Chapter 146
Viewers 32k

🌍Chapter 146



‌အဝေးတစ်နေရာမှ ပြင်းထန်သောခြေသံများ ကြားလိုက်ရသည်။


မှိန်ဖျဖျစူပါမားကတ်ထဲတွင် လျှပ်စစ်မီးမရှိ၍ မီးများ ပိတ်နေလေသည်။ ၀င်ပေါက်မှ အဖြူရောင်မီးရောင်ကသာ အတွင်းပိုင်းကို အလင်းပေးနေခြင်းဖြစ်သည်။


 á€á€źá€ąá€žá€śá€™á€ťá€Źá€¸ နီးသထက် နီးလာ၏။ ကြက်ဆင်ကြီးရုတ်တရက် အလင်းရောင်အောက်တွင် ပေါ်လာလေသည်။ ကြက်ဆင်ကြီး၏ ကျောပေါ်တွင် ပိုးကောင်ကြီး ပါလာ၏။


သူ့မျက်လုံးသေးသေးလေးဖြင့် စူပါမားကတ်ကို ဝေ့ကြည့်လိုက်ပြီး ထန်မော့နှင့်အခြားလူများကို မြင်သောအခါ မျက်နှာထက်၌ ထူးဆန်းသည့်အပြုံးတစ်ပွင့်ဖြစ်တည်လာ၏။


သူ ပျော်ရွှင်စွာ ပြောလိုက်သည်။


“ငါ့ကလေး‌တွေ နောက်ဆုံးတော့ တန်းစီပြီးကြပြီပေါ့…”


ကြက်ဆင်ကြီး၏‌လောဘကြီးသည့် မျက်လုံးများက ကစားသမားတစ်ယောက်ချင်းစီ၏မျက်နှာပေါ်သို့ ဖြတ်ပြေးသွားလေသည်။


သူ ကူရာမဲ့စွာ တံတွေးမျိုကျလိုက်သော်လည်း သူ့ကလေးများကို ချစ်ကြောင်း ပြသနေဆဲပင်။


ထိုချစ်မြတ်နိုးသည့်ပုံစံနှင့် လောဘကြီးသည့်မျက်လုံးများက ကြက်ဆင်ကြီးကို ဟာသဖြစ်စေသည်။ သူ ပြောလိုက်သည်။


“ခစ်ခစ်…ကလေးတို့ ဗိုက်ဆာနေကြပြီလား…မေမေ ကလေးတို့အတွက် အရသာရှိတဲ့ပိုးကောင်ယူလာခဲ့တယ်…”


ဘန်း…


ပိုးကောင်ကြီးက ကစားသမားများရှေ့ ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွား၏။ ပိုးကောင်ကြီး မသေပေ။ သူ ကြမ်းပြင်ပေါ်တွင် နှစ်ကြိမ်ခန့် တွန့်လိမ်လိုက်သည်။ ကြက်ဆင်ကြီး ပိုးကောင်၏ခေါင်းကို နင်းလိုက်ကာ ချွန်ထက်နေ‌သောခြေသည်းများဖြင့် ပိုးကောင်၏အသားကို ထိုးဖောက်လိုက်သည်။ ပိုးကောင်ကြီး နာကျင်စွာ‌ အော်ဟစ်နေပေသည်။


မိန်းကလေးနှစ်‌‌ယောက် ထိုမြင်ကွင်းကို အောင့် မခံနိုင်သဖြင့် အော့အန်လိုက်ကြ၏။ ရွှေရောင်ဆံပင်နှင့်ကောင်လေး၏မျက်နှာလည်း ဖြူဖျော့သွားပြီး နင်နင်း ကောင်လေး၏ရှေ့တွင် လက်ကာပေးလိုက်သည်။


ထန်မော့နှင့်ဖူ၀မ်သော်တို့ ထိုမြင်ကွင်းကို မလှမ်းမကမ်းမှ ကြည့်နေလိုက်သည်။


ရှောင်ကျီထုံး သနားစရာကောင်းသည့် ပိုးကောင်ကြီးကို ကြည့်လိုက်ပြီး ခေါင်းမော့ပြောလိုက်သည်။


“မေမေ သားတို့ ဘယ်လိုတန်းစီရမလဲသိပြီ…”


ကြက်ဆင်ကြီး အံ့ဩသွားသည်။


“ဒါဆို မြန်မြန် တန်းစီလိုက်ကြလေ…မေမေ သားတို့ကို ပိုးကောင်ကျွေးမယ်…”


စူပါမားကတ်ထဲရှိ ကစားသမားများ တိတ်ဆိတ်သွားလေသည်။ သူတို့ တန်းစီမည့်အလှည့်ကို ဆွေးနွေးလိုက်ကြသည်။ ယင်းကို ဖြစ်စဉ်သို့ ၀င်လာသည့်အလှည့်ဖြင့် ဆုံးဖြတ်လိုက်လေသည်။ မိန်းကလေးနှစ်ယောက်က ဖြစ်စဉ်သို့ ပထမဆုံး၀င်လာသည့်လူများဖြစ်ပြီး ဆံပင်တိုမိန်းကလေးက နံပါတ်တစ်ဖြစ်၏။ မိန်းကလေး လိုင်းရှေ့တွင် တုန်ရီနေလေသည်။ ထို့နောက်တွင် ရှောင်ကျီထုံးတို့အဖွဲ့လည်း တန်းစီလိုက်ကြသည်။


ကြက်ဆင်ကြီးရှေ့တွင် ရပ်နေသည့် ဆံပင်တိုမိန်းကလေးက အလွန်စိတ်မသက်မသာဖြစ်နေပြီး အော့အန်ချင်လာလေသည်။ 


ထန်မော့က ဆဌမမြောက်လူဖြစ်ပြီး ဖူ၀မ်သော်က ထန်မော့၏နောက်တွင်ဖြစ်သည်။


ကစားသမားခုနစ်ယောက်လုံး တန်းစီပြီးဖြစ်၏။ ထန်မော့ ခေါင်းမော့၍ ကြက်ဆင်ကြီးကို ကြည့်လိုက်သည်။ သူ့အကြည့်က ကြက်ဆင်ကြီး၏မျက်နှာပေါ်သို့ ရောက်နေ၏။ သူ ကြက်ဆင်ကြီး၏မျက်လုံးနှင့်ပါးစပ်မှ သဲလွန်စရရန် ကြိုးစားနေလေသည်။ ကစားသမားတစ်ယောက်ဖြတ်သွားတိုင်း ကြက်ဆင်ကြီးဖြစ်သွားသည့်အမူအရာကို ထန်မော့ လက်လွှတ်မခံခဲ့ပေ။ ဖူ၀မ်သော်သည်လည်းကြက်ဆင်ကြီး၏အမူအရာကို ဂရုတစိုက်စောင့်ကြည့်နေခဲ့လေသည်။


လွန်ခဲ့သည့်နာရီ၀က်က ထန်မော့နှင့်ဖူ၀မ်သော်တို့ အသားဧရိယာသို့ ပြန်သွားခဲ့ကြသည်။


ထန်‌မော့ ရှောင်ကျီထုံးကို တွေ့သောအခါ ပြောချင်သည့်အချက်ကို တိုက်ရိုက်ပြောလိုက်သည်။


“ဖြစ်နိုင်ချေနှစ်ခုရှိတယ်…ပထမတစ်ခု ကြက်ဆင်ကြီးက အလှည့်မှန်ကို မသိဘူး…အနက်ရောင်မျှော်စင်ကပဲ သိတယ်…ငါတို့ အလှည့်ကို မှန်မှန်စီတဲ့အခါ အနက်ရောင်မျှော်စင်ပြောလာလိမ့်မယ်…ဒုတိယတစ်ခု ကြက်ဆင်ကြီးက အလှည့်မှန်ကို သိတယ်…ငါတို့ တန်းစီတဲ့အချိန် ကြက်ဆင်ကြီးရဲ့အမူအရာပြောင်းလဲမှုတွေကနေ  အချက်အလက်တွေ ရှာတွေ့နိုင်တယ်…”


ထိုစကားကို ကြားသောအခါ ရှောင်ကျီထုံး အံ့အားသင့်သွားပြီး ထန်မော့ကို လေးနက်စွာကြည့်လိုက်သည်။ ထိုအချိန်တွင် ဆံပင်တိုနှင့် အထက်တန်းကျောင်းသူလေး ပြောလိုက်၏။


“အာ…ခေါင်းဆောင်ရှောင်လည်း အဲ့ဒါကို ပြောခဲ့တယ်…ကြက်ဆင်ကြီးဆီက အချက်အလက်တွေ ရနိုင်လို့ တန်းစီတဲ့အချိန် တစ်ယောက်ပြီးမှတစ်ယောက်စီပြီး ပြိုင်တူမစီဖို့ ပြောထားတယ်…”


ထန်မော့ သူ့ကို ပြုံးကြည့်နေသည့် ရှောင်ကျီထုံးနှင့် တိတ်တဆိတ် သဘောတူညီမှုရသွားသည်။ 


အစီအစဉ်များ အခြေကျသွားပြီဖြစ်သည်။


ကစားသမားခုနစ်ယောက် နေရာခုနစ်နေရာရှိလေသည်။ အကယ်၍ ကြက်ဆင်သာ သတိလက်လွှတ်ဖြစ်ခဲ့လျှင် မှန်ကန်သည့် နေရာတွင် ရပ်နေသည့်ကစားသမားကို အထူးခံစားချက်အချို့ ပြသနိုင်ပေသည်။


ထန်မော့ ကြက်ဆင်ကြီးကို အကြည့်မလွှဲ စိုက်ကြည့်နေခဲ့သော်လည်း ကံမကောင်းစွာနှင့်ကြက်ဆင်ကြီးက အစမှအဆုံးထိ ကစားသမားများကို လောဘကြီးသည့်မျက်လုံးများဖြင့်သာ စိုက်ကြည့်နေခဲ့ပြီး အခြားခံစားချက်များမပြသခဲ့ပေ။ ထန်မော့နောက်တွင် ရပ်နေသည့် ဖူ၀မ်သော်က ထန်မော့နားကပ်၍ တီးတိုးပြောလိုက်သည်။


“ပြောင်းလဲမှု မရှိဘူး…”


ဖူ၀မ်သော်က အထူးလေ့ကျင့်ရေးဆင်းခဲ့သူ ဖြစ်ပြီး သူ့ကင်းထောက်စွမ်းရည်က အလွန်သန်‌မာပေသည်။ ကစားသမားခုနစ်ယောက်အနက်တွင် သူကသာ ကြက်ဆင်၏မူမမှန်မှုများကို ရှာတွေ့နိုင်ခြေအများဆုံးရှိသူဖြစ်၏။


ထန်မော့ တည်ငြိမ်စွာ ပြောလိုက်သည်။


“ကျွန်တော်တို့ တစ်ယောက်မှ နေရာမှန် မရပ်ကြတာလည်း ဖြစ်နိုင်သလို သူ အလှည့်မှန်ကို မသိတာလည်း ဖြစ်နိုင်တယ်…”


ဖူ၀မ်သော်‌ ပြောလိုက်သည်။


“ဒါမှမဟုတ် သူ နေရာမှန် ရပ်နေတဲ့ကစားသမားတွေကို ဂရုမစိုက်တာလည်း ဖြစ်နိုင်တယ်…”


နှစ်ယောက်သား ထင်မြင်ချက်ချင်း ဖလှယ်လိုက်ကြသည်။ ကြက်ဆင်ကြီး ဖူ၀မ်သော်၏အလှည့်ကို မြင်သောအခါ ခေါင်းငုံ့၍ထူးခြားသည့်အသံ ပြုလာလေသည်။ ကြက်ဆင်ကြီးရှေ့မှာ ဆံပင်တိုမိန်းကလေး သူ့နောက်မှ အဖော်၏လက်ကို ဆုပ်ကိုက်လိုက်ပြီး ထူးဆန်းနေသည့်ကြက်ဆင်ကြီးကို စိုက်ကြည့်လိုက်သည်။


နောက်တစ်ခဏတွင် စူးရှသည့်ရယ်သံတစ်သံထွက်ပေါ်လာလေသည်။


“ငါ နင့်ကို သေချာတန်းစီဖို့ပြောထားတယ်…နင် ဘာလို့ တန်းမစီတာလဲ…”


ကစားသမားများ၏အမူအရာ နစ်မြှုပ်သွားပြီး လက်နက်ကိုယ်စီ ကိုင်ထားလိုက်ကြသည်။


ကြက်ဆင်ကြီးရှေ့မှ ကျောင်းသူနှစ်ယောက် ကြောက်လန့်ကာ ထွက်ပြေးကြလေသည်။


ကြက်ဆင်ကြီး ခေါင်းမော့လိုက်သည်။


ကြက်ဆင်ကြီး၏မျက်လုံးများ ရုတ်တရက် သွေးရောင်လွှမ်းသွားသည်ကို မြင်သောအခါ ထန်မော့ အံ့ဩသွားလေသည်။ ကြက်ဆင်ကြီး စိတ်လှုပ်ရှားစွာ ကျောင်းသူနှစ်‌ယောက်နောက် ပြေးလိုက်သွားလိုက်ပြီး မိန်းကလေးနှစ်ယောက်ကို ရက်စက်စွာ ကြမ်းပြင်ပေါ်တွန်းချလိုက်သည်။


တစ်ချိန်တည်းမှာပင် စူးရှကြည်လင်သည့်ကလေးသံ ထွက်ပေါ်လာလေသည်။


“တင်းတောင်…ကစားသမားများ တန်းစီသည့်အလှည့် မှားယွင်းသဖြင့် ကြက်ဆင်ကြီး စိတ်ကစဉ့်ကလျားရောဂါဖြစ်သွားပါပြီ…ဘေးထွက်ဂိမ်း “လင်းယုန် ကြက်ပေါက်ဖမ်းခြင်း”ကို စတင်လိုက်ပါပြီ…ကြာချိန်က တစ်နာရီပါ…ပီ မြည်သံကြားတာနဲ့ ပီ…သတ်မှတ်ချိန်စတင်ရေတွက်မယ်ပြီ…’’


“၃၅၉၉…၃၅၉၈…၃၅၉၇…”


ရှောင်ကျီထုံး ကျယ်လောင်စွာ အော်လိုက်သည်။


“ပြေး…”


ကစားသမားခုနစ်ယောက် လှည့်ထွက်ပြေးပြီဖြစ်သည်။ ရှောင်ကျီထုံးက မတူညီသည့် လားရာသုံးခု လှည့်ပတ်ပြေးနေစဉ်တွင် မိန်းကလေးနှစ်ယောက်မှာလည်း ယခင်ညွှန်ကြားချက်များအတိုင်း  မတူညီသည့် လားရာများသို့ ပြေးနေ၏။ ကြက်ဆင်တစ်ကောင်တည်းရှိသည့်အတွက် ထိုသို့ လူစုခွဲပြေးခြင်းက ကစားသမားများကို ပိုလုံခြုံစေလေသည်။ သို့သော် ရှောင်ကျီထုံး အသွင်ပြောင်းပြီးသည့်ကြက်ဆင်ကြီး၏ခွန်အားကို လျှော့တွက်ခဲ့မိသည်။


မိန်းကလေးနှစ်ယောက်က ကြက်ဆင်ကြီး စတင်ရယ်မောကတည်းက ပြေးသွားခြင်းဖြစ်သော်လည်း သူတို့နှင့် ကြက်ဆင်ကြီးကြား ၁၀မီတာသာ ကွာဝေးလေသည်။ ကြက်ဆင်ကြီး ခြေသည်းများကို ထုတ်လိုက်ပြီး ချွန်ထက်လှသည့်ခြေသည်းက ကျောင်းသူတစ်ယောက်၏ကျောကို ကုတ်ခြစ်လိုက်ကာ ခြေသည်းဒဏ်ရာသုံးခုက အရိုးထိပင်ရောက်လေသည်။


“အားးး”


ကြက်ဆင်ကြီးက မိန်းကလေးကို နံရီဆီ ပစ်ပေါက်လိုက်သည်။ မိန်းကလေး သွေးများအန်လာသည်ကို ကြက်ဆင်ကြီး စိတ်လှုပ်ရှားစွာ စိုက်ကြည့်လိုက်ကာ တွန်ကျူးလိုက်သည်။ ထို့နောက် အခြားတစ်ယောက်နောက် လိုက်သွားလိုက်သည်။ 


ထန်မော့နှင့်ဖူ၀မ်သော်တို့ လူခွဲပြေးခြင်းမရှိပေ။ ထိုမြင်ကွင်းကို မြင်သောအခါ ထန်မော့ ကြောက်စရာကောင်းသည့်ကိစ္စတစ်ခုကို သဘောပေါက်သွားပြီး ဖူ၀မ်သော်ကို လှည့်ကြည့်လိုက်သည်။


နှစ်ယောက်သား အချင်းချင်း ကြည့်လိုက်ကြပြီး ခေါင်းငြိမ့်ပြလိုက်သည်။ သူတို့ စက်လှေကားမှတစ်ဆင့် စူပါမားကတ်ဒုတိယထပ် အမြန်တက်လိုက်ကြပေသည်။


ကြက်ဆင်ကြီးက အခြားကျောင်းသူကို လိုက်ဖမ်းလိုက်သည်။ ဆံပင်တိုမိန်းကလေး ထိတ်လန့်စွာ ပြေးနေသည်။ သူက သူ့အဖော်ထက် အနည်းငယ် ပိုတည်ငြိမ်၏။ သူ ကြက်ဆင်ကြီးအရှိန်ကို  လျော့ကျစေရန် အလို့ငှာ ဓားများဖြင့် လှည့်ပစ်ပေါက်လေသည်။ သို့သော် ကြက်ဆင်က သူ့ထက် ပိုမြန်ပြီး သုံးစက္ကန့်အတွင်း ကျောင်းသူလေးကို ဖမ်းမိခဲ့လေသည်။ 


ထိုအချိန်တွင် စူပါမားကတ်တွင်း၌ ရွှင်မြူးစရာဂီတသံ ထွက်ပေါ်လာ၏။


“လာလာလာ…ငါက သတင်းစာရောင်းတဲ့နေရာမှာ ကျွမ်းကျင်တဲ့သူတစ်ယောက်ပါ…”


ကြက်ဆင်ကြီး၏လှုပ်ရှားမှုများ ခဏမျှ ရပ်တန့်သွားသည်။ သူ ‌ခြေထောက်ကို ငုံ့ကြည့်လိုက်သည့် အဝါရောင်‌သတင်းစာက သူ့ခြေထောက်‌အောက်တွင် ရှိနေ၏။ ထို့နောက်သတင်းစာက အဖြူဖျော့ဖျော့ အလင်းတန်းတောက်လာလေသည်။ ရုတ်တရက် သတင်းစာက ဆုတ်ပြဲသွားသည်။ 


ကြက်ဆင်ကြီးသွေးရောင်‌လွှမ်းနေသော မျက်လုံးများဖြင့် အပေါ်သို့ မော့ကြည့်လိုက်သည်။ သူ မရေမတွက်နိုင်‌သော အုတ်ခဲသဖွယ် ထူထဲသည့်သတင်းစာများ ကောင်းကင်ပေါ်မှ ကျလာသည်ကို တွေ့လိုက်ရပေသည်။ မျက်စိတစ်မှိတ်အတွင်း ကြက်ဆင်ကြီးမှာ သတင်းစာပုံအောက်တွင် နစ်မြှုပ်သွားရ၏။


ဆံပင်တိုမိန်းကလေး ချက်ချင်း ဘေးလွတ်ရာသို့ ထွက်ပြေးလိုက်သည်။


အနက်ရောင်မျှော်စင်က သာယာသောအသံဖြင့် အချိန်ရေတွက်နေဆဲဖြစ်သည်။


“၃၅၃၉…၃၅၃၈…”


တစ်မိနစ်ကုန်ဆုံးသွားပြီဖြစ်သည်။ 


မရေမတွက်နိုင်သော သတင်းစာများအောက်တွင် ကြက်ဆင်ကြီး မြှုပ်နှံခံထားရသည်ကိုမြင်သောအခါ ထန်မော့နှင့်ဖူ၀မ်သော်တို့ သူတို့ယခင်က ရှာတွေ့ခဲ့သော ၀န်ထမ်းရုံးခန်းတို့ အမြန်ပြေးသွားလိုက်သည်။ သူတို့ တံခါးလော့ပိတ်၍ ပုန်းနေလိုက်၏။


တစ်မိနစ်အချိန်တိုလေးက ကစားသမားခုနစ်ယောက် လူစုခွဲထွက်ပြေးနိုင်ရန် လုံလောက်ပေသည်။


ထန်မော့ အမောတကောပြောလိုက်သည်။


“စောနကဟာက ဂိမ်းကူပစ္စည်းမလား…”


ဖူ၀မ်သော် သဘောတူလိုက်သည်။


“တစ်ခါသုံးပစ္စည်းဖြစ်မယ်…သတင်းစာတွေ ပြုတ်ကျမလာခင် ကြက်ဆင်ကြီး နင်းမိတဲ့သတင်းစာပျောက်သွားတယ်…”


ထန်မော့ ခေါင်းငြိမ့်လိုက်သည်။


“ဒါပေမဲ့ ဒါက အချိန်ကို ၀ယ်လိုက်တာပဲ…မိန်းကလေးက ကောင်လေး ချထားခဲ့တဲ့ထောင်ချောက်နေရာကို သိတဲ့အတွက် တမင်သက်သက် အဲ့နေရာကို ပြေးသွားတာပဲ…တကယ်လို့ ကြက်ဆင်သာ ထောင်ချောက်ပေါ် မနင်းမိခဲ့ရင် အဲ့မိန်းကလေးလည်း သူ့အဖော်လို ဒဏ်ရာရသွားလိမ့်မယ်…”


ထန်မော့ စကားစရပ်လိုက်ပြီး ဖူ၀မ်သော်ကို လှည့်ကြည့်လိုက်သည်။


“ဘယ်လောက်ဆိုး၀ါးလိုက်မယ်ထင်လဲ…”


ဖူ၀မ်သော် နှုတ်ဆိတ်နေ၏။


ထန်မော့နှင့်ဖူ၀မ်သော်တို့ ဂိမ်းများစွာအတူတကွ ကစားခဲ့ကြသည်။ ပီနိုကီယိုဂိမ်းတွင်ဖြစ်စေ၊ သံဖိနပ်ချုပ်သမားဂိမ်းတွင်ဖြစ်စေ ဖူ၀မ်သော် တုံ့ပြန်မှု သိပ်မရှိခဲ့ပေ။


သို့သော် ဤတစ်ခေါက်တွင်မူ အနည်းငယ်ကွာခြားလေသည်။


“ကြက်ဆင်ကြီးက အရမ်းအားနည်းတယ်…သူ့၀မ်းကွဲထက် ပိုအားနည်းတယ်…မိုးကြိုးပစ်တာ မရှိရင်‌တောင်၊ ကိုယ်တို့စွမ်းရည်တွေ မရှိရင်တောင် ကြက်ဆင်ကြီးကို အချိန်မ‌ရွေးသတ်ပစ်နိုင်တယ်…ဒါပေမဲ့ သူ လင်းယုန်အဖြစ်ပြောင်းသွားပြီး‌နောက် အရမ်းသန်မာလာတယ်…သူ့အရှိန်က ပီနိုကီယိုထက် မနှေးဘူး…ပိုပြီးလည်း သန်မာလာတယ်…”


ထန်မော့ မြင်ခဲ့ရသည့်အခြေအနေကို ပြန်စဉ်းစားလိုက်သည်။


“လင်းယုန်အခြေအနေမှာ သံဖိနပ်ချုပ်သမားထက် အားနည်းမှာမဟုတ်ဘူး…အရေးအကြီးဆုံးက ကျွန်တော်တို့စွမ်းရည်တွေ ပိတ်ဆို့ခံထားရပြီး ရုပ်ပိုင်းဆိုင်ရာအခြေအနေ‌တွေ ကျဆင်းသွားတာပဲ…ကျွန်တော့်အရှိန်နဲ့ခွန်အားက အရင်ကရဲ့ တစ်၀က်ပဲရှိတော့တယ်လို့ ခံစားရတယ်…ခင်ဗျားရော ဘယ်လိုလဲ…”


‘“ကိုယ်လည်း အတူတူလောက်ပဲ…”


ထန်မော့နှင့် ဖူ၀မ်သော်တို့ ပူးပေါင်းတိုက်ခိုက်လျှင်ပင် သံဖိနပ်ချုပ်သမားကို ကျိန်းသေပေါက် အနိုင်ယူနိုင်မည်မဟုတ်ပေ။ သူတို့ ရှောင်ကျီထုံး၊ နင်နင်းနှင့် သူတို့၏ဂိမ်းကူပစ္စည်းများကိုပါ ပေါင်းစပ်လိုက်လျှင်တော့ အခြေအနေကို ကြီးကြီးမားမားပြောင်းလဲပစ်နိုင်ပေသည်။ သို့သော် သူတို့တွင် စွမ်းရည်များ မရှိကြသည့်အပြင် ရုပ်ပိုင်းဆိုင်ရာခွန်အားကိုလည်း ဖြစ်စဉ်က ကန့်သတ်ထား၏။ ထန်မော့နှင့် ဖူ၀မ်သော်တို့ ပူးပေါင်းခြင်းဖြင့် သူတို့အသက်များကို ကယ်တင်နိုင်သော်လည်း ကြက်ဆင်ကြီးကို သတ်ရန်မူမဖြစ်နိုင်ပေ။


အနက်ရောင်မျှော်စင်က အချိန် ဆက်လက်ရေတွက်နေဆဲပင်။


ကြက်ဆင်ကြီးက သတင်းစာပုံအောက်တွင် နှစ်မိနစ်ခန့် နစ်မြှုပ်နေလေသည်။ ကစားသမားခုနစ်ယောက်လုံး ပုန်း‌အောင်းနေကြသဖြင့် စူပါမားကတ်ထဲတွင် တိတ်ဆိတ်နေလေသည်။


တစ်မိနစ်ကြာပြီး‌နောက် စူပါမားကတ်ကြမ်းပြင်မှ အသံတစ်သံထွက်ပေါ်လာ၏။


ထန်မော့နှင့်ဖူ၀မ်သော်တို့ နားရွက်ကို တံခါးနားကပ်ကာ နားထောင်လိုက်သည်။


လေးလံသည့်အရာ၀တ္ထုများ ကြမ်းပြင်ပေါ်သို့ ပြုတ်ကျကုန်လေသည်။ ကြက်ဆင်ကြီး သူ့ပေါ်မှ သတင်းစာများကို တွန်းဖယ်လိုက်သည်။


“ခစ်ခစ်…နင်တို့ဘယ်မှာလဲ…ငါ နင်တို့ကို စားမယ်…အားလုံးစားပစ်မယ်…”


ကြက်ဆင်ကြီး သူ့ပေါ်မှသတင်းစာများအားလုံး တွန်းဖယ်ပစ်လိုက်သည်။ သူ ဒေါသတကြီး အော်ဟစ်လိုက်ပြီး စူပါမားကတ်အတွင်း ကသုတ်ကရက် ရှာဖွေလိုက်သည်။ စူပါမားကတ်က အလွန်ကြီးသော်လည်း ကြက်ဆင်ကြီးက မြန်လေသည်။ သူက လျှပ်စီးနှင့်တူ၏။ ခန္ဓာကိုယ်ကြီးမားသော်လည်း လေးကန်နှေးကွေးခြင်း မရှိပေ။


သူ စူပါမားကတ်၏မုန့်တိုက်သို့ ပြေးသွားစဉ် နှစ်မီတာခန့်ပြေးပြီး‌နောက် ရုတ်တရက် ရပ်လိုက်သည်။


ကြက်ဆင်ကြီး စင်နားတွင် ရပ်တန့်လိုက်သည်။ နှစ်စက္ကန့်ကြာပြီးနောက် သူ တိုးညှင်းစွာ ရယ်လိုက်လေသည်။ ထို့နောက် သူနောက်ပြန်လှည့်ကာ မုန့်တိုက်အမှောင်ထုထဲသို့ ကြည့်လိုက်သည်။ တစ်စက္ကန့်အကြာတွင် အော်သံတစ်သံကြားလိုက်ရလေသည်။


“ဖာ့ခ်ပဲ ကြက်ဆင်…”


မုန့်တိုက်ထဲမှ သေးငယ်သည့်ပုံရိပ်တစ်ခုထွက်လာ၏။ ရွှေရောင်ဆံပင်နှင့်ကောင်လေး မုန့်တိုက်မှ ပြေးထွက်လာပြီး‌ ‌နောက်တွင် ရက်စက်သည့်ကြက်ဆင်ကြီး ရှိနေလေသည်။


ကောင်လေး၏ရုပ်ပိုင်းဆိုင်ရာ ခွန်အားက အရွယ်ရောက်သူလောက် မကောင်းပေ။ သူ့စွမ်းရည်ကလည်း ပိတ်ဆို့ခံထားရလေသည်။ သူ နှစ်လှမ်းသာ ပြေးလိုက်နိုင်ပြီး ကြက်ဆင်ကြီးက သူ့ကို ဖမ်းမိသွားကာ ခြေသည်းဖြင့် သူ့လည်ပင်းကို ဖြတ်တော့မည်ဖြစ်သည်။ 


ထိုစဉ် အကွာအဝေးတစ်နေရာမှ ငွေရောင်အလင်းတန်းတစ်ခု ထွက်လာ၏။ ကြက်ဆင်ကြီး ခေါင်းကို နောက်ဆုတ်ရှောင်လိုက်ရာ ဓားက နံရံနှင့် ပြင်းထန်စွာ တိုက်မိသွား၏။


စူပါမားကတ်ပထမထပ် သင်ထောက်ကူပစ္စည်းကဏ္ဍတွင် အနက်ရောင်၀တ်စုံနှင့်မိန်းကလေးတစ်ယောက် ရပ်နေပြီး ကြက်ဆင်ကြီးကို အေးစက်စွာ ကြည့်နေ၏။


လူသားတစ်ယောက်နှင့်ကြက်ဆင်တစ်ကောင် ထိုသို့ အချင်းချင်း စိုက်ကြည့်နေပြီး မကြာမီပင် တစ်ယောက်က ပြေးသွားပြီး တစ်ကောင်က လိုက်သွားလေသည်။


စူပါမားကတ်ပထမထပ်တွင် ဆူညံသံများ အဆက်မပြတ် ထွက်ပေါ်လာပြီး မကြာမီပင် သူတို့ ဒုတိယထပ်သို့ ရောက်ရှိသွားကြပေသည်။ နင်နင်း ပါးလွှာသည့်ငွေရောင်ဓားကို ဝှေ့ယမ်းလိုက်ကာ ကြက်ဆင်ကြီး၏ခြေသည်းများကို ပိတ်ဆို့လိုက်သည်။ သို့သော်လည်း တစ်ဖက်မှခွန်အားကြောင့် သူ နံရံဆီသို့ ပျံသန်းသွားလေသည်။


ကြက်ဆင်ကြီးခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာမရှိသော်လည်း နင်နင်းခန္ဓာကိုယ်တွင်မူ သွေးများ ဖုံးလွှမ်း‌နေပေပြီ။


 á€”င်နင်းနလရလကို မှီကာ အသက်အမောတကော ရှူရှိုက်နေသော်လည်း ကြက်ဆင်ကြီးက သူ့ကို အနားယူရန် အချိန်မပေးပေ။ နင်နင်းထံ တိုက်ရိုက်ပြေး၀င်သွားလေသည်။ နင်နင်းဘေးဘက်သို့ အမြန်ရှောင်တိမ်းလိုက်‌သော်လည်း ကြက်ဆင်ကြီးက ရုတ်တရက် ပြုံးလိုက်ပြီး သူ မမျှော်လင့်ထားသည့်လှုပ်ရှားမှုလုပ်လိုက်၏။ ကြီးမားသည့်တောင်ပံကြီးကို သူ့ခေါင်းဆီသို့ ဝှေ့ယမ်းလိုက်လေသည်။


နင်နင်းမျက်လုံးများ ပြူးကျယ်သွားသည်။ သူ မရှောင်တိမ်းနိုင်တော့သဖြင့် ဓားကိုရှေ့မြှောက်လိုက်ကာ တောင်ပံကို ပိတ်ဆို့လိုက်သည်။ 


ထိုအခိုက်အတန့်တွင် ကြက်ဆင်ကြီး ရုတ်တရက်ရပ်တန့်သွားပြီး ‌နောက်ပြန်ဆုတ်သွားလေသည်။ အသံက ကျည်ဆံထက် ပိုနှေး၏။ စူပါမားကတ်တွင် သေနတ်သံထွက်ပေါ်လာပြီး ကျည်ဆံက နံရံဖောက်ကာ ကြက်ဆင်ကြီးကို ထိမှန်လေသည်။ ကြက်ဆင်ကြီး နောက်လှည့်ကာ အနီရောင်မျက်လုံးများဖြင့် စူပါမားကတ်အတွင်းပိုင်းနေရာများသို့ ရက်စက်စွာ ကြည့်လိုက်သည်။


နောက်တစ်ခဏတွင် ထန်မော့နှင့် ဖူ‌၀မ်သော်တို့ တံခါးကို ချိုး၍ အခန်းထဲမှ ထွက်ပြေးကြလေသည်။ 


နှစ်ယောက်သား လူခွဲပြေးကာ ကြက်ဆင်ကြီးကို လားရာနှစ်ဖက်မှ တိုက်ခိုက်လိုက်သည်။ တစ်ခဏမျှအေးခဲသွားသည့် နင်နင်းလည်း ဒဏ်ရာ ပြန်လည်ကုစားပြီးနောက် ဓားရှည်ကို ကိုင်ဆွဲကာ ကြက်ဆင်ကို တိုက်ခိုက်သည့်အဖွဲ့နှင့် ပူးပေါင်းလိုက်သည်။


မမျှော်လင့်စွာနှင့် နင်နင်း၏အရှိန်က လူသုံးယောက်ထဲတွင် အမြန်ဆုံးဖြစ်နေလေသည်။ သူက ကြက်ဆင်ကြီးကို ခန္ဓာကိုယ်ပျော့ပျောင်းမှုအား အသုံးချရန် ငါးတစ်ကောင်ကဲ့သို့ တိုက်ခိုက်နေလေသည်။ 


ဖူ၀မ်သော်က အဓိကတိုက်ခိုက်ရေးသမားဖြစ်ပြီး သေနတ်ဖြင့် ကြက်ဆင်ကြီး၏လှုပ်ရှားမှုများကို အဆက်မပြတ် တားဆီးနေသည်။ ကြက်ဆင်ကြီး ဒေါသတကြီးဖြင့် ခြေသည်းဆန့်ထုတ်ကာဖူ၀မ်သော်ကို တိုက်ခိုက်ရန် လုပ်လိုက်သော်လည်း ထန်မော့ spellရွတ်လိုက်သောအခါ ပန်းရောင်ထီးလေး ဖူ၀မ်သော်ရှေ့ပေါ်လာပြီး ထီးပွင့်လာကာ ဖူ၀မ်သော်၏ခန္ဓာကိုယ်ကို ကာကွယ်ပေးလိုက်သည်။


ကြက်ဆင်ကြီး၏ခြေသည်းများက ထီးလေး ကို သွားရိုက်မိလေသည်။ ထန်မော့ အံ့ဩသွားပြီး နောက်လှန်ကျသွားသော်လည်း ဖူ၀မ်သော် ထန်မော့လက်ကို ဆုပ်ကိုင်လိုက်ကာ သူ့နောက်ဆွဲပို့လိုက်၏။



🪩