Chapter 41
Viewers 5k

👾Chapter 41

လမ်းခွဲစကားမပြောရက်နိုင်ဘူး 



အယ်လ်ဖာနှင့် ဘီတာ အုပ်စုနှစ်စုပါ၀င်သည့် ပထမဆုံးအကြိမ် လေ့ကျင့်မှုသည် အင်ပါယာ၏ပိုင်နက်အနီးနားရှိ နယ်စပ်ဒေသထဲတွင် ရှိနေဆဲဖြစ်‌‌သော်လည်း ဟင်းလင်းပြင်ဖြစ်၍ လုံခြုံသည်ဟု မဆိုနိုင်ချေ။ 


ဗိုလ်မှူးများသည်လည်း ကွင်းပြင်ဆီသို့ ကိုယ်တိုင်သွားရောက်ရန် မလိုအပ်ဘဲ ၎င်းတို့သည် ရှေ့တန်းနှင့် အနီးကပ်ဆက်သွယ်မှုကို ထိန်းသိန်းရန်သာ လိုအပ်သည်။


ကျီမုန့်က သူ့အဖွဲ့ဆီသို့ ပြန်ရောက်ချိန်တွင် သူက ဤပုံစံအတိုင်း ပြန်လှည့်ကြည့်နေဆဲဖြစ်ပြီး ရဲ့လင်က သူ့ကို လက်ဝှေ့ယမ်းပြနေသည်။ 


လုအန်းဟယ်သည်လည်း သူ့ကို မျက်စိမှေးကာကြည့်နေပြီး နှုတ်ခမ်းလှုပ်ရှားမှုပုံစံကို နှိုင်းယှဉ်ကြည့်သော်လည်း မည်သည့်ကုဒ်စလုံးများပြောနေသည်မှန်း မသိနိုင်ချေ။


ထိုအခိုက်တွင် လင်းဟန်သည် မက်ခါခန်းထဲတွင် သူ ကြားခဲ့သည့် သီချင်းအား ရုတ်တရက် သတိရသွားသည်။


လင်းဟန် သူ(ကျီမုန့်) သီဆိုနေသည့် လူငယ်များမှာ မည်သူ့အားရည်ညွှန်းသည်ကို မသိသော်လည်း အနည်းဆုံးတော့ ယခုအခိုက်အတန့်တွင် သူတို့အားလုံးသည် အချင်းချင်း၏လူငယ်ဘ၀၌ ပါဝင်နေကြသည်။


****

အယ်လ်ဖာနှင့်ဘီတာအုပ်စုများကို ပိုင်းခြားထားပြီး ချီကျားမူကို အယ်လ်ဖာအုပ်စုတွင် ထည့်သွင်းထားကာ သမားရိုးကျအဖြစ်ဆုံးသော QT မက်ခါကိုပေးအပ်ထားသည်။ မက်ခါများအားလုံးမှာ တူညီမှုမရှိကြသော်လည်း တရားမျှတမှုရှိစေရန်အတွက် မက်ခါ၏လုပ်ဆောင်နိုင်စွမ်းတွင် ကြီးကြီးမားမား ကွာဟမှုမရှိပေ။ ထို့အပြင် အဓိကစမ်းသပ်စစ်‌ဆေးမှုမှာ  ပိုင်းလော့(မောင်းနှင်သူ)များကိုယ်တိုင်၏ လုပ်ဆောင်မှုလယ်ဗယ်ကို ဖြစ်ပေသည်။


ကျီမုန့်သည် ၎င်း၏ " ဘယ်ရီသီးနီ " အသစ်စက်စက်ကို ပြန်လည်စတင်ခဲ့ပြီး အယ်လ်ဖာနှင့်ဘီတာအဖွဲ့များကို ခေါင်းဆောင်ပိုင်းလော့အဖြစ် အသင့်အနေအထားတွင် ဦးဆောင်လိုက်သည်။


ဘယ်ရီသီးနီ၏ ယခုတစ်ကြိမ် မစ်ရှင်သည် လေ့ကျင့်ရေးအခြေအနေအား အနီးကပ်အနေဖြင့် အချိန်နှင့်တစ်ပြေးညီ အစီရင်ခံခြင်းအပြင် အယ်လ်ဖာ နှင့် ဘီတာအုပ်စုများအား နှောင့်ယှက်ရသည့်တာဝန်ရှိသည်။ ၎င်း၏မက်ခါသည် မည်သည့်အုပ်စုနှင့်မျှ မသက်ဆိုင်သော်လည်း အကယ်၍ " ဘယ်ရီသီးနီ " ကို ဗုံးအတုဖြင့် အောင်မြင်စွာ ထိမှန်နိုင်သည့် မည်သည့်အုပ်စုမဆို တိုက်ခိုက်မှု ထိမှန်သည်ဟု ဆုံးဖြတ်ပေမည်။ အဆိုပါအုပ်စုသည် အပိုအမှတ်များ အများအပြားကို ရရှိနိုင်သည်။


သို့သော် ယေဘူယျအားဖြင့် လူတော်တော်များများသည် ယင်းအပိုအမှတ်ကို မရရှိနိုင်ကြချေ။ နောက်ဆုံးတွင် ယင်းသည် ၎င်းတို့၏ လက်တွေ့ လေ့ကျင့်ရေးဆင်းမှုမှာ ပထမဆုံးအကြိမ် ပါဝင်ကြခြင်းဖြစ်သည့်အတွက် ပါးလွှာသည့်လေထုနှင့်ဆွဲငင်အား၌ တာ၀န်ကို ပြီးမြောက်လျှင်ပင်  ကောင်းမွန်နေပေပြီ။ အတော်များများသည် ဘယ်ရီသီးနီ နောက်သို့ လိုက်လံမတိုက်ခိုက်နိုင်ကြသဖြင့် အပိုဆုများမရရှိကြချေ။


အယ်လ်ဖာနှင့်ဘီတာအုပ်စုများ နေရာယူထားသဖြင့် ကျီမုန့်သည်လည်း သူ၏ နေရာဆီသို့ ပြန်သွားလိုက်သည်။


သူက ဆက်သွယ်ရေးစက်မှတဆင့် စစ်သင်္ဘောဆီ အစီရင်ခံသည်။ 


" ဘယ်ရီသီးနီ K1၊ မောင်းနှင်သူ ကျီမုန့် ၊ အဆင်သင့်ဖြစ်ပါပြီ "


" စစ်သင်္ဘောဒုကပ္ပတိန် ယဲ့လင် အဆင်သင့် ဖြစ်ပါပြီ "

(ရှေ့အပိုင်းမှာ ရဲ့ လို့သုံးထားမိပါတယ် ပြင်ဖတ်ပေးပါဦး sorry ပါ🙏)


" စစ်သင်္ဘောကွပ်ကဲရေးမှူး လုအန်းဟယ်အဆင်သင့်ဖြစ်ပါပြီ "


"  မက်ခါဌာနခွဲ၊ လင်းဟန်၊ အဆင်သင့်ဖြစ်ပါပြီ "


…


နေရာများအားလုံးမှ တစ်ယောက်ပြီးတစ်ယောက် အစီရင်ခံလာကြပြီး ဆက်သွယ်ရေးစက် ခဏတာ တိတ်ဆိတ်သွားပြီးနောက် အေးစက်သောအသံတစ်ခု ထွက်ပေါ်လာသည်။


" ဗိုလ်ချုပ် ဟယ့်ယွင်ထင်။ လေ့ကျင့်မှု စတင်ပါ "


ပိုင်းလော့အုပ်စုနှစ်ခုလုံး ထွက်ခွာသွားကြသည်။ အချို့မှာ ဤနေရာ၏ပြင်းထန်သော အလေးချိန်ကင်းမဲ့မှုကို  ချက်ချင်း လိုက်လျောညီထွေမလုပ်နိုင်ကြသးပေ။ အင်ဂျင်ကိုစတင်ပြီးနောက်တွင် ကောင်းမွန်စွာ မပျံသန်းနိုင်သောမက်ခါ နှစ်ခု သို့မဟုတ် သုံးခုပင်ရှိကာ ယိမ်းယိုင်နေပြီး ပြုတ်ကျလုနီးပါးဖြစ်နေသည်။


အချို့သော ထူးချွန်သည့်ပိုင်းလော့များသည် တစ်ကြိမ်တည်းဖြင့် အောင်မြင်သွားကြပြီး ၎င်းတို့၏မက်ခါများသည် မြေပြင်မှ ထွက်ခွာသွားကာ အရှိန်နှုန်းမြှင့်စွာဖြင့် ပစ်မှတ်ဆီသို့ စတင်ရွေ့လျားနေကြသည်။


စစ်သင်္ဘောပေါ်တွင် လူတိုင်းသည် ပိုင်းလော့များ၏ လှုပ်ရှားမှုတိုင်းကို စိုက်ကြည့်နေကြသည်။


၀မ်ထျန်းယောင်လည်း ရှိနေသော်ငြား လေ့ကျင့်‌ရေးကို အနှောင့်အယှက်မဖြစ်စေရန်အတွက် တိတ်တိတ်ဆိတ်ဆိတ်သာ ကြည့်ရှုနေပြီး အသံမထွက်ချေ။


' ဘယ်ရီသီးနီ ' သည် အုပ်စုနှစ်စု၏  လုပ်ဆောင်ချက်ကို စောင့်ကြည့်ရင်း  လုံခြုံသောအနေအထားသို့ မြင့်တက်သွားပြီး စစ်သင်္ဘောသို့ သတင်းပို့လာသည်။


" အုပ်စုနှစ်စု ဆုံမိတော့ပါမယ်။ အုပ်စု A မှ တစ်ယောက်က တစ်ယောက်တည်းနဲ့  အခြားတစ်ယောက်ကို ဖယ်ရှားလိုက်ပါပြီ။ အုပ်စု B မှာ ပိုင်းလော့နှစ်ယောက်က ကိုယ်လက်မအီမသာဖြစ်မှုကြောင့် ကြားနေပြုမူနေပါတယ်။ အစီရင်ခံစာ ပြီးဆုံးပါပြီ "


" ရော်ဂျာ၊ မစ်ရှင်ဆက်လုပ်ပါ " လုအန်းဟယ်က ပြန်ပြောသည် ။


အချိန်တိုအတွင်း လိုက်လျောညီထွေဖြစ်ပြီးနောက် မကြာမီတွင် အုပ်စုနှစ်စုသည် ပေါင်းစည်းသွားကြသည်။ အချို့အဖွဲ့ဝင်များသည် ၎င်းတို့ကို အခြားတစ်ဖက်မှ ဘေးနှစ်ဖက်ညှပ်ရင်း မက်ခါတစ်ခု သို့မဟုတ် နှစ်ခုကို ခိုးယူရန် ကြိုးပမ်းခဲ့ကြသည်။


သင်၏အုပ်စုကို ဤစစ်‌ရေးလေ့ကျင့်မှုတွင် အောင်မြင်အောင် ဦးဆောင်နိုင်သရွေ့ နည်းဗျူဟာအားလုံးကို ခွင့်ပြုထားလေသည်။


အုပ်စု Bကို ဦးဆောင်နေသော မက်ခါသည် အုပ်စု B နှင့် ဝေးကွာရန် ၎င်း၏ရေဒါစနစ်ကို ပိတ်ပစ်ရန် ကြိုးစားနေသည့် အုပ်စု A ရှိ မက်ခါတစ်ခုကို တွေ့ရှိလိုက်သည်။


 á€•á€­á€Żá€„á€şá€¸á€œá€ąá€Źá€ˇá€žá€Šá€ş လျှပ်တပြက် ဆုံးဖြတ်ချက်တစ်ခုချကာ ၎င်း၏ ဒုန်းသေနတ်ကို ထုတ်လိုက်ပြီး အခြားအုပ်စုကို ဆက်တိုက် တိုက်ခိုက်သည်။


အုပ်စု A ၏မက်ခါသည် တန်ပြန်တိုက်ခိုက်ရန် ကြိုးပမ်းသော်လည်း  ပိုင်းလော့သည် အလွန်ကျွမ်းကျင်ခြင်းမရှိသောကြောင့် သို့မဟုတ် အမှားလုပ်မိသွားသောကြောင့်  ဖြစ်ကောင်းဖြစ်နိုင်စွာ ရှောင်တိမ်းရန် ကျရှုံးသွားသည်။ ခံစစ်ဒိုင်းကာကိုလည်း တပ်ဆင်ထားခြင်းမရှိသောကြောင့်  ၎င်းကို အုပ်စု B ၏မက်ခါမှ ထိမှန်နိုင်ခဲ့ခြင်း ဖြစ်နိုင်သည်။ သတ်ဖြတ်နိုင်စွမ်းမရှိသောကျည်ဆန်တုသည် သတ္တုမျက်နှာပြင်ကို ထိသောအခါ ညင်သာသောအသံထွက်ပေါ်ပြီးနောက် အုပ်စု A၊ မက်ခါ၏မျက်နှာပြင်ပေါ်တွင် ပွင့်ထွက်သွားသည်။


" အုပ်စု A၊ M15၊ ထုတ်ပယ် "


M15 ပေါ်ရှိ ပိုင်းလော့သည် မက်ခါလက်မောင်းကို မြှင့်တင်လိုက်ရုံသာရှိသေးပြီး ကြေညာချက်မထုတ်ပြန်မီတွင် ကျည်ဆန်တစ်လက်ကိုပင် မပစ်နိုင်‌ သေးသော ဤကဲ့သို့‌အခြေအနေတွင် ထုတ်ပယ်ခံရရန် မမျှော်လင့်ထားခဲ့ချေ။


M15 ၏ ပိုင်းလော့သည် နှေးကွေးသောဆင်းသက်မှုဖြင့် ကိုယ်တိုင် နုတ်ထွက်ခဲ့ပြီး အုပ်စု B က ၎င်း၏ အောင်မြင်မှုအတွက် အပိုမှတ်ရရှိသွားသည်။


အုပ်စု B ပိုင်းလော့သည် မက်ခါလက်မောင်းကို ထိန်းညှိလိုက်ပြီး လက်သီးဆုပ်သည့်ပုံစံလုပ်လိုက်သည်။


" ဒီတစ်ခါတော့ နည်းနည်းပြင်းထန်တယ် " 


လုအန်းဟယ်သည် ၎င်း၏ ကိရိယာများကို ထုတ်ယူသွားသော M15 ကို ကြည့်လိုက်သည်။


တစ်ချိန်တည်းမှာပင် အုပ်စု B ပိုင်းလော့သည် နောက်ပြန်လှည့်ကာ  ပျံသန်းလာပြီး ကံကောင်းစွာနှင့် ' ဘယ်ရီသီးနီ ' ကို ဘေးဘက်တွင် တွေ့လိုက်ရလေသည်။ မက်ခါသည် ချက်ချင်းပင် ၎င်း၏စွမ်းအင်ကို ပြန်လည်အားဖြည့်လိုက်ပြီး ယခင်နည်းလမ်းအတိုင်း အသုံးပြုကာ ဘယ်ရီသီးနီကိုထိမှန်စေပြီး အပိုအမှတ်များရယူရန် ကြိုးပမ်းလိုက်သည်။


သို့သော် ကျီမုန့်သည် M15 ကဲ့သို့ စစ်သားသစ်တစ်‌ယောက်မဟုတ်။ သူသည် သူ့ပြိုင်ဘက်၏ ရည်ရွယ်ချက်များကို သိရှိထားပြီး လေထဲသို့ ကျရောက်လာသောကျည်ဆန်တုများကို အလွယ်တကူ ရှောင်ရှားနိုင်သည်။


ထို့နောက်မှာတော့ အုပ်စု B မက်ခါမှာ  မည်မျှပင်ခက်ခက်ခဲခဲ ကြိုးစားနေစေကာမူ သူ့အား အနည်းငယ်မျှပင် မတိုက်ခိုက်နိုင်ချေ။


ယဲ့လင်က မရယ်ဘဲ မနေနိုင်ချေ။ 


" လူဟောင်းက လူသစ်တွေနဲ့ ကစားနေတာ ဘယ်လိုခံစားရလဲ "


" ဒီအချိန်က တစ်နှစ်တာရဲ့ သူအကြိုက်ဆုံးကာလမဟုတ်ဘူးလား " 

လုအန်းဟယ်က  ပြောသည်။


" သူ့ကို ထိနိုင်တဲ့သူ သိပ်မရှိပေမဲ့ သူတို့တွေက အပိုအမှတ်တွေရချင်လို့ နောက်ဆုံးမှာ လှည်းကို မြင်းရှေ့မှာတင်ပြီး တခြားသူတွေက သူတို့ပိုင်တာကို ခိုးသွားကြတယ်။ ဒီလိုဒရာမာမျိုးကို နှစ်တိုင်းတွေ့နေရလို့ အရမ်းရိုးနေပြီ "

[T/N - အရေးမကြီးတာကိုအရင်လုပ်တာကိုပြောတာပါ ]


သို့သော် ယခုတစ်ကြိမ်တွင် အုပ်စု B မက်ခါသည် ထိုမျှလောက် မမိုက်မဲ‌ပေ။ သူ ကိုယ်တိုင် နှင့်ကျီမုန့်အကြား  အင်အားကွာဟမှုရှိကြောင်း တွေ့ရှိပြီးနောက် သူသည် ပြတ်ပြတ်သားသား လက်လျော့ရန် ဆုံးဖြတ်လိုက်ပြီး အုပ်စု A ၏ နောက်ထပ်ပစ်မှတ်ကို ဆက်လက်ရှာဖွေနေသည်။


ယခုအချိန်တွင် အုပ်စု A၊ မက်ခါများ၏  ထုတ်ပြန်ချက်များလည်း တစ်ခုပြီးတစ်ခု ထွက်ပေါ်လာသည်။


" အုပ်စု A ၊ M34 ထုတ်ပယ် "


" အုပ်စု A ၊ M09 ထုတ်ပယ် "


ကျီမုန့်သည် လက်တွေ့လေ့ကျင့်ရေးရလဒ်များကို ဆက်သွယ်‌ရေးစက်မှ  ဆက်လက်တင်ပြနေသည်။


လုအန်းဟယ် အနည်းငယ်မျှ ပဟေဠိဖြစ်သွားသည်။


 " မဖြစ်နိုင်ဘူး… ဒီနှစ် အုပ်စု A က အရမ်းအားနည်းနေတာလား။ ယူနစ် ၃ ခုက ဖယ်ရှားခံရတယ်။ သူတို့အကုန်လုံး တစ်ချက်ကလေးမှ မပစ်ခတ်ခဲ့ရသေးပေမဲ့ သူတို့အားလုံး ထုတ်ခံလိုက်ရပြီ "


ဟယ့်ယွင်ထင်သည် တိုက်ပွဲအခြေအနေကို စိုက်ကြည့်နေဆဲဖြစ်ပြီး မျက်ခုံးများကို ပြင်းထန်စွာဖြင့် တွန့်နေသည်။ အုပ်စု A၏ မက်ခါသုံးခုကို ဆက်တိုက်ဖယ်ထုတ်ခဲ့သောပိုင်းလော့သည် သိသိသာသာ စိတ်လှုပ်ရှားနေခဲ့ပြီး ၎င်း၏ခန္ဓာကိုယ်တစ်ခုလုံးနှင့် မက်ခါသည် အဖျားကြီးကာ တုန်ယင်နေသကဲ့သို့ဖြစ်နေသည်။


ရုတ်တရက် အုပ်စု A မှ မက်ခါတစ်စီးသည် ဦးတည်ချက်တစ်ခုမှ ရုတ်တရက် အရှိန်မြင့်ကာ တစ်ဟုန်ထိုးပျံသန်းလာလေသည်။


အုပ်စု B ပိုင်းလော့သည် လျင်မြန်စွာ တုံ့ပြန်လိုက်ပြီး အချင်းချင်း ပစ်ခတ်လိုက်သော်လည်း ယခုတစ်ကြိမ်တွင် အုပ်စု A မှ  ပိုင်းလော့သည် အခြားသူများနှင့် ကွဲပြားကာ ကျည်ဆန်တုများကို တစ်ခုပြီးတစ်ခု လျင်မြန်စွာ ရှောင်တိမ်းသွားသည်။


လှုပ်ရန်တောင်မလိုအပ်၊ ခံစစ်ဒိုင်းကို ဖွင့်ရန်လည်း မလိုအပ်သလို တစ်ဖက်က သူ့ကိုတောင် မထိမှန်ချေ။


" ဒီလူနဲ့ ပတ်သက်တာတစ်ခုခုရှိရမယ် " 


လုအန်းဟယ်သည် အုပ်စု Aမှ  M21 နံပါတ်ကို တစ်ချက်ကြည့်လိုက်သည်။


အုပ်စု B နှင့် တိုက်ခိုက်နေသော M21 သည် မဝေးလှသော နေရာမှကြည့်နေသည့် ' ဘယ်ရီသီးနီ ' ကို ရုတ်တရက်တွေ့ရှိသွားပြီး အင်ဂျင်မောင်းသံနှင့်အတူ အုပ်စု B အား အနောက်၌ ချန်ရစ်ကာ ကျီမုန့်ဆီသို့ တဟုန်ထိုးသွားရန် ချက်ချင်း ရည်ရွယ်သည်။


" ဘာလဲဟ " လုအန်းဟယ်က ပါးစပ်ကို ကျယ်ကျယ်ဖွင့်ဟမိလိုက်သည်။ 


" သူက ရန်သူ့နောက်ကို လိုက်နေတာလေ။  ဒါက တကယ့် တိုက်ပွဲတောင်မဟုတ်သေးဘူး။ ဒါဆို မင်းက လောင်ကျီရဲ့ အပိုမှတ်တွေကို လိုချင်နေတာလား "


ကျီမုန့်က ဆက်သွယ်ရေးစက်တွင်  ပေါ့ပေါ့ပါးပါး ရယ်မောလိုက်သည်။


" အဆင်ပြေပါတယ် ။ ငါ ကြည့်နေတယ် "


ကျီမုန့်က ၎င်း၏ပစ်မှတ်ဖြစ်ကြောင်း ဆုံးဖြတ်ပြီးသကဲ့သို့ M21 သည် မက်ခါ၏ အဆင့်မြင့်တိုက်ခိုက်မှုအဆင့်ကို အသက်သွင်းရင်း သူ့အနောက်မှတိုက်ခိုက်မှုကို သွက်လက်စွာ ရှောင်တိမ်းနေသည်။


လေ့ကျင့်မှုများအတွင်း မက်ခါ၏ တိုက်ခိုက်မှုအဆင့်ကို အသက်သွင်းရန် ဖြစ်နိုင်သော်လည်း ပညာသင်လေ့ ကျင်းရေးကာလသည် လေ့ကျင့်ရေးများသာဖြစ်သောကြောင့် ပါဝါသည် အမှန်တကယ်၌ တူညီကြသည်။ လူအများစုသည် ပိုမိုမြင့်မားသောအဆင့်ကိုဖွင့်ရမည့်အစား ပစ်မှတ်ထိရန်ကိုသာ ဦးစားပေးလေ့ရှိကြသည်။


လင်းဟန်သည် ဤအခိုက်အတန့်တွင် တစ်စုံတစ်ရာ မှားယွင်းနေသည်ဟု ခံစားလိုက်ရသည်။


မက်ခါမာစတာ၏ ပင်ကိုယ်အသိစိတ်ဖြစ်နိုင်စွာဖြင့် M21 ၏ ရင်ဘတ်ရှိ ပင်မအမြောက်သည် စွမ်းအင်များစတင်စုစည်းလာပြီး ပြိုးပြိုးပြက်ပြက်လင်းလက်နေသော အဖြူရောင်အလင်းတန်းတစ်ခု ထုတ်လွှတ်နေသည်ကို သူက မြင်လိုက်ရသည်။


အခြေအနေက မကောင်းတော့ပေ။


ခဲယမ်းမီးကျောက်အတုတွင် ထိုကဲ့သို့ တောက်ပသောအလင်းတန်း မရှိပေ။


လင်းဟန်၏နှလုံးသား လှုပ်ခတ်သွားကာ  အခြားမည်သည့်အရာကိုမျှ တွေးတောရန် အချိန်မရှိတော့သဖြင့် ရုတ်တရက် ထရပ်ကာ ဆက်သွယ်ရေးစက်ထဲသို့ အော်ပြောလိုက်သည်။


" ကျီ မုန့် ။ အလင်းတန်းအကာအကွယ်ဒိုင်းကာကို မြန်မြန်ဖွင့်.. "


ဘုန်း ။


သူ့စကားမဆုံးခင် တစ်ချိန်တည်းမှာပင် နယ်စပ်ဧရိယာတွင် ကျယ်လောင်သော အသံကို လူတိုင်းကြားလိုက်ရသည်။


တိတ်ဆိတ်မှုက ပတ်ဝန်းကျင်တစ်ခုလုံးကို လွှမ်းခြုံသွားလေသည်။


M21 အတွင်းရှိ ပိုင်းလော့သည် ဖြစ်ပျက်နေသည့်အရာကို တုံ့ပြန်ပုံမပေါ်ဘဲ လေထဲတွင်သာ ကြက်သေသေစွာ ပျံသန်းနေသည်။


ပေါက်ကွဲမှု…


၎င်းသည် လေ့ကျင့်ရေးဗုံးကဲ့သို့မဟုတ်ဘဲ… တိုက်ပွဲတွင် အသုံးပြုသည့် လေးလံသော သတ္တုဒြပ်မှုန်ပင်မသေနတ်အစစ်ဖြစ်ပေသည်။


ကောင်းကင်၌ ပေါက်ကွဲသံ ထွက်ပေါ်သွားသည်။


" ဂျစ် "


" တီ၊ တီ ၊ တီ "


ဘယ်ရီသီးနီ၏ဆက်သွယ်ရေး ပြတ်တောက်သွားတော့သည်။


" ဘယ်ရီသီးနီ K1၊ ဘယ်ရီသီးနီ K1၊ ကြားရင် ကျေးဇူးပြုပြီး တုံ့ပြန်ပါ "


" ဘယ်ရီသီးနီ K1 ၏ အရေးပေါ်လုပ်ငန်းစဉ်များကို အသုံးပြုထားပြီး ပိုင်းလော့၏ ပိုင်းလော့အကာအကွယ်ကို အလိုအလျောက် ဖွင့်ထားတယ် "


" ဘယ်ရီသီးနီ K1၊ ကြားရင် တုံ့ပြန်ပါ "


လုအန်းဟယ်နှင့် သူ၏အသံသည် တုန်ယင်နေပြီး နောက်ဆုံးတွင် ဆက်‌သွယ်ရေးစက်၏ စံစနစ်ကို အသုံးပြု၍မရတော့ဘဲ အော်ဟစ်လုနီးပါးအသံဖြင့် ဆက်သွယ်ရေးစက်သို့ စကားပြောနေတော့လေသည်။


" လောင်ကျီ၊ လောင်ကျီ၊  မင်း ငါ့အသံ ကြားရလား "


" လောင်ကျီ၊ ကျေးဇူးပြုပြီး ငါ့ကို ပြန်ဖြေပေးပါ "


ခေတ္တ နားပင်းခြင်းမှ သက်သာလာသော လင်းဟန်သည် အခြားမည်သည့်အရာကိုမျှ ပြောရန်အချိန်မရှိပေ။ မတော်တဆမှုတစ်ခုအပြီးတွင် ပျက်စီးသွားနိုင်သည့်မက်ခါဆီသို့ အထက်လူကြီးမှပေးပို့သည့် အရေးပေါ်ရုပ်ပုံမက်ဆေ့ဂျ်တစ်ခုကိုပေးပို့လိုက်သည်။ မက်ခါများအကြား အရေးပေါ်ချိတ်ဆက်မှုကို သက်ဆိုင်ရာမက်ခါထံမှ တိုက်ရိုက်တုံ့ပြန်မှု မလိုအပ်သောအထူးသော့ဖြင့် ဖွင့်လှစ်လိုက်၏။ 


သူ စိတ်တည်ငြိမ်အောင် ကြိုးစားလိုက်ရင်း သူ၏လက်များက ပရိုဂရမ်ထဲသို့ တစ်ကြိမ်တည်းဖြင့် ချောချောမွေ့မွေ့ ဝင်သွားသည်။


" ဂျစ် "


" တီ တီ…


" တီ..... "


သုံးမိနစ်အကြာတွင် နှောင့်ယှက်နေသည့်အရာများကို ဖယ်ရှားလိုက်သည်။ မူလပြင်းထန်နေသောဆူညံသံက ပျောက်ကွယ်သွားပြီး မက်ခါ၏အရေးပေါ် ဗီဒီယိုမက်ဆေ့ဂျ်မှာ ပြန်လည်ပွင့်လာသည်။


လင်းဟန်သည် ဟယ့်ယွင်ထင်၏ နှုတ်ခမ်းများ ရုတ်တရက် တင်းတင်းစေ့သွားသည်ကို မြင်ရန် အချိန်နှောင်းသွားသလို လုအန်းဟယ်၏ ရုတ်တရက် နီရဲသွားသောမျက်လုံးများကိုလည်း မမြင်နိုင်ခဲ့ပေ။


" ဘယ်ရီသီးနီ " မှ ဗီဒီယိုမက်ဆေ့ချ်သည် လူတိုင်းရှေ့တွင် ရုတ်တရက် ပေါ်လာသည်။


ကြည်လင်သောအရောင်ဖြင့်ဗီဒီယိုတွင် ကျီမုန့်သည် ပိုင်းလော့ဝတ်စုံကို ၀တ်ဆင်ထားဆဲဖြစ်သော်လည်း မျက်လုံးများကို တင်းတင်းကြပ်ကြပ်မှိတ်ထားကာ မတည်ငြိမ်သည့်အရိပ်အယောင် တစွန်းတစတွေ့ရဘဲ အချက်အလက်များကို ရက်စက်စွာ ထုတ်ဖော်ပြသလာသည်။


သူ၏ဒိုင်းကာမှာ ပွင့်သွားခဲ့သော်လည်း တစ်ဖက်လူသည် စစ်ပွဲအတွင်း အမြင့်ဆုံး တိုက်ခိုက်မှုအဆင့်ကို ဖွင့်ထားခဲ့ခြင်းဖြစ်သည်ကို  သူက ရိုးရှင်းစွာ မသိခဲ့ချေ။ ပိုင်းလော့၏ ကိုယ့်ကိုယ်ကိုယ် ကယ်တင်ရေးစနစ် ထွက်ပေါ်လာခြင်းရှိလျှင်တောင်မှ အနိမ့်ဆုံးအလင်းတန်းဒိုင်းကာဖြင့်သာဆိုလျှင် သိပ်သည်းသည့်သတ္တုဒြပ်မှုန်အမြောက်များ၏ တိုက်ခိုက်ခြင်းကို တကယ်ပင် မကာကွယ်နိုင်ပေ။


ကျီမုန့်၏အတွင်းအင်္ဂါများမှာ တဒင်္ဂအချိန်လေးအတွင်း ပြန့်ကျဲသွားခဲ့ပြီးနာကျင်မှုသည်ပင် အလွန်နောက်ကျသွားခဲ့ပေသည်။ ပါးစပ်ထောင့်မှ စီးကျနေသည့်သွေးများ မရှိလျှင် အိပ်ပျော်နေသကဲ့သို့ဖြစ်ကာ ခန္ဓာကိုယ်တွင် မည်သည့်ဒဏ်ရာများကိုမှ မတွေ့ရနိုင်ပေ။


တစ်ခန်းလုံး တိတ်ဆိတ်နေလေသည်။


ကျီမုန့်၏အသံကို သူတို့ မကြားနိုင်တော့ပေ။


ထိုနေရာတွင် ပိတ်ပစ်ရန် အချိန်မရခဲ့သည့် သီချင်းဖွင့်စက်မှအသံကသာလျှင် ဆက်သွယ်ရေးစက်ထဲ ပဲ့တင်သံထပ်နေ‌သည်။


လင်းဟန်၏နှလုံးသားထဲ ဆို့နစ်သွားလေသည်။


ဤသံစဉ်သည် သူ ယခင်က ကြားခဲ့ဖူးသည့် တေးသံဖြစ်ပြီး ကျီမုန့် ဆိုညည်းခဲ့သည့် တေးသံတစ်ခုဖြစ်နေသည်။


ပရိုဂရမ်များသည် ခံစားချက်ကင်းမဲ့ကြကာ ပိုင်းလော့၏အခြေအနေကို မသိရှိချေ။ ထိုအရာက ယခင်သတ်မှတ်ပေးထားသည့်စနစ်တွင် ရှိနေဆဲဖြစ်ကာ ပိုင်းလော့မသေဆုံးမီ ရွေးချယ်ခဲ့သောငြိမ့်ညောင်းသည့်တေးသွားကို အထပ်ထပ်အခါခါ ဖွင့်နေလျက်ရှိလေသည်။


(.... လယ်ကွင်းနားက မြစ်ငယ်နားမှာ ဘယ်ရီသီးနီပန်း‌လေးတွေ ဖူးပွင့်နေတယ် ....


.... တောအုပ်အပြင်ဘက်မှာ ကောင်လေးတစ်ယောက်နဲ့ လမ်းလျှောက်ထွက်ခဲ့တယ် ...


....ဒါပေမယ့် နောက်ဆုံးတော့ ငါတို့နှစ်ယောက် လမ်းခွဲရတော့မယ်......


....စကားမပြောဘဲ တိတ်ဆိတ်စွာ လမ်းဆက်လျှောက်နေမိိတယ် .....


....လမ်းခွဲစကား မပြောရက်နိုင်ဘူး…...)


ဘယ်အချိန်ကစ၍ လိပ်ပြာတစ်ကောင်သည် သူ့အတောင်ပံများကို လှုပ်ခတ်ခဲ့သည်ကို မသိတော့ချေ။


**

Translator's note -


- နောက်ဆုံးစာကြောင်းက butterfly effectကိုပြောတာပါ ။ 

- သီချင်းစာသား နေရာတွေ အဆင်မပြေရင် တောင်းပန်ပါတယ် ಥ‿ಥ


Editor's note 

ဒီအပိုင်းစစ်ပြီး ခံစားချက်တွေ down သွားလို့ 

ဆက်မစစ်နိုင်ဖြစ်သွားတာ 😭


👾