Chapter 32
Viewers 5k

🐯Chapter 32



ညစာချက်ပြုတ်ခြင်းကို သူ၏​မေး​လေး​ပင့်၍ လာရောက်စစ်​ဆေး​သော နနှင်းကျားသစ်လေးကို ကုယွီမြန်က ပွေ့ချီပြီး သူ့ဆွယ်တာကုတ်၏ လည်ပင်းထဲထည့်ထားလိုက်သည်။ သူက နှင်းကျားသစ်လေးအားအတွင်းထဲတွင် မတ်တပ်ရပ်​စေကာ ဆက်၍​ပြောလိုက်သည်။


"မင်းတို့ ကြိုက်တယ်ဆိုရင် ကိုယ်တိုင်ချက်တဲ့အခါ

 á€á€á€źá€Źá€¸á€•á€Ťá€á€„á€şá€•á€…á€šá€…á€Šá€şá€¸â€‹á€á€˝á€ąá€œá€Šá€şá€¸ ထည့်လို့ရတယ်... အဲ့ဒါက  တကယ်ကို အံ့သြစရာ​ကောင်းသွားလိမ့်မယ်..."


[​ကြောင်​လေးရဲ့​မြောင်: ရိုးရိုးသားသား​ပြောရရင် 

ငါမြန်မြန်ရဲ့ဟင်းတွေကို စမ်းလုပ်ကြည့်ဖူးတယ်… တူညီတဲ့ပါဝင်ပစ္စည်းနဲ့ အဆင့်​တွေအတိုင်းလုပ်တာပဲကို ဘာလို့စုန်းမကြီးရဲ့ဟင်းလျာလိုမျိုး လုပ်မိ​နေတာလဲ... ဒူး​ထောက်ပါတယ်(TдT)]


[တိမ်ရင်ထိုး​လေး: ဝိုး မကင်ရ​သေးတာ​​တောင် အနံ့က​မွှေး​​​နေပြီ...ဟင်းက ဘယ်လိုအရသာရှိမယ်ဆိုတာ ခန့်မှန်းနိုင်​​နေပြီ..သွားရည်​တွေ မျိုချ​နေရပါပြီ...]


ပန်ဒါ​လေးမှာ ကုယွီမြန်၏ ဒူး​​ပေါ်တွင်အိပ်​နေသည်။ အချိန်နှင့်အမျှ သူ၏နှာ​ခေါင်း​လေးအား​ပွစိပွစိလုပ်ပြီး ကုယွီမြန် ချက်ထားသည့် ဟင်းများ၏အနံ့ခံကာ သူ၏အ​မွေးဖွာဖွာဗိုက်က​လေးမှ ဆာ​လောင်သည့်အသံ ထွက်​ပေါ်လာသည်အား ခံစားလိုက်ရသည်။


ကုယွီမြန် မ​နေနိုင်ဘဲ ရယ်လိုက်မိသည်။ ပြင်ဆင်ထား​သောကြက်သားအား ကြာရွက်ဖြင့် ၂လွှာအုပ်ပြီး ထူထူထုပ်လိုက်သည်။ ပုံမှန်အားဖြင့် ​ကြွေရွှံ့​စေးဖြင့် အုပ်သင့်​​သော်လည်း 

ကုယွီမြန်မှာ အမျိုးအစားတူ ရွှံ​စေးတစ်မျိုးအား ရှာ​​တွေ့ခဲ့သည်။ 


သူက တစ်ခါသုံးလက်အိတ်ဝတ်ဆင်ကာ ရွှံ့​စေးထဲသို့ ဝိုင်ဖြူ​ရောပြီး​​နောက် ကြာရွက်ဖြင့်အုပ်ထား​သော ကြက်သားအား ရွှံ့​စေးဖြင့်ပြန်အုပ်ကာ အရက်မီးဖိုထဲသို့ထည့်ပြီး မီးနည်းနည်းဖြင့် ဖုတ်လိုက်သည်။​ ရှေး​ခေတ်ကမ္ဘာ​ပေါ်တွင် ၎င်းအား၆နာရီ ၇နာရီခန့်ထားသင့်​သည်။ ကံ​ကောင်းသည်မှာ ကြယ်တာရာ​ခေတ်နည်းပညာများဖြင့် အရက်မီးဖို

ထဲတွင် ​နောက်ထပ်မိနစ်၂၀ခန့်သာ​စောင့်ရန် လိုအပ်ပေသည်။


"​စောင့်​နေရတဲ့အချိန်မှာ ကျွန်တော်တို့ မလိုင်မှိုစွပ်ပြုတ်လုပ်ကြမယ်... အချိုမကြိုက်တဲ့ သူတွေအတွက် နွားနို့နည်းနည်းပဲပါတဲ့ မလိုင်ကိုပဲသုံးပါမယ်... နောက်ဆုံးအရသာက အရမ်းကြီး ချိုနေမှာတော့ မဟုတ်ပါဘူး…"


ကုယွီမြန်က အခြားအရက်မီးဖိုတစ်ခုကို ပြင်ဆင်လိုက်ပြီး စွပ်ပြုတ်အိုးကိုတင်ကာ တစ်ခဏကြာဆူပွက်ပြီး​နောက် ဂျင်းပြား​လေးများနှင့် ​ထောပတ်နှစ်ပိုင်းကိုထည့်လိုက်သည်။ စွပ်ပြုတ်ဆူပွက်လာ​သောအခါ မှိုအပြားများကို

​လောင်းထည့်ပြီး မီး​အေး​အေးဖြင့် တည်ထားလိုက်သည်။


"ဂျင်းပြား​​လေး​တွေကို ဆူပွက်လာပြီးဆိုရင် ထုတ်လိိုက်ပါမယ်... သူတို့ကို တစ်ချိန်လုံးထည့်ထားစရာမလိုဘူး..."

ကုယွီမြန်ကပြောရင်း စွပ်ပြုတ်နှင့် မှိုတစ်ဝက်အား ​ဖျော်စက်ထဲသို့ထည့်ကာ မလိုင်နှင့်ဂျုံထည့်၍ရော​မွှေပြီး ဆားအနည်းငယ်ထည့်လိုက်သည်။


ယခုအချိန်တွင် နို့​ရောင်စွပ်ပြုတ်၏ခပ်ပျစ်ပျစ် အ​ခြေအ​နေအား မြင်နိုင်ပြီး အငန်နှင့်အချိုနံ့​ရောကာ မလိုင်နှင့်မှိုနံ့များရနိုင်သည်။ နှင်းကျားသစ်​လေးမှာ အိုးနားသို့ကပ်ပြီး အနံ့ခံကြည့်လိုက်ချိန်၌ သူ့မျက်လုံးများ ကျဥ်း​မြောင်းသွားသည်။

ကုယွီမြန်မှာ သူအလွန်စိတ်​ကျေနပ်သွားသည်ဟု ခန့်မှန်းလိုက်သည်။


"ဒီလိုမျိုး နှံ့​အောင်​မွှေပြီးပြီဆိုရင် အိုးထဲကိုပြန်​လောင်းထည့်ပြီး ချက်လို့ရပါပြီ..."


ကုယွီမြန်က နှင်းကျားသစ်​လေးအား သူ့ရင်ခွင်တွင်းပြန်ထည့်ပြီး​ပြောလိုက်သည်။

"ကျန်တဲ့မှို​တွေကိုလည်း အခုချိန်မှာထည့်ပြီး 

အတူချက်လို့ရပြီ... အခု ကျွန်တော်တို့​စောင့်ဖို့ပဲလို​တော့တယ်..."


[လက်အပြည့် လ​ရောင် :ငါအနံ့ရ​နေပြီ... စွပ်ပြုတ်နဲ့ကြက်သားဆိုတော့ နည်းနည်းအံ့သြဖို့​ကောင်းတယ်...ငါ​မျှော်လင့်​​နေမိပြီ... ငါတကယ်ကြီးစားချင်​ပေမယ့် မကြာ​သေးခင်ကမှ ဝိတ်ချချင်တယ်လို့ ​ပြောထားတာ..."


[လက်ဖဝါး​လေး:ငါ တံ​​​​ထွေးမျိုချ​နေတဲ့အသံကို ကြားရလား...]


အစပိုင်းတွင် ကြက်သားအားရွှံ့ထဲတွင်ထည့်လိုက်သည့်အတွက် ရုန်းကန်လှုပ်ရှား​​နေ​​သော ကြည့်ရှုသူများရှိ​သေး​သည်။


အစားအစာကိုရွှံ့နဲ့အုပ်ပြီး ဖုတ်စားရမယ်ပေါ့... ငါတို့ကိုရွှံ့စားခိုင်းတာလား...နည်းနည်း​ကြောက်ဖို့​ကောင်းတယ်...


[တ့ရှန်နဲ့ ​မြောင်:​တောင်းပန်ပါတယ် ငါတိုက်ခိုက်ချင်တာမဟုတ်ပါဘူး... ဒါ​ပေမယ့် တင်ဆက်သူကို​​မေးချင်လို့ပါ..

ငါတို့ကို ​မြေကြီးကို စား​စေချင်တာလား...]


"​မြေကြီးကိုစားတယ်တဲ့လား... မင်းတို့ကြည့်ရှုသူလေးတွေက ဘာတွေတွေးနေကြတာလဲ..."

ကုယွီမြန် မ​နေနိုင်ပဲ ပြန်​ပြောမိလိုက်သည်။


ကုယွီမြန်မှာ ပန်ဒါ​လေးအား သူ့လက်​မောင်းထဲတွင်ပိုက်ထားပြီး နှင်းကျားသစ်​လေးမှာ သူ့ဆွယ်တာရင်ဘက်​ပေါ်တွင် ​​​ခေါင်း​လေးထွက်ကာ ပျင်းရိစွာအိပ်​နေသည်။

ကုယွီမြန်က ထန်ယွမ်လေး၏နားရွက်​လေးအား

ထိပြီး သူနှင့်ဟာသလုပ်လိုက်သည်။


"ယွမ်ယွမ် ဘယ်လိုလဲ... မင်းရော မြေကြီးစားချင်လား..."


ပန်ဒါ​လေးမှာ နားမလည်​သော်လည်း ကုယွီမြန်မှ သူ့အား​မေးခွန်းထုတ်​နေသည်ကိုသိပြီး ချက်ချင်းပင် ကုယွီမြန်၏စကားလုံးများကို  လက်ခံလိုက်သည်။ သူက​ အမှန်တကယ် ​မြေကြီးစားချင်​နေသကဲ့သို့ပင်။


ကုယွီမြန်မှာ ထန်ယွမ်​လေးက ချစ်စရာကောင်းပြီး ရယ်ရသည်ဟုထင်ပြီး မ​နေနိုင်ဘဲ ရယ်လိုက်မိသည်။​ ကောင်က​လေးအား သူ၏လက်​မောင်းထဲတွင် ချီထားပြီး နဖူး​လေးကိုထိုးလိုက်သည်။

"မင်းက​တော့လေ..."


ရယ်သံက အလွန်တိုးလှသည်။ အကူအညီမဲ့မှုနှင့် မသိကျိုးကျွန်မှုများ​ရော​နေ​သော လူငယ်​လေး၏အသံက ည​​နေခင်း  လေနှင့်အတူ​ရောကာ ​လေထုမှာ ရင်းနှီးကျွမ်းဝင်ပြီး ကြင်နာမှုများပြည့်​နေသည်။ ​နွေရာသီအလယ် ည​နေခင်း​တောင်​ပေါ်မှ​လေက ​အေးမြသည်။​ ပန်ဒါ​​လေးနှင့် တူညီသည့် ရှု့​ထောင့်မှကြည့်​နေ​သော ကြည့်ရှုသူအားလုံးက ကုယွီမြန်၏လက်​မောင်းထဲတွင် ​ထွေးပိုက်ထားခံရသလို ခံစားရသည်။


စိတ်ရှည်ခြင်း... နူးညံ့ခြင်း... အလိုလိုက်ခြင်း... ​​ချော့​မော့ခြင်း...


ပင််လယ်ဆားငန်ရည်နှင့် ရော​နေ​သော ဝါးရွက်နံ့​ဖျော့​ဖျော့က နှာ​ခေါင်းထဲသို့ဝင်လာသည်။ ​ကောင်​လေး၏အဝတ်အစားမှ ဖြတ်လာသည့် နူးညံ့​သောအပူချိန်နှင့် လူငယ်​လေး၏လက်​မောင်းက ​လေနှင့်မိုးမှ အကာအကွယ်တစ်ခု ဖြစ်လာသည်။ ၎င်းက အပြင်ပိုင်းအထိအ​တွေ့အားလုံးနှင့် နှိုင်းယှဥ်ရလျှင် စိတ်ထဲတွင် အလွန်ကျေနပ်စရာ​ကောင်းပြီး စိတ်အပန်း​ပြေစေသည်။


ကြည့်ရှုသူများ : "..."


ကြည့်ရှုသူများ :"..."


ကြည့်ရှုသူများ :"..."


စက္ကန့်အနည်းငယ်ကြာတုံ့ပြန်ပြီး​​နောက် ယခင်ကဝင်မ​ပြောခဲ့သည့် များစွာ​သောကြည့်ရှုသူအသစ်များမှာ ယခုအချိန်တွင်​ပေါက်ကွဲထွက်လာသည်။


[​ဘောပင်​လေးနှင့်ယုန်: အာ အာ အားးးးး ငါ​ပေါက်ကွဲသွားပြီး... တင်ဆက်သူရဲ့အသံ​ကြောင့် ငါမီးရှူးမီးပန်းအဖြစ် ပေါက်ကွဲထွက်သွားပြီ...​​တောင်းပန်ပါတယ်...ငါ့တစ်ဘဝလုံးလူသား​တွေကိုမုန်းမယ်လို့ ကျိန်ဆိုမိခဲ့တယ် QAQ

အဖွဲ့အစည်းကို သစ္စာ​ဖောက်မိပါပြီ...]


[AUI:အရမ်းမိုက်တယ်… စားစရာအနံ့​တွေ​ကြောင့်ငါသွားရည်ကျ​နေတာ အခု သွားရည်​တွေပိုများလာပြီ...]


[​စော​စောထဖို့ ​စော​စောအိပ်ယာဝင်ကြစို့: ဘယ်သူ​ထောက်ခံလဲ... ငါက​တော့ ဒီလူသားရဲ့​ဘေးမှာ​နေ့တိုင်း​နေပြီး  ငါ့ဘဝတစ်​လျှောက်လုံး ​မြေကြီး​တွေစားနိုင်တယ်…]


နှင်းကျားသစ်​လေးမှာ အိပ်ချင်မူးတူးဖြစ်​နေခဲ့သည်။ သူနိုးလာ​သောအခါ ချက်ချင်းပင် ရှာလကာရည်ပုံးအဖြစ်​ ပြောင်းသွားရသည်။


သူ၏ ခဲပြာ​ရောင်မျက်လုံးလေးများမှာ အေးစက်လာခဲ့သည်။ နှင်းကျားသစ်​လေးက ပန်ဒါ​လေး၏​ခေါင်းအားတွန်းထုတ်ရန် လက်လှမ်းလိုက်သည်နှင့် သူ၏ ချွန်ထက်​သော လက်သည်းများထွက်လာသည်။ ကံ​ကောင်းစွာ ကုယွီမြန်မှာ သူမျက်စိဖွင့်ကတည်းက သတိထားမိ​နေခဲ့သည်။သူက

နှင်းကျားသစ်​လေးအား ချက်ချင်းဖက်၍ နားရွက်​လေးကိုနမ်းလိုက်သည်။ ကျိုးပျက်လုနီးပါး မိသားစုပြသာနာက

​နောက်ဆုံး ပုခက်ထဲတွင် လည်ပင်းညှစ်သတ်ခံလိုက်ရသည်။


အရက်မီးဖိုမှ "ဒင်း​ဒေါင်"ဟုအသံမြည်လာ၍ ကြက်သားနှင့်စွပ်ပြုတ်မှာ ပြုလုပ်ပြီး​ကြောင်း ​ဖော်ပြနေသည်။ချက်ပြုတ်ပြီး​သောအခါ မှိုစွပ်ပြုတ်၏ မလိုင်နံ့က ​လေထုထဲသို့ပြန့်နှံ့သွားသည်။ များစွာ​သောအရသာရှိသည့် အနံ့က

လူတိုင်းအား အပူချိန်နှင့်အရသာအား ​စိတ်ကူးယဥ်မိ​စေသည်။


ကုယွီမြန်က မလိုင်ထူထူနှင့် စွပ်ပြုတ်မျက်နှာပြင်​ပေါ်တွင် နံနံပင်အနည်းငယ်ဖြူးပြီး ဇွန်း၂​ချောင်းယူ၍ နှင်းကျားသစ်​​လေးနှင့်ပန်ဒါ​ပေါက်​လေးအား​ ကျွေးလိုက်သည်။


နို့မလိုင်နှင့်မှိုက ချက်ပြုတ်ပြီး​​နောက် ထူထဲကာ ဖြူ​ဖွေးလာသည်။ အရသာမှာ ချိုမြိန်၍ခန္ဓာကိုယ် အားအင်ပြည့်​စေသည်။ နွားနို့နံ့မှာ မညှီသည့်အပြင် မလိုင်၏အချိုဓာတ်နှင့် မှို၏အငန်ဓာတ်မှာ စွပ်ပြုတ်ထဲတွင် ပြီးပြည့်စုံစွာ​ပေါင်းစပ်​နေသည်။ ၎င်းကအလွန်လှပပြီး မျိုချလိုက်​သောအခါ အစာရည်ပြွန်မှ အစာအိမ်ထဲသို့ ခပ်​နွေး​နွေးစီးဆင်းသွားသည်။


ယခုသကနွေရာသီဖြစ်​သော်လည်း ​တောင်ထိပ်​ပေါ်တွင် မပူ​ပေ။​ နေ​ရောင်ကာခြင်း၊ ​ရေခိုး​ရေ​ပွေ့နှင့် ​ရေကန်အနီးရှိ​လေတို့​ကြောင့် အနည်းငယ်​အေး​နေ​သည်။ ယခုအချိန်တွင် 

ခပ်​နွေး​နွေး မလိုင်မှိုစွပ်ပြုတ်တစ်ခွက်က အစားမစားမီ ​ရေဆာနေ​သော သရက်ရွက်နှင့်အစာအိမ်အား ​ကျေနပ်​စေပြီး ​နောက်တစ်ဆင့်အတွက် ​ကောင်းမွန်​သောအ​ခြေခံအုတ်မြစ်ချ​ပေးသည်။ အရသာရှိ​သောစွပ်ပြုတ်အနည်းငယ်​သောက်ပြီး​​နောက် ည​နေခင်း​တောင်​ပေါ်တွင် ​ပျော်ပွဲစားထွက်ခြင်းအတွက် ​မျှော်လင့်ချက်များ ပိုတိုးလာရသည်။


နှင်းကျားသစ်​လေးမှာ သူ့မျက်လုံးများကို ကျဥ်း​မြောင်းပြီး ​မေး​လေးအား​မော့လိုက်သည်။ ပန်ဒါ​လေးမှာ ပို၍တည့်တိုးဆန်ပြီး သူ့ဗိုက်က​လေးကိုထိ၍ ​ပျော်ရွှင်​သောအသံများ ပြုလုပ်​နေသည်။


[ဗီဗီယန်: မလိုင်စွပ်ပြုတ်က အရသာရှိတယ်... တကယ်အံ့သြဖို့​ကောင်းတယ် ... သူကပြစ်ချွဲနေပေမယ့် မအီဘူး...]


[တိမ်​လေးတစ်ခုရှိတယ်:ဒါက ချိုပြီးမွှေး​ပေမယ့် မအီဘူး... တကယ်​သောက်လို့​ကောင်းတယ်...]


[​ကြောင်​လေးရဲ့​မြောင်:ဒုတိယအကြိမ်… ကြက်သားကို​မျှော်လင့်​နေမိပြီလို့…]


လက်​ဆောင်ကြီးများ၏ အထူးပြုလုပ်ချက်များစွာ

တစ်ချိန်တည်း​ပေါ်လာပြီး ကြည့်ရှုသူများလည်း တိုးလာခဲ့သည်။


"ကြက်သားက ယွမ်ယွမ်စားလို့မရဘူး... သူ အစာမ​ချေနိုင်မှာ​ကြောက်လို့.."

ကုယွီမြန်က ထန်ယွမ်​လေးအတွက် နို့တစ်ခွက်​လောင်းထည့်ရင်း ​ပြောလိုက်သည်။

"မင်းတို့ အရသာခံချင်တယ်ဆိုရင် အခုရှု့​ထောင့်ကို ထွမ်ထွမ့်ဆီ​ပြောင်းလိုက်မယ်..."


ကုယွီမြန်က ကြက်သားအား အရက်မီးဖိုထဲမှထုတ်လိုက်သည်။ အပူခံလက်အိတ်အားဝတ်ပြီး အ​ပေါ်ယံမျက်နှာပြင်ရှိ ရွှံ့​စေးများကိုခွာကာ ကြက်သားထုပ်ပိုးထားသည့် ကြာရွက်​ပေါ်လာပြီး​​နောက် ကြာရွက်အားဖွင့်လိုက်သည်။


အနံ့က လေထဲတွင် လျှံထွက်လာသည်။


ဝိုင်ဖြူနှင့်​ရောထား​သောရွှံ့​စေးထဲတွင် ဖုတ်ထားသည့် ကြက်သား၏မျက်နှာပြင်မှာ ကြွပ်ရွပြီး ​ရွှေ​ရောင်သန်း၍ အ​ရောင်မှာ ဆွဲ​ဆောင်မှုရှိနေသည်။ ကြာရွက်များဖြင့် ကာထားသောကြောင့် ဝိုင်၏အနံ့မှာ သင်းပျံ့နေသည်။ အနံ့ကပြင်းထန်​သော်လည်း မမွှန်၊အသက်ရှုမကြပ်​စေ​ဘဲ အနံ့ရသည့် လူတိုင်းအားနိုးကြားတက်ကြွ​စေသည်။ ကြက်သားအား တူဖြင့်ဆွဲလိုက်​သောအခါ အတွင်းသာမကအပြင်မှပါ အရိုးများ ကွာကျသွားသည်။


ကုယွီမြန်က အလွန်ပူ​နေမည်ကို စိုးရိမ်​သည်။ သူက နှင်းကျားသစ်​လေးအား မ​​ကျွေးမီ အ​အေးခံပြီး ပထမဆုံးတစ်ကိုက် ကိုက်ကြည့်လိုက်သည်။


၎င်းက အပြင်ဘက်တွင်​ရွှေ​ရောင်သန်း၍  ကြွပ်ရွ​နေပြီး အတွင်းထဲတွင် နူးညံ့၍ အရည်ရွှမ်းသည်။ သူ့တွင် ကြာရွက်နှင့် ဝိုင်ရနံ့ရနေသည်။ ၎င်းက လူတိုင်းလွယ်လွယ်ကူကူ 

အရသာခံနိုင်သည့် ဟင်းပွဲတစ်ခုမဟုတ်​ပေ။ ဂျင်းနှင့်ဝက်သားအား ဂရုတစိုက် ပြင်ဆင်မှသာ ကြက်သားနှင့် အရသာလိုက်ဖက်လိမ့်မည်။


သုံးစက္ကန့်ကြာပြီး​​နောက်…


နှင်းကျားသစ်​လေးမှာ သူ့မျက်လုံးများကို စိတ်​ကျေနပ်စွာ ​မှေးလိုက်ပြီး နှုတ်ခမ်း​ထောင့်အား သပ်လိုက်သည်။ တစ်ခဏအကြာတွင် ကုယွီမြန်၏တူအားဆွဲ၍ ​နောက်တစ်ကိုက်​ကျွေးရန် ​တောင်းဆိုလိုက်သည်။ ပန်ဒါ​လေးမှာလည်း 

မ​နေနိုင်ဘဲ စားချင်မိသည်။ သူက ကုယွီမြန်၏ 

လက်​ကောက်ဝတ်အား သနားစဖွယ်ကိုင်ထားသည်။ ကံမ​ကောင်းစွာ ကုယွီမြန်မှာ သူ အစာမ​ချေနိုင်မည်စိုး၍ သူစားရန် အနည်းငယ်ပင် မ​ပေးဝံ့​ချေ။


တစ်ခဏမျှ တိတ်ဆိတ်သွားပြီး​နောက် မှတ်ချက်မျက်နှာပြင်က လုံးဝရူးသွပ်သွားသည်။


[​အစိမ်​ရောင်​ရေထဲမှ​မျော​နေတဲ့​ကြောင်ဖြူ​လေး :

အား အား အား ဘုရား​ရေ...]


[​စော​စောထဖို့ ​စော​စောအိပ်ကြစို့: စားရတာမဝဘူး..​. နောက်တစ်လုပ်​လောက် မြန်မြန်​ကျွေးပါ...]


[ဗီဗီယန်:အရသာရှိတယ်... တကယ်ကြီးကိုအရသာရှိတယ်...ငါအထက်တန်းလွှာတစ်ခုလုံးက အစားအစာ​တွေအားလုံးစားဖူး​ပေမယ့် ဒီလိုအရသာမျိုးမစားဖူးဘူး...

ဝူးဝူးဝူး(ToT)]


[​လေ​ပြေ​လေး:ငါငယ်ငယ်တုန်းက အရသာတစ်မျိုးလိုပဲ...

တင်ဆက်သူကတကယ်ကြိုးစားထားတာ..​. ကျေးဇူးတင်ပါတယ်... စက်တင်ဘာကနှင်းဆီ ငါ့နှလုံးသားကမင်းအတွက်ပဲ... မင်းအတွက် မီးရှူးမီးပန်တစ်ခု...]


လက်​ဆောင်တစ်ခုပြီးတစ်ခု ​ပေါက်ကွဲထွက်လာသည်။


ဤ​​တောင်တန်းမှာ အလွန်မဖွံ့ဖြိုး​သေး​သော​တောင်တန်းဖြစ်၍ နိုင်ငံခြားခရီးသွားများ ​ပျော်ပွဲစားထွက်ရန် စခန်းချရန် ​ရွေးချယ်သင့်သည့်​နေရာဖြစ်သည်။ ကုယွီမြန်၏​နေရာမှာ ​ကောင်းမွန်စွာ​ရွေးချယ်ထားသည်။ ဤ​​နေရာတွင် မည်သူမှမရှိ​သော်လည်း အ​ဝေးမှ အခြားခရီးသွားများ၏ရယ်သံနှင့် စကားသံများကို ကြား​နေရသည်။ ဤနေရာတွင် သူတို့သာရှိနေခြင်း မဟုတ်ပေ။


ကုယွီမြန်က ​ရေဆူသီးဝိုင်အနည်းငယ်အားပြင်ဆင်ထားသည်။ ဝိုင်က ကြက်သားမီးဖုတ်နှင့်လိုက်ဖက်ပေသည်။ လျှာဖျားတွင် ပူ​ဖောင်းက​လေးများထ​နေပြီ ​တောရိုင်းအသီး၏ချိုသောအနံ့နှင့်​ ဤ​နွေရာသီရှု​ထောင့်အားချိုမြိန်​သော အ​ရောင်ထွက်​စေသည်။


သူတို့အားလုံး ​ပျော်ပွဲစားအခင်း​ပေါ်တွင် ထိုင်​နေကြပြီး ကုယွီမြန်မှ ပန်ဒါ​လေးအား နွားနို့​သောက်ရာတွင်ကူညီ​ပေးရင်း  နှင်းကျားသစ်​လေးအား ကြက်သားနှင့်ဝိုင်​ ကျွေး​မွေးကာ အသား​ချောင်း ၁​ ချောင်း ၂​ချောင်းခန့်ကို အရသာခံ​​စေသည်။ ထိုအချိန်တွင် ပတ်ဝန်းကျင်မှအသံများက တိတ်ဆိတ်သွားသည်ဟု ထင်ရသည်။


ယခုအချိန်တွင် မှတ်ချက်မျက်နှာပြင်မှာငြိမ်သက်​နေပြီး လူတိုင်းက ​​​တောင်​​ပေါ်နွေရာသီညတွင် ​ပျော်​မွေ့နေကြသည်။


၎င်းက ​တောင်တန်းတစ်ခုလုံးတွင် အလှဆုံး​သော ည​နေခင်းဖြစ်သည်။


​ရွှေဝါရောင် ​​နေဝင်ချိန်က ​​ရှေ့ရှိရေကန်​ပေါ်သို့ ပျံ့နှံ့​နေသည်။ သူတို့က ကျယ်​ပြော​သော ​ကောင်းကင်ကြီးကိုပင်မြင်နိုင်သည်။ ​တောင်တန်းမှ​လေက သူတို့၏နားကို ဖြတ်သန်းတိုက်ခတ်သွားပြီး ည​နေခင်းအနံ့၊​တောထဲမှ ဟင်းချက်သည့်အနံ့များကို အနံ့ခံနိုင်သည်။


အရက်မီးဖိုကို ထုတ်လိုက်​သော်လည်း ကုယွီမြန်က မီးပုံကိုဆက်၍​လောင်ကျွမ်း​စေသည်။ ​​တောထဲတွင် ညအချိန်၌ ငှက်များအနားယူ​နေပြီး တိတ်ဆိတ်​သော​ရေကန်​ပေါ်တွင် မီး​​တောက်များ​ရောင်ပြန်ကာ နတ်သမီးပုံပြင်များတွင် ​​

ဖော်ပြတတ်သည့် မြင်ကွင်းအတိုင်းပင်။


စားစရာ​သောက်စရာအပြည့်ဖြင့် ပန်ဒါ​လေးမှာ

သူ့ဗိုက်က​လေးအားထိ​နေပြီး နှင်းကျားသစ်​လေးက လူငယ်​လေး၏လက်​မောင်းထဲတွင် အသိုက်ဖွဲ့ပြီး ပြန်လည်အိပ်စက်​နေသည်။ ကုယွီမြန်က သစ်ကိုင်းများကိုထိုး၍ မီး​တောက်​စေသည်။


"ပုံပြင်​ပြောဖို့​ ကောင်းတဲ့အချိန်ပဲ..."

ကုယွီမြန်က နူးညံ့စွာ​ပြောလိုက်သည်။

"​ကောင်းပြီး မင်းတို့ဘာနား​ထောင်ချင်လဲ... ဟိုး​ရှေး​ရှေးတုန်းက..."


ပုစဥ်းရင်ကွဲများ​အော်မြည်​နေပြီး ​​နေဝင်ချိန်ကို 

ကြယ်များဖြင့် တ​​ဖြည်ဖြည်းအစားထိုးခံလိုက်ရသည်။


​နွေရာသီည​တွေက​တော့ ဘယ်​​တော့မှ မ​မေ့နိုင်စရာပါပဲ...


ယခုအချိန်မှာ ​သောကြာ​နေ့ည​နေ ဖြစ်သည်။


လူများစွာက တစ်ပတ်တာအလုပ်များအား ပြီးဆုံးသွား၍ သူတို့၏ဆိုဖာများ​ပေါ်တွင် ပျင်းရိစွာလှဲ၍ တီဗီကြည့်ခြင်း၊ဂိမ်း​​ဆော့ခြင်းနှင့် WeChatအားဖွင့်ပြီး သူငယ်ချင်းအသိုင်းဝန်းဖြင့် ဆက်သွယ်​နေသည်။ လွန်ခဲ့​သော ရက်များစွာမှစီစဥ်ခဲ့သည့် မိသားစုခရီးစဥ်များနှင့် ပိတ်ရက်​ပျော်ပွဲစားခရီးများမှာ ပျင်းရိမှု​ကြောင့် ​ထောင့်သို့တွန်းပို့ခံလိုက်ရသည်။ အကြိမ်များစွာ လမ်း​လျှောက်ရန်အပြင်ထွက်မည်ဟု ​ပြောတတ်ကြ​သော်လည်း တစ်ကြိမ်တည်းပိုက်ဆံသုံးရန် ကျရှူံးတတ်ကြသည်။


ကြယ်မရှိ၊ မီးရှုးမီးပန်မရှိ၊ ပိုးစုန်းကြူးများမရှိသဖြင့် ၎င်းက သူတို့အတွက် ​​နောက်ထပ်ပျင်းရိဖွယ် ​နွေရာသီည​နေခင်းပင်။


ထိုအချိန်တွင် ကုယွီမြန်၏စတူဒီရိုကာဗာမှာ အလွန်ရိုးရှင်းပြီး စနစ်မှအလို​လျောက်တင်ထားခြင်းဖြစ်သည်။​ မှောင်ရီဖြိုးဖျတွင် ​ရေကန်​​ဘေးတွင် စွပ်ပြုတ်နှင့် ကြက်သားရွှံ့မီးဖုတ်တို့ရှိနေပြီး မီးဖိုက အသံတဖျောက်ဖျောက်မြည်​နေသည်။


ဖြူ​ဖွေး၍​ချော​မော​သော လူငယ်​လေးက ကင်မရာအားကြည့်​နေပြီး သူ့ပခုံး​ပေါ်တွင် ပျင်းရိစွာလှဲလျောင်း​နေသည့် နှင်းကျားသစ်​​​လေးတစ်​ကောင်ရှိကာ လက်​မောင်းထဲတွင် ​နောက်ထပ် အ​မွေးပွ​ကောင်​လေးတစ်​ကောင်ရှိသည်။ သူင စိတ်ဝင်စားဖွယ်​ကောင်းသည့် တစ်ခုခုအား​ပြော​နေသည့်ပုံ​ပေါ်သည်။ လိပ်ပြာ ​တောင်ပံကဲ့သို့ မျက်​တောင်​​မွှေးများက ​အောက်စိုက်ကျ​နေပြီး သူ့နှုတ်ခမ်း​ဘေးတွင်လည်း ပါးချိုင့်တစ်ခုရှိသည်။


၎င်းက လွတ်လပ်ပြီးစိတ်ကူးယဥ်ဆန်လွန်းသည်။


ည​နေ ၇နာရီခွဲ။အ


ကုယွီမြန်၏ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းရှိ ကြည့်ရှုသူအ​ရေအတွက်မှာ လျင်မြန်စွာ တိုးတက်လာခဲ့သည်။



🐯🐯🐯