လိုက်ပြီး၎င်းလက်သီးချက်ကိုကာနိုင်ရန်လက်တစ်ဖက်ကိုမြှောက်လိုက်သည်။ သူခိုး၏လက်သီးချက်ပျံသန်းလာစဉ် သူ့အရှေ့တွင်တိုက်ခတ်လာသည့်လေကိုခံစားမိပြီးသူခုခံရန်ပြင်ဆင်ထားသော်ငြား ဘာမှဖြစ်မလာခဲ့ပေ။ ရုန်ယီ မျက်လုံးများကိုဖွင့်လိုက်သည်၊ လက်သီးကသူနှင့်လက်မအနည်းငယ်သာကွာတော့သည်။
လက်သီးကသူ့အပေါ်ကျမလာခဲ့ပေ၊ သူခိုးကစိတ်ပြောင်းသွားခြင်း
ကြောင့်မဟုတ်ဘဲ တစ်စုံတစ်ယောက်၏အချိန်မီလေးတားမြစ်မှုကြောင့်ဖြစ်သည်။
ယောကျ်ားတစ်ယောက်က ရုန်ယီဘေးတွင်ကျောပေးရပ်နေသည်။
သူခိုးလက်ကောက်ဝတ်ကို တင်းကျပ်နေအောင်ဆုပ်ကိုင်ထားသည်။
"ခင်ဗျား...."
ရုန်ယီပြော၍မပြီးသေးခင် ထိုသူကသူခိုးလက်ကိုနောက်ပြန်ဆွဲလိုက်၍ သူခိုးကအရှေ့ကိုယိုင်ကျလာသည်။ သူကသူခိုးနှင့်အတူပူးပေါင်းပြီးရှောင်တိမ်းပေးလိုက်ရင်း သူခိုး၏အစာအိမ်ကိုကန်ရန်သူ့ဒူးကို
မြှောက်လိုက်သည်။
စက္ကန့်အနည်းငယ်ကြာပြီးနောက် သူခိုးကမြေကြီးပေါ်တွင်မလှုပ်မယှက်လဲကာငြိမ်သက်သွားသည်။
ရုန်ယီကနေရာတွင်သာရပ်နေပြီးငေးမောနေဆဲ။
သူ့အားကယ်လိုက်သူက သူခိုးလက်ကိုသူ့ကျောတွင်အသေကပ်ထားသည်၊ ဒူးတစ်ဖက်နှင့်ကြမ်းပေါ်လှဲသိပ်လိုက်ပြီး တစ်ဖက်လှည့်လာသည်။
သူရုန်ယီကိုကြည့်ပြီး စိုးရိမ်မှုအပြည့်ဖြင့်မေးသည်။
"မင်းအဆင်ပြေရဲ့လား"
ရုန်ယီ အနှီသူမျက်နှာကိုကြည့်ပြီး မှင်သက်သွားသည်။
အိုး....သူပဲ...
မကြာသေးခင်က သူသည် သူနှင့်အနှီသူတို့၏ကလေးတွေနှင့်သူတို့
ရှိသင့်သည်နာမည်များအကြောင်း စဉ်းစားလာပြီး သူတို့ကြီးလာသည့်အခါ တက်သင့်သည့်ကျောင်းကိုပါစဉ်းစားနေခဲ့သည်။
အသည်းကွဲနေတာကိုကုစားဖို့ ပိုကောင်းတဲ့ဆေးရှိသေးလား....
ရုတ်ချည့် ရုန်ယီပတ်လည်မှလောကကြီးတစ်ခုလုံးမှာ ကျုးပစ်
များအုပ်စုဖွဲ့၍ကောင်းချီးတေးဆိုနေခြင်းနှင့်အတူ ပန်းရောင်ပူဖောင်းများပြည့်နှက်သွားသည်။
ဘုရားရေ၊ ဒီလူကအရမ်းချောပြီးသဘောကောင်းတာပဲ၊ ငါသူနဲ့တွဲချင်တယ်။
.
စာရေးသူမှာပြောစရာရှိတယ်
1. ABO type တွေကိုသူတို့ရဲ့အသွင်အပြင်ကွဲပြားမှုကြောင့်အ
လွယ်တကူခွဲခြားနိုင်ပါတယ်။ လက်တွေ့ဘဝမှာလိင်နှစ်မျိုးကိုပုံမှန်
ခွဲခြားနိုင်သလိုပဲ၊ Relationship တစ်ခုတည်ဆောက်တဲ့အခ
ရုန်ယီလိုလူတွေကသနားစရာကောင်းကြပါတယ်။
2. ရုန်ယီတို့ကမ္ဘာကဆေးပညာတိုးတက်ပါတယ်။ ဆေးရုံတွေမှာကာလရှည် ထိန်းချုပ်ဆေးတွေကိုပုံမှန်ရနိုင်လို့ သူတို့ကိုယ်ပေါ်ကအနံ့ကိုဖုံးအုပ်ထားနိုင်တယ်။ ဒါကြောင့် မေထုန်မှီဝဲသည့်ကာလကကျပန်းမဖြစ်နေပါဘူး။
3. ဖယ်ရိုမုန်းတွေကိုလူကြားထဲထုတ်လွှတ်တာက ဥပဒေကိုချိုးဖောက်တာဖြစ်ပြီး ထုတ်လွှတ်တဲ့သူကဖမ်းဆီးခံရနိုင်ပါတယ်။