Chapter 119
Viewers 33k

🌍Chapter 119




အနက်ရောင်မျှော်စင်၏ရှင်းပြချက်ပြီး‌နောက် ထန်မော့နှင့်ဖူ၀မ်သော်တို့ နန်ဖူတံတားတွင် မရှိတော့ချေ။ နှစ်ယောက်သား သူတို့၏ အခြေအနေကို နားလည်သွားသည့်အတွက် အထိတ်တလန့်ဖြစ်‌မနေ‌‌တော့ဘဲ ပတ်၀န်းကျင်ကိုသာ စတင်စောင့်ကြည့်လိုက်သည်။


ထန်မော့နှင့် ဖူ၀မ်သော်တို့ လမ်းကြိုလမ်းကြား နှစ်ဖက်ကို ကြည့်လိုက်ကြသည်။ ကျဉ်းမြောင်းမှောင်မိုက်သည့်လမ်းကြားက လူတစ်ဦးတည်းသာ လွတ်လွတ်လပ်လပ် ၀င်ထွက်သွားလာ၍ ရပေသည်။ ထန်မော့ လမ်းကြားအဆုံးသို့ သွားကြည့်လိုက်ပြီး ပြန်လာပြောလိုက်သည်။


“လမ်းအဆုံးမှာ မြစ်အသေးလေးတစ်စင်းရှိတယ်…ကျွန်တော် အဲ့မှာ ဘယ်သူကိုမှ မမြင်ခဲ့ဘူး…”


“လမ်းရှိတယ်…”


ထန်မော့ မျက်လုံးများ တောက်ပသွားသည်။


“လူတော်တော်နည်းတယ်…သုံးလေးယောက်လောက်ပဲ ဖြတ်သွားတာ…သူတို့က ကစားသမားတွေလို ၀တ်စားထားကြတာတော့ မဟုတ်ဘူး…သူတို့က မြေအောက်မြို့တော်သားတွေနဲ့ ပိုတူတယ်…”


ဖူ၀မ်သော် ခေါင်းမော့လိုက်ပြီး ထန်မော့ခေါင်းပေါ်မှ အင်္ဂလိပ်စာတန်းကို ကြည့်လိုက်သည်။


“ကြည့်ရတာ ဒီစာတန်းကို မဖယ်နိုင်ဘူးတဲ့တူတယ်…”


ပြောပြီးနောက် သူ ထန်မော့ခေါင်းပေါ်မှ “မစ္စတာB”ကို ထိလိုက်သည်။ သို့သော်လည်း ကံ‌မကောင်းစွာဖြင့် လက်က စာတန်းကို ဖြတ်သွားပြီး စာကို မထိနိုင်ပေ။


ထန်မော့ ပြောလိုက်သည်။


“ခင်ဗျားကြားတယ်မလား…ခင်ဗျားနဲ့ကျွန်တော်ကို ဆန့်ကျင်မဲ့ အနက်ရောင်မျှော်စင် ပထမထပ်ရှင်းလင်းပြီးတဲ့ ကစားသမား ၂၁ယောက်…”


ဖူ၀မ်သော် ခေါင်းငြိမ့်လိုက်သည်။


“ကြားတယ်…”


ထန်မော့ ဖူ၀မ်သော်အား ယုံကြည်ချက်ရှိရှိ ကြည့်လိုက်သည်။


“အနက်ရောင်မျှော်စက်ပထမထပ်ကို ရှင်းလင်းပြီးခဲ့တဲ့ ကစားသမား ၂၁ယောက်…အရင်လက အနက်ရောင်မျှော်စင် ခရစ်စမတ်eveဖြစ်စဉ်ကို ဖွင့်လှစ်ခဲ့ပြီး ကစားသမားတော်တော်များများ မျှော်စင်ကို တိုက်ခိုက်ဖို့ ဖိအားပေးခံခဲ့ရတယ်…ကျွန်တော့်အထင်အနည်းဆုံး ကစားသမား ၁၀၀၀လောက်အနက်ရောင်မျှော်စင်ကို ရှင်းလင်းပြီးလောက်တယ်…ချန်ရှန်းရှန်းလည်း ဒီလိုပဲ…ချန်ရှန်းရှန်းက တိုက်ခိုက်ရေးအဖွဲ့၀င်တစ်‌ယောက်ပဲ…ရှန်ဟိုင်းမှာရှိတဲ့ ကစားသမား၂၁ယောက် ဒီဖြစ်စဉ်မှာ ပါ၀င်လာတယ်ဆိုတာ အံ့ဩစရာတော့ မရှိဘူး…”


ဖူ၀မ်သော် ပြောလိုက်သည်။


“ကစားသမားတွေက အဆင့်တူပေမဲ့ လယ်ဗယ်မတူဘူး…”


ထန်မော့ ခေါင်းငြိမ့်လိုက်သည်။


 â€œá€Ÿá€Żá€á€şá€á€šá€şâ€Śá€€á€ťá€˝á€”်တ္ဏ် ‌ဒုတိယထပ်မှာရှိတုန်း လူနှစ်ယောက်နဲ့တွေ့ခဲ့တယ်…ခင်ဗျား၀မ်းကွဲနဲ့ ပိုင်ရို့‌ယောင်ပဲ…အရိုးသားဆုံး ပြောရရင် ခင်ဗျား၀မ်းကွဲက တကယ်ဉာဏ်ကောင်းပေမဲ့ သူ့ရဲ့ခွန်အားက ထူးချွန်နေတာမျိုး မဟုတ်ဘူး…အနက်ရောင်မျှော်စင် ပထမထပ်ကစားသမားတွေကြားမှာ သူကအလယ်အဆင့်ပဲဖြစ်မယ်…ဒါပေမဲ့ ပိုင်ရို့ယောင်က မတူဘူး…သူက အနက်ရောင်မျှော်စင်ပထမထပ်ကစားသမားဖြစ်ပေမဲ့ သူ့မှာ ဒုတိယထပ်ကစားသမားလို ခွန်အားရှိတယ်…ဒါပေမဲ့ သူက မျှော်စင်ကို မတိုက်ခိုက်ဘူး…”


မျှော်စင်ကို မတိုက်ခိုက်ရသည့်အကြောင်းရင်းမျိုးစုံ ရှိလေသည်။ အမှန်တွင် ကစားသမားအများစုမှာ မျှော်စင်ကို မတိုက်ခိုက်ချင်ကြပေ။ ထန်မော့ပင်လျှင် မျှော်စင်ကို မတိုက်ခိုက်မိရန်အတွက် စည်းမျည်းများကို လိုက်နာခဲ့သည်။ ဖြစ်ရပ်တိုင်းက အနက်ရောင်မျှော်စင် သူ့ကို ဖိအားပေး၍သာ ဖြစ်ပျက်ခဲ့ခြင်းဖြစ်လေသည်။ 


မာရီယို၏မိုနိုပိုလီဂိမ်းကြောင့် သူက အနက်ရောင်မျှော်စင်ကို တိုက်ခိုက်ရန် ဖိအားပေးခံရပြီး အနက်ရောင်မျှော်စင်က သူ့ကို သတိပြုမိခဲ့သည်။  နောက်ပိုင်း သံဖိနပ်ချုပ်သမားဂိမ်းကြောင့်လည်း အနက်ရောင် မျှော်စင် သူ့ကို ထပ်မံသတိပြုမိသွားပြန်သည်။ ထို့အတွက်ကြောင့် အနက်ရောင်မျှော်စင်ကသူ့ကို ဒုတိယထပ်တိုက်ခိုက်ရေးဂိမ်းတွင် ပါ၀င်ရန် ဖိအားပေးခဲ့သည်။ ပိုင်ရို့ယောင်က အစွမ်းထက်သော်လည်း သူက တိုက်ခိုက်ရေးသမား မဟုတ်ပေ။ သို့သော် ယင်းကား မဖြစ်နိုင်ခြင်းတော့ မဟုတ်ပေ။


သူ ဂိမ်းတွင် မပါ၀င်သရွေ့ မျှော်စင်က သူ့ကို သတိပြုမိမည်မဟုတ်ပေ။ ထို့ကြောင့် မျှော်စင်၏ဖိအားပေးခြင်း ခံရမည်မဟုတ်ပေ။


ထန်မော့ အနက်ရောင်မျှော်စင်ပထမထပ် ရှင်းလင်းပြီးသောကစားသမားများကို မကြောက်သော်လည်း ပိုင်ရို့ယောင်ကဲ့သို့လက်ရှိရောက်နေသည့်အထပ်ထက် သန်မာသူအား စိုးရိမ်မိသည်။


“ကစားသမား ၂၁ယောက်ရှိတယ်…တကယ်လို့ သူတို့အားလုံးက သာမာန်အဆင့်တွေဆိုရင်တောင် ကျွန်တော်တို့နိုင်ဖို့ အခွင့်အရေးနည်းနေပြီ…တစ်ယောက် ဒါမှမဟုတ် နှစ်ယောက်လောက်ကသာ ပိုင်ရို့ယောင်လို လယ်ဗယ်ဖြစ်ခဲ့ရင်…”


ထန်မော့၏အမူအရာ တဖြည်းဖြည်း တောင့်တင်းသွား၏။


ဖူ၀မ်သော် ပြောလိုက်သည်။


“ဘုရင်ကြီးရဲ့ရွှေဒင်္ဂါးက နှစ်ပြားပဲရှိတယ်…”


ထန်မော့ အနည်းငယ် ကြောင်အသွားပြီး ဖူ၀မ်သော်ကို ကြည့်လိုက်သည်။


ဖူ၀မ်သော် သူ့ကိုသူ ညွှန်ပြလိုက်ကာ ထန်မော့ကို ညွှန်ပြလိုက်သည်။ 


“ကစားသမား ၂၁ယောက်၊ ဘုရင်ကြီးရဲ့ရွှေဒင်္ဂါးနှစ်ပြား…အသားနည်းတယ်…”


သူ့ကိုယ်သူ အသားနှင့် နှိုင်းခြင်းကြောင့် ထူးဆန်းသလိုခံစားလိုက်ရ၏။ သူ ဆက်ပြောလိုက်သည်။


''ထန်မော့ ကစားသမား၂၁ယောက်က အပေါင်းအဖော်တွေ မဟုတ်ဘူး…”


ဘုရင်ကြီး၏ရွှေဒင်္ဂါးနှစ်ပြားသာ ရှိသော်လည်း ကစားသမား ၂၁ယောက်ရှိသည်။ ပင်နိုကီယိုဂိမ်းတွင် ထန်မော့၏ရှစ်ယောက်အဖွဲ့က ဘုရင်ကြီး၏ရွှေဒင်္ဂါးတစ်ပြားအတွက် ယှဉ်ပြိုင်ခဲ့ရသည်။ မျှော်စင်တိုက်ခိုက်ရေးဂိမ်းတွင် သုံးယောက်တိုက်စဉ် တစ်ယောက်သေသွားရလေသည်။ ယခုမူဘုရင်ကြီး၏ရွှေဒင်္ဂါးရရန် လွယ်ကူသည့်ပုံပေါ်သည်။ သူတို့ ထန်မော့နှင့်ဖူ၀မ်သော်ကိုသာ သတ်ရန်လိုသည်။ 


ဒါပေမဲ့ အဲ့ဒီကစားသမားတွေ စည်းလုံးကြမှာလား…


ဘုရင်ကြီးရဲ့ရွှေဒင်္ဂါးနှစ်ပြားပဲရှိတယ်…


ထန်မော့ သဘောပေါက်သွားပြီး ပြုံးလိုက်သည်။


“ကျွန်တော်တို့က အပေါင်းအဖော်တွေလား…”


ဖူ၀မ်သော် ထန်မော့ကို တည်ငြိမ်စွာ ကြည့်လိုက်သည်။


ထန်မော့ မေးလိုက်၏။


“မစ္စတာAကို သတ်ရင် ဘုရင်ကြီးရဲ့ရွှေဒင်္ဂါးတစ်ပြားရမှာတဲ့…ဗိုလ်မှူးဖူ ကျွန်တော် ခင်ဗျားကို သတ်ရင် ဘုရင်ကြီးရဲ့ရွှေဒင်္ဂါးတစ်ပြားရမှာလား…”


ဖူ၀မ်သော် တည်ငြိမ်သောအမူအရာဖြင့်ပြန်တုံ့ပြန်လိုက်သည်။


“ငါ မစ္စတာBကို သတ်ရင်‌ရော ဘုရင်ကြီးရဲ့ရွှေဒင်္ဂါးရမှာလား…”


မှောင်မိုက်သည့်လမ်းကြားလေးထဲတွင် ထန်မော့နှင့် ဖူ၀မ်သော် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ အချိန်အတော်ကြာပြီးမှ ထန်‌မော့ အကြံပြုလိုက်သည်။


“၂ယောက်နဲ့ ၂၁ယောက်…ကျွန်တော်တို့ ဒါကို လုပ်သင့်သလား…”


ဖူ၀မ်သော်နှုတ်ခမ်း ကွေးညွှတ်သွား၏။


“လုပ်ကြတာပေါ့…”


သူတို့ အလွန်တရားမမျှတသည့်ဂိမ်းကို လက်ခံရန် ဆုံးဖြတ်ပြီးနောက် လမ်းကြားထဲမှ ထွက်လာလိုက်သည်။ သူတို့ ပထမဦးစွာ သူတို့ခေါင်းပေါ်ရှိ တောက်ပသည့်အင်္ဂလိပ်စာတန်းကို ဖုံးကွယ်ရန် နည်းလမ်းမျိုးစုံဖြင့် ကြိုးစားကြည့်သော်လည်း ကံမကောင်းစွာဖြင့် စာကို လက်ဖြင့်ရော၊ အ၀တ်ဖြင့်ပါဖုံးအုပ်၍ မရချေ။


နှစ်ယောက်သား ထိုကိစ္စကို တွန်းအားမပေးတော့ပေ။ သူတို့ ပတ်၀န်းကျင်ကို ဂရုတစိုက် စောင့်ကြည့်ကာ လမ်းကြားထဲမှ ထွက်လာလိုက်သည်။ 


လမ်းပေါ်တွင် လမ်းလျှောက်နေသည့်သူ အများကြီး မရှိပေ။ ထိုလူများက ထန်မော့နှင့်ဖူ၀မ်သော်ကို မကြည့်ပေ။ သူတို့  တောက်ပနေသည့်စာတန်းများကိုလည်း မြင်သည့်ပုံမပေါ်ပေ။ ထန်မော့ နှစ်မီတာခန့်ရှည်သည့်ယောကျာ်းတစ်ယောက်ထံ လျှောက်သွားလိုက်ပြီး ခေါင်းပေါ်မှ Bကို တမင်တကာ ပြလိုက်သည်။ ပျားရည်ဂျားကို ကိုင်ထားသည့် ထိုယောကျာ်းက ထန်မော့ကို ကြည့်လိုက်ပြီး ထန်မော့ကို ကွေ့ပတ်ရှောင်သွားလိုက်သည်။


ထန်မော့ အံ့ဩသွားသည်။


“သူတို့ ကျွန်တော်တို့ခေါင်းပေါ်က စာကို မမြင်ဘူးလား…”


ဖူ၀မ်သော် အချိန်ယူ အကဲခတ်ပြီး‌နောက်ပြောလိုက်သည်။


“သူတို့ မမြင်တဲ့ပုံပေါ်တယ်…ဒါပေမဲ့ ဒါက ကစားသမားတွေ မမြင်ရဘူးလို့ မဆိုလိုဘူး…”


ထန်မော့ ခေါင်းငြိမ့်လိုက်သည်။


“ဆန်းကြယ်တဲ့ဆပ်ကပ်ဆီ အရင်‌ဆုံး သွားရအောင်…ကျွန်တော်တို့မစ်ရှင်က ဒီခုနစ်ရက်အတွင်း ကစားသမားတွေ မွန်းစတားကို ခိုးသွားလို့မရအောင် လုပ်ဖို့ပဲ…ကျွန်တော်တို့  မွန်းစတားကို အရင်ရှာသင့်တယ်…”


ထန်မော့ ကျောပိုးအိတ်ထဲမှ ကြော်ငြာလက်ကမ်းစာစောင်ကို ထုတ်လိုက်၏။


ဖူ၀မ်သော် စူးစမ်းလိုက်သည်။ 


ထန်မော့ ရှင်းပြလိုက်သည်။ 


“ ကျွန်တော်ရထားတဲ့ ဆန်းကြယ်တဲ့ဆပ်ကပ်အကြောင်း ကြော်ငြာစာရွက်ပဲ…ဒီမှာ ဆန်းကြယ်တဲ့ဆပ်ကပ်ရဲ့မြေပုံပါတယ်…”


ထန်မော့ ကြော်ငြာစာရွက်၏ညာဘက်အောက်ထောင့်ရှိ လက်ဖြင့်ဆွဲထားသော မြေပုံကြမ်းကို ထောက်ပြလိုက်သည်။ လူနှစ်ယောက် လမ်းကို မှတ်လိုက်ကြပြီး မြေပုံအတိုင်း ဆပ်ကပ်အဖွဲ့ဆီ သွားလိုက်သည်။


ထန်‌မော့ မွန်းစတားချိုင့်ဝှမ်းထဲတွင် ရွှေကြွက်ဖမ်းဂိမ်းကစားစဉ်၌ မာရီယိုဦးထုပ်မှ ဤကြော်ငြာစာရွက်ကို ရရှိခဲ့သည်။ နံဟောင်သည့်ဦးထုပ်က ထန်‌မော့ကို ထူးဆန်းသည့်အမှိုက်မျိုးစုံပေးခဲ့လေသည်။ အသုံးမ၀င်သည့်ပစ္စည်းအချို့မှလွဲ၍ အခြားဂိမ်းကူပစ္စည်းများမှာ သူတို့ နောက်ပိုင်းဆော့ရမည့်ဇာတ်ရုပ်ဖြစ်ပုံပေါ်သောကြောင့် ထန်မော့ ထိန်းသိမ်းထားခဲ့သည်။


ဖူ၀မ်သော် မြေပုံကို လေးလေးနက်နက်ကြည့်လိုက်ပြီး ထန်မော့ခေါင်းကို ကြည့်လိုက်သည်။ သူ့ကြည့်ရသည်မှာ တစ်ခုခုမှန်းဆနေပုံပေါ်၏။ သို့သော် ကစားသမား၂၁ယောက်နှင့် ရင်ဆိုင်ရခြင်းအတွက်ဒေါသထွက်နေသည့် အဖော်လက်ထဲမှ သူ့ကိုယ်သူ ကာကွယ်ရန် သူ့မှန်းဆချက်ကို မပြောပြခဲ့ပေ။


မြေပုံအတိုင်းလိုက်ရင်း ထန်မော့နှင့်ဖူ၀မ်သော်တို့ ဆန်းကြယ်သည့်ဆပ်ကပ်ကို အောင်မြင်စွာ ရှာတွေ့ခဲ့ကြသည်။


ခမ်းနားမြင့်မားသည့် ဆပ်ကပ်ရှေ့ သူတို့ ရပ်လိုက်ကြသည်။


 á€‘န်မ္ဏအ မျှော်လင့်ထားသည်ထက် ကြီးမားသည့် အမိုးခုံးရွက်ဖျင်တဲကြီးက သူ့ကို အလွန်အံ့အားသင့်စေပြီး သူ့မျက်လုံးများကို ပြူးကျယ်လာစေသည်။ ထိုကြီးမားသည့်ရွက်ဖျင်တဲကြီးက ကောင်းကင်ကို ဖုံးအုပ်ထားပုံပေါ်၏။ ဆပ်ကပ်ရွက်ဖျင်တဲတိုင်းတွင် သုံးလေ့ရှိသည့်ရောင်စုံဖဲကြိုးများကို ရွက်ဖျင်တဲ ပတ်ပတ်လည်တွင် ချည်နှောင်ထားပြီး လေပြေညှင်းတိုက်ခတ်တိုင်း ဖဲကြိုးများ တဖျပ်ဖျပ် လှုပ်ခါ‌နေလေသည်။ ထိုဖဲကြိုးများက ကလေးများအားလုံး နှစ်သက်သဘောကျကြ‌သည့် တောက်ပသောအရောင်များဖြစ်သည်။


သို့သော်လည်း ရွက်ဖျင်တဲက ကြီးမားလွန်းသည့်အတွက် ရွက်ဖျင်တဲထက် အဆောက်အအုံကြီးနှင့် ပိုတူလေသည်။ မည်သူမဆို ထိုရွက်ဖျင်တဲနှင့် ယှဉ်ကြည့်ပါက သေးငယ်သည့်အင်းစက်လေးဖြစ်လာပေလိမ့်မည်။


ထန်မော့နှင့်ဖူ၀မ်သော်တို့ ဆပ်ကပ်ရှေ့ရပ်ကာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ သူတို့ စကားပြောရန် မလိုပေ။ ကြည့်လိုက်ရုံနှင့်တင် တစ်ယောက်ပြောချင်သည့်စကား တစ်ယောက်နားလည်ပေသည်။


'ခိုးဖွင့်ဖို့ အခွင့်အရေးရှာ…’


သူတို့ ထွက်မသွားရသေးမီ သူတို့နောက်မှ စူးရှသည့်အသံတစ်သံ ထွက်ပေါ်လာ၏။


“အို…နောက်ဆုံးတော့ မင်းတို့ရောက်လာကြပြီလား…”


ထန်မော့၏လက်က ချက်ချင်း ထီးလေးကို ဆုပ်ကိုင်လိုက်ပြီး ဖူ၀မ်သော်ကလည်း  ချက်ချင်း နောက်လှည့်ကြည့်လိုက်ရာ သူတို့ထံ ပြေးလာသည့် ဒဏ္ဍာရီလာ လူပုလေးကို တွေ့လိုက်ရသည်။ လူပုလေးက ထန်မော့နှင့်ဖူ၀မ်သော်ထံ ပြေးသွားလိုက်လေသည်။


သူက အရပ်တစ်မီတာထက် ပိုပုပြီး ထန်မော့၏ပေါင်လောက်သာရောက်၏။ အစိမ်းရောင်ဦးထုပ်နှင့်လူပုလေးက ထန်မော့နှင့်ဖူ၀မ်သော်ကို မော့ကြည့်လိုက်သည်။ သူ စကားပြောရန် ကြိုးစားလိုက်သော်လည်း မပြောနိုင်ခဲ့ပေ။


“ဟက်…ဟက်ချိုး…”


လူပုလေး၏နှာခေါင်းမှ ကြီးမားသည့် အစိမ်း‌‌ရောင်နှာရည်ပူပေါင်းကြီး ထွက်လာ၏။ သူက ထိုမနှစ်မြို့စရာနှာရည်ပူပေါင်းကြီးကို အသက်ပြင်းပြင်းရှုကာ ပြန်သွင်းလိုက်၏။


လူပုလေးက နှာခေါင်းကို သုတ်လိုက်ပြီး လက်ကို တင်ပါးပေါ် တင်လိုက်ကာ မကျေမနပ် ငြီးငြူလိုက်၏။


“မစ္စတာA၊ မစ္စတာB ငါတို့ မင်းတို့အပေါ် ငွေတွေသုံးခဲ့တယ်…ဘာလို့ မင်းတို့က အချိန်ဆွဲပြီး ဒီနေ့မှ ရောက်လာကြတာလဲ…”


ခေါင်းလောင်းနှင့်တူသည့် မျက်လုံးကြီးများဖြင့် သူတို့ကို ရက်စက်စွာ စိုက်ကြည့်ကာ ပြောလာ၏။


သူ့ကြည့်ရသည်မှာ အလွန်ရယ်စရာကောင်းပြီး ယခင်က နှာရည်ပူဖောင်းကြီးကလည်း ရွံ့စရာကောင်းသဖြင့် ထန်မော့ သူ့အကြည့်မှ မည်သည့်ခြိမ်းခြောက်မှုမှ မခံစားရပေ။


ထန်မော့ ခဏခန့် စဉ်းစားကြည့်လိုက်သည်။


“ခင်ဗျားက ကျွန်တော်တို့လာမှာ သိနေတာလား…”


လူပုလေး မြေကြီးပေါ်သို့ ခြေဆောင့်ချလိုက်၏။


“ငါ နှာချေ မြေအောက်မြို့တော်မှာ မသိတဲ့ကိစ္စမရှိဘူး…မင်းက မစ္စတာAမလား…”


သူ ဖူ၀မ်သော်ကို ညွှန်ပြလိုက်သည်။


ထို့နောက် ထန်မော့ကို ညွှန်ပြလိုက်၏။


“မင်းက မစ္စတာBမဟုတ်လား…”


သူ ဂုဏ်ယူစွာ ပြောလိုက်သည်။


“နှာချေကို ကန်းနေတယ်လို့ထင်နေတာလား…စာမဖတ်တတ်ဘူးလို့ ထင်နေတာလား…မင်းတို့ခေါင်းပေါ်မှာ ရေးထားတာတွေကို မဖတ်တတ်ဘူးလို့ ထင်နေတာလား…”


ဖူ၀မ်သော်မျက်လုံးများ ပြူးကျယ်သွားသည်။


သူ ဟန်ဆောင်၍ တည်ငြိမ်စွာ မေးလိုက်သည် 


“အို…ခင်ဗျား ကျွန်တော်တို့ခေါင်းပေါ်က စာကိုမြင်ရတာလား…”


နှာချေ ပြန်ဖြေလိုက်သည်။


“ဒါပေါ့…”


“ဒါပေမဲ့ တခြား လမ်းပေါ်ကလူတွေက စာကို မမြင်ရဘူး…”


နှာချေ ရုတ်တရက် ဒေါသထွက်လာ၏။


“အဲ့ငတုံးတွေကို ငါတို့ ဆန်းကြယ်တဲ့ဆပ်ကပ်အဖွဲ့သားတွေနဲ့ ယှဉ်လို့ရမလား…ငါတို့အားလုံး ပြည်သူ့အစာကို စားကြပြီး တရား၀င်အလုပ်တွေ လုပ်ကြတယ်…,မြေအောက်မြို့တော်တစ်ခုလုံးမှာ ငါတို့ဆပ်ကပ်၀န်ထမ်းတွေကသာ မင်းတို့ခေါင်းပေါ်က စာကို မြင်နိုင်တယ်…ဒါက လူတိုင်းမရနိုင်တဲ့ အထူးအခွင့်အရေးပဲ…”


ဖူ၀မ်သော် မေးလိုက်သည်။


“ခင်ဗျား‌တစ်ယောက်တည်း မြင်ရတာလား…”


“ရှိသေးတယ်…”


စကားရပ်သွား၏။ နှာချေ ခါးသီးစွာ ပြောလိုက်သည်။


“မွန်းစတားကို ခိုးချင်တဲ့လူတွေကလည်း မင်းတို့ခေါင်းပေါ်ကစာကို မြင်နိုင်တယ်…”


ထိုစကားက ထန်မော့နှင့်ဖူ၀မ်သော်၏မျက်လုံးများကို ကျဉ်းမြောင်းသွားစေသည်။ သူတို့ဦးနှောက်က လျင်မြန်စွာ အလုပ်လုပ်လိုက်သည်။


ထန်မော့ အဓိပ္ပာယ်မဲ့စွာ အချိန်ဖြုန်းမနေချင်တော့ပေ။


“မွန်းစတားက ဘယ်မှာလဲ…ကျွန်‌တော်တို့ကို ခေါ်သွားပေး…”


သူတို့ ကစားသမားများ မရောက်မီ မွန်းစတားကို ဦးစွာတွေ့ရန် လိုပေသည်။


နှာချေ ပြောလိုက်သည်။


“အာ…ဒီမှာ မရှိဘူး…”


“ဘာ…”


“ခေါင်းဆောင် မနေ့က အဲ့ဒါကို ဖမ်းမိပေမဲ့ မွန်းစတားကမ္ဘာကနေ အောင်အောင်မြင်မြင်ခိုးမထုတ်နိုင်ခဲ့ဘူး…ဒီနေ့မှာ ငါတို့ဆပ်ကပ်အဖွဲ့ဆီ လျှို့ဝှက်ပြီး ပို့ပေးမှာ…မစ္စတာAနဲ့မစ္စတာB မင်းတို့ မွန်းစတားကိုခေါ်ဖို့ သင်္ဘောဆိပ်ဆီ မြန်မြန်မသွားသင့်ဘူးလား…လူဆိုးတွေ မွန်းစတားကို ခိုးသွားမှဖြင့်…”


နှာချေ၏မျက်လုံးများက ကြောက်စရာ တစ်ခုခုတွေးမိသွားသကဲ့သို့ အထိတ်တလန့်ဖြစ်လာလေသည်။ 


“ခေါင်းဆောင် ငါတို့ကို သတ်လိမ့်မယ်…ခေါင်း‌ဆောင် ငါတို့အားလုံးကို သတ်လိမ့်မယ်…”


နှာချေ ထိတ်လန့်လာသဖြင့် ထန်မော့နှင့်ဖူ၀မ်သော်တို့၏ပေါင်ပတ်လည်တွင် သုံးကြိမ်တိတိ လှည့်ပတ်ပြေးလိုက်သည်။ 


ပြေးပြီးနောက် မော့ကြည့်လိုက်သောအခါ ထန်မော့နှင့်ဖူ၀မ်သော်က မူလနေရာတွင် ရှိနေဆဲဖြစ်ကြောင်း တွေ့လိုက်ရ၏။ သူ အံ့ဩတကြီး မေးလိုက်သည်။


“မင်းတို့ မွန်းစတားသွားခေါ်ဖို့ သင်္ဘောဆိပ်ဆီ မသွားသေးဘူးလား…”


ထန်မော့နှင့် ဖူ၀မ်သော်  သင်္ဘေဆိပ် မည်သည့်နေရာတွင် ရှိမှန်း မသိသဖြင့် သူတို့ခံစားချက်များ ဖုံးကွယ်၍ နှာချေကို တိတ်တဆိတ် ‌စောင့်ကြည့်လိုက်ကြသည်။


နှာချေ သူတို့၏အမူအရာကို မြင်သောအခါ သူ့အမူအရာ ပြောင်းလဲသွား၏။ သူ သူတို့ကို မွန်းစတားသွားခေါ်ရန် သ‌င်္ဘောဆိပ်သို့ သွားခိုင်းသော်လည်း ထိုနှစ်ယောက်က မလှုပ်ပေ။ နှာချေ နောက်ဆုံးတွင် သည်းမခံနိုင်တော့ပေ။ သူ မျက်နှာနီရဲလာပြီး အိတ်ကပ်ထဲမှ ကြေးနီဒင်္ဂါးငါးပြားကို ထုတ်လိုက်ကာစိတ်ဓာတ်ကျစွာ ပြောလိုက်သည်။


“မင်းတို့က စိတ်တိုစရာကောင်းတယ်…ပိုက်ဆံကြောင့်မလား…ရော့…ဒါ ခေါင်းဆောင် မင်းတို့ကို ပေးဖို့ ပေးထားတဲ့ငွေပဲ…မွန်းစတားကို မြန်မြန်သွားခေါ်တော့…လူဆိုးတွေကို ယူသွားခွင့် မပေးနဲ့…”


ထန်မော့ ကြေးနီဒင်္ဂါးအား ယူလိုက်သော်လည်း သူတို့ဆက်ရပ်နေဆဲဖြစ်သည်။


နှာချေ :”...”


တစ်မိနစ်ခန့်ကြာပြီးနောက် နှာချေ အော်ပြောလိုက်သည်။


“ကောင်းပြီ… မင်းတို့ကို ကြေးနီဒင်္ဂါးဆယ်ပြားပေးမယ်…ဒါ ခေါင်းဆောင် ငါ့ကို ပေးထားသမျှ အကုန်ပဲ…လူဆိုးတွေ မခိုးအောင် မွန်းစတားကို မြန်မြန် သွားခေါ်ကြတော့…”


နှာချေ လက်ကိုသုံး၍ ဖူ‌၀မ်သော်နှင့်ထန်မော့ကို အပြင်တွန်းထုတ်လိုက်သည်။။ ထို့နောက် ထန်မော့ ပြောသည့်စကားကိုပင် နားမထောင်တော့ဘဲ ဆပ်ကပ်ရွက်ဖျင်တဲဆီသို့ မြန်မြန် ပြေးသွားလေသည်။ သူ ထိတ်လန့်နေသည့် သူ့ရင်ဘတ်ကို ဖိလိုက်ကာ အိပ်ကပ်ထဲမှငွေဒင်္ဂါးတစ်ပြားကို ထုတ်လိုက်ပြီး စဉ်းလဲစွာ ပြုံးလိုက်သည်။


“ဟီးဟီး…,နှာချေအရမ်းဉာဏ်ကောင်းတယ်…ဒါကို ဝှက်ထားနိုင်ခဲ့တယ်…”


ပြန်း…


ရွက်ဖျင်တံခါး ပွင့်သွားသဖြင့် နှာချေ ကြောက်လန့်စွာ နောက်လှည့်ကြည့်လိုက်သည်။


ထန်မော့က အံ့ဩသည့်အမူအရာ ပြသနေပြီး ဖူ၀မ်သော်က သူ့နောက်တွင် ရပ်နေကာ လူပုလေးကို စိုက်ကြည့်နေသည်။ လက်ထဲတွင် ငွေဒင်္ဂါးကိုင်ထားသည့်နှာချေက ထန်မော့ ကို ကြောင်အမ်းစွာ ကြည့်လိုက်သည်။


ထန်မော့ ငွေဒင်္ဂါးပြားကို ကြည့်ကာ ပြောလိုက်၏။ 


“တကယ်တော့ ကျွန်တော် ခင်ဗျားကို မေးချင်နေတာ…သ‌င်္ဘောဆိပ်ဘယ်လိုသွားရမှာလဲ…”


နှာချေ :”...”


တစ်မိနစ်ကြာပြီးနောက် ထန်မော့ ငွေဒင်္ဂါးတစ်ပြားနှင့်ကြေးနီဆယ်ပြားကို ယူကာ နှာချေဆီမှ ထွက်လာပြီး သင်္ဘောဆိပ်ဆီသို့ ဦးတည်သွားလိုက်သည်။


ဖူ၀မ်သော် စူးစမ်းလိုက်သည်။


“ဘုရင်ကြီးရဲ့ရွှေဒင်္ဂါးက ငါတို့ကို ဂိမ်းထဲက ထွက်ခွင့်ပေးတယ်…ဒီ ငွေနဲ့ကြေးနီဒင်္ဂါးတွေမှာရော အထူးသက်ရောက်မှုရှိလောက်လား…”


ထန်မော့ ခေါင်းခါလိုက်သည်။


“ကျွန်တော် ဒီဒင်္ဂါးပြားတွေကို ယူတော့ အနက်ရောင်မျှော်စင်က ကျွန်‌တော့်ကိုဘာအရိပ်အမြွက်မှ မပေးခဲ့ဘူး…လောလောဆယ် ဒီဒင်္ဂါးတွေရဲ့ အထူးသက်ရောက်မှုကို မသိရသေးဘူး…သူတို့ကသာမာန်ဒင်္ဂါးတွေဖြစ်ဖို့များတယ်…အရင်ကဆန်တာပြောဖူးတယ်လေ…သူ့မှာ ဘုရင်ကြီးရဲ့ရွှေဒင်္ဂါးရှစ်ပြားပဲ ရှိတယ်လို့…အထူးဒင်္ဂါးတွေက ဒီလောက်သာမာန်ဖြစ်နေမှာမဟုတ်ဘူး…ကျွန်တော် ဒါတွေကို သာမာန်ဒင်္ဂါးတွေလို့ပဲထင်တယ်…”


ဖူ၀မ်သော် ခေါင်းငြိမ့်လိုက်သည်။


ထန်မော့ ထပ်ဖြည့်ပြောလိုက်၏။


“ကျွန်တော်အရင်က ဘွားဘွားဝံပုလွေဆီက ကြေးနီဒင်္ဂါးရဖူးတယ်…အဲ့မှာ အနက်ရောင်မျှော်စင်က ဒင်္ဂါးကို ဂိမ်းကူပစ္စည်းနဲ့လဲဖို့လှုံ့ဆော်ခဲ့တယ်…အနက်ရောင်မျှော်စင်ရဲ့မျက်လုံးထဲမှာ ကြေးနီဒင်္ဂါးတွေက ဂိမ်းကူပစ္စည်းထက် တန်ဖိုးနည်းတဲ့ပုံပဲ…”


ဖူ၀မ်သော် သော့ချက်ကို ဆွဲထုတ်လိုက်သည်။


“မင်း ဘွားဘွားဝံပုလွေနဲ့ရင်းနှီးလား…”


ထန်မော့က သံဖိနပ်ချုပ်သမားဂိမ်းတွင် ကြုံတွေ့ရသမျှကို မပြောပြခဲ့ဖူးပေ။


ထန်မော့ တွေးလိုက်သည်။


“နည်းနည်းရင်းနှီးတယ်…”


သူက ဘွားဘွားဝံပုလွေရဲ့ မြေးမလေးဆိုတော့လေ…


သူတို့နှစ်ယောက် ထိုအကြောင်းအရာကို ဆက်မတွေးကြတော့ပေ။


လမ်းတစ်၀က်တွင် ထန်မော့ ရပ်လိုက်ပြီး အပ်ချုပ်ဆိုင်ကို ကြည့်လိုက်သည်။


ထန်မော့ ပြောလိုက်သည်။


“အနက်ရောင်မျှော်စင်က တရားမျှတမှုဆိုတဲ့နိယာမကို ကျင့်သုံးနေတုန်းပဲ…ပြိုင်ဘက်က ၂၁ယောက်ရှိပြီး ကျွန်တော်တို့က ၂ယောက်တည်း…ဂိမ်းမစခင် အနက်ရောင်မျှော်စင်က ကျွန်တော်တို့နာမည်ကို ထုတ်ဖော်မပြောပြခဲ့ဘူး…မစ္စတာAနဲ့ မစ္စတာBလို့ပဲ ပြောခဲ့တယ်…”


ဖူ၀မ်သော် ထပ်ဖြည့်ပြောလိုက်သည်။


 â€œá€á€…်ခဝိန်တည်းမသဏပဲ သူတို့က ငါတို့က ကစားသမားတွေလား၊ မြေအောက်မြို့‌တော်မှာ နေထိုင်သူတွေလားဆိုတာ မသိကြဘူး…”


သူတို့ အချင်းချင်းကြည့်လိုက်ကြပြီး ဆိုင်ထဲသို့ ၀င်လိုက်သည်။


ဆယ်မိနစ်ကြာပြီးနောက် အရပ်ရှည်ကာ

ချောမောသည့်ကဗျာစာဆိုနှင့် ချပ်၀တ်တန်ဆာ၀တ် သူရဲကောင်းတို့ အပ်ချုပ်ဆိုင်ထဲမှ ထွက်လာကြသည်။ မီးခိုးရောင်မျက်နှာဖုံးက ထန်မော့၏ မျက်နှာအောက်ပိုင်းကို ဖုံးကွယ်ထားပြီး အေးစက်သည့်မျက်လုံးတစ်စုံကိုသာ ထုတ်ဖော်ပြထား၏။ သူက အဖြူရောင် ငှက်မွှေးများဖြင့် အနားသတ်ထားသည့် မီးခိုးရောင်ဦးထုပ်ကို ၀တ်ဆင်ထားကာ ဘွတ်ဖိနပ်ရှည်ကို ၀တ်ထားပြီး ခါးတွင် ပလွေတိုတစ်ခု ချိတ်ဆွဲထားလေသည်။ တစ်ချက်ကြည့်လိုက်လျှင်ပင် သူက ဒဏ္ဍာရီပုံပြင်ထဲမှ ကဗျာစာဆိုနှင့်တူပေသည်။


ထန်မော့  ဖူ၀မ်သော်ကို ကြည့်လိုက်သည်။


ဖူ၀မ်သော်က မြင့်မြတ်သည့်ချပ်၀တ်တန်ဆာဖြင့် အရပ်ရှည်ချောမောနေလေသည်။ ဖူ၀မ်သော်က ချပ်၀တ်တန်ဆာ၊ ခါးတွင် ချိတ်ဆွဲထားသော ဓားရှည်တို့ဖြင့် အမှန်ပင် အလယ်ခေတ်မှသူရဲကောင်းတစ်ဦးနှင့်‌ တူပေသည်။ သို့သော်လည်း သူ့မျက်နှာတစ်ခုလုံးကို ဖုံးအုပ်ထားသည့် ငွေရောင်ခမောက်ကြီး ၀တ်ထားသည့်အတွက် သူ့ကြည့်ရသည်မှာ အလွန်ထူးဆန်းပြီး ရယ်စရာကောင်း၏။


ထန်မော့က သူ့မျက်နှာဖုံးကြောင့် ကစားသမားများ သူ့မြင်လျှင်ပင် မှတ်မိမည်မဟုတ်ဟု တွေးထားသော်လည်း မမျှော်လင့်စွာဖြင့် ဖူ၀မ်သော်ကလည်း ထိုလှည့်ကွက်သုံးခဲ့လေသည်။


သူ အများနှင့်မတူ ထူးဆန်းသည့်သူရဲကောင်းကို ကြည့်ကာ ရုတ်တရက် လူရွှင်တော်တစ်ယောက်လိုပင် ခံစားလိုက်ရ၏။ 



🪩