Chapter 106
Viewers 5k

🚩Chapter - 106

 Arc_5 . အရံအမျိုးသမီး ဇာတ်ကောင်၏ တန်ပြန်စနစ် [ 18 ]


____

 


ကမ္ဘာပျက်ကပ်အတွင်း အခြေစိုက်စခန်းများကြားရှိ ပထမဆုံးစစ်ပွဲမှာ စတင်ခဲ့လေပြီ ။ယန်ကျီ နှင့် အခြားအခြေစိုက်စခန်းများ၏ မဟာမိတ်တပ်ဖွဲ့များက ချန်းယအခြေစိုက်စခန်းဆီသို့ အုတ်အုတ်သောင်းသောင်းချီတက်လာကြသည် ။  ချန်းယအခြေစိုက်စခန်းတွင် ဖုတ်ကောင်စစ်တပ် နှင့် စွမ်းရည်အသုံးချသူများက သန္ဓေပြောင်းပင်မတပ်ရင်း ကို ဖွဲ့စည်းထား၏ ။ နှစ်ဖက်စလုံးက စစ်ပွဲကို ဆင်နွှဲသောအခါ စစ်မြေပြင်၏ အခြေအနေမှာ အလွန်ပြင်းထန်လျက်ရှိသည် ။ 


သူတို့ဘက်တွင် အသေအပျောက်နည်းဖို့အတွက် စုရွေ့ နှင့် စုဝမ်ကလည်း ဖုတ်ကောင်တပ်ဖွဲ့များထဲတွင် ဝင်ရောက်တိုက်ခိုက်ခဲ့သည်။ပုံမှန်အတိုင်း စစ်ပွဲမတိုင်ခင် အဆင့်လေးဖုတ်ကောင်အဖြစ်သို့ တိုးမြှင့်နိုင်ရန် စုယန်ရည်ရွယ်ထားသော်လည်း စစ်ပွဲက ရုတ်တရက်ကြီး စတင်လာခဲ့သည် ။ ချန်းယအခြေစိုက်စခန်းကို ကာကွယ်ဖို့ ဖုတ်ကောင်တပ်ဖွဲ့ကို လီရှန်းနှင့်အတူ ညွှန်ကြားရန် စုယန် သူမ၏ အဆင့်တိုးမြှင့်ခြင်းကို ခေတ္တရပ်နားထားလိုက်၏ ။


ဤအကြိမ်က ချန်းယအခြေစိုက်စခန်း၏ စွမ်းရည်အသုံးချသူများနှင့် ဖုတ်ကောင်မဟာမိတ်များ အတူတကွ ယှဥ်တွဲတိုက်ခိုက်သည့် ပထမဆုံးအကြိမ်ပင် ။


ဖုတ်ကောင်များ၏ သဘာဝအရ သူတို့၏ အရေပြားမှာ သာမန်လူများထက် ပိုကြမ်းပိုထူတာကြောင့် သူတို့က ချန်းယအခြေစိုက်စခန်း၏ စွမ်းရည်အသုံးချသူများအတွက် အကောင်းဆုံးဒိုင်းကာ ဖြစ်လာကြသည် ။ အစောပိုင်းတိုက်ခိုက်မှုတွင် နှစ်ဘက်ပူးပေါင်းတိုက်ခိုက်မှုက ရန်သူဘက်မှ တိုက်ခိုက်လိုအားကို လျော့ချပေးလိုက်၏။


အချိန်များစွာကုန်ဆုံးသွားပြီး တစ်ဖက်မှ စွမ်းရည်အသုံးချသူတို့က ပတ်တီးများဖြင့် ဖုံးလွှမ်းထားခံရချေပြီ ။ ချန်းယဘက်တွင်လည်း တပ်ဖွဲ့အင်အားနည်းသောကြောင့် အသေအပျောက်များရှိလာ၏ ။


ဤအချိန်က ယန်ကျစ်ရှီအတွက် သရုပ်ဆောင်ရမည့် အချိန်ပင် ။


သူမတွင် အဆင့်ခြောက်ကုသနိုင်စွမ်းရှိ၏ ။ ထို့ကြောင့် ယန်ကျစ်ရှီက ကုစားခြင်းအလင်းရောင်တစ်ခုတည်းကိုသာ အသုံးပြုပြီး ဒါဇင်ကျော်သော ဒဏ်ရာရသူများကို ကုသပေးနိုင်ခဲ့သည် ။ ထိုကဲ့သို့ စွမ်းအင်များကို ဆက်တိုက်အသုံးချလို့မရသော်လည်း ယန်ကျစ်ရှီက မည်သူနည်း ။ သူမက လေဟာနယ်စနစ်ရှိသော အင်အားကြီးသူပင် ။


ယန်ယွီ၏ ဘက်တွင် အားနည်းနေတာကို တွေ့ရသောအခါ ယန်ကျစ်ရှီ တွန့်​ဆုတ်နေသော်လည်း သူမ၏ လေဟာနယ်ထဲမှ စိမ့်စမ်းရေကို ထုတ်ပေးလိုက်၏ ။ သူမက စိမ့်စမ်းရေကို သူမ၏ လေဟာနယ်ထဲမှ ပြန်လည်ကုစားခြင်းသက်ရောက်မှုနှင့် ပေါင်းစပ်ခဲ့ပြီး အခြားဆေးဝါးများနှင့် ထိုရေကို ထိခိုက်ထားသည့် စွမ်းအင်အသုံးချသူများကို ပေးခဲ့သည် ။


ဤအရာက စနစ်၏ သတ်မှတ်ထားသော အမှတ်နဲ့ လဲလှယ်ရသော်လည်း ထိုအရာက လုပ်ပေးဖို့တန်သည်ဟု ယန်ကျစ်ရှီ ခံစားမိ၏ ။ အနည်းဆုံးတော့ သူမတတ်နိုင်သလောက်ကြိုးစားပြီးသည့်နောက်တွင် နောက်ဆုံး၌ ယန်ယွီက သူမကို ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံလာခဲ့သည် ။ သူကိုယ်တိုင်ကပင် အစပျိုးပြီး ထိုဒဏ္ဍာရီလာ သိပ္ပံပညာရှင်များကို တွေ့ဖို့ ဓါတ်ခွဲခန်းကို သွားရန် သူမကို ဖိတ်ကြားလာခဲ့၏ ။ 


ချီယိကို ယန်ကျစ်ရှီ စစတွေ့သောအခါတွင် ဓါတ်ခွဲခန်းထဲ၌ သူက တစ်ယောက်တည်း ယောက်ယတ်ခတ်နေ၏ ။ အဖြူရောင်ဓါတ်ခွဲခန်းကုတ်အင်္ကျီ ၊ အနက်ရောင်ဆံပင်တို ၊ အေးစက်ပုံပေါ်နေသော်လည်း ချောမောနေဆဲသွင်ပြင် ။

အားလုံးက ယန်ကျစ်ရှီ စိတ်ကူးထားသည့် ဒေါက်တာအယ်လ်၏ ပုံစံနှင့် ဆင်တူသည် ။


ဤအချိန်တွင် ချီယိက သူ့ရဲ့ ဓါတ်ခွဲမှုတွင် အာရုံစိုက်နေပြီး ယန်ယွီနှင့် ယန်ကျစ်ရှီတို့ ဝင်လာတာကို သတိမထားမိပေ ။ သူ့ရဲ့ဓါတ်ခွဲမှုပြီးဆုံးသွားမှသာ ခေါင်းမော့လိုက်ချိန်တွင် ယန်ယွီနှင့် ဘေးတွင် ပြုံး၍ရပ်နေသော ယန်ကျစ်ရှီကို တွေ့လိုက်ရ၏ ။


" ခေါင်းဆောင်ယန် ဒါက ဒေါက်တာချီ ။ ဒေါက်တာချီ ဒီဘက်က ကျွန်တော်တို့ ရဲ့မဟာမိတ်ဘက်က  ခေါင်းဆောင်ယန် ။"


ယန်ယွီ ပုံမှန်အတိုင်း ယန်ကျစ်ရှီကို ချီယိနှင့် မိတ်ဆက်ပေးလိုက်ပြီး ချီယိ ချက်ချင်းပင် စုရွေ့သူ့ကိုပေးလိုက်သော တာဝန်ကို မှတ်မိလာသည် ။


သူ၏ မျက်နှာက ချက်ချင်းမျက်နှာကြောတင်းသွားသည် ။ စုရွေ့အရင်က ဓါတ်ခွဲခန်းတွင်ရှိတတ်သော ပုံစံကို တစ်ချက်တွေးတောလိုက်ပြီးနောက် သူကဂရုမစိုက်ဟန်ဖြင့် " အင်း " ဟုသာပြောလိုက်၏ ။ ထို့နောက် သူခေါင်းငုံ့ကာ အဖက်မလုပ်သော ပုံစံဖြင့် စားပွဲပေါ်ရှိ ဓါတ်ခွဲမှုအစီရင်ခံစာတို့ကိုသာ လုပ်နေလိုက်သည် ။


ဤအချိန်တွင် လူသုံးယောက်၏ နှလုံးသားတို့က အတွေးထဲသို့ နစ်ဝင်သွားခဲ့၏။


ယန်ကျစ်ရှီ : ဒေါက်တာအယ်လ်က တကယ်အေးစက်တာပဲ ။


ယန်ယွီ : ခင်ဗျား ဟန်ဆောင်နေတာပဲ...ဆက်သရုပ်ဆောင်နေလိုက်...


ချီယိ : လွင်မိသားစုက တကယ်ကို သရုပ်ဆောင်ဉာဏ်ကြီးရှင်တွေပဲ ။ ငါ့ကို ကျော်နိုင်တဲ့သူ ဘယ်သူမှ မရှိလောက်ဘူး ။ ဇာတ်ရုပ်ကို သရုပ်ဆောင်ရတာက ထင်သလောက်ရိုးရှင်းပြီး မလွယ်ဘူး ။


ဓါတ်ခွဲခန်းထဲရှိ ဒေါက်တာအယ်လ်၏ ပုံစံအစစ်အမှန်ကို အတည်ပြုပြီးသွားသောအခါ နေ့တိုင်းဒဏ်ရာများကို ကုသပေးရမည့် တာဝန်တစ်ခု ယန်ကျစ်ရှီတွင်ရှိနေသေးသည် ။၎င်းက နေ့တိုင်း ဓါတ်ခွဲခန်းထဲတွင် ဒေါကတာအယ်လ်နှင့် သူမကြားရှိ ခံစားချက်များကို တည်ဆောက်နိုင်ဖို့ပင် ။


ယန်ကျစ်ရှီ :  ဒေါက်တာအယ်လ် ၊ ဒေါက်တာအယ်လ် ဒါကဒီနေ့အတွက် နေ့လည်စာပါ ။


ချီယိ : အင်း


ယန်ကျစ်ရှီ : ဒေါက်တာအယ်လ် ၊ ဒေါက်တာအယ်လ် ကျွန်မ ဒီဆေးကို သုံးလို့ရမလား ။


ချီယိ : ဟမ်


ယန်ကျစ်ရှီ : ဒေါက်တာအယ်လ် ၊ ဒေါက်တာအယ်လ် ရှင်ဒီနေ့ ဘာစားချင်လဲဟင်။


ချီယိ: အင်း...


ရှင်စကားတစ်လုံးလောက်ပိုပြောလိုက်တော့ သေသွားမှာမို့လို့လား ... ဟမ် ။


ဒေါက်တာအယ်လ်နှင့် ဤကဲ့သို့ ခံစားချက်များကို တည်ဆောက်ရတာက အလွန်ခက်ခဲသည်ဟု ယန်ကျစ်ရှီ တွေးမိ၏ ။ ဒေါက်တာအယ်လ်က လိုက်ဖို့အလွန်ခက်ခဲပြီး အလွန်ခြေကုန်လက်ပန်းကျလွန်းသဖြင့် သူမ ဘယ်တော့မှ ထပ်မချစ်နိုင်တော့လောက်ဘူးဟုပင် ခံစားလာမိသည် ။


စစ်ပွဲ၏ ဆယ်ရက်မြောက်နေ့တွင် စွမ်းရည်အသုံးချသူများမဟာမိတ်တပ်ဖွဲ့က စတင်၍ တပ်ပြန်ဆုတ်သွားကြ၏ ။


ဤအချိန်တွင် ယန်ဝူ နှင့် လီထောင်၏ အမိန့်အောက်တွင် ချန်းယအခြေစိုက်စခန်း၏ စွမ်းရည်အသုံးချသူများက အပူတပြင်းအောင်ပွဲအတွက် တိုက်နေကြသည် ။ သို့သော် ရန်သူများ အနောက်သို့လိုက်သည့် လုပ်ငန်းစဥ်တွင် ရန်သူဘက်မှ ချုံခိုတိုက်ခိုက်ခြင်းခံရ၏ ။ ကံကောင်းစွာဖြင့် စုယန်အမိန့်ပေးလိုက်သော ဖုတ်ကောင်တပ်ဖွဲ့က သူတို့ကို အချိန်မီကယ်တင်လိုက်နိုင်သည်။ ဤခက်ခဲကြမ်းတမ်းသော စစ်ပွဲတွင် စုယန်လည်း ပထမဆုံးအကြိမ် ထိုးဖောက်တိုက်ခိုက်ပြီး အဆင့်လေးသို့ တိုးမြှင့်နိုင်ခဲ့၏။


ဖုတ်ကောင်အမက သူ့အရှေ့တွင် တဖြည်းဖြည်းငယ်ရွယ်လှပသော မိန်းကလေးအဖြစ်ပြောင်းလဲသွားတာကို တွေ့မြင်ရသောအခါ ယန်ဝူ၏ အကြည့်တွင် အံ့အားသင့်နေမှုတို့က ဖုံးကွယ်ဖို့ပင် ခက်ခဲနေ၏ ။


လွန်ခဲ့သော နှစ်များကနှင့် ယှဥ်လျှင် စုယန်က အလွန်ပြောင်းလဲသွားသော်လည်း တစ်ချက်ကြည့်လိုက်ရုံဖြင့်ပင် သူမက စုဝမ်၏ ညီမ ၊ စုယန် ဆိုတာ  ယန်ဝူ မှတ်မိလိုက်သည် ။ 


နေဝင်သွားသောအခါတွင် လီထောင် နှင့် ယန်ဝူတို့ ချန်းယအခြေစိုက်စခန်းကို သူတို့၏ ဒဏ်ရာရထားသော အပေါင်းအဖော်များနှင့် အတူပြန်သွားကြ၏။သူမ၏ လူသားအသွင်သဏ္ဍာန်ပြန်လည်ရရှိထားသော စုယန်လည်း သူတို့အနောက်မှ အခြေစိုက်စခန်းသို့ လိုက်လာ၏။ 


ချန်းယအခြေစိုက်စခန်းတွင် ကာလတစ်ခုလောက် စုယန်နေထိုင်ခဲ့သည် ။ ဤနှစ်များအတွင်း ဖြတ်သန်းခဲ့ပြီးသောအခါ ချန်းယအခြေစိုက်စခန်းက အလွန်ပြောင်းလဲ သွားခဲ့သည်။ သူမ တစ်ချိန်ကရင်းနှီးခဲ့သောသူများတွင် ထွက်သွားသူက ထွက်သွားပြီး သေသောသူများက သေကုန်ကြ၏ ။ယခုတွင် အခြေစိုက်စခန်း၌ သူမအရင်က ရင်းနှီးခဲ့သူမှာ လင်ကောကောနှင့် လူနည်းစုသာကျန်ခဲ့တော့သည် ။ အရင်က လီထောင် သူ့အကြောင်းပြောဖူးတာကို စုယန်ကြားဖူးသည် ။ ချူးဖေးယန်အနောက်သို့ တက်ကြွစွာလိုက်ခဲ့ကြသည့် ငယ်ရွယ်သူတို့မှာ ယခုတွင် အိမ်ထောင်ပြုကုန်ကြပြီး မိသားစုနှင့် ပျော်ရွှင်သောဘဝတွင် နေထိုင်နေကြ၏ ။


သူမ၏ မိတ်ဆွေဟောင်းဆီသို့ စုယန်သွားလည်သောအခါ ထိခိုက်ဒဏ်ရာရထားသော ယန်ဝူက အခြားသူများနှင့်အတူ ကုသဖို့အတွက် မသွားခဲ့ပေ ။ တိတ်ဆိတ်နေသောလမ်းပေါ်တွင် သူတစ်ယောက်ထဲသာလမ်းလျှောက်နေပြီး သူ့ အကြည့်တို့ကမူ နက်ရှိုင်းနေလျက်။ 


"ယန်ဝူ "


ကြည်လင်ပြတ်သားသောအသံက ယန်ဝူ၏ နားထဲတွင် ပဲ့တင်ထပ်လာ၏ ။ သူရုတ်ချည်းခေါင်းမော့လိုက်သောအခါ ရင်နှီးသောမျက်နှာက အေးအေးချမ်းချမ်းပြုံးနေတာကို တွေ့လိုက်ရသည် ။


" စု.."


"စုဝမ် "


.....


ယန်ဝူ ထိခိုက်ဒဏ်ရာရထားကြောင်း ယန်ကျစ်ရှီ သိလိုက်ရချိန်တွင် ယန်ဝူက အနားယူနှင့်လေပြီ။ 

သူမက တိတ်တဆိတ်ပဲ ယန်ဝူရဲ့ အခန်းအပြင်ဘက်သို့ လျှောက်သွားလိုက်သည်။  အခန်း၏ ပြတင်းတံခါးမှာမူ ပွင့်နေပြီး ထိုပြတင်းတံခါးမှ တစ်ဆင့် ခုံပေါ်တွင် ထိုင်ပြီး သူ့ကိုယ်သူရစ်ပတ်ထွေးပွေ့ထားသော ယန်ဝူကို တွေ့လိုက်ရသည် ။


ယန်ကျစ်ရှီ၏ အကြည့်တို့က တုန်လှုပ်သွားသည် ။ သူမက တံခါးကို တွန်းကာ အခန်းထဲသို့ ဝင်လာ၏ ။


" ရှင်ဒဏ်ရာရထားတယ်ဆိုတာ ကျွန်မကို ဘာလို့တစ်ခါလေးတောင် လာမပြောရတာလဲ " 


သူမ၏ လေသံတွင် မကျေမနပ်ဖြစ်နေသော အရိပ်ယောင်နှင့် ယန်ဝူ၏ လက်တွင်ပတ်ထားသော ပတ်တီးကို ယန်ကျစ်ရှီ အဝေးသို့ လွှင့်ပစ်လိုက်ကာ ယန်ဝူ၏ ခန္ဓာကိုယ်ကို ကုသခြင်းအလင်းရောင်ပေးလိုက်၏ ။ ယန်ဝူ၏ဒဏ်များက မျက်စိဗလာဖြင့် မြင်နိုင်လောက်သော လျင်မြန်သည့်အရှိန်ဖြင့် ချက်ချင်းသက်သာသွားခဲ့သည် ။


" ဒါတွေက ဒဏ်ရာအသေးစားလေးတွေပါပဲ ။ ကျွန်တော့်ကြောင့် မမလေးရဲ့ ကုသတဲ့စွမ်းရည်တွေကို မသုံးစေချင်ဘူး "


ယန်ဝူခေါင်းငုံ့နေပြီး သူ့အသံက အစမှ အဆုံး တိုးသက်ငြင်သာနေခဲ့သည် ။


" ရှင့်ကို ကုသပေးတာက ဘယ်လိုလုပ် အလကားဖြစ်နိုင်မှာလဲ "


ယန်ကျစ်ရှီ မသိစိတ်မှ လွှတ်ခနဲပြောထွက်မိသွားသည် ။သူမ၏ ပါးစပ်မှ ထိုစကားလုံးများထွက်လာ​သောအခါတွင် သူမကိုယ်တိုင်ပင် မှင်သက်သွားမိသည် ။


တစ်ဖက်တွင်ထိုင်နေသောယန်ဝူက ယန်ကျစ်ရှီပြောလိုက်သော စကားများကို ကြားလိုက်သည့်အခါတွင် သူ့ မျက်နှာက အနည်းငယ် လှုပ်ရှားသွားခဲ့သည် ။


" မမလေး ကျွန်တော် ...ကျွန်တော် ဒီနေ့ စုယန်ကို တွေ့ခဲ့တယ် "


ယန်ဝူ၏ စကားလုံးတို့ကို ယန်ကျစ်ရှီကြားသောအခါ သူမ အေးခဲသွားပြီး အနည်းငယ်မယုံနိုင်သလို ထပ်မေးလိုက်သည် ။


" စုယန် ၊ စုဝမ်ရဲ့ ညီမလား မဖြစ်နိုင်တာ ၊ သူမက သေသွားပြီပဲ ဘယ်လိုလုပ်ပြီး..."


ယန်ကျစ်ရှီက ယန်ဝူကို မယုံကြည်ခြင်းမဟုတ်ပေ ။ သို့သော် စနစ်က စုယန်သေသွားပြီလို့ စီရင်ချက်ချခဲ့တာ မဟုတ်ဘူးလား ။


" သူမက မသေသေးဘူး သူမက ဖုတ်ကောင်အဖြစ်ပဲပြောင်းသွားတာ အခု သူမက အဆင့်လေး သန္ဓေပြောင်း ဖုတ်ကောင်ပဲ "


ယန်ဝူ အကြောင်းအရာကို လေးသံတိုးတိုးဖြင့် ထပ်ပြောလိုက်သည် ။


ဘယ်လိုလုပ်...


ဘယ်လိုလုပ် စနစ်က အမှားလုပ်နိုင်ရတာလဲ ။


ယန်ကျစ်ရှီ ရုတ်တရက် ခေါင်းကိုက်လာသလိုပင် ။ အဘယ်ကြောင့်ဆိုလျှင် ၎င်းက ယန်ကျစ်ရှီ ပထမဆုံးအကြိမ် စနစ်ကို သံသယဝင်မိခြင်းဖြစ်သောကြောင့် သူမ၏စိတ်ထဲမှ စနစ်က သူမ၏အတွေးပင်လယ်ထဲကိုချက်ချင်းတိုက်ခိုက်ပြီး သူမကို သတိပေးလာခဲ့သည်။


" မမလေး ၊ မမလေး ဘာဖြစ်တာလဲ "


ယန်ကျစ်ရှီ သူမ၏ ခေါင်းကို ပြင်းထန်စွာနာကျင်နေသော အမူအရာဖြင့် ကိုင်ထားတာကို တွေ့လိုက်ရသောအခါ ယန်ဝူ ရုတ်တရက် စုဝမ်နှင့် တွေ့လိုက်ရသည့် ညက သူမ သူ့ကိုပြောခဲ့သောစကားများကို ပြန်အမှတ်ရမိသည် ။


" အဲ့ဒါက စနစ်လား  သူ့ဘာသာဖွဲ့စည်းပြီး မမလေးကို ကိစ္စတွေဆောင်ရွက်ပေးဖို့ ပြောခဲ့တာက စနစ်ဆိုတာလား "


ယန်ဝူ စိုးရိမ်စွာဖြင့် ယန်ကျစ်ရှီကို သူ့ လက်မောင်းထဲတွင် ပွေ့ဖက်ထားကာ လေထဲသို့ အော်ပြောလိုက်သည် ။


" ငါမလိုချင်ဘူး မင်းက ဘယ်လိုစနစ်လဲဆိုတာ ငါမသိဘူး မမလေးရဲ့ အတွေးထဲကနေ မင်းချက်ချင်းထွက်သွား "


တင်း ။


ဤအချိန်တွင် စနစ်၏ ရေခဲတမျှအေးစက်သောအသံက ယန်ကျစ်ရှီ၏ စိတ်ထဲတွင် ပေါ်လာခဲ့သည် ။


လျှို့ဝှက်တာဝန် အစပျိုးနေပါပြီ ။


Host နဲ့ စနစ်ရဲ့ ဘေးကင်းလုံခြုံမှုအတွက် ကျေးဇူးပြုပြီး အတွင်းလူ ယန်ဝူ ဖျက်ဆီးပစ်ပါ ။

မစ်ရှင်ကို သေချာပေါက်အောင်မြင်ရပါမယ် ။ အချိန်အကန့်အသတ် ၃ ရက်ပါ ။


ပေးထားတဲ့အချိန်အတွင်း Hostကမဆောင်ရွက်နိုင်ရင် hostရဲ့ ဝိညာဥ်က ဖယ်ရှားခံရပါမယ် ။


မဟုတ်ဘူး...ငါမလုပ်ချင်ဘူး ။


သူမ၏ စိတ်ထဲမှ နာကျင်မှုက ပိုပိုဆိုးလာသလို ယန်ကျစ်ရှီ ခံစားလိုက်ရသည် ။မျက်စိတစ်မှိတ်အတွင်းတွင် သူမက ယန်ဝူ၏ လက်မောင်းထဲ၌ သတိလစ်သွားတော့သည် ။


ဤအချိန်တွင်  တံခါးအပြင်ဘက်၌ စုရွေ့ နှင့် စုဝမ်တို့က ဘေးချင်းကပ်ရပ်နေကြ၏ ။


" မင်းခန့်မှန်းထားတဲ့အတိုင်းပဲ အဲ့ဒီပြင်ပစနစ်က တစ်ခြားသူတွေ သိသွားမှာ အရမ်းကြောက်နေတာပဲ အခု စနစ်က ယန်ဝူကိုသတ်ဖို့ ယန်ကျစ်ရှီကို အမိန့်ပေးလိုက်ပြီ  " စုရွေ့က ခဏရပ်လိုက်ပြီး သူ့ အသံကို တိုးလိုက်သည် ။


"စိတ်ဝိညာဥ်ခန္ဓာလို့ခေါ်တဲ့ စနစ်က အရင်ရက်တွေကနဲ့ ယှဥ်ရင် အားနည်းသွားတယ်လို့ ကိုယ်ခံစားနေမိတယ် ဒီနေ့ ယန်ကျစ်ရှီကို တွန်းအားပေးပြီးတော့ ကြည့်ရတာ အနားယူဖို့လိုအပ်နေတဲ့ပုံပဲ  ခန့်မှန်းရသလောက်ဆို အဲ့ဒါက နောက်၃ရက်နေရင် ပြန်စမှာပဲ အဲ့ဒီအချိန်ရောက်လို့ ယန်ကျစ်ရှီသာ တာဝန်ကို ပြီးမြောက်သွားရင် အဲ့ဒါက ပုံမှန်အတိုင်း စွမ်းအင်ကို ပြန်ရလောက်တယ် ။ ဒါပေမဲ့ ယန်ကျစ်ရှီကသာ ယန်ဝူကို သတ်ဖို့ ငြင်းပယ်လိုက်ရင် စိတ်ဝိညာဥ်ခန္ဓာကိုယ်ရဲ့ စွမ်းအင်နဲ့ပတ်သက်ပြီး ဘာမှစိတ်ပူစရာမလိုလောက်တော့ဘူး"



___🚩