Chapter 226
Viewers 32k

🌍Chapter 226




ကြက်ဆင်ဥတစ်ဖက်ခြမ်းမှ အ​ခြေအ​နေတို့ကို ထန်​မော့မသိနိုင်​ချေ။ အလင်းနံရံတဖန်​ပျောက်ကွယ်သွားလျှင်ပစ္စည်းအခု၂၀​ပေါ်လာခဲ့ပြန်သည်။


ထန်​မော့နှင့် ဖူ၀မ်​သော်ကြားမှာ တစ်​ယောက်ကိုတစ်​ယောက် နားလည်နိုင်မှုမှာ စကားလုံးများနှင့် ရှင်းပြ၍မရ​ချေ။ ဥပထမာ ထန်​မော့သည် ဂိမ်းမှာ အမှန်တကယ်​တော့ ရိုးရှင်း​ကြောင်း အကျဥ်းချုပ်ဆိုလိုက်သည်နှင့် ​ဖြေရှင်းနည်းကိုသိပြီးဖြစ်​ကြောင်း ဖူ၀မ်​သော် နားလည်ပြီးဖြစ်သည်။


မှန်၏။ ထန်​မော့သည် ဂိမ်းကို အမှန်တကယ် ရှင်းနိုင်မည့်နည်းကိုရှာ​တွေ့သွားခြင်းဖြစ်​လေသည်။


တကယ်တမ်းတွင် အားလုံးက ရိုးရှင်းလှသည်။ အ​ဖြေကိုသိပြီး​နောက် အရာအားလုံးကိုပြန်ကြည့်လိုက် ချိန်တွင် အဓိပ္ပါယ်ရှိ​နေခဲ့သည်။ 


သူတို့ တစ်ခုခု​ကြောင့် မမြင်နိုင်​အောင် ကာဆီးခံထားရခြင်းသာ။ 


ထန်​မော့ ဤဂိမ်းကို ရှင်းလင်းနည်း၏ ၉၀ရာခိုင်နှုန်းကို ဖမ်းဆုပ်မိထား​ချေပြီ။ သို့​သော် သူအလိုရှိသလို လုပ်၍မရနိုင်​သေး​ပေ။


၆ကြိမ်​မြောက် စတင်ခဲ့ပြီး ထန်​မော့စကားများများစားစား မဆိုခဲ့​ချေ။ ခါတိုင်းလိုပင် အသင်း၂သင်းမှာ ဘုတ်ပြား​ပေါ်တွင် ​ရွေ့လျား​နေကြပြီး ထန်​မော့က မျက်နှာ​ပြောင်​လေးအကွက်၏ အလင်းအ​မှောင် ​ပြောင်းလဲကာ ၂သင်းလုံးအနိုင်မရရှိခဲ့​ချေ။


ထိုကဲ့သို့တူညီ​သော အ​ခြေအ​နေမျိုး ​နောက်ထပ် ၂လှည့်စာ ထပ်၍ဖြစ်​ပေါ်ခဲ့သည်။


ကိုးကြိမ်​မြောက်တွင် ပစ္စည်း အခု၂၀ထပ်၍​ပေါ်လာပြန်သည်။ ပိုင်ရို့​ယောင်မှာ စာအုပ်၂အုပ်ရှိ​နေ​သော တည်​နေရာကိုကြည့်လိုက်သည်။ သူကမျက်​တောင်ခတ်လျက် တမင်လုပ်ယူထား​သော အသံဖြင့်ဆိုလာသည်။


"ထန်ထန်..မင်း ခုနကတည်းက ငါ့ကိုအ​တော်​လေးစိုက်ကြည့်​နေတာပဲ...ဟီးဟီး ငါက​ချောလို့လား"


ထန်​မော့ကသ​ဘောတူလိုက်သည်။


"အင်း...အရမ်းပဲ​ချောတယ်"


ပိုင်ရို့​ယောင်"..."


ပိုင်ရို့​ယောင်မှာ တမင်လုပ်ယူကာ ထိုအသံဖြင့်​မေးခဲ့​သော်လည်း ထန်​မော့က အမှန်တကယ် သ​ဘောတူလာ​သောအခါ သူမရယ်နိုင်ခဲ့​ချေ။ သသသည်ထန်​မော့ကို ဂရုတစိုက်စိုက်ကြည့်လျက် ထန်​မော့၏ အမူအရာမှ တစ်ခုခုကိုရှာ​ဖွေရန်ကြိုးစားလိုက်သည်။ ရုတ်ချည်း ထန်​မော့က​မေးလိုက်သည်။


"မင်းလည်း ငါ့ကိုကြည့်​ကောင်းတယ်ထင်လို့လား"


ပိုင်ရို့​ယောင်"..."


ဤသည်မှာ သူသိ​သော ထန်​မော့ လုံး၀မဟုတ်​ချေ။


ထန်​မော့ကပြုံးလိုက်သည်။


"ဒီလိုဆို သူက​ရော ကြည့်​ကောင်းတယ်လို့ထင်လား"


ပိုင်ရို့​ယောင် လျို၀မ်ရှန်းကိုလှည့်ကြည့်လိုက်သည်။ 


လျို၀မ်ရှန်းမှာလည်း ​တန့်သွားခဲ့​လေသည်။ 


ပိုင်ရို့​ယောင်မှာ တွန့်ဆုတ်မ​နေခဲ့​ချေ။ 


"ရုပ်ဆိုးတယ်"


လျို၀မ်ရှန်း"..." 


ထန်​မော့ကဆိုသည်။


"သူကအဆင်​ပြေပါတယ် အဲဒီ​ဘောင်အနက်နဲ့ မျက်မှန်ကို ချွတ်လိုက်ရင် အဲ​လောက်မဆိုးပါဘူး"


ပိုင်ရို့​ယောင်က ပြုံးလိုက်သည်။ 


"အဲဒါက သူဘယ်သူနဲ့ အယှဥ်ခံရလဲဆိုတဲ့အ​ပေါ် မူတည်တာ​ပေါ့..ထန်ထန် မင်းနဲ့ယှဥ်ရင် သူက အရမ်းရုပ်ဆိုးတယ်"


ထန်​မော့မျက်ခုံးပင့်လိုက်ကာ ဘာမှမဆို​တော့​ချေ။ 


ထိုစဥ် အနက်​​ရောင်​မျှော်စင်၏ ​ကြေညာသံကိုကြားလိုက်ရသည်။


"တင်း​တောင်~ ကိုးကြိမ်​မြောက်ဂိမ်း စတင်ပါပြီ ...

ကစားသမား၁ ၆ကွက်​ရွေ့နိုင်ပါတယ် 

ကစားသမား၂ ၆ကွက်​ရွေ့နိုင်ပါတယ်

ကစားသမား၃ ၄ကွက်​ရွေ့နိုင်ပါတယ်

ကစားသမား၄ ၃ကွက်​ရွေ့နိုင်ပါတယ်"


ဤအလှည့်တွင် စာအုပ်၂အုပ်မှာ B2နှင့် C1တို့တွင် ဖြစ်သည်။ ပိုင်ရို့​ယောင် လင်းရှန်းရှီနှင့် လျို၀မ်ရှန်းတို့မှာ ထိုစာအုပ်ကွက်ကို​ရောက်ရှိနိုင်​​သော်လည်း ထန်​မော့က မ​ရောက်နိုင်​ချေ။ ခါတိုင်းလိုပင် ထန်​မော့နှင့် လင်းရှန်းရှီတို့မှာ ​ရွေ့ရ​သော အကွက်နည်းပါးလှသည်။ ပိုင်ရို့​ယောင်နှင့် လျို၀မ်ရှန်း ၂ကွက်​ရွေ့ပြီးသည်အထိသူတို့ ရပ်​နေခဲ့ကြသည်။ တတိယအကြိမ်အ​ရွေ့တွင် လင်းရှန်းရှီက ​ရှေ့သို့တစ်လှမ်းလှမ်းကာ A2တွင်ရပ်လိုက်​လေသည်။


ပိုင်ရို့​ယောင်နှင့် လျို၀မ်ရှန်းတို့မှာ စာအုပ်၂အုပ်ရှိ​သော အကွက်များကို​ရောက်ရှိသွားကြသည်။ 


လျို၀မ်ရှန်းက ၂ကွက်လုံးတစ်ဖက်အသင်းမှ ရမသွား​စေရန် တစ်ကွက်အနည်းဆုံးရရှိ​အောင်လုပ်ရ​တော့မည်ဖြစ်သည်။


​နောက်ဆုံးအ​ရွေ့တွင် ပိုင်ရို့​ယောင်က C1တွင် ရပ်လိုက်ပြီး လျို၀မ်ရှန်းက B2တွင်ရပ်လိုက်သည်။


ပိုင်ရို့​ယောင်၏ အကွက်မှာ လင်း​နေပြီး လျို၀မ်ရှန်း၏ အကွက်မှာ ​မှောင်​နေကာ..မျက်နှာ​ပြောင်​လေး၏ အကွက်မှာ ​​လင်း​နေခဲ့သည်။


 လင်းရှန်းရှီ ထိုအ​ခြေအ​နေကိုကြည့်လျက် သူမ၏အမူအရာမှာ ​ပြောင်းလဲမသွားခဲ့​ချေ။

 သူမသည်B3တွင်ဖြစ်သည်။ လျို၀မ်ရှန်း၏ အကွက်ကိုလင်းမလာ​စေရန် B4သို့မသွားသ၍ ထန်​မော့အသင်းမှာ ဤအလှည့်ကို မနိုင်နိုင်​ချေ။ ထန်​မော့က လျို၀မ်ရှန်း၏ အကွက်ကို ထိန်းချုပ်နိုင်စွမ်းမရှိ​ပေ။


လင်းရှန်းရှီ သိပ်မ​တွေးပဲ A3သို့သွားရန်ပြင်လိုက်သည်။ သူ B4သို့မသွားသ၍ ဘယ်ကိုသွားသွား ကိစ္စမရှိ​ချေ။ သူမ​​ခြေ​ထောက်ကို ​မြောက်လိုက်စဥ်မှာပင် တည်ငြိမ်​သော အမျိုးသားအသံတစ်ခုကိုကြားလိုက်ရ​လေသည်။ 


"၀ံပု​​လွေပြန်​ရောက်လာရင် ပထမဆုံး​သေမယ့်လူက မင်းဆိုတာ ပိုင်ရို့​ယောင်​​ပြောခဲ့​​သေးလား"


လင်းရှန်းရှီ ချက်ချင်းတန့်သွားလျက် ထန်​မော့ကို လှည့်ကြည့်လိုက်သည်။


ကျယ်၀န်း​သော အပြာ​ရောင်ဘုတ်ပြား​ပေါ်တွင် ​ချော​မော​သော လူရွယ်​လေးမှာ အိတ်ကပ်ထဲ လက်ကိုထည့်လျက် တိတ်တဆိတ်ဆိုလာသည်။ 


"၀ံပု​လွေကြီးက ကစားသမား​တွေကို ဦးစား​ပေးမှုအစဥ်လိုက်အတိုင်းအမဲလိုက်တာ..​နောက်ဆုံးတစ်​ခေါက်က သူမင်း​နောက်ကို ၃မိနစ်​လောက်လိုက်ခဲ့တယ်...မင်းရဲ့ကျိုး​နေတဲ့ ညာလက်က ခုထိပြန်မ​ကောင်း​သေးဘူး"


ပိုင်ရို့​ယောင်ပါးစပ်ကို ဖွင့်လာခဲ့သည်။


"ဟီးဟီး..ထန်ထန်.."


ထန်​မော့ သူ့အားလျစ်လျူရှူလျက် လင်းရှန်းရှီကိုသာ စိုက်ကြည့်​နေခဲ့သည်။


"ငါ့အ​လိုလိုသိစိတ်ကအမြဲမှန်တတ်တယ်...မင်းအသင်း​​ဖော်လည်း ဒါကိုသိ​နေ​လောက်မှာပဲ ..​နောက်တစ််ခါ၀ံပု​လွေ​ရောက်လာရင် သူကမင်းကို ၃မိနစ်ပဲလိုက်မှာမဟုတ်ဘူး ၆မိနစ်...၁၀မိနစ်လည်း ဖြစ်သွားနိုင်တယ်"


ထန်​မော့မှာ အလွန်တည်ငြိမ်​နေခဲ့သည်။ 


"လင်းရှန်းရှီ မင်း ၆မိနစ်​လောက်​တောင့်ခံနိုင်လား"


လင်းရှန်းရှီက တည်ငြိမ်စွာတုန့်ပြန်လာသည်။


"ဦးစား​ပေးမှုအစဥ်လိုက်လား...ကျွန်မသိသားပဲ ကျွန်မအသင်း​ဖော်နဲ့​ဆွေး​နွေးထားပါတယ်"


ပိုင်ရို့​ယောင်ကမျက်​​တောင်ခတ်လိုက်သည်။


"ထန်ထန် မင်းရင်ထဲမှာ ငါကငါ့အသင်း​ဖော်ကို ဒါ​လေး​တောင်မ​ပြောပြဘဲ သစ္စာ​ဖောက်မယ့်သူမျိုးလား" 


"ဒါဆို​နောက်တစ်ကြိမ်၀ံပု​လွေ​ရောက်လာတဲ့အခါ သူမင်းကိုကူ​ပေးမလား ဒါမှမဟုတ် မင်းကို​သေခိုင်းလိုက်မလားဆို​တာ​ရော​ပြောဖူးလား...ဘာလို့ဆို မင်း​သေသွားရင် သူတစ်​ယောက်တည်းကျန်ပြီး ငါတို့၂​ယောက်နဲ့ ရင်ဆိုင်ရရင် သူ့အတွက် အခွင့်မသာဘူး​လေ"


ပိုင်ရို့​ယောင်အပြုံးက​အေးခဲသွားပြီး လင်းရှန်းရှီ၏ မျက်လုံးများက ပြူးကျယ်လာခဲ့သည်။


ထန်​မော့ကဆက်၍​ပြောလိုက်သည်။


"ဒါဆို ​နောက်တစ်ကြိမ်၀ံပု​လွေ​ရောက်လာတဲ့အခါ မင်းတင်မဟုတ်ပဲ ငါ့အသင်း​ဖော်လည်း ​သေမယ်ဆိုရင်​ရော"


လျို၀မ်ရှန်း၏ကိုယ်မှာ​အေးခဲသွားခဲ့သည်။


"မင်းတစ်​ယောက်တည်း​သေရင် အ​​ခြေအ​နေက မ​ကောင်းလှဘူး​ပေါ့..သူကအဲလိုဖြစ်ခွင့်မ​ပေးပဲ မင်းကို ကူညီ​ပေးလိမ့်မယ်...ဒါ​ပေမယ့် ​နောက်တစ်ကြိမ်မှာ ငါ့အသင်း​ဖော်လည်း ၀ံပု​လွေကြီးကို​တောင့်မခံနိုင်​လောက်ဘူး ဘာလို့ဆို သူ့ကိုကူ​ပေးရင် ဘာဖြစ်လာမလဲ ဘယ်သူမှမသိတာ..၀ံပု​လွေကပို​ဒေါသထွက်လာပြီး ၂​ယောက်လုံးကိုသတ်လိုက်တာလဲဖြစ်နိုင်တာပဲ...ငါက​​တောင် လျို၀မ်ရှန်းကို မကူညီနိုင်တာ ပိုင်ရို့​ယောင်က မင်းကိုကယ်​ပေးမယ်လို့ ဘယ်လိုများ ယုံ​နေရတာလဲ"


လင်းရှန်းရှီ၏ နှုတ်ခမ်းများလှုပ်ခတ်သွား​သော်လည်း ဘာမှမဆိုနိုင်​ချေ။ 


ပိုင်ရို့​ယောင်၏ မျက်လုံးများမှာ တဖြည်းဖြည်း ​အေးစက်လာခဲ့​သော်လည်း ထန်​မော့၏စကားကို မငြင်းဆန်နိုင်ခဲ့​ချေ။ 


ဂိမ်းထဲသို့၀င်လာပြီးကတည်း ထန်​မော့မှာ ပိုင်ရို့​ယောင်ထက် ပို၍ ယုံကြည်ရသူဖြစ်​ကြောင်း လူတိုင်းမြင်နိုင်သည်။ ထန်​မော့သည် အသင်း​ဖော်​ဖြစ်နိုင် ၆၀မှတ်ရှိလျှင် ပိုင်ရို့​ယောင်မှာ သုညဖြစ်သည်။ သူသည် အနုတ်သ​ဘောပင်​ဆောင်​သော အသင်း​ဖော်မျိုးဖြစ်​လေသည်။


ထန်​မော့တောင် လျို၀မ်ရှန်းကို ၀ံပု​လွေကြီးထံမှ မကူညီလျှင် ပိုင်ရို့​ယောင်က လင်းရှန်းရှီကို အဘယ်​ကြောင့်ကူညီလိမ့်မည်နည်း။


လင်းရှန်းရှီမှာ အက်ကွဲ​နေ​သော အသံဖြင့်ဆိုလာသည်။


"ကျွန်မ​သေသွားရင် သူတစ်​ယောက်တည်းကျန်ခဲ့ပြီး ရှင်တို့၂​ယောက်နဲ့ .."


"မိန်းက​လေးလင်း" 


ထန်​မော့သူမကိုဖြတ်​ပြောလိုက်သည်။


"ငါဆိုလိုတာကို နားမလည်ပုံပဲ..ငါ​ပြောတာ မင်း​သေတာနဲ့ ငါ့အသင်း​ဖော်မှာလည်း အသက်ရှင်ဖို့နည်းလမ်းမရှိဘူး..မင်းတို့၂​ယောက်လုံး​သေတာနဲ့ ငါနဲ့ပိုင်ရို့​ယောင်ပဲ ကျန်ခဲ့မှာ.. 1vs2က သူ့အတွက်ဆိုး​ပေမယ့် 1vs1က​တော့ အ​ရေးမကြီးဘူး​လေ...ပြီး​တော့ ငါကသူ့ထက်အရင်​သေရမှာ...ပြီး​တော့ သူနိုင်သွားမယ် အခုထိ မင်းနားမလည်​သေးဘူးပဲ"


 ထန်​မော့​ခေါင်းကို​မော့လျက် ပြုံးလိုက်သည်။


"မိန်းက​လေးလင်း ပိုင်ရို့​ယောင်ရဲ့မျက်လုံးထဲမှာ မင်းရဲ့အသက်ဆိုတာ ဘာမှမဟုတ်ဘူး" 


သူ၏အသံမှာ ၀န်းတစ်ခုလုံးပျံ့နှံ့သွားလျက် ပဲ့တင်ထပ်​နေခဲ့သည်။


မျက်နှာ​ပြောင်​လေးမှာ စားပွဲတွင်​မေး​ထောက်လျက် လင်းရှန်းရှီနှင့် ထန်​မော့တို့အားကြည့်​နေခဲ့​လေသည်။


ထို့​နောက် လင်းရှန်းရှီ ဖြူ​​ဖျော့လျက် ပိုင်ရို့​ယောင်ကိုလှည့်ကြည့်လိုက်သည်။ 


ပိုင်ရို့​ယောင် ပုခုံးကိုတွန့်ကာ ပြုံးလိုက်သည်။ 


"ငါ့ကိုလာမကြည့်နဲ့...ငါဘာမှမ​ပြောဘူး​နော်...သူပဲ​ပြောတာ"


လင်းရှန်းရှီ ​အေးခဲသွားမိသည်။


သူမဤလူ၏စကားကို ယုံနိုင်ပါမည်လား..


ထန်​​မော့ နှုတ်ခမ်းကိုဖွင့်လျက် ထပ်ဆိုလိုက်သည်။


"မိန်းက​လေးလင်း B4ကိုသွားပြီး ငါ့အသင်း​ဖော် အကွက်မီးလင်း​​အောင် လုပ်​ပေးပါ" 


ပိုင်ရို့​ယောင်မှာ ပြုံး​နေဆဲဖြစ်ပြီး ထန်​မော့အား ထူးဆန်း​သော မျက်၀န်းတို့ဖြင့်ကြည့်​နေခဲ့​လေသည်။

လင်းရှန်းရှီမှာ တုန်လှုပ်စွာ ထန်​မော့ကိုကြည့်​နေခဲ့​လေသည်။ သူမ၏နှုတ်ခမ်းတို့လှုပ်ရှားသွား​သော်လည်း ဘာမှမဆိုနိုင်ခဲ့​ချေ။


"အခု မင်းနဲ့ငါက မ​ရွေ့ရ​သေးပဲ​နောက်ဆုံးကျန်တဲ့သူ​တွေပဲ...ငါတို့မှာ ၁ကွက်စီပဲ ​ရွေ့​ခွင့်ရှိ​တော့တယ်..ငါတို့၂သင်းပူး​ပေါင်းတာက ပိုင်ရို့​ယောင်နဲ့​ရော လျို၀မ်ရှန်းနဲ့​ရောမ​ဆိုင်ဘူး မင်းနဲ့ငါ့ရဲ့ကြားပဲ...မင်းB4ကိုသွားပြီး ငါ့အသင်း​ဖော်ရဲ့ အကွက်ကိုလင်း​အောင်လုပ်​ပေးရင် ငါ E4ကိုသွားပြီး မျက်နှာ​ပြောင်​​လေးရဲ့ အကွက်ကို

​မပိတ်​​အောင်လုပ်ပေးမယ်...ဒီနည်းနဲ့ ပိုင်ရို့​ယောင်​ရော လျို၀မ်ရှန်း​ရော ၂​ယောက်လုံး စာအုပ်ကို မျက်နှာ​ပြောင်​လေးဆီ​ပေးလို့ရတယ် ဒါဟာငါတို့ပူး​ပေါင်းမှုပဲ"


ပိုင်ရို့​ယောင်ကရုတ်တရက်ဆိုလာခဲ့သည်။


"၂သင်းလုံးစာအုပ်ကို​ပေးလိုက်ရင် ငါတို့၄​ယောက်လုံး ၀ံပု​လွေလက်ချက်နဲ့ ​သေမှာမဟုတ်ဘူးလား"


လင်းရှန်းရှီ သူမ၏​​ခေါင်းကို ​​တောင့်တင်းစွာလှည့်ကြည့်လာခဲ့သည်။ 


ထန်​မော့ပြုံးလိုက်သည်။ 


"ဒါဆို ဇာတ်​ကြောင်းကဆက်သွားမှာ​​ပေါ့ သူတို့၂​ယောက်​သေသွားမယ် မင်းနဲ့ငါကျန်ခဲ့မယ် ​ဒီ​ရွေးချယ်မှုကအ​ရေးမကြီးပါဘူး ဒါ​ပေမယ့် ဦးစား​ပေးအစဥ်လိုက် မရှိ​တော့ဘူးဆို​တော့ မင်းငါ့ထက် အရင်​သေလည်း ​သေသွားနိုင်တာ​ပေါ့"


ပိုင်ရို့​ယောင်ရယ်လိုက်သည်။


"ဟီးဟီး...​ရှောင်လင်းရှန်းရှီ​လေး..."


လျို၀မ်ရှန်းအံကိုကြိတ်လျက် ထန်​မော့ကိုကူညီရန်ဆုံးဖြတ်လိုက်သည်။


"မိန်းက​လေးလင်း ငါတို့၂​ယောက်လုံးကဒီဂိမ်းမှာ ပိတ်မိ​နေတာအ​တော်ကြာပြီ...ဖြစ်နိုင်ရင် ဒီဂိမ်းထဲဘယ်​တော့မှ​ရောက်မလာမိဖို့ငါဆု​တောင်းမှာ...ထန်​မော့က​ လော​လောဆယ်မှန်တယ်..သူကတရုတ်ပြည်မှာ ပထမဆုံး ​မျှော်စင်တတိယထပ်ကိုရှင်းထားတဲ့သူပဲ...သူ့သန်မာမှုကိုလည်း​ပြော​နေစရာမလိုဘူး  သူ​ပေးတဲ့နည်းက​ ကျိန်းသေငါတို့အားလုံးအသက်ရှင်နိုင်မယ့်နည်းမျိုးပဲဖြစ်မှာ ငါက​တော့ သူ့ကိုယုံတယ်"


ပိုင်ရို့​ယောင်က မီး​လောင်ရာ​လေပင့်လိုက်သည်။


"အားလုံးအတူ​သေကြတာ​ပေါ့​နော်"


လျို၀မ်ရှန်းမှာ ​ဒေါသထွက်စွာ ထိုင​ကြောင်အား ပါးစပ်ပိတ်ထားရန်​အော်ပစ်ချင်ခဲ့သည်။ သို့​သော် သူမလုပ်ရဲ​ချေ။


အချိန်များကုန်လွန်သွားသော်လည်း လင်းရှန်းရှီ B3တွင်ရပ်​နေရာမှ မလှုပ်ခဲ့​ချေ။ 


အနက်​​ရောင်​မျှော်စင်၏ ​အေးစက်​သော အသံကိုကြားလိုက်ကြရသည်။


"တင်း​​တောင်~ ကစားသမား၃ ​ကျေးဇူးပြု၍ ​​​ရွေ့မယ့်အကွက်ကိုသွား​ပေးပါ"


ပိုင်ရို့​ယောင်" ထန်ထန်နဲ့အတူ​သေရမှာဆိုး​တော့မဆိုးပါဘူး" 


လျို၀မ်ရှန်းကလည်းဆိုလာသည်။


"မိန်းက​လေးလင်း ငါက​တော့ ထန်​မော့ကိုယုံတယ်"


ထန်​မော့ကပြုံးလိုက်သည်။ 


"ဟမ်း...ငါ ဘာ​ပြောရမလဲ ငါ့ကိုယ်ငါယုံတယ်လို့လား"


လင်းရှန်းရှီ၏ ရင်ဘတ်မှာ နိမ့်ချည်မြင့်ချည်နှင့် အသက်ကိုပြင်းစွာရှူ​နေခဲ့သည်။ သူမ၏နဖူးတွင် ​ချွေးများစို့လျက် သူမ၏အင်္ကျီမှာလည်း ​ချွေးများနှင့် စိုရွှဲ​နေခဲ့သည်။ ပိုင်ရို့​ယောင်၏ တွန့်လိမ်လိမ်အသံ လျို၀မ်းရှန်းနှင့်​တောင်းဆိုသံနှင့် ထန်​မော့၏ ပူပန်မှုကင်း​သော အသံတို့မှာ သူမ၏နားထဲတွင်​ရော​​ထွေးလျက် သူမကိုတုန်လှုပ်လာ​စေသည်။


"​တော်ကြ​​တော့" 


ရုတ်ချည်း သူမ၏နီရဲ​နေ​သော မျက်လုံးများကို ဖွင့်လိုက်ပြီး B4သို့လှမ်းလိုက်​တော့သည်။


တပြိုင်တည်းမှာပင် လျို၀မ်ရှန်း၏ အကွက်မှာ မီးလင်းလာပြီး ​လေ​ပေါ်တွင် ၀ဲ​နေ​သော စာအုပ်​မှာလည်း အပြာ​​​ရောင် ​ဖျော့​ဖျော့လင်းလာခဲ့သည်။


ပိုင်ရို့​ယောင်၏မျက်နှာ​ပေါ်တွင် မည်သည့်ခံစားချက်မျှရှိမ​နေပါ​ချေ။ သူကပြုံးသာပြုံး​နေခဲ့သည်။ ​ဒေါသထွက်မ​နေသလို ​ပျော်​နေပုံလည်းမ​ပေါက်​ချေ။ ခံစားချက်မှန်သမျှအား ထိုထူးဆန်း​သော အပြုံး​အောက်တွင် ဖုံးကွယ်ထားပြီး ခန့်မှန်းရခက်​စေသည်။


လျို၀မ်ရှန်း လဲပြိုကျလုနီးပါးပင်။ သူလည်းအသက်ရှင်လိုသည်။ ထန်​မော့သာ သူ့ကိုမကူညီပါက သူ့အ​နေနှင့် ၀ံပု​လွေ၏တိုက်ခိုက်မှုကို ခံနိုင် မခံနိုင်မ​သေချာ​ချေ။


 ယခုတွင် ထန်​မော့သည် မျက်နှာ​ပြောင်​လေး၏ အကွက်ကို မီးမပိတ်​စေသ၍ သူတို့ ဤဂိမ်းကို ရှင်းနိုင်လိမ့်မည်။


ထန်​မော့ လင်းရှန်းရှီ၏ ​ရွေးချယ်မှုကိုမြင်လျှင် ခန့်မှန်းရ​ခက်​သော အမူအရာတစ်ခု သူ၏မျက်နှာ​ပေါ် ဖြတ်​​ပြေးသွားခဲ့သည်။ သူသည် E4တွင်ရပ်လိုက်ကာ မျက်နှာ​ပြောင်​လေး၏ အကွက်ကို မီးမပိတ်​စေခဲ့​ချေ။ 


သူထိုအကွက်ကိုနင်းလိုက်သည်နှင့် မြူးကြွ​သော ​တေးသွားတစ်ခုက ပီကင်းတက္ကသိုလ်တစ်ခွင် ပဲ့တင်ထပ်သွားခဲ့​​လေသည်။  ​က​​လေးများသံပြိုင်သီဆို​နေ​သော ​ပျော်ရွှင်ဖွယ်သီချင်းသံက မျက်နှာ​ပြောင်​လေးအား စိတ်ပျက်လက်ပျက်နှင့် နားကိုပိတ်လိုက်​စေသည်၊ 


"မကြားချင်ဘူး ဒါကြီးကိုနားမ​​ထောင်ချင်ဘူးလို့"


"​နေ​ရောင်ဟာ​တောက်ပ​နေပါတယ်...ပန်းက​လေး​တွေက ရယ်​​မော​နေကြတယ် ..ငှက်က​လေး​တွေက​​မေးတယ် ..ဘာလို့အိတ်က​လေးကို အ​စောကြီးသယ်လာတာလဲတဲ့..."


ထို​ကျောင်းသီချင်း အဆုံးသတ်သွားပြီး​နောက် မျက်နှာ​​ပြောင်​လေးမှာ စားပွဲတွင်​မှောက်ချကာ ငို​တော့သည်။ 


"စာမဖတ်ချင်ဘူး စာမဖတ်ချင်ဘူးလို့ လုံး၀စာမဖတ်ဘူးလို့"


၅×၅ ဘုတ်ပြား​ပေါ်တွင် အလင်းများမှာ ​ပျောက်ကွယ်သွားပြီး အသုံးမ၀င်​သော ပစ္စည်းများအားလုံးလည်း​ပျောက်ကွယ်သွားခဲ့သည်။ ပိုင်ရို့​ယောင်နှင့် လျို၀မ်ရှန်း တို့၏ အကွက်မှ စာအုပ်၂အုပ်မှာ ​လေထဲတွင် ၀ဲ​နေခဲ့သည်။


 လျို၀မ်ရှန်းက စာအုပ်ကို လှမ်းယူလိုက်ပြီး ပိုင်ရို့​ယောင်က ​ခေါင်းကိုခါလျက် ​ရေရွတ်လာသည်။ 


"ပျင်းဖို့​ကောင်းလိုက်တာ" 


စာအုပ်ကိုယူကာဆိုလိုက်သည်။


ဂိမ်းမှာပြီးဆုံးသွားပြီဖြစ်ပြီး ၂​ယောက်သားမှာ ထိုစာအုပ်များကို မျက်နှာ​ပြောင်​လေးကို​​ပေးရန်အသင့်ဖြစ်​နေကြသည်။ သူတို့မှာ မျက်နှာ​ပြောင်​လေး၏ အကွက်ကို သွားရန်ပြင်လိုက်စဥ်မှာပင် အနက်​ရောင်​​မျှော်စင်၏ ​ကြေညာသံကို တဖန်ကြားလိုက်ရ​လေသည်။


"တင်း​တောင်~ ကစားသမားထန်​မော့ဟာ အဓိကမစ်ရှင်ဖြစ်တဲ့'ခပ်ညံ့ညံ့အရည်အ​သွေးနဲ့ ပစ္စည်း​တွေထဲမှာ မျက်နှာ​ပြောင်​လေးက အသာဆုံးပဲ' ကိုရှင်းလင်းလိုက်ပါပြီ...ဆုအဖြစ် မျက်နှာ​​ပြောင်​​လေးရဲ့ ​မှော်မီးခြစ်ဆံကို ရရှိမှာပါ...ကစားသမားထန်​မော့က ဂိမ်းကိုတစ်ဦးတည်းသီးသန့်ရှင်းလင်းခဲ့တာကို ​တွေ့ရတဲ့အတွက် အပိုဆုအဖြစ် မျက်နှာ​ပြောင်​လေးရဲ့အနမ်းကို ရရှိသွားမှာဖြစ်ပါတယ်"


အနက်​​ရောင်​မျှော်စင်၏​ကြေညာသံရပ်တန့်သွားခဲ့သည်။ ထို့​နောက် လျို၀မ်ရှန်း ပိုင်ရို့​ယောင်နှင့် လင်းရှန်းရှီတို့အပြင် မျက်နှာ​ပြောင်​လေးကပင် သူ့ကိုထူးဆန်းစွာကြည့်လာခဲ့သည်။


ပိုင်ရို့​ယောင်၏ လက်များမှာ ပါးလွှာ​သော စာအုပ်ကို တင်းတင်းဆုပ်လိုက်မိသည်။ ဤသည်မှာ ပထမဆုံး...မဟုတ်​သေး...ဤသည်မှာ ဒုတိယအကြိမ် ထန်​မော့ကို သူအခုလိုကြည့်မိခြင်းဖြစ်သည်။ သူသည် တည်ငြိမ်စွာရပ်​နေ​သော လူရွယ်ကို ကြည့်လျက် ​ဒေါသတကြီးဖြင့် သူ၏လက်ထဲမှ စာအုပ်ကို ဆွဲဖြဲပစ်လိုက်သည်။


ပိုင်ရို့​ယောင် ရယ်လိုက်သည်။


"ထန်​မျိုးရိုး.. မင်း​​ ငါ့ကို သောက်ကျိုးနဲ ကစားသွားတာပဲ" 


****


စာ​ရေးသူမှာ​ပြောစရာရှိတယ်:


ထန်ထန်: ဒီဟာကတကယ် ဥာဏ်ရည်မသန်စွမ်းအဆင့်ဂိမ်းပဲ..


လူအိုကြီးဖူ: ငါ့မိန်းမ​တော်တယ်...


ဥာဏ်ရည်မသန်စွမ်းသူ ပိုင်ရို့​ယောင်: ထန်မျိုးရိုး@!##$!


🌍