Chapter 37
Viewers 5k

👾Chapter 37

: ဂုဏ်ကျက်သ​ရေနဲ့ အောင်နိုင်မှုဆိုတာ ငါတို့အတွက်ပဲ 




လင်းဟန်က အမှတ်တရများကို ပြန်​တွေးကြည့်လိုက်မိသည်။


 "များများစားစား မရှိဘူး ထင်တာပဲ... ကျွန်​တော့်အ​မေ ရှိတုန်းက​တော့ ကိတ်မုန့်တစ်လုံး ဝယ်ပြီး ကျွန်​တော့်ကို ဆု​တောင်းခိုင်းတယ်" 


လင်းဟန်က အနည်းငယ် ရှက်ရွံ့​နေဟန်ဖြင့် ပြောလိုက်သည်။ 


"ဒါ​ပေမယ့် အရင်နှစ်​တွေတုန်းက ကိစ္စ​တွေပါ... အခုဆိုရင် တော်​​တော်​​လေး က​လေးဆန်သလို ဖြစ်သွားပြီ... အဲ့အချိန်တုန်းက ဆု​တောင်း​တွေကလည်း ရိုးရိုးရှင်းရှင်​လေး​တွေပဲ... ဘာ​တောင်းမိမှန်း​တောင် မမှတ်မိ​​တော့ဘူး" 


သူက နှုတ်ခမ်း​ထောင့်​လေးများကို ကွေးလိုက်ပြီး ဟယ့်ယွင်ထင်အား တဖန်ပြန်ကြည့်လိုက်ရာ တစ်ဖက်လူ၏ အမူအရာက မ​ပြောင်းမလဲ ရှိ​နေ​သေး​သော်ငြား မျက်လုံးများကမူ အ​တွေးများ ပြည့်​​နေပုံပါပင်။ သူက ဟယ့်ယွင်ထင်အား အ​နှောက်အယှက် မ​​ပေးချင်သဖြင့် သူကပင် အစပြုကာ ပြောလိုက်သည်။ 


"ကျွန်​တော်တို့ မနက်ဖြန် ထွက်ရ​တော့မယ်... အခုဆို ဗိုလ်ချုပ်လည်း အလုပ်များ​နေမှာပဲ... ကျွန်​တော့်ကို မွေး​နေ့ဆု​တောင်း​ပေးတာကတင် ကောင်းလွန်း​နေပါပြီ" လင်းဟန် ပြောလိုက်သည်။ "နောက်ထပ် ဘာမှ ပြင်​ပေးစရာ မလိုပါဘူး" 


"ဒါ​ပေမယ့်" ဟယ့်ယွင်ထင် စကား​​ပြောလာပြီး အရိုးရှင်းဆုံး​သောစကားကို ပြော​နေသည့်အလား အသံအ​နေအထားက တိုးညှင်းကာ နိမ့်ဆင်း​နေသည်။


 â€œâ€Śá€™á€…á€šá€…á€á€Źá€œá€„á€şá€¸á€€ အခုထိ ဆုမ​တောင်းမ​သေးဘူးလေ... ကြယ်​​ကြွေတဲ့အခါ ဆု​တောင်းရင် ဆု​တောင်းပြည့်တယ်လို့ လူ​တွေ ပြောတာ ကြားဖူးတယ်" ဟယ့်ယွင်ထင် ပြော​လေသည်။ 


လင်းဟန်က ဟယ့်ယွင်ထင်တစ်​ယောက် ရေခွက်ကို ကိုင်ထားဆဲ ဖြစ်ကြောင်း တွေ့​နေရသည်။ ကြမ်းတမ်း​နေ​သော လက်​ချောင်းများက ဖန်ခွက်အနားကို စည်းချက်ကျကျ တ​တောက်​တောက် ခေါက်နေသဖြင့် ရေမျက်နှာပြင်ကို စက်ဝိုင်းပုံစံ လှည့်ပတ်သွား​​စေ၏။ ယင်းက သူ၏ လက်ရှိ နှလုံးခုန်သံနှင့် တိုက်ဆိုင်​နေခဲ့သည်။


 "မစ္စတာလင်း လုပ်ကြည့်ပါ" ဟယ့်ယွင်ထင် သူ့အား လှည့်ကြည့်လာသည်။ "ဖြစ်နိုင်မယ်ဆိုရင် ဒီလိုကိစ္စမျိုး ဖြစ်​အောင် လုပ်​ပေးချင်တယ်... ကိုယ် မစ္စတာလင်းရဲ့ ဆု​တောင်း​တွေ ပြည့်လာဖို့ မျှော်လင့်တယ်" 


ထိုစကားက လင်းဟန်အား heatကာလတွင် ရေ​နွေးများများ သောက်ရန် ပြော​နေသည်နှင့် ထပ်တူညီစွာ ဟယ့်ယွင်ထင်၏ အထူးသီးသန့်ဖြစ်ပြီး ကသိက​အောက် ဖြစ်​စေနိုင်​သော အ​ရေး​ပေးမှုပုံစံ အနည်းငယ် ပေါ်​​နေသည်။ သူက တောင်းဆုပြုခြင်း ဟူသည်မှာ ဆု​တောင်းသူ ကိုယ်တိုင်က ထိန်းသိမ်းထားရသည့် အရာတစ်ခုဖြစ်​ကြောင်း မသိ​လေရာ ယင်းအား အမှန်တကယ် ဖြစ်လာ​စေရန် ကူညီ​ပေးချင်​နေသည်။ 


လင်းဟန်က ဟယ့်ယွင်ထင်အား ကြည့်လိုက်ပြီး များစွာ​သော မေးခွန်းများက တဖြည်းဖြည်း စုပုံလာသည်။ 


ဥပမာအားဖြင့်... 'အတိအကျ ပြောရရင် ခင်ဗျား ကျွန်​တော့်ကို ဘယ်လိုမျိုး တွေးထားလဲ' 


'ဘာလို့ ကျွန်​တော့်အ​ပေါ် ထပ်ပြီး ကောင်း​ကောင်း ဆက်ဆံ​နေရတာလဲ' စသည်ဖြင့်ပင်... 


သို့သော်လည်း ဟယ့်ယွင်ထင်၏ Rutကာလတွင် မည်သည့်စကားမှ မကြားခဲ့ရဘဲ စိတ်လိုက်မာန်ပါ မေးမိသော မေးခွန်းများအပြင် တစ်ဖက်လူ၏ 'မသိဘူး'ဟူ​သော အ​ဖြေစကားများကို အမှတ်ရမိ​သွားသဖြင့် ထပ်မ​မေးလိုက်​တော့​ပေ။  


လင်းဟန်က ဟယ့်ယွင်ထင်အား အချိန်အကြာကြီး ကြည့်​နေခဲ့ပြီး​နောက် တစ်ဖက်လူက မသက်မသာဖြင့် အကြည့်လွှဲသွားသည်ကို တွေ့လိုက်မှသာ မျက်လုံးများကို ပြန်မှိတ်ထားလိုက်သည်။ 


သုံးစက္ကန့်အကြာ လင်းဟန် မျက်လုံး ပြန်ဖွင့်လိုက်ပြီး ဟယ့်ယွင်ထင်အား ပြုံးပြလိုက်သည်။


"ကောင်းပါပြီ" 


တစ်ဖက်လူက လင်းဟန်မှာ အဘယ်​ကြောင့် သူ​ပြောချင်​နေသည့်စကားအား ပြောဆိုလာခြင်း မရှိသည်ကို နားမလည်ခဲ့ပါ​ပေ။ သို့​သော်လည်း အဆုံးတွင် မ​မေးလိုက်​တော့ဘဲ အခန်းထဲတွင် တစ်ခဏ ထပ်​နေလိုက်ပြီး​နောက် ထွက်သွားရန် ပြင်လိုက်သည်။ 


ဟယ့်ယွင်ထင် မထွက်သွားခင် နောက်ဆုံးအကြိမ်အဖြစ် အတည်ပြုလိုက်​သေးသည်။


 "မစ္စတာလင်း စတုတ္ထအဆင့် စစ်​ဆေးမှုကို မလိုက်ချင်ရင် နှုတ်ထွက်ဖို့ နောက်မကျ​သေးဘူး" 


"ဗိုလ်ချုပ်... ဒါကျွန်​တော့် အလုပ်ပါ"


လင်းဟန်က သူ့အား ကူကယ်ရာမဲ့စွာဖြင့် ကြည့်လိုက်​သော်လည်း သိလိုစိတ်အပြည့်ဖြင့် မေးလိုက်သည်။ "ဒါ​ပေမယ့် စစ်​ဆေးမှုက ခန့်မှန်း​ချေ ဘယ်​လောက်ကြာနိုင်လဲ... အာဟာရထုပ်​တွေ ပိုယူသွားရ​အောင်လို့" 


ဟယ့်ယွင်ထင် တစ်ခဏမျှ တွေး​တောလိုက်သည်။ "အားလုံး အဆင်​ပြေ​ပြေ ဖြစ်မယ်ဆိုရင် လဝက်​လောက်​ပေါ့" 


လင်းဟန် ခေါင်းငြိမ့်ပြလိုက်ပြီး ဟယ့်ယွင်ထင် ထွက်သွား​​သောအခါ စတင်ပြင်ဆင်​လေ​တော့သည်။ 


သူက ရောက်ဖူးသည့်​နေရာ သိပ်မများလှ​ပေ။ သူ ငယ်စဥ်က Qခရိုင်တွင် အ​မေဖြစ်သူနှင့် နေထိုင်ခဲ့ပြီး ကြီးပြင်းလာ​သောအခါ ဗဟိုကြယ်သို့ ရောက်လာသဖြင့် အခြား​သော နေရာများကို ဗီဒီယိုများ သတင်းများတွင်သာ မြင်ဖူးခဲ့ရသည်။ 


နယ်စပ်​ဒေသက အနည်းငယ် ကြောက်စရာ​ကောင်းပုံ​ပေါ်​သော်လည်း သူကမူ မတူညီ​သော ည​ကောင်းကင်ယံကို ကြည့်ရန်အတွက် ဝိုးတဝါး စိတ်လှုပ်ရှား​နေခဲ့သည်။ 


နောက်တစ်​နေ့ မနက်​စော​​​စောတွင် အ​ခြေစိုက်စခန်းက သက်ဝင်လှုပ်ရှား​နေ၏။


ရွေးချယ်မှု၌ ပါဝင်သည် ဖြစ်​စေ မပါဝင်သူ ဖြစ်​စေ အားလုံး​​သော တပ်သားများက သမားရိုးကျ ယူနီ​ဖောင်းများကို ဝတ်ဆင်ထားပြီး သင်္ဘော​ပေါ် မတက်ခင် အဆုံးသတ် ပြင်ဆင်မှုများအတွက် ခါးမတ်မတ် ရပ်​နေကြ​လေသည်။


လင်းဟန်က မည်သည့် အုပ်စုမှ မပါဝင်သဖြင့် လေ့ကျင့်ကွင်း၏ အပြင်မှာသာ ရပ်​နေခဲ့သည်။ 


ဝမ်ထျန်း​ယောင်သည်လည်း သူ​ပြောခဲ့သည့်အတိုင်း ရောက်လာခဲ့သည်။ သို့​​သော်လည်း အ​ခြေစိုက်စခန်း၏ စစ်သင်္ဘောအား အသက်သွင်းရမည်ဖြစ်၍ လူတိုင်းနှင့်အတူတူ သင်္ဘောတက်ရမည် ဖြစ်သည်။ သူက ဂုဏ်ကျက်သ​ရေတို့ဖြင့် တင့်တယ်​နေသော တော်ဝင်ဝတ်စုံကို ဝတ်ဆင်ထားသည်။ အင်္ကျီအနားစနှင့် ကော်လံများ၌ တော်ဝင်မိသားစုတံဆိပ်ကို ထိုးထားကာ စကားတစ်ခွန်းမှ မ​ပြောဘဲ လူအုပ်ကြီးနှင့် မနီးမ​​ဝေးတွင် ရပ်​နေသည်။ 


၎င်းက စစ်​ဆေးမှုတစ်ခုသာ ဖြစ်​သော်လည်း စစ်​သင်္ဘော၏ အသက်သွင်းမှုက ချီတက်မှုတစ်ခုလိုပင် ဖြစ်ကာ စစ်သားများက မထွက်ခွာခင်တွင် အင်ပါယာအ​ပေါ် သစ္စာရှိပါမည် အင်ပါယာကြီး အဓွန့်ရှည်ပါ​စေဟု ကျမ်းကျိန်ရသည်။ 


ပတ်ပတ်လည်​နေရာအားလုံး တိတ်ဆိတ်​နေပြီး မည်သူကမှ ပေါ့​ပေါ့ပါးပါး မမှတ်ယူထားကြ​ပေ။ 


အချိန်တို​လေးတစ်ခုအပြီးတွင် ညီညာ​သော စစ်ဘွတ်ဖိနပ်သံများ ပေါ်ထွက်လာကာ လူအုပ်ကြီး၏ မျက်လုံးများက ထို​နေရာသို့ ရောက်ရှိသွားကြသည်။ 


လင်းဟန်မှာ လမ်း​လျှောက်လာ​နေသည့် ဟယ့်ယွင်ထင်၏ အစိမ်းနု​ရောင် စစ်တပ်ယူနီ​ဖောင်းကို တွေ့မြင်လိုက်ရသည်။ မျက်နှာက​လည်း အေးစက်​နေကာ ပေါ့ပလာပင်ကဲ့သို့ ခပ်မတ်မတ် ရပ်​နေပြီး လက်ထဲတွင်လည်း အင်ပါယာအ​ဆောင်အ​ယောင်များ၏ အမြင့်မားဆုံး ဂုဏ်ကျက်သ​ရေ​ဆောင် တံဆိပ်ကို ကိုင်စွဲထားသည်။ ခြေလှမ်းတိုင်းကို သြဇာအာဏာအပြည့်ဖြင့် လျှောက်လာ​ပြီး​​နောက် လူအုပ်ကြီး၏ ရှေ့တွင် ရပ်လိုက်သည်။ 


သူသည် တစ်ဖက်လူ၏ ယူနီ​ဖောင်းထက်မှ တံဆိပ်များ ဖဲပြားများအပြင် ပုခုံးပေါ်မှ ငွေ​ရောင်တလက်လက် တောက်ပ​နေသည့် ဗိုလ်ချုပ်ဝတ်စုံဘားတန်းကိုပါတွေ့လိုက်ရသည်။  ဟယ့်ယွင်ထင်၏ ဘယ်လက်က ခြေ​​ထောက်နှင့် ကပ်၍ ချထားပြီး ညာဘက်လက်ကို မာန်ပါ​လွန်း​သော ကိုယ်ဟန်နှင့်အတူ နှလုံးသားထက်သို့ တဖြည်းဖြည်း ပြတ်ပြတ်သားသား တင်ကာ စူးရှ​​နေ​သော မျက်လုံးများဖြင့် နှုတ်ခမ်းများက အနည်းငယ် လှုပ်ရှားလာခဲ့သည်။ 


"ကျွန်​တော်တို့သည် အသက်ကိုရင်း၍ ကျိန်ဆိုပါသည်...." 


ထောင်​ပေါင်းများစွာ​သော တပ်သားများက တူညီ​သော ပုံစံအ​နေအထားအတိုင်းပင် နှလုံးသား​ပေါ် လက်တင်လိုက်ကြသည်။ထိုအခိုက် လူတိုင်း၏နှလုံးသားက တစ်​နေရာတည်းမှာပင် ခုန်​ပေါက်​နေကြမည်ပြီး ရင်တစ်ခုလုံး ဗြောင်းဆန်​နေကာ သစ္စာအဓိဌာန်အား အတူတကွ ကျိန်ဆိုလိုက်ကြ​လေသည်။ 


"ကျွန်​တော်တို့ရဲ့ အသက်​နဲ့ ရင်းပြီး ကျိန်ဆိုပါတယ်" 


ဓါးသွားအတွက် အလင်းတန်း လှံတံအဖြစ် ကြယ်တာရာများနဲ့ သင်တုံးဓါးများအဖြစ် သွေးစက်များနဲ့အတူ အင်ပါယာကို သစ္စာရှိပါမယ်... ဖရိုဖရဲ ဖြစ်​နေတဲ့ ဂလက်ဆီကို ဖြတ်သွားပြီး... အသူရာ​ချောက်နက်ထဲက မီးလျှံများကို နင်းဖြတ်သွားပါမမယ်... တုံးအမှုတွေ မ​ကောင်းမှု​တွေက ပြာအဖြစ် တဖြည်းဖြည်း ပြောင်းလဲသွားပြီး ဂုဏ်ကျက်သ​ရေနဲ့ အောင်နိုင်ခြင်းဆိုတာ  ငါတို့ အတွက်ပဲ ဖြစ်ရမယ်... 


“ဂုဏ်ကျက်သ​ရေနဲ့ အောင်နိုင်ခြင်းက ငါတို့အတွက်ပဲ ဖြစ်ရမယ်..." 


တပ်သားများ၏ သစ္စာစကားများက အ​ခြေစိုက်စခန်းအတွင်း ပဲ့တင်ထပ်​နေပြီး ဝမ်ထျန်း​ယောင်သည်ပင် ဦးထုပ်ကို ချွတ်ပြီး နှုတ်ခမ်းတင်းတင်း​စေ့ကာဖြင့် စစ်သားများအားလုံးအ​ပေါ် တော်ဝင်ဓ​လေ့ထုံးတမ်းများ ပြသလာသည်။ 


အခမ်းအနား၏ အဆုံးတွင် လင်းဟန်သည်လည်း စစ်သားများနှင့်အတူ အ​ခြေစိုက်စခန်း၏ မြောက်ဘက်ဆုံးအပိုင်းသို့ လိုက်ကာ စစ်သင်္ဘော​ပေါ် တက်လှမ်းလိုက်သည်။ 


'ဘယ်လ်ဖတ်စ်' မှာ အင်ပါယာ၏ ဂုဏ်ကျက်သ​ရေ အကြီးဆုံး စစ်သင်္ဘောဖြစ်ပြီး မ​ရေတွက်နိုင်​သော သင်္ဘောငယ်များ၊ မက်ခါများမှအစ လေယာဥ်ရပ်နားရာ​နေရာများအထိ ပါဝင်​ပြီး ယင်းအ​ပေါ်မှ လက်နက်ကြီးများ တပ်စုများကိုလည်း အထင်​သေး၍ မရ​ပေ။ ယ​​နေ့မတိုင်မီမှာပင် သင်္ဘော၏ မက်ခါအား ပြင်ဆင်ထားပြီး ဖြစ်သည်။ လိုရမယ်ရအားဖြင့် M2742၏ သာလွန်ကြီးမြတ်လှ​သော တိုက်ခိုက်​​ရေးစွမ်းအား စစ်ပွဲ​အောင်နိုင်မှုများ၊ ဇုစ်နတ်ဘုရားဒိုင်းကာ၏ ခုခံ​ရေးစွမ်းအားတို့ကိုပါ  သင်္ဘော​ပေါ်၌ သယ်​ဆောင်လာသည်။ ပါဝင်သူများအားလုံးက သင်္ဘော​ပေါ် တက်ခွင့်မပြုခင် ပြင်းထန်​သော စစ်​ဆေးမှုများ ကြုံ​တွေ့ရမည် ဖြစ်ပြီး တစ်​ယောက်ချင်းစီက ရာထူး​နေရာအလိုက် ကွဲပြား​သော နေရာများထံ ဝင်​ရောက်သွားမည်ပင်။  


လင်းဟန်က ဟယ့်ယွင်ထင်နှင့် လုအန်းဟယ်​နောက်မှလိုက်ကာ ဘယ်လ်ဖတ်စ်၏ ကပ္ပတိန်အခန်းငယ်​လေးသို့ တန်း၍ ဝင်​ရောက်သွားချိန်တွင် ဝမ်ထျန်း​ယောင်ကမူ သူတို့နှင့်အတူ ပါမလာခဲ့ဘဲ ပို၍ နိမ့်​သော ညွှန်ကြား​ရေးအခန်းထဲသို့ ဝင်​ရောက်သွားသည်။ 


အ​ခြေခိုက်စခန်းမှ နယ်စပ်​ဒေသသို့ ရောက်ရန် သုံးရက်မျှ ကြာမြင့်​လေသည်။ ရွေးချယ်ပွဲတွင် ပါဝင်ကြ​သော တပ်သားသစ်များမှာ စိတ်လှုပ်ရှားမှုများကို မဖုံးကွယ်ထားနိုင်ကြဘဲ သွားလာနိုင်သော နေရာများတွင် နီးမြန်း​နေ​သော မျက်နှာများဖြင့် သွားလာ​နေကြသည်။


ချီကျားမူ၏ မျက်နှာတစ်ခုတည်းကသာ တင်းမာ၍ နေပြီး မည်သည့် စိတ်လှုပ်ရှားမှုမှ ပြမလာဘဲ သာမန်ထက် ပို၍ အ​လေးအနက် ဖြစ်​နေပုံ​ပေါ်သည်။ 


လင်းဟန်က ကပ္ပတိန်အခန်း၏ မော်နီတာကို ဖြတ်၍ ထိုသူအား ကြည့်​နေမိသည်။ 


ယခုတစ်​ခေါက်က ဤအဆင့်ရှိ စစ်သင်္ဘောမျိုးအ​ပေါ် ပထမဆုံးလိုက်ပါရခြင်း ဖြစ်ပြီး ဟယ့်ယွင်ထင်က ထိုသို့ လုပ်ရန် ပြောထားသဖြင့် အထူးကိစ္စတစ်ရပ်အ​နေဖြင့် ချီကျားမူအား လိုက်ကြည့်​နေခဲ့ခြင်း ဖြစ်သည်။ 


ဟယ့်ယွင်ထင်သည်လည်း ဘယ်လ်ဖတ်စ်၏ ကပ္ပတိန်ဖြစ်ပြီး ဒုတိယဗိုလ်မှုးမှာ လုအန်းဟယ်တစ်​ယောက်တည်း မဟုတ်​တော့ဘဲ စစ်သင်္ဘော၏  ဒုတိယကပ္ပတိန် ရဲ့လင်လည်း ပါဝင်​သည်။ 


စက်ခန်းမှ လူများကို ဆက်သွယ်မှုအချို့ ပြုလုပ်ပြီး​နောက် ကြီးမား​သော စက်ကြီး မြည်ဟီးလာခဲ့သည်။ စစ်သင်္ဘောကြီးက မြေ​ပေါ်မှ ကြွလာပြီးနောက် နယ်စပ်​ဒေသသို့ သွားရာ အထူးကြယ်လမ်း​ကြောင်းကြီးသို့ ဦးတည်လာခဲ့သည်။ 


ယင်းက အင်ပါယာမှလူများ၏ တစ်နှစ်တာအတွင်း စိတ်လှုပ်ရှားရဆုံးအချိန် ဖြစ်သည်။ သူတို့က စစ်ပွဲကို မလိုလား​သော်လည်း ဘယ်လ်ဖတ်စ်အတွက် ဂုဏ်ယူဝမ်း​မြောက်ကြပြီး ဤစစ်သင်္ဘောကြီး ထွက်လာခြင်းမှာ နှစ်စဥ်နှစ်တိုင်း မောင်းနှင်သူအသစ်များအတွက် စစ်​ဆေးမှုစတုတ္ထအဆင့် ပြုလုပ်သည့်အတွက်​ကြောင့်ပင်။ 


သူတို့က စစ်သင်္ဘောကြီးအနားသို့ ကပ်၍ မရ​သော်လည်း များစွာ​သော လူများက ကြယ်လမ်း​ကြောင်း၏ အနီးဆုံး​နေရာသို့ အလိုအ​လျောက် တိုးလာကြကာ စစ်သင်္ဘောကြီး မောင်းနှင်သွားသည်ကို ကြည့်​လေ့ရှိကြသည်။ အချို့က လက်ခုပ်လက်ဝါး တီးကြသည်။ အချို့က လက်ဖျားခါ​နေကြသည်။ အချို့ကမူ စိတ်လှုပ်ရှားလွန်း၍ မျက်ရည်များ ကျလာကြ​ပေသည်။ 


မြေဆွဲအား မရှိ​တော့​သောအခါ ဘယ်လ်ဖတ်စ် စစ်သင်္ဘောကြီးက ကိုယ်ပိုင်ကြယ်လမ်း​​ကြောင်းတွင် စတင်ရွက်လွှင့်လာပြီး အရှိန်တင်ကာ အင်ပါယာ၏ လက်ရှိနှင့် အနာဂါတ်တွင် အ​တော်ဆုံးဖြစ်သည့် ပြန်တမ်းဝင်အရာရှိမဟုတ်သူ စစ်အရာရှိများနှင့် လူအများကိုတင်ဆောင်၍ စကြဝဠာကြီး၏ အမည်မသိတစ်​နေရာသို့ ပျံသန်း​မောင်းနှင်လာသည်။ 


ယင်းက ကြီးကျယ်ခမ်းနားလှ​သော လှည့်လည်သွားလာမှုမျိုး ဖြစ်သည့် အံ့​လောက်ဖွယ်ရာ ခရီးစဥ်တစ်ခုပင်။ အရာအားလုံးက စီစဥ်ထားသည့်အတိုင်း ဆက်သွား​နေပြီး အရှိန်တင်ပြီးသွား​​​သောအခါ ဘယ်လ်ဖတ်စ် က အဆုံးတွင် တည်ငြိမ်သွားသည်။ အလိုအ​လျောက်​မောင်းနှင်စနစ် ဖွင့်ပြီး​နောက် လူအုပ်ကြီးက စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချနိုင်သွားကြ​လေသည်။  


စစ်သင်္ဘောကြီးကို အ​ခြေစိုက်စခန်း၏ ထိန်းသိမ်းမှုအတိုင်း အ​သေးစိတ်ပြင်ဆင်ထားပြီး လုံ​လောက်​သော အ​ထောက်အပံ့နှင့် နေရာအကျယ်အဝန်းတို့ ပေးထားသည်။ ဤသုံးရက်အတွင်း မောင်းနှင်သူတို့ ကြာရှည်စွာ စောင့်​မျှော်​နေခဲ့ရသည့် အပန်း​ဖြေမှုရရှိရန် ခွင့်ပြု​ပေးထားသည်။ 


လင်းဟန်က သိလိုစိတ် ပြင်းပြ​နေဆဲပင်။ 


လင်းဟန်အတွက် ယခုတစ်​ခေါက်က သင်္ဘောစီးဖူးသည့် ပထမဆုံးအကြိမ်ဖြစ်သလို အာကာသထဲသို့ ထွက်ရသည့် ပထမဆုံး​သောအကြိမ်လည်းဖြစ်သည်။ 


ထို့အပြင် ကပ္ပတိန်အခန်းထဲတွင် နေရသဖြင့် အ​ပေါ်စီးမှ အားလုံးကြည့်ရှုနိုင်သည်။ 


သူထင်ထားသည်နှင့် တူလည်းတူ​နေသလို ကွဲလည်း ကွဲပြား​နေသည်။ 


တူညီ​နေခြင်းမှာ သူထင်ထားသည့်အတိုင်း စကြဝဠာကြီးက ကျယ်​ပြောကာ ရိုမန့်တစ်ဆန်လှပြီး ကြယ်လမ်း​ကြောင်းတွင် ရှိ​နေသည်​ကြောင့် ခပ်​ဝေး​ဝေး​နေရာများကို မမြင်နိုင်​သော်လည်း စိတ်ဝင်စားစရာ ကောင်းလှ​ပေသည်။ 


ကွဲပြား​နေသည်မှာ သူ၏ စိတ်အ​ခြေအ​နေပင်။ 


ခရီးစဥ်ပထမ​​နေ့က တည်ငြိမ်ကာ အလှည့်အ​ပြောင်းများ မရှိ​​ပေ။ အ​ကြောင်းမှာ အင်ပါယာMဂြိုလ်၏ ပိုက်နက်အတွင်း မောင်းနှင်​နေရဆဲ ဖြစ်သည့် ကြယ်လမ်း​ကြောင်း၏ အကွာအ​​ဝေး​ကြောင့်ပင်။ 


ထိုညတွင် လင်းဟန်က နား​နေခန်းထဲသို့ ပြန်သွားမည်ပြုစဥ် တစ်​​နေ့လုံး အလုပ်များ​နေသည့် ဟယ့်ယွင်ထင်ထံမှ အ​ခေါ်ခံရသည်။ 


"လင်းဟန်"ဟယ့်ယွင်ထင်၏ အသံက သူ့နာမည်ကို ခေါ်လိုက်ချိန်တွင် နက်ရှိုင်း​နေသည်။ 


"ကြယ်​တွေပြည့်​နေတဲ့​​ကောင်းကင်ကြီးကို အနီးကပ် ကြည့်ချင်လား” 


👾


စာ​ရေးသူမှာ ပြောစရာ ရှိပါတယ်:


အလုံးစုံ စိတ်ကူးယဥ်ထားတာပါ... အပြင်မှာ တကယ်မရှိပါဘူးနော်... အ​လေးအနက် မမှတ်ယူကြပါနဲ့... 


ဒီလိုဘေးကျပ်နံကျပ် ဖြစ်စရာ ပုံစံမျိုး ပထမဆုံး ရေးဖူးတာပါ... ဒါ​ကြောင့် ငါလည်း စိတ်လှုပ်ရှားပြီး စိုးရိမ်​နေရတယ်... တစ်ချိန်တည်းမှာပဲ ပျော်လည်း​ပျော်​နေတယ်... 


(ဘယ်လ်ဖတ်စ်) The Belfastက 1930ခုနှစ်​တွေမှာ တော်ဝင်​ရေတပ်က တည်​ဆောက်ခဲ့တဲ့  Edinburgh-class light cruiser ဖြစ်ပြီးNo.2 သင်္ဘောပါ... နာမည်​လေးငှားထားရုံဖြစ်လို့ မ​ဝေဖန်ကြပါနဲ့​နော်...