Chapter 109 Arc6 start
Viewers 21k

🚩Chapter -109

 Arc_6 . တိသမီးပြန်လာခြင်း [ 1 ] 


____



စုဝမ်တစ်ယောက် မစ်ရှင်လောကမှ ပြန်ထွက်လာချိန်ထိ ယဲ့ရှင်းက ဌာနချုပ်အစည်းအဝေးမှ ပြန်မလာသေးပေ။ 


သူမသည် ဆက်သွယ်ပြောဆိုရေးကိရိယာတွင် အသစ်ရထားသော အမှတ် 50,000 ကို စစ်ဆေးပြီး အချိန်နှင့်အာကာသကြား ပျောက်ဆုံးခြင်း အေးဂျင့်၏ စျေးဝယ်စင်တာစာရင်းကို တစ်ချက်ကြည့်လိုက်သည်။


ယခင်ကဆို၊သူမ စာရင်းထိပ်မှ နာမည်ကို သာမာန်သာ ကြည့်ဖြစ်သည်။ သို့သော် ယနေ့ သေသေချာချာကြည့်မိ၏။


မြှုပ်နှံထားသော နှလုံးသားအတွက် သော့...


မြှုပ်နှံထားသောနှလုံးသား၏ ကြုတ်ကိုဖွင့်ရန်အတွက် တစ်ခါသုံးပစ္စည်း ဈေးနှုန်းက မိုးထိလုမတတ် မြင့်မားလှသည်။စုဝမ် ယခင်ကတည်းက ထိုအရာကို မျက်စိကျခဲ့ဖူး၏။


မြှုပ်ထားသောနှလုံးသားနှင့် ညီမျှသော အဖိုးတန်ပစ္စည်းများကို မြှုပ်နှံထားသောနှလုံးသား၏ ကြုတ်ဟုခေါ်သည်။


အချိန်နှင့်အာကာသကြား ပျောက်ဆုံးခြင်း တစ်ခုလုံးတွင်၊ လူတစ်ယောက်တည်းကသာ ဤဈေးကြီးပစ္စည်းကို အသုံးပြုနိုင်သည်။ဈေးက မြောက်လွန်းတာကြောင့်၊သာမာန်လူဆို လက်တွန့်သွားနိုင်သည့်ပမာဏရှိ၏။ 


ထိုလူက ရွှီချယ့်ပင်...


 "ကိုယ့် နှလုံးသားက ဒီမှာမရှိဘူး၊ ဒီတော့ ကိုယ်က မချစ်နိုင်သလို နာလည်း မနာကျင်တတ်ဘူး"


ထိုနေ့က ရွှီချယ့်သည် သူ့နှလုံးသားကို ညွှန်ပြပြီး သူမအား အေးဆေးစွာ ပြောခဲ့တာကို ယနေ့တိုင် အမှတ်ရနေသေးသည်။


 á€”á€žá€œá€Żá€śá€¸á€žá€Źá€¸á€™á€›á€žá€­á€œá€­á€Żá€ˇ မချစ်တတ်ဘူး...


 á€”á€žá€œá€Żá€śá€¸á€žá€Źá€¸á€™á€›á€žá€­á€œá€­á€Żá€ˇ မနာကျင်ရဘူးတဲ့လေ...


သူမ သက်ပြင်းချလိုက်ပြီး ကိုယ့်ရင်ဘတ်ကို ညင်သာစွာ ပုတ်လိုက်၏။တစ်ချိန်က သူမမှာလည်း နှလုံးသားမရှိသလို၊ ဘယ်လို ချစ်ရမှန်း မသိသူဟု ကိုယ့်ကိုယ်ကို ထင်ခဲ့ဖူးလေသည်....


ဤသည်မှာ သူမနှင့်ရွှီချယ့် ကြားက ခြားနားချက် ဖြစ်နိုင်သည်။သူက သူ့ကိုယ်သူ ရေခဲတုံးဟု မှတ်ယူထားပြီး သူ့နှလုံးသားကိုတောင် သော့ခတ်ထားသူပင်။ယခု သူမကတော့ သူ့လို မဟုတ်၊ခံစားတတ်သည်၊ချစ်တတ်လာသည်။


****


အချိန်နှင့်အာကာသကြား ပျောက်ဆုံးခြင်း၊ အာကာသ-အချိန် ဌာနချုပ်၌....


ယဲ့ရှင်း အစည်းအဝေးခန်းမှ ထွက်လာသောအခါ၊တစ်ခါမြင်ဖူးရုံနှင့် အလွယ်တကူ မမေ့နိုင်သော လူတစ်ယောက်ကိုတွေ့လိုက်ရသည်။


ထိုသူက ပြတင်းပေါက်ရှေ့တည့်တည့်မှာ ရပ်နေသဖြင့် အပြင်မှ နေရောင်ခြည်က သူ့ပခုံးပေါ်မှာ ဖြာမိုးနေသည်။သူ၏ ကြော့ရှင်းသောအသွင်အပြင်ကို၊နေရောင်ဖျော့ဖျော့အလွှာက ဖုံးလွှမ်းနေသကဲ့သို့ပင်။


 "အဖွဲ့ခေါင်းဆောင်ရွှီ"


ယဲ့ရှင်း တစ်ချက်တုံ့ဆိုင်းသွားသော်လည်း၊ရှေ့တိုးလာကာ ရွှီချယ့်ကို နှုတ်ဆက်လိုက်သည်။


ရွှီချယ့်က ယဲ့ရှင်းကိုကြည့်ကာ ညင်သာစွာပြုံးပြလိုက်သည်။ သူက အမြဲလိုလို နူးညံ့သိမ်မွေ့စွာ ပြုမူတတ်ပြီး၊ကျောက်စိမ်းတစ်တုံးပမာ မြင်လိုက်ရရုံဖြင့် စိတ်ကြည်လင်စေ၏။


 "ရှင်...ကျွန်မကို စောင့်နေတာလား"


ယဲ့ရှင်း အထင်က သိပ်မသေချာသော်လည်း ယခု အစည်းအဝေးခန်းတွင် မည်သူမှ မရှိပေ။ သူမသည် မကြာသေးမီကမှ ရာထူးတက်လာခြင်းဖြစ်ကာ၊ နောက်တာဝန်ယူမည့်သူအား ကိစ္စတစ်ချို့ ရှင်းပြဖို့ နည်းနည်း နောက်ကျသည်အထိ နေခဲ့ခြင်းပင်။ယခု သူမ အလုပ်ပြီးချိန်၌ အားလုံး ပြန်သွားကြလေပြီ။


“အင်း...”


သူမ မေးခွန်းကို ရွှီချယ့်က ညင်သာစွာ ခေါင်းညိတ်ပြလိုက်သည်။


ယင်းကြောင့် ယဲ့ရှင်း အနည်းငယ် အံ့အားသင့်သွားသော်လည်း ချက်ချင်းတွင် သူမသည် အခြားအရာတစ်ခုကို တွေးလိုက်မိသည်။ 


“ရှင်…. ရှင် ကျွန်မကိုမေးချင်တာ တစ်ခုခုရှိသလား၊စုဝမ်နဲ့ ပတ်သတ်ပြီးတော့လေ" 


 á€…á€Żá€á€™á€şâ€Śâ€Ś


နာမည်ကြားရုံဖြင့် ရွှီချယ့်အကြည့်တို့က အနည်းငယ်စူးရှလာသလိုပင်။ 


"သူမ အခြေအနေက ဘယ်လိုနေလဲ"


ရိုးရှင်းသောမေးခွန်းဖြစ်သော်လည်း ရွှီချယ့် ပုံစံက တစ်မျိူးထူးခြားနေသည်။သူ ယခုလို မရေမရာဟန်ပန်မျိုး တစ်ခါမှမဖြစ်ဖူးခဲ့ပါချေ။


အာ... ဒီလိုခံစားချက်မျိုးကို "ရှုပ်ထွေးတယ်" လို့ပဲ ဆိုရမလား...


သူ၏ စိတ်ခံစားမှုများနှင့် ဆန္ဒများကို အချိန်အကြာကြီး စွန့်လွှတ်ထားခဲ့၍၊ သူသည် စက်ရုပ်တစ်ရုပ်ကဲ့သို့ပင်၊ လူတစ်ယောက်လိုမျိုး မခံစားတတ်တော့ကြောင်း သူ့ကိုယ်သူ ခံစားမိရသည်။


ဒါပေမယ့်….. နည်းနည်းတော့ ဂရုစိုက်ဆဲပင်။သူမက ယခင်နှစ်များအတွင်း သူ့စိတ်နှလုံးကို အကြွင်းမဲ့ ပိုင်စိုးထားသော မိန်းကလေးပဲလေ... 


ရွှီချယ့်၏ အမေးကို ကြားလိုက်သောအခါ ယဲ့ရှင်းကချက်ချင်းပြုံးကာ “စုဝမ် အခြေအနေက အရမ်းကောင်းပါတယ်၊လောလောဆယ် သူမက အလုပ်ကို အရမ်းကြိုးစားလာတယ်လေ၊တစ်နေ့ကျရင် သူ ကျွန်မကိုတောင် ကျော်တက်နိုင်ပါလိမ့်မယ်၊ အဲဒီအချိန်ကျရင် နောက်အစည်းအဝေးမှာ အဖွဲ့ခေါင်းဆောင်ရွှီက သူမရဲ့ လတ်တလော အခြေအနေတွေကို ကိုယ်တိုင် မေးကြည့်လို့ရပါတယ်”


သူတို့သည် အာကာသ-အချိန် တစ်ခုတည်းတွင်ရှိသော်လည်း၊ အချိန်နှင့်အာကာသကြား ပျောက်ဆုံးခြင်းရှိ ဌာနအားလုံးကို ခွဲခြားထားသောကြောင့် များသောအားဖြင့် ဆုံနိုင်စရာလမ်းမရှိပေ။


စုဝမ်နဲ့ပြန်တွေ့ဖို့....


ယဲ့ရှင်း စကားကို ရွှီချယ့် ကြားသည့်အခါ သူက အရင်လို ပေါ့ပေါ့ပါးပါး ပြုံးလိုက်၏။


"အဖွဲ့ခေါင်းဆောင်ယဲ့ ကလည်း ကိုယ့်ကိုကိုယ် ဒီရာထူးကို မထမ်းဆောင်နိုင်ဘူးလို့ သံသယမဝင်သင့်ပါဘူး …. သေချာတာက ကျွန်တော်နဲ့ သူမ....အမြန်ဆုံမယ် ဆိုတာပဲ"


ရွှီချယ့်၏ တုံ့ပြန်မှုကို ကြားလိုက်သောအခါ၊ ယဲ့ရှင်း အေးခဲသွားရသည်။ ပြီးမှ 3 နှစ်လျှင် တစ်ကြိမ် ပြုလုပ်သည့် ဌာနခွဲလေ့ကျင့်ရေးကို မကြာမီ စတင်တော့မည်ဖြစ်ကြောင်း ရုတ်တရက် သတိရသွားသည်။


လွန်ခဲ့သော 3 နှစ်က စုဝမ် ဤနေရာတွင် မရှိခဲ့ပေ။ ယခုမှသာ၊နယ်ပယ်ဖြိုခွင်းရေးသမား အမှတ်စဉ် 2 အနေဖြင့် သူမသည် ယခုနှစ်၏  ဌာနခွဲလေ့ကျင့်ရေးတွင် ကျိန်းသေပါဝင်မည်ဖြစ်ကာ၊ရွှီချယ့်သည်လည်း သေချာပေါက် ပေါ်လာမည်ဖြစ်၏။


"အချိန်တွေကုန်တာမြန်လိုက်တာနော်... လေ့ကျင့်ဖို့အချိန်နီးနေပြီပဲ၊ အာ ‌ဒါနဲ့...အဖွဲ့ခေါင်းဆောင်ရွှီက ဒီနှစ်မှာလည်း ချန်ပီယံဆုရဖို့ ယုံကြည်မှုရှိနေသေးရဲ့လား”


 á€Œá€Źá€”á€á€˝á€˛á€œá€ąá€ˇá€€á€ťá€„á€ˇá€şá€›á€ąá€¸á€á€…á€şá€á€Żá€…á€Žá€á€˝á€„á€ş ဌာနတစ်ခုစီမှ ထိပ်တန်းအေးဂျင့် သုံးဦးပါဝင်မည်ဖြစ်ပြီး၊အားလုံးက storyline မပါဘဲ မစ်ရှင်ကမ္ဘာတစ်ခုတည်းတွင် တစ်ပြိုင်နက် ပါဝင်ယှဥ်ပြိုင်ကြမည်ဖြစ်သည်။ 


ကမ္ဘာတစ်ခုတည်း၌ ရှိနေသည့်၊ ရန်သူနှင့် လူကောင်းတို့ကြား ခြားနားမှု မရှိပေ။ အတုအယောင်နှင့် အစစ်ကိုလည်း ခွဲခြားရခက်သည်။ မတူကွဲပြားသော ဌာနများကြားတွင် တိုက်ပွဲဖြစ်ခွင့်ရှိသည်။


စမ်းသပ်မှုတစ်ခုလုံးကို အာကာသ-အချိန်၊ ပဏာမနှင့် ဖိုင်နယ်အဆင့်ဟူ၍ နှစ်မျိုးခွဲထားသည်။ ပဏာမကမ္ဘာမှာ အချိန်ကန့်သတ်ချက်ရှိ၏။ အချိန်ကန့်သတ်ချက်ပြည့်သွားသောအခါ၊ အသက်ရှင်နေသေးသူများကသာ အဆင်ပြေချောမွေ့စွာရှေ့ဆက်ကြလိမ့်မည်ဖြစ်၏။ သို့သော် ဖိုင်နယ်သည် ပို၍ရက်စက်လာလိမ့်မည်။နောက်ဆုံးအသက်ရှင်နေသူကသာ အောင်နိုင်မည်ဖြစ်သည်။


ရွှီချယ့်သည် ပြန်လည်ထူထောင်ရေးဌာန၏ နံပါတ် 1 ကစားသမားဖြစ်လာပြီးကတည်းက၊ သူ ဘယ်သောအခါမှ မရှုံးခဲ့ဖူးချေ။ပြီးခဲ့သော နှစ်အနည်းငယ်အတွင်း၊ ဖြိုခွင်းရေးသမားဌာနချုပ်၏ ပြိုင်ဖက်များဖြစ်သည့် ယဲ့ရှင်းကိုယ်တိုင်အပါအဝင် ရွှီချယ့် လက်ချက်ဖြင့် အသတ်ခံခဲ့ရသည်။ ထိုအကြောင်းကို ပြန်တွေ့ကြည့်ရုံဖြင့် ယဲ့ရှင်း နှလုံးသားတစ်ခုလုံး တုန်လှုပ်သွားသလို ခံစားလိုက်ရသည်။


သူမ စိတ်မကောင်းဖြစ်နေချိန်မှာ ရွှီချယ့်က ပေါ့ပေါ့ပါးပါး ပြုံးလိုက်ပြီး 


"ကဲ အားလုံး အဆင်ပြေပါစေ၊မင်းလည်း ဖိုက်တင်းပါနော်"


ထိုသို့ပြောပြီး၊ သူက စိတ်ချလက်ချ နောက်ပြန်လှည့်၍ ထွက်သွားလေသည်။


အား..သူမတို့အားလုံးကို ငရဲကိုသွားဖို့ ဖိုက်တင်းလို့ ပြောလိုက်တာများလား...


ချက်ချင်းပင်၊ ရွှီချယ့်၏အားနည်းချက်ကို ရှာတွေ့နိုင်ဖို့ သူမနှင့်စုဝမ် သေချာဆွေးနွေးရန် ယဲ့ရှင်း တွေးမိလိုက်၏။


အသေးငယ်ဆုံး အားနည်းချက်ဆိုလည်း ကောင်းတာပဲ...ရွီချယ့်က အားနည်းချက် လုံးဝ မရှိသည့်အထိ၊တိကျသောစက်တစ်ခုလို လူသားဟု သူမ မယုံနိုင်ပေ။ဘာပဲဖြစ်ဖြစ် သူက လူသားပဲလေ...


ကံမကောင်းစွာဖြင့်၊ နောက်ဆုံးတွင် ယဲ့ရှင်း စိတ်ပျက်သွားရသည်။အဘယ်ကြောင့်ဆိုသော် သူမသည် ဖြိုခွင်းရေးဌာနချုပ် သို့ပြန်လာသောအခါ စုဝမ်သည် မစ်ရှင်တစ်ခုလုပ်ဆောင်ရန် အလုပ်ခန်းနံပါတ် 3 သို့ ဝင်လိုက်ပြီဖြစ်ကြောင်း သူမအား အသိပေးခဲ့တာကြောင့်ပင်။ဤသတင်းကို သိလိုက်ရချိန်တွင် သူမ သက်ပြင်းချမိသည့်အပြင် စိတ်ထဲမှာလည်း စူးစမ်းချင်စိတ်တို့ ပြည့်လာရ၏။


ဒါနဲ့ စုဝမ်က အလုပ်ခန်းနံပါတ် 3 ကို ဘာလို့ပြောင်းချင်ရတာလဲ...


တစ်ကယ်တမ်းမှာ စုဝမ်သည် သူမ ရာထူးတိုးခံရကြောင်း စုရွေ့ကိုပြောရန်မေ့သွားသည်။ထို့အပြင် စုရွေ့ ဝယ်ပေးခဲ့သော ခြေရာခံပစ္စည်းသည် သူမ၏မစ်ရှင်အခန်းတွင်သာအသုံးပြုပြီး တည်နေရာကိုခြေရာခံနိုင်ခဲ့ခြင်းကိုလည်း မပြောရသေးပေ။


****


 á€šá€á€Ż မစ်ရှင်ကမ္ဘာတွင်-


စုဝမ်သည် မျက်လုံးမဖွင့်ကြည့်ရသေးပေမယ့် သူမ၏တစ်ကိုယ်လုံး ပူပြီး ခြောက်ကပ်သွားသလို ခံစားလိုက်ရ၏။  


ဒီလိုခံစားချက်မျိုးက....


သူမ ရုတ်တရက် မျက်လုံးဖွင့်လိုက်ရာ မျက်လုံးထဲသို့ တိုးဝင်လာသော မြင်ကွင်းမှာ သစ်သားထွင်း ကုလားထိုင် တန်းတစ်ခုပင်။


ယခုအချိန်တွင် သူမသည် မြေပြင်ပေါ်တွင် ထိုင်နေပြီး သူမဝတ်ဆင်ထားသည့် နန်းတော်ဝတ်စုံကလည်း အတော်လေးဆိုးရွားနေသည်။ခဏကြာပြီးနောက်၊ သူမ၏ ခန္ဓာကိုယ်အတွင်းမှ မသက်မသာဖြစ်မှုကို တွန်းလှန်ပြီး ကုလားထိုင်ကိုထောက်ကာ မတ်တပ်ထရပ်လိုက်သည်။


ထိုအချိန်တွင် "ဟင်းဟင်းဟင်း" ဆိုသည့် အသံက သူမ အနောက်မှ ရုတ်တရက် ထွက်ပေါ်လာသည်။သူမ လှည့်ကြည့်လိုက်ရာ အပြာရောင် ဘရိုကိတ်ဝတ်စုံကို ၀တ်ထားသည့် ယောက်ျားတစ်ယောက်ကို တွေ့လိုက်ရသည်။သူကလည်း ကြမ်းပြင်ပေါ်မှာ လဲလျောင်းနေ၏။သူ့မျက်နှာတစ်ပြင်လုံးမှာ နီရဲနေပြီး သူ့အဝတ်အစားတွေကို သူ့ဘာသာစုတ်ဖြဲရင်း ညည်းတွားနေခြင်းဖြစ်သည်။


ဟ....  ဒါက ဘာကြီးတုန်း...ကျိန်စာသင့်နေတာလား..


စုဝမ် အေးခဲသွားကာ နေရာမှာ မနေဝံ့တော့သဖြင့် ပြေးထွက်ရန်ကြိုးစားလိုက်သည်။သူမ သစ်သားတံခါးကို အားသွန်ခွန်စိုက် တွန်းဖွင့်လိုက်ရာ၊ မျက်လုံးထဲသို့ တိုးဝင်လာသည်မှာ တိတ်ဆိတ်သော စင်္ကြံတစ်ခုဖြစ်သည်။ ဆောင်းဦးရာသီအစောပိုင်းလိုပင် မြူခိုးများရစ်သိုင်းနေသဖြင့် အအေးဓာတ်နှင့် ရင်ဆိုင်လိုက်ရသည်။ဆေး၏ ပုံမှန်မဟုတ် ပြင်းထန်သောအာနိသင်က သူမ ခန္ဓာကိုယ်ကိုပိုမိုတုန်လှုပ်စေပြီး မငြိမ်မသက်ဖြစ်စေသည်။ထို့အပြင်၊ သူမဆီသို့ ဦးတည်လာနေပုံပေါ်သော အရိပ်အယောင်များကို မြင်နေရသည်။


သူမ စိတ်ထဲမှာ ဘာမှကြံစည်ဖို့ အချိန်မရသဖြင့် ဆန့်ကျင်ဘက်ကိုသာ၊ လှည့်ပြေးဖို့ ချက်ချင်း ဆုံးဖြတ်လိုက်သည်။ သူမ ဘယ်လောက်ကြာကြာ ပြေးနေမှန်း မသိချေ။သူမ စိတ်ထဲတွင် အသိစိတ်များ တဖြည်းဖြည်း မှုန်ဝါးလာသောအခါ၊ နောက်ဆုံး၌ ငြိမ်သက်နေသော ရေမျက်နှာပြင်တစ်ခု သူမ မြင်ကွင်းထဲတွင် ပေါ်လာသည်။


လူလုပ်ရေကန်တစ်ခုပဲ။


စုဝမ် အကြည့်များ တောက်ပလာကာ ရေကန်ကမ်းစပ်သို့ အမြန်ပြေးပြီး ခုန်ချဖို့ပြင်နေချိန်မှာ..


 "မင်း အသက်ကို မနှေမြောဘူးလား"


သူမနှင့် ရင်းနှီးပြီးသား ယောက်ျားလေးအသံက အနောက်ကနေ ရုတ်တရက် ထွက်ပေါ်လာသည်။သူက သူမ လက်ကိုလည်း တင်းတင်းဆွဲထား၏။ သူမ အနည်းငယ် အသိစိတ်ကပ်လာသောအခါ၊ သူမ တစ်ကိုယ်လုံးကို အေးစက်စက် ကိုယ်လုံးတစ်ခုက ထွေးပွေ့လိုက်လေတော့သည်။


မကြာမီ အေးစက်သောလေညှင်းတစ်ချက် တိုက်ခတ်လာသဖြင့် သူမ အလိုလို သက်တောင့်သက်သာဖြစ်လာသလို ခံစားလိုက်ရသည်။


စုဝမ် သူ့ရင်ဘတ်ကို ပွတ်သပ်ကာ လက်နှစ်ဘက်စလုံးဖြင့် ထိုလူ့ခါးကို မသိစိတ်၏ ခိုင်းစေမှုကြောင့် ဖက်ထားမိသည်။ စိုးရိမ်ပူပန်နေသော သူမ နှလုံးသားသည် နောက်ဆုံးတွင် ငြိမ်သက်သွားကာ တုန်တုန်ယင်ယင်နှင့် ဂနာမငြိမ်သော ခန္ဓာကိုယ်ကလည်း ပို၍ပို၍ တည်ငြိမ်လာသည်။


 "စုရွေ့၊ ကျွန်မ နေလို့မကောင်းဘူး"


စုဝမ် ညည်းညူလိုက်ပြီး စုရွေ့ကို ပွတ်သပ်လိုက်သည်။


"အင်း၊ ကိုယ် မင်းကို ခဏလောက်နေရင် လိုက်ပို့ပေးမယ်"


စကားပြောနေစဉ် စုရွေ့သည် သူ့ခန္ဓာကိုယ်ပေါ်က ဝတ်ရုံဖြင့် စုဝမ်ကို ထွေးထားလိုက်သည်။ ထို့နောက် သူ့ခန္ဓာကိုယ်က ရွေ့လျားသွားပြီး၊မကြာမီ ရေကန်ဘေးမှ ပျောက်ကွယ်သွားလေသည်။


ဆောင်းဦး အစောပိုင်းညက အရိုးထဲအထိ စိမ့်နေအောင် စူးစူးဝါးဝါး အေးခဲနေရ၏။ စုဝမ်သည် စုရွေ့၏ ရင်ခွင်ထဲတွင် တင်းတင်းကျပ်ကျပ် ပွေ့ဖက်ထားခံရပြီး၊ အေးစက်နေသော သူ့ရင်ဘတ်ကို မှီထားသော်လည်း သူမ မခံနိုင်လောက်အောင် ပူအိုက်နေသေးသည်။ သူမ ရုန်းကန်ရင်း၊ မျက်နှာကလည်း စုရွေ့ ခန္ဓာကိုယ်ကို မသိစိတ်က၊ ပွတ်တိုက်နေမိသည်။


"အရမ်းပူတယ်"


 â€œá€™á€œá€žá€Żá€•á€şá€”á€˛á€ˇá€Śá€¸â€


သူ့လေသံကလည်း တိုးညှင်းလှသည်။  သူသည် သူမကို မြို့စားမင်းချင်းချွမ် အိမ်တော်၏ မြင့်မားတဲ့ နံရံများပေါ်မှတစ်ဆင့် ပွေ့ခေါ်သွားကာ နောက်ဆုံးတွင် မြို့စားမင်း အိမ်တော်၏ အပြင်ဘက် လမ်းငယ်တစ်ခုတွင် ဆင်းသက်လိုက်သည်။


 á€™á€žá€­á€”á€şá€–á€ťá€ąá€Źá€ˇá€žá€ąá€Źá€œá€™á€şá€¸á€€á€źá€Źá€¸á€á€˝á€„á€ş ဇိမ်ခံရထားလုံးတစ်စီးရပ်ထားသည်။ ရထားလုံးဘေးတွင် အနက်ရောင်ဝတ်စုံဝတ်ထားသည့် အစောင့်တစ်ဦးရှိနေ၏။


စုရွေ့ လာနေတာကို မြင်လိုက်သည်နှင့် အစောင့်က အနည်းငယ် အံ့အားသင့်သွားသည်။ 


“သခင်...”


"လမ်းကြားဝင်ပေါက်ကို စောင့်နေ ဒီနေရာကို ဘယ်သူမှ မကပ်စေနဲ့"


ထိုသို့ ပြောပြီးနောက် စုရွေ့သည် စုဝမ်ကိုပွေ့၍ ရထားလုံးထဲသို့ ၀င်လိုက်သည်။ ရထားလုံးထဲတွင် အလွန်ကျယ်ဝန်းပြီး အတွင်းပိုင်းကို နူးညံ့သော ရွှေကတ္တီပါစောင်ဖြင့် ခင်းကျင်းထားသည်။  


စုရွေ့သည် စုဝမ်ကို နူးညံ့တဲ့ စောင်ပေါ်တွင် ဂရုတစိုက် ချထားလိုက်သည်။ ထို့နောက် သူ ထချိန်ပင်မရလိုက် စုဝမ်၏ လက်နှစ်ဖက်စလုံးက သူ့လည်ပင်းကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်လာသည်။


“မထားခဲ့နဲ့၊ မထားခဲ့ပါနဲ့”


ပျော့ပျောင်းသောလက်မောင်းများသည် နူးညံ့နွေးထွေးလွန်းလှကာ စုရွေ့ ရင်ကို လှုပ်ခတ်သွားစေသည်။စုဝမ်၏မျက်နှာသည် နီရဲနေပြီး ချွေးများကြောင့် နဖူးပေါ်မှ ဆံပင်ရှည်များကလည်း ကပ်ညိနေလျက်ရှိသည်။


 á€™á€žá€­á€”်ဖဝ္ဏအဖဝ္ဏအ ဖယောင်းတိုင်မီးအောက်တွင် စုဝမ် မေးစေ့ကို အနည်းငယ်မြှောက်ကာ ရီဝေဝေဖြင့် အရှေ့မှလူကိုကြည့်နေမိသည်။


စုရွေ့၏အမြင်တွင် စုဝမ်သည် အမြဲတမ်း အေးစက်ပြီး အထီးကျန်နေသူပင်။ယခု သူ့အရှေ့ကလူမှာ စုဝမ်အစစ်အမှန် မဟုတ်မှန်း သိသော်လည်း၊သူမ ပုံစံက ယစ်မူးပျော်ဝင်ဖွယ်ရာအတိဖြစ်နေသည်။ သို့သော် ဤကိုယ်ခန္ဓာ၌ သူမ၏ ဝိညာဉ် တည်ရှိနေ၏။ယခု သူ့ကို မသွားဖို့ တားနေသူက သူ၏ ရှောင်ဝမ်ပင် ဖြစ်နိုင်သည်။


စုရွေ့၏ ဝမ်းဗိုက်အောက်ပိုင်းမှာ ပူထူလာသည်ကို ခံစားလိုက်ရပြီး သူ့ခန္ဓာကိုယ်ထဲတွင် မီးလုံးတစ်ခု တောက်လောင်နေသကဲ့သို့ ခံစားနေရသည်။


သူ့အသက်ရှူသံများက ဖရိုဖရဲဖြစ်သွားသော်လည်း ... စုဝမ်က လက်ရှိမှာ စိတ်ရှုပ်ထွေးနေတာဟု သူ တွေးမိပြီး၊သူ့စိတ်ရိုင်းကိုချွန်းအုပ်ဖို့ပြင်လိုက်သည်။


 "ရှောင်ဝမ်၊ ခဏ သည်းခံပါဦး၊ ကိုယ် မင်းကို ကူညီမယ်…"


မူလက စုရွေ့သည် သူမ၏ ကိုယ်တွင်းရှိ ဆေးများ ဓာတ်ပြယ်စေရန် အပ်စိုက်ကုထုံးဖြင့် သူ ကူညီပေးနိုင်သည်ဟု ဆိုချင်သည်။ သို့သော်လည်း၊ သူ ပြောမည့်ဆဲဆဲမှာ စုဝမ်က သူ့အနားသို့ နီးကပ်လာကာ သူ့နှုတ်ခမ်းများကို အတင်းနမ်းလိုက်လေတော့သည်။


စုဝမ်၏ အသိစိတ်တို့မှာ အဆက်မပြတ် မှုန်ဝါးနေပြီး၊လောင်မြိုက်နေသော မီးအိုင်ထဲတွင် ရှိနေသကဲ့သို့ သေတော့မလိုမျိုး ပူလောင်နေရသည်။ 


"ကိုယ် မင်းကို ကူညီမယ်" 


အဆုံးမရှိ မီးတောက်ပင်လယ်ထဲမှာ စုရွေ့က ထိုသို့ပြောပြီး သူ့လက်ကို သူမဆီ ကမ်းပေးလိုက်၏။သူမကို ကူညီဖို့ ဘယ်သူ့ကိုမှ မလိုအပ်ဘူးဟု ပြောချင်သော်လည်း၊ထိုသူက စုရွေ့ဆိုလျှင်....သူမ ဂရုမစိုက်တော့။


ဤအတွေးက သူမ စိတ်ထဲကနေ လက်တွေ့ကျကျ ထွက်ပေါ်လာသည့်အခါ၊သူမ ခန္ဓာကိုယ်က တုံ့ပြန်ပြီး စုရွေ့ကို နမ်းလိုက်သည်။ စုရွေ့၏နှုတ်ခမ်းများသည် ချိုမြိန်ကာ အေးစက်နေသော်လည်း၊သူမကို အလွန်သက်တောင့်သက်သာရှိစေ၏။


 "စုရွေ့ စုရွေ့"


သူမ၏ မသိစိတ်မှာ မရေရာ မသေချာဖြစ်နေသော်လည်း၊ စုရွေ့၏အမည်ကို တမ်းဆမ်းတတ ခေါ်နေမိသည်။


“စုရွေ့ ကျွန်မကိုနမ်းပါ” 


 "မင်း ဘာလုပ်နေလဲဆိုတာ ကိုယ့်ကိုယ်ကို သိလား"


စုရွေ့၏ အသက်ရှုသံများမှာ လျင်မြန်လာသော်လည်း လက်တစ်ကမ်းအကွာမှ သူမ မျက်နှာကို ကြည့်လိုက်သောအခါ၊သူ့အကြည့်က ပိုမိုနက်ရှိုင်းလာသည်။ သူမက ဘယ်လိုပုံစံပဲဖြစ်ဖြစ်၊ သူမသည် ရှောင်ဝမ်ပင်။လူသန်းပေါင်းများစွာကြားထဲမှာပင်၊ သူမကို သူကတော့ မြင်မြင်ချင်း မှတ်မိနိုင်သည်။


စုဝမ်လည်း သူမကိုယ်သူမ ဘာတွေလုပ်နေမှန်း နားမလည်ပေမယ့်.....သူမ စိတ်မသက်မသာဖြစ်ပြီး ခန္ဓာကိုယ်ကို လိမ်ထားကာ၊ စုရွေ့ ကိုယ်ကို ပွတ်သပ်နေမိ၏။


 "စုရွေ့ ကျွန်မကို လိုချင်လား"


ရှင့်ကိုသာဆိုရင် ကျွန်မရဲ့...ဒီစကားက တစ်ကယ့် ရင်ထဲက ဆန္ဒအစစ်အမှန်ပင်။ ပါးစပ်ကလေးက အဖြစ်ပဲ ပြောတာမဟုတ်သလို၊မှားယွင်းပြီးပြောတာမျိုးလည်း မဟုတ်ဘူး။


ဘာလို့လဲဆိုတော့ ကျွန်မ ရှေ့ကလူက စုရွေ့ဖြစ်နေလို့....


အနက်ရှိုင်းဆုံးခံစားချက်မှာ တစ်ဦးနှင့်တစ်ဦး အတူရှိနေရခြင်းဟု တစ်ချို့ကပြောကြ၏။


စုရွေ့သည် စုဝမ်နှင့်အတူ တစ်ကမ္ဘာပြီး တစ်ကမ္ဘာ လိုက်ပါလာခဲ့သည်။ သူမ ဘယ်လိုပုံပန်းသဏ္ဍာန်ရှိပါစေ၊ယုတ်စွအဆုံး ဖုတ်ကောင်ရုပ်သဏ္ဍာန်ရှိနေလျှင်ပင်၊သူက သူမကို ဘယ်တော့မှ မစွန့်ပစ်ခဲ့။


စုဝမ်၏ ခံစားချက်များက မသိမသာ တိုးလာကာ နက်နဲလာသည်။သူမ တစ်သက်တာလုံးတွင် အကြီးမားဆုံးသော ကံကောင်းမှုသည် ထိုကမ္ဘာတွင် စုရွေ့ နှင့်တွေ့ဆုံခဲ့ခြင်းဖြစ်သည်။သူနှင့်သာဆိုလျှင်၊သူမ တစ်သက်လုံး နောင်တရနေမှာ မဟုတ်။


“ရှောင်ဝမ်…..”


စုဝမ်၏စကားများသည် စုရွေ့၏ကျိုးကြောင်းဆီလျော်မှုကို အနိုင်ယူသွားသည်။ သူ့အချစ်က အလွန်နက်ရှိုင်းသောကြောင့်၊သူမအပေါ် အလွန်နူးညံ့သိမ်မွေ့သည်။သူမ တစ်ဦးတည်းဆီသို့သာ သူ၏ လေးနက်သော ဆန္ဒ၊ ချစ်ခြင်းမေတ္တာအကုန်လုံးကို ဦးတည်ထား၏။


စုရွေ့ သည် စုဝမ်၏ ဦးခေါင်းအနောက်သို့ သူ့လက်ကို ချိတ်လိုက်ကာ သူမ တစ်ကိုယ်လုံးကို သက်တောင့်သက်သာ ပွေ့ဖက်ထားလိုက်သည်။ပြီးလျှင် နွေးထွေးပြီး လေးနက်သည့် ချစ်စဖွယ်အနမ်းများက သူတို့ နှစ်ဦးကြားမှ ပျံ့နှံ့ပြီးကောင်းကင်ကို ခြယ်သကာ ကမ္ဘာမြေကြီးကိုလည်း ဖုံးလွှမ်းသွားစေသည်။  ဤအခိုက်အတန့်တွင် သူတို့နှစ်ယောက်၏ ခန္ဓာကိုယ်သာမကဘဲ နှစ်ယောက်သားရဲ့ ဝိညာဉ်များမှာလည်း တစ်ပြိုင်နက် လောင်ကျွမ်းသွားပုံပေါ်နေတော့သည်။


__


🚩