Chapter 149
Viewers 8k

🚩Chapter -149

 Arc_7.နေရာလွဲမှားနေသောသမီး [ 15 ]


_____


“သူဘာလုပ်ခဲ့လဲ အန်တီသိတယ်ပေါ့”


စုရွေ့၏မေးခွန်းကိုကြားသောအခါ ဝမ်ရှူးကျယ်က မျက်လွှာချလိုက်မိပြီး သူမမျက်နှာပေါ်မှ အမူအရာများက ရှုပ်ထွေးသွားသည်။ 


“အဲ့ဒီ့ကလေး စုယွီက သနားစရာကောင်းတဲ့ကလေးပါ…သူဘာလုပ်နေတယ်ဆိုတာ အန်တီသိ…ဟင်း”


ဝမ်ရှူးကျယ်က သက်ပြင်းချ၍ ဆက်မပြောတော့ပေ။ ယခုအချိန်၌ သူမ၏ “အသိအမှတ်ပြုထားသည့် သားမက်” အရှေ့တွင် ထိုကဲ့သို့သော အကြောင်းအရာကို ပြောခြင်းကထူးဆန်းလိမ့်မည်ဟု ခံစားမိသောကြောင့်ဖြစ်နိုင်သည်။ သူမခင်ပွန်း၏တူက သူမအပေါ်တွင် အမျိုးမျိုးသော လိုချင်တပ်မက်စိတ်များရှိခဲ့၏။ ထိုကဲ့သို့သော ကိစ္စမျိုးကို ဝမ်ရှူးကျယ်လို အမျိုးသမီးတစ်ယောက်က သိနေလျှင်တောင် မည်သူ့ကိုမှ ထုတ်ပြောလိမ့်မည်မဟုတ်။ 


ယနေ့တွင် စုရွေ့ကို ထုတ်ပြောရသည့်အကြောင်းအရင်းမှာ စုရွေ့က အမှန်တရားကို သိနေပြီးဖြစ်သည်ဟု ဝမ်ရှူးကျယ် ခံစားမိသောကြောင့်ဖြစ်သည်။ 


ဤလူငယ်လေး၏ မျက်လုံးများက လူသားများ၏ စိတ်နှလုံးထဲသို့ ထိုးထွင်းသိမြင်နိုင်စွမ်းရှိ၏။ 


ဝမ်ရှူးကျယ်က စုယွီအကြောင်းကို ထပ်မပြောချင်တော့မှန်း ခံစားမိသောကြောင့် စုရွေ့လည်း မေးခွန်းမေးမြန်းခြင်းကို ရပ်တန့်လိုက်သည်။ သူကသွေးများပြည့်နေသော ဖန်ခွက်ကို ကုတင်ဘေးရှိ စားပွဲပေါ်သို့တင်လိုက်၏။ ထို့နောက် လက်ဖဝါးကို ခွက်ပေါ်တွင်ထားလိုက်၍ ချီများကို စုကာ လက်ဖဝါးမှ အတွင်းအားများ ထုတ်လွှတ်လိုက်သည်။ ခွက်အပြည့်ဖြစ်နေသော သွေးများက သာမန်မျက်စိနှင့်မြင်နိုင်သည့်နှုန်းဖြင့် ချက်ချင်းအငွေ့ပျံသွားတော့သည်။


ဝမ်ရှူးကျယ်က သိပ္ပံနည်းပညာကိုကျော်လွန်နေသည့် ထိုကဲ့သို့သော အချင်းအရာကိုမြင်လိုက်ရသောအခါ ပထမတွင် မှင်သက်နေမိသည်။ ထို့နောက် စုရွေ့၏ ဖြူဖျော့နေသည့်မျက်နှာကို သတိထားကြည့်လိုက်မိ၏။ ထိုကလေး၏ မျက်လုံးထဲတွင် နူးညံ့သိမ်မွေ့နေသည့်လေးစားအားကျမှုတို့ အနည်းငယ်ရှိနေသည်။ 


ထိုကလေးက သူ၏ “ထူးခြားသည့်စွမ်းရည်” ကိုသူမအရှေ့တွင် ချပြရုံသာမက စုယွီ သူမကိုယ်ထဲသို့ ထိုးသွင်းခဲ့သည့် အဆိပ်အတောက်အားလုံး၏ အထောက်အထားများကိုပါ ရည်ရွယ်ချက်ရှိရှိ ဖျောက်ဖျက်ပေးခဲ့သည်။ ဤသည်က ဝမ်ရှူးကျယ်အတွက် ရုပ်ဖျက်ထားသည့် အကာအကွယ်တစ်ခုပေးလိုက်သလိုပင်။ 


သေချာပေါက် သူလုပ်နေသည့်အရာအားလုံးမှာ သူမက သူ့အတွက် အရေးပါသောကြောင့် မဟုတ်ပေ။ 


အရာအားလုံးကို သူက ရှောင်ဝမ်ကြောင့်သာ လုပ်နေခြင်းဖြစ်သည်။ 


သူက ရှောင်ဝမ်ကိုချစ်မြတ်နိုးပြီး သူမနှင့်ပတ်သက်သည့်အရာအားလုံးကိုလည်း ချစ်သည်။ ထို့ကြောင့်သာ သူမစိတ်ဝင်စားသည့်အရာအားလုံးကို အကောင်းဆုံး ကြိုးစားလုပ်ကိုင်နေခြင်းဖြစ်၏။ 


ဝမ်ရှူးကျယ်က သူမစိတ်ပူနေခဲ့သည့်သမီးလေး နောက်ဆုံးတွင် ကောင်းမွန်သည့်ခိုနားရာအိမ်လေးတစ်လုံး ပိုင်ဆိုင်သွားပြီဖြစ်ကြောင်းတွေးမိသောအခါ မျက်နှာတွင် နူးညံ့ညင်သာသည့်အပြုံးလေးဖြစ်ပေါ်လာသည်။ 


စုရွေ့ကအားလုံးပြီးစီးသွား၍ ဝမ်ရှူးကျယ်ကိုကြည့်လိုက်သောအခါ သူမက ကုတင်ခေါင်းရင်းတွင် မှီပြီး သူ့ကို ညင်သာစွာကြည့်နေကာ နှုတ်ခမ်းထောင့်လေးများကလည်း ကွေးတက်နေတာကို တွေ့လိုက်ရသည်။ အခန်းထဲတွင် ပြတင်းပေါက်များကိုဖွင့်မထားပေ။ သို့သော် ယခုအချိန်တွင် ဝမ်ရှူးကျယ်၏ ခန္ဓာကိုယ်က နေရောင်ခြည်အနွေးဓာတ်များ ထုတ်လွှင့်နေသကဲ့သို့ပင်။


နောက်ဆုံးတွင် ငယ်ငယ်တည်းကပင် မိဘများကို ဆုံးရှုံးသွားသော စုယွီက ဝမ်ရှူးကျယ်အပေါ် ဘာကြောင့် လိုချင်တပ်မက်မိကြောင်းနှင့် ဝမ်ရှူးကျယ်၏ ချောမောမှုများကို အပြည့်အဝ အမွေဆက်ခံထားသည့် ကျန်းယိုက ဘာကြောင့် ယောက်ျားများကြားတွင် ရေပန်းစားကြောင်း စုရွေ့သဘောပေါက်သွားတော့သည်။ 


အမျိုးသမီးဇာတ်လိုက်၏ အရောင်အဝါများက သူမ၏အမေထံမှ အမွေဆက်ခံခဲ့ခြင်းဖြစ်သည်။ သို့သော် ဝမ်ရှူးကျယ်က စာပေလိုက်စားသည့်မိသားစုမှ မွေးဖွားလာခဲ့သည်။ ကျန်းယိုက ဝမ်ရှူးကျယ်၏အရိုးထဲမှ ဆက်ခံခဲ့သော ကောင်းမွန်သည့်အမူအကျင့်များနှင့် နူးညံ့ညင်သာမှုများကို အမြဲတမ်းအကူအညီများပေးပြီး ဖော်ပြရန်ကြိုးစားသော်လည်း ဝန်ထိုးဝန်ပိုးအဖြစ်သာအဆုံးသတ်သွားမြဲဖြစ်သည်။ သူမ၏ ဦးနှောက်ကို အသုံးမပြုသည့် အမျိုးသမီးဇာတ်လိုက်က ဝမ်ရှူးကျယ်နှင့် လုံးဝယှဥ်မရချေ။ 


“ကောင်းပြီ”


သူ့အတွေးများကို ရုတ်သိမ်းလိုက်ရင်း စုရွေ့က ဝမ်ရှူးကျယ်ကို ပြုံးပြလိုက်သည်။ 


“အန်တီ ကျွန်တော် သူတို့ကို အထဲဝင်လာဖို့ ခေါ်လိုက်မယ် ဦးလေးစုက အပြင်မှာ စိတ်ပူပြီးစောင့်နေတာ”


စုရွေ့က အိပ်ခန်းတံခါးဆီသို့ သွားလိုက်၏။ သူကညင်သာစွာဖွင့်လိုက်ရာ အပြင်ဘက်မှ လူအားလုံးကို သူ့ကို ကြည့်လာကြသည်။


စုရွေ့၏မျက်နှာက အနည်းငယ်ဖြူဖျော့နေသည်ကိုကြည့်ရင်း စုဝမ်က ချက်ချင်းအရှေ့တိုးလာပြီး သူ့လက်ကို စိုးရိမ်တကြီးကိုင်လိုက်သည်။ 


“ရှင်အဆင်ပြေရဲ့လား”   


“ကိုယ်အဆင်ပြေတယ်”


စုရွေ့က စုဝမ်ကိုပြုံးပြလိုက်ပြီး ခေါင်းမော့၍ စုဟိုင်ချန်းကိုကြည့်လိုက်သည်။


 â€œá€Śá€¸á€œá€ąá€¸á€…ု အန်တီနိုးနေပြီ ဘာလို့မြန်မြန်လေးသွားမကြည့်တာလဲ”


ဘာပြောတယ်….


စုဟိုင်ချန်းက စုရွေ့ကို မယုံနိုင်မှုများစွာဖြင့်ကြည့်လိုက်ပြီးနောက် အခန်းထဲသို့ အလောတကြီးဝင်သွားတော့သည်။ စုဟိုင်ချန်းအနောက်တွင် စုရွေ့က လက်မြှောက်၍ တံခါးပိတ်လိုက်သည်။


“သူတို့ကိုမနှောင့်ယှက်တာ ကောင်းလိမ့်မယ်”


ပြောပြီးသည်နှင့် စုရွေ့က ယိမ်းယိုင်သွားကာ သူ့တစ်ကိုယ်လုံးက စုဝမ်ရင်ခွင်ထဲသို့ ပုံကျသွားလေသည်။


“စု…. ရှောင်းချီ”


စုဝမ်က ထိတ်လန့်မှုကြောင့် ဖြူဖျော့သွားကာ ချက်ချင်းစုရွေ့ကို ကူတွဲထားလိုက်သည်။ 


“ရှင်…ကျွန်မကို မခြောက်စမ်းနဲ့”


“ကိုယ် ပင်ပန်းသွားလို့ပါ”


စုရွေ့က ခေါင်းလေးကို စုဝမ်၏ ကိုယ်သင်းနံ့လေးသင်းပျံ့နေသည့် ပခုံးပေါ်တွင် မှီထားလိုက်ပြီး သူ့အသံကမူ အားနည်းနေသည်။ 


“ဇနီးလေး ကိုယ်ခဏနားရအောင် မင်းအခန်းကို ခေါ်သွားပေးပါလား”


“ကောင်းပြီ‌ ကောင်းပြီ”


စုဝမ်က ချက်ချင်းလှည့်လိုက်ပြီး စုရွေ့ကိုတွဲ၍ သူမအခန်းဆီသို့သွားလိုက်သည်။ ကျန်းယိုနှင့် လော့ယွီကတော့ အပြင်ဘက်တွင် ကျန်နေခဲ့ပြီး လုံးလုံးလျစ်လျူရှုခံလိုက်ရလေသည်။ 


စုဝမ်၏အိပ်ခန်းက ဝမ်ရှူးကျယ်၏ အိပ်ခန်းနှင့် သိပ်မဝေးပေ။ စုဝမ်နှင့် စုရွေ့ကို ကြိုးစား၍တွဲလာရင်း လှည့်ပြီး တံခါးပိတ်မည့်အချိန်တွင် စုရွေ့က ရုတ်တရက် သူမကိုယ်ပေါ်သို့ လဲကျလာသည်။ ရလဒ်အနေနှင့် နှစ်ယောက်လုံးက သားမွေးကော်ဇောပေါ်သို့ လဲကျသွားလေသည်။


စုဝမ်က သိပ်နာမသွားသော်လည်း နှစ်ယောက်၏ နှာခေါင်းများက ဝင်ဆောင့်မိသွားသည်။ ၎င်းက စုဝမ်ကို မူးဝေသွားစေသော်လည်း စုရွေ့၏ခန္ဓာကိုယ်ကိုသာ သူမ စိတ်ပူမိသည်။ 


“ရှင်အဆင်ပြေရဲ့လား”


သူမက သူမကိုယ်ပေါ်မှ ယောက်ျားကို စိုးရိမ်တကြီးကြည့်လိုက်သည်။ 


အနီရောင်သွေးစက်များက စုဝမ်၏ မျက်နှာပေါ်သို့ ကျလာ၏။


“ရှင်နှာခေါင်းသွေးလျှံနေတယ်”


စုဝမ်ကရုန်းကန်လိုက်ပြီး စုရွေ့၏ခန္ဓာကိုယ်အောက်မှ ထွက်ရန် ကြိုးစားလိုက်သော်လည်း ရုတ်တရက် စုရွေ့က ခေါင်းငုံ့ကာ စုဝမ်ကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်လာသည်။


 â€œá€‡á€”á€Žá€¸á€œá€ąá€¸ မလှုပ်နဲ့နော် ဟုတ်ပြီလား မင်းကို ခဏလေးဖက်ထားလိုက်ရင် ကိုယ်အဆင်ပြေသွားမှာ”


စုရွေ့၏ ခန္ဓာကိုယ်တစ်နေရာမှ ပြောင်းလဲမှုကို ခံစားလိုက်ရသောကြောင့် စုဝမ်၏မျက်နှာက ချက်ချင်းနီမြန်းသွားလေသည်။ 


အချိန်မရွေး နေရာမရွေး မာနေတယ်ပေါ့လေ…ဒီအရည်အချင်းကို ဘယ်ကနေရလာတာလဲ စစ်သူကြီးစု…။


_


🚩