🌍Chapter 233
ထန်မော့သည် ခတ္တမျှစိုက်ကြည့်နေရာမှ ထိုလူနှင့် တစ်တန်းထဲ ထိုင်ချလိုက်သည်။ လူ၂ဦးမှာ တစ်ဦးကို တစ်ဦးကြည့်လျက် စကားမဆိုကြချေ။ ခတ္တမျှအကြာတွင် ထန်မော့၏နှုတ်ခမ်းတို့ တွန့်ကွေးသွားလျက် ဆိုလာသည်။
"သြော် မင်းကပြန်လာသူကိုး...မင်းတို့ဘာသာခေါ်တာလား အနက်ရောင်မျှော်စင်ကခေါ်တာလား"
လီချောင်ချန်းမှာ တချက်မျှတန့်သွားသော်လည်း သူ၏အမူအရာများကို လျင်မြန်စွာဖုံးကွယ်လိုက်သည်။
"ဘာပြန်လာသူလဲ ငါမင်းပြောတာကို နားမလည်ဘူး"
ချန်ရှန်းရှန်း၏ တည်ငြိမ်သော အသံကိုကြားလိုက်ရလေသည်။
"ရှင်လည်းအရူးမဟုတ်သလို ကျွန်မတို့လည်း အရူးမဟုတ်ဘူး ရှင်ပဲ အချိန်အဆင့်ဇယားနဲ့ ပြန်လာသူတွေကို ထည့်ပြောခဲ့တာ..ဒီမှာ သူတစ်ယောက်တည်းသာ ရှိနေခဲ့တာဆိုရင်တော့ အလိမ်ခံရရင်ခံရမှာပေါ့"
ကလေးမလေးမှာ ဂျက်ကိုထိုးပြလျက်ဆိုလိုက်သည်။
"ရှင်တွေးနိုင်တဲ့အရာကို ကျွန်မတို့လည်းတွေးနိုင်တယ်..ရှင်ကအမှန်တရားကို သိချင်သိမယ် ဒါပေမယ့် ကျွန်မတို့ဆီမှာ အဖမ်းခံထားရတာ..ကျွန်မတို့သိချင်တာတစ်ခုပဲရှိတယ်...အချိန်အဆင့်ဇယားဆိုတာ ဘာလဲ"
သူ၏စကားများကို ထုတ်ဖော်ခံလိုက်ရသော်လည်း လီချောင်ချန်းမှာ စိတ်လှုပ်ရှားမနေခဲ့ချေ။ သူကလှောင်ရယ်လိုက်သည်။
"အချိန်အဆင့်ဇယားဟုတ်လား...မင်းကသိပ်ထက်မနေလို့ ငါ့ကိုအခုထိ ဒီလိုဟာမျိုးမေးနေရသေးတာပေါ့
မင်းအချိန်အဆင့်ဇယားအကြောင်း သိပြီးသားမို့လို့ ငါ့ကို ဘယ်အဆင့်ကလဲမေးတာမဟုတ်ဘူးလား"
"လူတစ်ယောက်ကိုသတ်ရင် နားချိန်၁၀မိနစ်ရမယ်..တစ်ဖက်လူမှာ နားချိန်တွေရှိရင် သူ့နားချိန်ရဲ့ တ၀က်ကို ရမယ်"
လီချောင်ချန်းခေါင်းကိုလှည့်လျက် ထန်မော့အား ကြည့်လာခဲ့သည်။
ထန်မော့မျက်ခုံးကိုပင့်လိုက်သည်။
"ဒီလိုရိုးရှင်းတဲ့ဟာလောက်ကိုတော့ မင်းတို့အခေါ် သောက်ရမ်းကံကောင်းတဲ့ ကမ္ဘာပေါ်ကရှင်ကျန်သူ သန်း၄၀၀က သိပြီးသားပေါ့..ဒီဟာက ကမ္ဘာပေါ်မှာ လူတိုင်းသိနိုင်တဲ့ ဟာပဲကို"
လီချောင်ချန်း၏ မျက်ခုံးတို့ စုကျုံ့သွားခဲ့သည်။
ရှင်ကျန်သူတွေက ပြန်လာသူတွေအကြောင်း သိပြီးသားလား...
ထို့နောက် သူကအလျင်အမြန်တုန့်ပြန်လာခဲ့သည်။
"မဖြစ်နိုင်ဘူး ငါ့ကိုလာလိမ်နေတယ်..ငါတောင် ငါတို့ပြန်လာတာအခုမှသိတာ မင်းတို့လို ကံကောင်းလို့အသက်ရှင်ကျန်ခဲ့တဲ့ကောင်တွေက ဘယ်လိုလုပ်ကြိုသိမှာလဲ"
ထန်မော့ အသာတုန့်ပြန်လိုက်သည်။
"တကယ် လူတိုင်းသိတဲ့ သတင်းပါဆို...ခင်များယုံချင်ယုံ မယုံချင်နေပေါ့"
ထန်မော့ပြုံးလိုက်သည်။
"ဒီတော့ ဘယ်လိုလဲ ယုံရဲ့လား"
လီချောင်ချန်းအော်ဟစ်လိုက်သည်။
"မင်း..."
လူလတ်ပိုင်းယောကျာ်းကြီးမှာ အံကိုကြိတ်လိုက်မိလေသည်။ ထို့နောက် သူသည် ထန်မော့ထံမှ လွှမ်းမိုးခံလိုက်ရသည်ကို သတိထားမိသွားခဲ့သည်။ တကယ်တမ်းတွင် သူ၏ရင်ထဲ၌ဆက်တိုက်တွေးနေခဲ့ခြင်းဖြစ်သည်။
ထိုကံကောင်း၍ ရှင်ကျန်ခဲ့သော ကမ္ဘာပေါ်မှ ကစားသမားများမှာ အမှန်တကယ် ထိုလျို၀ှက်ချက်ကို သိနေကြခြင်းလား... ထိုသူတို့မှာ ထိုမျှထက်မြက်သည်လားဟုပင်..
မဖြစ်နိုင်။ ကမ္ဘာကြီးအွန်လိုင်းပေါ်တက်လာသည်မှာ နှစ်၀က်ခန့်ရှိပြီဖြစ်ကာ ထိုလူပေါင်း သန်း၄၀၀ထဲမှ အများစုမှာ သေဆုံးသွားပြီးလောက်ချေပြီ။ ကျန်သော ကစားသမားမှာ အနည်းဆုံး မျှော်စင်ပထမထပ်လောက်ကိုရှင်းထားကာ ခွန်အားတချို့တော့ ရှိလောက်ပေသည်။ အမှန်တရားကိုပင် ကြိုသိနိုင်သည်အထိ သူတို့မှာ သန်မာကြသည်ဆိုပါက မိမိထက်ပင် သန်မာသည်ဟု ဆိုလိုသည်လား..
လီချောင်ချန်း၏ ကျိုးကြောင်းဆီလျော်မှုက ဤလူရွယ်မှာ လိမ်နေခြင်းဖြစ်ကြောင်း ပြောနေခဲ့သည်။
ထိုရှင်ကျန်ရစ်သော ကမ္ဘာပေါ်မှ ကစားသမားများမှာ သူ့ထက်မည်သို့ သန်မာနိုင်လိမ့်မည်နည်း၊ သို့တိုင်အောင် သူသိပ်မသေချာပြန်ချေ။ ထိုကစားသမား သန်း၄၀၀မှာ ထိုမျှ အမှန်တကယ်သန်မာပါက သူတို့ပြန်လာသူများအတွက် ကပ်ဆိုးသာဖြစ်လိမ့်မည်။
လီချောင်ချန်းမှာ ခေါင်းကိုငုံ့လျက် သူ၏အမူအရာကို ဖုံးကွယ်ကာ စကားပြောခြင်းကိုရပ်လိုက်သည်။
ဂျက်က ၄င်းကိုမြင်လျှင် ဒေါသထွက်သွားခဲ့သည်။ သူသည် ထိုဘ၀င်ကိုင်နေသော လူကြီးကို မာန်မဲချင်ခဲ့သော်လည်း ထန်မော့သူ့ကိုတားလိုက်သည်။
"အချိန်အဆင့်ဇယားဆိုတာဘာလဲ"
လီချောင်ချန်းချက်ချင်းပင် ထန်မော့ကို မော့ကြည့်လာခဲ့သည်။
"မင်းတို့ကမ္ဘာပေါ်က ငတုံးတွေ သိပြီးသားပဲမဟုတ်လား"
ထန်မော့ပြုံးသည်။
"ဘာလဲဆိုတာရယ်..အချိန်ကိုဘယ်လိုရလဲဆိုတာရယ်ကိုတော့သိပါတယ်..ဒါပေမယ့်ဘယ်လိုဖြစ်လာတာလဲ ..အနက်ရောင်မျှော်စင်က မင်းကိုတိုက်ရိုက်ပေးလိုက်တာလား ဒါမှမဟုတ် ထူးခြားတဲ့ အကူပစ္စည်းတစ်ခုခုလား ဒါမှမဟုတ် စွမ်းရည်လား.."
ထန်မော့အလွန်ထူးဆန်းသော စွမ်းရည်အမျိုးမျိုးကို မြင်ဖူးခဲ့သည်။ လူတို့၏ နှလုံးကိုစားလျက် အခြားလူများ၏ ခွန်အားကိုမြှင့်တင်ပေးနိုင်သော ဆက်ကျော်သက်တစ်ဦးကိုပင်တွေ့ခဲ့ဖူးလေသည်။
လီချောင်ချန်းက သရော်လိုက်သည်။
"ငါကဘာလို့ပြောရမှာလဲ"
ထန်မော့က ရာဘာကြိုးကိုညွှန်ပြလိုက်သည်။
"မင်းအခုအဖမ်းခံထားရတာလေ"
လီချောင်ချန်းကပြုံးလိုက်သည်။
"ဒါလေးကြောင့်ပဲလား..ငါကမင်းတို့ကို လူပေါင်းသန်း၄၀၀ထဲက အတော်ဆုံးတွေမှတ်တာ..ထက်မလိုလိုနဲ့ ဒီလိုမျိုးဖြစ်နေတာပဲ"
ထန်မော့၏အမူအယာမှာ ပြောင်းလဲမသွားခဲ့ချေ။
"ငါက အခုမှမျှော်စင်ပထမထပ်ကို ရှင်းထားတာ..ငါကလူသန်း၄၀၀ထဲဆို ဘတ်ချေးပေါ့"
ထိုအလိမ်စကားမှာ ဂျက်၏ မျက်ခွံကိုပင် တွန့်သွားစေခဲ့သည်။
ချန်ရှန်းရှန်းမှာ ထန်မော့သည် ဤလူအား စိတ်ပိုင်းဆိုင်ရာ ဖိအားပေးနေမှန်း သိသော်လည်း သူမမျက်နှာအရည်ပြားမှာ လုံလောက်အောင် မထူ၍ ထန်မော့ကို တစ်ချက်မျှ စောင့်ငဲ့ကြည့်လိုက်မိသည်။
လီချောင်ချန်းကအော်ဟစ်လာသည်။
"ငါမယုံဘူး..မင်းကဘယ်လိုလုပ် အဲဒီငတုံးသန်း၄၀၀ရဲ့ ဘိတ်ချေးဖြစ်မှာလဲ"
ထန်မော့ပြုံးလိုက်သည်။
"ယူံချင်ယုံ မယုံချင်နေလေ...ဒီတော့ ဘယ်လိုလဲ ယုံရဲ့လား"
"မင်း..."
လီချောင်ချန်းမှာ စိတ်တိုလွန်း၍ စကားလုံးများပင်ပျောက်ဆုံးသွားခဲ့ရသည်။
ထန်မော့ လီချောင်းချန်းထံသို့ မေးခွန်းတစ်ခုပြီးတစ်ခုပစ်ပေးနေခဲ့သည်။ လီချောင်းချန်းမှာ သူ၏စကားများကို မယုံသော်လည်း အမှန်ဖြစ်နေမည်ကိုလည်းစိုးရိမ်နေခဲ့မိလေသည်။ သူသည်ပါးစပ်ကို ပိတ်လျက် ထန်မော့မေးခွန်းများကို ဖြေဆိုရန် ငြင်းဆန်နေခဲ့သည်။ ထန်မော့သူ့အား၂ကြိမ်မျှမေးလိုက်သော်လည်း ဖြေဆိုရန် ငြင်းဆန်နေဆဲပင်။ အချိန်များကုန်လွန်သွားပြီးနောက် ထန်မော့ သက်ပြင်းချကာ ထရပ်လိုက်သည်။
"မင်းအနှေးနဲ့ အမြန်ပျောက်သွားမှာပဲလို့တွေးနေတာမလား...ဒါကြောင့် ငါတို့ဆီက လွတ်မြောက်ဖို့ ကြိုးစားနေစရာမလိုဘူးလို့လေ"
ဤသည်မှာ သံသယမရှိ မှန်ကန်သော စကားပင်။
လီချောင်ချန်းထန်မော့အား မယုံနိုင်စွာမော့ကြည့်လာသည်။ သူကအလျင်အမြန်ထေ့ငေါ့လိုက်သည်။
"မင်းဘာတွေပြောနေတာလဲ ငါမသိဘူး"
ထန်မော့ကဆိုသည်။
"ခင်များမှန်းတာမှန်တယ် ..ခင်များတို့ပြန်လာသူတွေက ကမ္ဘာပေါ် ပေါ်လိုက် ပျောက်လိုက်ဖြစ်နေကြတာ..ပျောက်သွားတာဆိုမြန်လွန်းလို့ အရိပ်လေးတောင် မကျန်ဘူး"
လီချောင်ချန်းမှာ အချိန်အဆင့်ဇယားပေါ်မှ လူဖြစ်၍ ၄င်းကို သူကိုယ်တိုင် ခန့်မှန်းနိုင်လေသည်။ သူသည် ယခုလိုအခြေအနေတွင်တောင်မှ ဒေါသထွက်နေနိုင်သေးသည်မှာ သူ၏အရှေ့မှ၃ယောက်ထံမှ လျပ်တပြက်ပျောက်ကွယ်သွားနိုင်သေး၍ဖြစ်သည်။ သို့သော်...
"စိတ်ချထားလို့ရတယ်...မင်းပျောက်သွားတော့မယ့်အချိန်မှာပဲ ငါတို့က မင်းကိုသတ်ပေးမှာ"
လီချောင်ချန်းမှာ အံကိုကြိတ်လျက် ဘာမှမဆိုချေ။
ထန်မော့ကဆိုသည်။
"ငါအမှန်အတိုင်းပြောနေတာနော်..ယုံချင်ယုံမယုံချင်နေပေါ့...ဒီတော့ ဘယ်လိုလဲ ယုံလား..."
လီချောင်ချန်းမှာ ဤမရိုးရှင်းပုံရသည့် လူရွယ်နှင့် ညှိနှိုင်းလိုစိတ်ပျောက်ဆုံးခဲ့သည်မှာ ကြာလေပြီ။ သူသည်ထိုစကားများကို ထပ်မံကြားချင်စိတ်မရှိတော့သဖြင့် တိုက်ရိုက်ဆိုလိုက်သည်။
"ဟုတ်တယ်..ငါကငါ့ကမ္ဘာကိုပြန်ဖို့စောင့်နေတာ..မျှော်စင်ဗားရှင်း 4.0ကတရား၀င်မပွင့်သေးတော့ ငါတို့က အပြည့်အ၀ပြန်လာလို့မရသေးဘူး..ငါကျိန်းသေပြန်သွားလို့ရတယ်...ငါ့ဟာငါယုံယုံ မယုံယုံ သောက်ရေးမပါဘူး မင်းကိုဥာဏ်ကောင်းတယ်ထင်ထားတာ...ငါသိတာတွေ မင်းကို ပြောမပြနိုင်ဘူးဆိုတာကျ မခန့်မှန်းနိုင်ဘူးလား"
ထန်မော့မျက်ခုံးပင့်လိုက်လေသည်။
လီချောင်ချန်းကရှင်းပြလာသည်။
"မင်းက ငါပျောက်မသွားခင်သတ်မယ်လို့ပြောတယ်..ဘာနေနေသေတော့မှာပဲ..ငါကဘာလို့မင်းတို့ကို ပြောပြနေရဦးမှာလဲ"
ထန်မော့က အံ့အားသင့်ချင်ယောင်ဆောင်လိုက်သည်။
"အာ..ဒီပြဿနာကို မတွေးမိခဲ့ဘူးပဲ..ငါတကယ်ပေါ့လျော့မိတာပဲ"
လီချောင်ချန်း ရုတ်တရက် တစ်ခုခုမှားယွင်းနေသည်ကို ခံစားလိုက်ရသည်။ သူ၏နှလုံးမှာ တုန်လှုပ်သွားလျက် ဆိုးရွားသော ခံစားချက်များ ပြည့်နှက်လာခဲ့သည်။ ချောမောသောလူရွယ်မှာ ဘေးမှ လူသန်ကြီးနိုင်ငံခြားသားကို လှည့်ကြည့်လိုက်သည်။ သူ၏ညာလက်ကို ထိုနိုင်ငံခြားသားအားမြှောက်လျက် ဝေ့ယမ်းပြလိုက်သည်။ သွယ်လျသော ညာလက်ပေါ်မှ လက်ခလယ်မှာ ပြတ်ထွက်လုနီးပါးဖြစ်လျက် အရည်ပြားတချို့ကသာ တွဲလျက်ရှိနေခဲ့သည်။
လီချောင်ချန်းမှာ သူသည် ထိုလူရွယ်၏ လက်ချောင်းကို အပ်နှင့်ပစ်ခဲ့မိသော်လည်း စကားပြောနေစဥ်အတွင်း ထိုလူရွယ်မှာ အနည်းငယ်မျှ နာကျင်နေသော ပုံမပြသည်ကို သတိရသွားခဲ့သည်။
လီချောင်ချန်း၏ရင်ထဲမှ မလွယ်ကူသော ခံစားချက်မှာ တဖြည်းဖြည်းကြီးထွားလာခဲ့လေသည်။
ထို့နောက် လူရွယ်ကအပြုံးဖြင့် ဆိုလိုက်သည်အား ကြားလိုက်ရလေသည်။
"ဂျက် ငါတို့သူ့ကိုသတ်လို့မရသေးဘူး...ဒါပေမယ့် သူ့ပါးစပ်က အသုံး၀င်မယ့် သတင်းလေးတွေတော့ဆွဲထုတ်ရမယ်..သူ့ညာလက်ကို ကူပြီး ချုပ်ပေးထားပါလား"
ထန်မော့၏ လက်ချောင်းတို့လှုပ်ရှားသွားလျက် လက်ဖ၀ါးပေါ်တွင် ငွေရောင်ဓါးတစ်ချောင်းပေါ်လာခဲ့သည်။ သူ၏မျက်နှာပေါ်မှ အပြုံးမှာမူ လွန်စွာတောက်ပလျက်ပင်။
"သူ့လက်ချောင်းလေးတွေကို ဖြတ်လိုက်ရင် ပြောလာမလား မသိဘူးလေ"
လီချောင်ချန်း၏ ဦးခေါင်းမှာ ထုံကျဥ်သွားလျက် ချွေးသီးချွေးပေါက်များစီးကျလာခဲ့သည်။
ဂျက်မှာ ခေါင်းညိတ်လျက် ထိုလူကို ကူချုပ်ပေးလာခဲ့သည်။ ထန်မော့၏ ပထမဆုံးရွေးချယ်မှုမှာ လက်ခလယ်ဖြစ်သည်။ ထန်မော့၏ ပြတ်လုနီးနီးလက်ချောင်းမှာ ပန်းရောင် ကြွက်သားမျှင်များ တဖြည်းဖြည်းချင်းပြန်လည်ဖွဲ့စည်းလာလျက် သွေးများကတတောက်တောက်စီးကျနေသည်မှာ အတော်လေးကြည့်မကောင်းသော မြင်ကွင်းပင်။ လီချောင်ချန်းမှာ ဖြူဖျော့နေသော်လည်း ထေ့ငေါ့နေဆဲဖြစ်သည်။
"ဒါပဲလား သြော် မင်းတို့ သန်း၄၀၀က သန်မာမလိုနဲ့သောက်ရမ်းတုံးလွန်းလို့ လက်ချောင်းလေးတွေကို အရေးပါမယ်လို့ ထင်နေတယ်ပေါ့ လက်ချောင်းလေးတွေဖြတ်ရုံပဲလား...ဖြတ်လေ ဖြတ်ပေါ့"
"ဘယ်သူကဖြတ်မယ်ပြောလို့လဲ"
လီချောင်ချန်းမှာတန့်သွားခဲ့သည်။
ထန်မော့ကထိုလူကိုစေ့စေ့ကြည့်လျက်ဆိုလိုက်သည်။
"ပါးပါးလေးပဲလှီးမှာပါ"
ထို့နောက် ထန်မော့ဓါးကိုနှိမ့်ချလိုက်ပြီး သွေးများတမဟုတ်ချင်းပန်းထွက်လာခဲ့သည်။ ထက်မြသောဓါးမှာ အသား၏အပေါ်ယံအလွှာကို ခပ်ပါးပါး လှီးဖြတ်သွားခဲ့သည်။ လီချောင်ချန်းတစ်ကိုယ်လုံးတုန်လှုပ်သွားလျက် သားရဲကောင်ကြီးနှယ် ညည်းညူသံက လည်ချောင်းမှ ဆန်တက်လာခဲ့သည်။ ထန်မော့မှာ မီလီမီတာမျှသာထူသော အသားလွှာမျိုးရအောင်အမှန်တကယ် လှီးခဲ့ခြင်းဖြစ်သည်။ လီချောင်ချန်း အဆုံးစွန်သောနာကျင်မှုကိုမရောက်နိုင်ခင် ထန်မော့နောက်တစ်လွှာလှီးလိုက်သည်။
"အား..."
ဂျက်မှာ ထိုမြင်ကွင်းကို ဆက်မကြည့်နိုင်တော့ပေ။
ထန်မော့က လီချောင်ချန်း၏ လက်ခလယ်ကို အသားလွှာအဖြစ်လှီးနေသော်လည်း သူ၏မျက်နှာတွင် မည်သည့်အမူအရာမျှမရှိချေ။ ၄င်းမှာ အသီးအရွက်လှီးနေသည်ကို အာရုံစိုက်နေသည့်အလား။
ဂျက်မှာ အဆုံးတွင် မပြောပဲ မနေနိုင်တော့ချေ၊
"ဟင့်အင်း ထန်ငါမကြည့်နိုင်တော့ဘူး"
လက်တစ်ဖက်က လီချောင်ချန်း၏ လက်ကိုဖိလာခဲ့သည်။ ဂျက်မော့ကြည့်လိုက်လျှင် ချန်ရှန်းရှန်းမှာ အံ့အားသင့်ဖွယ်တည်ငြိမ်စွာဆိုလာခဲ့သည်။
"ကျွန်မလုပ်မယ်"
ဂျက် တုန့်ပြန်လိုက်သည်။
"အိုကေ"
ထိုလူ၃ယောက်ထဲတွင် ဂျက်မှာ ပထမဆုံး မတောင့်ခံနိုင်သူဖြစ်လာလိမ့်မည်ဟု မည်သူထင်ထားမည်နည်း။ ချန်ရှန်းရှန်းနှင့် ထန်မော့သည် တစ်ယောက်က လက်ကိုချုပ်ထားလျက် တစ်ယောက်မှာ အသားကိုလွှာနေခဲ့သည်။
ထန်မော့ထိုလယ်ခလယ်၏ တ၀က်မျှ လွှာပြီးချိန်တွင် လီချောင်ချန်း၏တစ်ကိုယ်လုံးချွေးများ စိုရွှဲနေခဲ့လေသည်။ သူကဖြူဖျော့သော မျက်နှာနှင့် ညည်းညူလာခဲ့သည်။
"ငါပြောမယ်..ငါပြောပါ့မယ်..သိသမျှအကုန်ပြောပြမယ်"
ထန်မော့လုပ်လက်စကိုရပ်လျက် လီချောင်ချန်းအားကြည့်လိုက်သည်။ ထို့နောက် သူသည်လီချောင်ချန်း၏ လက်ခလယ်ကို တိုက်ရိုက်လှီးချလိုက်သည်။
"အစောကြီး လက်လျှော့သွားတာ မကောင်းဘူးလေ"
ဂျက်"..."
လီချောင်ချန်း"..."
ယခုမူ သူသည် ထိုသန်း၄၀၀ကစားသမားများမှာ ကြောက်စရာကောင်းသည်ကို ယုံကြည်သွားလေပြီ။
ထို့နောက် လီချောင်ချန်းမှာ ထန်မော့အား မပြောချင်ပြောချင်ဖြင့် ပြောပြလာခဲ့သည်။
"လွန်ခဲ့တဲ့ ၃လ ၂၀၁၈ ဇန်န၀ါရီ ၁၂ရက်နေ့က ငါမျှော်စင်ဒုတိယထပ်ကိုရှင်းပြီး ငါ့နားချိန်ကို ခဏသုံးနေတာ..ငါ၈မိနစ်လောက်နားပြီးသွားတဲ့အချိန် အနက်ရောင်မျှော်စင်က ရုတ်တရက် ကြေညာတယ်"
လီချောင်ချန်း၏ အသံမှာ အနည်းငယ်အက်ကွဲနေခဲ့သည်။
"တင်းတောင်~ တောင်အာရှဇုန် ၁ ကစားသမား ဒီဂျန် ဂလာဗာဟာ 'အမှန်တရားနာရီနောက်၀ယ်'ကို အောင်မြင်စွာရှင်းလင်းပြီး အချိန်အဆင့်ဇယားကို ဖွင့်လှစ်လိုက်ပါပြီ"
"တင်းတောင်~ တောင် အာရှ..."
ကြည်လင်သော ကလေးသံ၏ ကြေညာမှုက ၂ဘီလျံသော ကစားသမားများနားထဲတွင် ပဲ့တင်ထပ်လာခဲ့သည်။ ၄င်းမှာ ၃ကြိမ်တိတိကြေညာပေးခဲ့သည်။ လူတိုင်း၏အမူအယာမှာ ထုံထိုင်းလျက် သူတို့၏ အ၀တ်အစားများမှာ သွေးချွေးများနှင့် ညစ်ပေနေခဲ့သည်။ မျက်နှာပေါ်မှသွေးစီးကြောင်းများမှာ လအတော်ကြာ မဆေးမကြောထားရ၍ ထိုအတိုင်းရှိနေတော့မည့်နှယ်။ သူတို့၏ မျက်လုံးများမှာလည်း အနားမယူထားရသည့်နှယ် သွေးတမျှ နီရဲနေခဲ့သည်။ သူတို့မှာ ထိုကြေညာသံကို နားထောင်ရုံသာ ထောင်ပြီး မည်သို့မျှမတုန့်ပြန်ခဲ့ကြချေ။
ထိုကြေညာသံကိုကြားပြီး လူတချို့မှာ သူတို့၏လေးလံသော ကိုယ်များကို တရွတ်ဆွဲလျက် ဂိမ်းတစ်ခုထဲသို့ ၀င်သွားခဲ့ကြပြီး တချို့မှာတော့ လောဘတကြီး မြေပေါ်တွင် လဲလျောင်းလျက် အနားယူနေခဲ့ကြသည်။
သို့သော် ထိုအနက်ရောင်မျှော်စင်၏ ကြေညာမှုမှာ ၃ကြိမ်အပြီး ရပ်မသွားခဲ့ချေ၊ မြူးကြွသော သံစဥ်တစ်ခုကို ကြားလိုက်ကြရသည်။
ဇန်န၀ါရီ၁၂တွင် ထန်မော့နှင့် ဖူ၀မ်သော်မှာ ထူးဆန်းထွေလာဆပ်ကပ်တွင် ၂ယောက်နှင့် ၂၁ယောက် ရင်ဆိုင်နေခဲ့ရသည်။ ထိုဇန်န၀ါရီ၁၂ရက်နေ့တွင် ကမ္ဘာပေါ်မှ ရှင်ကျန်သူ သန်း၁၀၀မှာ အခြားကမ္ဘာတစ်ခုတွင် ပြန်လည်ဖွဲ့စည်းမှုတစ်ခုစတင်ခဲ့ပြီဖြစ်ကြောင်း မသိခဲ့ရချေ။
အကယ်၍ ဤကမ္ဘာပေါ်တွင်သာဖြစ်ခဲ့လျှင် အနက်ရောင်မျှော်စင်၏ ၃ကြိမ်တိုင်တိုင်ကြေညာမှုနှင့် သီချင်းဆိုမှုက ကစားသမားများအား လုပ်လက်စကိုရပ်လျက် လှည့်ကြည့်စေရန်လုံလောက်လိမ့်မည်။ သို့သော် ထိုကမ္ဘာပေါ်တွင်မူ ကစားသမားများမှာ တုန့်ပြန်မှုမရှိပဲ သူတို့လုပ်လက်စကို သာဆက်လုပ်နေကြသည်မှာ ထိုကြေညာသံကိုမကြားသည့်အလားပင်။
မိနစ်၀က်မျှ ကြာပြီးနောက် သီချင်းမှာ ရပ်တန့်သွားပြီး အနက်ရောင်မျှော်စင်၏ ကျယ်လောင်သော အသံကို ထပ်မံကြားလိုက်ရလေသည်။
"တင်းတောင်~အချိန်အဆင့်ဇယားရဲ့ စည်းမျဥ်းတွေကို ကြေညာပါတော့မယ်...
ပထမအချက်..စမှတ်အနေနဲ့ ကစားသမားတစ်ယောက်ချင်းစီတိုင်း ဂိမ်းတစ်လှည့်စီအတွက် ၁၀မိနစ်နားချိန်ရရှိပါမယ်
ဒုတိယအချက်..စမှတ်နားချိန်ရှိထားတဲ့ ကစားသမားတစ်ယောက်ကို သတ်တာနဲ့ တဖက်လူရဲ့ နားချိန်၁၀မိနစ်ကို အပိုရရှိပါမယ်"
တတိယအချက်..အချိန်ပိုတွေကို လည်ပင်းမှာ ဆွဲပေးထားပြီး အထူးနံပါတ်တွေအဖြစ်ပြသထားမှာပါ..
"စတုတ္ထအချက်..နားချိန်အပိုရှိတဲ့ကစားသမားတစ်ယောက်ကို သတ်တာနဲ့ သူတို့ရဲ့ နားချိန် တ၀က်အပြင် မူလနားချိန်၁၀မိနစ်ကိုလည်း ရရှိပါမယ်
ပဥ္စမအချက်..ဂိမ်းတစ်ခုထဲကို မ၀င်ခင်တိုင်းမှာ ကစားသမားတွေဟာ အချိန်အဆင့်ဇယားရဲ့ အချက်အလက်တွေကို ကြည့်ရှူနိုင်ပါတယ်..
ဆဌမအချက်...အချိန်အဆင့်ဇယားပေါ်မှာ ကစားသမားအယောက်၁၀၀ရှိမှာပါ...ထိပ်ဆုံး ၁၀၀ထဲက ကစားသမားကိုသတ်ပြီး နားချိန်မိနစ်၅၀ကို ရယူပါ..ထိပ်ဆုံး၅၀ထဲက ကစားသမားကိုသတ်ပြီး နားချိန်မိနစ်၁၀၀ရယူပါ..ထိပ်ဆုံး၂၀ထဲက ကစားသမားကိုသတ်ပြီး နားချိန် မိနစ်၅၀၀ရယူပါ...ထိပ်ဆုံး ၁၀ယောက်ထဲကကစားသမားကိုသတ်ပြီး ကောင်းမွန်အရည်အသွေး အကူပစ္စည်းကို ရယူပါ..တတိယအဆင့် ကစားသမားကိုသတ်ပြီး ဘယ်အနက်ရောင်မျှော်စင်ဂိမ်းကိုအဆို ကျော်ချခွင့်ရယူပါ..ဒုတိယအဆင့်ကစားသမားကိုသတ်ပြီး ရှားပါးအဆင့်အကူပစ္စည်းရယူပါ..
သတ္တမအချက်..ပထမအဆင့်ကစားသမားကိုသတ်ပြီး သေဆုံးသူကို အသက်ပြန်သွင်းခွင့်ရယူပါ...ဒီသက်ရောက်မှုကို အနက်ရောင်မျှော်စင်ဂိမ်းထဲမှာ သေဆုံးသွားတဲ့ ဘယ်ကစားသမားအပေါ်ကို မဆို သုံးနိုင်ပါတယ်"
"တင်းတောင်~ မျှော်စင်ကိုကြိုးစားတိုက်ခိုက်ပြီး ကမ္ဘာမြေကိုပြန်ကြစို့နော်"
ဤသည်မှာ ပြန်လာသူများအတွက် ဆင့်ကဲ့ပြောင်းလဲခြင်းတစ်ခုဖြစ်လေသည်။
🌍