Chapter 120 (End)
Viewers 19k

👻 Chapter 120

စာရေးသူ၏ ကောက်နုတ်ချက် :  á€Ąá€á€ťá€•်ပို - အိပ်မက်ချည်သူ



“ အဲ့ဒီမိန်းမက အရှက်မရှိလိုက်တာ....သူမလည်း အသစ်လို့ပဲ ကြားထားတယ်....တခြားသူဆီ ကိုယ့်ကိုယ်ကို အပြေးအလွှားပေးနေပြီ....ဟိုလူက တကယ် ချောတာနော်....သံသယဝင်စရာကို မလိုဘူး...သူ မျက်လုံးမကောင်းလို့ နေမှာ....'


" အရှုံးပေးလိုက်တော့....နင် မနာလိုနေတာလို့ပဲ ဝန်ခံလိုက်စမ်းပါ....ငါတို့မှာသာ သူလို ရုပ်ရည်မျိုး မရှိဘူးဆိုရင် နည်းနည်းပဲ ပြောကြတာပေါ့ဟယ်....လူတွေကို အပြစ်ရှာမနေနဲ့တော့...." 


“ ငါက အဲ့ဒီတစ်ယောက်ကို မနာလိုနေရမှာလား....ရယ်စရာကောင်းအောင် မပြောစမ်းပါနဲ့....ရုပ်ချောတာက ဗိုက်ဝလို့လား....အထူးသဖြင့် ဒီလိုနေရာမှာမျိုးမှာ သူမလို ပိန်ခြောက်ခြောက် လက်ခြေထောက်တွေနဲ့ သူများတွေလောက်တောင် ပြေးနိုင်ပါ့မလားပဲ.....ဘယ်သူ အရင်ဆုံး သေမလဲဆိုတာ ဘယ်သူသိမှာလဲ...."

 

“ နင်ပြောတာက မမှားပေမယ့် အခု သူမကို ကာကွယ်ပေးနေတဲ့ အကောင်ကြီးကြီး ရှိတယ်လေ....ဒါကြောင့် ကိုယ့်ကိုယ်ကို ဘယ်လိုကာကွယ်ရမလဲ ဆိုတာပဲ စဥ်းစားကြတာပေါ့...."


ကျေးလက်တောရွာထဲက တောလမ်းလေးတစ်ခုပေါ်၌ အသစ်လေးတစ်စုက အရွယ်အစားစုံ ငါးမျှားချိတ်များကိုင်ရင်း စကားတပြောပြောနှင့် ရေကန်ဆီ သွားနေကြသည်။


လူများ စိတ်ဝင်တစားပြောနေကြသည့်သူက ကျင်းထျန်းယိပုခုံးပေါ် ခေါင်းမှီပြီး အိပ်နေရင်း စကပ်လေးတစ်ဝဲဝဲနှင့် ကျောပြင်ကော့ကော့လေးက ပေါ်နေ၍ နေ့ခင်းပိုင်းအိပ်မက်မက်နေသည့်အတိုင်းပင်။


" ထတော့....မင်း ကိုယ့်အင်္ကျီတွေကို ဆွဲချနေပြီ...." ကျင်းထျန်းယိက မတတ်သာသလို ချူဟွိုက်၏ မျက်နှာကို ဆွဲယူလိုက်သည်။


" လာပြီးမနှောင့်ယှက်နဲ့...." ချူဟွိုက်က သူ၏ အနည်းငယ် ချွန်ထွက်နေသော မေးရိုးနှင့် ကျင်းထျန်းယိပုခုံးပေါ် ပွတ်လိုက်ဆွဲလိုက် လုပ်နေသည် " ငြိမ်ငြိမ်နေလို့ မရဘူးလား....ခင်ဗျားက တလှုပ်လှုပ်နဲ့...."


ကျင်းထျန်းယိ " မင်း....ကလိမ်ကကျစ်လေး..."


“တစ်နေ့လုံး မိန်းကလေးလို ဝတ်ထားရပြီးတော့ မစ်ရှင်မှာ ကစားပေးနေရတယ်...." 


ချူဟွိုက်က အိပ်ချင်နေသော မျက်လုံးများကို ပွတ်လိုက်ရင်း တိုးတိုးလေး ရေရွတ်လိုက်သည် " လေပြင်းတိုက်ခံရမှာ စိုးရိမ်မိတယ်....တိုက်သာတိုက်လာလို့ကတော့ ကျွန်တော့်ရဲ့....ဟိုဟာ ပေါ်သွားတော့မှာ....လုံးဝ မကောင်းဘူး...." 


ကျင်းထျန်းယိ "....."


ရေကန်ဆီ ရောက်သွားသည့်အချိန် လူစုက ငါးမျှားချိတ်တွင် ငါးစာတပ်ကာ နေရာချလိုက်ရင်း  မျက်လုံးများက ကြောက်ရွံ့မှု အထင်းသား ပေါ်နေကြသည်။


ဤမစ်ရှင်၏ နာမည်က "ငါးမျှားခြင်း" ဖြစ်၍ ရိုးရိုးလေးဖြစ်သော်လည်း သူတို့ ငါးမျှားရမည့်အရာက ရေသရဲများ ဖြစ်မှန်း ရှင်းရှင်းလင်းလင်း သိနေသည်။


မစ်ရှင်က နေ့လည်ပိုင်းတွင် အပြီးသတ်သွားပြီး ရေသရဲဖမ်းမိသူ၏ အကျိုးဆက်က ထင်ရှားနေသည်။


လူစုက ခေါင်းဆောင်ဖြစ်ဟန်တူသော မြစ်ကမ်းဘေးက ရုပ်ချောချော ကျင်းထျန်းယိကို ကြည့်နေကြသည်။


သို့သော်လည်း ကျင်းထျန်းယိက သူတို့ကို အာရုံမထားပဲ မျက်နှာနှစ်ဖက်နှင့် မိန်းမကို စကားပြောနေသလို တစ်ချက်တစ်ချက် ခေါင်းငုံ့သွားလေသည် " အခု ဘာအိပ်မက်မက်ခဲ့တာလဲ...."


လူစုက အလှလေးဆီမှ ပြုစားခံထားရသည့် ဤဆရာကြီးကို အားကိုး၍မရနိုင်တော့မှန်း နားလည်သွား၍ ခေါင်းယမ်းမိကြသည်။


စိတ်ပျက်ပြီး စိုးရိမ်သွားမှု....နောက်ပိုင်းနာရီတွေကို ဘယ်လိုမျိုး ကုန်ဆုံးရတော့မှာလဲ....


ချူဟွိုက်က လူစုနှင့် စကားပြောရန် ပျင်းလွန်း၍ နှုတ်ခမ်းတွန့်ပြီး ကျင်းထျန်းယိကို ပြောလိုက်သည်


 " တကယ်တော့....တော်တော်လေး ပျင်းစရာကောင်းတယ်....အောက်က ရေသရဲတွေက အရမ်း အထီးကျန်နေလို့ ငါးမျှားတံနောက် လိုက်ချင်ကြတာလေ...အနီရောင် ကြိုးစကို ကံကြမ္မာလို့ သတ်မှတ်ပြီး သူတို့နဲ့အတူ ရေထဲလိုက်နေပေးမယ့် အဖော်ကို ရှာနေကြတာ..."

 

“ ထပ်ပြီး မိန်းမအဝတ်အစား ဝတ်ရတာ မအံ့သြတော့ပါဘူး....ဒါက လိင်အမျိုးအစားနဲ့ ပတ်သက်နေတဲ့ နောက်ထပ်မစ်ရှင်တစ်ခုဆိုတော့...."


" အိပ်မက်ထဲမှာလေ ရုပ်ဆိုးပြီး တဏှာကြီးတဲ့ ရေသရဲအိုကြီးက ကျွန်တော့်လိင်အမျိုးအစားကို မမေးပဲ သူနဲ့အတူ မန်ဒရင်းဘဲတွေလို အတူတူပျံတက်ချင်လားလို့ ပြောနေတာ....."


“ ဟေး....ခင်ဗျား ဘယ်သွားမလို့လဲ...." ချူဟွိုက်က မတ်တပ်ရပ်ပြီး ရေကန်ဘက် သွားနေသည့် ကျင်းထျန်းယိကို အံ့သြသလို ကြည့်လိုက်မိသည်။


ကျင်းထျန်းယိက ပြီးပြည့်စုံသည့် အပြုံးတစ်ခု ပြလာသည် " ကိုယ် သူ့ကို သရဲတစ်ယောက်က ဘယ်လိုနေရမယ်ဆိုတာ သွားသင်ပေးမလို့လေ...." 

 

ချူဟွိုက်က သူ့ကို ပြန်ဆွဲထားလိုက်ရင်း စပ်ဖြဲဖြဲပြောလာသည်။


 " အလျင်မလိုပါနဲ့ဦး.....ပြီးအောင် ပြောပြမယ်....နောက်တော့ ကျွန်တော် အိပ်မက်ထဲမှာ သူ့ကို စကပ်လှန်ပြလိုက်တယ်လေ...." 


ကျင်းထျန်းယိ "....."


ချူဟွိုက်က သက်ပြင်းချလိုက်သည် " ဒါဆို လွတ်လမ်းက...." 

 

ကျင်းထျန်းယိက ခေါင်းညိမ့်ပြလာသည်။ 


" အင်း....."  


“ သူတို့ကို သွားပြောပြလိုက်ဦးမယ်...."


ချူဟွိုက်က မတ်တပ်ရပ်လိုက်ရင်း အလျင်စလိုပုံစံနှင့် လူတိုင်းကို ခေါ်လိုက်ပြီးနောက် စကားပြောရန် တွန့်ဆုတ်နေသလို ပုံစံနှင့် မျက်ခုံးမျက်လုံးတို့ ဟိုသည်ရွေ့လျားနေပြီး ခေါင်းငုံ့လိုက် မော့ကြည့်လိုက် လုပ်နေလိုက်သည်။

 

“ ဘာဖြစ်လို့လဲ....ချူကျောင်း...." 


ပြိုင်ပွဲဝင်ကောင်လေးတစ်ယောက်က သူမအမူအရာကြောင့် သူမတွင် ပြောရခက်သည့် လျှို့ဝှက်ချက်တစ်ချို့ ရှိနေ၍လား စိုးရိမ်ပြီး မေးလိုက်မိသည်။


ကျင်းထျန်းယိက လည်ချောင်းရှင်းလိုက်ပြီး မျက်နှာကို သုန်မှုန်ထားကာ ချူဟွိုက်လက်ကို တိတ်တိတ်လေး ဆွဲကိုင်လိုက်၏။

 

“ အရမ်းကြီး အရေးကြီးတာတော့ မဟုတ်ပါဘူး....ကျွန်မ....ကျွန်မ အိပ်မက်မက်ခဲ့ရုံလေးပါ...." ချူဟွိုက်က ရှက်ကိုးရှက်ကန်း ပြောလိုက်သည်။


"​ ကျစ်...."


ယောက်ျားသားများက စိတ်မရှည်ဖြစ်လာရသည်။ သူတို့ကတော့ အရေးကြီးတာများလားလို့ ထင်ခဲ့ပေမယ့် အခုတော့....ဘယ်သူက သူ့အိပ်မက်ကို နားထောင်ဖို့ အချိန်ရှိမှာလဲ....


" အခုလေးတင် ကျွန်မက အရမ်းကြောက်စရာကောင်းတဲ့ သရဲထီးတစ်ယောက်ကို မက်ခဲ့တာ....သူက ကျွန်မအလှမှာ နစ်မြောသွားပြီး လွတ်လမ်းတစ်ခု ပြောပြခဲ့တယ်..." 


“ အိပ်မက်မှန်း ငါတို့ သိသားပဲ..."


" ဆုံးအောင် ပြောပါရစေဦး...."


" သူက ပြောတယ်...ဒီရေကန်ထဲမှာ ရေသရဲနှစ်ယောက် ရှိတယ်တဲ့....တစ်ယောက်က အထီး တစ်ယောက်က အမ....သူက အထီးဖြစ်နေလို့ ဒီအခွင့်အရေးကို သုံးပြီး အဖော်ရှာချင်နေတာ...."


“ သူက ငါးမျှားချိတ်ကို ကြုံရာ ဆွဲကိုက်လိမ့်မယ်....ငါးမျှားချိတ်ပိုင်ရှင်က မိန်းကလေးဖြစ်နေရင် ရေထဲကို ဆွဲချတော့မှာ....သူက ကျွန်မကို ရွေးမိသွားခဲ့တယ်....သရဲမကလည်း ယောက်ျားလေးအဖော် ရှာချင်တာတဲ့...." 


လူတိုင်းက အံ့သြသွားကြသည်။ 


" ဒါကြောင့် ကျွန်မ ထင်တာက...." ချူဟွိုက်က စကားစရပ်လိုက်ရင်း သံသယဝင်သည့်အကြည့်များကို တွေ့လိုက်၍ ကြောက်ချင်ယောင်ဆောင်လိုက်ပြီး မျက်လွှာချလျက် ပြောလာသည် 


" အဲ့လိုမျိုး မကြည့်ကြပါနဲ့....ကျွန်မက အိပ်မက်မက်ခဲ့ရုံလေးပါ....အစစ်ဟုတ်မဟုတ်တော့ မသိဘူး...." 

 

“ ဟန်ဆောင်နေတယ်...." အသစ်ထဲမှ မိန်းမလှလေးတစ်ယောက်က ခနဲ့လိုက်သည်။


ချူဟွိုက်က ဆက်ပြောလာသည် " သူပြောတာသာ အမှန်ဆိုရင် လွတ်လမ်းကတော့ ရှိနေပြီ....သရဲထီးက ယောကျ်ားလေးရဲ့ ငါးမျှားချိတ်ကို ကိုက်ပြီး ရေသရဲမက မိန်းကလေးရဲ့ ငါးမျှားချိတ်ကို ကိုက်မိမယ်ဆိုရင် အဆင်ပြေသွားပြီ...."


သူမကို ကြည့်နေကြသည့်သူများ၏ မျက်လုံးများက ပို၍ပင် ထူးဆန်းလာသည်။


ချူဟွိုက်က စေ့စေ့အကြည့်ခံရမှာ ကြောက်သွားဟန် သူမနောက်ကလူ၏ ရင်ခွင်ထဲ နာနာခံခံလေး ဝင်သွားရင်း ပြုံးပြလာသည်။

 

နာရီအနည်းငယ်ကြာပြီးနောက် အသက်ရှင်သွားကြသူများ၏ မျက်လုံးအကြည့်များက ချူဟွိုက်ကို ကျေးဇူးတင်ကြောင်း ပြလာကြရင်း တက်တက်ကြွကြွ ဖြစ်လာကြသည်။ သူ့ကို အလိုမရှိသော အမျိုးသမီးအချို့ကပင် သူ့နားလာပြီး မျက်နှာချိုသွေးလာသည်။


" ကျွန်မ တကယ်ပဲ အိပ်မက်မက်ခဲ့ရုံလေးပါ....ဘာမှ မသိပါဘူး...." ချူဟွိုက်က ခေါင်းလေးငုံ့ပြီး ပြောလာသည်။


အမျိုးသမီးများက အချင်းချင်း ကြည့်လိုက်ကြပြီး အတွေးကိုယ်စီနှင့် နားလည်သွားကြသည်။ မရိုးသားတဲ့ စကားလုံးတွေ....


" ဘယ်လိုတောင် ကံကောင်းသွားတာပါလိမ့်...." တစ်ယောက်ယောက်က ရေရွတ်လိုက်သည်


 " အိပ်မက်မက်ရုံနဲ့ အောင်သွားရတယ်လို့....အို့ ဘုရားရေ...." 

  

အခြားတစ်ယောက်က လှောင်ပြောင်လိုက်သည် " ရုပ်ချောချောနဲ့ မွေးလာဖို့ အရင်ဆုံး ကြိုးစားလိုက်ပါဦး..." 


ချူဟွိုက်က ရုတ်တရက် ထူးဆန်းသလို ပြုံးပြလာပြီး တွန့်ဆုတ်တွန့်ဆုတ်နှင့် ပြောလာသည်


 " တ...တကယ်တော့လေ....ကျွန်မ လိမ်ပြောခဲ့တာ..."


သူ့နောက်က ပါလာသည့် လူစု၏ မျက်လုံးများ လင်းလက်သွားကြသည်။ 


“ အသက်ရှင်နိုင်မည့် နည်းလမ်းကို ပြောပြခဲ့တာက ကျွန်မ ယောက်ျားပါ...." 


ချူဟွိုက်က ရှက်ပြုံးလေးနှင့် ပြောလာသည်။


အမျိုးသမီးများက အချင်းချင်း ပြန်ကြည့်လိုက်ကြရင်း အတွေးကိုယ်စီနှင့် ထပ်ပြီး နားလည်သွားကြသည်။ ယောက်ျားကိုပါ ခေါ်လာတယ်....အရှက်မရှိလိုက်တာ....

 

ကျင်းထျန်းယိက တစ်ခဏမျှ အံ့သြသွားသော်လည်း အလိုက်သင့်နေပေးလာပြီး ချူဟွိုက်ခါးကိုဖက်ကာ လူရှေ့မှာတင် ပြောင်ပြောင်တင်းတင်း နမ်းရှိုက်လိုက်သည်။


စုံတွဲများက အရိပ်လိုမျိုးပင်....


အမျိုးသမီးများက အချင်းချင်း အပြန်အလှန် နားလည်သွားကြပြန်သည်။ မယားခိုးသမားနဲ့ ပြည့်တန်ဆာမပဲ....


ညလယ်ခေါင်အချိန်တွင် အရုပ်ဆိုးဆိုးရေသရဲက ရေကန်ထဲမှ တွားသွားပြီး ထွက်လာရင်း ခြံဝန်းထဲတွင် စောင့်နေသည်။


အချိန်ခဏကြာပြီးနောက် ချူဟွိုက်က အဝတ်အစားထပ်ဝတ်ပြီး ကျေနပ်နေသော မျက်နှာအမူအရာနှင့် အပြင်ထွက်လာ၏။


လရောင်က ထိန်ထိန်သာနေသည်။


အရုပ်ဆိုးဆိုးသရဲက ချူဟွိုက်ကို လေးလေးစားစား ခေါ်လိုက်သည် " အိပ်မက်ချည်သူ....အရှင်...." 


ချူဟွိုက်က ပရလောကမှထွက်သွားပြီး ကမ္ဘာအစစ်ကို ပြန်နိုင်မည့် အခွင့်အရေးကို လက်လျှော့ခဲ့သည်။ အကြောင်းမှာ နောက်ဆုံးမစ်ရှင်က မှတ်ဥာဏ်မြို့တော်ဖြစ်၍ သူ့ကို သရဲများ၏ အိပ်မက်ထဲ ဆက်သွယ်ကြည့်နိုင်ပြီး သူ၏အနာဂတ်ကို တစ်ပိုင်းတစ်စ ထောက်လှမ်းနိုင်မည့် စွမ်းရည်ကို ပေးခဲ့၍ပင်။


ရုပ်ဆိုးဆိုးသရဲက သူ့ကိုယ်သူ " ယောက်ျားတစ်ယောက်က အတိတ်ကို အိပ်မက်မက်သင့်ရုံမကပဲ အနာဂတ်ကိုပါ အိပ်မက်မက်သင့်တယ်" ဟု ပြောခဲ့မိသည့် လျှာရှည်ကောင်ဟု သူ့စိတ်ထဲ ကျိတ်ပြီး အပြစ်တင်နေမိသည်။ 


အိပ်မက်ချည်သူနှင့် လူဝင်စားက ကမ္ဘာကြီးကို ကယ်တင်ရန်အတွက် နှစ်ယောက်ပေါင်းပြီး အလုပ်အတူတူ လုပ်ကြလေသည်။


.......

  

စာရေးသူမှာ နည်းနည်းပြောစရာ ရှိပါတယ်...


“ IFMSW" က ရေးဖို့ ငါးလအချိန်ယူခဲ့ပါတယ်....တစ်လျှောက်လုံး လိုက်ပါလာပေးတဲ့အတွက် ကျေးဇူးပါ အိန်ဂျယ်လေးတို့... ရေးနေစဥ်အတွင်းမှာ စိတ်အခြေအနေ မကောင်းခဲ့လို့ ဒီပရောဂျက်ကို ဖြုတ်ချလိုက်ဖို့ထိ တွေးခဲ့မိပါတယ်....ဒါပေမယ့် အိန်ဂျယ်လေးတို့က အမြဲတမ်း နားလည်ပေးခဲ့လို့ တကယ်ပဲ ကျေးဇူးတင်မိပါတယ်...


ဒီစာအုပ်မှာ နောင်တရစရာတွေ အများကြီး ရှိနေပေမယ့် သဘောကျနေဆဲပါပဲ....သာသာက အရေးအသား လုံလုံလောက်လောက် မကောင်းပဲ ဗဟုသုတက များများစားစားမရှိမိတာကိုတော့ မုန်းတီးမိတယ်....ဒါကြောင့် စာဖတ်သူတို့ကို ပိုကောင်းတဲ့ ဇာတ်လမ်းတစ်ပုဒ် တင်ပြဖို့ လက်တွန့်နေမိတယ်....


နောက်ဆုံးမှာတော့ သုံးသပ်ချက်တစ်ခု တောင်းဆိုခဲ့တယ်...


နောက်ဆုံးမှာတော့ သာသာက တွင်းတူးပြီးပြန်မဖြည့်တတ်တဲ့ သာသာမျိုး မဟုတ်ဘူးဆိုတာ ယုံကြည်မှုရှိသွားပါပြီ....


တကယ်တော့ ပထမဆုံးမစ်ရှင်မှာတုန်းက အချစ်လေးတို့ မေးခဲ့ကြတယ်....ဘာလို့ ကျင်းထျန်းယိက ချူဟွိုက်အပေါ် အရမ်း ကောင်းပေးခဲ့တာလဲ ဆိုတဲ့အကြောင်း...အဲ့ဒါ သာသာက ကောင်းကောင်း မဖော်ပြမိခဲ့တာကြောင့် ဖြစ်မယ်....


ချူဟွိုက်က ကျင်းထျန်းယိရဲ့ အတိတ်ဖြစ်သလို ကျင်းထျန်းယိက ချူဟွိုက်ရဲ့ အနာဂတ်ဖြစ်တယ်....


ကျင်းထျန်းယိက ချူဟွိုက်ဆီကနေ သူ့ကိုယ်သူ ပြန်မြင်ယောင်မိတယ်....


ပုံစံတူတဲ့သူတွေက အချင်းချင်း ကိုယ်ချင်းစာတတ်ဖို့ လွယ်တယ်လေ....


သူတို့ရဲ့ ပင်ကိုယ်ပုံစံက တူနေလို့ပါပဲ....သူတို့ရဲ့ဝမ်းနည်းစရာကောင်းတဲ့ ကလေးဘဝနဲ့ အင်အားမရှိခဲ့တဲ့ ကံကြမ္မာက သူတို့ကို ဆိုးရွားရက်စက်တဲ့သူတွေ ဖြစ်မလာစေခဲ့ပါဘူး...သူတို့က ကြံ့ကြံ့ခံရင်ဝယ်ပိုက်ပြီး အခြေအနေကို ပြောင်းလဲဖို့ အကောင်းဆုံး ကြိုးစားခဲ့တယ်...သူတို့ပတ်လည်က လူတွေကို ပြောင်းလဲဖို့ရော....ကမ္ဘာကြီးကို ပြောင်းလဲပစ်ဖို့ရော အတတ်နိုင်ဆုံး ကြိုးစားခဲ့ကြတယ်...


ကျင်းထျန်းယိက အဲ့ဒီအရာရဲ့ တစ်ပိုင်းတစ်စကို လုပ်ခဲ့ပြီး ချူဟွိုက်က ကျန်တဲ့အရာတွေကို လုပ်ဖို့ သူ့နောက်ကို လိုက်ခဲ့တာပါ....



👻👻👻 The End 👻👻👻


Translated By - IQ Team 


Thanks 🥰