Chapter 121
Viewers 32k

🌍Chapter 121




ထန်မော့ စိတ်ပြင်ဆင်ထားပြီးဖြစ်သော်လည်း မွန်းစတားကို မြင်သောအခါ သက်ပြင်းချလိုက်သည်။


ဖူ၀မ်သော် ကြီးမားသည့်တီကောင်ကြီးကို ကြည့်လိုက်၏။


“ဒါက တီကောင်ကြီးမလား…”


“ဟုတ်တယ်…တီကောင်ကြီး…”


ဖူဝမ်သော် ခေါင်းငြိမ့်လိုက်သည်။


“ဒီတီကောင်ကြီးက တကယ်ကြီးလွန်းတယ်…ဆပ်ကပ်အဖွဲ့ရတနာဖြစ်လောက်အောင် တန်ဖိုးရှိပါတယ်…ဒါပေမဲ့…”


သူ့စကား ရုတ်တရပ်ရပ်သွားသည်။ 


ဖူ၀မ်သော် အချိန်အတော်ကြာပြီးနောက် အံ့အားသင့်စွာ မေးလိုက်သည်။


“မင်း အခု အသံကြားလိုက်လား…”


ထန်မော့၏မျက်နှာအမူအရာပြောင်းလဲခြင်း မရှိပေ။ 


“ကြားလိုက်တယ်…”


ဖူ၀မ်သော် ထန်မော့ ထူးခြားနေသည်ကို သတိပြုမိ၏။


“မင်း ဒီတီကောင်ကြီးကို သိလား…”


ထန်မော့ ငိုကြွေးနေသည့်တီကောင်ကြီးကို ကြည့်ကာ ပြောလိုက်သည်။


“သိတယ်…လွန်ခဲ့တဲ့နှစ်လက ကျွန်တော် လော့ဖုန်းချန်းစာရင်းသွင်းပေးထားတဲ့Sအမျိုးအစားဖြစ်စဉ်မှာ ပါ၀င်ခဲ့တယ်…ကျွန်တော့်ရဲ့အဓိကတာ၀န်က ဒီမွန်းစတားကို စောင့်ကြည့်နေတဲ့ဆပ်ကပ်အဖွဲ့၀င်တွေကို သတ်ပြီး မွန်းစတားကို လွှတ်ပေးဖို့ပဲ…”


“ဒီကောင်က မင်း လွှတ်ပေးခဲ့တဲ့ကောင်လား…”


“ကျွန်တော် ထင်တာမမှားရင် ဟုတ်တယ်…ကျွန်တော် လွှတ်ပေးလိုက်တဲ့ကောင်ဖြစ်မယ်…”


ထန်မော့ တီကောင်ကြီးကို ကြည့်လိုက်သည်။


“ကြီးပြီး မိုက်မဲတယ်…ဒါမျိုး နောက်တစ်ကောင်မရှိလောက်ဘူး…”


ဖူ၀မ်သော် တည်ငြိမ်စွာ ပြောလိုက်သည်။


“အဲ့ဖြစ်စဉ်အကြောင်း ပြောပြဦး…”


ထန်မော့ အမှန်အတိုင်း ရှင်းပြလိုက်သည်။


မှောင်မဲနေသည့် အဆောက်အအုံထဲတွင် တီကောင်တစ်ကောင် ဗိုက်ဆာပြီး သူ့အမေကို တွေ့ချင်သောကြောင့် ငိုနေလေသည်။ တစ်စုံတစ်ယောက်ကသာ သတိထားကြည့်လျှင် တီကောင်က မျက်ရည်တစ်စက်မှ မကျကြောင်း သတိထားမိပေလိမ့်မည်။ သူက အတုအယောင်ငိုကြွေးနေခြင်းဖြစ်လေသည်။ သို့သော်လည်း ယင်းကား အစစ်အတိုင်းပင်ဖြစ်သည်။ လှောင်အိမ်ကို ခေါင်းဖြင့်တိုက်ပြီး ပင်ပန်းလျှင် အနားယူလေသည်။


ကာကွယ်ပေးရမည့်မွန်းစတားမှာ ‌တီကောင်ကြီးဖြစ်ကြောင်း တွေ့ရှိပြီးနောက် ထန်မော့အချက်အလက်များကို လျှို့ဝှက်ထားမည်မဟုတ်‌ပေ။ အသင်းဖော်နှင့် ကောင်းကောင်းပူးပေါင်းနိုင်ရန် အချက်အလက်များ မျှဝေရန် လိုလေသည်။


တစ်ချိန်တည်းမှာပင် သင်္ဘောကျင်း၏ဘေးရှိ အခန်းငယ်လေးအတွင်း၌…


စတုရန်းပုံသဲစားပွဲ ပတ်ပတ်လည်တွင် ကစားသမားငါးယောက် စုဝေးနေကြလေသည်။ ဆံပင်တိုအမျိုးသမီးက သစ်ကိုင်းတစ်ကိုင်းကောက်ယူကာ သဲပေါ်တွင် စတင်ရေးဆွဲလိုက်သည်။ သူက အလွန်လျင်မြန်စွာ ရေးဆွဲနေပြီး အံ့ဩစရာကောင်းစွာပင် သဲစားပွဲပေါ််၌ မြေအောက်နိုင်ငံမြေပုံတစ်ခုဖြည်းညှင်းစွာ ပေါ်လာလေသည်။


ယင်းကား ပြီးပြည့်စုံသည့်မြေပုံတော့ မဟုတ်ချေ။ သင်္ဘောကျင်းမှစ၍ လမ်းများအထိသာ ရေးဆွဲထားခြင်းဖြစ်သည်။ နောက်ဆုံးလမ်းကြောင်း ရေးဆွဲပြီးနောက် ဆံပင်တိုအမျိုးသမီး ညွှန်ပြကာ ပြောလိုက်သည်။


“သူ ဒီနေရာမှာ ပျောက်သွားတယ်…ကျွန်မ လောင်လီနဲ့အတူ သူ့နောက်လိုက်သွားပေမဲ့ မျက်စိတစ်မှိတ်အတွင်း လေထဲပျောက်သွားတယ်…”


 á€œá€ąá€Źá€„á€şá€œá€Žá€Ÿá€Żá€á€ąá€Ťá€şá€žá€Šá€ˇá€ş သက်လတ်ပိုင်းလူကြီးက သဘောတူလိုက်သည်။


“ဟုတ်တယ်…ငါ ကျိန်ဆိုတယ်…ငါ မျက်တောင်တောင် မခတ်ဘူး…သူက လမ်းအလယ်မှာ ဒီအတိုင်းပျောက်သွားတာ…”


ငါးယောက်အနက်မှ သိမ်မွေ့သည့် မျက်မှန်နှင့်လူက ပြောလိုက်သည်။


“ငါ အရင်က အရမ်းမြန်တဲ့ အနက်ရောင်မျှော်စင်မွန်းစတားကို တွေ့ဖူးတယ်…”


ဆံပင်တိုအမျိုးသမီး သူ့ကို ကြည့်လိုက်သည်။


“ခေါင်းဆောင် ကျွန်မတို့ဘာဆက်လုပ်သင့်လဲ…ကျွန်မတို့ သူ့ကို ပျောက်သွားပြီ…ကျွန်မက သူ့ကို ပျောက်သွားတဲ့တစ်ဦးတည်းသောလူ မဟုတ်လောက်ဘူး…အခြားအဖွဲ့တွေလည်း ဒီလိုပဲဖြစ်မယ်…ကျွန်မတို့ကလွဲရင် တခြားသုံးဖွဲ့လည်း မစ္စတာBနောက်လိုက်နေတာ…ဒီဖြစ်စဉ်မှာ အနည်း‌ဆုံး အဖွဲ့ငါးဖွဲ့လောက်ရှိလောက်တယ်…”


လူငယ် ရှုပ်ထွေးသွားသည်။


“ငါးဖွဲ့လား…မစ္စတာBနောက်လိုက်နေတဲ့သူ လေးဖွဲ့ပဲရှိတာ မဟုတ်ဘူးလား...''


လောင်လီ ပြုံးလိုက်သည်။


“မင်း ထပ်တုံးပြန်ပြီ…ရှောင်ချန်း မစ္စတာBကို ရှာတွေ့တဲ့သင်္ဘောကျင်းနားမှာ လူတစ်ယောက်ရှိတယ်…ငါ့စိတ်ထင် မစ္စတာ Aနဲ့Bက သူ့ကို ဂရုစိုက်ကြလိမ့်မယ်…သူ့မှာအဖော်ရှိရင် ပိုတောင်ဆိုးသေး…သူက သူ့အဖော်ကို သွားတွေ့မှာပဲ…မစ္စတာAနဲ့Bသာ ဉာဏ်ကောင်းရင် သူတို့အဲ့လူကို အရင်ဖမ်းမှာမဟုတ်ဘူး…သူ့အဖော်နဲ့တွေ့မဲ့အချိန်ကို စောင့်ဖမ်းမှာပဲ…သူတစ်ယောက်တည်း လှုပ်ရှားတာမျိုး၊ သူ့အဖော်ကို ဆွဲမချတာမျိုး ဖြစ်နိုင်ပေမဲ့ ဒီလိုဖြစ်စဉ်မျိုးမှာ အဖွဲ့တော့ဖွဲ့ကြမှာပဲ…ငါ့စိတ်ထင် သူတို့နှစ်ယောက်ကို မြေအောက်နိုင်ငံစုံထောက်တွေ သတ်ပြီး ဖြစ်လိမ့်မယ်…”


ရှောင်ချန်း သူ့ခေါင်းသူ ထိလိုက်သည်။


“ဟေး…ကျွန်တော်က ဒီလိုမျိုးတွေ ကိုင်တွယ်တတ်တဲ့သူမှမဟုတ်တာ….ဒီလိုဟာမျိုးတွေဆိုခေါင်းဆောင်နဲ့အစ်မလင်းကို မေးလေ…ကျွန်တော်က တိုက်ခိုက်ရုံပဲ…”


ငါးယောက်သား ရယ်လိုက်ကြသည်။


မျက်မှန်နှင့်လူ ပြုံးလိုက်၏။ ထို့နောက် သူ သဲမြေပုံပေါ်ရှိ ထန်မော့ပျောက်ကွယ်သွားသည့်နားတွင် စက်ဝိုင်းတစ်ဝိုင်းဆွဲလိုက်သည်။ ဆွဲပြီးနောက် သူ ခေတ္တမျှ စဉ်းစားလိုက်ပြီး ပိုကြီးသည့်စက်ဝိုင်းတစ်ဝိုင်း ထပ်မံဆွဲလိုက်လေသည်။


“ပျောက်ကွယ်သွားရတဲ့အကြောင်းအရင်းနောက်ကွယ်က နက်ရှိုင်းလောက်တယ်…မစ္စတာAနဲ့Bက ဒီမှာပဲ ရှိလောက်တယ်…ဆပ်ကပ်အဖွဲ့က ဒီမှာပဲ….သူတို့ ဆပ်ကပ်အဖွဲ့ကို မွန်းစတားသွားပို့ကြမှာပဲ…အဲ့ဒါကို စောင့်ကြည့်ရမယ်…ကျန်တဲ့သူတွေက ငါနဲ့အတူ ပတ်၀န်းကျင်ကို စူးစမ်းဖို့လိုက်ခဲ့ကြ…”


“အိုကေ…”


လင်းရီဟုခေါ်သည့် ဆံပင်တိုအမျိုးသမီးက မျက်မှန်နှင့်လူဆွဲထားသည့် စက်ဝိုင်းကို ငုံ့ကြည့်လိုက်သည်။ အချိန်အတော်ကြာပြီးနောက် သူ မေးလိုက်၏။


“မစ္စတာAနဲ့ မစ္စတာBက တကယ် မြေအောက်လူတွေလား…ခေါင်းဆောင် ကျွန်မ သူတို့ကို ကျွန်မတို့လို ကစားသမားတွေလို့ပဲထင်တယ်…”


မျက်မှန်နှင့်လူ မျက်လုံးများ မှေးစင်းသွားသည်။


“ဖြစ်နိုင်ချေကတော့ နည်းတယ်…”


လောင်လီ ပြောလိုက်သည်။


“ရှောင်လင်း စုဝေးပွဲဖြစ်စဉ် ‘ဆန်းကြယ်တဲ့ဆပ်ကပ်အဖွဲ့အံ့ဩဖွယ်ည'က ပထမထပ်ကို ရှင်းလင်းပြီးတဲ့ကစားသမားတွေကိုပဲ ၀င်ခွင့်ပြုတယ်…တစ်နည်းပြောရရင် ကစားသမား၂၁ယောက်လုံးက အနည်းဆုံး အနက်ရောင်မျှော်စင်ပထမထပ်ကို ရှင်းလင်းပြီးတဲ့ကစားသမားတွေပဲ…ဒီထဲမှာ ဒုတိယထပ်ရှင်းလင်းပြီးတဲ့ကစားသမားရှိကောင်းနိုင်ပေမဲ့ တတိယထပ်ရှင်းလင်းပြီးတဲ့ကစားသမားတွေတော့ မရှိနိုင်ဘူး…အစွမ်းထက်တဲ့ကစားသမားတွေကပဲ ဒုတိယထပ်ကို ရှင်းလင်းပြီးမှာ…မစ္စတာAနဲ့Bက ဒုတိယထပ်ကို ရှင်းလင်းပြီးတဲ့ ကစားသမားတွေဖြစ်ရင်တောင် ကစားသမား ၂၁ယောက်နဲ့ ရင်ဆိုင်ရမှာ…နိုင်ဖို့မလွယ်ဘူး…”


ရှောင်ချန်း ထပ်ပေါင်းပြောလိုက်သည်။


“ဟုတ်တယ်…ခေါင်းဆောင်ပြောတယ်လေ…အနက်ရောင်မျှော်စင်ဂိမ်းမှာ တရားမျှတမှုကအရေးအကြီးဆုံးဆို…ကစားသမား နှစ်ယောက်က ကစားသမား၂၁ယောက်ကို ရင်ဆိုင်ဖို့ မဖြစ်နိုင်ဘူး…အနက်ရောင်မျှော်စင်က ဒီလူနှစ်ယောက်က ၂၁ယောက်နဲ့ ရင်ဆိုင်နိုင်မယ်လို့ မတွေးရင် မဖြစ်နိုင်ဘူး…သူတို့က ဒုတိယထပ်ကို ရှင်းလင်းပြီးတဲ့ကစားသမားတွေဆိုရင်တောင် မဖြစ်နိုင်ဘူး…ပထမထပ်နဲ့ဒုတိယထပ်ကြား ကွာခြားချက်က အရမ်းကြီးတာမှ မဟုတ်တာ…”


လင်းရီ ခေါင်းငြိမ့်လိုက်သည်။


“ငါ ဒီအတိုင်း တွေးလိုက်မိတာ…”


လောင်လီရယ်မောလိုက်သည်။


“ဒါက မိန်းမတစ်ယောက်ရဲ့ဆဌမအာရုံလား…မင်း အဲ့ဒါကို မပြောရင်တောင် အဖွဲ့ထဲမှာ မိန်းကလေးတစ်ယောက်ရှိတာ ကောင်းပြီးသားပါ ‌ဟီးဟီး…ဟေးဟေး…”


ဆံပင်တိုအမျိုးသမီး အခန်းထဲမှ အေးစက်စွာ ထွက်သွားလိုက်ပြီး ဆပ်ကပ်အဖွဲ့ထံ ဦးတည်သွားလိုက်သည်။


*****


ငှက်ပျောသီးအရက်ဆိုင်ရှိ သီးသန့်အခန်းထဲ၌…


ကျဉ်း‌မြောင်းပြီးမှိန်ဖျသည့်အခန်းထဲ၌ သိပ်သည်းသည့်သွေးနံ့များ ‌ထွက်နေလေသည်။ အရက်ဆိုင်တစ်ဆိုင်လုံး ထိုနံ့မျိုး ထွက်နေခြင်းဖြစ်သည်။ ကောင်းကင်ကြီးက မည်းမှောင်လာသည်နှင့် မရေမတွက်နိုင်သည့်မြေအောက်နိုင်ငံသားများက စပိုင်စီဘနားနားဝိုင်ကို သောက်ရန် လာကြလေသည်။ အရက်ဆိုင်တစ်ဆိုင်လုံးတွင် ယောကျာ်းသားများ၏ချွေးနံ့များနှင့်အတူ ခြေဖဝါးအနံ့များ ရောထွေး‌ပြည့်နှက်နေသည်။


အခန်းထဲတွင်  ကတုံးပြောင်နှင့်ယောကျာ်းတစ်ယောက်  ဘနားနားဝိုင်တစ်စည်ကိုသောက်နေလေသည်။ သူ သောက်ပြီးသွားသောအခါ လက်ခလယ်တွင် လက်စွပ်၀တ်ထားသည့်  လက်ပြတ်တစ်ဖက်ပေါ်လာ၏။ ကတုံးနှင့်လူ လက်စွပ်‌ဆွဲချွတ်လိုက်သည်။ ထိုစဉ် သူ့ဘေးနားမှ လှပသည့်လူငယ်က စူးစမ်းစွာ ပြောလာ၏။


“ဘနားနားအရက်‌ဆိုင်က ဒါကို တကယ် ဂရုမစိုက်ဘူးပဲ…”


ကတုံးနှင့်လူ လူငယ်ကို အဝေးသို့ တွန်းလိုက်သည်။


“သွားစမ်း…ငါ သောက်နေတယ်…မြေအောက်လူတွေက ဒါကို သောက်နိုင်တာ မသိဘူးလား…”


လူငယ် အံကြိတ်လိုက်သည်။


“ကျွန်တော် လူသတ်ပြီးတာတောင်မှ မသောက်ရသေးဘူးလား…”


ကတုံးနှင့်လူ လူငယ်ကို လျစ်လျူရှုလိုက်သည်။


သီးသန့်ခန်းထဲတွင် လူလေးယောက်ထိုင်နေလေသည်။ လူငယ်မှလွဲ၍ ကျန်သုံးယောက်မှာ ဘနားနားဝိုင်မှာယူထားကြသည်။ အမျိုးသမီးငယ်က ဖန်ခွက်ကို မော့၍ အရသာ မြည်းစမ်းလိုက်ကာ ဘေးသို့ ချလိုက်သည်။ သူ မေးလိုက်၏။


“ကျွန်မတို့ ဒီနေ့ မစ္စတာBနောက် မလိုက်တာ တကယ်အဆင်ပြေရဲ့လား…သူက မွန်းစတားကို ဖုံးကွယ်ထားပြီး နောက်ဆုံးနေ့မှ ဆပ်ကပ်ရုံကို ပို့ရင် အောင်မြင်နိုင်ချေ အရမ်းနည်းသွားမှာပေါ့…”


“ငါတို့ မလိုက်ပေမဲ့ တခြားလေးဖွဲ့ရှိသေးတယ်လေ…”


ကတုံးနှင့်လူသည် မြေအောက်နိုင်ငံသားများ၏အခြေခံသဘောသဘာ၀များကို သင်ယူကာ လက်ကို စားရန် ကြိုးစားလိုက်သည်။ သို့သော်လည်း သူ တစ်ကိုက်သာ ကိုက်လိုက်ပြီး ဘေးသို့ ဖယ်ထားလိုက်လေသည်။ သူ ထိုလိုဟာမျိုးကို မစားနိုင်ပေ။ သွေးဝိုင်ကိုသာ သောက်နိုင်လေသည်။ 


“သူတို့က မစ္စတာBနောက် နောက်‌ယောင်ခံလိုက်သွားပြီး သူတို့ကို သတ်လိမ့်မယ်…ဒါဆို ငါတို့ မစ္စတာBဘယ်မှာရှိမှန်း မသိလာဘူးလား…”


လှပသည့်ဆယ်ကျော်သက်က ထိုစကားများကို လက်ခုပ်တီးကာ တုံ့ပြန်လိုက်သည်။


“ဒါဆို ကျွန်တော်တို့ မနက်ဖြန် ဘယ်သူကို သွားသတ်မှာလဲ…ကျွန်တော် အရူးသုံးကောင်အပေါ် ပိုးကောင်တွေ ထားခဲ့တယ်…”


“ကျပန်းရွေးကြတာပေါ့…မင်း ဘယ်သူကို သတ်ချင်လဲ…”


အမျိုးသမီးငယ်က လက်ပိုက်ကာ ရှေ့မှလူသုံးယောက်ကို အေးစက်စွာ ကြည့်လိုက်သည်။


“မစ္စတာBကို ရင်းနှီးနေသလို ခံစားရတယ်…သူ့ကို အရင်က တွေ့ဖူးသလိုပဲ…”


ကတုံးနှင့်လူ အမျိုးသမီးကို ကြည့်လိုက်သည်။


“ဘော့စ်ကို မြင်ဖူးတာလား…ဘယ်ဖြစ်စဉ်မှာ မြင်ဖူးတာလဲ…”


အမျိုးသမီး တစ်ခဏခန့် တွေးလိုက်သည်။


“မမှတ်မိဘူး…ကျွန်မ ဖြစ်စဉ်တွေအများကြီး ပါ၀င်ဖူးတယ်…”


တစ်ခါမှ ၀င်မပြောဖူးသည့်သက်လတ်ပိုင်းလူ ၀င်ပြောလိုက်သည်။


“မစ္စတာBက မျက်နှာတစ်၀က်ဖုံးထားတယ်…သူ့ကြည့်ရတာ လူချောပဲ…ဟေး သူ့မှာ မျက်နှာဖြူဖြူလေးရှိတယ်…အဲ့လိုမျက်နှာလေး မြင်ဖူးရင် မမှတ်မိသင့်ဘူးလား…”


အမျိုးသမီးငယ် ဒေါသတကြီး အော်ပြောလိုက်သည်။


“လစ်…”


ကတုံးနှင့်လူ ကြားမှ ဖြန်ဖြေ‌ပေးလိုက်၏။


“အိုကေ…မြေအောက်နိုင်ငံသားတွေက လူသားတွေနဲ့ ဘာမှမကွာခြားဘူး…ဒီလိုမျက်နှာဖြူလေးက တရုတ်နိုင်ငံက  တစ်ယောက်ယောက်နဲ့တူတယ်…သူ့ကို ဘယ်လိုခေါ်တယ်…နာမည်ကြီးတဲ့သူလေ…ငါ့ရည်းစားဟောင်းက သူ့ကို သဘောကျတယ်…”


ဆယ်ကျော်သက်လေး အန္တရာယ်ရှိစွာ ပြုံးလိုက်သည်။


“ကျွန်တော် သူ့ကို သတ်ချင်တယ်…သူ့မျက်လုံးကို ထုတ်ချင်တယ်…သူ့ရုပ်ရည်ကို ဖြည်းဖြည်းချင်း ဖျက်ဆီးပစ်ချင်တယ်…”


အမျိုးသမီးငယ်က ထိုလူများကို အေးစက်စွာ ကြည့်လိုက်ကာ ငှက်ပျောသီးအရက်ဆိုင်ထဲမှ ထွက်သွားလိုက်သည်။


အလားတူဖြစ်ရပ်မျိုး နေရာတော်‌တော်များများတွင် ဖြစ်ပွားနေလေသည်။


အချို့အဖွဲ့များတွင် သုံးယောက်ရှိပြီး အချို့အဖွဲ့များတွင် လေးယောက်ရှိသည်။ သူတို့အားလုံး နောက်နေ့အတွက် အစီအစဉ်များကို တိုင်ပင်ဆွေးနွေးနေကြသည်။


အလျင်လူသားစွမ်းရည်က အလွန်ကောင်းပေသည်။ ထန်မော့ နောက်ယောင်ခံလိုက်ခြင်းမှ ရှောင်ထွက်နိုင်ခဲ့ပြီး ဖူဝမ်သော်နှင့်အတူ ကစားသမားနှစ်ယောက်ကိုလည်း ဖမ်းမိခဲ့သည်။ ပထမဆုံးနေ့တွင် သူတို့ တီကောင်ကြီးကို အောင်မြင်စွာ ဝှက်ထားနိုင်ခဲ့ရာ ကစားသမား၂၁ယောက် အံ့အားသင့်သွားကြလေသည်။ 


သူတို့၏ရုပ်ပိုင်းဆိုင်ရာတိုးတက်မှုကြောင့် အိပ်ရန် မလိုပေ။ ဖူ၀မ်သော်က လှောင်အိမ်ဘေးရှိ မြေပြင်ပေါ်တွင် ထိုင်ကာ ဘာတွေးနေမှန်းမသိပေ။ 


ဖူ၀မ်သော် အချိန်အတော်ကြာ မလှုပ်မရှားဖြစ်နေသည့်အတွက် ထန်မော့က ထိုသူ သံခမောက်ထဲတွင် အိပ်ပျော်နေသည်ဟု ထင်လိုက်လေသည်။


ထို့ကြောင့် သူ လှောင်အိမ်ဆီသို့ ညင်သာစွာ လျှောက်သွားလိုက်ပြီး တီကောင်ကြီးကို ငုံ့ကြည့်လိုက်သည်။


လှောင်အိမ်ထဲရှိ တီကောင်ကြီး၏လှုပ်ရှားမှုများ ရပ်တန့်သွားသည်။ အလွန်ရုပ်ဆိုးသည့်ခေါင်းကြီးက ထန်မော့ကို စိုက်ကြည့်ကာ သူမည်သူဖြစ်ကြောင်း မှတ်မိရန် ကြိုးစားနေလေသည်။


ထန်မော့ ငြိမ်သက်စွာ ရပ်နေကာ တီကောင်ကြီးကို ကြည့်ခွင့်ပေးထားလိုက်သည်။ အချိန်အတော်ကြာ စိုက်ကြည့်ပြီးနောက် တီကောင်ကြီးက စတီး‌သံချောင်းများကြား ခေါင်းပွတ်သပ်လာလေသည်။ သူကြည့်ရသည်မှာ ထန်မော့ကို ထိချင်ပုံ ပေါ်၏။


သူ့ကို မှတ်မိပုံပေါ်သည့်အတွက် ထန်မော့လက်ဆန့်ကာ တီကောင်ကြီး၏ခေါင်းကို ထိလိုက်သည်။ သူက တီ‌ကောင်ကြီး၏မျက်ရည်တစ်စက်ရရန် ကြံစည်နေခြင်းပင်။ ထိုမျက်ရည်က ဒဏ်ရာကိုကုသပေးနိုင်သည့်ဂိမ်းကူပစ္စည်းဖြစ်လာနိုင်၏။ ထန်မော့‌ ကြံစည်တွေးတောနေစဉ် အခန်းထဲ၌ အသံတစ်သံ ထွက်ပေါ်လာလေသည်။


“ဒီမြေအောက်လူက ဘယ်သူလဲ…သူကြည့်ရတာ ရင်းနှီးနေသလိုပဲ…ဗိုက်‌ဆာတယ်…စားချင်တယ်…သူ့လက်ကြည့်ရတာ အရသာရှိမဲ့ပုံပဲ…”


ထန်မော့ : “…”


ထန်မော့ လက်ပြန်ရုတ်လိုက်သည်။


ထန်မော့ တီကောင်ကြီး၏မျက်လုံးများကို စိုက်ကြည့်လိုက်သည်။ သူ မျက်နှာဖုံးမ၀တ်ထားပေ။ နှစ်လသာရှိသေးသော်လည်း ဤတီကောင်က သူ့ကယ်တင်ရှင်ကို မမှတ်မိပေ။ ကယ်တင်ရှင်၏လက်ကိုစားရန်ပင် ကြိုးစားနေ၏။


ဤတစ်ကြိမ်တွင် ထန်မော့ တွန့်ဆုတ်မနေတော့ပေ။ သူ ဤတီကောင်ကို ရိုက်၍ မျက်ရည်တစ်စက်ထုတ်ယူရန် ကြိုးစားလိုက်သည်။


မျက်ရည်က ဒဏ်ရာတွေကို ကုစားနိုင်လား ကြည့်ကြတာပေါ့…


ထိုစဉ် သူ့ဘေးမှ ပျင်းရိရိရယ်သံတစ်သံထွက်ပေါ်လာသည်။ ထန်မော့ လှည့်ကြည့်လိုက်သည်။


“ခင်ဗျား အိပ်နေတာမဟုတ်ဘူးလား…”


သူရဲကောင်းက ခေါင်းမော့ကာ ထန်မော့ကို ကြည့်လာသည်။


“ခုနစ်ရက်လုံး အိပ်နိုင်မှာမဟုတ်ဘူး…”


သွယ်ဝိုက်သောအားဖြင့်ဆိုရလျှင် သူ ခုနစ်ရက်လုံး အိပ်မည်မဟုတ်ပေ။


ထန်မော့ ချောင်းဟန့်လိုက်သည်။


“အခု ဒီတီကောင်ကို ကျွန်တော်တို့ ဝှက်ထားပြီးပြီ…ကစားသမားတွေက ရှေ့လေးရက်လောက်တော့ ဆူဆူညံညံလုပ်ကြမှာမဟုတ်ဘူး…သူတို့က ကျွန်တော်တို့ကို မြေအောက်နိုင်ငံသားတွေလို့ ထင်နေကြတော့ ကျွန်တော်တို့ပိုင်နက်မှာ ကမူးရှူးထိုးလုပ်ကြမှာ မဟုတ်ဘူး…သူတို့ သတင်းအချက်အလက်တွေ ပိုရအောင် ကြိုးစားကြလိမ့်မယ်…နောက်ဆုံးရက်ကမှ ဂိမ်းကို ‌ဆုံးဖြတ်ပေမဲ့ ရက်အစစ်…ခုနစ်ရက်မြောက်နေ့ကြရင် ကျွန်တော်တို့ မွန်းစတားကို ဆပ်ကပ်အဖွဲ့ဆီ ပို့ပေးရလိမ့်မယ်…အဲ့အချိန်ကြရင် သူတို့ ကျွန်တော်တို့ရဲ့နေရာနဲ့အနေအထားကို သိသွားလိမ့်မယ်…”


ဖူ၀မ်သော် ခေါင်းငြိမ့်လိုက်သည်။


“မင်း အနားယူချင်လား…”


ထန်မော့ အချိန်အတော်ကြာ မအိပ်ကာ နေနိုင်ပေသည်။ သို့သော် ခုနစ်ရက်လုံး မအိပ်ရခြင်းက သူ့‌အပေါ် ဖိအားဖြစ်စေလေသည်။


“ကျွန်တော် ခဏလောက် အိပ်လိုက်ဦးမယ်…”


“ငါ စောင့်ကြည့်နေပေးမယ်…”


ထန်မော့ ဖူ၀မ်သော်၏ဘေးတွင် ထိုင်လိုက်ပြီး တိုင်ကျိုးကို မှီကာ မျက်လုံးမှိတ်အိပ်လိုက်သည်။ သူ အသင်းဖော်၏ဘေးတွင် နေရန်လိုလေသည်။ ထိုမှသာ ရုတ်တရက်တိုက်ခိုက်မှုကြုံရလျှင် အတူပူးပေါင်းလုပ်ဆောင်နိုင်ပေမည်။


ညအမှောင်ထဲတွင် လှောင်အိမ်ကို ရိုက်နေသည့် တီကောင်ကြီး တဖြည်းဖြည်းအိပ်ပျော်သွားလေသည်။ 


မူလက ဖူ၀မ်သော်ဘေးရှိ တိုင်ကိုမှီကာ အိပ်ပျော်သွားသည့်ထန်မော့၏ခေါင်းက ဖူ၀မ်သော်၏ချပ်၀တ်တန်ဆာပေါ် ကျလာလေသည်။ ဖူ၀မ်သော် ထိတ်လန့်သွား၏။ နောက်တစ်စက္ကန့်တွင် သူ တည်ငြိမ်စွာပင် ထန်မော့၏ခေါင်းကို ပြန်တွန်းလိုက်သည်။


ထန်မော့ :”...”


ဖူ၀မ်သော်၏ပခုံးပေါ် မတော်တဆ ပြုတ်ကျသွားသည့်အခါ ထန်မော့ နိုးသွားပြီဖြစ်သည်။ သူက အိပ်ရေး၀သွားပြီဖြစ်သည့်အတွက် ဆက်မအိပ်ချင်တော့ပေ။ သို့သော် ဖူ၀မ်သော်က သူ့ခေါင်းကို တွန်းထုတ်လိုက်သည့်အတွက် ထန်မော့ ယခုလိုအချိန်တွင် နိုးလာရန် ရှက်ရွံ့လေသည်။


ထို့ကြောင့် သူ တိုင်ကို မှီကာ ဆက်အိပ်လိုက်၏။


ညဉ့်အချိန်ကုန်လွန်လာပြီး နေမင်းကြီး ကမ္ဘာမြေကြီးပေါ် ပြန်လည်ထွက်ပေါ်လာလေသည်။ ထန်မော့ မျက်လုံးဖွင့်လိုက်ပြီး အနက်ရောင်ပိတ်စကိုယူကာ လှောင်အိမ်ပေါ် အုပ်လိုက်သည်။


တီကောင်ကြီး၏ဟောက်သံ ရပ်တန့်သွားလေသည်။ သူ တစ်ခဏခန့် တိတ်ဆိတ်နေပြီးနောက် အခြေအနေကို ပြန်သတိရသွားပြီး လှောင်အိမ်ကို ခေါင်းဖြင့်ရိုက်ကာ အော်ငိုတော့သည်။


“ဗိုက်အရမ်းဆာတယ်….မေမေ…”


သူ ထန်မော့၏လက်ကို မစားရသေးသလို သုံးရက်အတွင်းလည်း ဘာမှမစားရသေးသောကြောင့် ဗိုက်အရမ်းဆာနေလေသည်။


‌နောက်တစ်နေ့တွင် ထန်မော့နှင့်ဖူ၀မ်သော်တို့ ပတ်၀န်းကျင်ကို အနီးကပ်သေချာလှည့်ပတ်ကြည့်လိုက်ကြသည်။ သူတို့ မည်သည့်ကစားသမားကိုမှ ရှာမတွေ့ပေ။ ကစားသမားများက ဤစွန့်ပစ်အဆောက်အအုံကို မမြင်ကြရသကဲ့သို့ပင်ဖြစ်သည်။


ထန်မော့ ပြောလိုက်သည်။


“ပဏာမအစီအစဉ်အောင်မြင်တယ်…မတော်တဆတစ်ခုခု မဖြစ်သရွေ့ သူတို့‌ ဒီနေရာကို ရှာတွေ့မှာ မဟုတ်ဘူး…”


ဤနေရာက ထန်မော့ပျောက်ကွယ်သွားသည့်နေရာနှင့် အလွန်ဝေးကွာလေသည်။ မြေအောက်နိုင်ငံတစ်၀က်နီးပါး ဝေးကွာလေသည်။


“ဂိမ်းရဲ့အရေးအကြီးဆုံးအပိုင်းက ကစားသမား၂၁ယောက်ကို အနိုင်ယူဖို့ မဟုတ်ဘူး…တီကောင်ကြီးကို ဆပ်ကပ်အဖွဲ့ဆီ ပို့ပေးဖို့ပဲ….ဒီတီကောင်ကြီးကို ခြောက်ရက်အတွင်း ဆပ်ကပ်အဖွဲ့ဆီ ဘယ်လိုပို့ရမလဲ…”


အမှန်တွင် ထန်မော့ ကစားသမား၂၁ယောက်ကို တိုက်ရိုက်ရင်ဆိုင်ရန် ဘယ်တုန်းကမှ မရည်ရွယ်ခဲ့ပေ။ သူ ကစားသမား၁၉ယောက်(နှစ်ယောက်ဖမ်းမိပြီး)ကို ဖြတ်ကျော်နိုင်မည်ဟုတော့ ယုံကြည်ချက်ရှိလေသည်။ ကစားသမားတော်တော်များများကို ရင်ဆိုင်နိုင်ရန် အခွင့်အရေး ၁၀%ရှိပြီး ဖူ၀မ်သော်ကို ထည့်ပေါင်းမှ ၃၀%သာရှိလေသည်။


ထို့ကြောင့် သူ လိုချင်သည်က ဂိမ်းကို အနိုင်ရရှိရန်သာဖြစ်သည်။


ဂိမ်းက တစ်၀က်သာပြီး‌သေးပြီး ကျန်တစ်၀က်က နောက်ဆုံးခုနစ်‌ရက်မြောက်နေ့တွင်ဖြစ်သည်။


ထန်မော့ အကြံတစ်ခုထွက်လာသည်။


“ကျွန်တော် Sအမျိုးအစားဖြစ်စဉ်ကို ရှင်းရတုန်းက ဒီတီကောင်ရဲ့ ထူးခြားတဲ့လက္ခဏာတစ်ခုကို ရှာတွေ့ခဲ့တယ်…သူက တွင်းတူးတဲ့နေရာမှာ အရမ်းမြန်တယ်…ဒါကြောင့် ဒီခြောက်ရက် ကျွန်တော်တို့…”


ကလေးအသံတစ်သံက ထန်မော့၏စကားကို နှောင့်ယှက်လိုက်သည်။


“တင်းတောင်….မြေအောက်နိုင်ငံရဲ့အစွမ်းထက်ဆုံးစုံထောက်တွေဖြစ်တဲ့ မစ္စတာAနဲ့ မစ္စတာBက သူခိုးတွေကို ကစားနေပါတယ်…ကစားသမား၂၁ယောက်က မစ္စတာAနဲ့မစ္စတာBကို ရှာမတွေ့လို့ နာကြည်းနေကြတယ်…’စုံထောက်ရဲ့အထင်သေးမှု’သက်ရောက်မှုကို စတင်လိုက်ပါပြီ…”


“‘စုံထောက်ရဲ့အထင်သေးမှု'က သုံးရက်တစ်ကြိမ်မွန်းတည့်ချိန်တိုင်း စတင်မှာဖြစ်ပါတယ်…ကစားသမား၂၁ယောက်က မွန်းစတားရဲ့လက်ရှိတည်နေရာကို သိရှိနိုင်ပါတယ်…”


“တင်းတောင်…ကမ္ဘာမြေမှလူငယ်များ မစ္စတာAနဲ့မစ္စတာBကို ရဲရင့်စွာ အနိုင်ယူပြီး သနားစရာမွန်းစတားကို ကူညီကယ်တင်ပေးကြပါ…”


ဖူ၀မ်‌‌သော်: “…”


ထန်မော့ : “…”


🪩